← Chapters

အငှားဓားနဲ့ တိုက်ခိုက်မယ်

Vol. 15 Ch. 163

အငှားဓားနဲ့ တိုက်ခိုက်မယ်

Vol. 15 Ch. 163

ဆွဲခေါ်သွားခံရသော စုရှန်းကို ကြည့်ရင်း စုန့်ဝမ် မပြုံးဘဲ မနေနိုင်တော့ပေ။ မျှော်လင့်မထားသော ဝမ်းမြောက်စရာပင် မဟုတ်ပါလား။ စုမိသားစုအပေါ် ဤမျှ နက်ရှိုင်းသော နာကျည်းမှုနှင့် ရန်ငြိုးရှိနေသည့် စုရှန်းကို အလွယ်တကူ အသေမခံနိုင်ပေ။

စုန့်ဝမ်ဆီမှ ကူပိုးကောင် ခြောက်ကောင် ထွက်လာပြီး နောက်မှ တိတ်တဆိတ် လိုက်သွားကြသည်။ တောင်တံခါးမှာ စုမိသားစု မြို့ငယ်လေးနှင့် အတော်လေး နီးကပ်သည်၊ မိုင် ၂၀ ပင် မဝေးဘဲ ချင်းဖျင်တောင်ခြေကို တစ်ပတ်ပတ်ရုံသာ ရှိသည်။

စုရှန်းကို ခေါ်ဆောင်လာသောအဖွဲ့ တောအုပ်တစ်ခုသို့ ရောက်သောအခါ၊ လိုက်ပါလာသော အစောင့်များမှာ ရုတ်တရက် လဲကျသွားကြသည်။ စုရှန်းကို ချည်နှောင်ထားသော သံကြိုးများလည်း မမျှော်လင့်ဘဲ ပြတ်တောက်သွားတော့သည်။

ဤဖြစ်ရပ်ကြောင့် စုရှန်းမှာ ကြောင်အသွားသော်လည်း၊ တစ်စုံတစ်ဦးက သူ့ကို ကယ်တင်လိုက်ခြင်းဖြစ်ကြောင်း ချက်ချင်း နားလည်လိုက်သည်။ စုရှန်းလည်း အနီးအနားရှိ ထူထပ်သော တောအုပ်ဆီသို့ အမြန် ပြေးဝင်သွားသည်။

ရုတ်တရက် စုရှန်း စိတ်ထဲတွင် အသံတစ်ခု ပဲ့တင်ထပ်လာသည်။

“အနောက်ဘက်ကို ပြေး”

စုရှန်း ရုတ်တရက် ရပ်လိုက်သည်၊ သူက တောင်ဘက်သို့ ဦးတည်နေခြင်း ဖြစ်သည်။ ချက်ချင်းပင် သူ၏ ခန္ဓာကိုယ်မှာ ပေါ့ပါးသွားသလို ခံစားလိုက်ရပြီး၊ ချိတ်ပိတ်ထားသော ချုပ်နှောင်မှုများမှာလည်း ပွင့်သွားသည်။

သူ့ရှေ့တွင် မီးခိုးရောင် အရာဝတ္ထုတစ်ခု ကောင်းကင်မှ ကျလာပြီး သူ၏ ခြေရင်းတွင် ဆိုက်ဆိုက်မြိုက်မြိုက် ကျလာသည်။ ၎င်းမှာ သိုလှောင်အိတ်တစ်ခု ဖြစ်သည်။

“ခင်ဗျား ဘယ်သူလဲ၊ ဘာလို့ ကျွန်တော့်ကို ကူညီတာလဲ”

ထိုအသံက ပြန်မဖြေဘဲ သူ့ကိုသာ တိုက်တွန်းလိုက်သည်။

“မင်း အခုချက်ချင်း မထွက်သွားရင် လိုက်ဖမ်းတဲ့သူတွေ ရောက်လာလိမ့်မယ်။ သိုလှောင်အိတ်ထဲမှာ မင်းလိုအပ်တာတွေ ရှိတယ်။ မင်းဇနီးနဲ့ ကလေး သေဆုံးမှုရဲ့ အမှန်တရားကို သိချင်ရင်၊ ချင်းဖျင်တောင်နားက ဝိညာဥ်ဆေးပင်စိုက်ခင်း ရှိတဲ့ ချောက်ကမ်းပါးကို သွားကြည့်၊ အဲဒီက ဂူကြီးတစ်ခုမှာ သူတို့ရဲ့ သဲလွန်စတွေ တွေ့လိမ့်မယ်”

၎င်းကို ကြားသောအခါ စုရှန်း၏ မျက်နှာမှာ ဝမ်းနည်းမှုများဖြင့် ပြည့်နှက်သွားသည်။ သူဇနီးနှင့် ကလေး၏ ကံဆိုးမိုးမှောင်ကျမှုအတွက် စိတ်ကို ကြိုတင် ပြင်ဆင်ထားပြီး ဖြစ်သည်။

“စီနီယာ... ကျွန်တော့် ဇနီးနဲ့ ကလေး သေဆုံးမှုအကြောင်း ခင်ဗျား တစ်ခုခု သိထားတာ ရှိသလား”

“ငါ မင်းရဲ့ ဇနီးနဲ့ ကလေးကို မသိဘူး။ အခု ပြောတာက ငါ့ရဲ့ ခန့်မှန်းချက်သက်သက်ပဲ။ မြန်မြန် ထွက်သွားတော့၊ မဟုတ်ရင် နောက်ကျသွားလိမ့်မယ်”

စုရှန်း ဘေးဘီကို ကြည့်သော်လည်း ဘယ်သူ့ကိုမျှ မတွေ့ရပေ။ အချိန်ဆွဲ မနေတော့ဘဲ သိုလှောင်အိတ်ကို ကောက်ယူကာ၊ အနောက်ဘက်သို့ ပြေးထွက်သွားတော့သည်။ အလောင်းအချို့ကို

စုရှန်း ထွက်သွားပြီးနောက် စုန့်ဝမ် ရုတ်တရက် ပေါ်လာပြီး ကူများကို ပြန်သိမ်းကာ ပျောက်ကွယ်သွားသည်။

...

ချင်းဖျင်တောင်၏ အနောက်ဘက်၊ မိုင်တစ်ရာကျော် အကွာရှိ သွေးသလင်းကျောက်မိုင်းတွင်းတွင် နတ်မိမယ် တုလောယွင်သည် အသစ်တည်ဆောက်ထားသော မိုင်းတွင်းကိုကြည့်ကာ အတော်လေး ဂုဏ်ယူကျေနပ်နေသည်။ တုမိသားစုသည် ဤမိုင်းတွင်းကို သိမ်းပိုက်ထားသည်မှာ လဝက်ခန့် ရှိပြီဖြစ်သည်။

အစက စုမိသားစုအနေဖြင့် သတ္တုတွင်းကို ပြန်လည်ရယူရန် အကြီးအကျယ် တိုက်ခိုက်လိမ့်မည်ဟု သူမ ထင်ခဲ့သည်။ မမျှော်လင့်ဘဲ၊ လွန်ခဲ့သော လဝက်အတွင်း စုမိသားစုမှာ လှုပ်ရှားမှု တစ်ခုမျှ ပြုလုပ်ခြင်း မရှိဘဲ သတ္တုတွင်းကို စွန့်လွှတ်လိုက်ပုံရသည်။

ကနဦးက သွေးသလင်းကျောက်မိုင်းတွင်းကို သိမ်းပိုက်ရန် အဆိုတင်သွင်းစဉ်က၊ မိသားစုရှိ အခြေတည်အဆင့် အကြီးအကဲ အများအပြားက စုမိသားစုမှာ ခိုင်မာသော ရွှေအမြုတေမိသားစု ဖြစ်သဖြင့် အလွယ်တကူ ရန်မစသင့်ဟု ကန့်ကွက်ခဲ့ကြသည်။ သူမက မိသားစုခေါင်းဆောင် အနေဖြင့် ဇွတ်အတင်း လုပ်ဆောင်ခဲ့သဖြင့်သာ တုမိသားစုသည် ဒုတိယအဆင့် သတ္တုတွင်းကို ပိုင်ဆိုင်ခွင့်ရရှိခဲ့ပြီး ကျင့်ကြံမှု အရင်းအမြစ်များကို သိသိသာသာ မြှင့်တင်နိုင်ခဲ့သည်။

ယခု တုမိသားစုဆီမှ စေလွှတ်လိုက်သော သင်္ဘောပျံများ၊ အလုပ်လုပ်မည့်ကျွန်များနှင့်အတူ ပြန်လာသည်ကိုသာ စောင့်ရန် လိုတော့သည်၊ ထိုအခါ သတ္တုတူးဖော်ရေးကို စတင်နိုင်မည် ဖြစ်သည်။

တုလောယွင် အတွေးများနေစဥ် အဝေးမှ လူတစ်ယောက် သူတို့ထံသို့ ပြေးလာသည်ကို တွေ့လိုက်ရသဖြင့် သတိရှိရှိ အသင့်ပြင်ထားလိုက်သည်။ ချက်ချင်းပင် တုလောယွင်သည် လေထဲသို့ ခုန်တက်ကာ ရပ်စာင့်နေလိုက်သည်။ တချိန်တည်းမှာပင် အောက်ဘက်ရှိ ခြံဝင်းအတွင်းမှ အခြေတည်အဆင့် ကျင့်ကြံသူ ၂၀ ခန့် ထွက်လာကြသည်။ မိသားစုအတွင်း စောင့်ကြပ်နေသော အခြေတည်င်းအဆင့် ကျင့်ကြံသူ အနည်းငယ်မှလွဲ၍ တုမိသားစု၏ အခြေတည်အဆင့် ကျင့်ကြံသူ အားလုံးနီးပါး ဤနေရာတွင် ရှိနေကြသည်။

တုလောယွင်သည် တုမိသားစု၏ အခြေတည်အဆင့် ကျင့်ကြံသူ အများစုကို ဤနေရာတွင် စောင့်ကြပ်ခိုင်းရုံမက၊ မိုင်းတွင်းကို ကာကွယ်ရန် တတိယအဆင့် ကာကွယ်ရေး အစီအရင်ကိုလည်း ကြီးမားသော အဖိုးအခပေး၍ တပ်ဆင်ထားသည်။ ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ဦး လာလျှင်ပင် ဤအစီအရင်က ခဏတာ တောင့်ခံထားနိုင်လိမ့်မည်။ ၎င်းမှာ တုမိသားစုဘိုးဘေး စစ်ကူလာရန် အချိန်အလုံအလောက် ရစေမည် ဖြစ်သည်။

ချဥ်းကပ်လာသူက သတ္တုတွင်းနှင့် မိုင်အနည်းငယ်အကွာသို့ ရောက်သောအခါ ရှေ့ဆက်မတိုးတော့ဘဲ ရပ်လိုက်သည်။ ထိုလူက လက်ကို ဝှေ့ယမ်းလိုက်ရာ စာတစ်စောင် ထွက်ပေါ်လာပြီး တုလောယွင် ရှေ့သို့ လျင်မြန်စွာ ရောက်လာသည်။

တုလောယွင်သည် တစ်ဖက်လူ၏ ကျင့်စဉ်အဆင့်ကို ထိုးဖောက်မမြင်နိုင်သဖြင့် သတိအပြည့်ထားနေရသည်။ သူမထံသို့ ပျံသန်းလာသော စာကို လက်ဖြင့် မယူဘဲ၊ ဝိညာဉ်စွမ်းအားကို အသုံးပြုကာ ပေ ၅၀ အကွာတွင်သာ ဆိုင်းငံ့ထားလိုက်သည်။

“မိတ်ဆွေ... ခရီးဝေးကနေ လာခဲ့တာပဲ၊ ဘာလို့ ဘာမှ မပြောတာလဲ။ ဒီစာကို ပေးပို့ရတဲ့ ရည်ရွယ်ချက်က ဘာလဲ”

ထိုသူမှာ အခြားသူမဟုတ် စုန့်ဝမ်ပင် ဖြစ်သည်။ သူသည် တုမိသားစုကို သတင်းပေးပြီး၊ စုချန်၏ သက်တမ်းတိုးမည့် အစီအစဉ်ကို အသိပေးပြီး လှုံ့ဆော်ရန် လာခြင်းဖြစ်သည်။

စုန့်ဝမ်က စကားမပြောဘဲ အသံပို့လွှတ်နည်းစနစ်ဖြင့်သာ ဆက်သွယ်လိုက်သည်။

“တုမိသားစုခေါင်းဆောင်၊ ငါ့မှာ ရန်လိုတဲ့ စိတ်မရှိပါဘူး။ ငါလာတာက စုမိသားစုဆိုတဲ့ ရန်သူကြီးကို အမြစ်ပြတ်အောင် တိုက်ခိုက်ဖို့ တုမိသားစုအတွက် အခွင့်အရေးတစ်ခု လာပေးတာပါ”

တုလောယွင်ကလည်း အသံပို့လွှတ်နည်းစနစ်ဖြင့်ပင် ပြန်ဆက်သွယ်လိုက်သည်။

“မိတ်ဆွေ... မင်းက ငါတို့ တုမိသားစုနဲ့လည်း ဘာမှ မပတ်သက်ဘဲ စုမိသားစုကို ဖျက်ဆီးဖို့ ကူညီမယ်ဆိုတာ တကယ်တော့ ယုံရခက်ပါတယ်။ စုချန်ရဲ့ သက်တမ်းကလည်း ကုန်ခါနီးနေပြီ၊ နောက်ထပ် လအနည်းငယ်လောက် စောင့်လိုက်ရုံနဲ့ စုမိသားစုက ငါတို့အတွက် ခြိမ်းခြောက်မှု မဖြစ်နိုင်တော့ပါဘူး”

“ငါက စူးမိသားစုနဲ့ ရန်ငြိုးရှိတယ်။ တုမိသားစုက စုမိသားစုကို ဖျက်ဆီးဖို့ ကူညီပေးတာက ငါ့ကိုယ်ငါ ကူညီရာလည်း ရောက်ပါတယ်”

“ကောင်းပြီလေ ... စုမိသားစုကို ဖျက်ဆီးဖို့ ဘယ်လိုအစီအစဉ်မျိုး ရှိလဲဆိုတာ ပြောပြပါဦး”

“တုမိသားစုအနေနဲ့ စုချန် သက်တမ်းကုန်ပြီး သေမှာကို စောင့်နေမယ်ဆိုရင် အမှားကြီး မှားနေပြီ။ ငါသိထားသလောက်ဆို စုချန်က အခု သက်တမ်းတိုး နည်းစနစ်တစ်ခုကို ပြင်ဆင်နေတယ်၊ အဲဒါ အောင်မြင်သွားရင် သူက နောက်ထပ် နှစ် ၆၀ လောက်ထိ နေနိုင်သွားလိမ့်မယ်”

တုလောယွင်၏ လှပသော မျက်နှာပေါ်တွင် အထင်သေးသော အရိပ်အယောင်များ ပေါ်လာသည်။ ကျင့်ကြံခြင်းလောကတွင် ထူးဆန်းသော သက်တမ်းတိုးနည်းလမ်း အမျိုးမျိုးကို ကောလာဟလအဖြစ် ကြားဖူးသော်လည်း၊ ၎င်းတို့မှာ များသောအားဖြင့် အခြေအမြစ်မရှိသော ပုံပြင်များသာဖြစ်ပြီး ယုံကြည်ထိုက်သည် မဟုတ်ပေ။ ရှေးခေတ် ကျင့်ကြံသူများ သက်တမ်းတိုးနိုင်ခဲ့သည့် ဒဏ္ဍာရီများ ရှိခဲ့သော်လည်း၊ ထိုအချိန်မှာ အလွန်ပင် ဝေးကွာလှသဖြင့် မည်သူမျှ အမှန်တရားကို မသိကြပေ။

ထို့ကြောင့် တုလောယွင်က ပြန်ပြောသည်။

“မင်းစကားတွေက အတော်လေး ရယ်စရာကောင်းပါတယ်။ သက်တမ်းတိုးတယ်ဆိုတာ ကောလာဟလ သက်သက်ပါပဲ”

သူမ မယုံကြည်သည်ကို မြင်သောအခါ စုန့်ဝမ်က စိတ်ရှည်စွာ ရှင်းပြလိုက်သည်။

“စုမိသားစုက သက်ရှည်နည်းစနစ် ကျင့်ကြံနေတဲ့ လေလွင့်ကျင့်ကြံသူတွေကို ဖမ်းဆီးနေတာကို ခင်ဗျား သိထားသင့်တယ်လို့ ထင်ပါတယ်”

တုလောယွင် မျက်မှောင်ကြုတ်သွားသည်။

“စုမိသားစုက လေလွင့်ကျင့်ကြံသူတွေကို ဖမ်းနေတာတော့ ငါ သိတယ်၊ ဒါပေမဲ့ အဲဒီလူတွေအားလုံးက သက်ရှည်နည်းစနစ် ကျင့်နေတာလား ဆိုတာတော့ ငါ မသေချာဘူး”

“အဲဒီ လေလွင့်ကျင့်ကြံသူတွေ အားလုံးက သက်ရှည်နည်းစနစ်ကို ကျင့်နေကြတာပါ၊ သူတို့က ချီစုစည်းခြင်း နှောင်းပိုင်းအဆင့်တွေ ဖြစ်ပြီး၊ အားလုံးက လူငယ်တွေချည်းပဲ။ သေချာသိချင်ရင် တုမိသားစုအနေနဲ့ တစ်ယောက်ယောက်ကို လွှတ်ပြီး စုံစမ်းကြည့်ရုံပါပဲ”

စုန့်ဝမ်က လေးနက်စွာ ပြောနေသည်ကို မြင်သောအခါ တုလောယွင်သည် သံသယစိတ်ကို ဖယ်ရှားပြီး လေးလေးနက်နက် ဆွေးနွေးလာသည်။

“အဲဒီ သက်ရှည်နည်းစနစ် ကျင့်နေတဲ့သူတွေကို ဖမ်းတာနဲ့ စုချန် သက်တမ်းတိုးဖို့က ဘာဆိုင်လို့လဲ”

“သက်တမ်းတိုးနည်းစနစ် ဘယ်လို အလုပ်လုပ်လဲဆိုတာတော့ ငါလည်း အတိအကျ မသိသေးဘူး။ သိတာကတော့ စုချန်ဟာ ဝိညာဉ်ဝါးမြိုအစီအရင်လို့ခေါ်တဲ့ အစီအရင်တစ်ခုကို ခင်းကျင်းထားတယ်၊ ဒီအစီအရင်က တခြားသူတွေရဲ့ အသက်ဓာတ်ကို စုပ်ယူပြီး ပျက်စီးနေတဲ့ ခန္ဓာကိုယ်ကို ပြန်လည် နုပျိုစေနိုင်တယ်တဲ့။ စုမိသားစုက စုချန်ရဲ့ သက်တမ်းတိုးပွဲအတွက် ယဇ်ပူဇော်ခံအဖြစ် လိုအပ်တဲ့ သက်ရှည်နည်းစနစ် ကျင့်ကြံသူ တစ်ထောင်ကို စုဆောင်းပြီးပြီ၊ မကြာခင် စတင်တော့မယ်။ အဲဒီစာထဲမှာ အသေးစိတ် အချက်အလက်တွေ ပါတယ်။ ကျန်တာကတော့ တုမိသားစုရဲ့ ဆုံးဖြတ်ချက်အပေါ်မှာပဲ မူတည်ပါတယ်။ ငါ ပြောစရာရှိတာ ပြောပြီးပြီ၊ ခွင့်ပြုပါဦး”

စကားဆုံးသည်နှင့် စုန့်ဝမ် လှည့်ထွက်လာခဲ့သည်။

စုန့်ဝမ်၏ ပုံရိပ် မိုးကုပ်စက်ဝိုင်းတွင် ပျောက်ကွယ်သွားမှသာ တုလောယွင်က အကြည့်ကို လွှဲပြီး၊ စာအတွင်း ဘာပြဿနာမျှ မရှိကြောင်း သေချာစေရန် ဝိညာဉ်အာရုံဖြင့် အကြိမ်ကြိမ် စစ်ဆေးပြီးမှသာ ယူလိုက်သည်။

တုလောယွင်အနေဖြင့် စုန့်ဝမ်စကားကို ယုံသည်ဖြစ်စေ၊ မယုံသည်ဖြစ်စေ တုမိသားစု အနာဂတ်နှင့် ပတ်သတ်နေသဖြင့် မပေါ့ဆရဲပေ။

“စုမိသားစု မကြာခင်က ဖမ်းသွားတဲ့ လေလွင့်ကျင့်ကြံသူတွေ အားလုံးက သက်ရှည်နည်းစနစ် ကျင့်ကြံသူတွေ ဟုတ်မဟုတ် ဆိုတာကို လူလွှတ်ပြီး စုံစမ်းကြည့်ပါ”

ခုနက စုန့်ဝမ်နှင့် စကားပြောခြင်းမှာ စိတ်အာရုံဖြင့် ဆက်သွယ်ခြင်းသာ ဖြစ်သဖြင့် အခြားသူများမှာ သူတို့ ဘာပြောကြသည်ကို မသိကြပေ။ တုလောယွင်လည်း မိုင်းတွင်းလုံခြုံရေးကို အားဖြည့်ထားရန် ညွှန်ကြားပြီးနောက် တုမိသားစု ဌာနချုပ်ဆီသို့ ပျံသန်းသွားသည်။ ဤကိစ္စမှာ ရွှေအမြုတေအဆင့် ကျင့်ကြံသူများနှင့် ပတ်သက်နေသဖြင့် တုမိသားစု ပါဝင်ပတ်သက်သင့်ခြင်း ရှိ၊ မရှိကို တုမိသားစု၏ ရွှေအမြုတေ ဘိုးဘေးကသာ ဆုံးဖြတ်ရမည် ဖြစ်သည်။

ဤကိစ္စသာ အမှန်ဖြစ်ခဲ့လျှင် ၎င်းမှာ ကျင့်ကြံခြင်း အရင်းအမြစ်များအတွက် တိုက်ပွဲဝင်ရုံသာမကတော့ပေ။ မည်သူကများ သက်တမ်းတိုးနည်းစနစ်ကို မလိုချင်ဘဲ နေပါမည်နည်း။

……

ထိုအချိန်တွင် စုန့်ဝမ်သည် လူငယ်ကျင့်ကြံသူတစ်ဦးအဖြစ် အသွင်ပြောင်းလိုက်ပြီး၊ ချင်းဖျင်တောင်ခြေရှိ စုမိသားစု၏ မြို့ငယ်ဆီသို့ ထပ်မံ ရောက်ရှိလာခဲ့သည်။

စုဟွာယွဲ့ သေဆုံးမှုနှင့် စုရှန်း ထွက်ပြေးမှုတို့ကြောင့် စုမိသားစုက ပြင်းထန်သော စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်လိမ့်မည်ဟု ထင်ခဲ့သော်လည်း ထင်သလို မဟုတ်ပေ။ အနည်းဆုံးတော့ မြို့ငယ်လေးအတွင်း ထူးခြားသော လှုပ်ရှားမှု တစ်စုံတစ်ရာကို မတွေ့ရှိရပေ။ စုမိသားစုမှာ ဤမျှ သေးငယ်သော ကိစ္စများကို အာရုံစိုက်ရန် အချိန်မရှိလောက်အောင် အလုပ်ရှုပ်နေပုံရသည်။

မြို့ထဲတွင် လှည့်လည်ကြည့်ရှုသော်လည်း အဖိုးတန်သော သတင်းအချက်အလက် ဘာမှမတွေ့သဖြင့် စုန့်ဝမ်သည် မြို့ထဲမှ ထွက်ခွာလာပြီး စုချန် ကျင့်ကြံနေသော ချိုင့်ဝှမ်းဆီသို့ ဦးတည်ခဲ့သည်။ ချိုင့်ဝှမ်းနှင့် ၁၀ မိုင်အကွာ ရောက်သည်နှင့် ဂူတစ်ခုအတွင်း ပုန်းအောင်းကာ အဆင့်မြင့်ကူတစ်ကောင်ကို ချိုင့်ဝှမ်းဆီသို့ လွှတ်လိုက်သည်။

ပတ်ဝန်းကျင်ကို စူးစမ်းပြီး ချိုင့်ဝှမ်းအတွင်းရှိ အရာအားလုံး ပုံမှန်ဖြစ်ကြောင်း အတည်ပြုပြီးနောက်၊ စုန့်ဝမ်သည် လက်ရှိဂူထဲတွင် အခြပြုပြီး ဝိညာဉ်ဖုံးကွယ်အစီအရင်နှင့် ကိုးနန်းဆောင်ယင်အစီအရင်တို့ကို ခင်းကျင်းကာ ဝိညာဥ်အလံကို ထုတ်ယူ၍ တစ္ဆေဘုရင်ကို စတင် သန့်စင်တော့သည်။ နောက်ရက်အနည်းငယ်အထိ စုန့်ဝမ်သည် ဂူအတွင်း၌သာ ပုန်းအောင်းနေပြီး တစ္ဆေဘုရင်ကို သန့်စင်ရန်သာ အာရုံစိုက်နေခဲ့သည်။

All Chapters