← Chapters

အခန်း (၆၄)

Vol. 7 Ch. 64

အခန်း (၆၄)

Vol. 7 Ch. 64

" ကျောက်ဖုန်းက အခု တပ်မမှူးဆိုတော့ ရာထူးနှစ်ဆင့် တိုးလိုက်ရင် သူက စစ်သည်ငါးသောင်းကို ကွပ်ကဲရမယ့် တုဝေ ဖြစ်လာမယ်။ ဘွဲ့ထူးလေးဆင့်တိုးလိုက်ရင် လက်ဝဲတော်မှူးဖြစ်လာလိမ့်မယ်။ " ချင်မင်းကြီးက မှတ်ချက်ပြုလိုက်သည်။

" ပြီးတော့ ငါမှတ်မိသလောက်ဆိုရင် သူက စစ်ဆပ်ထဲဝင်တာ တစ်နှစ်တောင် မပြည့်သေးဘူးမဟူတ်လား။ "

" မှန်ပါတယ် အရှင်မင်းကြီး။ ကျွန်တော်မျိုး ကျောက်ဖုန်းရဲ့ မှတ်တမ်းကို စစ်ဆေးကြည့်ရှုပြီးပါပြီ။ သူရဲ့ စစ်မှုထမ်းသက်က ဆယ်လပြည့်ဖို့ လဝက်လိုပါသေးတယ်။ " ယွီလျောင်က ပြုံး၍ ပြောလိုက်သည်။

ထိုစကားများကို ကြားသောအခါ ခန်းမထဲရှိ အရာရှိများအားလုံးက အံ့ဩတုန်လှုပ်သွားကြပြီး တီးတိုးဆွေးနွေးလိုက်ကြသည်။

" ဒါက နောက်နေတာလား။ ၁၀လတောင် မပြည့်သေးတဲ့ စစ်သည်တစ်ယောက်က စစ်သည်ငါးသောင်းအုပ်ချုပ်ရတဲ့ လက်ထောက်စစ်သူကြီးဖြစ်သွားတာလား။ ပြီးတော့ သူ့ရဲ့ ဘွဲ့ထူးကလည်း လက်ဝဲတော်မှူးဖြစ်သွားတယ်။ "

" လက်ဝဲတော်မှူး ဒါက တကယ်ကို မြင့်မားတဲ့ အဆင့်အတန်းပဲ။ ဒီအဆင့်ကို ရောက်ရင် တစ်နှစ်ကို ဆန်စပါး တန်ငါးရာရရှိပြီး သူ့ရဲ့ မျိုးဆက်တွေကလည်း ဒီရာထူးနဲ့ နယ်မြေတွေကို ဆက်ခံနိုင်တယ်။ "

" လက်ဝဲတော်မှူးက မြေကွက်ငါးရာမူ (ဧက၆၀နှင့် ၈၀ကြား) ချီးမြှင်ခံရလိမ့်မယ်။ ဒါက ကြီးမားတဲ့ ချမ်းသာကြွယ်ဝမှုပဲ။ "

ကျောက်ဖုန်းက ဆယ်လအတွင်း ထိုအရာအားလုံးကို အောင်မြင်ခဲ့ခြင်းမှာ အလွန်တုန်လှုပ်ဖွယ်ရာဖြစ်နေသည်။ ခန်းမအတွင်း ဆူညံနေသော်လည်း ချင်မင်းကြီးက စိတ်ဆိုးခြင်းမရှိဘဲ ဆန့်ကျင်ဘက်အနေဖြင့် သူက ပြုံးနေသည်။

" ဝန်ကြီးတို့ " ချင်မင်းကြီး၏ အသံက ခန်းမတစ်ခုလုံး ဖုံးလွှမ်းသွားသည်။ " ဒါက ငါတို့ ချင်နိုင်ငံရဲ့ စစ်တပ်စွမ်းဆောင်မှုစနစ်ပဲ။ "

" လောကမှာ သာမန်လူတစ်ယောက်က ဒီလောက်ထိ မြင့်မားတဲ့ ရာထူးကို တိုးမြှင့်ပေးနိုင်တာ တခြားဘယ်နိုင်ငံရှိဦးမှာလဲ။ ဘယ်နိုင်ငံကများ အနိမ့်ဆူံးလူတန်းစားတွေကို ထိပ်ဆုံးရောက်အောင် ခွင့်ပြုထားလို့လဲ။ "

" ဒါကြောင့်မလို့ ငါ့ရဲ့ ချင်စစ်သည်တိုင်းဟာ အမြင့်ဆုံးအဆင့်အတန်းကို ရောက်နိုင်မယ့် အခွင့်အရေးရှိနေတယ်။ အရာရာတိုင်းက စစ်မြေပြင်မှာ သူတို့ရယူထားတဲ့ စွမ်းဆောင်မှုအပေါ် မူတည်တယ်။ ဒီကမ္ဘာမှာ ငါတို့ ချင်နိုင်ငံပဲ ဒီလိုလုပ်နိုင်တာ။ "

သူ၏ စကားဆုံးသွားသောအခါ နန်းတွင်းရှိ အရာရှိအားလုံးက ရိုသေလေးစားစွာဖြင့် ရင်ကျန့်ကို ကြည့်လိုက်ကြသည်။

" အရှင်မင်းကြီး သက်တော်ရာကျော်ရှည်ပါစေ။ ချင်နိုင်ငံက ကမ္ဘာတစ်ခုလုံးကို ပေါင်းစည်းပါးစေ။ "

" အမိန့်တော်ကို ရေးသားစေ။ " ချင်မင်းကြီးက ဩဇာအာဏာအပြည့်ဖြင့် ပြောလိုက်သည်။

" တပ်မမှူးကျောက်ဖုန်းက ဟန်မြို့တော်ကို ထိုးဖောက်ခြင်းနဲ့ ဟန်ဘုရင်ကို ဖမ်းဆီးခြင်းတို့ကြောင့် အမြင့်ဆုံး စွမ်းဆောင်မှုမှတ်တမ်းကို ရရှိခဲ့တယ်။ ငါတို့ ချင်နိုင်ငံတော်က စစ်တပ်စွမ်းဆောင်မှုစနစ်နဲ့အညီ ဆုချီးမြှင့်စေမယ်။ "

" ကျောက်ဖုန်းကို ရာထူးနှစ်ဆင့်တိုး​မြှင့်ပြီး စစ်သည်ငါးသောင်းကို ကွပ်ကဲရတဲ့ လက်ထောက်စစ်သူကြီးအဖြစ် ခန့်အပ်စေ။ တပ်မှူးငါးယောက်ကို ကွပ်ကဲခွင့်အာဏာကို ပေးအပ်စေ။ "

" ကျောက်ဖုန်းရဲ့ ဘွဲ့ထူးကို လေးဆင့်တိုးမြှင့်ပေးပြီး လက်ဝဲတော်မှူးအဖြစ် သတ်မှတ်စေ။ တစ်နှစ်ကို ဆန်စပါးငါးရာတန်ချီးမြှင့်စေ။ သူ့ရဲ့ ဘွဲ့ထူးနဲ့အညိ သူ့ရဲ့ နေရပ်မှာ မြေကွက်ငါးရာမူကို ချီးမြှင့်ပြီး နှစ်နှစ်တိုင်တိုင် မြေခွန်ကင်းလွတ်ခွင့်ပေးစေ။ "

" ပြီးတော့ အရင်က မပေးချေရသေးတဲ့ သူ့ရဲ့ လစာအားလုံးကိုလည်း လက်ဝဲတော်မှူးရဲ့ လစာအတိုင်း အပြည့်အဝ ပေးချေစေ။ "

ထိုအမိန့်တော်က ရင်ကျန့်မှာ ကျောက်ဖုန်းအပေါ် မည်မျှအထူးအလေးထားကြောင်း ဖော်ပြနေသည်။ နှစ်နှစ်တိုင် မြေခွန်ကင်းလွတ်ခွင့်ပေးခြင်းက ကြီးမားသော ကရုဏာပင် ဖြစ်သည်။ ထို့အပြင် ယခင်လစာများကို လက်ရှိရာထူးအတိုင်း ပေးအပ်ခြင်းကလည်း အံ့ဩဖွယ်ကောင်းလှသည်။ ချင်မင်းကြီးက မည်မျှကျေနပ်နေသည်ကို ဖော်ပြနေသည်။

" အရှင်မင်းကြီးက အမြော်အမြင်ကြီးမားလှပါတယ်။ " နန်းတွင်းအရာရှိများအားလုံးက တညီတညွှတ်တည်း ပြောဆိုလိုက်ကြသည်။

" ယွီလျောင် " ချင်မင်းကြီးက ပြောလိုက်သည်။ " ကျောက်ဖုန်းရဲ့ စွမ်းဆောင်မှုတွေကို စစ်တပ်တစ်ခုလုံးသိအောင် ကြေညာလိုက်ပါ။ "

" ငါတို့ရဲ့ စစ်တပ်စွမ်းဆောင်မှုစနစ်က အပေါ်ယံလုပ်ဆောင်တာတွေ ဒါမှမဟုတ် မရိုးသားတဲ့ လုပ်ရပ်တွေ လုံးဝမရှိဘူးဆိုတာ ချင်စစ်သည်တွေအားလုံးကို သိစေချင်တယ်။ ရန်သူကို သတ်ဖြတ်ပြီး ချင်နိုင်ငံအတွက် စွမ်းဆောင်မှုတွေ ရယူနိုင်သရွေ့ ကျောက်ဖုန်းလိုပဲ ကြီးကြီးမားမား ဆုချီးမြှင့်ခံရမယ်။ "

" ကျွန်တော်မျိုး အမိန့်အတော်အတိုင်း ဆောင်ရွက်လိုက်ပါမယ်။ " ယွီလျောင်က ချက်ချင်း ရှေ့တိုးပြီး ပြောလိုက်သည်။ " ကျောက်ဖုန်းရဲ့ ရဲစွမ်းသတ္တိရှိတဲ့ အောင်မြင်မှုတွေကို စစ်တပ်ထဲမှာ ပျံ့နှံ့စေပြီး စစ်သည်တွေကို စိတ်ဓာတ်တက်ကြွစေပါမယ်။ "

ကျောက်ဖုန်း၏ အောင်မြင်မှုများက နန်းတွင်းကို တုန်လှုပ်စေရုံသာမက ချင်မင်းကြီး၏ အာဏာအောက်တွင် အားကောင်းသော တွန်းအားတစ်ခုလည်း ဖြစ်လာပေလိမ့်မည်။

ကျောက်ဖုန်းကို စံပြပုဂ္ဂိုလ်အဖြစ် အသုံးပြုခြင်းက စစ်တပ်တစ်ခုလုံး၏ စိတ်ဓာတ်ကို မြှင့်တင်ရာတွင် သိသာထင်ရှားသော သက်ရောက်မှုများ ရှိမည်မှာ သေချာသည်။ ၎င်းမှာ နောက်မျိုးဆက်များက စံပြနမူနာအဖြစ် သတ်မှတ်ကြပေလိမ့်မည်။

" အရှင်မင်းကြီး လျှောက်တင်စရာရှိပါတယ်။ " ဝမ်ဝမ်က ရှေ့တိုးကာ ပြောလိုက်သည်။ " အခု ဟန်နိုင်ငံကျဆုံးသွားပြီဆိုတော့ ယင်ချွမ်းခရိုင်က စစ်သူကြီးလီထန်စောင့်ကြပ်နေတဲ့အတွက် ဘေးကင်းမှာပါ။ စစ်သေနာပတိချုပ်က ရှန်းယန်ကို ပြန်လာနိုင်သလို လန်ထျန်းစခန်းက တပ်ဖွဲ့နှစ်ခုကလည်း ရိက္ခာချွေတာဖို့အတွင် လျန်ထျန်းကို ပြန်သွားနိုင်ပါတယ်။ "

" အင်း " ချင်မင်းကြီးက ခေါင်းညိမ့်ပြီး အမိန့်ပေးလိုက်သည်။ " စစ်သေနာပတိချုပ်ကို ရှန်းယန်ကို ပြန်လာခိုင်းလိုက်ပါ။ ဟန်အန်းနဲ့ သူ့ရဲ့ အရာရှိအားလုံးကိုလည်း အကျဉ်းသားတွေအဖြစ် တစ်ခါတည်း ခေါ်လာခဲ့စေ။ "

" အမိန့်တော်အတိုင်းပါ အရှင်မင်းကြီး။ " ဝမ်ဝမ်က ပြောလိုက်သည်။

" ဝန်ကြီးမုန့် " ချင်မင်းကြီးက မုန့်ယိကို ကြည့်လိုက်သည်။ " ယင်ချွမ်းခရိုင်ကို အုပ်ချုပ်ဖို့က တစ်ယောက်တည်းလုပ်လို့ရတဲ့ အလုပ်မဟုတ်ဘူး။ မင်းကတော့ အဓိကတာဝန်ခံပေါ့။

" ဒီတာဝန်အတွက် မင်းလိုအပ်တဲ့ ဘယ်သူ့ကိုမဆို ခေါ်သွားဖို့ ငါခွင့်ပြုတယ်။ ဒါပေမယ့် စာရေးစာချီတွေကို ဦးစားပေးခေါ်ရမယ်။ ဝန်ထမ်းတွေလိုရင် ဝန်ကြီးချုပ်စီမှာ တိုက်ရိုက် တောင်းဆိုနိုင်တယ်။ "

" အမိန့်တော်အတိုင်းပါ။ " မုန့်ယိက ချက်ချင်း ပြန်လည်လျှောက်တင်လိုက်သည်။

၎င်းကို ကြားသောအခါ ဝမ်ဝမ်၏ မျက်လုံးများက တောက်ပသွားသည်။ ၎င်းမှာ သူ၏ အုပ်စုမှ အရာရှိများအတွက် စွမ်းဆောင်မှုများ ရယူရန် အခွင့်အရေးတစ်ခုပင်ဖြစ်သည်။

လီစီကလည်း ချက်ချင်း ဝင်ပြောလိုက်သည်။ " အရှင်မင်းကြီး ယင်ချွမ်းခရိုင်မှာ ချင်ဥပဒေကို ကျင့်သုံးဖို့အတွက် ကျွန်တော်မျိုးရဲ့ တရားရေးဌာနမှာလည်း ကူညီပေးနိုင်တဲ့ စာရေးစာချီတွေ အများကြီး ရှိပါတယ်။ "

ချင်မင်းကြီးက သူတို့ကို တစ်ချက်ကြည့်ပြီး ခေါင်းညိမ့်လိုက်သည်။ ဝမ်ဝမ်နှင့် လီစီတို့၏ အကြံအစည်များကို သူဘယ်လိုလုပ်မမြင်ဘဲနေမှာလဲ။ သူ့အတွက် သူတို့နှစ်ယောက်ယှဉ်ပြိုင်နေခြင်းက ထိန်းချုပ်ရပိုလွယ်ကူစေသောကြောင့် ထိုအတိုင်း လွှတ်ထားလိုက်ခြင်းသာဖြစ်သည်။

ရှင်းကျန်းမြို့တော်။ ကုသရေးစခန်း၌ လီထန်၏ ကိုယ်ရံတော်တပ်မှူးက ကျောက်ဖုန်းထံသို့ ချဉ်းကပ်လာသည်။

" တပ်မမှူးကျောက် စစ်သူကြီးလီက မင်းကို လာတွေ့ဖို့ အမိန့်ပေးလိုက်တယ်။ "

" တပ်မှူးဝူ စစ်သူကြီးက ဘာကိစ္စရှိလို့လဲ သိလို့ရမလား။ " ကျောက်ဖုန်းက အနည်းငယ် အံ့ဩစွာဖြင့် မေးလိုက်သည်။ အရာအားလုံးက အေးချမ်းသွားပြီဖြစ်ပြီး သူကလည်း ကုသရေးစခန်းတွင် အဆင်ပြေနေသောကြောင့် အခြားကိစ္စမရှိပေ။

" ဟန်အရာရှိတွေကို စောင့်ကြပ်ပို့ဆောင်ရမယ့်ကိစ္စထင်တယ်။ သူ့ကို တွေ့ရင်သိမှာပေါ့။ " တပ်မှူးဝူက ပြုံး၍ ပြောလိုက်သည်။

" ဟန်အရာရှိတွေကို စောင့်ကြပ်ဖို့လား။ " ကျောက်ဖုန်းက ခေါင်းညိမ့်လိုက်ပြီး တပ်မှူးဝူနောက်မှ လိုက်သွားသည်။

မကြာမီ သူတို့က ခန်းမတစ်ခုအတွင်းသို့ ဝင်ရောက်သွားသည်။

" စစ်သူကြီးကို ဂါရဝပြုပါတယ်။ " ကျောက်ဖုန်းက လီထန်ကို ဦးညွှတ်လိုက်သည်။

" ဟားဟား ငါတို့ စစ်တပ်ရဲ့ သူရဲကောင်းရောက်လာပြီပဲ။ " လီယန်က ရယ်မောပြီး ပြောလိုက်သည်။ " ကောင်းပြီ။ ယဉ်ကျေးမှုတွေလုပ်မနေနဲ့။ "

" စစ်သူကြီး ကျွန်တော်ကို ဘာခိုင်းစရာရှိလို့လဲ။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

" ကုသရေးစခန်းက အခြေအနေဘယ်လိုရှိလဲ။ " လီထန်က မေးလိုက်သည်။

" အခြေအနေ တော်တော်ကောင်းပါတယ်။ ဒဏ်ရာရစစ်သည်အမျာစုကတော့ အသက်ရှင်ပါလိမ့်မယ်။ ဒါပေမယ့် ဆေးဝါးရိက္ခာနည်းနည်း လိုနေသေးလို့ စစ်သူကြီး စီစဉ်ပေးဖို့ လိုပါလိမ့်မယ်။ " ကျောက်ဖုန်းက အမှန်အတိုင်း ပြောလိုက်သည်။

" ဆေးဝါးအတွက်တော့ စိတ်မပူပါနဲ့။ ဆရာချန်က ငါ့ကို ပြောပြီးပြီ။ ငါလည်း အရေးပေါ် ထပ်တောင်းထားတယ်။ " လီထန်က ခေါင်းညိမ့်ပြီး ပြောလိုက်သည်။ " ဒါပေမယ့် မင်းက ငါ့ကို တကယ်အံ့ဩအောင် လုပ်ခဲ့တာပဲ။ ဒဏ်ရာရစစ်သည်တွေရဲ့ အသက်ရှင်နှုန်းတိုးလာတာဟာ မင်းအတွက် ကြီးမားတဲ့ စွမ်းဆောင်မှုတစ်ခုပဲ။ မင်းက ဆေးပညာမှာလည်း ကျွမ်းကျင်လိမ့်မယ်လို့ ငါလုံးဝမထင်ထားဘူး။ "

" ကျွန်တော်အမေက ဆေးပညာကျွမ်းကျင်နဲ့သူဆိုတော့ ကျွန်တော်လည်း နည်းနည်းပါးပါး သင်ယူခဲ့ရပါတယ်။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။ " ဒါက ကျွန်တော်တို့ ရဲဘော်တွေအတွက် အသုံးဝင်လာလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့မိဘူး။ "

" နှိမ့်ချမနေနဲ့။ " လီထန်က ပြောလိုက်သည်။ " ဆရာချန်က မင်းကို ငါ့ဆီမှာ ခဏခဏ ချီးကျူးနေတာ။ မင်းတီထွင်ထားတဲ့ ဆေးပညာနည်းလမ်းတွေက စစ်သည်အများကြီးကို ကယ်တင်နိုင်ခဲ့တဲ့အကြောင်း ငါတင်ပြထားပြီးပြီ။ ဒါက စစ်တပ်စွမ်းဆောင်မှုထဲမှာ မပါဝင်ပေမယ့် အရှင်မင်းကြီးရဲ့ အာရုံစိုက်မှုကိုတော့ ရရှိမှာ သေချာတယ်။ "

All Chapters