အခန်း (၆၉)
Vol. 7 Ch. 69
" မင်း ယန်အာကို သတိာ ဘယ်လောက်ကြာပြီမလိုလဲ။ ဘယ်လိုလုပ်ပြီးချစ်နေကြတာလဲ။ " အချိန်အတော်ကြာမှ ဝမ်ကျန့်က စကားစပြောလာသည်။
" တွေ့တွေ့ချင်း ချစ်မိသွားတာပါ။ " ကျောက်ဖုန်းက ပြန်ဖြေလိုက်သည်။
" မင်း ယန်အာရဲ့ အသက်ကို ကယ်ခဲ့တာ ငါသိပါတယ်။ အဲ့ဒီကနေ သံယောဇဉ်မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဝမ်မိသားစုရဲ့ အရှုပ်အထွေးတွေကို မင်းနားမလည်သေးဘူး။ ယန်အာ အရွယ်ရောက်လာကတည်းက သူမမှာ ကိုယ်ပိုင်ရွေးချယ်ခွင့် တစ်ခါမှမရှိခဲ့ဘူးဆိုတာ မင်းမသိသေးဘူး။ "
" သူမအဖေဖြစ်တဲ့ ငါတောင် သူမအတွက် ရွေးချယ်ပေးနိုင်တဲ့ အာဏာမရှိဘူး။ " ဝမ်ကျန့်က ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။အမှန်တော့ သူက ကျောက်ဖုန်းအပေါ် ဒေါသထွက်ခြင်းမရှိပေ။ ဒေါသထွက်စရာလည်း အကြောင်းမရှိပေ။
" ဟန်နိုင်ငံကို အနိုင်ရခဲ့လို့ရမယ့် ဆုလာဘ်တွေအားလုံးကို စွန့်လွှတ်နိုင်ပါတယ်။ ကျွန်တော်နဲ့ ဝမ်ယန်တို့ရဲ့ အချစ်ကို သဘောတူပေးဖို့ တောင်းဆိုပါတယ်။ " ကျောက်ဖုန်းက လေးနက်စွာဖြင့် ဦးညွှတ်လိုက်သည်။
ကျောက်ဖုန်း၏ ပြတ်သားသော အမူအရာကို မြင်သောအခါ ဝမ်ကျန့်က ခေါင်းခါလိုက်သည်။ " ကျောက်ဖုန်း.... ငါပြောတာကို မင်းနားမလည်သေးဘူးထင်တယ်။ "
" စစ်သေနာပတိချုပ်ဆိုလိုတာကို ကျွန်တော်နားလည်ပါတယ်။ နန်းတွင်းမှာ ဝမ်ယန်ကို မင်းသားဖုစုနဲ့ လက်ထပ်ပေးမယ့်ကိစ္စကိုလည်း ကျွန်တော်သိထားပါတယ်။ အရှင်မင်းကြီးကိုယ်တိုင်ကလည်း အဲ့ဒီဘက်ကို စိတ်ညွှတ်နေတယ်ဆိုတာ ယန်အာ ကျွန်တော်ကို အကုန်ပြောထားပါတယ်။ " ကျောက်ဖုန်းက ဖြည်းညင်းစွာ ပြောလိုက်သည်။
" မင်းသိရက်နဲ့ ဘာလို့ဒီလိုပြောရဲသေးတာလဲ။ " ဝမ်ကျန့်က သူ့ကို ကြည့်ပြီး လေးနက်စွာ ပြောလိုက်သည်။
" ငါက စစ်သေနာပတိချုပ်ဆိုပေမယ့် ငါ့မှာရှိတာအားလုံးက အရှင်မင်းကြီး ပေးထားတာပဲ။ အရှင်မင်းကြီးသာ အမိန့်ထုတ်လိုက်ရင် ဘယ်သူက ငြင်းဆန်ရဲမှာလဲ။ ဝမ်မိသားစုအတွက် ငါက အမိန့်ကို နာခံရမယ်။ အမိန့်တော်ကို ဆန့်ကျင်ရင် ဆွေခုနှစ်ဆက်မျိုးခုနှစ်ဆက် သတ်ခံရလိမ့်မယ်။ "
" အရှင်မင်းကြီးက တကယ်ပဲ အတင်းအကျပ် လက်ထပ်ပေးဖို့ ဆုံးဖြတ်လိုက်ပြီလား။ " ကျောက်ဖုန်းက မျက်မှောင်ကြုတ်ပြီးမေးလိုက်သည်။
" ကျောက်ဖုန်း မင်းက သတ္တိရှိပေမယ့် နန်းတွင်းရဲ့ နိုင်ငံရေးအခြေအနေတွေကို မမြင်နိုင်သေးဘူး။ အရှင်မင်းကြီးက ဒီလက်ထပ်ပွဲကို စီစဉ်ချင်နေတယ်ဆိုတဲ့ သတင်းက ပျံ့နေပြီ။ အဲ့ဒါဘာကိုဆိုလိုတာလည်း မင်းနားလည်လား။ " ဝမ်ကျန့်က ကျောက်ဖုန်းကို စိုက်ကြည့်ပြီး မေးလိုက်သည်။
" ဒါက အရှင်မင်းကြီးကိုယ်တိုင် တမင်ထုတ်လွှင့်ထားတဲ့ သတင်းတွေပေါ့။ " ကျောက်ဖုန်းက ချက်ချင်း နားလည်သွားပြီး ချက်ချင်း ပြောလိုက်သည်။
" မင်းနားလည်ရင် ကောင်းတာပေါ့။ " ဝမ်ကျန့်က ခေါင်းညိမ့်လိုက်သည်။ သူ၏ လေးနက်သော မျက်နှာတွင် ကူကယ်ရာမဲ့သော အရိပ်အယောင်များ ပေါ်လာသည်။
" ငါသာ လုပ်နိုင်မယ်ဆိုရင် အဖေတစ်ယောက်အနေနဲ့ ယန်အာကို စိတ်ကြိုက် ရွေးချယ်ခွင့်ပေးမှာပဲ။ ဒါပေမယ့် ဘုရင်အာဏာအောက်မှာ ငါ့လုပ်ပေးပိုင်ခွင့်မရှိဘူး။ မင်းသားနဲ့ လက်ထပ်ရတာ ဂုဏ်ယူစရာလို့ ထင်ရပေမယ့် တကယ်တော့ ဒါက ဝမ်မိသားစုကို ထိန်းချုပ်ဖို့ အရှင်မင်းကြီး သုံးတဲ့ နည်းလမ်းပဲ။ ငါ့မှာ တခြားရွေးချယ်စရာမရှိဘူး။ "
" ဘုရင့်အာဏာ...ဘုရင့်အာဏာပေါ့။ " ကျောက်ဖုန်းက ရေရွတ်လိုက်သော်လည်း သူ၏ မျက်နှာတွင် ကြောက်ရွံ့မှုမရှိပေ။
" စစ်သေနာပတိချုပ် ကျွန်တော်နဲ့ ယန်အာတို့က လွန်ပြီးသွားကြပြီ။ ဘုရင့်အာဏာကို ဆန့်ကျင်ရမယ်ဆိုရင်တောင် ကျွန်တော် သူမကို လုံးဝ လက်လွှတ်မှာ မဟုတ်ဘူး။ "
ဝမ်ကျန့်က ချက်ချင်း ထရပ်ပြီး မျက်မှောင်ကြုတ်သွားသည်။ စစ်သူကြီးတစ်ယောက်၏ ပြင်းထန်သော ဖိအားက ကျောက်ဖုန်းအပေါ်သို့ ကျရောက်လာသည်။ သို့သော် ကျောက်ဖုန်းက လုံးဝ ကြောက်ရွံ့ခြင်းမရှိဘဲ တည်ငြိမ်စွာပင် ပြန်လည်စိုက်ကြည့်နေသည်။
" တကယ်လို့ အဲ့ဒီအခြေအနေထိ ရောက်လာရင် မင်္ဂလာဆောင်ကို ဖျက်ဆီးပြီး သူမကို ငါပြန်လုယူမယ်။ ငါ့ရဲ့ စွမ်းအားနဲ့ဆိုရင် သူမကို ခေါ်ပြီး ချင်နိုင်ငံကနေ ထွက်ပြေးလို့ရတာပဲ။ "
" ရွှပ် " ဝမ်ကျန့်က ခါးမှ ဓားကို ဆွဲထုတ်ပြီး ဓားဦးက ကျောက်ဖုန်ကို တိုက်ရိုက်ချိန်ရွယ်လိုက်သည်။
" မင်း အခုပြောလိုက်တဲ့ စကားတွေအတွက် ငါမင်းကို သတ်လို့ရတယ်ဆိုတာ မင်းသိလား။ " ဝမ်ကျန့်က အေစစက်စွာ ပြောလိုက်သည်။
" စစ်သေနာပတ်ချုပ်က ကျွန်တော်ကို သတ်ချင်ရင် သတ်လိုက်ပါ။ " ကျောက်ဖုန်းက တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။
" ဘုရင်အာဏာကို ဆန့်ကျင်တာက ခွင့်မလွှတ်နိုင်တဲ့ ရာဇဝတ်မှုပဲ။ ချင်စစ်တပ်ရဲ့ တပ်မှူးတစ်ယောက်အနေနဲ့ မင်းက ဘယ်လိုတောင် ဒီလိုစကားမျိုး ပြောရဲတာလဲ။ "
" ယန်အာအတွက်ဆို ဒါက ထိုက်တန်ပါတယ်။ " ကျောက်ဖုန်းက ကြောက်ရွံ့ခြင်းမရှိဘဲ ပြတ်သားစွာ ပြောလိုက်သည်။
အချိန်အတော်ကြာပြီးနောက် ကျောက်ဖုန်းကို ချိန်ရွယ်ထားသော ဓားက တဖြည်းဖြည်း နိမ့်ဆင်းသွားသည်။
" မင်းက ယန်အာရဲ့ အသက်ကို ကယ်ခဲ့တဲ့သူပဲ။ ငါသာ မင်းကို သတ်လိုက်ရင် ပြင်ပလူတွေက ဝမ်မိသားစုကို ဘယ်လိုမြင်ကြမလဲ။ မင်းပြောခဲ့တဲ့စကားတွေကို ငါမကြားခဲ့ဘူးလို့ပဲ သဘောထားလိုက်မယ်။ " ဝမ်ကျန့်က ဖြည်းညင်းစွာ ပြောလိုက်သည်။ ကျောက်ဖုန်းက သူသမီး၏ အသက်သခင်ကျေးဇူးရှင်ဖြစ်သကဲ့သို့ စစ်တပ်၏ သူရဲကောင်းတစ်ယောက်ဖြစ်သည်။
" ငါပြောပြီးပြီ။ " ဝမ်ကျန့်က ခေါင်းခါပြီး ပြောလိုက်သည်။ " ယန်အာသာ သာမန်မိန်းကလေးတစ်ယောက်ဆိုရင် ငါသဘောတူမှာပါ။ ဒါပေမယ့် သူမက စစ်သူကြီးမျိုးရိုးဖြစ်တဲ့ ဝမ်မိသားစုမှာ မွေးဖွားလာတဲ့အတွက် သူမကံကြမ္မာကို သူမကိုယ်တိုင် ဆုံးဖြတ်ပိုင်ခွင့်မရှိဘူး။ "
" တကယ်လို့ အဲ့လိုသာ ဖြစ်ခဲ့ရင် လက်ထပ်ပွဲမှာ ကျွန်တော်သူမကို ပြန်လုယူမယ်။ ယန်အာ တခြားယောကျာ်းတစ်ယောက်နဲ့ လက်ထပ်သွားတာကို ကျွန်တော် ထိုင်မကြည့်နေနိုင်ဘူး။ " ကျောက်ဖုန်းက အေးစက်စွာ ပြောလိုက်သည်။
၎င်းကို ကြားသောအခါ ဝမ်ကျန့်က လှောင်ပြုံးပြုံးပြီး ခေါင်းခါလိုက်သည်။ " လက်ထပ်ပွဲကနေ လုယူမယ်ဟုတ်လား။ မင်းကိုမင်း အထင်ကြီးလွန်းနေပြီ။ မြို့တော်မှာ ကိုယ်ရံတော်သုံးသောင်းရှိတာ မင်းဘယ်လိုလုပ် လုပ်နိုင်မှာလဲ။ "
" တော်ပြီ။ မင်းရဲ့ အဓိပ္ပါယ်မရှိတဲ့ စကားတွေကို ငါဆက်မကြားချင်တော့ဘူး။ ဒီနေ့ မင်းပြောခဲ့တဲ့ စကားတွေကို မကြားခဲ့ဘူးလို့ပဲ မှတ်ယူလိုက်မယ်။ ထွက်သွားတော့။ "
ကျောက်ဖုန်းက ဝမ်ကျန့်ကို တစ်ချက်ကြည့်ပြီး ဘာမှမပြောတော့ဘဲ လှည့်ထွက်သွားတော့သည်။ သူက ယောကျာ်းတစ်ယောက်အနေဖြင့် သူပြောသင့်ပြောထိုက်တာကို အကုန်ပြောခဲ့ပြီးဖြစ်ပြီး ပြောသည့်စကားစကားတိုင်းကိုလည်း အလေးအနက်ထားခဲ့သည်။
" ဒီစစ်ပွဲပြီးတာနဲ့ ငါလွတ်လပ်ပြီ။ ငါ့အပေါ်မှာ လုံးဝသစ္စာရှိမယ့် ကိုယ်ပိုင်အင်အားစုတစ်ခုကို အမြန်ဆုံးတည်ဆောက်ရမယ်။ "
ယခုအချိန်တွင် ကျောက်ဖုန်းက သူတစ်ယောက်တည်းအပေါ်တွင် သစ္စာစောင့်သိမည့် အင်အားစုတစ်ခု တည်ထောင်ရန် ယခင်ကထက်ပို၍ စိတ်ပိုင်းဖြတ်ထားသည်။
သူက လူပေါင်းထောင်ချီကို ယှဉ်တိုက်နိုင်ပြီး ရန်သူစစ်သူကြီးများကို ခေါင်းဖြတ်နိုင်သော ခွန်အားရှိသော်လည်း နောက်ဆုံးတွင် သူက လူတစ်ယောက်တည်းသာဖြစ်သည်။ သူ့တွင် ဘုရင်အာဏာကို မကြောက်ဘဲ သစ္စာစောင့်သိမည့် ကိုယ်ပိုင်အသေခံစစ်သည်များကို လိုအပ်နေသည်။
ကျောက်ဖုန်းက အပြင်သို့ ထွက်ခါနီးအချိန်တွင် အတော်ကြာတိတ်ဆိတ်နေသော ဝမ်ကျန့်က စကားပြောလာသည်။
" အရှင်မင်းကြီးရဲ့ စိတ်ပြောင်းသွားအောင် ငါအစွမ်းကုန်ကြိုးစားကြည့်မယ်။ ဒါပေမယ့် အရှင်မင်းကြီး သဘောမတူရင်တော့ ငါလည်း ဘာမှမတတ်နိုင်ဘူး။ ဘုရင်အမိန့်ကိုတော့ ဆန့်ကျင်လို့မရဘူး။ "
" အရှင်မင်းကြီးအနေန့ မင်းရဲ့ အရည်အချင်းနဲ့ ငါ့ရဲ့ နှစ်ပေါင်းများစွာ နိုင်ငံအပေါ် ထားရှိတဲ့ ကျေးဇူးတရားတွေကို ထောက်ထားပြီး မင်းကို ယန်အာနဲ့ ပေါင်းဖက်ခွင့်ပေးဖို့ မျှော်လင့်ရတာပဲ။ "
၎င်းကို ကြားသောအခါ ထွက်ပေါ်သို့ ရောက်နေပြီဖြစ်သော ကျောက်ဖုန်းက ခဏရပ်တန့်သွားပြီး မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာသည်။
" တကာ်လို့ စစ်သေနာပတိချုပ်က သူမအတွက် ဒီလောက်ထိလုပ်ပေးနေတယ်ဆိုတာ ယန်အာသာ သိရင် သိပ်ဝမ်းသာသွားမှာပဲ။ " ကျောက်ဖုန်းက ပြုံး၍ လှည့်ကြည့်ပြီး ပြောလိုက်သည်။ " သူမ တစ်ခါပြောဖူးတယ်။ စစ်သေနာပတိချုပ်က သူမအတွက်နဲ့ ဘုရင်အာဏာကို ဆန့်ကျင်မှာ မဟုတ်ဘူးတဲ့။ "
" မင်းသားက ဂုဏ်ရှိပေမယ့် အဲ့ဒါက ယန်အာအလိုရှိတဲ့အရာမဟုတ်ဘူး။ ဝမ်ကျန့်က ဝန်ထုပ်ဝန်ပိုးတစ်ခု ကျသွားသကဲ့သို့ ပြုံး၍ ပြောလိုက်သည်။ " ဒါကို အဖေတစ်ယောက်အနေနဲ့ ငါ့သမီးအတွက် လုပ်ကေးနိုင်နဲ့ အလောင်းအစားတစ်ခုလို့ပဲ သဘောထားလိုက်ပါ။ "
" ကျေးဇူးတင်ပါတယ် ဦးလေးဝမ်။ " ကျောက်ဖုန်းက ဘာမှထပ်မပြောဘဲ ဝမ်ကျန့်ကို အလေးအနက် ဦးညွှတ်လိုက်သည်။ ထိုကဲ့သို့ ခေါ်ဆိုလိုက်ခြင်းက ကျောက်ဖုန်းနှင့် ဝမ်ကျန့်တို့ကြား ပို၍ ရင်းနှီးသွားစေသည်။
" ပြီးတော့ နောက်တစ်ခု..." ဝမ်ကျန့်က ကျောက်ဖုန်းကို လေးနက်စွာ သတ်ပေးလိုက်သည်။ " မင်းခုနကပြောခဲ့တဲ့ ပုန်ကန်တဲ့ စကားမျိုးတွေကို နောက်တစ်ခါ ထပ်မပြောမိစေနဲ့။ ချင်နိုင်ငံနဲ့ အရှင်မင်းကြီးကို ဘယ်တော့မှ ဆန့်ကျင်လို့မရဘူး။ "
ကျောက်ဖုန်းက ခေါင်းတစ်ချက်ညိမ့်လိုက်သည်။ ထို့နောက် သူ၏ ပုံရိပ်က ရုတ်တရက် လှုပ်ရှားသွားသည်။ ခဏအတွင်း ဝမ်ကျန့်ကို လုံးဝ အံ့အားသင့်သွားစေသည်မှာ ကျောက်ဖုန်းက သူ၏ ရှေ့သို့ ရောက်နေပြီဖြစ်သည်။
" မင်း... ဒါကို မင်းဘယ်လိုလုပ်လိုက်တာလဲ။ " ဝမ်ကျန့်က တုန်လှုပ်သွားပြီး မေးလိုက်သည်။ မျက်စိတစ်မှိတ်အတွင်း ကျောက်ဖုန်းက ပေတစ်ရာနီးပါးအကွာအဝေးကို ဖြတ်ကျော်ပြီး သူ့ရှေ့သို့ ရောက်လာခြင်းဖြစ်သည်။
" ဦးလေးဝမ်...." ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။ " ခုနက ဦးလေးဝမ်ပြောတာက ကျွန်တော် သူမကို အတင်းအကျပ် လုယူဖို့ ကြိုးစားတာ ကိုယ့်ကိုကိုယ် သေကြောင်းကြံတာနဲ့ အတူတူပဲလို့ ပြောခဲ့တယ်။ ဒါပေမယ့် အခု ကျွန်တော်ပြောနိုင်တာကတော့ ဒါက ကျွန်တော်ရဲ့ တကယ်စွမ်းအားပဲ။ သူမကို လုယူပြီး လူသောင်းချီတဲ့ စစ်တပ်နဲ့ ရင်ဆိုင်ရရင်တောင် ကျွန်တော် ဘာဒဏ်ရာမှမရဘဲ ထွက်သွားနိုင်တယ်။ "
ထို့နောက် သူက ဘာမှမပြောဘဲ လှည့်ထွက်သွားပြီး ဝမ်ကျန့်၏ အံ့ဩနေသော အကြည့်အောက်တွင် စခန်းအပြင်ဘက်သို့ လျှောက်သွားခဲ့သည်။ သူထွက်သွားပြီးနောက် ဝမ်ကျန့်က အသိပြန်ဝင်လာသည်။
" သူက ဒါကို ဘယ်လိုများလုပ်လိုက်တာလဲ။ သူက တစ္ဆေများလား။ "