← Chapters

အခန်း (၇၀)

Vol. 7 Ch. 70

အခန်း (၇၀)

Vol. 7 Ch. 70

" ဒီကောင်လေး တကယ်ပြောနေတာပဲ။ တကယ်လို့ ယန်အာသာ မင်းသားနဲ့ စေ့စပ်လိုက် သူ တကယ်ပဲ လက်ထပ်ပွဲကို ဖျက်ဆီးဖို့ ကြိုးစားလိမ့်မယ်။ ပြီးတော့ သူ့ရဲ့ ကြောက်စရာကောင်းတဲ့ အမြန်နှုန်းနဲ့ဆိုရင် တကယ်လို့ သူသာ လုပ်ကြံဖို့ ကြိုးစားခဲ့ရင်.... ငါတို့ ချင်နိုင်ငံအတွက်တော့..."

" ယန်အာအတွက်ရော ချင်နိုင်ငံအတွက်ပါ ငါ့ရဲ့ မာနကို ဘေးဖယ်ပြီး အရှင်မင်းကြီးဆီ အသနားခံရတော့မယ်ထင်တယ်။ " ဝမ်ကျန့်က ကျောက်ဖုန်း၏ အမူအရာကို ပြန်တွေးမိပြီး ရေရွတ်လိုက်သည်။

ကျောက်ဖုန်းက စခန်းအပြင်ဘက်သို့ ပြန်လာပြီးနောက် ပြုံးလိုက်သည်။

" ငါ့ရဲ့ ဆန္ဒပြည့်ဝပါစေလို့ ဆုတောင်းရမှာပဲ။ မဟုတ်ရင် သူမကို တကယ်လုယူရလိမ့်မယ်။ ဖုစု မင်းဘယ်သူပဲ ဖြစ်ဖြစ် ငါဂရုမစိုက်ဘူး။ ငါ့မိန်းမကို လာလုရင်တော့ မင်းသွားရမယ့်လမ်းက တစ်လမ်းပဲရှိတယ်။ "

" အရေးကြီးဆုံးက ငါ့ရဲ့ ကိုယ်ပိုင်အင်အားစုကို တည်ထောင်ဖို့ပဲ။ " ကျောက်ဖုန်းက ဆုံးဖြတ်လိုက်သည်။

" ဘယ်လိုလဲ။ အဆင်ပြေလား။ အရှင်မင်းကြီးက ဘာဆုတွေပေးလိုက်လဲ။ " ဝေချွမ်က စိတ်အားထက်သန်စွာ မေးလိုက်သည်။

" ရှန်းယန်က ဘေးနားက အိမ်ထင်နေတာလား။ ဒီဆုလာဘ်အမိန့်က အရေးပေါ်သတင်းလို့ လာမှာမဟုတ်ဘူး။ စစ်သေနာပတိချုပ်ပြောတာကတော့ အနည်းဆုံး တစ်ရက်နှစ်ရက်တော့ ကြာဦးမယ်။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

" ဒါပေမယ့် စစ်သေနာပတိချုပ်ပြောတာကတော့ ငါ့ရဲ့ စွမ်းဆောင်မှုတွေအရ ငါက စစ်သည်ငါးသောင်းကို ကွပ်ကဲရမယ့် လက်ထောက်စစ်သူကြီးဖြစ်လာမယ်လို့ ပြောတယ်။ "

" လက်ထောက်စစ်သူကြီး..." ဝေချွမ်၏ မျက်လုံးများက တောက်ပသွားသည်။ " မကြာခင် ငါတို့ တပ်မမှူးကို စစ်သူကြီးလို့ ခေါ်ရတော့မယ်။ "

" ဘာမှမပြောနဲ့။ ငါမင်းနဲ့ပဲလိုက်မှာနော်။ မင်းရာထူးတိုးရင် ငါ့ကိုတော့ မထားခဲ့နဲ့ဦး။ " ဝေချွမ်က ပြတ်သားစွာ ပြောလိုက်သည်။

" ကျွန်တော်တို့လည်း တပ်မမှူးနောက်ကို လိုက်ချင်ပါတယ်။ " ၎င်းကိုကြားသောအခါ ကျန်းဟန်နှင့် အခြားသူများကလည်း ကျောက်ဖုန်းကို ကြည့်ပြီး ပြောလိုက်ကြသည်။

အနီးမှ စစ်သားများကလည်း ဝိုင်းအုံလာကြသည်။ သူတို့အားလုံးကလည်း တူညီသော ဆန္ဒများနှင့် ကျောက်ဖုန်းကို ကြည့်နေကြပြီး သူ၏ နောက်သို့ လိုက်လိုကြသည်မှာ ထင်ရှားသည်။

ထိုကဲ့သို့ စစ်မှန်သော ယုံကြည်မှုကို ခံစားရသောအခါ ​ကျောက်ဖုန်းက စိတ်လှုပ်ရှားသွားရသည်။ " ငါ့ရဲ့ ညီအကိုဟောင်းတွေအားလုံးကို ဆက်ပြီး ဦးဆောင်နိုင်အောင် ငါအစွမ်းကုန်ကြိုးစားမှာပါ။ "

" ဟေး..." ပတ်ဝန်းကျင်မှ စစ်သားများက ဝအ်သာအားရဖြင့် အော်ဟစ်လိုက်ကြသည်။

ထိုသို့ဖြင့် ကျောက်ဖုန်းက သူ၏ လက်အောက်ငယ်သားများ၏ နှလုံးသားနှင့် ယုံကြည်မှုကို ရယူနိုင်ခဲ့သည်။ သူက ရဲရင့်ပြီး အမြဲတမ်းရှေ့ဆုံးမှ ဦးဆောင်သကဲ့သိည့ အသက်ငယ်ငယ်နှင့် ရာထူးကြီးကြီး ရထားခြင်းက သူ၏ နောက်လိုက်များအတွက် တောက်ပသော အနာဂတ်ကို ပေးစွမ်းနိုင်သောကြောင့် ဖြစ်သည်။

ညအချိန်တွင် စစ်သေနာပတိချုပ်၏ တဲအိမ်အတွင်း၌။

" အဖေ " ဝမ်ပင်းက အထဲသို့ ဝင်လာပြီး သတင်းပို့လိုက်သည်။ " စစ်တပ်ကို ပင်မစခန်းဆီ ပြန်ရွှေ့ဖို့ အကုန်စီစဉ်ပြီးပါပြီ။ ရှန်းယန်က ဘုရင့်တမန်တော် ရောက်လာတာနဲ့ ကျွန်တော်တို့ တပ်ဖွဲ့တွေ စတင်ထွက်ခွာလို့ ရပါပြီ။ "

လွန်ခဲ့သောရက်အနည်းငယ်အတွင်း ဝမ်ပင်းက စစ်တပ်၏ ဆုတ်ခွာမှုကို စီစဉ်နေခဲ့သည်။ နယ်စပ်တွင် စောင့်ကြပ်နေသော စစ်သည်တစ်သိန်းကို ပြန်လည်ပြောင်းရွှေ့ရခြင်းက အလွန်ကြီးမားသော တာဝန်ဖြစ်သည်။

ဝမ်ကျန့်က သားဖြစ်သူကို ကြည့်လိုက်သော်လည်း သူက ယမန်နေ့က ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များထဲတွင် နစ်မြှုပ်နေဆဲ ဖြစ်သည်မှာ ထင်ရှားသည်။

" အဖေ ဘာဖြစ်လို့လဲ။ " ဝမ်ပင်းက သူ၏ အဖေမှာ ပုံမှန်မဟုတ်သည်ကို သတိပြုမိပြီး မေးလိုက်သည်။

" ပင်းအာ..." ဝမ်ကျန့်က စကားစပြောလိုက်သည်။ " ငါ့ကိုပြောစမ်း။ လူတစ်ယောက်က မျက်စိတစ်မှိတ်အတွင်းမှာ ပေတစ်ရာနီးပါးအကွာအဝေးကို ဖြတ်ကျော်သွားနိုင်ဖို့ ဖြစ်နိုင်ပါ့မလား။ "

" မျက်စိတစ်မှိတ်အတွင်း ပေတစ်ရာကို ဖြတ်ကျော်ဖို့လား။ " ဝမ်ပင်းက နားမလည်နိုင်စွာဖြင့် ဖခင်ဖြစ်သူကို ကြည့်လိုက်သည်။

" အဲ့ဒီအကွာအဝေးကို ခဏအတွင်း ဖြတ်ကျော်ဖို့ဆိုရင် သူက နတ်ဘုရား ဒါမှမဟုတ် တစ္ဆေပဲ ဖြစ်ရလိမ့်မယ်။ အဲ့ဒါက လူတစ်ယောက်ရဲ့ စွမ်းရည်ထက် ကျော်လွန်နေပြီ။ " ဝမ်ပင်းက ခဏစဉ်းစားပြီး ပြောလိုက်သည်။

၎င်းကို ကြားသောအခါ ဝမ်ကျန့်က ခေါင်းညိမ့်လိုက်သည်။ ထိုစကားတစ်ခွန်းက ကျောက်ဖုန်းနှင့် ပက်သက်၍ သူခံစားရသော တုန်လှုပ်မှုများ လုံးဝ ပျောက်ကွယ်သွားသည်။

" ကျောက်ဖုန်း... သူကတော့ သာမန်လူတစ်ယောက်မဟုတ်တာ သေချာတယ်။ သူက တကယ်ပဲ နတ်ဘုရားတစ်ပါးလား။ ဒါမှမဟုတ် သူက နန်ဘုရားတွေရဲ့ အမွေအနှစ်ကို ဆက်ခံထားတာလား။ " ဝမ်ကျန့်က တွေးလိုက်သည်။

တခြားမည်သည့်အကြောင်းရင်းကိုမှ သူစဉ်းစား၍မရပေ။ သူကိုယ်တိုင် မြင်တွေ့ခဲ့ရသောကြောင့် အမြင်မမှားသည်မှာ သေချာသည်။ ဤကမ္ဘာတွင် နတ်ဘုရားများကို ယုံကြည်မှုမှာ ဘယ်သောအခါမှ ပျောက်ကွယ်မသွားသောကြောင့် ဝမ်ကျန့်နေဖြင့် ထိုသို့တွေးမိခြင်းမှာ မထူးဆန်းပေ။

" အဖေက ဘာလို့ အဲ့ဒါကို မေးတာလဲ။ " ဝမ်ပင်းက သိလိုစိတ်ဖြင့် မေးလိုက်သည်။

" ဘာမှမဟုတ်ဘူး။ " ဝမ်ကျန့်က ပြုံး၍ ပြန်ဖြေလိုက်သည်။ " ဒီအတိုင်း တွေးမိသွားလို့ပါ။ "

ထို့အပြင် သူပြောပြလျှင်လည်း ဘယ်သူမှ ယုံကြည်မည်မဟုတ်ပေ။ အမှန်တကယ် ၎င်းက ကိုယ်တိုင်မြင်မှ ယုံနိုင်မည့်အရာဖြသ်သည်။

" ဒီနေ့ ကျောက်ဖုန်းက ငါ့ကို လာတွေ့တယ်။ " ဝမ်ကျန့်က ဆက်ပြောလိုက်သည်။

" ကျောက်ဖုန်းက တကယ်ထူးခြားတဲ့သူပဲ။ " ဝမ်ပင်းက လေးစားစွာ ပြောလိုက်သည်။ " စစ်မှုထမ်းသက်တစ်နှစ်မပြည့်သေးဘဲ လက်ထောက်စစ်သူကြီးတစ်ယောက်အဖြစ် ရာထူးတိုးသွားတယ်။ "

" စစ်တပ်တစ်ခုလုံးမှာ ဘယ်သူကများ ကျောက်ဖုန်းရဲ့ တိုးတက်မှုကို ယှဉ်နိုင်မှာလဲ။ " ဝမ်ကျန့်က ပြုံး၍ ပြောလိုက်သည်။

" မှန်တာပေါ့။ ဒါကို ကြည့်ရင် သူ့ရဲ့ အနာဂတ်က အကန့်အသတ်မရှိဘူး။ ဒီနေ့ကျောက်ဖုန်း ငါ့ကို တစ်ခုပြောသွားတယ်။ " ဝမ်ကျန့်က ရုတ်တရက် စိတ်ရှုပ်ထွေးသွားပြီး ပြောလိုက်သည်။

" ဘာပြောခဲ့လို့လဲ။ " ဝမ်ပင်းက ချက်ချင်း မေးလိုက်သည်။

" သူနဲ့ ယန်အာက တစ်ယောက်ကိုတစ်ယောက် သစ္စာပြုထားကြပြီတဲ့။ ဒါကြောင့် သူတို့ကို လက်ထပ်ခွင့်ပေးဖို့ ငါကို လာတောင်းဆိုသွားတယ်။ " ဝမ်ကျန့်က ဖြည်းညင်းစွာ ပြောလိုက်သည်။

" ဘာ... သူနဲ့ ယန်အာက တစ်ယောက်နဲ့တစ်ယောက် သစ္စာပြုထားတယ်ဟုတ်လား။ အဲ့ဒါက ဘယ်တုန်းက ဖြစ်သွားတာလဲ။ " ဝမ်ပင်းက မှင်သက်သွားသည်။ သစ္စာပြုထားကြသည်ဟူသော အဓိပ္ပါယ်ကို သူနားလည်ပေသည်။

" ပေါင်းယွမ်ရဲ့ ရုတ်တရက် တိုက်ခိုက်မှုတုန်းက ကျောက်ဖုန်းသာ ကြားမဝင်ခဲ့ရင် ယန်အာသေသွားနိုင်တယ်။ အဲ့ဒီအချိန်က စခဲ့တာဖြစ်မယ်။ " ဝမ်ကျန့်က ပြောလိုက်သည်။

" အဖေ ကျွန်တော်တို့ ဘာလုပ်ကြမလဲ။ " ဝမ်ပင်းက မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။ " အရှင်မင်းကြီးရဲ့ ဆန္ဒက ယန်အာကို မင်းသားဖုစုနဲ့ လက်ထပ်ပေးဖို့လေ။ "

" ဝမ်မိသားစုက ဘုရင်ရဲ့ ဆန္ဒကို ပြောင်းလဲလို့မရဘူး။ ကျောက်ဖုန်းရဲ့ တောင်းဆိုမှုကို ကျွန်တော်တို့ သဘောတူလို့ မရနိုင်ဘူးထင်တယ်။ "

နောက်ဆုံးတွင် ၎င်းက ဘုရင်အာဏာအပေါ် ကြောက်ရွံ့လေးစားမှုကြောင့်ဖြစ်သည်။ လက်အောက်ခံများအနေဖြင့် နာခံရုံမှလွဲ၍ အခြားရွေးချယ်စရာမရှိပေ။

" ငါသဘောတူလိုက်ပြီ။ " ဝမ်ကျန့်က ပြောလိုက်သည်။

" ကျောက်ဖုန်းကို သဘောတူလိုက်တာလား။ " ဝမ်ပင်းက ထိတ်လန့်သွားသည်။ " ဒါကို အရှင်မင်းကြီးဆီ ကျွန်တော်တို့ ဘယ်လို့လျှောက်တင်ကြမလဲ။ "

" မင်း ယန်အာရဲ့ စိတ်ဓာတ်ကို သိတယ်မဟုတ်လား။ " ဝမ်ကျန့်က သက်ပြင်းချပြီး ပြောလိုက်သည်။ " ယန်အာက နူးညံ့ပေးမယ့် ငါတို့ ဝမ်မိသားစုရဲ့ ပြတ်သားတဲ့ စိတ်ဓာတ်ရှိပြီး အရမ်းခေါင်းမာတယ်။ "

" မင်း သူမရဲ့ စိတ်ဓာတ်ကို သိသလို ကျောက်ဖုန်းလည်း သိတယ်။ " ဝမ်ကျန့်က စိုးရိမ်စွာဖြင့် ပြောလိုက်သည်။ " တကယ်လို့ အရှင်မင်းကြီးကသာ သူမကို မင်းသားနဲ့ လက်ထပ်ဖို့ အမိန့်ထုတ်လိုက်ရင် ယန်အာက ငြိမ်နေမှာမဟုတ်ဘူး။ သူမ တစ်ခုခုလုပ်သွားနိုင်တယ်။ "

ညီမဖြစ်သူ၏ စရိုက်အကြောင်းတွေးမိသောအခါ ဝမ်ပင်းကလည်း ၎င်းမှာ ဖြစ်နိုင်ကြောင်း တွေးမိသည်။ စစ်သူကြီးမျိုးရိုးမှ သမီးတစ်ယောက်က စစ်သူကြီးစိတ်ဓာတ်မျိုး ရှိနေတတ်သည်။

"ငါအဲ့ဒါကို သေချာစဉ်းစားပြီးသွားပြီ။ " ဝမ်ကျန့်က ပြတ်သားစွာ ပြောလိုက်သည်။ " ငါကိုယ်တိုင် အရှင်မင်းကြီးဆီသွားပြီး သူ့ရဲ့ စိတ်ကူးကို ပြောင်းလဲပေးဖို့ အသနားခံမယ်။ "

" ဒါပေမယ့် အရှင်မင်းကြီးက စိတ်မပြောင်းရင်ရော။ " ဝမ်ပင်းက မေးလိုက်သည်။

ကျောက်ဖုန်း၏ ပြတ်သားသော အမူအရာကို ပြန်တွေးမိသောအခါ ဝမ်ကျန့်က မျက်မှောင်ကြုတ်သွားမိသည်။ " အရှင်မင်းကြီးသာ စိတ်မပြောင်းရင်တော့ ငါတို့ဆီကို ကြီးမားတဲ့ ပြဿနာတစ်ခု ရောက်လာလိမ့်မယ်။ "

ညအချိန် ပင်မစခန်း၏ အပြင်ဘက် ကျောက်ဖုန်း၏ တဲအိမ်အတွင်း သူ၏ တပ်ရင်းမှူငါးယောက်က ဘေးတွင် ရပ်နေကြသည်။

" ညီအကိုတို့... ဒီနေ့ ငါတို့အားလုံးရဲ့ အနာဂတ်န့ ပက်သက်တဲ့ ကိစ္စတစ်ခုကို ငါမင်းတို့နဲ့ ဆွေးနွေးချင်တယ်။ မင်းတို့ ငါ့အပေါ်မှာပဲ သစ္စာရှိဖို့ ဆန္ဒရှိကြလား။ " ကျောက်ဖုန်းက တိုက်ရိုက်မေးလိုက်သည်။

" ဝေချွမ်က သခင်အပေါ် သစ္စာရှိဖို့ ကတိပြုပါတယ်။ " ဝေချွမ်က ပထမဆုံး တုန့်ပြန်ပြီး ဒူးတစ်ဖက်ထောက်လိုက်သည်။

ဝေချွမ်၏ လုပ်ရပ်ကို မြင်သောအခါ ကျန်းဟန်ကလည်း ဒုတိယမြောက် ဒူးထောက်လိုက်သည်။ " ကျန်းဟန်က သခင်အပေါ် သစ္စာရှိဖို့ ကတိပြုပါတယ်။ "

" ကျွန်တော်တို့ သခင်အပေါ် သစ္စာရှိဖို့ ကတိပြုပါတယ်။ " ကျန်သုံးယောက်ကလည်း လျင်မြန်စွာ ဒူးထောက်လိုက်ကြသည်။

ထိုအချိန်တွင် စနစ်မှ အသိပေးချက် ထွက်ပေါ်လာသည်။ " လက်အောင်ခံများကို အောင်မြင်စွာ စုဆောင်းနိုင်ခဲ့ပါပြီ။ အင်အားစုကဏ္ဍကို ဖွင့်လှစ်နိုင်ပါပြီ။ "

ဝမ်ကျန့်နှင့် စကားပြောပြီးနောက် ကျောက်ဖုန်းက သူ၏ အခြေအနေက အရေးကြီးနေပြီဖြစ်ကြောင်း နားလည်ခဲ့သည်။ သူက မိမိတစ်ယောက်တည်း ခွန်အားထက် ပိုမိုလိုအပ်နေပြီဖြစ်သည်။ သူ့အပေါ် လုံးဝ သစ္စာရှိမည့် အင်အားစုတစ်ခု သူ့အတွက် လိုအပ်ပေသည်။

All Chapters