အခန်း (၆၈)
Vol. 7 Ch. 68
ဟန်ဖေး၏ စကားကို ကြားသောအခါ ကျောက်ဖုန်းက ပြုံးလိုက်ပြီး အနားသို့ တိုးကပ်သွားသည်။ " ဒါဆိုရင်တော့ မင်းက ငါ့ထက် အသက်ပိုရှည်မှာိဟုတ်ဘူး။ "
" အဲ့ဒါကတော့ ကြည့်ရသေးတာပေါ့။ " ဟန်ဖေးက ဂရုမစိုက်သလိုနှင့် ပြောလိုက်သည်။
" လမ်းခွဲခါနီးမှာ ငါမင်းကို အကြံတစ်ခုပေးလိုက်မယ်။ " ကျောက်ဖုန်းက သူ၏ ဝတ်ရုံထဲမှ အဝတ်စသေးသေးလေးကို ထုတ်ပြီး ဟန်ဖေး၏ အကျဉ်းလှည်းထဲသို့ ပစ်ထည့်လိုက်သည်။
" နောက်တစ်ခါ ပြန်တွေ့ဖို့ မျှော်လင့်ပါတယ်။ " ကျောက်ဖုန်းက နှုတ်ဆက်၍ လှည့်ထွက်သွားပြီး စခန်းဆီသို့ လျှောက်သွားသည်။
ဟန်ဖေးက သူ၏ ရှေ့မှ အဝတ်သကို ကောက်ယူပြီး ဖြန့်ကြည့်လိုက်သည်။ သူ၏ အမူအရာတွင် အံ့အားသင့်သော အမူအရာ ပေါ်လာသည်။
" လီစီကို သတိထားပါ။ " အဝတ်စပေါ်တွင် စာလုံးအနည်းငယ်သာ ရှိသော်လည်း ၎င်းက ဟန်ဖေးကို နားမလည်နိုင်ဖြစ်သွားစေရန် လုံလောက်သည်။
" သူက ငါ့ကို ဘာလို့လီစီကို သတိထားခိုင်းတာလဲ။ လီစီက ငါ့ကို အန္တရာယ်ပေးမှာလား။ မဖြစ်နိုင်လောက်ဘူး။ လီစီနဲ့ ငါနဲ့ ကျောင်းနေဖက်သူငယ်ချင်းတွေပဲ။ သူက ငါ့အပေါ် ဘယ်လိုလုပ် မကောင်းကြံမှာလဲ။ "
ဟန်ဖေးက မယုံကြည်နိုင်ဖြစ်နေသည်။ သို့သော် လွန်ခဲ့သော ရက်အနည်းငယ်က ကျောက်ဖုန်းနှင့် ဖြတ်သန်းခဲ့ရသည်များကို ကြည့်လျှင် ထိုလူမှာ အနေအထိုင် ကြမ်းတမ်းသော်လည်း အလွန်အမြော်အမြင်ရှိသူဖြစ်ကြောင်း သူသိသည်။
အကြောင်းရင်းမရှိဘဲ ကျောက်ဖုန်းက ထိုသို့ သတိပေးမည်မဟုတ်ပေ။ ထိုသတိပေးချက်မှာ အမှန်တကယ် နက်နဲသော အဓိပ္ပါယ်ရှိနိုင်ပြီး ၎င်းက ဟန်ဖေးအား လီစီအပေါ် သတိထားမိသွားစေသည်။
တပ်မှူး၏ လမ်းပြမှုဖြင့် ကျောက်ဖုန်းက အတားအဆီးမရှိဘဲ ဝမ်ကျန့်၏ တဲအိမ်အပြင်ဘက်သို့ ရောကလာသည်။
" တပ်မမှူးကျောက်ထုန်း ရောက်ရှိနေကြောင်း စစ်သေနာပတိချုပ်ကို သတင်းပို့ပေးပါ။ " တပ်မှူးက အပြင်ရှိ ကိုယ်ရံတော်တပ်မှူးကို ဦးညွှတ်ပြီး ပြောလိုက်သည်။
" စစ်သေနာပတိချုပ်က ကျောက်ဖုန်းရောက်လာတာနဲ့ စခန်းထဲကို ဝင်ခွင့်ပေးဖို့ အမိန့်ပေးထားပြီးသားပါ။ " ကိုယ်ရံတော်တပ်မှူးက ပြုံး၍ ကျောက်ဖုန်းကို ကြည့်လိုက်သည်။
ယခုအခါ ကျောက်ဖုန်း၏ ကျော်ကြားမှုက လန်ထျန်းစခန်းတစ်ခုလုံး ပျံ့နှံ့နေပြီး စစ်သည်တိုင်းက သူ့နာမည်ကို သိကြလေသည်။
" တပ်မမှူးကျောက် ကျုပ် ဒီအထိပဲ လိုက်ပို့ပါမယ်။ " တပ်မှူးက ကျောက်ဖုန်းကို ပြောလိုက်သည်။
" ကျေးဇူးတင်ပါတယ်။ " ကျောက်ဖုန်းကလည်း ချက်ချင်း ပြန်ပြောလိုက်သည်။
ဝမ်ကျန့်နှင့် မျက်နှာချင်းဆိုင် တွေ့ရတော့မည်ဖြစ်သောကြောင့် ကျောက်ဖုန်းက အနည်းငယ် ရင်ခုန်မိနေသည်။ သမိုင်းတွင် ချင်နိုင်ငံ၏ စစ်နတ်ဘုရားအဖြစ် မှတ်တမ်းတင်ခံထားရသော ထိုလူ၏ အရည်အချင်းမှာ မေးခွန်ထုတ်စရာပင်မလိုပေ။ သူက အသက်ပြင်းပြင်းရှူပြီး တဲအိမ်ထဲသို့ ဝင်ရောက်သွားသည်။
ဝမ်ကျန့်က အဓိကထိုင်ခုံတွင် ထိုင်ပြီး စစ်ရေးကိစ္စများကို စီမံခန့်ခွဲနေသည်။ စခန်းကြီးတစ်ခုလုံးကို တာဝန်ယူထားသော စစ်သေနာပတိချုပ်တစ်ယောက်အနေဖြင့် သူက အလွန်အလုပ်ရှုပ်သူတစ်ယောက်ဖြစ်သည်။
" လက်အောက်ငယ်သား ကျောက်ဖုန်း စစ်သေနာပတိချုပ်ကို ဂါရဝပြုပါတယ်။ " ကျောက်ဖုန်းက ဝင်လာပြီး ဦးညွှတ်လိုက်သည်။
" မတ်တပ်ရပ်မနေနဲ့ ထိုင်ပါ။ " ဝမ်ကျန့်က ခေါင်းမော့ကြည့်ပြီး ပြုံး၍ ပြောလိုက်သည်။
" ကျေးဇူးတင်ပါတယ် စစ်သေနာပတိချုပ်။ " ကျောက်ဖုန်းက ဘေးထိုင်ခုံတွင် ဝင်ထိုင်လိုက်သည်။
ဝမ်ကျန့်က ဝါးစာချပ်များကို ချပြီး ကျောက်ဖုန်းကို ကြည့်လိုက်သည်။ " ငါ့အထင် မင်းက အသက် ၁၅နှစ်ပဲ ရှိသေးတာမဟုတ်လား။ "
" စစ်သေနာပတိချုပ် ကျွန်တော် အခု ၁၆နှစ် ပြည့်ပါပြီ။ " ကျောက်ဖုန်းက ပြန်ဖြေလိုက်သည်။
" အင်း " ဝမ်ကျန့်က ပြုံးလိုက်သည်။ " အသက် ၁၆နှစ်နဲ့ ဟန်မြို့တော်ကို ချိုးဖျက်ပြီး ဟန်ဘုရင်ကို ဖမ်းဆီးနိုင်ခဲ့တဲ့ စစ်တပ်ထဲက သူရဲကောင်းတစ်ယောက်ပေါ့။ မင်းကတော့ တကယ်ထူးခြားတဲ့ လူတစ်ယောက်ပဲ။ "
သူက ကျောက်ဖုန်းကို အလွန်ကျေနပ်စွာ ကြည့်နေသည်။ သူ၏ စစ်တပ်ထဲတွင် ထိုကဲ့သို့ သူရဲကောင်းတစ်ယောက်ရှိနေခြင်းက သူ့အတွက် ဂုဏ်ယူစရာပင်ဖြစ်သည်။
" စစ်သေနာပတိချုပ်က ကျွန်တော်ကို မြှောက်ပင့်လွန်းနေပါပြီ။ ကျွန်တော်ကံကောင်းသွားလို့ပါ။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။
" ကံကောင်းမှုဆိုတာ မင်းရဲ့ ကံကောင်းမှုတစ်ခုပဲ။ " ဝမ်ကျန့်က လေးနက်စွာ ပြောလိုက်သည်။ " ပြီးတော့ မင်းရဲ့ ခွန်အားက မင်းရဲ့ ကံကောင်းမှုထက်တောင် ပိုကြီးသေးတယ်။ "
" စစ်သေနာပတိချုပ်နဲ့ ယှဉ်ရင်တော့ ကျွန်တော် အများကြီးလိုပါသေးတယ်။ " ကျောက်ဖုန်းက နှိမ့်ချစွာ ပြောလိုက်သည်။
" မင်းကတော့..." ဝမ်ကျန့်က သဘောကျစွာ ပြောလိုက်သည်။ " မင်း လေ့ကျင့်ရေးစခန်းတုန်းက မင်းရဲ့ စွမ်းရည်တွေကို ဖုံးကွယ်ခဲ့တာမဟုတ်လား။ "
" စွမ်းရည်တွေကို ဖုံးကွယ်တာထက် စိတ်မပါခဲ့တာလို့ပဲ ပြောရပါမယ်။ " ကျောက်ဖုန်းက လိမ္မာပါးနပ်စွာ ပြောလိုက်သည်။
အမှန်တကယ်တော့ သူက လေ့ကျင့်ရေးစခန်းတွင် သူ့ကိုသူ ကာကွယ်ရန်အတွက် ခွန်အားတစ်ဝက်ကိုသာ အသုံးပြုခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့်ပင် သူက ထောက်ပို့တပ်ဖွဲ့တွင် စွမ်းရည်များကို အေးအေးဆေးဆေး စုတောင်းနိုင်ခဲ့ခြင်းဖြစ်သည်။
အကယ်၍ သူသာ အစကတည်းက ရှေ့တန်းသို့ ရောက်သွားခဲ့လျှင် အသက်ရှင်ရန် ခက်ခဲပေလိမ့်မည်။ စစ်မြေပြင်က အလွန်ပင် ရက်စက်လွန်းလှသည်။ ကျောက်ဖုန်း၏ စကားကို ကြားသောအခါ ဝမ်ကျန့်က ပြုံးလိုက်သည်။
" ငါမင်းရဲ့ စွမ်းဆောင်မှုတွေကို အရှင်မင်းကြီးဆီ တင်ပြပြီးထားပြီ။ " ဝမ်ကျန့်က ပြုံး၍ ပြောလိုက်သည်။ " နောက်ရက်အနည်းငယ်အတွင်း ဆုလာဘ်တွေ ရောက်လာလိမ့်မယ်။ "
" ကျေးဇူးတင်ပါတယ် စစ်သေနာပတိချုပ်။ " ကျောက်ဖုန်းက ချက်ချင်း ပြန်ပြောလိုက်သော်လည်း တည်ငြိမ်စွာ ရှိနေသည်။
" မင်း ဘယ်လိုဆုလာဘ်မျိုးရမလဲဆိုတာ မသိချင်ဘူးလား။ စိတ်မလှုပ်ရှားဘူးလား။ " ဝမ်ကျန့်က ကျောက်ဖုန်း၏ အမူအရာကို မြင်သောအခါ အနည်းငယ် အံ့ဩသွားသည်။
" ချင်နိုင်ငံရဲ့ စစ်တပ်စွမ်းဆောင်မှုစနစ်က တင်းကျပ်ပါတယ်။ စည်းမျဉ်းတွေအတိုင်းပဲ ချီးမြှင့်မှာပါ။ ကျွန်တော် ဘယ်လောက်ပဲ မျှော်လင့်နေပါစေ အဲ့ဒီစနစ်အတိုင်း ကျွန်တော်စွမ်းဆောင်သလောက်ပဲ ရမှာပဲ။ " ကျောက်ဖုန်းက တည်ငြိမ်စွာ ပြောလိုက်သည်။
" ဒီလိုတည်ငြိမ်တဲ့ စိတ်ဓာတ်မျိုးရှိတာ မင်းမှာ စစ်သေနာပတိချုပ်တစ်ယောက် ဖြစ်လာမယ့် အရည်အချင်းတွေ ရှိနေတာပဲ။ " ဝမ်ကျန့်က ချီးကျူးလိုက်သည်။
" ဒီစစ်ပွဲမှာ မင်းရဲ့ စွမ်းဆောင်မှုနဲ့ဆိုရင် မင်း လက်ထောက်စစ်သူကြီးအဖြစ် ရာထူးတိုးသွားလိမ့်မယ်။ ဘွဲ့ထူးကတော့ အနည်းဆုံး သုံးဆင့်လောက် မြင့်တက်သွားလိမ့်မယ်။ စစ်မှုထမ်းသက်တစ်နှစ်မပြည့်ခင်မှာ ဒီလိုရာထူးမျိုးရတာဟာ ချင်စစ်တပ်တစ်ခုလုံးမှာ မင်းက ပထမဆုံးပဲ။ "
" စစ်ပွဲပြီးပြီဆိုတော့ ကျွန်တော်တို့က ပင်မစခန်းကို ပြန်ရမှာလား။ ဒါမှမဟုတ် ဒီဟန်နယ်မြေကို စောင့်ကြပ်ဖို့ နေခဲ့ရမှာလား။ " ကျောက်ဖုန်းက သိလိုစိတ်နှင့် ပြောလိုက်သည်။
" မင်းက လီထန်ရဲ့ လက်အောက်က လက်ထောက်စစ်သူကြီးဆိုတော့ ဒီနယ်မြေကို စောင့်ကြပ်ဖို့ သူ့ကို ကူညီရလိမ့်မယ်။ " ဝမ်ကျန့်က ပြုံး၍ ပြောလိုက်သည်။
" ပင်မစစ်တပ်ကြီးကတော့ ပင်မစခန်းကို ပြန်ရမှာပဲ။ "
" နားလည်ပါပြီ။ " ကျောက်ဖုန်းက ခေါင်းညိမ့်လိုက်သည်။
ဟန်နယ်မြေတွင် နေခြင်းမှာ သူအလိုချင်ဆုံး အရာပင်ဖြစ်သည်။ သူ၏ ကိုယ်ပိုင်အခြေခံအုတ်မြစ်ကို တည်ဆောက်ရန် အခွင့်အရေး ရောက်ရှိလာပြီဖြစ်သည်။ အသစ်သိမ်းပိုက်ထားသော ဟန်နယ်မြေက ရှုပ်ထွေးနေဆဲ ဖြစ်သောကြောင့် ၎င်းက သူ့အတွက် အကောင်းဆုံး အခွင့်အရေးဖြစ်သည်။
" ဒီတစ်ခါ ငါတို့ အောင်မြင်တာက မင်း ဟန်ဘုရင်ကို ဖမ်းမိခဲ့လို့လည်း ပါတာပေါ့။ တကယ်လို့ သူသာ လွတ်သွားရင် ငါ အရှင်မင်းကြီးကို မျက်နှာပြဝံ့မှာမဟုတ်ဘူး။ " ဝမ်ကျန့်က ပြုံး၍ ပြောလိုက်သည်။
" ဒါက ကျွန်တော်ရဲ့ တာဝန်ပါ။ စစ်သေနာပတိချုပ်က ကျွန်တော်ကို ချီးကျူးလွန်းနေပါပြီ။ " ကျောက်ဖုန်းက ချက်ချင်း ပြန်ပြောလိုက်သည်။
" နန်းတွင်းက ကိုယ်စားလှယ်ရောက်လာတာနဲ့ ငါလည်း ရှန်းယန်ကို ပြန်ရတော့မယ်။ စစ်ပွဲတွေက ခဏတော့ ရှိတော့မှာမဟုတ်ဘူး။ " ဝမ်ကျန့်က သက်ပြင်းချလိုက်သည်။
" စစ်ပွဲတွေက ခဏတော့ မရှိနိုင်ပေမယ့် ရှန်းကျိုးမြေပေါ်မှာ နိုင်ငံငါးခု ကျန်ပါသေးတယ်။ " ကျောက်ဖုန်းက ပြန်ပြောလိုက်သည်။
" မှန်တယ်။ နိုင်ငံငါးခု ကျန်နေသေးတယ်။ အရှင်မင်းကြီးရဲ့ ကြီးမားတဲ့ စွမ်းဆောင်မှုနဲ့ဆိုရင် နောက်ထပ်ဆယ်နှစ်အတွင်း တစ်ကမ္ဘာလုံးကို ပေါင်းစည်းနိုင်လိမ့်မယ်လို့ မျှော်လင့်ရတာပဲ။ " ဝမ်ကျန့်က ခေါင်းညိမ့်ပြီး ပြောလိုက်သည်။
ထိုအချိန်တွငိ ကျောက်ဖုန်းက ခဏ တုန့်ဆိုင်းသွားပြီး ထိုင်ခုံမှ ဖြည်းညင်းစွာ ထရပ်လိုက်ပြီး ဝမ်ကျန့်ကို လေးနက်စွာ ဦးညွှတ်လိုက်သည်။
" စစ်သေနာပတိချုပ် အမှန်တော့ ကျွန်တော်မှာ တောင်းဆိုစရာရှိပါတယ်။ ဒါက ရိုင်းပျသလို ဖြစ်နိုင်သလို စော်ကားရာလည်း ရောက်နိုင်ပါတယ်။ ဒါပေမယ့် ယောကျာ်းတစ်ယောက်အနေနဲ့ ဒါက ကျ့်န်တော်ပြောကို ပြေရမယ့်အရာပဲ။ "
ကျောက်ဖုန်း၏ စကားကို ကြားသောအခါ ဝမ်ကျန့်၏ မျက်နှာတွင် ထူးဆန်းသော အမူအရာ ပေါ်လာသည်။ အကြောင်းမှာ ကျောက်ဖုန်း၏ စကားက ယခုအချိန်နှင့် လုံးဝမကိုက်ညီဟုထင်ရသောကြောင့် ဖြစ်သည်။
" မင်းမှာ ပြောစရာရှိရင် ပွင့်ပွင့်လင်းလင်း ပြောပါ။ " ဝမ်ကျန့်က ပြုံး၍ ပြောလိုက်သည်။
" စစ်သေနာပတိချုပ်ရဲ့ သမီးဝမ်ယန်နဲ့ ကျွန်တော်တို့က တစ်ယောက်ကို တစ်ယောက် ချစ်နေကြပါပြီ။ ကျွန်တော်တို့ကို ခွင့်ပြုပေးဖို့ တောင်းဆိုပါတယ်။ " ကျောက်ဖုန်းက ရိုးသားစွာ ပြောလိုက်သည်။
ထိုစကားကို ကြားသောအခါ ဝမ်ကျန့်၏ မျက်နှာမှ အပြုံးက ချက်ချင်း ပျောက်ကွယ်သွားပြီး မျက်နှာက ဒေါသကြောင့် နီရဲသွားသည်။
" မင်းဘာပြောတယ်။ " ဝမ်ကျန့်၏ အသံက အေးစက်သွားပြီး ကျောက်ဖုန်းကို စိုက်ကြည့်လိုက်သည်။
" ကျွန်တော်နဲ့ ဝမ်ယန်တို့က တစ်ယောက်ကိုတစ်ယောက် ချစ်နေကြပါပြီ။ ကျွန်တော်တို့ကို သဘောတူပေးဖို့ တောင်းဆိုပါတယ်။ " ကျောက်ဖုန်းက ထပ်ပြောလိုက်သည်။
ဝမ်ကျန့်က ကျောက်ဖုန်းကို အချိန်အတော်ကြာ စိုက်ကြည်နေသည်။ ကျောက်ဖုန်း၏ အကြည့်များမှာ တုန်လှုပ်ခြင်းမရှိဘဲ ကြောက်ရွံ့သည့်အရိပ်အယောင် လုံးဝမရှိပေ။