← Chapters

အခန်း (၆၁)

Vol. 7 Ch. 61

အခန်း (၆၁)

Vol. 7 Ch. 61

" ဝန်ကြီးကျန့် မင်းဘာလို့တိတ်ဆိတ်နေတာလဲ။ " ချင်မင်းကြီးက ပြုံး၍ ပြောလိုက်သည်။

၎င်းကို ကြားသောအခါ ကျန်းကော၏ မျက်နှာတွင် စိုးရိမ်ပူပန်မှုများ ပေါ်လာသည်။ သူက ဖြည်းညင်းစွာဖြင့် ရှေ့သို့ တိုးလာပြီး ချင်မင်းကြီးရှေ့တွင် တိုက်ရိုက်ဒူးထောက်လိုက်သည်။

" ကျွန်တော်မျိုးမှာ အရှင်မင်းကြီးကို တောင်းဆိုစရာတစ်ခုရှိပါတယ်။ " ကျန်းကောက နဖူးနှင့် ကြမ်းပြင်ထိသည်အထိ ဦးညွှတ်ပြီး အသနားခံလိုက်သည်။

" ဝန်ကြီးကျန်း ချင်နိုင်ငံနဲ့ ငါ့အပေါ်မှာ မင်းရဲ့ အကျိုးဆောင်မှုက ကြီးမားပါတယ်။ မင်းတောင်းဆိုရင် ငါခွင့်ပြုမှာပါ။ " ချင်မင်းကြီးက လက်ဝှေ့ရမ်းပြီး ပြောလိုက်သည်။

ထိုစကားများကို ကြည့်ခြင်းဖြင့် ချင်မင်းကြီးက ကျန်းကောအပေါ် မည်မျှတန်ဖိုးထားသည်ကို သိနိုင်သည်။ အမှန်တကယ်တော့ ၎င်းမှာ မျက်နှာသာပေးခြင်းသက်သက်မဟုတ်ဘဲ ကျန်းကော၏ ထူးချွန်လှသော အရည်အချင်းများကြောင့် ဖြစ်သည်။

ထို့အပြင် ကျန်းကောက မူလက ဟန်နိုင်ငံသားတစ်ယောက်ဖြစ်ပြီး ချင်နိုင်ငံ၏ အင်အားကို လျော့ကျစေရန်နှင့် ဟန်နိုင်ငံကို တိုက်ခိုက်မည့် အခွင့်အရေး လုံးဝမရှိစေရန် ဟန်ဘုရင်က စေလွှတ်လိုက်သူဖြစ်သည်။

ကွမ်ကျုံးတူးမြောင်းက ချင်နိုင်ငံ၏ အင်အားကို ချည့်နဲ့စေမည့် ဗျူဟာပင်ဖြစ်သည်။ သို့သော် ဟန်ဘုရင်က လူနှလုံးသားကို လျှော့တွက်ခဲ့ပြီး ပို၍ ဆိုးသည်မှာ တစ်လောကလုံးကို မျှော်မှန်း၍ တူးမြောင်းတည်ဆောက်ရေးပညာရှင်တစ်ယောက်၏ ရည်မှန်းချက်ကို လျှော့တွက်ခဲ့ခြင်းပင်ဖြစ်သည်။

ချင်နိုင်ငံသို့ ရောက်ရှိလာပြီးနောက် ကျန်းကောက တစ်လောက်လုံးကို ပေါင်းစည်းပြီးမှ ရရှိလာမည့် ငြိမ်းချမ်းရေးနှင့်ယှဉ်လျှင် နိုင်ငံတစ်ခု၏ ရှင်သန်ရေးမှာ အသေးအဖွဲသာဖြစ်ကြောင်း နားလည်သွားခဲ့သည်။

ကွမ်ကျုံးတူးမြောင်းကို အောင်မြင်စွာ တည်ဆောက်ပြီးသွားခြင်းက ချင်နိုင်ငံနှင့် တစ်ကမ္ဘာလုံးအတွက် မည်မျှအထိ ပြောင်းလဲစေမည်ကို သူနားလည်ခဲ့သည်။ သမိုင်းကြောင်းအရ ရှန်းကျိုးတစ်ခုလုံးကို စုစည်းနိုင်ခဲ့ခြင်းမှာ ကွမ်ကျုံးတူးမြောင်းက များစွာအထောက်အကူပြုခဲ့သည်။

ချင်ဘုရင်က တူးမြောင်းကြီးကို ကျန်းကောအမည်ဖြင့် ကိုယ်တိုင်မှည့်ခေါ်ခဲ့ခြင်းမှာ သူ့ကို မည်မျှတန်ဖိုးထားကြောင်း ဖော်ပြနေသည်။

" ကျွန်တော်မျိုး အရှင်မင်းကြီးကို နှိမ့်ချစွာ အသနားခံပါတယ်။ ဟန်နိုင်ငံက လူတွေကို ကရုဏာတရားနဲ့ ဆက်ဆံပေးပါ။ သူတို့အပေါ် ကြမ်းတမ်းစွာ မပြုမူဘဲ တန်းတူညီတူ ရှုမြင်ပေးပါ။ " ကျန်းကောက ကြမ်းပြင်တွင် ဒူးထောက်ကာ အသနားခံလိုက်သည်။

ချင်မင်းကြီးက တိတ်ဆိတ်နေသည်။ သူက ပလ္လင်ထက်မှာ ဖြည်းညင်းစွာ ထလာပြီး ကျန်းကောထံသို့ လျှောက်သွားကာ သူ့ကို ထူရန် လက်ကမ်းပေးလိုက်သည်။

" မင်းက ငါ့ရဲ့ ရည်မှန်းချက်ကို ကောင်းကောင်းသိတယ်။ ကောင်းကင်အောက်က အရာအားလုံးကို အုပ်ချုပ်ဖို့ ဟွာရှကို တစ်ခုတည်း စုစည်းဖို့ပဲ။ " ချင်မင်းကြီးက တည်ငြိမ်စွာ ပြောလိုက်သည်။ " ဒါက ငါ့ရဲ့ ရည်မှန်းချက်ပဲ။ ဒါက ချင်နိုင်ငံရဲ့ ဘုရင်အဆက်ဆက် မျှော်လင့်ခဲ့တဲ့ဆန္ဒလည်း ဖြစ်တယ်။ ငါက ဟွာရှမြေပေါ်က လူသားအားလုံးကို ခွဲခြားမှုမရှိဘဲ တန်းတူတက်ဆံသွားမှာပါ။ "

ထိုစကားများကို ကြားသောအခါ ကျန်းကောက ကျေးဇူးတင်လွန်းသဖြင့် မျက်ရည်များ ဝဲလာပြီး ချင်မင်းကြီး၏ ထူပေးမှုကို လက်ခံလိုက်သ​ည်။

" ကျွန်တော်မျိုး အရှင်မင်းကြီးအတွက် သေတဲ့အထိ အမှုထမ်းသွားဖို့ သစ္စာဆိုပါတယ်။ "

ကျန်းကောက ချင်နိုင်ငံအတွက် ကျန်းကောတူးမြောင်းကို အောင်မြင်စွာ တည်ဆောက်ပေးနိုင်ခြင်းက ဆန်စပါးထုတ်လုပ်မှုကို အကြီးအကျယ်တိုးတက်သွားစေခဲ့သည်။ သို့သော် ဟန်နိုင်ငံအတွက်မူ သူက လူပေါင်းများစွာ၏ ကဲ့ရဲ့ခြင်းကို ခံခဲ့ရပြီး သစ္စာဖောက်အဖြစ် ကျိန်ဆဲခြင်းခံခဲ့ရကာ သူကလည်း နာမည်ပျက်ခဲ့ရသည်။

၎င်းက ချင်နိုင်ငံတွင် ရာထူးကြီးကြီးမားမားရရှိပြီး နိုင်ငံအတွက် များစွာအကျိုးပြုခဲ့သည့် နိုင်ငံခြားသား ပညာရှင်များစွာ ကြုံတွေ့ရလေ့ရှိသည့် ကံကြမ္မာမျိုးဖြစ်သည်။

သူတို့၏ နေရပ်တွင် သူတို့က တန်ဖိုးမထားခံရရုံသာမက အချို့မှာပင် ပစ်မှတ်ထားခြင်းပင် ခံခဲ့ရသည်။ သို့သော် သူတစ်ပါးနိုင်ငံတွင် အောင်မြင်မှုများ ရရှိလာသောအခါတွင်လည်း သူတို့က ပြစ်တင်ရှုံ့ချခြင်းကို ခံကြရသည်။

" အရှင်မင်းကြီး " ဝမ်ဝမ်က ရှေ့တိုးပြီး အစီရင်ခံလိုက်သည်။ " အခုဆိုရင် ဟန်နိုင်ငံကျဆုံးဖို့ လက်တစ်ကမ်းပဲ လိုတော့တာမလို့ အဲ့ဒီနယ်မြေကို အုပ်ချုပ်ဖို့အတွက် ဝန်ကြီးတစ်ယောက်ကို စေလွှတ်ရမှာဖြစ်ပါတယ်။ ဟန်နယ်မြေအတွက် စီမံခန့်ခွဲရေး အစီအစဉ်နှင့် ပက်သက်ပြီး အရှင်မင်းကြီးရဲ့ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေပါတယ်။ "

" ဟန်နယ်မြေအတွက် ငါ့မှာ အစီအစဉ်ရှိပြီးသားပဲ။ " ချင်မင်းကြီးက ပလ္လင်ရှေ့သို့ ပြန်လှည့်သွားပြီး ပြောလိုက်သည်။

" ဟန်နိုင်ငံရဲ့ နယ်မြေတွေကို ယင်ချွမ်းခရိုင်အဖြစ် သတ်မှတ်မယ်။ လီထန်က သူ့ရဲ့ စစ်တပ်ကို ဦးဆောင်ပြီး ယင်ချွမ်းမှာ အခြေစိုက်တပ်စွဲထားလိမ့်မယ်။ ယင်ချွမ်းခရိုင်ရဲ့ ခရိုင်ဝန်ကြီးကိုတော့ မင်းတို့ သင့်တော်တဲ့သူကို အကြံပြုနိုင်တယ်။ "

မည်သူမှ မတုန့်ပြန်နိုင်သေးမီ ဝမ်ဝမ်က ရှေ့တိုးပြီး ကျယ်လောင်စွာ ပြောလိုက်သည်။ " ကျွန်တော်မျိုးက ယင်ချွမ်းခရိုင်ကို အုပ်ချုပ်ဖို့အတွက် ဟွိုက်ကျွမ်းကို ခရိုင်ဝန်ကြီးအဖြစ် အကြံပြုချင်ပါတယ်။ "

" ကျွန်တော်မျိုးက ယောင်ကျားကို အကြံပြုပါတယ်။ " လီစီကလည်း ရှေ့တိုးပြီး သူ၏ အကြံပြုချက်ကို ပြောလိုက်သည်။

ဝမ်ဝမ်က မျက်မှောင်ကြုတ်ပြီး လီစီကို တစ်ချက်ကြည့်လိုက်သော်လည်း နောက်ဆုံးတွင် သူ၏ စိတ်ကို ထိန်းချုပ်ပြီး ဘာမှမပြေုတော့ပေ။ သူတို့နှစ်ယောက်လုံးက သူတို့နှင့် နီးစပ်သော မဟာမိတ်များကို အကြံပြုနေကြခြင်းဖြစ်သည်။

ချင်းနိုင်ငံက လက်ရှိတွင် ရှန်းကျိုး၏ အင်အားအကြီးဆုံးနိုင်ငံဖြစ်သည်။ ချင်မင်းကြီး ရင်ကျန့်၏ အုပ်ချုပ်မှုအောက်တွင် အဖွဲ့အမျိုးမျိုးကို ဟန်ချက်ညီညီ ထိန်းချုပ်ထားနိုင်ခဲ့သည်။ ၎င်းက ဘုရင်တစ်ပါး၏ အုပ်ချုပ်ရေးစွမ်းအားပင်ဖြစ်သည်။

ချင်မင်းကြီးက တည်ငြိမ်စွာ ရှိနေပြီး ကျန်းကာကု ကြည့်လိုက်သည်။ " ဝန်ကြီးကျန်း မင်းမှာရော အကြံပြုချင်တဲ့သူ မရှိဘူးလား။ "

ချင်မင်းကြီးက ကျန်းကောအား အခွင့်အရေးပေးနေသည်မှာ ထင်ရှားသည်။ အသစ်သိမ်းပိုက်ထားသော ဟန်နယ်မြေကို အုပ်ချုပ်ခြင်းက ကြီးမားသော စွမ်းဆောင်မှုများ ရရှိရန် အလွန်ကောင်းသော အခွင့်အရေးဖြစ်ကြောင်း အားလုံးသိကြသည်။

ချင်မင်းကြီးရင်ကျန့်၏ မေးခွန်းကို ကြားသောအခါ ကျန်းကောက စဉ်းစားလိုက်သည်။ သူက အခြားဝန်ကြီးများကို တစ်ချက်ကြည့်လိုက်ပြီး ပဋိပက္ခများထဲတွင် မပါဝင်လိုသော်လည်း ချင်မင်းကြီး၏ မျှော်လင့်ချက်များကို ခံစားမိနေသည်။

ကျန်းကောက နန်းတွင်းရှိ မျိုးဆက်ဟောင်းနှင့် မျိုးဆက်သစ်များကြားမှ ပဋိပက္ခများတွင် မပါဝင်သည်မှာ ထင်ရှားသည်။ သူက တူးမြောင်းတည်ဆောက်ရေးကိုသာ အာရုံစိုက်သော နည်းပညာကျွမ်းကျင်သူတစ်ယောက်ဖြစ်ပြီး ဩဇာအာဏာကို မက်မောသူတစ်ယောက်မဟုတ်ပေ။

" တကယ်လို့ ကျွန်တော်မျိုး အကြံပြုရမယ်ဆိုရင် " ကျန်း​ကောက ခဏစဉ်းစားပြီး ပြောလိုက်သည်။ " မုန့်ယိကို အကြံပြုပါတယ်။ "

မုန့်ယိနာမည်ကို ကြားလိုက်သည်နှင့် သူတို့လူများကို ဆက်လက်အကြံပြုရန် ပြင်နေသော လီစီနှင့် ဝမ်ဝမ်တို့ပင် တိတ်ဆိတ်သွားကြသည်။

မုန့်မိသားစု။ လက်ရှိမိသားစုခေါင်းဆောင် စစ်သေနာပတိချုပ် မုန့်ဝူက ဝမ်ကျန့်လောက် ဂုဏ်သတင်းမကြီးမားသော်လည်း မုန့်မိသားစုက ချင်နိုင်ငံအတွင်း ကြီးမားသော လေးစားမှုကို ရရှိထားသည်။ သူတို့က ထီးနန်းအပေါ် လုံးဝသစ္စာရှိသော စစ်ဘက်မိသားစုဖြစ်ပြီး ချင်မင်းဆက်သုံးဆက်တိုင်တိုင် အမှုထမ်းခဲ့ကြသည်။

သူတို့က အမြစ်တွယ်နေသော ဝမ်မိသားစုနှင့်ပင် ယှဉ်တွဲရပ်တည်နိုင်လေသည်။ ထို့အပြင် အနားယူသွားပြီဖြစ်သော မုန့်အောက်ကလည်း တစ်ချိန်က ကျော်ကြားလှသော ဝူအန်းနယ်စားပိုင်ချီ၏ လက်ရုံးတစ်ယောက်လည်း ဖြစ်သည်။

မုန့်မိသားစုက မျိုးဆက်သစ်များနှင့် အာဏာလုပွဲများကို ပါးနပ်စွာ ရှောင်လွှဲခဲ့ကြသည်။ ထို့ကြောင့် နန်းတွင်းရှိ မည်သည့်အုပ်စုကမှ သူတို့ကို စော်ကားခြင်းမပြုကြပေ။

ကျန်းကော၏ အကြံပြုချက်က ကိုယ်ကျိုးအတွက်မဟုတ်ဘဲ အများပြည်သူအတွက်သာ ပြောခြင်းဖြစ်သည်။ မုန့်ယိက အရည်အချင်းရှိသော ဝန်ကြီးတစ်ယောက်ဖြစ်ပြီး သူ့ကို အုပ်ချုပ်ခွင့်ပေးလိုက်လျှင် ပြည်သူများကို မျှတစွာ အုပ်ချုပ်နိုင်မည်ဖြစ်သည်။

ကျန်းကော၏ အကြုံပြုချက်ကို ကြားသောအခါ ချင်မင်းကြီးက ပြုံးလိုက်သည်။ ၎င်းက သူအလိုရှိသောအရာပင်ဖြစ်သည်။ သာမန်အတိုင်း မေးလိုက်သော စကားတစ်ခုက ကျန်းကောကို စည်းရုံနိုင်ခဲ့ရုံသာမက သူသတ်မှတ်ထားသောလူကိုလည်း အကြံပြုအောင် လုပ်ဆောင်နိုင်ခဲ့သည်။

၎င်းက ဘုရင်တစ်ပါး၏ အုပ်ချုပ်ရေးပညာဖြစ်သည်။ မိမိတွင် အကြံအစည်ရှိသော်လည်း လက်အောက်ငယ်သားများကိုသာ ထုတ်ဖော်ပြောဆိုစေခြင်းပင်ဖြစ်သည်။

" ဝန်ကြီးကျန်းက အကြံပြုမှတော့ ငါက ဘယ်လိုလုပ်ငြင်းနိုင်ပါ့မလဲ။ " ရင်ကျန့်က ပြုံး၍ မုန့်ယိကို ကြည့်လိုက်သည်။

" ဝန်ကြီးမုန့် မင်းမနက်ဖြန် ဟန်နယ်မြေကို သွားပြီး ယင်ချွမ်းခရိုကို အုပ်ချုပ်ရမယ်။ အဲ့ဒီဒေသက ချင်ရဲ့ လက်အောက်မှာ ခိုင်ခိုင်မာမာရှိလာပြီး ပြည်သူတွေရဲ့ စိတ်နှလုံးအေးချမ်းသွားပြီဆိုရင် မင်းရဲ့ စွမ်းဆောင်မှုတွေအတွက် ငါကိုယ်တိုင် ဆုချီးမြှင့်မယ်။ "

မုန့်ယိက ရှေ့တိုးပြီး ဦးညွှတ်လိုက်သည်။ " ကျွန်တော်မျိုး ယင်ချွမ်းခရိုင်ကို အုပ်ချုပ်ဖို့ အမိန့်တော်ကို နာခံပါတယ်။ ဒါပေမယ့် ကျွန်တော်မျိုးမှာ စိုးရိမ်ပူပန်စရာတွေရှိနေလို့ အရှင်မင်းကြီး ဖြေရှင်းပေးဖို့ တောင်းဆိုပါတယ်။ "

" ပြောပါ။ " ချင်မင်းကြီးက ပြုံး၍ ပြောလိုက်သည်။

All Chapters