← Chapters

အခန်း (၆၃)

Vol. 7 Ch. 63

အခန်း (၆၃)

Vol. 7 Ch. 63

" ကျောက်ဖုန်း " ဆရာချန်က ပြုံး၍ ပြောလိုက်သည်။ " မင်း ဒဏ်ရာရသူတွေကို ကုသပေးတာ ပိုမြန်လာသလိုပဲ။ မင်းရဲ့ နည်းစနစ်တွေကလည်း ပိုပြီး ကျွမ်းကျင်လာတယ်။ မင်းရဲ့ ဆေးပညာက သိသိသာသာတိုးတက်လာတာပဲ။ "

" ဟားဟား လေ့ကျင့်မှုများလေ ပိုကျွမ်းကျင်လေပေါ့။ " ကျောက်ဖုန်းက ရယ်ပြီး ပြန်ဖြေလိုက်သည်။

စစ်ပွဲပြီးဆုံးပြီးနောက် ကျောက်ဖုန်းက သူ၏ လက်အောက်ငယ်သားများကို မြို့အတွင်း ရှင်းလင်းရန် အမိန့်ပေးခဲ့ပြီး သူကိုယ်တိုင်မှာမူ ကုသရေးစခန်းသို့ လာရောက်ကုသပေးနေခြင်းဖြစ်သည်။ သူက ထိုအခွင့်အရေးကို လက်လွှတ်ခံမည်မဟုတ်ပေ။

သူ၏ လက်အောက်ငယ်သားများကို အသုံးပြု၍ စွမ်းရည်များ စုဆောင်းပြီး သူကိုယ်တိုင်က ဒဏ်ရာရသူများကို ကုသ၍ စွမ်းဆောင်မှုရမှတ်များကို စုဆောင်းနေခြင်းဖြစ်သည်။

" ကျောက်ဖုန်း မင်းဖန်တီးထားတဲ့ ဒဏ်ရာချုပ်နည်းနဲ့ ပိုးသတ်တဲ့နည်းကို စစ်တပ်ထဲမှာ အပြည့်အဝ ကျင့်​သုံးနေကြပြီး အတော်လေးလည်း ထိရောက်တယ်။ ဒါပေမယ့် ဒီနည်းတွေနဲ့ ကုသပေးထားတဲ့ စစ်သားအချို့က ဘာဖြစ်လို့ ခုနှစ်ရက်ဖျားပိုး ဝင်နေရတာလဲ။ အချို့ကျတော့လည်း မဖြစ်ဘူး။ တခြားအကြောင်းရင်းရှိလို့လား။ "

" ဒီပြဿနာကို ကျွန်တော် သတိထားမိတာကြာပါပြီ။ " ကျောက်ဖုန်းက ဖြည်းညင်းစွာ ပြောလိုက်သည်။ " ဒါပေမယ့် ကျွန်တော်တို့ရဲ့ လက်ရှိ ပိုးသတ်နည်းတွေက မလုံလောက်သေးလို့ပါ။ ဥပမာ ဒဏ်ရာချုပ်တဲ့အခါ ပိုးတွေ လုံးဝ ကင်းစင်နေဖို့ လိုအပ်တယ်။ ဒါက ဒီနေ့ခေတ် ဆေးပညာနဲ့ဆိုရင် မဖြစ်နိုင်သလောက်ပါပဲ။ "

" ပြီးတော့ ပိုးသတ်ဖို့ သုံးတဲ့ အရက်ပြင်းကို သုံးတဲ့အခါမှာလည်း ကျွန်တော်တို့ဆီမှာ ရှိတဲ့ အရက်က တကယ်ထိရောက်ဖို့အတွက် ပြင်းအားမလုံလောက်ဘူးဖြစ်နေတယ်။ "

အမှန်တကယ်တော့ လက်ရှိဒဏ်ရာချုပ်နည်း၊ မီးအပူ သို့မဟုတ် အရက်ဖြင့် ပိုးသတ်နည်းများက နောက်ဆုံးအဆင့်အနေဖြင့်သာ အသုံးပြုခြင်းဖြစ်သည်။ ၎င်းတို့မှာ ပြည့်စုံမှုမရှိသော်လည်း ဒဏ်ရာရစစ်သည်များ၏ အသက်ရှင်သန်နိုင်ခြေကို သိသိသာသာ တိုးတက်စေခဲ့သည်။

" အရက်ရဲ့ ပြင်းအားလား။ " ဆရာချန်က နားမလည်နိုင်ဖြစ်သွားပြီး တစ်စုံတစ်ခုကို သတိရသွားပုံရသည်။

" စစ်တပ်ထဲပ အရက်ပြင်းတွေက အပြင်းဆုံးဖြစ်အောင် သီးသန့်ချက်လုပ်ထားတာလေ။ အဲ့ဒါတောင် မလုံလောက်သေးဘူးလား။ "

" ဟုတ်တယ်။ မလုံလောက်သေးဘူး။ " ကျောက်ဖုန်းက ခေါင်းခါပြီး ပြောလိုက်သည်။

" ဒါဆို ဘယ်လိုနည်းနဲ့ ဖြေရှင်းလို့ရမလဲ။ " ဆရာချန်က မေးလိုက်သည်။

" ချုပ်မပေးခင် ဒဏ်ရာတွေကို အတတ်နိုင်ဆုံး စင်ကြယ်အောင် သန့်ရှင်းရေးလုပ်ဖို့ပဲရှိတယ်။ ဒါမှ ခုနှစ်ရက်ဖျားဖြစ်နိုင်ခြေနည်းသွားလိမ့်မယ်။ " ကျောက်ဖုန်းက ပြောလိုက်သည်။

" အရက်နဲ့ပိုးသတ်တဲ့ ကိစ္စကတော့ နောက်တစ်ချိန်မှာ ပိုပြင်းတဲ့အရက်တွေ ထွက်လာဖို့ပဲ မျှော်လင့်ရမှာပဲ။ "

" ဒါနဲ့စကားမစပ် " ဆရာချန်က ပြုံး၍ ပြောလိုက်သည်။ " မင်းက ဘုရင်ကို ဖမ်းခဲ့ရုံတင်မကဘဲ မြို့ကို ထိုးဖောက်ခဲ့တဲ့ စွမ်းဆောင်မှုကိုပါ ရခဲ့တယ်လို့ကြားတယ်။ မင်းရဲ့ အနာဂတ်က အကန့်အသတ်မဲ့ပဲ။ "

" ဆရာချန်က သတင်းရတာ တော်တော် မြန်တာပဲ။ " ကျောက်ဖုန်းက ရယ်လိုက်သည်။

" ဒီစခန်းထဲက စစ်သားတွေအားလုံးက စစ်မြေပြင်က လာကြတာပဲ။ သတင်းတွေအားလုံးက သူတို့ဆီက ရနိုင်တယ်။ " ဆရာချန်က ပြောလိုက်သည်။

" ကောင်းပြီ။ ဆုလာဘ်တွေကတော့ ရှန်းယန်က သတင်ကို စောင့်ရဦးမှာပဲ။ ဒဏ်ရာရတဲ့သူတွေကို ဆက်ပြီး ကုသကြတာပေါ့။ " ကျောက်ဖုန်းက အလုပ်ထဲတွင် တဖန်နစ်မြှုပ်သွားသည်။

အလုပ်ရှုပ်နေသော ကျောက်ဖုန်းကို ကြည့်ရင်း ဆရာချန်၏ စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာသည်။

" ဒီလူငယ်လေးက ဒဏ်ရာရတဲ့သူတွေကို ကုသပေးတာကို တကယ်ဝါသနာပါတာပဲ။ သူသာ စစ်မြေပြင်မှာ ဒီလောက်ရဲစွမ်းသတ္တိရှိတဲ့ စစ်သည်တစ်ယောက်မဟုတ်ခဲ့ရင် ငါ့ရဲ့ ဆရာက သူ့ကို တကယ်ပဲ တပည့်အဖြစ် လက်ခံလောက်တယ်။ "

ရှန်းယန်မြို့တော်။

တရက်ကုန်သွားပြီးနောက် နံနက်ခင်းညီလာခံတွင် ဝန်ကြီးများက ထပ်မံရောက်ရှိလာကြသည်။ ခန်းမထဲတွင် စစ်သားတစ်ယောက်ရှိနေပြီး သူ၏ လက်ထဲတွင် အစီရင်ခံစာတစ်ခု ကိုင်ထားသည်။

ထိုစစ်သား၏ စိတ်လှုပ်ရှားသော အမူအရာကို ကြည့်ခြင်းဖြင့် ချင်မင်းကြီးက ဘာဖြစ်ခဲ့သည်ကို ခန့်မှန်းမိသွားသည်။

" အရှင်မင်းကြီး စစ်သေနာပတိချုပ်ဆီက အစီရင်ခံစာ ရောက်လာပါပြီ။ " စစ်သားက ဦးညွှတ်ပြီး ပြောလိုက်သည်။

ချင်မင်းကြီးက ဘာမှမပြောဘဲ သူ၏ လက်ကို ဝှေ့ရမ်းလိုက်သည်။ သူ၏ အနားရှိ ကျောက်ကောင်းက အစီရင်ခံစာကို ဆင်းယူလိုက်သည်။

" အသံကျယ်ကျယ်နဲ့ ဖတ်စမ်း။ " ချင်မင်းကြီးက ပြုံး၍ ပြောလိုက်သည်။ " စစ်သေနာပတိချုပ်က ငါ့ဆီကို သတင်းကောင်းတွေ ယူဆောင်လာပေးမယ်လို့ ငါယုံကြည်တယ်။ "

သူက စစ်ရေးအစီရင်ခံစာကို ခန့်မှန်းမိပြီးသားဖြစ်သည်။ ၎င်းမှာ ဟန်မင်းကြီးကို ဖမ်းဆီးနိုင်ခဲ့သည့် အကြောင်းသာ ဖြစ်ပေလိမ့်မည်။

ကျောက်ကောင်းက ဝန်ကြီးများဘက်သို့ မျက်နှာမူပြီး အစီရင်ခံစာကို ဖွင့်ဖတ်လိုက်သည်။ " ဟန်နိုင်ငံမှ အစီရင်ခံစာ။ ကျွန်တော်မျိုး စစ်သေနာပတိချုပ် ဝမ်ကျန့် အရှင်မင်းကြီးကို လျှောက်တင်ပါတယ်။ ဟန်မြို့တော် ကျဆုံးတဲ့နေ့မှာ ဟန်မင်းကြီးက သူ့ရဲ့ အရာရှိတွေကို စွန့်ပစ်ပြီး ထွက်ပြေးသွားခဲ့ပါတယ်။ "

" စစ်သူကြီးလီက ဟန်မင်းကြီးကို ရှာဖွေဖို့အတွက် မြို့တော်တစ်ခုလုံးကို ပိတ်ဆို့ထားခဲ့ပါတယ်။ ကံကောင်းစွာနဲ့ လန်ထျန်းစခန်းက တပ်မမှူးကျော်ဖုန်းက ဘဏ္ဍာတိုက်ကို စောင့်ကြပ်နေတုန်း လျို့ဝှက်လမ်းကြောင်းတစ်ခုကို ရှာတွေ့ခဲ့ပါတယ်။ "

" သူက သူ့ရဲ့ တပ်ဖွဲ့ကို ဦးဆောင်ပြီး လျို့ဝှက်လမ်းကြောင်းကို ရှာဖွေခဲ့ပါတယ်။ နောက်ဆုံးမှာ ဟန်မင်းကြီးနဲ့ သူရဲ့ ကိုယ်ရံတော်တွေကို ရှာတွေ့ခဲ့ပါတယ်။ တပ်မမှူးကျောက်ဖုန်းက ရဲရဲဝံ့ဝံ့ တိုက်ခိုက်ပြီး ဟန်မင်းကြီးကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။ ဟန်နိုင်ငံက အခုဆိုရင် လုံးဝ ပျက်သုဥ်းသွားပါပြီ။ "

ကျောက်ကောင်း၏ ကျယ်လောင်သော အသံက ခန်းမအတွင်း ပဲ့တင်ထပ်သွားပြီး ဝန်ကြီးများ၏ မျက်နှာများတွင် အံ့အားသင့်မှုများဖြင့် ပြည့်နှက်သွားသည်။ ဝမ်ဝမ်နှင့် လီစီတို့ကဲ့သို့သော ဝန်ကြီးများအတွက် ပို၍ အံ့ဩစရာဖြစ်နေသည်။ သူတို့က မြို့အားထိုးဖောက်ခဲ့သူကို သိနေကြသောကြောင့် ဖြစ်သည်။

" ဟန်ဘုရင်ကို ဖမ်းဆီခဲ့တဲ့သူကလည်း ကျောက်ဖုန်းပဲလား။ "

" သူကံက ကောင်းလွန်းမနေဘူးလား။ သူက လျို့ဝှက်လမ်းကြောင်းကို ရှာတွေ့သွားတဲ့အပြင် ဟန်ဘုရင်ကိုပါ ဖမ်းနိုင်ခဲ့တာလား။ "

" ဒီလူငယ်လေးက တကယ်ကို မယုံကြည်နိုင်စရာပဲ။ "

" မြို့ရိုူကို ထိုးဖောက်ခဲ့တဲ့အပြင် ဟန်ဘုရင်ကို ဖမ်းနိုင်ခဲ့တဲ့ စွမ်းဆောင်မှုတွေကိုပါ ထပ်ပေါင်းလိုက်ရင် သူ့ရဲ့ အနာဂတ်က အကန့်အသတ်မရှိတော့ဘူး။ "

တစ်ချိန်တည်းတွင် ခန်းမထဲမှ အချို့အရာရှိများကလည်း ကျောက်ဖုန်း၏ အမည်ကို ရင်းနှီးနေသကဲ့သို့ ဖြစ်နေကြသည်။

" ကျောက်ဖုန်း... အဲ့ဒီနာမည်ကို ရင်းနှီးနေတယ်။ "

" သူက ထောက်ပို့တပ်ဖွဲ့ကနေ ပင်မတပ်ဖွဲ့ကို ပြောင်းရွေ့ခံခဲ့ရတဲ့သူပဲ။ ဘုရင်တစ်ပါးကို ဖမ်းမိတဲ့ စွမ်းဆောင်မှုဆိုတာ သေးသေးဖွဲဖွဲမဟုတ်ဘူး။ "

ဝန်ကြီးများသာမက ပလ္လင်ထက်ရှိ ချင်မင်းကြီးကိုယ်တိုင်ပင် အနည်းငယ် အံ့ဩနေသည်။ သူက ဟန်ဘုရင်ကို ဖမ်းမိမည်ဟု မျှော်လင့်ထားခဲ့သော်လည်း ကျောက်ဖုန်းဖြစ်လိမ့်မည်ဟု လုံးဝ မမျှော်လင့်ထားခဲ့ပေ။

" စိတ်ဝင်စားစရာပဲ။ ကျောက်ဖုန်းက ငါ့အတွက် တကယ်ကံကောင်းစေတဲ့ တပ်မှူးတစ်ယောက်ပဲ။ " ချင်မင်းကြီးက ပြုံးလိုက်သည်။

" အရှင်မင်းကြီးကို ဂုဏ်ပြုပါတယ်။ " ဝန်ကြီးများက တစ်ညီတစ်ညွှတ်တည်း ပြောလိုက်သည်။ " ဟန်ဘုရင်ကို ဖမ်းမိပြီဆိုတော့ ဟန်နိုင်ငံဆိုတာ မရှိတော့ပါဘူး။ "

" ဝန်ကြီးယွီ " ချင်မင်းကြီးက ယွီလျောင်ကို ကြည့်လိုက်သည်။ " တစ်ရက်ရှိသွားပြီ။ ဟန်စစ်ပွဲအတွက် စွမ်းဆောင်မှုတွေနဲ့ ဆုလာဘ်တွေကို တွက်ချက်တာဘယ်လိုလဲ။ "

" အရှင်မင်းကြီးကို လျှောက်တင်ပါတယ်။ " ယွီလျောင်က ကျယ်လောင်စွာ ပြောလိုက်သည်။ " တွက်ချက်မှုတွေ ပြီးခါနီးပါပြီ။ ဒီနေ့အပြီးသတ်ပြီး အရှင်မင်းကြီးဆီ အစီရင်ခံပါမယ်။ "

" ကောင်းပြီ။ " ချင်မင်းကြီးက ခေါင်းညိမ့်လိုက်ပြီး ခန်းမတစ်ခုလုံးကို ကြည့်လိုက်သည်။ " ဒီနေကစပြီး ဟန်နယ်မြေကို ယင်ချွမ်းခရိုင်အဖြစ် အုပ်ချုပ်မှုနယ်​မြေတစ်ခု တည်ထောင်မယ်။ ယင်ချွမ်းခရိုင်ရဲ့ ခရိုင်ဝန်ကြီးအဖြစ် မုန့်ယိကို ခန့်အပ်လိုက်တယ်။ ကန့်ကွက်ချင်တဲ့သူရှိလား။ "

နန်းတွင်းရှိ ဝန်ကြီးအများစုက ၎င်းကို သိရှိထားပြီးသားဖြစ်သောကြောင့် မည်သူမျှကန့်ကွက်ခြင်းမရှိကြပေ။

" အမိန့်အတိုင်းပါ အရှင်မင်းကြီး။ " ဝန်ကြီးများက ပြောလိုက်ကြသည်။

" ကောင်းတယ်။ " ချင်မင်းကြီးက လက်ဝှေ့ရမ်းလိုက်သည်။ သူ၏ အနီးမှ ကျောက်ကောင်းက စားပွဲပေါ်မှ တော်ဝင်အမိန့်ကို ကောက်ယူလိုက်သည်။

သူက ၎င်းကို မြှောက်ပြီး ခန်းမအလယ်သို့ လျှောက်သွားသည်။ " မုန့်ယိ အမိန့်တော်ကို လက်ခံပါ။ "

" ကျွန်တော်မျိုး အမိန့်ကို နာခံပါတယ်။ " မုန့်ယိက ရှေ့တိုးလာပြီး ကျောက်ကောင်း၏ လက်ထဲမှ တော်ဝင်အမိန့်တော်ကို ရိုသေစွာ လက်ခံယူလိုက်သည်။

" ဝန်ကြီးမုန့် မင်းရဲ့ အရည်အချင်းကို ငါယုံကြည်တယ်။ ယင်ချွမ်းခရိုင်ရဲ့ အုပ်ချုပ်မှုက မင်းလက်ထဲမှာရှိတယ်။ စီမံခန့်ခွဲရေးကိစ္စမှာ မင်းကို အာဏာအပြည့်အဝ ပေးလိုက်သလို စစ်တပ်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အခွင့်အာဏာကိုလည်း ပေးလိုက်တယ်။ "

" ယင်ချွမ်းက လူတွေ ချင်နိုင်ငံကို အညံ့ခံလာအောင်နဲ့ နယ်မြေကို ခိုင်ခိုင်မာမာ ထိန်းချုပ်နိုင်အောင် မင်းကို နှစ်နှစ် အချိန်ပေးမယ်။ "

" ကျွန်တော်မျိုး အရှင်မင်းကြီးကို စိတ်ပျက်အောင်မလုပ်ပါဘူး။ " မုန့်ယိက ယုံကြည်မှုရှိစွာ ပြောလိုက်သည်။

" ဝန်ကြီးယွီ..." ချင်မင်းကြီးက ယွီလျောင်ကို ကြည့်လိုက်သည်။ " အခု ကျောက်ဖုန်းရဲ့ စွမ်းဆောင်မှုတွေအတွက် သူ့ကို ဘယ်လိုဆုချီးမြှင့်သင့်လဲ။ ဝန်ကြီးမုန့်က ယင်ချွမ်းကို သွားမှာဆိုတော့ ကျောက်ဖုန်းနဲ့ အခြားစစ်သည်တွေအတွက် ဆုလာဘ်ချီးမြှင့်တဲ့ အမိန့်ကို တစ်ခါတည်း ယူသွားလို့ရတာပေါ့။ "

" အရှင်မင်းကြီး " ယွီလျောင်က ချက်ချင်း ပြန်ဖြေလိုက်သည်။ " သူ့ရဲ့ စွမ်းဆောင်မှုတွေအရ ကျောက်ဖုန်းကို ရာထူးနှစ်ဆင့်နဲ့ ဘွဲ့ထူးလေးဆင့် တိုးမြှင့်ပေးလို့ရပါတယ်။ "

All Chapters