← Chapters

အခန်း (၁၀၂၃-၁၀၂၄)

Vol. 61 Ch. 1023-1024

အခန်း (၁၀၂၃-၁၀၂၄)

Vol. 61 Ch. 1023-1024

အပိုင်း (၁၀၂၃)

“ရွှမ်း... ရွှမ်း...”

ရှမ့်လန်၏ ရှေးဟောင်း ဧရာမ ဒူးလေးကြီးက ရူးသွပ်မတတ်ပင် ပစ်ခတ်နေဆဲဖြစ်ပြီး ဆက်တိုက် ပေါက်ကွဲနေ၏။ သူက ဗုံးကြဲချသကဲ့သို့ပင် အကျိုးသက်ရောက်မှုများကို ရရှိအောင် ရှေးဟောင်း ဒူးလေး ဒါဇင် အနည်းငယ်ကို အားကိုးနေခြင်းပင်။ ကိုယ်ကိုယ်ကို သိရှိပြီး ရန်သူကို သိရှိမှ အောင်ပွဲခံနိုင်မှာ အမှန်ပင်။

သို့သော်ငြား ယခု သူတို့က ရှမ့်လန်၏ အရှိန်အဝါကြောင့် တကယ် ထိတ်လန့်နေကြ၏။ ရှမ့်လန်က စစ်သည် သောင်းချီ ခေါ်ဆောင်လာသလားဟု သူတို့ တွေးမိ၏။ သို့သော်လည်း မဖြစ်နိုင်ချေ။ သူတို့က နုရှောင့်မြို့တော် နှင့် အလွန်ဝေးသည် မဟုတ်ပါလား။ ရှမ့်လန်၏ စစ်တပ်က ပျံသန်းလာ၍ မရပေ။

“ကျုပ်တို့ အရင်ဆုတ်ခွာပြီး သတင်းစောင့်ရင် ကောင်းမယ်လို့ ထင်တယ်။” ကျင်းနိုင်ငံ၏ အိမ်ရှေ့စံမင်းသားက မေး၏။ ကောင်းကင်ပြစ်ဒဏ်နန်းဆောင်နှင့် တုံ့ကျန်းဘုရားကျောင်း၏ အကြီးကဲများက ခေါင်းညိတ်၏။

ကျင်းနိုင်ငံ၏ အိမ်ရှေ့စံမင်းသားက အမိန့်ပေးသည်။ “မြို့ကို တိုက်ခိုက်တာရပ်။ ၂၀ ကီလိုမီတာ ဆုတ်ခွာကြ။”

မရေတွက်နိုင်သည့် ဝီစီသံများက ထွက်ပေါ်လာ၏။ အလံများကို ဝှေ့ယမ်း၏။ မရေတွက်နိုင်သည့် သံတမန်များက အော်ဟစ်၏။ “အိမ်ရှေ့စံမင်းသားက ၂၀ ကီလိုမီတာကို ဆုတ်ခွာဖို့ အမိန့်ပေးလိုက်ပြီ။ ၂၀ ကီလိုမီတာ ဆုတ်ခွာ။”

ကျင်းနိုင်ငံ၏ အနောက်ပိုင်းစစ်တပ် စစ်သည်သိန်းချီက ဒီရေပမာ နောက်ဆုတ်သွားခဲ့၏။ မြေပြင်ပေါ်တွင် အလောင်းများကို ချန်ထားခဲ့၏။ စောစောက ရူးသွပ်မတတ် တိုက်ခိုက်မှုကြောင့် လူပေါင်းနှစ်သောင်းကျော် သေဆုံးခဲ့ရ၏။ တကယ်ကို သေမင်းတမန် ရှမ့်လန်ပင်။

တင်းယွမ်မြို့တစ်ခုလုံးက အပေါက်များ ဗရပွနှင့် ဖြစ်ကျန်ခဲ့သည်။

..................

တင်းယွမ်မြို့၏ အတွင်းမှာတော့ ရှမ့်လန်က ချောင်ဘုရင်ကို ခွဲစိတ်ကုသပေးပြီး ဒဏ်ရာများကို ဂရုတစိုက် ချုပ်ပေး၏။ တစ်ကိုယ်လုံးတွင် အရွယ်အစား အမျိုးမျိုးရှိသည့် ဒဏ်ရာပေါင်း တစ်ရာမက ရှိနေပြီး ချုပ်ရိုး ရာပေါင်း ထောင်ပေါင်းများစွာ ချုပ်ပေးရ၏။ ခွဲစိတ်မှုတစ်ခုလုံးက နာရီအနည်းငယ် ကြာမြင့်ခဲ့ပြီး သွေး ၁၀၀ မီလီမီတာ ကျော် သွင်းခဲ့ရ၏။ နောက်ဆုံးတော့ ရဲရင့်သော ဘုရင်ကို ကယ်တင်နိုင်ခဲ့၏။ သို့သော်လည်း မေ့ဆေးနှင့် သွေးထွက်လွန်မှုကြောင့် ချောင်ဘုရင်က သတိတော့ မရသေးချေ။

ရှမ့်လန်က ယာယီခွဲစိတ်ခန်းထဲမှ ထွက်လာချိန်တွင် အလွန်မောပန်းနွမ်းနယ်နေပြီး သူ၏ခန္ဓာကိုယ်တွင် သွေးများလည်း ပေပွနေ၏။ အထူးလက်အိတ်ကိုပင် ဝတ်ဆင်ထားရ၏။

တံခါးဝမှ ထွက်လိုက်သည်နှင့် မရေတွက်နိုင်သည့် စိတ်အားထက်သန်သော အကြည့်များ၏ ကြိုဆိုခြင်းကို ခံလိုက်ရ၏။ အသက်ရှင် ကျန်ရစ်ခဲ့သည့် ချောင်ပြည်နယ်မှ စစ်သည် ရာပေါင်းများစွာ၊ တပ်မှူးရာပေါင်းများစွာနှင့် ထိပ်တန်းစစ်သူကြီး ရာပေါင်းများစွာတို့က ရှိနေသည်။

“ဪ... ခင်ဗျားတို့ရဲ့ ချောင်ဘုရင် အသက်အန္တရာယ် မရှိတော့ဘူး။ ဒါပေမဲ့ ဒီတစ်ခါ အချိန်အကြာကြီး အနားယူရလိမ့်မယ်။” ရှမ့်လန်က ပြော၏။

သို့သော်ငြား တိတ်ဆိတ်နေဆဲဖြစ်၏။ အားလုံးက သူ့ကို ထူးဆန်းသည့် မျှော်လင့်ချက် ရောင်ခြည်များနှင့် ပြည့်နှက်နေသော အကြည့်များဖြင့် ကြည့်ရှုနေသည်။

ထိုသူတို့ထဲမှ အချို့အတွက် ရှမ့်လန်ကို မြင်ဖူးသည်က ပထမဆုံးအကြိမ် မဟုတ်ချေ။ ယခင်တုန်းက ချောင်ဘုရင်၏ အိမ်တော်တွင် တွေ့ဆုံခဲ့ကြပြီး ရန်သူပင် ဖြစ်ခဲ့ဖူး၏။ သို့သော်လည်း ယခု ရှမ့်လန်က မတူတော့ချေ။ သူက တော်ဝင်ချန်အင်ပါယာ၏ မျှော်လင့်ချက် ရောင်ခြည်များဖြင့် လွှမ်းခြုံထား၏။ သူက သူတို့၏ သခင်၊ သူတို့ သစ္စာခံထားသည့် အထွတ်အထိပ် ခေါင်းဆောင်ပင်။

ရှမ့်လန်ကို ခမ်းနားထည်ဝါပြီး ရွှေရောင်တောက်ပသည့် အာဏာစက် ပြင်းထန်သည့် ပုံစံမျိုးနှင့် တွေ့ရလိမ့်မည်ဟု သူတို့က အကြိမ်ကြိမ် စိတ်ကူးယဉ်ခဲ့၏။ နောက်ဆုံးမှာတော့ ထိုသို့မဟုတ်ခဲ့ချေ။ ထိုအစား သွေးများ ပေကျံပြီး ပင်ပန်းနွမ်းနယ်နေသည့် သမားတော်တစ်ယောက်၏ ပုံစံမျိုးဖြင့် ပေါ်လာခဲ့၏။

သို့သော်ငြား အကြောင်းပြချက် တစ်စုံတစ်ရာကြောင့် မရေတွက်နိုင်သည့် လူများက စိတ်လှုပ်ရှားမှုများဖြင့် ဖြစ်တည်နေ၏။ သူတို့၏သွေးများက ဆူပွက်လာ၏။ ထိုအရာက မှန်၏။ ထိုအရာက လူသားတို့၏ နှလုံးသား ထဲတွင် ရှိနေသည့် ဧကရာဇ် ရှမ့်လန်ပင်။

သူက ဧကရာဇ်ကျန်းလီ၏သား ဖြစ်ပေမဲ့ ဧကရာဇ်ရှမ့်လန်က ထူးခြားပြီး သန်းတစ်ထောင်တွင် တစ်ယောက်သာရှိသူ ဖြစ်၏။ သူ၏သမက်တော်ဘဝဖြစ်စဉ်ကလည်း ဤကဲ့သို့ပင်။ ယခု အရှေ့တိုင်း အရှင်သခင် ဖြစ်လာခဲ့ပြီး လူသန်းပေါင်းများစွာတို့၏ ခေါင်းဆောင် ဖြစ်လာခဲ့တော့လည်း ထိုကဲ့သို့သော ပုံစံအတိုင်းပင်။ ဤကဲ့သို့သော တော်ဝင်ချန် ဧကရာဇ်က ကောင်း၏၊ အရမ်းကောင်း၏၊ အလွန်ကောင်းသည်။

ချက်ချင်းပဲ လူပေါင်းသိန်းချီက ဒူးထောက်ပြီး တစ်ညီတစ်ညွတ်တည်း အော်ဟစ်လိုက်ကြ၏။

“တော်ဝင်ချန် အင်ပါယာ သက်တော်ရာကျော် ရှည်ပါစေ။”

“အရှင်ရှမ့်လန် သက်တော်ရာကျော် ရှည်ပါစေ။”

ရှမ့်လန်က ခေါင်းညိတ်ကာ ပြောသည်။ “အင်း... ကောင်းပြီ၊ ထကြတော့။”

ပြီးနောက် သူက ထွက်ခွာသွား၏၊ မြို့ထဲရှိ အကောင်းဆုံး အိမ်သို့ သွား၏။ တပ်မှူးကွေ့နင်က သူ့ကို ရေချိုးပေးပြီး အဝတ်အစားလဲပေး၏။ အခြားသော နည်းလမ်းလည်း မရှိချေ။ ဤတစ်ကြိမ် သူက လူရာဂဏန်းလောက်ကိုသာ ခေါ်ဆောင်လာခဲ့၏၊ အားလုံးက သန်မာပြီး ရဲရင့်သည့် ထိပ်တန်း ကျွမ်းကျင်သူများပင်။ အစေခံတွေ ခေါ်မလာနိုင်ခဲ့ချေ။

တပ်မှူးကွေ့နင်က လူအများကြီးကို သတ်ခဲ့သော်လည်း အနည်းဆုံးတော့ အပေါ်ယံတွင် နူးညံ့သိမ်မွေ့၏။ သို့သော်ငြား သူမက စစ်သည်တစ်ယောက်ဖြစ်ပြီး လူတွေကို မည်သို့ ပြုစုရမည်ဆိုသည်ကို မသိချေ။ သူမ၏လုပ်ရပ်က နူးညံ့သော်လည်း အားထုတ်တာတော့ များ၏။ ရှမ့်လန်၏ ခန္ဓာကိုယ် မျက်နှာသုတ်ပုဝါနှင့် သုတ်ပေးသည့် အချိန်တွင် အရေခွံခွာလိုက်သလို ခံစားရ၏။

“တောင်းပန်ပါတယ်အရှင်... ပုံမှန်ဆို ဒီလိုပဲ ရေချိုးတာပါ။ အရှင့်ရဲ့ အသားအရေကလို နုလွန်းနေတာပါ။” ကွေ့နင်က ပြောသည်။

“တော်ပါတော့... ကျွန်မပဲ လုပ်ပေးတော့မယ်။”

မီးနတ်ဘုရားဂိုဏ်းမှ နတ်ဆရာမ ရှယ်လီက ဝင်လာ၏။ မျက်နှာသုတ်ပုဝါကို ယူပြီး ရှမ့်လန်ကို ရေချိုးပေး၏။ သူမက ရှမ့်လန်၏ ဆံပင်တစ်ချောင်းချင်းစီကို သန့်ရှင်းအောင် လျှော်ပေးသည်။

“အရှင်... အရှင်ရဲ့ မြင့်မြတ်တဲ့ လုပ်ရပ်ကို ဘယ်စကားလုံးနဲ့မှ ဖော်ပြလို့ မရပါဘူး။ မြေပြင်ပေါ်က လူတွေက အရှင်ကို ရူးတော့မလို ကြည်ညိုတဲ့ အကြည့်မျိုးနဲ့ ကြည့်နေကြပြီ။ အရှင် အမိန့်ပေးလိုက်တာနဲ့ သူတို့က အရှင်အတွက် သေဖို့ အဆင်သင့် ဖြစ်နေကြပြီ။” ရှယ်လီက ညင်သာစွာ ပြော၏။

သူမက မျက်နှာသုတ်ပုဝါကို လဲပြီး ရှမ့်လန်၏ ခန္ဓာကိုယ်ကို သုတ်ပေးကာဖြင့် နူးညံ့သည့် ဝတ်စုံတစ်ခုကို လဲလှယ်ပေး၏။ ပြီးနောက် သူမက ဝတ်ရုံကို ချွတ်၏။ နှင်းကဲ့သို့ ဖြူဖွေးနေသည့် ခန္ဓာကိုယ်က ပေါ်လာသည်။

ရှမ့်လန်က ပြုံးဖြီးဖြီး ဖြစ်သွား၏။

“မိန်းကလေး ရှယ်လီ... ခင်ဗျား ဒီလိုချွတ်ချွတ်နေလို့မဖြစ်ဘူး။ ဒါ နုရှောင့်မြို့ မဟုတ်ဘူး။ ကျုပ်ရဲ့ မိန်းမတွေ ဒီမှာမရှိဘူး။ ဒါပေမဲ့ ကျုပ်ရဲ့ စိတ်ဓာတ်ခိုင်မာမှုကို မစမ်းသပ်ပါနဲ့။”

ရှယ်လီက ရေချိုးခန်းထဲသို့ ဝင်လာပြီး ရှမ့်လန် ချန်ခဲ့သည့် ရေနွေးနှင့် ရေချိုး၏။ ပြီးနောက် သူမက ရှမ့်လန်ကို ကြည့်ကာ ပြောသည်။ “အရှင်... အရှင်ကို ပြုစုခွင့် ရနိုင်မလား။ အရှင်ရဲ့ ဆန္ဒကို ကျွန်မ မြင်နေရသလိုပဲ။”

“ထားလိုက်ပါတော့... သာယာမှုက ကောင်းတယ်အရာပါပဲ။ ကျုပ်ကြိုက်တယ်။ ဒါပေမဲ့ အခုတော့ မဟုတ်သေးဘူး။” ရှမ့်လန်က ပြော၏။

“အင်း... နှမြောစရာပဲ။”

နတ်ဆရာမ ရှယ်လီက ပြောသည်။ “ကျွန်မတို့ အနောက်တိုင်းမှာ အမျိုးသားနဲ့ အမျိုးသမီးကြား သာယာမှုက အရမ်းကို သဘာဝကျပါတယ်။ တာဝန်ယူစရာ မလိုပါဘူး။ အရှင်နဲ့အတူ အံ့ဖွယ်ရာ ညတစ်ညကို ကုန်ဆုံးရရင် ကျွန်မ အရမ်းပျော်ရွှင်မိမှာပါ။”

ရှမ့်လန်က ပြော၏။ “ခင်ဗျား သိလား။ ဒီဘိုရာမှာ ချစ်စရာကောင်းတဲ့ သားလေးတစ်ယောက် ကျန်ခဲ့တယ်လို့ ကြားတော့ ကျုပ် ရင်ထဲမှာ နည်းနည်း လှုပ်ရှားသွားတယ်။ ဒါပေမဲ့ အရည်ပျော်သွားဖို့တော့ မဖြစ်ဘူး။ ဒါက သူ့အတွက် အရမ်းကို မတရားဘူး။ ကျုပ်တို့ ရလာတဲ့ ကလေးတိုင်းကို ချစ်ရမယ်။ ကျုပ်ရဲ့ အချစ်က အကန့်အသတ် ရှိရမယ်။ နေရာတိုင်းမှာ အချစ်တွေ မျှဝေနေလို့လည်း မဖြစ်သေးဘူးလေ။”

ရှယ်လီက ပြောသည်။ “ကောင်းပါပြီ... ဒါက အရှေ့တိုင်းရဲ့ ဆွဲဆောင်မှုလည်း ဖြစ်လောက်ပါတယ်။”

ညသို့ ရောက်ခဲ့၏။ ရှမ့်လန်က ခေါင်မိုးပေါ်သို့ တက်ပြီး ကောင်းကင်ကို မော့ကြည့်၏။ ကြယ်တစ်ပွင့် ပျောက်ကွယ်သွားသလို ခံစားရ၏။ ဘာဖြစ်သနည်း။ သူက မှန်ပြောင်းဖြင့် အမြန်ကြည့်ရှု၏။ မီးနဂါး ကြယ်တံခွန် ရှိနေသေးသော်လည်း အလွန် မှေးမှိန်နေကြောင်း တွေ့ရ၏။

ပေါ့ပါးလွန်းသည့် ပိုးသားပမာသော ခြေသံများဖြင့် နတ်ဆရာမ ရှယ်လီက ဖြည်းညင်းစွာ လျှောက်လာ၏။ သူမက မှန်ပြောင်းကို ရှေ့တွင် ထားပြီး ကောင်းကင်ကို ကြည့်သည်။ “အရှင်... ဒီကြယ်တံခွန်က သူ့ရဲ့ သက်တမ်း ကုန်ဆုံးတော့မယ်။”

ရှယ်လီက ပြော၏။ “အရင်က ကြယ်တံခွန်ရဲ့ အများစုက ရေခဲတွေပဲ။ ပြီးတော့ ဓာတ်ငွေ့မျိုးစုံ ထုတ်လွှတ်ပြီး အမြီးတန်းရှည်ကြီးအဖြစ် ဆွဲယူလာတယ်။ အခု သူက အရည်ပျော်ပြီး အငွေ့ပျံတော့မယ်။ မတော်တဆမှုသာ မရှိဘူးဆိုရင် မီးနဂါးကြယ်တံခွန်ကို ကျွန်မတို့ မြင်ရတော့မယ်။”

ရှမ့်လန်က ခေါင်းညိတ်လိုက်မိသည်။ “ဒီကြယ်တံခွန်က သေဆုံးသွားတော့မှာပဲ။”

ကြယ်တံခွန် သေဆုံးခြင်းက ကြောက်မက်ဖွယ်ရာ ကောင်း၏။ ဥပမာ နေမင်းကြီးသာ သေဆုံးသွားမည်ဆိုလျှင် အဆ ၁၀၀ ကျော် ကြီးထွားလာခဲ့ပြီး အချင်း ကီလိုမီတာ သန်းနှစ်ရာထိ ရောက်ရှိမည်။ ပြီးလျှင် ပေါက်ကွဲပြီး ကြယ်တာရာ ဂလက်ဆီ တစ်ခုလုံးကို ဖျက်ဆီးပစ်ပေလိမ့်မည်။

အခြားတစ်ဖက်တွင်ရှိသည့် ကြယ်တံခွန်တစ်လုံး သေဆုံးခြင်းက ဤမျှ ကြီးကျယ်ခမ်းနားခြင်းတော့ မရှိချေ။ တကယ်တမ်းကျတော့ တိတ်တဆိတ် ကြွေလွင့်သွားခြင်းမျိုးပင် ဖြစ်နိုင်၏။ သို့သော်ငြား ဤကြယ်တံခွန်က မတူညီချေ။ ထိုအရာက ဒြပ်ဝတ္ထု တော်တော်များသည့်အပြင် ထိုက်သင့်သလောက် ကြီးမားလွန်း၏။

ယခုအချိန်တွင် ရှမ့်လန်၏ဂြိုလ်နှင့် ယခင်က မကြုံဖူးလောက်အောင် နီးကပ်၏။ ထို့ကြောင့် ထိုအရာ၏ သေဆုံးမှုက တကယ်ကို ရင်သပ်ရှုမောဖွယ်ရာကောင်းပြီး ထိတ်လန့်ဖွယ်ရာ ကောင်းပေလိမ့်မည်။ နှိုင်းယှဉ်၍ မရနိုင်လောက်သည့် ဝမ်းနည်းစရာ ကောင်းခြင်းမျိုးလည်း ဖြစ်လာနိုင်သည်။

ရှမ့်လန်၏ AI က ပြုပြင်မွမ်းမံထားခြင်းမရှိဘဲ ဆက်လက်တွက်ချက်၏။ ပြီးနောက် သူက စာရွက် တစ်ရွက်ပေါ်တွင် ရေးဆွဲကာ ပြော၏။ “ကြယ်တံခွန်က ဒီအာကာသကို ဖြတ်သန်းသွားတဲ့အခါမျိုးမှာ အပြင်းထန်ဆုံး ဆွဲငင်အားတစ်ခုကို ဆွဲယူခြင်း ခံရလိမ့်မယ်။ သူက ကျုပ်တို့ ထင်မှတ်ထားတာထက် အများကြီး ပိုကြီးတယ်။ သူ့ရဲ့ ဝင်တိုက် ဖျက်စီးနိုင်စွမ်းက ကျုပ်တို့ ခန့်မှန်းထားတာထက်တောင် ပိုပြီး ကြီးမားနိုင်သေးတယ်။”

“ဝင်တိုက်မှုက ဘယ်လောက်တောင် ကြာအုံးမှာလဲ။” နတ်ဆရာမ ရှယ်လီက မေးသည်။

ရှမ့်လန်က ပြန်ပြောလိုက်၏။ “အမြန်ဆုံး ၂၄ နာရီ၊ အနှေးဆုံး ၄၅ နာရီ။”

ရိုးရိုးသားသား ပြောရမယ်ဆိုလျှင် ရှမ့်လန်၏ နှလုံးခုန်သံများက မြန်ဆန်နေပြီး ဝင်တိုက်မှုနှင့် ပေါက်ကွဲမှုက သူ ခန့်မှန်းထားတာထက် ပိုမို ပြင်းထန်လိမ့်ဦးမည်ဟု အလိုအလျောက် ခံစားနေရ၏။ နဂါးနောင်တ နှစ်ခု၊ သုံးခုစာလောက်တင် မဟုတ်ဘဲ ပို၍ပင် ပြင်းထန်နိုင်သေးသည်။

နတ်ဆရာမ ရှယ်လီက စိတ်လှုပ်ရှားစွာဖြင့် ပြော၏။ “ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် ကျွန်မတို့ များပြားလွန်းတဲ့ တန်ဖိုးရှိ ဒြပ်ဝတ္ထုတွေကို ရရှိမှာပဲ။ မီးနဂါးကြယ်တံခွန် ဝင်တိုက်မှုက အရာအားလုံးထက်တောင် ပိုပြီး ကျော်လွန်နိုင်လိမ့်မယ်။ ကျွန်မတို့ရဲ့ မိသားစုနှစ်ခုလုံးက ပိုပြီး သန်မာလာလိမ့်မယ်။ ကျွန်မတို့ အဆင့်တက်ပြီး လောကရဲ့ ကံကြမ္မာကို ပြောင်းလဲနိုင်တာမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။”

ပြီးနောက် နတ်ဆရာမရှယ်လီက သူမ၏ ခန္ဓာကိုယ်ရှိ ဇာပုဝါကို ထပ်မံကာ ဖြန့်ချ၏။ သူမက လက်နှစ်ဖက်ကို ဖြန့်ကားပြီး ရှမ့်လန်ကို ပွေ့ဖက်လိုက်၏။ ပြီးနောက် သူမက တုန်ယင်နေသည့် အသံဖြင့်ပြောသည်။

“အရှင်ရှမ့်လန်… ကျွန်မ အဲဒီ ကြီးမားတဲ့ အခိုက်အတန့်အတွက် အဆင်သင့် ဖြစ်နေပြီ။ အရှင်ကော... ဒီကြီးမားတဲ့ဝင်တိုက်မှုက ရန်သူသိန်းချီကို ဒီလောကထဲကနေ အလွယ်တကူ သုတ်သင်ရှင်းလင်းပစ်နိုင်တယ်။ ကျွန်မတို့ရှေ့က အရာအားလုံးကိုလည်း မြေလှန်ပစ်နိုင်တယ်။ အဲဒီအချိန်ကျရင် အရှင်က အရှေ့တိုင်း တစ်ခုလုံးကို လုံးဝ တုန်လှုပ်စေလိမ့်မယ်။ လောကပေါ်မှာရှိနေတဲ့ နိုင်ငံအားလုံးက အရှင့်ရဲ့ ဟန့်တားမှုအောက်မှာ တုန်လှုပ်သွားကြလိမ့်မယ်။”

................

နောက်နေ့မှာတော့ ကျင်းနိုင်ငံ၏ အိမ်ရှေ့စံမင်းသားက တိကျသည့် သတင်းအချက်အလက်ကို ရရှိ၏။ ရှမ့်လန်က လူရာဂဏန်းနှင့် ရှေးဟောင်း ဧရာမဒူးလေး ဒါဇင်ပေါင်းအနည်းငယ်ကိုသာ ယူဆောင်လာခဲ့ပြီး သူက နဂါး၏ အရှိန်အဝါ ပစ်လွှတ်စင်ကိုတောင် ယူမလာခဲ့ချေ။

“ရှမ့်လန်က ဟန်ဆောင်နေရတာပဲ။ သူ့ရဲ့ အကန့်အသတ်ရှိတဲ့ စွမ်းအင်တွေက ကုန်ခမ်းနေပြီ။ သူက ခေါင်းဝှက်ပြီး အမြီးကို ဖော်ထားချင်နေတာပဲ။ ကျုပ်တို့ကို ခြိမ်းခြောက်ပြီး မောင်းထုတ်ဖို့ လျှို့ဝှက် ဆန်းကြယ်ချင်ယောင် ဆောင်နေတာပဲ။ ဒါက လူမိုက်တွေရဲ့ လမ်းစဉ်ပဲ။ သူ့မှာ ရှေးဟောင်း ဧရာမဒူးလေး ရှိတယ်၊ ဒါပေမဲ့ ကျုပ်တို့မှာလည်း ရှိတယ်။ သူ့မှာ ရှေးဟောင်း သံချပ်ကာ ရှိတယ်၊ ကျုပ်တို့မှာလည်း ရှိတယ်။ သူ့မှာ စွမ်းအင် ဗဟိုချက်တွေ ရှိတယ်၊ ဒါပေမဲ့ ကျုပ်တို့မှာလည်း ရှိတယ်။

ကောင်းကင်ပြစ်ဒဏ်နန်းဆောင်က သန်မာတဲ့ လျှို့ဝှက်စစ်တပ်နဲ့ ရှေးဟောင်းကိရိယာတွေကို တကယ်တမ်း ရင်းနှီးမြှုပ်နှံထားတာပဲ။ ဒီတစ်ခါ ကျုပ်တို့က ချောင်ပြည်နယ် စစ်တပ်ကို သုတ်သင်ရှင်းလင်းရုံတင်မကဘဲ ရှမ့်လန်ကိုပါ အနိုင်ယူရမယ်။ သူ့ကို မသတ်နိုင်ရင်တောင် ထွက်ပြေးအောင် လုပ်ရမယ်။ သူက လူရာဂဏန်း လောက်ကိုပဲ ခေါ်လာတာ။

ရှမ့်လန်က ဟန်ဆောင်ရတာကို စွဲလန်းနေပြီ။ ကျုပ်ရဲ့ စစ်တပ်သိန်းချီကို အမြစ်ပြတ်သုတ်သင်ပစ်မယ်လို့ သူ ပြောခဲ့တယ် မဟုတ်လား။ ဒီတစ်ခါတော့ သူက လောကကြီးရဲ့ ဟာသ ဖြစ်လာတော့မယ်။ အမည်ခံ တော်ဝင်ချန်အင်ပါယာ မင်းဆက်ဆိုတာကြီးကလည်း ဟာသ ဖြစ်လာတော့မှာပဲ။”

နောက်ပိုင်းမှာတော့ ကျင်းနိုင်ငံ၏ အိမ်ရှေ့စံမင်းသားက အသေးစိတ် အချက်အလက်ပေါင်း များစွာကို လက်ခံ ရရှိခဲ့၏။ ရှမ့်လန်၏ စစ်တပ် ဖွဲ့စည်းပုံနှင့် ရှေးဟောင်း ဧရာမဒူးလေး ဒါဇင်ပေါင်းများစွာ ပါဝင်ကြောင်းကိုပင် သတင်းရရှိသည်။

ရှမ့်လန်က ကီလိုမီတာ သောင်းပေါင်းများစွာ ခရီးနှင်ခဲ့ပြီး အဓိက လမ်းမကြီးများပေါ်တွင် သွားလာခဲ့၏။ သူ၏လမ်းကြောင်းကို ဖုံးကွယ်ထားရန် မဖြစ်နိုင်ပေ။ လမ်းတစ်လျှောက်လုံးတွင် မရေတွက်နိုင်သည့် သူလျှိုနှင့် ကင်းထောက်များ ရှိနေမည်မှာ သေချာ၏။

ကောင်းကင်ပြစ်ဒဏ်နန်းဆောင်၏ အကြီးအကဲ အမိန့်နှင့် ဧရာမ လင်းယုန်ကြီး နှစ်ကောင်က ကောင်းကင်ပေါ်သို့ ပျံတက်သွားခဲ့ပြီး တင်းယွမ်မြို့၏ ကောင်းကင်ယံဆီသို့ ဦးတည်၏။ သူတို့၏ ကျောပေါ်တွင် ထိပ်တန်းစစ်သည် နှစ်ဦး စီးနင်းလိုက်ပါသွား၏။ သူတို့က မှန်ပြောင်းကို သယ်ဆောင်သွားခဲ့ပြီး ကောင်းကင်ယံမှနေ၍ ရှမ့်လန်၏ စစ်တပ်အင်အားကို ကြည့်ရှုစစ်ဆေးကြသည်။

ဤလင်းယုန်မျိုးက တကယ်ကို တန်ဖိုးရှိသည့် သတ္တဝါမျိုးပင်။ ဤလောကကြီးထဲတွင် လင်းယုန်များစွာ ရှိသော်လည်း အလွန်သေးငယ်ပြီး စီးနင်း၍တော့ မရခဲ့ချေ။ ကျန်းလီ အနောက်တိုင်းမှ ပြန်လာစဉ် ဧရာမ ဥအချို့ကို သယ်ဆောင်လာခဲ့ပြီး ထိုအရာများမှ လင်းယုန်များ ပေါက်ဖွားခဲ့၏။ ဤဥများက မည်သည့်နေရာမှ ရရှိခဲ့သည်ကို မည်သူမှ မသိကြသော်လည်း ရှေးဟောင်း အပျက်အစီး တစ်ခုခုမှ ရရှိခဲ့ခြင်း ဖြစ်မည်ဟု ခန့်မှန်းနိုင်၏။

ဤလင်းယုန်များက ရှေးဟောင်းငှက်များပင်။ ဤလင်းယုန်များ ပေါက်ဖွားလာခဲ့ပြီးနောက် ကျန်းလီက တိုက်ပွဲတွင် ချက်ချင်း အသုံးမပြုခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် စစ်တပ်ဖွဲ့စည်းရန် အရေအတွက် နည်းပါးလွန်းသောကြောင့်ပင်။ သူက ဤလင်းယုန်များကို မျိုးပွားရန် နည်းလမ်းများ ရှာဖွေခဲ့ပြီး ဤလောကကြီးမှ လင်းယုန်များနှင့်ပင် မျိုးဆက်ခဲ့သေး၏။ သူက ကြီးမားသည့် လေတပ်ကြီးတစ်ခုခု မွေးမြူ တည်ဆောက်လိုခဲ့ပုံပင်။

ထိုအရာကို ကြည့်ခြင်းအားဖြင့် သူက အမျှော်အမြင် ကြီးမားသူဖြစ်ကြောင်း သိသာနိုင်၏။ အကယ်၍ ရှမ့်လန်သာ ဤလင်းယုန်များကို ရရှိခဲ့လျှင် သေချာပေါက် ကြွားလုံးထုတ်ပေလိမ့်မည်။

ဤလေတပ်အတွက် ကျန်းလီက လင်းယုန်များကို ယဉ်ပါးအောင် လေ့ကျင့်ပေးရန်နှင့် စီးနင်းမည့် စစ်သည်များကို လေ့ကျင့်ပေးရန် လူတစ်စုကိုပင် တာဝန်ပေးခဲ့ဖူး၏။ အနာဂတ်တွင် ဤလင်းယုန် လေတပ်က တော်ဝင်ချန်မင်းဆက် အင်ပါယာ၏ ကြီးမားသည့် အစိတ်အပိုင်းတစ်ခု ဖြစ်လာပေလိမ့်မည်။

သို့သော်ငြား ဒုတိယမျိုးဆက် လင်းယုန်များ ပေါက်ဖွားကာစ လေတပ်ပုံဖော်၍ မပြီးသေးခင်မှာပဲ ကျန်းက ရုတ်တရက် သေဆုံးသွားခဲ့၏။ ဧရာမ လင်းယုန် လေတပ်ကို အထူးပြုလေ့ကျင့်ပေးသော ကောင်းကင်စစ်သည်အဖွဲ့ကလည်း သဘာဝလွန်အင်အားစုများ၏ ကြားထဲတွင် လုံးဝ ခွဲဝေယူခြင်း ခံလိုက်ရ၏။

ကောင်းကင်ပင်လယ်နန်းဆောင်နှင့် စေတီတောင်တို့က အစိတ်အပိုင်း အနည်းငယ်ကို ရရှိခဲ့ကြသည်။ ကောင်းကင်ပြစ်ဒဏ်နန်းဆောင်က တော်ဝင်နန်းတွင်း မိသားစုနှင့် ရင်းနှီးသော ဆက်ဆံရေး ရှိသောကြောင့် ပိုမို များပြားသည့် အစိတ်အပိုင်းများကို ရရှိခဲ့သည်။

တော်ဝင်ရန်အင်ပါယာက ဤမဟာဗျူဟာမြောက် အစိတ်အပိုင်းများကို သိမ်းဆည်းထားခဲ့ပြီး ဤလေတပ်ကို လေ့ကျင့်ပေးရန် စတုရန်းကီလိုမီတာ သောင်းပေါင်းများစွာ ကျယ်ဝန်းသော တောင်တန်းတစ်ခုလုံးကို ပိတ်ဆို့ထား ခဲ့ဖူး၏။

ကောင်းကင်ပြစ်ဒဏ်နန်းဆောင်မှ လင်းယုန်နှစ်ကောင်က ရှမ့်လန်၏ စစ်တပ်အထက်တွင် ဝဲပျံနေ၏။ မီတာ ထောင်ချီအမြင့်တွင် ရှိသောကြောင့် မည်သည့် လက်နက်မှ လှမ်းမမီနိုင်ပေ။ ကောင်းကင်ပင်လယ် နန်းဆောင်မှ ရရှိထားသည့် လေကြောင်းရန် ကာကွယ်ရေး ဧရာမ ဒူးလေးကြီးများက မြင့်မားသည့် အခြေအနေထိ ရောက်အောင် ပစ်ခတ်နိုင်သော်လည်း လင်းယုန်များ၏ ပျံသန်းမှုများက မြန်ဆန်သောကြောင့် ပစ်မှတ်ကို ချိန်ရန် မဖြစ်နိုင်ပေ။

...

အပိုင်း (၁၀၂၄)

ကောင်းကင်ပြစ်ဒဏ်နန်းဆောင်က တော်ဝင်ချန်အင်ပါယာနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို ကျင်းနိုင်ငံ အိမ်ရှေ့စံမင်းသားသို့ ဆက်တိုက်ဆိုသလို ပေးပို့နေ၏။

“ရှမ့်လန်ရဲ့ စစ်တပ်ထဲမှာ အသန်မာဆုံးသော အထူးစစ်သည် ၂၅ ယောက် ရှိတယ်။ သူတို့က ရှေးဟောင်း သံချပ်ကာတွေကို ဝတ်ဆင်ထားခဲ့ပြီး အားလုံးက ကောင်းကင်ပင်လယ်နန်းဆောင်က သိမ်းပိုက်ရရှိထားတဲ့ အရာတွေပဲ။

အထက်တန်းလွှာ သိုင်းပညာ တပ်ဖွဲ့မှာတော့ လူသုံးရာလောက် ရှိတယ်၊ ကောင်းကင်ပင်လယ်နန်းဆောင်ရဲ့ သွေးဝိညာဉ်သံချပ်ကာ အသစ်တွေကို ဝတ်ဆင်ထားတယ်။ ရှေးဟောင်းလေးမြားများကိုလည်း ကိုင်ဆောင် ထားကြတယ်။ ပြီးတော့ အမြောက်ဆံပစ်ခတ်မှုကို ကျွမ်းကျင်တဲ့ အနောက်တိုင်းစစ်သည် နှစ်ရာလည်း ပါတယ်။

ရှမ့်လန်က ဧရာမ ဒူးလေးကြီးတွေကို ပြုပြင်မွမ်းမံပြီး ပေါက်ကွဲစေတဲ့ပစ္စည်း အများအပြားကို ထည့်သွင်းထား ခဲ့တယ်။ ဒါကြောင့် သမားရိုးကျ မဟုတ်တဲ့ အမြောက်အဖြစ် ပြောင်းလဲသွားခဲ့တယ်။ အရမ်းကို စွမ်းအား မြင့်မားတယ်။ ပစ်ခတ်နိုင်စွမ်း မြင့်မားပြီး တိကျမှုနှုန်းကလည်း ကြီးမားတယ်။ ရှေးဟောင်း ဧရာမဒူးလေး တွေက အမြောက်တွေထက် ပိုလေးပြီး ပိုကြီးပေမဲ့ ဖြုတ်တပ်လို့ ရတာကြောင့် သယ်ယူပို့ဆောင်ရတာလည်း လွယ်ကူတယ်။

ရှမ့်လန်က အချင်း ၂ မီတာ အောက်မှာရှိတဲ့ စွမ်းအင်ဗဟိုချက် တစ်ခုကိုလည်း ယူဆောင်လာသေးတယ်။ အဲဒါက ရှေးဟောင်းလက်နက် ကရိယာအားလုံးရဲ့ စွမ်းအင်အရင်းအမြစ် ဖြစ်လာလိမ့်မယ်။ ကျုပ်တို့ရဲ့ တွက်ချက်မှုအရ ရှမ့်လန်က ဧရာမမြားတွေနဲ့ အမြောက်ဆန် အားလုံးနီးပါးကို တစ်ခါတည်း ပစ်ထုတ်လိုက်တာကြောင့် သိပ်မကျန်လောက်တော့ဘူး။”

.................

ကျင်းနိုင်ငံ၏ အိမ်ရှေ့စံမင်းသားနှင့်အတူ အိမ်ရှေ့စံ၏ ဆရာတော်ဝေရီရှင်းလည်း ပါ၏။ သူ၏သမီးက ကျင်းဘုရင်နှင့် လက်ထပ်ထားပြီး ကိုယ်လုပ်တော် ဖြစ်နေ၏။ သူက ဘုရင်မင်းမြတ်၏ ယောက္ခမလည်း ဖြစ်သည်။

“အရှင်မင်းသား... လောကတစ်ခုလုံးက အခု ကျုပ်တို့ကို စောင့်ကြည့်နေတယ်။ အထူးသဖြင့် တော်ဝင်ရန်အင်ပါယာနဲ့ ချန်နိုင်ငံသစ်တွေပဲ။”

ဝေရီရှင်းက ပြော၏။ “အင်ပါယာရဲ့ ဝူမင်းသား ဦးဆောင်တဲ့ စစ်သည်သိန်းချီက ဝူပြည်နယ်နယ်စပ်မှာ ဖြန့်ကြက်ထားခဲ့ပြီးပြီ။ ချန်နိုင်ငံသစ်ရဲ့ စစ်သည်သိန်းချီက ချောင်ပြည်နယ်ရဲ့ မြောက်ဘက်နယ်စပ်၊ ချန်နိုင်ငံသစ်နဲ့ လျန်နိုင်ငံရဲ့ စစ်သည်သိန်းချီကလည်း တော်ဝင်အင်ပါယာ ကာကွယ်ရေး စည်းဝိုင်းမှာ၊ ချန်နိုင်ငံသစ်ရဲ့ တပ်ဖွဲ့တွေကိုလည်း ရွှဲ့ပြည်နယ်ရဲ့ ကျန်းယွမ်မြို့ အသီးသီးမှာ နေရာချထားခဲ့ပြီးပြီ။”

ဝေရီရှင်းပြောသည်က မှန်၏။ လက်ရှိ အခြေအနေက ဆံပင်တစ်ပင်ကို ဆွဲလိုက်လျှင်ပင် တစ်ကိုယ်လုံး လှုပ်ခတ်သွားမည့် အခြေအနေမျိုးပင်။ တော်ဝင်ရန်အင်ပါယာ တစ်ခုလုံးနှင့် နိုင်ငံပေါင်း ဒါဇင်နှင့်ချီ များပြားသည့် စစ်တပ်ကြီးက ဝူ၊ ချောင်၊ ရွှဲ့ သုံးပြည်လုံးကို ဝန်းရံထား၏။ အမိန့်တစ်ချက် ပေးလိုက်သည်နှင့် ထိုသုံးပြည်ထောင်လုံးကို လွှမ်းမိုးဖျက်ဆီးနိုင်ပေသည်။

ယခု သူတို့ အတည်ပြုရမည့် တစ်ခုတည်းသော အချက်ကတော့ ရှမ့်လန်တွင် အဖျက်စွမ်းအား ကြီးမားသည့် လက်နက်များ ကျန်ရှိနေသေးသလား ဆိုသည်ကိုပင်။ လောကကြီးတစ်ခုလုံး၏ အာရုံစူးစိုက်မှုက တင်းယွမ်မြို့၏ စစ်မျက်နှာပြင်ပေါ် ရောက်ရှိနေ၏။

အကယ်၍ ရှမ့်လန်က နောက်ထပ် ချက်ချင်း သတ်ဖြတ်မှုမျိုးကို ပြုလုပ်နိုင်ခဲ့လျှင် စစ်တပ်အားလုံးက ကြောက်လန့်သွားပြီး နောက်ထပ် ခြေတစ်လှမ်းတောင် တိုးရဲကြတော့မည် မဟုတ်ချေ။ အကယ်၍ ရှမ့်လန် ချက်ချင်း မသတ်နိုင်ခဲ့ပါက ချောင်၊ ဝူနှင့် ရွှဲ့ ပြည်နယ် သုံးခုလုံးက ပျက်စီးရပေလိမ့်မည်။

“ကျုပ်တို့ဆီမှာ တိကျတဲ့ သတင်းအချက်အလက် ရထားပြီးပြီ။ ရှမ့်လန်ဆီမှာ နဂါးနောင်တ တစ်ခုပဲ ရှိတယ်။ ဒုတိယမြောက် မဟာဗျူဟာမြောက် တိုက်ခိုက်မှုကို လုပ်ဖို့ မဖြစ်နိုင်ဘူး။”

ဝေရီရှင်းက ပြောသည်။ “ချောင်ပြည်နယ်မှာ စစ်သည် ထက်ဝက်အောက်ပဲ ကျန်တော့တာမို့ စိုးရိမ်စရာ မလိုဘူး။ ရှမ့်လန်ဆီမှာ ရှေးဟောင်း ဧရာမဒူးလေး ကျည်ဆန်တွေ သိပ်မကျန်တော့လို့ စိုးရိမ်စရာ မရှိဘူး။ ကျုပ်တို့ စိုးရိမ်ရမဲ့ တစ်ခုတည်းသော အရာကတော့ သူ့ရဲ့ ထိပ်တန်း အထက်တန်းလွှာ ရာဂဏန်းပဲ။”

ကျင်းနိုင်ငံ အိမ်ရှေ့စံမင်းသားက မေး၏။ “အသန်မာဆုံး ရှေးဟောင်း သံချပ်ကာတွေ၊ ပြီးတော့ သွေးဝိညာဉ်တပ်ရဲ့ သံချပ်ကာအသစ်တွေ၊ အဲဒါကို လျှို့ဝှက်သတ္တုစပ်နဲ့ သွန်းလုပ်ထားရုံတင်မကဘူး၊ ရွှေနက်လွှာကိုပါ အုပ်ထားသေးတယ်။ စေတီတောင်မှာ ဒီလိုလက်နက်တွေ အများကြီး ရှိတယ်။ သူတို့က ကျုပ်တို့ကို မကူညီတော့ဘူးလား။”

ဝေရီရှင်းက ပြောသည်။ “စေတီတောင် ပြောင်းလဲသွားပြီ။ တောင်ပင်လယ်က ရှေးဟောင်း အပျက်အစီးကို ရပြီးတဲ့နောက်မှာ သူတို့က ဒုတိယ ကျောက်စိမ်းဖြူမြို့တော် ဖြစ်ချင်နေတဲ့ ပုံပဲ။ ဒါပေမဲ့ ကောင်းကင်ပြစ်ဒဏ် နန်းဆောင်ကတော့ ကျုပ်တို့ကို စိတ်ပျက်စေမှာ မဟုတ်ဘူး။ သူတို့က ရှမ့်လန်ကို သုတ်သင်ရှင်းလင်းရမယ့် ဂုဏ်ယူမှုကို စွန့်လွှတ်ချင်မှာ မဟုတ်ဘူး။ ပြီးတော့ ရှမ့်လန်က သူတို့ရဲ့ မြို့တစ်မြို့လုံးကို သတ်ဖြတ်ခဲ့ဖူးတယ်။”

ကျင်းနိုင်ငံ အိမ်ရှေ့စံမင်းသားက မျက်မှောင်ကြုတ်နေဆဲပင်။ သူက ဖြည်းညင်းစွာ ပြော၏။ “ဆရာ... ဒီရက်ပိုင်းမှာ အခြေအနေ သိပ်မကောင်းဘူး။”

ဝေရီရှင်းက ပြောသည်။ “ဟုတ်တယ်.. အခြေအနေ သိပ်မကောင်းဘူး။ ရှမ့်လန်ကို ဖျက်ဆီးပြီးနောက် ဖြစ်လာမယ့် အခြေအနေကို ကျုပ်တို့ စဉ်းစားသင့်ပြီ။ အခု ဘာပဲပြောပြော ရှမ့်လန်က ဟန်ဆောင်နေတာ၊ သူ့ဆီမှာ နဂါးနောင်တ မရှိတော့ဘူး။ ဒါကြောင့် ဝူ၊ ချောင်၊ ရွှဲ့ သုံးပြည်လုံး ပျက်စီးဖို့ သေချာနေပြီ။”

“တော်ဝင်အင်ပါယာက ဒီသုံးပြည်ထောင်ကို လုံးဝ သိမ်းပိုက်ပြီး ပြည်နယ်တွေအဖြစ် ပြောင်းလဲပေးလိမ့်မယ်။ အဲဒီအချိန်ကျရင် ချန်နိုင်ငံသစ်က စေတီတောင်နဲ့ ပူးပေါင်းပြီ။ ကောင်းကင်ပင်လယ်နန်းဆောင်က အရှေ့တိုင်း လောကကနေ လုံးဝ ဆုတ်ခွာပြီး အနောက်ပိုင်းလောကက တော်ဝင်သဲကန္တာရကို သွားပြီး စူးစမ်းရှာဖွေနေ လိမ့်မယ်။ ကျုပ်တို့က လောကမှာ နံပါတ်တစ် ပဒေသရာဇ် နိုင်ငံပါပဲ။ လက်အောက်ခံ နိုင်ငံတွေကို ပေါင်းထည့်လိုက်ရင် ကျုပ်တို့ရဲ့ နယ်မြေက ဝူ၊ ချောင်၊ ရွှဲ့ သုံးပြည်ထောင် ပေါင်းထားတာနဲ့ ညီမျှပါတယ်။”

ကျင်းနိုင်ငံ၏ အိမ်ရှေ့စံမင်းသားက ပြော၏။ “သဘာဝလွန် အင်အားစုတွေနဲ့ သေမျိုးဘုရင်တွေရဲ့ အာဏာ ပေါင်းစပ်ခြင်းက တကယ်ကို စစ်မှန်တဲ့ လမ်းစဉ်ပဲ။ ဒါပေမဲ့ ကောင်းကင်ပြစ်ဒဏ်နန်းဆောင်က တော်ဝင်ရန်မြို့တော်ရဲ့ အမိန့်ကို လုံးဝ နာခံတယ်။ အစွမ်းထက်တဲ့ စေတီတောင်နဲ့ ချန်နိုင်ငံသစ် ပူးပေါင်းလိုက်တာက အထူး အင်အားကြီး အဖွဲ့အစည်းတစ်ခု ဖြစ်လာလိမ့်မယ်။ ကောင်းကင်ပင်လယ် နန်းဆောင်က ဆုတ်ခွာသွားပြီး ကျောက်စိမ်းမြို့တော်က မြင့်မြတ်လွန်းနေသေးတယ်။ ကျုပ်တို့အတွက် ကျန်တာက တုံ့ကျန်းဘုရားကျောင်းပဲ ရှိတော့တယ်။”

ဝေရီရှင်းက ပြောသည်။ “ရှန့်ကုန်းဘုရားကျောင်းလည်း ရှိပါသေးတယ်။ တုံ့ကျန်းဘုရားကျောင်းက အားနည်း လွန်းတယ်။ ဒါပေမဲ့ သူတို့နှစ်ခုက ကျုပ်တို့ ကျင်းနိုင်ငံနဲ့ ပေါင်းစည်းလိုက်မယ်ဆိုရင် ရင်ကွမ်းကို မနိုင်ဘူး ဆိုရင်တောင် ယှဉ်ပြိုင်နိုင်အုံးမှာပဲ။ လောကကြီးက မျှခြေတစ်ခုဆီ ရောက်သွားလိမ့်မယ်။”

ကျင်းနိုင်ငံ၏ အိမ်ရှေ့စံမင်းသားက ပြော၏။ “အင်း... ဒါက သုံးပြည်ထောင် ဇာတ်လမ်းတစ်ခုလိုတောင် ဖြစ်နေပြီ။”

ဝေရီရှင်းက ပြောသည်။ “အတိုချုပ် ပြောရမယ်ဆိုရင် ရှမ့်လန်ကို ဖျက်ဆီးသတ်ဖြတ်ပြီးတဲ့နောက် ဖြစ်လာနိုင်တဲ့ အခြေအနေကို ကျုပ်တို့ စဉ်းစားရမယ်။ ဒါက ရှားပါးတဲ့ အခွင့်အရေး တစ်ခုပဲ။ ကျုပ်တို့ တစ်ခု စဉ်းစားရအုံးမယ်။ ရှမ့်လန်ကို အနိုင်ယူမှာလား ဒါမှမဟုတ် ရှမ့်လန်ကို သတ်မှာလား ဆိုတာပဲ။”

ကျင်းနိုင်ငံ၏ အိမ်ရှေ့စံမင်းသား မျက်လုံးများက ကျဉ်းမြောင်းသွားသည်။ သူက ပြောလိုက်၏။ “ဘေးနားမှာ ချောင်ယောင်းအာ ရှိတယ်။ သူ့ကို သတ်ဖို့ မလွယ်ဘူး။”

ဝေရီရှင်းက ပြောသည်။ “ဒါပေမဲ့ ချောင်ယောင်းအာ တစ်ယောက်တည်း ရှိတာပဲ။ သူ့ရဲ့ ဘေးနားမှာ ကျွမ်းကျင်သူ အယောက် ၂၀ ထက် ပိုမရှိနိုင်ဘူး။ ပြီးတော့ ရှမ့်လန်က ရှေးဟောင်း စွမ်းအင် ဗဟိုချက်ကို သုံးပြီး ကောင်းကင်ပင်လယ်နန်းဆောင်ရဲ့ စာကြည့်တိုက်ကို လုံးဝ သုတ်သင်နိုင်ခဲ့တယ်။ အကယ်၍ ကျုပ်တို့ ရှေးဟောင်း စွမ်းအင် ဗဟိုချက် တစ်ခုကို ဖောက်ခွဲနိုင်ရင် ရှမ့်လန်က လွတ်မြောက်နိုင်ပါ့မလား။”

ကျင်းနိုင်ငံ၏ အိမ်ရှေ့စံမင်းသား မျက်နှာက တုန်ခါသွား၏။ သူက ပြောလိုက်၏။ “သူ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး။ စွမ်းအင် ဗဟိုချက် ပေါက်ကွဲတာကို မပြောနဲ့။ နေရောင်ခြည် နည်းနည်းလောက် ထိရင်တောင် သူက သေနိုင်တဲ့လူပဲ။ သူက မိန်းမတစ်ယောက်ထက်တောင် ပိုပြီး နုနယ်သေးတယ်။ သူနဲ့ ချောင်ယောင်းအာ ကိစ္စတစ်ခုခု လုပ်ရင်တောင် သတိထားရလိမ့်မယ်လို့ ကျုပ် သံသယရှိတယ်။ မဟုတ်ရင် သူ အရိုးပေါ် အရေတင်ပဲ ကျန်လိမ့်မယ်။”

ဝေရီရှင်းက ပြောသည်။ “ဒါဆို အဓိက မေးခွန်းက ဒီမှာပဲ။ ရှမ့်လန်ကို အနိုင်ယူရုံပဲလား။ ဒါမှမဟုတ် ရှမ့်လန်ကို သတ်မှာလား။”

ကျင်းနိုင်ငံ၏ အိမ်ရှေ့စံမင်းသားက ပြော၏။ “ယုတ္တိဗေဒအရ ပြောရမယ်ဆိုရင် သူ့ကို နုရှောင့်မြို့ကို ထွက်ပြေးခွင့် ပေးရမယ်။ တော်ဝင်ရန်အင်ပါယာနဲ့ ဆက်ပြီး ရန်ဖြစ်စေချင်တယ်။ ဒီလိုဆိုရင် အင်ပါယာက ကျုပ်တို့ ကျင်းနိုင်ငံကို မျက်စိကျတော့မှာ မဟုတ်ဘူး။”

ဝေရီရှင်းက ပြောသည်။ “ဒါက အပေါ်ယံ အတွေးအခေါ် တစ်ခုပဲ။ ပိုပြီး နက်ရှိုင်းတဲ့ အတွေးအခေါ် တစ်ခုကတော့ အခွင့်အရေးယူပြီး ရှမ့်လန်ကို သတ်၊ ပြိုင်ဘက်ကင်းတဲ့ ကုသိုလ်ကောင်းမှုကို ပြုလုပ်ပြီး အရှင် အင်ပါယာဆီကို လုံးဝ သစ္စာခံလိုက်ဖို့ပဲ။

နောက်တစ်ဆင့်က တုံ့ကျန်းဘုရားကျောင်းနဲ့ ရှန့်ကုန်းဘုရားကျောင်းကို စည်းရုံးဖို့ နည်းလမ်းရှာရမယ်။ ဒါက ဒုတိယအဆင့်။ တတိယအဆင့်ကတော့ တော်ဝင်ရန်အင်ပါယာရဲ့ ခြေရာကို လိုက်ပြီး တတိယညီအစ်ကိုက ပထမညီအစ်ကိုနဲ့ ပေါင်းပြီး ဒုတိယညီအစ်ကိုကို တိုက်ခိုက်တဲ့ ဇာတ်လမ်းမျိုးကို ကပြဖို့ပဲ။

စေတီတောင် အကြီးအကဲက ဒီတစ်ခါမှာ သဘာဝလွန် အဖွဲ့အစည်း ညီလာခံကို မတက်ဘူးလို့ ကောလာဟလတွေ ရှိတယ်။ တကယ်တမ်းကျတော့ သူက ရင်ဝူမင်ကို စေလွှတ်လိမ့်မယ်။ ဒါက မီးတောက်မြို့ကို ဒေါသထွက်စေမှာ သေချာတယ်။ အကယ်၍ ကျုပ်တို့က ရှမ့်လန်ကို သတ်ချင်ယောင်ဆောင် မယ်ဆိုရင် အင်ပါယာရဲ့ အကြည့်က ကျုပ်တို့ဆီ သေချာပေါက်ရောက်ပြီ။

အရေးကြီးဆုံးက ရှမ့်လန်ဆိုတာက ယဉ်ပါးအောင် လုပ်လို့မရတဲ့ တောခွေးရိုင်း တစ်ကောင်ပဲ။ ကျုပ်တို့ ကျင်းနိုင်ငံက လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်က တိုက်ခိုက်တဲ့အချိန်မှာ ပင်မ အင်အားစု ဖြစ်ခဲ့တယ်။ သူတို့ရဲ့ နယ်မြေ စတုရန်းကီလိုမီတာ သိန်းချီကိုတောင် သိမ်းပိုက်နိုင်ခဲ့တယ်။ ဒီအမုန်းတရားက ပြေလည်မှာ မဟုတ်ဘူး။”

ကျင်းနိုင်ငံ အိမ်ရှေ့စံမင်းသားက မျက်လုံးကို မှိတ်ထားပြီး နက်နက်နဲနဲ စဉ်းစားနေ၏။ ပြီးနောက် သူက စားပွဲကို ပုတ်ကာ ပြော၏။ “ကောင်းပြီ။ ဆုံးဖြတ်လိုက်ပြီ။ ရှမ့်လန်ကို သတ်မယ်။ ဆရာတော် ခွန်ဟုန်... ဒါက ရှားပါးတဲ့ အခွင့်အရေးပါပဲ။ ကျုပ်တို့ ရှမ့်လန်ကို သတ်ဖို့ ဆုံးဖြတ်လိုက်ပြီ။”

ကျင်းနိုင်ငံ၏ အိမ်ရှေ့စံမင်းသားက ပြောသည်။ “တုံ့ကျန်းဘုရားကျောင်းနဲ့ ရှမ့်လန်က သွေးကြွေး ရှိတယ် မဟုတ်လား။ ကူညီနိုင်မလား။”

တုံ့ကျန်းဘုရားကျောင်း၏ အကြီးအကဲ ခွန်ဟုန်က မေး၏။ “ဘယ်လို ကူညီရမှာလဲ။”

ကျင်းနိုင်ငံ၏ အိမ်ရှေ့စံမင်းသားက ပြောလိုက်သည်။ “စွမ်းအင် ဗဟိုချက် တစ်ခုကို ဖောက်ခွဲပြီး ရှမ့်လန်၊ သူ့ရဲ့ အထူးစစ်သည်တွေနဲ့ အထက်တန်းလွှာ ရာဂဏန်းလောက်ကို သတ်ပစ်ရမယ်။”

တုံ့ကျန်းဘုရားကျောင်း၏ အကြီးအကဲက ပြော၏။ “စွမ်းအင် ဗဟိုချက်တွေက အရမ်း တန်ဖိုးကြီးတယ်။ တခြား သဘာဝလွန် အဖွဲ့အစည်းတွေမှာ အများကြီး ရှိကောင်းရှိနိုင်ပေမဲ့ တုံ့ကျန်းဘုရားကျောင်းမှာတော့ သိပ်မရှိဘူး။ စွမ်းအင်ဗဟိုချက် အများစုကို ကျန်းလီက တော်ဝင်ကပ်ဘေးဘုရားကျောင်းကို အနိုင်ယူပြီးတဲ့ နောက်မှာ ကျုပ်တို့ကို ပေးခဲ့တာပါပဲ။”

ကျင်းနိုင်ငံ၏ အိမ်ရှေ့စံမင်းသားက ပြောသည်။ “အဲဒါက အသင့်တော်ဆုံး နည်းလမ်းပဲလေ။ ကျန်းလီပေးခဲ့တဲ့ စွမ်းအင် ဗဟိုချက်ကို သုံးပြီး ကျန်းလီရဲ့ သားကို သတ်ပစ်ရမယ်။”

တုံ့ကျန်းဘုရားကျောင်း၏ အကြီးအကဲက ပြော၏။ “ဒီကိစ္စက အရမ်း အရေးကြီးတယ်။ ကျုပ် ပြန်ပြီး သတင်းပို့ရအုံးမယ်။”

ကျင်းနိုင်ငံ၏ အိမ်ရှေ့စံမင်းသားက ပြောလိုက်သည်။ “သဘာဝလွန် အဖွဲ့အစည်း ညီလာခံက ကျင်းပတော့မယ်။ အရင်းအမြစ် ခွဲဝေမှုတွေ ရှိလာလိမ့်မယ်။ ခင်ဗျားတို့ စွမ်းအင် ဗဟိုချက် တစ်ခုကို သုံးလိုက်ရင် ကျင်းနိုင်ငံက နှစ်ခု ပြန်ပေးဖို့ နည်းလမ်းရှာပေးပါ့မယ်။ လောကမှာ စွမ်းအင် ဗဟိုချက် နည်းပါးတယ် ဆိုပေမဲ့ ကျုပ်တို့ဆီမှာ လုံးဝ မရှိတာမျိုးတော့ မဟုတ်ပါဘူး။”

တုံ့ကျန်းဘုရားကျောင်း၏ အကြီးအကဲ ခွန်ဟုန်က ပြော၏။ “သဘောတူတယ်။”

.................

ဤတိုက်ပွဲမှာတော့ တုံ့ကျန်းဘုရားကျောင်းက စွမ်းအင်ဗဟိုချက် တစ်ခုကို ယူဆောင်လာခဲ့ပြီး ကောင်းကင် ပြစ်ဒဏ်နန်းဆောင်က တစ်ခု ယူဆောင်လာ၏။ အဓိကအားဖြင့် ရှေးဟောင်း လေးမြားများအတွက် စွမ်းအင် ထောက်ပံ့ပေးရန်ပင်။ တုံ့ကျန်းဘုရားကျောင်းက တစ်ညတည်းဖြင့် စွမ်းအင် ဗဟိုချက်၏ ပုံပန်းသဏ္ဍာန်ကို ပြောင်းလဲ၍ သူတို့က ထိုအရာကို အထူးရထားလုံးတစ်လုံးပေါ်တင်ကာ မြို့သိမ်းယာဉ်အဖြစ် ရုပ်ဖျက်ထားသည်။

“အရှင်မင်းသား... ကောင်းကင်ပြစ်ဒဏ်နန်းဆောင်ရဲ့ အထူးစစ်သည်တွေ ရောက်လာပြီ။ စုစုပေါင်း အယောက် တစ်ရာကျော် ရှိပါတယ်။ အားလုံးက ရှေးဟောင်း သံချပ်ကာတွေကို ဝတ်ဆင်ထားပါတယ်။ တုံ့ကျန်း ဘုရားကျောင်းရဲ့ အထူးစစ်သည်တွေ ရောက်လာပါပြီ။ အားလုံး ၅၀ ရှိပါတယ်။ အားလုံးက ရှေးဟောင်း သံချပ်ကာတွေကို ဝတ်ဆင်ထားပါတယ်။

ပြီးတော့ ကောင်းကင်ပြစ်ဒဏ်နန်းဆောင်က ကောင်းကင်ပြစ်ဒဏ် သွေးဝိညာဉ် စစ်သည်သုံးထောင်ကို စေလွှတ်လိုက်တယ်။ အားလုံးက ရွှေနက်သံချပ်ကာတွေကို ဝတ်ဆင်ထားတယ်။ ဖောက်ထွင်းလို့မရ၊ ဖျက်ဆီးလို့လည်း မရပါဘူး။ အားလုံးက ရှေးဟောင်းလေးမြားတွေ ကိုင်ဆောင်ထားခဲ့ကြပါတယ်။”

ကျင်းနိုင်ငံ၏ အိမ်ရှေ့စံမင်းသားက ထွက်ကာ ကြိုဆို၏။

အစွမ်းထက်သည့် လျှို့ဝှက်စစ်သည်၊ ထိပ်တန်း အရာရှိများ ရောက်ရှိလာခဲ့၏။ အထူးသဖြင့် အထူးစစ်သည်များကပင် ရှမ့်လန်ထက် ၇ ဆ ပိုများ၏။ ကောင်းကင်ပြစ်ဒဏ် နန်းဆောင်မှ သွေးစစ်သည် သုံးထောင်နှင့် မူလ လျှို့ဝှက်စစ်သည် ၄၅၀၀ က ရှမ့်လန်ကို ချေမှုန်းရန် ဆိုသည်က လုံလောက်သည်။

ရက်အနည်းငယ်အတွင်း အနောက်ပိုင်းနိုင်ငံများမှ တပ်ဖွဲ့များက ဆက်တိုက် ချီတက်လာပြီး ကျင်းနိုင်ငံ အိမ်ရှေ့စံမင်းသား ဦးဆောင်သည့် အနောက်ပိုင်းစစ်တပ်နှင့် ပူးပေါင်းကြခြင်းပင်။ ထို့ကြောင့် ရက်အနည်းငယ်ကြာ ပြင်းထန်သည့် တိုက်ပွဲများ ဖြစ်ပြီးနောက် အနောက်ပိုင်း စစ်တပ် အရေအတွက်က တိုးလာပြီး အံ့မခန်း ခြောက်သိန်းဝန်းကျင်အထိပင် ရောက်ရှိလာ၏။

ပြည့်ကျပ်လျက်ရှိနေသည့် စစ်စခန်းများက ဤကျယ်ပြောလှသည့် သဲကန္တာရ အပေါ်တွင် မိုင်ပေါင်း ရာချီ ရှည်လျားပြီး အဆုံးအစကိုပင် မမြင်နိုင်လောက်အောင် ဖြစ်နေ၏။ စစ်စခန်းကြီး၏ တည်နေရာ စုစုပေါင်းက တင်းယွမ်မြို့ထက် အဆပေါင်းများစွာ ပိုကြီး၏။ ဘီလူးကြီးတစ်ကောင်က ခြုံငုံကာ လွှမ်းခြုံထားသကဲ့သို့ပင်။

ကျင်းနိုင်ငံ၏ အိမ်ရှေ့စံမင်းသားက စင်မြင့်ပေါ်တွင် ရပ်ကာ စိတ်လှုပ်ရှားနေ၏။ စုစုပေါင်း စစ်သည် ခြောက်သိန်းကျော် ရှိ၏။ ဤသည်က သူ၏လက်ထဲတွင် မကြုံစဖူး အင်အားကြီးပင်။ ဝူ၊ ချောင်၊ ရွှဲ့ သုံးပြည်နယ်လုံးကို သုတ်သင်ရှင်းလင်းပစ်ရန် လုံလောက်သည်။

“ရင်ဝူမင်... ဝူမင်းသား... ခင်ဗျားတို့ ကျုပ်ရဲ့ အချက်ပေးမှုကို စောင့်နေကြမှန်း ကျုပ် သိတယ်။ ဒါပေမဲ့ ကျုပ် ခင်ဗျားတို့ကို အခွင့်အရေး ပေးမှာမဟုတ်ဘူး။ ဒီနေရာမှာ ရှိနေတဲ့ ကောင်းမှုကုသိုလ် အားလုံးက ကျုပ် လုပ်တာပဲ။ တော်ဝင်ချန်အင်ပါယာ မင်းဆက်ကို ဖျက်ဆီး၊ ရှမ့်လန်ကို သတ်မယ်။”

ဤသည်က ကျင်းနိုင်ငံ အိမ်ရှေ့စံမင်းသား၏ ကြွေးကြော်သံအသစ်ပင်။

..............

ရှမ့်လန်၏ အသက်ရှူသံများက ဤအချိန်တွင် တုန်ယင်လျက် ရှိ၏။ သူ ခန့်မှန်းထားသည်မှာ ၂၈ နာရီ ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း ကြယ်တံခွန် ဝင်တိုက်မှုက ရောက်မလာသေးချေ။ နောက်ပိုင်း အချိန်ကာလက ရှမ့်လန်က ကြယ်တံခွန်၏ လမ်းကြောင်းကို လေ့လာရန် မှန်ပြောင်းရှေ့တွင် တစ်ချိန်လုံး ရှိနေ၏။ ထိုအရာ၏ အလင်းရောင်က မှေးမှိန်လာသောကြောင့် ညဘက်တွင် ရှင်းလင်းစွာ မမြင်ရတော့ပေ။

၂၄ နာရီ ကုန်ဆုံးသွားခဲ့သော်လည်း ကြယ်တံခွန်က ဝင်မတိုက်သေးချေ။ ၄၈ နာရီ ကုန်ဆုံးသွားသော်လည်း ဝင်တိုက်မှု မရှိသေးချေ။

ရှမ့်လန်နှင့် နတ်ဆရာမ ရှယ်လီတို့က ထိတ်လန့်နေ၏။ ဤသို့ မဖြစ်သင့်ချေ။ ရှမ့်လန် သတ်မှတ်ထားသည့် အချိန်ထက် ကျော်လွန်သွားပြီ ဖြစ်၏။ သို့သော်လည်း ကြယ်တံခွန် ဝင်တိုက်မှုက ဖြစ်မလာသေးချေ။ ဘာတွေ ဖြစ်နေသနည်း။

ရှမ့်လန်က နက္ခတ္တဗေဒသုံး မှန်ပြောင်းသုံးခုကို တပ်ဆင်ပြီး ချောင်ယောင်းအာကို ကောင်းကင် စောင့်ကြည့်ရာ၌ ပါဝင်စေ၏။ သူမက ဘယ်တော့မှ မနာလိုခြင်းမရှိသလို၊ အဝတ်အစား ဝတ်ရသည့်ကို မကြိုက်နှစ်သက်သည့် နတ်ဆရာမကြီး ရှယ်လီကိုလည်း လျစ်လျူရှုထားတတ်သေး၏။

“သူက ပိုပိုပြီး နှေးလာတယ်။” ချောင်ယောင်းအာက ပြောသည်။

နတ်ဆရာမ ရှယ်လီက ပြော၏။ “ဒါ... ဒါ မဖြစ်နိုင်ပါဘူး။”

ကြယ်တံခွန်၏ အမြန်နှုန်းက ကိန်းသေတစ်ခု မဟုတ်ချေ။ အဘယ်ကြောင့်ဆိုသော် ဆွဲငင်အား၏ သက်ရောက်မှုကို ဆက်တိုက် ခံနေရသောကြောင့်ပင်။ သို့သော်လည်း ကောင်းကင်ပေါ်ရှိ မီးနဂါးကြယ်တံခွန်က ဆက်တိုက် နှေးကွေးလာပုံရ၏။ ဤအရာက ပုံမှန်မဟုတ်ချေ။

ထိုအချိန်မှာပဲ ရှမ့်လန်၏ မှန်ပြောင်းက ရုတ်တရက် လင်းထိန်သွား၏။ မီးနဂါးကြယ်တံခွန်က အပိုင်းပိုင်း ပေါက်ကွဲသွားပြီး နှိုင်းယှဉ်မရနိုင်လောက်အောင် တောက်ပသည့် အလင်းကွင်းကြီး တစ်ခုကို ဖြစ်ပေါ်စေ၏။ အိပ်မက်ဆန်ပြီး လှပလွန်းသော်လည်း သူ ထင်မှတ်ထားသည်ထက်တော့ အနည်းငယ် နိမ့်ကျနေပုံရ၏။

ဆွဲငင်အားကြောင့် နောက်တစ်ကြိမ် ထပ်မံ ကွဲထွက်လာခဲ့၏။ ဤတစ်ကြိမ်တွင်လည်း ကြီးမားသည့် ဝင်တိုက်မှုမျိုး ဖြစ်မလာသေးချေ။

ရှမ့်လန်၏ AI က လျှပ်စီးမိုးကြိုးကဲ့သို့ လျင်မြန်စွာ ထပ်မံ တွက်ချက်နေ၏။ အထပ်ထပ်အခါခါ တွက်ချက် နေ၏။ ပြီးနောက် ရှမ့်လန်က အမိန့်ပေးသည်။ “မြန်မြန် နောက်ကို ဆုတ်ကြတော့။ တင်းယွမ်မြို့နဲ့ ဝေးရာကို ဆုတ်ကြ။”

နတ်ဆရာမ ရှယ်လီက တုန်လှုပ်စွာ ပြော၏။ “ဝင်တိုက်မှုက ဒီလောက်တောင် ကြီးမားမှာလား။ တင်းယွမ်မြို့တောင် ဘေးမကင်းဘူးလား။”

ရှမ့်လန်က ပြောသည်။ “ပြောရခက်တယ်။ မပြောရဲဘူး။ နောက်ဆုတ်တာ ပိုကောင်းလိမ့်မယ်။”

All Chapters