အခန်း (၆၇)
Vol. 7 Ch. 67
" ငါ့ဘာသာငါစားမယ်။ " ကျောက်ဖုန်းက သူ့ကို အတင်းကျွေးမည်ဟု ထင်ပြီး ဟန်ဖေးက ကြောက်လန့်တကြား ပြောလိုက်သည်။
ကျောက်ဖုန်းက ကျေနပ်စွာဖြင့် ခေါင်းညိမ့်ပြီး သူ့ကို လွှတ်ပေးလိုက်သည်။ ငါစောင့်ကြပ်နေတုန်းမှာ မင်းစားရမယ်။ ငါထွက်သွားပြီးရင်တော့ မင်းကြိုက်သလိုနေ။ အခုစားတော့။ "
ကျောက်ဖုန်း၏ အကျပ်ကိုင်မှုအောက်တွင် ဟန်ဖေးက သူ၏ ဒေါသကို မျိုသိပ်ပြီး ရိက္ခာများကို စားရတော့သည်။ မလှမ်းမကမ်းမှ စစ်သည်များက ဟန်ဖေးအစားစားနေသည်ကို မြင်သောအခါ အံ့ဩသွားကြသည်။
" တပ်မမှူးကတော့ တကယ်ပါပဲ။ ဟိုလူ နောက်ဆုံးတော့ အစားစားနေပြီ။ " ကျောက်ဖုန်းက စိတ်ပျက်စွာဖြင့် ပြောလိုက်သည်။
" ဟုတ်တယ်။ တပ်မမှူးရဲ့ နည်းလမ်းတွေက ငါတို့ထက် အများကြီး ပိုထိရောက်တယ်။ သေဖို့မကြောက်တဲ့သူကို သူပဲ ဖြေရှင်းနိုင်တာ။ "
" ချင်ဘုရင်က ငါ့ကို ရှန်းယန်ဆီ အသက်ရှင်ရက် ခေါ်ချင်နေတာ မင်းသိရက်နဲ့ မင်းခြိမ်းခြောက်ခဲ့တာတွေကို ပြန်တိုင်မှာမကြောက်ဘူးလား။ " ဟန်ဖေးက စားသောက်နေရင်း ဒေါသတကြီး ပြောလိုက်သည်။
" တိုက်ပါ။ ကြိုက်သလိုတိုင်လို့ရတယ်။ " ကျောက်ဖုန်းက စိတ်ပျက်စွာ ပြောလိုက်သည်။
ထိုဟန်ဖေးက ကလေးဆန်စွာဖြင့် ပြန်တိုင်မည်ဟု ပြောရလောက်သည်အထိ ဒေါသထွက်နေရှာသည်။
" မင်း လူရမ်းကား..." ဟန်ဖေးက ကျောက်ဖုန်း၏ အမူအရာကို ကြည့်ပြီး ဆဲရေးရုံသာ တတ်နိုင်တော့သည်။
" ချီးကျူးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ နောက်တစ်ခု ပြောဦးမယ်။ ဟန်နိုင်ငံရဲ့ စစ်သေနာပတိချုပ်နဲ့ သူ့သားကို သတ်ခဲ့တာငါပဲ။ ဟန်မြို့တော်ကို ထိုးဖောက်ခဲ့တာလဲငါပဲ။ ပြီးတော့ မင်းတို့ရဲ့ သူရဲဘောကြာင်တဲ့ ဟန်ဘုရင်ကို ဖမ်းခဲ့တာလည်းငါပဲ။ ဘယ်လိုလဲ ငါ့ရဲ့ စွမ်းဆောင်မှုတွေက မသေးဘူးမဟုတ်လား။ " ကျောက်ဖုန်းက ဟန်ဖေးကို ဒေါသထွက်စေရန် ရည်ရွယ်ချက်ဖြင့် ပြုံး၍ ပြောလိုက်သည်။
ကျောက်ဖုန်းက စကားပုံတစ်ခုကို သတိရသွားသည်။ ဥပဒေပညါရှင်ဖြစ်တော့ရော ဘာအရေးလဲ။ စစ်သားနှင့်တွေ့လျှင် ပညာရှိမှာ စကားအရာ ရှုံးနိမ့်ရစမြဲဖြစ်သည်။ ယခုအချိန်တွင် သူက စစ်သားဖြစ်ပြီး ဟန်ဖေးက ပညာရှိဖြစ်သည်။ သူ၏ စောင့်ကြည့်မှုအောက်တွင် အစာငတ်ခံပြီး ဆန္ဒပြရဲခြင်းမှာ ထိုလူက အမှန်တကယ် သတ္တိရှိခြင်းပင်ဖြစ်သည်။
" အဲ့ အဲ့ဒါ မင်းလား။ " ကျောက်ဖုန်း၏ စွမ်းဆောင်မှုများကို ကြားသောအခါ ဟန်ဖေးက အံ့ဩပြီး မျက်လုံးများ ပြူးသွားသည်။
ပေါင်ယွမ်နှင့် သူ့သားတို့ကို ချင်စစ်သားတစ်ယောက်က သတ်ဖြတ်ခဲ့သည်ဟူသော သတင်းကို သူကြားဖူးခဲ့သည်။ မြို့ကျချိန်တွင် မည်သူက မြို့ရိုးကို ထိုးဖောက်ခဲ့သည်။ မည်သူက ဟန်ဘုရင်ကို ဖမ်းဆီးခဲ့သည်ကိုမူ သူမသိခဲ့ပေ။
ထိုမျှကြီးမားသော စွမ်းဆောင်မှုအားလုံးက လူတစ်ယောက်တည်း၏ လက်ချက်ဖြစ်လိမ့်မည်ဟု ဟန်ဖေးက လုံးဝ မထင်မှတ်ထားခဲ့ပေ။
" ကောင်းပြီ။ " ကျောက်ထုမ်းက ထပြီး ပြောလိုက်သည်။ " မင်းကို စကားပြောရတာ အချိန်ကုန်တယ်။ နယ်စပ်ကို ပို့ပြီးရင်တော့ မင်း သေသေရှင်ရှင် ငါ ဂရုမစိုက်တော့ဘူး။ "
" ဒါပေမယ့် နောက်ထပ် ရက်အနည်းငယ်မှာတော့ မင်းရဲ့ အစားအသောက်ကို ငါကိုယ်တိုင်ကြီးကြပ်မယ်။ အစာမစားဘူးလို့ ငြင်းရင်တော့ ဗိုက်ထဲထိရောက်အောင် ထိုးထည့်ပေးလိုက်မယ်။ "
ကျောက်ဖုန်းက ဆက်မပြောတော့ဘဲ ဖြည်းညင်းစွာ လှည့်ထွက်သွားသည်။ သူစောင့်ကြပ်နေချိန်တွင် ဟန်ဖေး အစာငတ်ပြီး မသေသွားသရွေ့ ကျောက်ဖုန်း၏ တာဝန် ပြီးမြောက်ပြီဖြစ်သည်။
ဟန်ဖေးကို သူ့ဘက်ကို ပါအောင် သိမ်းသွင်းရန် မလွယ်ကူပေ။ ထိုလူက ဟန်တော်ဝင်မိသားစု၏ ထင်ရှားသော မင်းသားတစ်ပါးဖြစ်ပြီး ကြီးမားသော အာဏာကို ကိုင်စွဲခဲ့သူဖြစ်သည်။ သူက နိုင်ငံအသီသီးတွင် အလွန်လေးစားခံရသူဖြစ်ပြီး ဘယ်နေရာရောက်ရောက် အရေးကြီးသော တာဝန်များကို ပေးအပ်ခံရမည့်သူ၊ ဝန်ကြီးချုပ်အဆင့် တာဝန်ယူနိုင်သည့် အရည်အချင်းရှိသူဖြစ်သည်။
ထို့ကြောင့်ပင် ချင်ဘုရင် ရင်ကျန့်က ဟန်ဖေးကို အလွန်အလေးထားခြင်းဖြစ်သည်။ ချင်နိုင်ငံက သူကဲ့သို့ အရည်အချင်းရှိသော ဝန်ကြီးများကို အလွန်လိုအပ်နေသည်။ အကယ်၍ ကျောက်ဖုန်းကသာ သူ့ကို စည်းရုံးရန် ကြိုးစားခဲ့လျှင် ဟန်ဖေးက သူ့ကို ရူးနေပြီဟု ထင်ပေလိမ့်မည်။
" ချင်နိုင်ငံမှာ ထူးချွန်တဲ့လးတွေ အများကြီးရှိနေတာပဲ။ သူတို့ထဲမှာ ဒီလိုထူးခြားတဲ့ လူတစ်ယောက် ရှိလိမ့်မယ်လို့ မထင်ထားဘူး။ " ဟန်ဖေးက ထွက်ခွာသွားသော ကျောက်ဖုန်းကို ကြည့်ပြီး စိတ်ထဲတွင် အံ့ဩလေးစားမှုများ ပေါ်လာသည်။
မကြာမီ ဟန်ဖေးက သူ့ကိုသူ ပြန်လည်သုံးသပ်ရင်း အတွေးထဲသို့ နစ်မြှုပ်သွားခဲ့သည်။
" ဘယ်အရာက ပိုကောင်းမှာလဲ။ စစ်ဖြစ်နေတဲ့ နိုင်ငံငယ်တွေလား။ ဒါမှမဟုတ် ပေါင်းစည်းထားတဲ့ ရှန်းကျိုးနဲ့ ညီညွှတ်တဲ့ ဟွာရှလား။ " ထိုမေးခွန်းက သူ၏ စိတ်ထဲတွင် ထပ်ခါတလဲလဲ ပဲ့တင်ထပ်နေသည်။
" ပေါင်းစည်းထားတဲ့ ရှန်းကျိုး၊ ညီညွှတ်တဲ့ ဟွာရှ။ စစ်ပွဲတွေမရှိတဲ့ ရှန်းကျိုးနဲ့ လူမျိုးအားလုံးတစ်သားတည်းဖြစ်နေတဲ့ ဟွာရှ။ ဒါတွေက တကယ်ပဲ ဖြစ်နိုင်မှာလား။ ချင်နိုင်ငံက တကယ်ပဲ လုပ်နိုင်မှာလား။ "
" တကယ်လို့ အဲ့ဒီနေ့သာ ရောက်လာခဲ့ရင် ဒီကမ္ဘာကြီးက ဘယ်လိုဖြစ်နေမလဲ။ တကယ်ကို ခမ်းနားတဲ့ မြင်ကွင်းတစ်ခု ဖြစ်လိမ့်မယ်။ အဲ့ဒီနေ့ကိုသာ ငါ့မျက်စိနဲ့ မြင်နိုင်ခဲ့ရင်... "
ကျောက်ဖုန်း၏ စကားများက သူ့အပေါ် သက်ရောက်မှုရှိခဲ့သည်မှာ အသေအချာပင်ဖြစ်သည်။ လူတိုင်းက သူ၏ သေခြင်းရှင်ခြင်းကို ဂရုစိုက်နေကြစဉ် သူက ခေါင်းမာပြခဲ့သော်လည်း တစ်စုံတစ်ယောက်က ဂရုမစိုက်ဘဲ ပစ်ထားသောအခါတွင် သူက ဘာလုပ်ရမှန်းမသိ ဖြစ်သွားခဲ့သည်။
လေးရက်ကြာပြီးနောက် ကျောက်ဖုန်း ခန့်မှန်းထားသည်ထက် တစ်ရက်စော၍ ဝမ်ကျန့်၏ စခန်းသို့ ရောက်လာခဲ့သည်။ ထိုစခန်းက ချင်နှင့် ဟန်နယ်စပ်တွင် ရှိသော်လည်း ယခုအခါ ဟန်နိုင်ငံကျဆုံးသွားပြီးဖြစ်သောကြောင့် နယ်စပ်ဟူ၍ မရှိတော့ပေ။
ကျောက်ဖုန်းက သူ၏ တပ်ဖွဲ့များကို စခန်းရှေ့သို့ ခေါ်လာသောအခါ တာဝန်ကျတပ်မှူးက ချက်ချင်း ရှေ့သို့ ထွက်၍ ကြိုဆိုသည်။
" စစ်မိန့်ပေးပါ။ " တပ်မှူးက ကျယ်လောင်စွာ ပြောလိုက်သည်။
ကျောက်ဖုန်းက လီထန်ထံမှ ရရှိသော စစ်မိန့်ကို သူ၏ ဝတ်ရုံထဲမှ ထုတ်ယူ၍ ပေးလိုက်သည်။ စစ်တပ်ရွှေ့ပြောင်းမှုတိုင်းတွင် စစ်မိန့်လိုအပ်သည်။ အကယ်၍ ကျောက်ဖုန်းက စစ်မိန့်မပါဘဲ ရောက်လာခဲ့လျှင် စခန်းမှ စစ်သည်များက သူ့ကို ရန်သူဟုထင်ကာ တိုက်ခိုက်ကြပေလိမ့်မည်။
တပ်မှူးက စစ်မိန့်ကို ယူ၍ ဖွင့်ကြည့်လိုက်ပြီး စစ်သူကြီး၏ တံဆိပ်တုံးနှင့် အမိန့်စာကို မြင်သောအခါ ကျောက်ဖုန်းကို ချက်ချင်း ဦးညွှတ်လိုက်သည်။
" ဟန်အရာရှိတွေကို လာပို့တာပဲ။ "
" ဒီအကျဉ်းသားတွေကို မင်းဆီ တိုက်ရိုက်လွှဲပေးရမှာလား။ " ကျောက်ဖုန်းက အကျဉ်းလှည်းများကို ညွှန်ပြပြီး မေးလိုက်သည်။
" ငါဆီလွှဲပေးလိုက်ပါ။ " တပ်မှူးက ပြုံး၍ သူ၏ စစ်သည်များကို အမိန့်ပေးလိုက်သည်။
" အားလုံး အမိန့်နာခံကြ။ အကျဉ်းလှည်းတွေကို လွှဲပြောင်းယူပြီး အကျဉ်းသားအားလုံးကို စခန်းထဲမှာ ချုပ်နှောင်ဖို့ စခန်းထဲခေါ်သွားကြ။ "
" နားလည်ပါပြီ။ " စစ်သည်များက ရှေ့သို့ ထွက်လာကြသည်။
" တပ်မမှူးကျောက် " တပ်မှူးက ပြောလိုက်သည်။ " မင်းရဲ့လူတွေကို စခန်းအပြင်ဘက်မှာ ခဏနားခိုင်းလိုက်ပါ။ ငါ့လူတွေက စခန်းထဲက အစားအသောက်တွေကို အပြင် ယူလာပေးလိမ့်မယ်။ "
" ကျေးဇူးတင်ပါတယ်။ " ကျောက်ဖုန်းက ခေါင်းညိမ့်လိုက်သည်။
" အော် ဒါနဲ့ တပ်မမှူးကျောက် စစ်သူကြီးဝမ်က မှာထားတယ်။ အကျဉ်းသားတွေကို လွှဲပြောင်းပေးပြီးရင် စခန်းထဲက စစ်သေနာပတိချုပ်ဆီကို ချက်ချင်းလာခဲ့ပါတဲ့။ "
" နားလည်ပါပြီ။ " ကျောက်ဖုန်းက ခေါင်းညိမ့်လိုက်သည်။ လီထန်က သူ့ကို ထိုတာဝန်ပေးလိုက်ခြင်းမှာ ဝမ်ကျန့်၏ အထူးညွှန်ကြားချက်ကြောင့်ဖြစ်သည်မှာ သေချာသည်။
ကျောက်ဖုန်းက စခန်းကို ကြည့်ရင်း တိတ်ဆိတ်စွာ တွေးလိုက်သည်။ " ဒါက ဝမ်ကျန့်ဆီမှာ သူ့သမီးနဲ့ လက်ထပ်ခွင့်တောင်းဖို့ အကောင်းဆုံး အခွင့်အရေးပဲ။ ကြီးမားတဲ့ ကန့်ကွက်မှုနဲ့ ရင်ဆိုင်ရနိုင်ပေမယ့် ဒါက ငါလုပ်ကိုလုပ်ရမယ့်အရာပဲ။ "
ဝမ်ယန်နှင့် ဘာမှမဖြစ်ခဲ့လျှင် ကျောက်ဖုန်းက ထိုသို့ လုပ်မည်မဟုတ်ပေ။ သို့သော် သူတို့က ပက်သက်ခဲ့ကြပြီဖြစ်သောကြောင့် သူက တာဝန်ယူရမည်ဖြစ်သည်။ အကယ်၍ သူက ကြောက်ရွံ့ပြီး ရှောင်လွှဲနေလျှင် ယောကျာ်းကောင်းတစ်ယောက် မဟုတ်တော့ပေ။ သူလုပ်ခဲ့သည့်အရာအတွက် ကျောက်ဖုန်းက ငြင်းဆန်မည်မဟုတ်သကဲ့သို့ တာဝန်မှ ရှောင်လွှဲနေမည်မဟုတ်ပေ။
ထိုအချိန်တွင် အကျဉ်းလှည်းများက စစ်သည်များ၏ စောင့်ကြပ်မှုအောက်တွင် စခန်းထဲသို့ တစ်စီးပြီးတစ်စီး ဝင်သွားကြသည်။
ဟန်ဖေးပါလာသည့် လှည်းဖြတ်သွားသောအခါ ကျောက်ဖုန်းက ထူးဆန်းသော အကြည့်တစ်ခုကို ခံစားလိုက်ရပြီး သူက ပြုံး၍ ရှေ့သို့ တိုးသွားလိုက်သည်။
" ကဲ မင်းကို ပို့ဆောင်ပြီးပြီ။ " ကျောက်ဖုန်းက စနောက်ပြီး ပြောလိုက်သည်။ " အခုကစပြီး မင်းအစာငတ်ပြီး သေသေ မသေသေ ငါ့ကိစ္စမဟုတ်တော့ဘူး။ နောင်တစ်ချိန်မှာ ပြန်တွေ့ဖို့ မျှော်လင့်ပါတယ်။ "
" စိတ်ချပါ။ မင်းသေသွားရင်တောင် ငါကတော့ ကောင်းကောင်းအသက်ရှင်နေဦးမှာပါ။ " ဟန်ဖေးက ကျောက်ဖုန်းကို စိုက်ကြည့်ပြီး ပြန်ပက်လိုက်သည်။
သူက ထိုသို့ပြောလိုက်သော်လည်း ဒေါသထွက်နေပုံမရပေ။ ကျောက်ဖုန်းကို ကြည့်သော သူ၏ အကြည့်ထဲတွင် သူငယ်ချင်းကောင်းတစ်ယောက်ကို ကြည့်နေသကဲ့သို့ ကြင်နာမှုများ ပါဝင်နေသည်။
လွန်ခဲ့သည့် ရက်အနည်းငယ်က ကျောက်ဖုန်းက သူ့ကို ခဏခဏ လာရောက်လှောင်ပြောင်ခဲ့သောကြောင့် ဟန်ဖေး၏ ကိုယ့်ကိုကိုယ် အဆုံးစီရင်မည့် စိတ်ကူးကို စွန့်လွှတ်သွားအောင် လုပ်ဆောင်နိုင်ခဲ့သည်။
ကျောက်ဖုန်းတွင်လည်း ကိုယ်ပိုင်အကြောင်းပြချက်များ ရှိသည်။ ထိုဥပဒေပညါရှင် အသက်ရှင်ခဲ့လျှင် ချင်မင်းဆက်အတွက် မည်သည့်အပြောင်းအလဲများ ဆောင်ကြဉ်းပေးမလဲဆိုတာ သူစိတ်ဝင်စားနေမိသည်။