← Chapters

အခန်း (၆၆)

Vol. 7 Ch. 66

အခန်း (၆၆)

Vol. 7 Ch. 66

" အင်း ဘယ်သူက ထင်ထားမိမှာလဲ။ အရင်က အာဏာနဲ့ ဂုဏ်ဒြပ်တွေကို စိတ်မဝင်စယးတဲ့ ထောက်ပို့တပ်သားတစ်ယောက်က အခုတော့ ပင်မတပ်ဖွဲ့ရဲ့ တပ်မမှူးဖြစ်နေပြီ။ စစ်တပ်တစ်ခုလုံးမှာ နာမည်ကြီးတဲ့ သူရဲကောင်းတစ်ယေညက် ဖြစ်နေပြီ။ " ဝေချွမ်က ပြောလိုက်သည်။

" ငါ ဒါတွေကို တကယ် မလိုချင်ခဲ့တာ မင်းလည်းသိသားပဲ။ " ကျောက်ဖုန်းက ပြန်ဖြေလိုက်သည်။ " အခြေအနေက ငါ့ကို တွန်းပို့လိုက်တာပဲ။ "

" စစ်တပ်ထဲက စစ်သည်တွေက မင်းကို ဘယ်လောက်တောင် အားကျနေလဲဆိုတာ မင်းမသိပါဘူး။ " ဝေချွမ်က ပြန်ပြောလိုက်သည်။

" ကံကောင်းလို့လည်းနေမှာပါ။ " ကျောက်ဖုန်းက ပြောလိုက်သည်။

" ငါ့ရဲ့ စွမ်းရည်တွေက ခွန်အားဖြစ်စေပေမယ့် ကံတရားကလည်း အစိတ်အပိုင်းတစ်ခုအနေနဲ့ ပါဝင်နေတာပဲ။ ငါ ဒီလောက်မြန်မြန် ရာထူးတက်လာတာ ရန်သူတွေကို သတ်နိုင်ခဲ့လို့ပဲ။ ပြီးတော့ သူတို့က သာမန်ရန်သူတွေ မဟုတ်ဘူး။ ပထမဆုံး စစ်သူကြီး၊ ပြီးတော့ စစ်သေနာပတိချုပ်ကို သတ်ခဲ့တာပဲ။ "

" ဒါပေမယ့် တပ်မမှူး..." ဝေချွမ်က သူ့ကို ကြည့်ပြီး ပြောလိုက်သည်။ " မင်းရဲ့ စိတ်ဓာတ်က အစပိုင်းနဲ့ မတူတော့ဘဲ ပြောင်းလဲသွားတာကို ငါမြင်တယ်။ မင်းအခုတော့ အာဏာနောက် စပြီးလိုက်နေပြီထင်တယ်။ "

ကျောက်ဖုန်းကို ယခင်ကတည်းက သိခဲ့သော ဝေချွမ်က သူ၏ ပြောင်းလဲမှုများကို ရှင်းလင်းစွာ ခံစားမိနေသည်။

" လူဆိုတာ အခြေအနေနဲ့ လိုက်လျောညီထွေဖြစ်အောင် နေရတာပဲ။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။ " ဒါပေမယ့် မင်းပြောတာမှန်တယ်။ ဒီကမ္ဘာကြီးက မတရားမှုတွေနဲ့ ပြည့်နေတာပဲ။ ငါ့မိသားစုကို ကာကွယ်ဖို့အတွက် ငါ့မှာ ဩဇာအာဏာရှိဖို့လိုတယ်။ "

သမိုင်းကို သိခြင်းက အနာဂတ်တွင် ဘာဖြစ်မည်ကို သိခြင်းပင်ဖြစ်သည်။ ကျောက်ဖုန်းက သဘာဝအတိုင်း အစီအစဉ်တစ်ခုကို စတင်ရေးဆွဲခဲ့သည်။ အမှန်တကယ်တော့ ကျောက်ဖုန်းက ပင်မတပ်ဖွဲ့သို့ ရောက်လာပြီးနောက် ထိုသို့ စတင်တွေးခဲ့ခြင်းဖြစ်သည်။

နေရာမတူလျှင် အခွင့်အရေးလည်း မတူသည်မှာ အမှန်ပင်ဖြစ်သည်။ ထောက်ပို့တပ်ဖွဲ့တွင် အာဏာနှင့် ဂုဏ်ဒြပ်အတွက် ယှည်ပြိုင်ရန် အခွင့်အရေးမရှိပေ။

" မင်းနားလည်သွားတာ ကောင်းတယ်။ " ဝေချွမ်က ကျောက်ဖုန်းကို ပြတ်သားစွာ ကြည့်ပြီး ပြောလိုက်သည်။ " အရင် ငါက အနာဂတ်အတွက် မျှော်လင့်ချက် သိပ်မထားခဲ့ဘူး။ ဒါပေမယ့် အခုတော့ ရှိလာပြီ။ မင်းကို အာဏာနောက်လိုက်ဖို့ အကြံပြုခဲ့တာ ငါဖြစ်သလို ငါ့အသက်ကို ကယ်ခဲ့တာလည်းမင်းပဲ။ အခုကစပြီး မင်းဘယ်ကို သွားသွား ငါမင်းနောက်ကို လိုက်မယ်။ "

" ဒါထက် ပိုကောင်းတာမရှိတော့ဘူး။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

သူ့ကို ကာကွယ်ရန် အသက်စွန့်ရဲသော ဝေချွမ်ကဲ့သို့ ညီအကိုတစ်ယောက်ကို သူ၏ လက်အောက်တွင် ထားရှိခြင်းက ကျောက်ဖုန်းအတွက် အလွန် ဝမ်းမြောက်စရာပင်ဖြစ်သည်။

" ဒီပို့ဆောင်ရေးတာဝန်ပြီးလို့ ပြန်ရောက်ရင် မင်းအတွက် အံ့ဩစရာတစ်ခုရှိတယ်။ " ကျောက်ဖုန်းက ပြုံး၍ ထပ်ပြောလိုက်သည်။

" အံ့ဩစရာလား။ " ဝေချွမ်၏ မျက်လုံးများက မျှော်လင့်ချက်များဖြင့် တောက်ပသွားသည်။ " ကောင်းပြီ။ ငါတကယ် မျှော်လင့်နေပါတယ်။ "

ထိုအချိန်တွင် ကျန်းဟန်က ကူကယ်ရာမဲ့သော အမူအရာနှင့် လျှောက်လာသည်။ " တပ်မမှူး။ "

" ဘာဖြစ်လို့လဲ။ " ကျောက်ဖုန်းက မေးလိုက်သည်။

" ဟိုဟန်ဖေးကို စောင့်ကြည့်ခိုင်းထားတာလေ။ သူက အခုထိ ဘာမှမစားဘူး။ အစာအငတ်ခံပြီး သေဖို့ဆုံးဖြတ်ထားပုံရတယ်။ ကျွန်တော် ခြိမ်းခြောက်ကြည့်တယ် ချော့ကြည့်တယ် ဘာမှမထူးဘူး။ တပ်မမှူးကိုယ်တိုင် သွားကြည့်တာ အကောင်းဆုံးပဲ။ " ကျန်းဟန်က သက်ပြင်းချလိုက်သည်။

" ကျွန်တော်တို့ စောင့်ကြပ်နေတုန်း သူသေသွားရင် ကျွန်တော်တို့ပဲ အပြစ်တင်ခံရလိမ့်မယ်။ "

" ငါလိုက်ကြည့်လိုက်မယ်။ " ကျောက်ဖုန်းက ခေါင်းညိမ့်လိုက်သည်။ ထို့နောက် သူက ဟန်ဖေးရှိရာသို့ လျှောက်သွားသည်။

ချင်ဘုရင်ကိုယ်တိုင်က တောင်းဆိုထားသူဖြစ်သဖြင့် ဟန်ဖေးအား ဆက်ဆံပုံမှာ အခြားသူများနှင့် မတူပေ။ အခြားအကျဉ်းသားများကို စုပါင်းထားသော်လည်း သူ့ကိုမူ စစ်သည်အချို့က စောင့်ကြပ်နေပြီး လပ်ထိပ်များ ခတ်ထားခြင်းမရှိပေ။ သူ့ရှေ့တွင် ရိက္ခာခြောက်အချို့နှင့် ရေဘူးတစ်ဘူးရှိနေသည်။

" ဆရာဟန်ဖေး " ကျောက်ဖုန်းက အနားသို့ ကပ်ပြီး တည်ငြိမ်စွာ မေးလိုက်သည်။ " ဘာဖြစ်လို့ အစားမစားတာလဲ။ "

" ငါနိုင်ငံလည်း ပျက်သုဥ်းသွားပြီ။ ငါ့အိမ်လည်းမရှိတော့ဘူး။ အသက်ဆက်ရှင်ဖို့ ဘာကျန်နေသေးလို့လဲ။ " ဟန်ဖေးက ကျောက်ဖုန်းကို ကြည့်ပြီး အေးစက်စွာ ပြောလိုက်သည်။

" မင်းတို့ သွားပြီး တစ်ခုခုစားလိုက်ကြ။ ငါသူနဲ့ စကားပြောလိုက်ဦးမယ်။ " ကျောက်ဖုန်းက ဘေးတွင် ဝင်ထိုင်ပြီး စစ်သည်များကို ပြောလိုက်သည်။

" ဟုတ်ကဲ့။ " စစ်သည်များက တစ်ယောက်ပြီးတစ်ယောက် ဆုတ်ခွာသွားကြသည်။

" ကျင့်နိုင်ငံသုံးခုအတွက် နိုင်ငံရဲ့ မြင့်မြတ်မှုဆိုတာ တကယ်မရှိခဲ့ဘူးမဟုတ်လား။ " ကျောက်ဖုန်းက ရုတ်တရက် ပြောလိုက်သည်။

"မင်းအဲ့ဒါ ဘာကိုဆိုလိုတာလဲ။ " ဟန်ဖေး၏ အမူအရာက ပြောင်းလဲသွားပြီး အံ့ဩစွာ မေးလိုက်သည်။

" ကျင့်နိုင်ငံသုံးခုဆိုတာ လက်အောက်ခံတွေက သူတို့ရဲ့ သခင်နိုင်ငံကို လုယူပြီး တည်ထောင်ခဲ့တဲ့ မိသားစုသုံးခုပဲ။ သူတို့က သူပုန်တွေထက် မပိုဘူး။ အဲ့ဒါကိုမှ နိုင်ငံလို့ပြောစရာလိုသေးလို့လား။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

" လောကမှာရှိတဲ့ တခြားနိုင်ငံတွေကသာ အဲ့ဒီလိုပြောနိုင်ရင် ပြောနိုင်မယ်။ ကျင့်သုံးနိုင်ငံကတော့ မထိုက်တန်ပါဘူး။ "

" မင်း..." ဟန်ဖေးက ပြောစရာစကားမရှိတော့ပေ။ ခဏစဉ်းစားပြီးနောက် သူက ထပ်ပြောလိုက်သည်။

" မင်းပြောသလိုဆို ဒီကမ္ဘာမှာ သူပုန်တွေ မတည်ထောင်ခဲ့တဲ့ နိုင်ငံဆိုတာ ရှိလို့လား။ မင်းတို့ချင်နိုင်ငံလည်း အတူတူပဲလေ။ မင်းတို့က ကျိုးမင်းဆက်ရဲ့ နယ်မြေတွေကို ဖျက်ဆီးခဲ့တာပဲ။ "

" ငါတို့ ချင်နိုင်ငံတင်မဟုတ်ဘူး။ အရင်ကျိုးနိုင်ငံကလည်း သူပုန်တွေတည်ထောင်ခဲ့တာပဲ။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။ " ကျိုးမတိုင်ခင်က ရှန်းတွေကလည်း သူပုန်တွေပါပဲ။ "

ဟန်ဖေးက နားမလည်နိုင်စွာဖြင့် ကျောက်ဖုန်းကို စိုက်ကြည့်နေသည်။ အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် သူက အေးစက်စွာ ပြောလိုက်သည်။ " မင်းက ဘာပြောချင်တာလဲ။ "

" ငါ ပြောချင်တာ သိပ်မရှိဘူး။ ရှေးခေတ်ကတည်းက မင်းဆက်တွေ အပြောင်းအလဲက ကမ္ဘာကြီးမှာ မလွဲမသွေဖြစ်ပျက်နေတဲ့ လမ်းစဉ်ပဲ။ လူတွေရဲ့ အားထုတ်မှုနဲ့ တားဆီးလို့မရဘူးလို့ ပြောချင်တာပါ။ "

" မင်း အသက်ရှင်တာ ဒါမှမဟုတ် သေသွားတာက ဘာထူးမှာလဲ။ အခုအချိန်မှာ ငါတို့ချင်နိုင်ငံက လောကမှာ အင်အားအကြီးဆုံးနိုင်ငံဖြစ်နေပြီ။ တစ်လောကလုံးကို ပေါင်းစည်းနိုင်တဲ့ စွမ်းအားရှိနေပြီ။ ဒါပေမယ့် နောက်ဆယ်စုနှစ် အနည်းငယ် ဒါမှမဟုတ် ရာစုနှစ်အနည်းငယ်မှာ ဘာဖြစ်မယ်ဆိုတာ ဘယ်သူပြောနိုင်မှာလဲ။ "

" ဒါ့အပြင်..." ကျောက်ဖုန်းက လေးနက်စွာဖြင့် ဆက်ပြောလိုက်သည်။ " ငါမင်းကို ကြီးကျယ်တဲ့ မူဝါဒတွေကို လာဟောနေမှာမဟုတ်ဘူး။ ငါမင်းကို မေးခွန်းတစ်ခုပဲ။ "

" ဒီလောကမှာ သာမန်ပြည်သူတွေအတွက် ဘယ်အရာက ပိုကောင်းမလဲ။ အချင်းချင်း တိုက်ခိုက်နေကြတဲ့ နိုင်ငံငယ်လေးတွေကနေ ဖြစ်လာမယ့် အဆုံးမဲ့စစ်ပွဲတွေလား။ ဒါမှမဟုတ် ပေါင်းစည်းထားတဲ့ ရှန်းကျိုးနဲ့ ညီညွတ်တဲ့ ဟွာရှလား။ "

ထိုမေးခွန်းကို ကြားသောအခါ ဟန်ဖေးက တစ်ဖန်တိတ်ဆိတ်သွားပြန်သည်။ သံသယဝင်စရာမလိုဘဲ ထိုမေးခွန်းက သူ၏ စိတ်ကို သက်ရောက်စေခဲ့သည်။ ဟန်နိုင်ငံသားတစ်ယောက်အတွက် မိမိနိုင်ငံ ကျဆုံးခြင်းက ကြီးမားသော ဆုံးရှုံးမှုဖြစ်သော်လည်း သာမန်ပြည်သူများအတွက် မကုန်ဆုံးနိုင်သော စစ်ပွဲများ ပြီးဆုံးသွားခြင်းမှာ ကြီးကျယ်ခမ်းနားသော ကောင်းချီးမင်္ဂလာပင်ဖြစ်ပေလိမ့်မည်။

" သာမန်ပြည်သူတွေအတွက် စစ်ပွဲမရှိဘဲ ပေါင်းစည်းနေတဲ့ ဟွာရှက အကောင်းဆုံးပေါ့။ " ဟန်ဖေးက နောက်ဆုံးတွင် သက်ပြင်းချလိုက်သည်။

" မင်းဒါကို နားလည်ရင် ဘာတွေစိတ်ရှုပ်နေတာလဲ။ အစာငတ်ခံပြီး သေလိုက်ရင် မင်းနိုင်ငံက ပြန်ပေါ်လာမှာလား။ မင်းသေလိုက်လို့ ချင်နိုင်ငံရဲ့ စစ်ရေးလှုပ်ရှားမှုတွေက ပြောင်းလဲသွားမှာလား။ ပြီးတော့ မင်းလိုလူတစ်ယောက်က ဘာလို့ဒီလောက်ခေါင်းမာနေတာလဲ ငါနားမလည်ဘူး။ မင်းတို့ဘုရင်က မြို့ရိုးမကျခင်ကတည်းက ထွက်ပြေးသွားတာပဲလေ။ အဲ့ဒါက တကယ်အရှက်ရစရာပဲ။ " ကျောက်ဖုန်းက ပြောလိုက်သည်။

" အဲ့ဒါတွေက ငါအသက်ရှင်တာ သေတာနဲ့ ဘာဆိုင်လို့လဲ။ " ဟန်ဖေးက ပြောလိုက်သည်။ " ငါတို့ဘုရင်က အရည်အချင်းမရှိလို့ နိုင်ငံနဲ့အတူ မသေချင်ခဲ့တာ ဖြစ်နိုင်ပေမယ့် ငါဟန်ဖေးက အဲ့လိုမဟုတ်ဘူး။ "

" အမှန်အတိုင်းပြောရရင် မင်းသေတာရှင်တာက ငါ့အတွက် ဘာမှမဟုတ်ဘူး။ ဒါပေမယ့် ဒါက ငါ့ရဲ့ ပို့ဆောင်ရေးတာဝန်ပဲ။ ဒါပြီးသွားရင် မင်းသေချင်သလိုသေ ငါအလုပ်မဟုတ်ဘူး။ " ကျောက်ဖုန်းက ပွင့်လင်းစွာ ပြောလိုက်သည်။

" ငါတကယ်ပဲ မင်းကို အသက်ရှင်စေချင်နေတယ်လို့ ထင်နေတာလား။ " ကျောက်ဖုန်းက စိတ်မရှည်စွာ ပြောလိုက်သည်။

ဟန်ဖေးက မျက်လုံးများ ပြူးသွားသည်။ ကျောက်ဖုန်းက ထိုမျှအထိ ပြောလိမ့်မည်ဟု သူမထင်ထားပေ။

" မင်းရှေ့မှာ ရိက္ခာတွေ ရှိတယ်။ မင်းဘာသာမင်းစားမလား။ ဒါမှမဟုတ် ငါမင်းလည်ချောင်းထဲကို အတင်းထိုးထည့်ပေးရမလား။ " ကျောက်ဖုန်းက ရိက္ခာများကို ဆွဲယူပြီး ခြိမ်းခြောက်သည့် လေသံနှင့် ပြောလိုက်သည်။

" မင်း မင်းက အရိုင်းအစိုင်းပဲ။ " ဟန်ဖေးက ကျောက်ဖုန်းကို လက်ညိုးထိုးပြီး ပြောလိုက်သည်။

" ဒါဆို မင်းက အတင်းထိုးထည့်စေချင်တာပေါ့။ " ကျောက်ဖုန်းက စိုက်ကြည့်ပြီး ဟန်ဖေး၏ ပခုံးကို လက်ဖြင့် ဖိချလိုက်သည်။

ဟန်ဖေးက ရုန်းကန်ရန်ကြိုးစားလိုက်သော်လည်း ကျောက်ဖုန်း၏ လက်က တောင်ကြီးတစ်လုံးကဲ့သို့ သူ့ကို တစ်လက်မမှပင် မလှုပ်နိုင်အောင် ဖိထားသည်။

All Chapters