← Chapters

အခန်း (၆၂)

Vol. 7 Ch. 62

အခန်း (၆၂)

Vol. 7 Ch. 62

" ယင်ချွမ်းခရိုင်က အခုမှငြိမ်သက်သွားတာဖြစ်လို့ ပုန်ကန်သူတွေနဲ့ ပြဿနာရှာသူတွေ ကျန်းသေပေါက် ရှိလာပါလိမ့်မယ်။ သူတို့ကို ပြင်းထန်တဲ့ ပစ်ဒဏ်တွေနဲ့ ကိုင်တွင်ရမလား.ဒါမှမဟုတ် သက်ညှာပေးရမှာလား။ ဒါ့အပြင် ယင်ချွမ်းက ချင်ရဲ့ အုပ်ချုပ်မှုအောက် ရောက်သွားပြီဆိုတော့ စိုက်ပျိုးရေမြေတွေကို ဘယ်လိုခွဲဝေရမလဲ။ အစိုးရပိုင်အဖြစ် အကုန်သိမ်းလိုက်ရမလား ဒါမှမဟုတ် တခြားအစီအစဉ်ရှိပါလား "

" ပြီးတော့ ယင်ချွမ်းကို အုပ်ချုပ်တဲ့အခါ အခြေအနေတွေကို ထိန်းသိမ်းဖို့ တပ်စွဲထားတဲ့ စစ်သည်တွေရဲ့ အကူအညီလိုရင် စစ်တပ်ကို အမိန့်ပေးပိုင်ခွင့် ကျွန်တော်မျိုးမှာ ရှိပါလား အရှင်မင်းကြီး။ " မုန့်ယိက လေးနက်စွာ ပြောလိုက်သည်။

" ပုန်ကန်သူတွေရှိရင် ပြတ်ပြတ်သားသား ကိုင်တွယ်ပါ။ သူတို့အားလုံးကို ချင်နိုင်ငံရဲ့ ဥပဒေအတိုင်း အပြစ်ပေးလိုက်။ " ချင်မင်းကြီးက မိန့်ကြားလိုက်သည်။ ဟန်နိုင်ငံက ကျဆုံးသွားပြီ။ ယင်ချွမ်းခရိုင်ကို တည်ထောင်လိုက်တာနဲ့ အဲ့ဒီမြေက ချင်ရဲ့ နယ်မြေဖြစ်သွားပြီ။ ချင်ရဲ့ ဥပဒေကို အဲ့ဒီမှာ ကျင့်သုံးတာက မှန်ကန်တဲ့အရာပဲ။ စစ်တပ်ကို စေခိုင်းဖို့လိုရင် လီထန်နဲ့တိုင်ပင်ပါ။ "

" ကျွန်တော်မျိုး အမိန့်ကို နာခံပါတယ်။ " မုန့်ယိက ဦးညွှတ်ပြီး ပြောလိုက်သည်။

" တခြားစိုးရိမ်စရာရှိရင် အခုပြာနိုင်တယ်။ " ချင်မင်းကြီးက ပြောလိုက်သည်။ " တည်ငြိမ်အေးချမ်းရေးနဲ့ သက်ဆိုင်နေသရွေ့ ဥပဒေက တားမြစ်မထားတဲ့ ဘယ်အရာကိုမဆို လုပ်ဆောင်ဖို့ ငါခွင့်ပြုတယ်။ "

" အရှင်မင်းကြီးက ကျွန်တော်မျိုးကို ခွင့်ပြုထားပြီဖြစ်လို့ အခြားတောင်းဆိုစရာမရှိတော့ပါဘူး။ " မုန့်ယိက ပြောလိုက်သည်။ " တကယ်လို့ ဖြေရှင်းလို့မရတဲ့ ပြဿနာနဲ့ ကြုံတွေ့လာရင် အရှငမင်းကြီးဆီ အစီရင်ခံပါမယ်။ "

" ကောင်းပြီ။ " ချင်မင်းကြီးက ပြုံး၍ ဘာမှမပြောတော့ပေ။ "

" အရှင်မင်းကြီး " ဝမ်ဝမ်က ပြုံး၍ ရှေ့တိုးလာသည်။ " ဟန်နိုင်ငံ ကျဆုံးတော့မယ့်အခြေအနေက ချင်နိုင်ငံအတွက် ဝမ်းသယစရာကိစ္စပါ။ အရှင်မင်းကြီးက မင်းသမီးလျိုယန်ကို စစ်သေနာပတိချုပ် ဝမ်ကျန့်ရဲ့သား ဝမ်ပင်းနဲ့ လက်ထပ်ပေးဖို့ ရည်ရွယ်ထားတယ်လို့ ကျွန်တော်မျိုး ကြားသိရပါတယ်။ "

" ဒါကို အခုလုပ်လိုက်ရင် နှစ်ထပ်ကွမ်း ဝမ်းသာစရာပါ။ ပြီးတော့ ဝမ်ကျန့်ရဲ့ သမီးကလည်း အသက်ဆယ့်လေးနှစ်ရှိပြီဆိုတော့ စေ့စပ်ကြောင်းလမ်းမှုကို လုပ်လိုက်ရင် သုံးထပ်ကွမ်း ဝမ်သာစရာဖြစ်သွားမှာပါ။ "

ထိုအကြံပြုချက်ကို ကြားသောအခါ ချင်မင်းကြီးက တည်ငြိမ်စွာဖြင့် ပြုံးလိုက်သည်။ ချင်နိုင်ငံက ဟန်နိုင်ငံကို စစ်မချီခင်ကတည်းက ထိုသတင်းက ပျံ့နှံ့နေခဲ့သည်။ချင်မင်းကြီးက ၎င်းတို့ကို တားဆီးချင်းမရှိဘဲ သဘောတူညီသည့် အပြုအမူများကို ရည်ရွယ်ချက်ရှိရှိ ပြသခဲ့သည်။

ဝမ်မိသားစုအတွက် ဝမ်ပင်းကို မင်းသမီးနှင့် လက်ထပ်ပေးခြင်းက ကြီးမားသော မျက်နှာသာပေးမှုနှင့် နှိုင်းယှဉ်၍ မရသော ဂုဏ်ဒြပ်တစ်ခုဖြစ်သည်။ တစ်ဖက်တွင် ဝမ်မိသားစု၏ သမီးကို သူ၏ သားတော်ကြီးနှင့် ပေးစားခြင်းကလည်း နိုင်ငံရေးဟန်ချက်ကို ထိန်းညှိပြီး ဓားစာခံယူထားခြင်းနှင့် တူသည်။

" ဒီကိစ္စကိုတော့ " ချင်မင်းကြီးက ဖြည်းညင်းစွာ ပြောလိုက်သည်။ " စစ်သေနာပတ်ချုပ်ကြီး အောင်ပွဲနဲ့ ပြန်လာတဲ့အခါမှ ငါတို့အသေးစိတ် တိုင်ပင်ကြတာပေါ့။ "

၎င်းကို ကြားသောအခါ ဝမ်ဝမ်က ကျေနပ်စွာ ပြုံးလိုက်သည်။ သူက ချင်မင်းကြီး၏ စကားကို ကောင်းကောင်းနားလည်သည်။ ဘုရင်က မကန့်ကွက်ခြင်းမှာ ထိုကိစ္စကို ဆက်လက်လုပ်ဆောင်ရန် သဘောတူလိုက်ခြင်းဖြစ်သည်။

ချင်နိုင်ငံ၏ ဝန်ကြီးချုပ်တစ်ယောက်အနေဖြင့် ဝမ်ဝမ်၏ ရာထူးက ဘုရင်ပြီးလျှင် အမြင့်ဆုံးဖြစ်သည်။ သူက နန်းတွင်းကို ထိန်ညှိပြီး ကြီးမားသော အာဏာကို ကိုင်တွယ်ထားသည်။ သူက ထပ်မံတက်လှမ်းရန် နေရာမရှိသော်လည်း ဝမ်မိသားစုနှင့် သားစဉ်မြေးဆက်များအတွက် အနာဂတ်ကို ကြိုတင်စီမံရမည်ဖြစ်သည်။

" အရှင်မင်းကြီးက အမြောအမြင် ကြီးမားလှပါတယ်။ " ဝမ်ဝမ်က ရိုသေစွာ ပြောပြီး နောက်ဆုတ်သွားသည်။

" ကောင်းပြီ။ " ချင်မင်းကြီးက ပြောလိုက်သည်။ " ကိစ္စတွေပြီးပြီဆိုတော့ ငါအစီရင်ခံစာတွေ စစ်ဆေးရဦးမယ်။ တခြားကိစ္စရှိရင် မနက်ဖြန်ညီလာခံမှာ လျှောက်တင်နိုင်တယ်။ "

" အမိန့်တော်အတိုင်းပါ။ " ဝန်ကြီးများက ရိုသေစွာ ဦးညွှတ်ပြီး တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားကြသည်။

မကြာမီ ခန်းမကြီးထဲ၌ ချင်မင်းကြီးနှင့် ကျောက်ကောင်းတို့သာ ကျန်နေခဲ့သည်။

" မင်းက ဘာလို့မသွားသေးတာလဲ။ " ရင်ကျန့်က အေးစက်စွာ ပြောလိုက်သည်။

" အရှင်မင်းကြီး ဒီညမှာ အရှင်မင်းကြီး ဘယ်နန်းဆောင်ကို ကြွမှာလဲသိချင်ပါတယ်။ " ကျောက်ကောင်းက လျှောက်တင်လိုက်သည်။

" မင်းပဲ ဆုံးဖြတ်လိုက်။ " ရင်ကျန့်က ပြောလိုက်သည်။

သူက ထိုကဲ့သို့သော အရာများကို ဂရုမစိုက်ပေ။ အတော်တော်ရှိ မိဖုရားငယ်များက သူအမှန်တကယ် ချစ်မြတ်နိုးသော အမျိုးသမီးများ မဟုတ်ကြဘဲ သူ၏ သွေးမျိုးဆက်ကို ဆက်ခံရန် ရှိနေကြခြင်းသာ ဖြစ်သည်။

ရှန်းကျိုးတစ်ခုလုံး၏ အင်အားအကြီးဆုံးနိုင်ငံကို အုပ်ချုပ်သူဖြစ်သော်လည်း ရင်ကျန့်၏ အဆောင်တော်တွင် မိဖုရားဆယ်ယောက်ပင်မပြည့်ပေ။

" လွန်ခဲ့တဲ့ ရက်အနည်းငယ်က ဟူမိဖုရားရဲ့ သားတော်လေးက အရှင်မင်းကြီးကို သတိရနေတယ်လို့ ပြောပါတယ်။ တိုက်တိုက်ဆိုင်ဆိုင် ဒီနေ့က သားတော်လေးရဲ့ ရှစ်နှစ်မြောက် မွေးနေ့ဖြစ်ပါတယ်။ ဒီညတော့ ဟူမိဖုရားရဲ့ နန်းဆောင်မှာ အချိန်ကုန်ဆုံးရင် ဘယ်လိုလဲ။ " ကျောက်ကောင်းက အကြံပြုလိုက်သည်။

" ဟူဟိုက်ရဲ့ မွေးနေ့လား။ " ရင်ကျန့်က ထက်မြက်ပြီး သွက်လက်သော ကောင်လေးကို သတိရသွားသောအခါ အနည်းငယ် ပြုံးလိုက်မိသည်။ " မင်းအကြံပြုတဲ့အတိုင်းပဲ လုပ်တာပေါ့။ "

" ကောင်းပါပြီ အရှင်မင်းကြီး။ " ကျောက်ကောင်းက ဖြည်းညင်းစွာ ထရပ်လိုက်ပြီး ခန်းမထဲမှ ထွက်ခွာသွားသည်။

ရင်ကျန့်က ငေးငိုင်သွားသည်။ မွေးနေ့ဟူသော စကားလုံးက သူ၏ မှတ်ဉာဏ်တစ်ခုကို နှိုးဆွလိုက်ခြင်းဖြစ်သည်။

" မွေးနေ့ နောက်ထပ် ဆယ့်ရှစ်ရက်ဆိုရင် ဖုန်းအာရဲ့ မွေးနေ့ရောက်တော့မယ်။ မင်းသာ ငါဘေးမှာ ရှိရင် ဘယ်လောက်ကောင်းလိုက်မလဲ။ အဲ့ဒီတုန်းကသာ ငါမင်းကို ကာကွယ်ပေးနိုင်ခဲ့ရင် မင်းငါ့အနားမှာ အမြဲတမ်းရှိနေမှာပဲ။ ငါတို့ရဲ့ ကလေးက ဖုစုထက်တောင် ကြီးနေနိုင်တယ်။ မင်းဘယ်မှာလဲ။ " ရင်ကျန့်က လွမ်းဆွတ်တမ်းတမှုများနှင့် ပြည့်နှက်သွားပြီး တစ်ယောက်တည်း ရေရွတ်လိုက်သည်။

ထိုခဏတွင် သူက ခန့်ညားထည်ဝါပြီး ဩဇာအာဏာရှိသော ဘုရင်တစ်ပါးမဟုတ်တော့ဘဲ သာမန်အမျိုးသားတစ်ယောက်သာဖြစ်တော့သည်။

ဟန်နိုင်ငံ ရှင်းကျန်းမြို့။ ဟန်နိုင်ငံ ကျဆုံးသွားပြီးနောက် ဟန်ဘုရင်ကိုလည်း လီထန်၏ လက်အောက်မှ မြင်းသည်တော်ငါးထောင်ဖြင့် ရှန်းယန်သို့ ပို့ဆောင်လိုက်ပြီဖြစ်သောကြောင့် ၎င်းကို ဟန်မြို့တော်ဟု ခေါ်ဆိုရန်ပင် မသင့်တော်တော့ပေ။

စစ်ပွဲကြီးအပြီးတွင် ရှန်းကျန်းမြို့အတွင်း၌ တည်ငြိမ်မှုများ ပြန်လည်ရရှိလာသည်။ ရက်အနည်းငယ်အတွင်း အလောင်းများကို ရှင်းလင်းကာ သွေးစွန်းနေသော မြေပြင်ကို ရေဖြင့် ဆေးကြောခဲ့သော်လည်း မြို့တစ်မြို့လုံးက သွေးညှီနံ့များ ဖုံးလွှမ်းနေဆဲ ဖြစ်သည်။

စစ်ပွဲကြီးကို ကြုံတွေ့ခဲ့ရသော အရပ်သားများက ထိတ်လန့်တုန်လှုပ်စွာဖြင့် အိမ်ထဲမှ ထွက်လာကြသည်။ သူတို့က လျင်စစ်တပ်ကို အလွန်အမင်း ကြောက်ရွံ့နေကြသည်။ ဖြစ်နိုင်လျှင် သူတို့က အိမ်ထဲတွင် အမြဲတမ်း ပုန်းနေချင်ကြသည်။ သို့သော် အသက်ရှင်သန်ရေးနှင့် စားဝတ်နေရေးအတွက် အပြင်သို့ ထွက်ကြရသည်။

ရက်များ ကုန်လွန်လာသည်နှင့်အမျှ မြို့သူမြို့သားများက တဖြည်းဖြည်း စိတ်အေးလာကြသည်။ နေရာအနှံ့တွင် ကင်းလှည့်နေသော ချင်စစ်သည်များကို မြင်တွေ့ရပြီး ဟန်စစ်သည်များကို နေအိမ်များတွင် ရှာဖွေကြသော်လည်း သာမန်အရပ်သားများကို ရန်မပြုကြောင်း သိရသည်။

သတင်းများပျံ့နှံ့လာသည်နှင့်အမျှ မြို့သူမြို့သားများက သဘာဝအတိုင်း စိတ်လျှော့လာကြသော်လည်း ကြောက်စရာကောင်းသော ချင်စစ်တပ်အပေါ် ကြောက်ရွံ့မှုကို အချိန်တိုအတွင်း လုံးဝဖျောက်ဖျက်ရန် မဖြစ်နိုင်ပေ။

" အရင်အစိုးရက ငါတို့ကို လိမ်ခဲ့တာပဲ။ ချင်စစ်တပ်က မီးရှို့၊ လုယက်၊ သတ်ဖြတ်တဲ့သူတွေမဟုတ်ပါလား။ "

" ဟုတ်တယ်။ ငါ အစောက ချင်စစ်သားတစ်ယောက်နဲ့ တည့်တည့်တိုးလို့ ငါတော့ သေပြီလို့ ထင်ခဲ့တာ။ သူက ငါ့ကိုတောင် ပြန်တောင်းပန်သွားသေးတယ်။ "

" ချင်စစ်တပ်ဆိုတာ မြို့တွေကို ဖျက်ဆီးပြီး မြင်သမျှ လူတွေကို လိုက်သတ်တဲ့ ကျားနဲ့ ဝံပုလွေတွေလို့ ပြောကြတယ်။ ဒါပေမယ့် အခုကြည့်ရတာ သူတို့က စည်းကမ်းအရမ်းတင်းကျပ်တဲ့ စစ်တပ်ပဲ။ "

" ဟူး ငါတို့နိုင်ငံကတော့ ပျက်စီးသွားပြီ။ အခုကစပြီး ချင်နိုင်ငံက ငါတို့ကို ကောင်းကောင်းဆက်ဆံပါစေလို့ ဆုတောင်းရတော့မယ်။ အခုလောလောဆယ်တော့ အသက်ဆက်ဖို့ လိုတယ်။ "

ကင်းလှည့်နေသော ချင်စစ်သားများကို ကြည့်ပြီး မြို့သူမြို့သားများက စိုးရိမ်စိတ်၊ သိလိုစိတ်နှင့် ရန်လိုစိတ်များ ရောထွေးနေကြသည်။ သို့သော် သာမန်လူများအတွက် အခြေအနေက ပြန်ပြင်၍မရတော့ဘဲ ချင်၏ အုပ်ချုပ်မှုအောကတွင်သာ နေထိုင်ရတော့မည်ဖြစ်သည်။

လွန်ခဲ့သော ရက်အနည်းငယ်က ချင်စစ်တပ်၏ ရှာဖွေရေးအဖွဲ့ကို ဆန့်ကျင်သူအချို့ရှိခဲ့ပြီး ချင်စစ်တပ်က သူတို့ကို ချက်ချင်း ကွပ်မျက်ခဲ့သည်။ သာမန်လူများက ကြောက်ရွံ့နေကြသော်လည်း အညံ့ခံရုံမှတစ်ပါး အခြားရွေးချယ်စရာမရှိပေ။

မြို့တော်နှင့် ချင်စစ်တပ်သိမ်းပိုက်ထားသော အခြားဟန်မြို့များ၏ အခြေအနေကလည်း အတူတူပင်ဖြစ်သည်။ တစ်ဖက်တွင်လည်း ချင်စစ်သားများက အမိန့်နာခံသော မြို့သူမြို့သားများကို မရိုမသေမလုပ်ကြပေ။ သူတို့၏ ဆက်ဆံရေးမှာ အပြန်အလှန်လေးစားမှုရှိလာကြသည်။

ကုသရေးစခန်းတွင် ကျောက်ဖုန်းက ကျွမ်းကျင်စွာဖြင့် ဒဏ်ရာရစစ်သည်များကို ဒဏ်ရာများချုပ်ပေးခြင်း၊ ပတ်တီးစည်းပေးခြင်းများ ပြုလုပ်နေသည်။ ယခုအခါ သူ၏ ဆေးပညာကျွမ်းကျင်မှုက အလယ်အလတ်အဆင့်သို့ ရောက်ရှိသွားပြီဖြစ်ပြီး နှစ်ပေါင်းများစွာ ဆေးပညာသင်ကြားခဲ့သူများကဲ့သို့ ကျွမ်းကျင်စွာ လုပ်ဆောင်နိုင်နေပြီဖြစ်သည်။

" စစ်သည်တစ်ယောက်ကို ကုသပေးပြီး စွမ်းဆောင်မှုရမှတ် ၁မှတ် ရရှိပါတယ်။ " သူက စစ်သည်တစ်ယောက်ကို အောင်မြင်စွာ ကုသပေးပြီးသောအခါ အသိပေးချက်တစ်ခု ထွက်ပေါ်လာသည်။

All Chapters