← Chapters

အခန်း (၁၀၃၅-၁၀၃၆)

Vol. 61 Ch. 1035-1036

အခန်း (၁၀၃၅-၁၀၃၆)

Vol. 61 Ch. 1035-1036

အပိုင်း (၁၀၃၅)

ယခု နဂါးဥ နှစ်လုံးလုံးကတော့ ဆုံးရှုံးသွားခဲ့ပြီ ဖြစ်၏။ သို့သော်ငြား ကြယ်တံခွန်မှ ရရှိသည့် ရတနာ အများအပြားကို နုရှောင့်မြို့သို့ အောင်မြင်စွာ သယ်ဆောင်လာခဲ့ပြီး အသေအပျောက်လည်း မရှိခဲ့ချေ။ ဤလောကကြီးထဲတွင် နဂါးဥတွေ ရှိသလား၊ ရှိကောင်းရှိနိုင်သည်။ သို့ပေမည့် အနည်းဆုံးတော့ ဤတစ်ကြိမ် ကြယ်တံခွန်က နဂါးဥတွေ ယူဆောင်မလာခဲ့ချေ။

မီတာတစ်သောင်း နက်သည့် တွင်းကြီးထဲရှိ ထိုအရာက ကြီးမားသည့် ဝင်တိုက်မှုတစ်ခုကြောင့် ဖြစ်ပေါ်လာခြင်း မဟုတ်ချေ။ တည်ရှိနေတာ ကြာလှပြီဖြစ်ပြီး နှစ်ပေါင်းများစွာ ကြာပြီးနောက် ဤတွင်းဝကို ကျောက်တုံး မြေကြီးများနှင့် ပိတ်ဆို့နေခဲ့သည်။

လွန်ခဲ့သည့်တစ်နှစ် ဤသဲကန္တာရထဲ၌ ရှေးဟောင်းအပျက်အစီး ရှာဖွေဖို့ လူလွှတ်တည်းက ဤမီတာ တစ်သောင်းနက်သည့် တွင်းကြီးကို ရှမ့်လန်က ရှာဖွေတွေ့ရှိခဲ့၏။ သူတို့က ရှေးဟောင်းအပျက်အစီး တစ်ခုခု၏ ဝင်ပေါက်ကို တွေ့ပြီဟု ထင်ပြီး ဝမ်းသာအားရ ဖြစ်ခဲ့ဖူး၏။ သို့သော်ငြား အောက်ခြေသို့ ရောက်ချိန်မှာတော့ ဘာမှမတွေ့ရချေ။ ဆက်လက် ရှာဖွေရုံသာ တတ်နိုင်၏။

နောက်ဆုံး မလှမ်းမကမ်းတွင် ကြီးမားသည့် သဘာဝဓာတ်ငွေ့သိုက်ကိုသာ တွေ့ရှိခဲ့၏။ သို့သော်လည်း ဤမီတာတစ်သောင်းနက်သည့် တွင်းကြီးက တကယ်ကို ထူးဆန်း၏။ ကြီးမားသည့် ဝင်တိုက်မှု တစ်ခုခုကြောင့် ကျန်ရစ်ခဲ့ခြင်း ဖြစ်ရမည်။

ထို့အပြင် ဤအရာက အရမ်းကို ကျဉ်းမြောင်းသည့် တွင်းတစ်ခုပင် ဖြစ်၏။ အတိအကျ ဘာဖြစ်သည်ကို ရှမ့်လန်က မသိသော်လည်း ဤတွင်းအောက်ခြေတွင် ဝင်တိုက်မှု၏ ခြေရာလက်ရာများ တကယ်ရှိခဲ့၏။ နဂါးအကြေးခွံနှင့် တူသည့် အချိုင့်ခွက်များလည်း ရှိ၏။ လွန်ခဲ့သည့် ကာလ နှစ်ပေါင်းများစွာက နဂါးဥတစ်လုံး တကယ်တမ်း ကျရောက်ခဲ့သည်လား ဟု လူတွေကို တွေးစရာ ဖြစ်စေခဲ့သည်။

သို့သော်လည်း ဤအချက်က ရှမ့်လန်ကို ရက်စက်သည့် အစီအစဉ်တစ်ခု ချမှတ်ခြင်းမှ မတားဆီးနိုင်ခဲ့ချေ။ တော်ဝင်ရန်နန်းတော်၏ တားမြစ်နယ်မြေထဲတွင် နဂါးတစ်ကောင် ရှိနေသည်လား ရှမ့်လန် မသိပေ။

တော်ဝင်ရန်အင်ပါယာ၏ ဧကရာဇ်က လောက၏ သူရဲကောင်းများကို ခြိမ်းခြောက်နိုင်ခဲ့၏။ သူက မဟာ ဗျူဟာမြောက် လက်နက် တစ်ခုကို ထိန်းချုပ်ထားနိုင်မှာ သေချာ၏။

နဂါးလား။ ရှမ့်လန်လည်း မသိချေ။ နဂါးဥဆိုသည့် စကားလုံးက လူတိုင်း၏ အာရုံစူးစိုက်မှုကို သေချာပေါက် ဆွဲဆောင်နိုင်ပေလိမ့်မည်။ သဘာဝလွန် အင်အားစု အများအပြားတို့ကလည်း ထိုအတွက် ရူးသွပ် သွားကြလိမ့်မည်။

ထို့ကြောင့် ရှမ့်လန်က နဂါးဥ ကျောက်ဖြစ်ရုပ်ကြွင်းအတု နှစ်ခုကို ကြိုတင်ဖန်တီးခဲ့၏။ အစစ်ထက်ပင် ပိုမိုကာ စစ်မှန်နေသေး၏။ ထိုအရာများကို တကယ့်ကို ထူးခြားသည့် ပစ္စည်းများဖြင့် ဖန်တီးထားခဲ့ပြီး ပလတ်စမာ မီးတောက်များဖြင့် ပုံသွင်းထားခဲ့ခြင်းပင်။ နဂါးဥထဲ၌ ဘာရှိသနည်း။

ယခင်က ပြောခဲ့ဖူးသည့် မျိုးတုံးစေနိုင်သော ဗုံးအမှတ်(၂)ကို မှတ်မိသေးရဲ့လား။ ကျိုးရှီ နုရှောင့်မြို့ကို လာခဲ့စဉ်က ရှမ့်လန် ပစ်လွှတ်လုနီးပါး ဖြစ်ခဲ့သည့် မျိုးတုံးဗုံး အမှတ်(၂)ပင်။ ပျောက်ဆုံးနိုင်ငံ၏ အပျက်အစီးများထဲမှ ရရှိခဲ့သည့် ကြောက်မက်ဖွယ်ရာ ပစ္စည်းတစ်ခုပင်။ ထိုအရာက ကြောက်မက်ဖွယ်ရာ ကောင်းသည့် ရေဒီယိုသတ္တိကြွ ပစ္စည်း ယူရေနီယမ်ပင် ဖြစ်၏။

အင်အား မပြင်းထန်သော်လည်း ကြောက်မက်ဖွယ်ရာ ဓာတ်ရောင်ခြည်များ ပါဝင်နေဆဲပင်။ ထို့ကြောင့် ထိုအရာကို နက်ရှိုင်းသည့် ကာကွယ်ရေးခွံထဲတွင် လုံးဝ ဝှက်ထားခဲ့၏။ ရှမ့်လန်က ထိုအရာကို မျိုးတုံးဗုံး အမှတ် (၂) အဖြစ် ပြုလုပ်ခဲ့၏။ သို့သော်လည်း သူ အသုံးမပြုရဲချေ။ အဘယ်ကြောင့်ဆိုသော် ညစ်ညမ်းမှုက တကယ့်ကို ကြောက်စရာကောင်းသောကြောင့်ပင်။

ထို့အပြင် သူ၏ လက်ရှိနည်းပညာဖြင့် နျူကလီးယားဗုံးကို မလုပ်နိုင်သေးပေ။ ထို့ကြောင့် သူက စင်ပေါ်တင်ထားရုံသာ တတ်နိုင်၏။ ယခုတစ်ကြိမ် အခွင့်အရေး ရောက်လာခဲ့ပြီ။ သူ နဂါးဥ နှစ်လုံးကို လုပ်လိုက်၏။ အပြင်ပန်းတွင် တစ်လုံးက အစစ်၊ တစ်လုံးက အတုဟု ထင်ရသော်လည်း တကယ်တမ်းကျတော့ နှစ်ခုစလုံးက အတုပင်။ တစ်ခုကို ရင်မိသားစု ပေးလိုက်ပြီး နောက်တစ်ခုကို ကောင်းကင်ပြစ်ဒဏ်နန်းဆောင်ဆီသို့ ပေးလိုက်မည်။

ဤရေဒီယိုသတ္တိကြွပစ္စည်းနှင့် ပတ်သက်သည့် မှတ်တမ်းများ လောကတွင်မရှိချေ။ သူက ခြေရာလက်ရာ မကျန်စေဘဲ လူသတ်နိုင်၏။ အစ္စရေးခေါင်းဆောင် အာရာဖတ် က ရေဒီယိုသတ္တိကြွပစ္စည်း ပိုလိုနီယမ် နှင့် လုပ်ကြံသတ်ဖြတ်ခံခဲ့ရခြင်းပင်။

ရှမ့်လန်၏ နဂါးဥအစီအစဉ်က ရင်မိသားစုအား နဂါးဥအပေါ်တွင်သာ အာရုံစိုက်စေရုံသာမက ဥက္ကာပျံတွင်းနက်ထဲက ယူဆောင်လာခဲ့သည့် တခြားသော ပစ္စည်းများကိုလည်း လျစ်လျူရှုမိစေ၏။ အဘယ်ကြောင့်ဆိုသော် နဂါးဥ၏တန်ဖိုးက ထိုအရင်းအမြစ် အားလုံးထက် သာလွန်နေသောကြောင့်ပင်။ ထို့ကြောင့် ရတနာများကို နုရှောင့်မြို့ဆီသို့ ချောချောမောမောနှင့် သယ်ဆောင်နိုင်ခဲ့၏။

အရေးကြီးဆုံးကတော့ သူသည် ဤနဂါးဥနှစ်ခုကို သုံးပြီး ရင်မိသားစုနှင့် ကောင်းကင်ပြစ်ဒဏ် နန်းဆောင်တို့ကို အဆိပ်အပြင်းဆုံး တိုက်ခိုက်မှု ပြုလုပ်နိုင်ခြင်းပင်။

........

ရင်ဝူမင် ဖမ်းဆီးသွားခဲ့သည့် ရှမ့်လန်ကကော .....

နောက်တစ်ကြိမ် မျက်စိဖွင့်လိုက်တော့ ရှမ့်လန်က သူ လုံးဝ စိမ်းသက်သော နေရာတစ်ခုကို ရောက်ရှိနေ၏။ သူက ကုတင်ပေါ်တွင် ကိုယ်လုံးတီး လဲလျောင်းနေ၏။ သူ၏ရှေ့တွင် လူတစ်ယောက် ရပ်လျက် ရှိနေပြီး သူ့ကို ကောက်ကျစ်စဉ်းလဲ သည့် မျက်လုံးများဖြင့် ကြည့်နေ၏။

ရှမ့်လန်က ရုတ်တရက် ထထိုင်၏။ ပြီးနောက် မေးမြန်းလိုက်သည်။ “ဒါ ဘယ်နေရာလဲ။ ခင်ဗျားကရော ဘယ်သူလဲ။”

..............

ရှမ့်လန်က ထျန်းရွှဲ့မြို့တိုက်ပွဲပြီးနောက် ဘာတွေဆက်ဖြစ်မည်ကို တွေးတောခဲ့သည်။ ထျန်းရွှဲ့မြို့ကို မတိုက်ခင်တည်းက သူက နောက်တစ်ပွဲအတွက် ပြင်ဆင်ခဲ့၏။ ထိုအရာကတော့ ကောင်းကင်ပင်လယ် နန်းဆောင်၏ အဖျက်စွမ်းအားကြီး ရေတပ်ပင်။ နဂါးနောင်တ ရှိနေလျှင် ဤတိုက်ပွဲက ကိတ်မုန့်စားရ သကဲ့သို့ လွယ်ကူပေမည်။

တင်းယွမ်မြို့တိုက်ပွဲက လောကကို တုန်လှုပ်စေခဲ့သော်လည်း ထိုအရာက နောက်ဆက်တွဲ ဂယက်ရိုက်မှု အကြီးဆုံး တစ်ခုပင်။ ပူးပေါင်းကြံစည်မှု တစ်ခုလည်း ဖြစ်ကောင်းဖြစ်နိုင်၏။ ထို့ကြောင့် လွန်ခဲ့သည့် ကာလ ကြာရှည်တည်းက ရှမ့်လန်က ကောင်းကင်ပင်လယ်နန်းဆောင် ဆုတ်ခွာသွားလျှင် ဘာလုပ်ရမည် ဆိုသည်ကို စဉ်းစားနေခဲ့သည်။

သူ့ကို အံ့အားသင့်စေသည့် အချက်နှစ်ခုရှိ၏။ ပထမအချက်က စေတီတောင်၏ ဖွံ့ဖြိုးတိုးတက်မှုက တကယ့်ကို မြန်ဆန်လွန်း၏။ တောင်ပင်လယ်ရှိ ရှေးဟောင်းအပျက်အစီးကြီးက ကြီးမားလွန်းခဲ့၏။ ထိုအရာကြီးကို ရရှိခဲ့ပြီးနောက် စေတီတောင်က လွန်ခဲ့သည့်သုံးနှစ်အတွင်း ကြောက်မက်ဖွယ်ရာ ကောင်းလောက်အောင် အင်အားကြီးထွားလာခဲ့၏။ ကောင်းကင်ပင်လယ်နန်းဆောင်ထက်ပင် အများကြီး သာလွန်သွားခဲ့၏။ သူတို့က ဒုတိယ ကျောက်စိမ်းဖြူ မြို့တော် ဖြစ်ချင်ခဲ့ပြီး တော်ဝင်ရန်အင်ပါယာ ထိန်းချုပ်ထားသည့် အရှေ့တိုင်းလောက၏ စနစ်မှ ခွဲထွက်သွားချင်နေကြ၏။

ဒုတိယအချက်က စေတီတောင်၌ နဂါးနောင်တ အမြောက်အမြား ရှိနေခြင်းပင်။ ထိုအရာက သေစေနိုင်လောက်သည့် အကြပ်အတည်းတစ်ခုကို ဖန်တီး၏။ မူလက ရှမ့်လန်သည် ရှေးဟောင်း လက်နက်များကို အားကိုးပြီး နုရှောင့်မြို့ကို ကာကွယ်နိုင်မည်ဟု ထင်မှတ်ခဲ့သော်လည်း ယခုတော့ အရမ်းကို ခက်ခဲခဲ့ပုံရ၏။ နဂါးနောင်တကို အသုံးပြုပြီးနောက် ရှမ့်လန်က သူ၏ မဟာဗျူဟာမြောက် ဟန်ချက်ညီမှုကို ဆုံးရှုံသွားခဲ့သည်။

ဟုတ်ပေ၏။ သူက မဟာဗျူဟာမြောက် ခြိမ်းခြောက်မှုကို သုံးပြီး သူ့၌နဂါးနောင်တ အများကြီး ရှိသည်ဟု လောကကြီးကို ထင်စေချင်ခဲ့ခြင်းပင်။ သူ တစ်ဝက် အောင်မြင်ခဲ့၏။ ယခု လူတိုင်းနီးပါးက သူ့၌ နဂါးနောင်တ အများကြီးရှိသည်ဟု ထင်နေကြ၏။ ဘာပဲပြောပြော သူက တင်းယွမ်မြို့ တိုက်ပွဲတွင် ဒါဇင်နှင့်ချီ သုံးခဲ့၏။

သို့ပေမည့် ဤကဲ့သို့သော အရေးအကြောင်း အခြေအနေမျိုးတွင် ရန်သူ့အပေါ် အထင်မသေးသင့်ပေ။ အထူးသဖြင့် မီးနဂါးကြယ်တံခွန် ပထဦးဆုံး ဝင်တိုက်မှုဖြစ်စဉ်က တော်ဝင်ရန်အင်ပါယာ ထွန်းကာလာမှုနှင့် တိုက်ဆိုင်နေကြောင်း တွေးမိချိန်မှာတော့ သူက ပိုမိုကာ သတိထားလာရသည်။

ထို့ကြောင့် ရှမ့်လန်က စိတ်ပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင်ထား၏။ ကြယ်တံခွန် ဝင်တိုက်မှုအကြောင်းကို သူနှင့် မီးနတ်ဘုရားဂိုဏ်းတို့ပဲ သိသည်မဟုတ်ချေ။ တော်ဝင်ရန်ဧကရာဇ်၊ ရင်ကွမ်း၊ ရင်ဝူမင်နှင့် တခြား လူနည်းစုများကလည်း ကြယ်တံခွန်ဝင်တိုက်မှုအကြောင်းကို သိကြပေမည်။

ကျင်းနိုင်ငံနှင့် တုံ့ကျန်းဘုရားကျောင်း က တော်ဝင်ရန်ဧကရာဇ်၏ အကြီးမားဆုံးသော သားကောင်များ ဖြစ်ခဲ့၏။

ဟုတ်ပေ၏။ ရှမ့်လန် နားမလည်နိုင်သည့် အချက်တစ်ခု ရှိသေး၏။ ကောင်းကင်ပြစ်ဒဏ်နန်းဆောင်က ကြယ်တံခွန်ဝင်တိုက်မှု အမှန်တရားကို သိနေသည်လား။ ပထမအချက်အနေနှင့် ကောင်းကင်ပြစ်ဒဏ် နန်းဆောင်က တော်ဝင်ရန်ဧကရာဇ်နှင့် ရင်းနှီးသည့် ဆက်ဆံရေးရှိ၏။ တကယ်တမ်းကျတော့ သူတို့က တော်ဝင်ရန်နန်းတွင်းမှ ထိန်းချုပ်ထားသော သဘာဝလွန်အင်အားကြီး အဖွဲ့ပင်။

အကယ်၍ ကောင်းကင်ပြစ်ဒဏ်နန်းဆောင်က ကြယ်တံခွန် ဝင်တိုက်မှု အမှန်တရားကို သိသည်ဆိုလျှင် အဘယ်ကြောင့် လျှို့ဝှက်စစ်သည်နှစ်သောင်းကို ကျင်းနိုင်ငံအိမ်ရှေ့မင်းသား၏ စစ်တပ်နှင့် ပူးပေါင်းဖို့ စေလွှတ်ခဲ့သနည်း။ အကယ်၍ ကောင်းကင်ပြစ်ဒဏ်နန်းဆောင်က မသိခဲ့ဘူးဆိုလျှင် အဘယ်ကြောင့် ဥက္ကာပျံ ဝင်တိုက်သည့်နေရာတွင် ပေါ်လာရသနည်း။

ရှမ့်လန်က နဂါးဥအတု နှစ်လုံးကို ဖန်တီးခဲ့၏။ တစ်လုံးက ရင်ကွမ်းနှင့် သူ့မိသားစုအတွက် သေချာပေါက် ရည်ရွယ်ခဲ့ခြင်းပင်။ နောက်တစ်လုံးကိုတော့ တော်ဝင်ရန်နန်းတွင်း မိသားစုကို ပေးဖို့ ရည်ရွယ်ခဲ့ခြင်း ဖြစ်၏။ သို့ပေမည့် မည်သူက နဂါးဥအတုကို လာလုမည်နည်းကို သူ သေချာမသိပေ။ ကောင်းကင်ပြစ်ဒဏ်နန်းဆောင် မှ ဖြစ်လိမ့်မည်ဟုလည်း မထင်မိခဲ့ပေ။

သို့သော်ငြား တစ်ချက်တော့ သေချာ၏။ နဂါးဥအတုကို မည်သူက လုယူသွားပါစေ သူတို့က ရင်ကွမ်းဆီ ပြေးသွားပြီး နဂါးဥရရှိသည်ဟု ပြောမှာ မဟုတ်ပေ။ ထို့ကြောင့် ရှမ့်လန်၏ အစီအစဉ်က အောင်မြင်နေသေးသည်။

လက်ရှိကို ပြန်သွားရမည်ဆိုလျှင် တစ်စုံတစ်ယောက်က ကြယ်တံခွန် ဝင်တိုက်မှု အမှန်တရားကို မြင်တွေ့သွားခဲ့ပြီ ဖြစ်သောကြောင့် ရှမ့်လန်၏ လက်ထဲတွင် နဂါးနောင်တ မရှိကြောင်း လုံးဝပေါ်လွင်သွားခဲ့၏။

ထိုသို့ဆိုလျှင် နုရှောင့်မြို့ကို ကာကွယ်ဖို့ သူ ဘာကို အားကိုးမည်နည်း။ ဝူ၊ ချောင်၊ ရွှဲ့ သုံးပြည်ထောင်ကို အဘယ်သို့ ကာကွယ်မည်နည်း။ ဟုတ်ပေ၏။ စေတီတော်၏ လျင်မြန်သည့် တိုးတက်မှုနှင့် ချန်နိုင်ငံသစ်၏ ပေါင်းစည်းမှုတို့ကြောင့် လောကကြီး၏အခြေအနေက ပြောင်းလဲသွားခဲ့သည်။

အပေါ်ယံတွင် ရှမ့်လန်၏ အမည်ခံ တော်ဝင်ချန်မင်းဆက်က တော်ဝင်ရန်အင်ပါယာ၏ အကြီးမားဆုံး ပြိုင်ဘက် ဖြစ်၏။ သို့ပေမည့် တကယ်တမ်းကျတော့ ထိုသို့မဟုတ်ချေ။ ရင်ကွမ်းနှင့် စေတီတောင် မဟာမိတ်အဖွဲ့က ဧကရာဇ်၏ အကြီးမားဆုံး ရန်သူများ ဖြစ်၏။

အဘယ်ကြောင့်ဆိုသော် စေတီတောင်က ရင်ဝူမင်ကို သဘာဝလွန် အင်အားစုများ ညီလာခံဆီသို့ စေတီတောင်ကိုယ်စားလှယ်အဖြစ် စေလွှတ်ရန် အချက်ပြမှု ပေါင်းများစွာကို အကြိမ်ကြိမ် ပေးပို့ခဲ့သောကြောင့်ပင်။

ထိုအရာက တော်ဝင်ရန်မင်းဆက်အတွက် ဒေါသထွက်စေသည့်အရာပင်။ ရင်မိသားစုနှင့် စေတီတောင်တို့က ကြီးမားသည့် အင်အားစုကြီး တစ်ခု တည်ထောင်တော့မည်ဟု ဆိုလို၏။ ချန်နိုင်ငံသစ်နှင့် စေတီတောင် ပေါင်းစည်းမှုက ရှမ့်လန်ထက် အများကြီး ပိုပြီး အားကောင်း၏။ သူတို့သာ လွတ်လပ်ရေးကို ကြေညာလိုက်လျှင် တော်ဝင်ရန်မင်းဆက်အတွက် ကြီးမားသည့် ထိုးနှက်ချက်ကြီး ဖြစ်လာပေမည်။

မူလက ကောင်းကင်ပင်လယ်နန်းဆောင်က ရင်ကွမ်းနှင့် စေတီတောင်ကို ဟန့်တားထားနိုင်သေး၏။ သို့သော်ငြား နင်ဟန် ရေတပ်က ရှမ့်လန်၏ လက်ချက်နှင့် ရှုံးနိမ့်သွားလိမ့်မည်ဟု သူတို့ မထင်မှတ်ခဲ့ချေ။ ကျိုးရှီက ရွှဲ့ပြည်နယ်မှ ပြတ်ပြတ်သားသား ဆုတ်ခွာသွားခဲ့ပြီး မိုင်တစ်သောင်း သဲကန္တာရ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်တွင် အရာအားလုံးကို ပုံအပ်ထား၏။

ထို့ကြောင့် အရှေ့တိုင်း လောကကြီးတစ်ခုလုံးက တော်ဝင်ရန်အင်ပါယာ၊ ချန်နိုင်ငံသစ်နှင့် တော်ဝင်ချန် မင်းဆက်တို့၏ သုံးပြည်ထောင် ဇာတ်လမ်း ဖြစ်လာခဲ့၏။ တော်ဝင်ရန်အင်ပါယာက အခွင့်အရေးကို အရယူပြီး တရားကျင့်ကြံရန် ဝင်သွား၏။ ရှမ့်လန်ဆီ၌ နဂါးနောင်တ ဒါဇင်ချီ ရှိကြောင်း တစ်ဖက်လှည့် ဝန်ခံသည့် သဘောဖြင့် စစ်တပ်ကို နောက်ဆုတ်ဖို့ အမိန့်ပေးခဲ့သည်။

တကယ်တမ်းကျတော့ ရှမ့်လန် ယာယီရှိနေခြင်းက တော်ဝင်ရန်ဧကရာဇ်အတွက် အကျိုးကျေးဇူးပင်။ ရင်ကွမ်းနှင့် စေတီတောင်ကို အတိုင်းအတာ တစ်ခုထိ ဟန့်တားထားနိုင်၏။ လောကအမြင်တွင် ရှမ့်လန်က တော်ဝင်ရန် အင်ပါယာကို ရင်မဆိုင်ခင် ရင်ကွမ်းနှင့် သူ၏သားကို အရင်ရှင်းပစ်ရမှာ ဖြစ်၏။ အဘယ်ကြောင့် ဆိုသော် ချန်နိုင်ငံသစ်က ရှမ့်လန်၏ နိုင်ငံဟောင်း တစ်ခုဖြစ်နေသောကြောင့်ပင်။ အရှေ့တိုင်း လောကကြီး တစ်ခုလုံးတွင် တော်ဝင်ချန်အင်ပါယာ ဆိုသည်က တစ်ခုတည်းသာ ရှိနိုင်၏။

ထို့ကြောင့် အလွန်လေးနက်သည့် ပြဿနာတစ်ခုက ရှမ့်လန်၏ ရှေ့သို့ ရောက်ရှိလာ၏။ စေတီတောင်နှင့် ရင်ကွမ်း … သူ မည်သို့ ခုခံမည်နည်း။ ထိုသူတို့သာ နုရှောင့်မြို့တော်ကို သေစေနိုင်လောက်သည့် တိုက်ခိုက်မှုမျိုး စတင်လိုက်ပြီ ဆိုပါက နဂါးနောင်တမရှိဘဲနှင့် သူက နုရှောင့်မြို့တော်ကို ကာကွယ်နိုင်ပါ့ မည်လား။

မူလက ဖြစ်နိုင်သည်ဟု ရှမ့်လန် တွေးတောခဲ့၏။ ဘာပဲပြောပြော သူ့တွင် ကြီးမားသည့် အမြောက်များနှင့် ရှေးဟောင်း ဧရာမဒူးလေး အများအပြား ရှိ၏။ ကောင်းကင်ပင်လယ်နန်းဆောင်ကနေ ရှေးဟောင်းကိရိယာ အများအပြားကိုလည်း သိမ်းပိုက်ရရှိထားသည်။

သို့သော်လည်း စေတီတောင် လေ့လာသူ ပေးအပ်သည့် သတင်းအချက်အလက်အရ စေတီတောင်က အတိတ်က စေတီတောင် မဟုတ်တော့ကြောင်း ရှမ့်လန် သိရှိရ၏။ သူ ထင်မှတ်ထားသည်ထက် များစွာ ပိုမိုသန်မာ၏။ နုရှောင့်မြို့ကို သာမန်နည်းလမ်းများဖြင့် ကာကွယ်ရန် မဖြစ်နိုင်တော့ချေ။ ထို့ကြောင့် အားလုံးက အောင်ပွဲခံဂုဏ်ပြုနေစဉ် ရှမ့်လန်က ထွက်ပေါက်တစ်ခုရရန် ဦးနှောက်ခြောက်မတတ် စဉ်းစားခဲ့ရ၏။

သူက မှန်ကို ပြောပြခဲ့၏။ အပေါ်ယံတွင် နိုင်သည်ဟု ထင်ရသော်လည်း တကယ်တမ်းကျတော့ အန္တရာယ်ရှိသော အခြေအနေ ဖြစ်၏။ ခြေထောက်အောက်တွင် ငရဲပြည် ရှိနေ၏။ မော့ကြည့်လိုက်လျှင် ထွက်ပေါက် မရှိဘဲ မျှော်လင့်ချက်မဲ့နေသည့် အခြေအနေမျိုးသို့ ရောက်နေသည်။

ဟုတ်ပေ၏။ နုရှောင့်မြို့တော်က မဟာဗျူဟာမြောက် လက်နက်တစ်ခုရှိ၏။ ထိုအရာကတော့ ကောင်းကင်ပင်လယ်နန်းဆောင်၏ ရှေးဟောင်း စစ်သင်္ဘောကြီးပင်။ နုရှောင့်မြို့၏ ပင်လယ်ပြင် စိုးမိုးရေးကို အတိုင်းအတာ တစ်ခုထိ ကာကွယ်ပေးထားနိုင်၏။ သို့သော်လည်း စေတီတောင်၏ ရေတပ်ကို ခုခံနိုင်ပါ့မလား။

စေတီတောင် ရှာဖွေတွေ့ရှိခဲ့သည့် ရှေးဟောင်းအပျက်အစီးများက ပင်လယ်ပြင်၌ ရှိနေခြင်းပင်။ ကောင်းကင်ပင်လယ်နန်းဆောင်၌ ရှေးဟောင်းစစ်သင်္ဘော ရှိနေလျှင် စေတီတောင်၌ မရှိပါဟု မည်သူက အာမခံနိုင်ပါမည်နည်း။

ထို့အပြင် ရှမ့်လန် သိမ်းဆည်းထားခဲ့သည့် ရှေးဟောင်း စစ်သင်္ဘောက နဂါးနောင်တကြောင့် အရည်ပျော်ပြီး တွန့်လိမ်သွားခဲ့၏။ ထိုအရာကို ပြုပြင်ရန် အချိန်အတော်ကြာ လိုအပ်ပေဦးမည်။

ဤအချိန်တွင် ရှမ့်လန်က နောက်ထပ် အကြံတစ်ခု ရ၏။ ချောင်ယောင်းအာကို မိစ္ဆာတြိဂံနယ်မြေထဲသို့ ခေါ်သွားပြီး ထိုနေရာဆီမှ အထူးစွမ်းအားများနှင့် ပင်လယ် မွန်းစတားများကို ယဉ်ပါးအောင် လုပ်ကာဖြင့် နုရှောင့်မြို့တော်၏ ပင်လယ်ပြင်ကို ကာကွယ်ခိုင်းရန်ပင်။ သို့ပေမည့် သူက စဉ်းစားပြီးနောက် လက်လျှော့ခဲ့၏။ အဘယ်ကြောင့်ဆိုသော် နောက်ထပ် လမ်းကြောင်းတစ်ခု ရှိနေသေးသောကြောင့်ပင်။

ချောင်ယောင်းအာကို စွန့်စားခိုင်းမည့်အစား သူကိုယ်တိုင် စွန့်စားတာက ပိုကောင်း၏။ ဤလမ်းကြောင်းက အောက်ခြေမဲ့ အဆုံးစမဲ့ ချောက်နက်ကြီးနှင့် တူ၏။ တကယ်ကို အန္တရာယ်များသော်ငြားလည်း တစ်ခုတည်းသော ထွက်ပေါက်ပင်။

နဂါးနောင်တ မရှိလျှင် ရှမ့်လန်က မဟာဗျူဟာမြောက် ခြိမ်းခြောက်မှုမျိုးကို မပြုလုပ်နိုင်တော့ပေ။ စေတီတောင်နှင့် ရင်ကွမ်းတို့၏ နုရှောင့်မြို့တော် တိုက်ခိုက်မှုကို သူ ခုခံနိုင်မှာ မဟုတ်ချေ။

ထို့ကြောင့် သူက မိမိကိုယ်ကိုယ် မဟာဗျူဟာမြောက် လက်နက်အဖြစ် သတ်မှတ်လိုက်၏။ ရင်ကွမ်းနှင့် သူ၏သားအတွက် ရှမ့်လန်က နုရှောင့်မြို့တော်ထက် အဆတစ်ရာ ပိုအရေးကြီး၏။ နုရှောင့်မြို့တော်ကို တိုက်ခိုက်မည့် အကြောင်းရင်းက ရှမ့်လန်ကို ဖမ်းဖို့ သို့မဟုတ် သတ်ဖို့သာလျှင် ဖြစ်၏။

မူလက သူတို့သည် ရှမ့်လန်ကို သေချာပေါက် သတ်ကြမှာဖြစ်၏။ သို့သော်လည်း ရှမ့်လန်က နဂါးနောင်တကို အောင်မြင်စွာ ပစ်လွှတ်ပြခဲ့ပြီးနောက် အရာအားလုံး ပြောင်းလဲသွား၏။ ရှမ့်လန်က ရင်ကွမ်းအတွက် တန်ဖိုးဖြတ် မရသူပင်။ မသတ်ရုံတင်မက ကောင်းကောင်းမွန်မွန် ရှင်သန်နေစေရမှာ ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် စေတီတောင်တွင် နဂါးနောင်တများ ရှိသော်လည်း ပစ်လွှတ်၍ မရသောကြောင့်ပင်။ ပစ်လွှတ်၍ မရနိုင်သရွေ့ နဂါးနောင်တက မဟာဗျူဟာမြောက် ခြိမ်းခြောက်မှု မဖြစ်ချေ။ အထူးသဖြင့် တော်ဝင်ရန်အင်ပါယာကို မခြိမ်းခြောက်နိုင်သေးချေ။

ထို့ကြောင့် ရှမ့်လန်သာ ရင်ကွမ်း၊ သူ၏သား လက်ထဲသို့ ရောက်ရှိနေသရွေ့ နုရှောင့်မြို့တော်က ပို၍ ဘေးကင်းပေလိမ့်မည်။

ဤလှုပ်ရှားမှုက ပညာမဲ့ရာကျသော်လည်း ရှမ့်လန်၏ စိတ်ထဲတွင်တော့ အကျိုးအမြတ်နှင့် ဆုံးရှုံးမှုများကို အကြိမ်ကြိမ် ချိန်ဆထားပြီး ဖြစ်၏။ နောက်ဆုံး သူက ဤဆုံးဖြတ်ချက်ကို ချမှတ်လိုက်၏။ မူလက ချောင်ယောင်းအာနှင့်အတူ ဆွေးနွေးချင်သော်လည်း သူမက မလိုဟု ပြောခဲ့၏။ သူမက ဘာလုပ်ရမည် ဆိုသည်ကို ပြောရင်ရပြီဟု ပြောခဲ့သည်။

ထိုသို့ဆိုလျှင် ရှမ့်လန် ရန်သူ့နယ်မြေထဲသို့ ဝင်ပြီး ရင်ကွမ်းနှင့် သူ၏သား လက်ထဲသို့ ရောက်သွားရသည့် ရည်ရွယ်ချက်က ဘာဖြစ်သနည်း။ သူ ဘာလုပ်ချင်သနည်း။

ပထမဆုံး အရေးကြီးဆုံး ရည်ရွယ်ချက်က နဂါးနောင်တကို ရယူဖို့ပင်။ တစ်ခုတည်း ရလျှင်တောင် ကြီးမားသည့် မဟာဗျူဟာမြောက် ခြိမ်းခြောက်မှု ဖြစ်လာနိုင်ပြီး နုရှောင့်မြို့တော်ကို ကာကွယ်နိုင် ပေလိမ့်မည်။

လက်ရှိ အရှေ့တိုင်း လောကကြီးတစ်ခုလုံး၌ စေတီတောင်မှာပဲ နဂါးနောင်တ ရှိ၏။ ထို့ကြောင့် ရှမ့်လန်က ကျားပါးစပ်ထဲက အသားကို နှိုက်ယူရမည်။ သို့မဟုတ် ကျားသိုက်ထဲသို့ ဝင်ပြီး ကျားကလေးကို ဖမ်းရမည်။

ဒုတိယ ရည်ရွယ်ချက်က အဓိက မဟုတ်သော်လည်း အောင်မြင်လျှင် ပိုကောင်း၏။ ထိုအရာက စေတီတောင် နှင့် ရင်ကွမ်းတို့ကြား သွေးခွဲဖို့ပင်။ ဤနဂါးဥထဲက ရေဒီယို သတ္တုကြွ ပစ္စည်းက ရင်ဝူမင်နှင့် သူ့အဖေ၏ ခန္ဓာကိုယ်ကို သေစေနိုင်လောက်သည့် ဒဏ်ရာများ ရစေနိုင်၏။ မည်သူမှ သတိမထားမိဘဲတောင် လုပ်၍ရ၏။

သို့သော်လည်း အချိန်အတိုင်းအတာ တစ်ခုတော့ လိုအပ်၏။ ရှမ့်လန်က ရေဒီယို သတ္တုကြွမှု၏ သေဆုံးနိုင်စွမ်း ကို ကောင်းကောင်း နားလည်ထားသည်။ အဘယ်ကြောင့်ဆိုသော် သူက နဂါးဥနှင့်အတူ အချိန်အတန်ကြာ နေထိုင်ခဲ့ရသောကြောင့်ပင်။ ဟုတ်ပေ၏။ ရှမ့်လန်၏ သွေးမျိုးဆက်က အလွန်ကို လျှို့ဝှက်ဆန်းကြယ်၏။ ရေဒီယို သတ္တုကြွ ပစ္စည်းက သူ၏ ခန္ဓာကိုယ်ကို ထိခိုက်စေမည်လားကို သေချာ မသိနိုင်ပေ။

.....................

အပိုင်း (၁၀၃၆)

ဤအချိန်မှာတော့ ရှမ့်လန်က ကုတင်ပေါ်တွင် ကိုယ်လုံးတီးနှင့် လဲလျောင်းနေ၏။ ခမ်းနားထည်လွန်းပြီး သန်မာတောင့်တင်းသည့် အမျိုးသမီးတစ်ဦးက သူ၏ရှေ့တွင် ရပ်နေသော်လည်း ရင်ဝူမင်ကိုတော့ မတွေ့ရချေ။

“ဒါ ဘယ်နေရာလဲ။” ရှမ့်လန်က မေး၏။

“မှတ်ချက်မပေးဘူး။” အမျိုးသမီးက ပြန်ဖြေသည်။

ရှမ့်လန်က မေးပြန်၏။ “ရင်ဝူမင် ဘယ်မှာလဲ။”

“မှတ်ချက်မပေးဘူး။” အမျိုးသမီးက ပြန်ဖြေပြန်သည်။

ရှမ့်လန်က မေးလိုက်၏။ “ကျုပ်ရဲ့ အဝတ်အစားတွေ ဘယ်မှာလဲ။ ဘာလို့ ကျုပ်ကို ဒီလောက် ပြောင်စင်အောင် ချွတ်ထားရတာလဲ။ ကျုပ်နဲ့ အိပ်ချင်လို့လား။”

ခမ်းနားထည်လွန်းပြီး သန်မာတောင့်တင်းသည့် အမျိုးသမီး၏ မျက်နှာက တွန့်သွားသည်။ “မှတ်ချက်မပေးဘူး။”

ဤစကားမှလွဲ၍ တစ်ခြား ဘာပြောရမှန်း မသိသလိုပင်။

ရှမ့်လန်က ပြော၏။ “အဝတ်အစားတွေ ပြန်ပေးအုံး။ ကိုယ်လုံးတီးနေလို့ မဖြစ်ဘူးလေ။”

“မှတ်ချက်မပေးဘူး။”

“ကောင်းပြီ။ ဒါဆိုရင်လည်း ကိုယ်လုံးတီးပဲ နေလိုက်တော့မယ်။ ဘာပဲဖြစ်ဖြစ် ဂရုမစိုက်ဘူး။ ဒါပေမဲ့ ခင်ဗျား ကျုပ်ကို သိပ်မကြည့်သင့်ဘူး ထင်တယ်။ မဟုတ်ရင် ကျုပ် ကို စိတ်ကူးယဉ်နေမိလိမ့်မယ်။”

ရှမ့်လန်က ပြော၏။ “ကျုပ်အပေါ် မသင့်လျော်တဲ့ အတွေးတွေ မထားနဲ့။”

ခမ်းနားထည်လွန်းပြီး သန်မာတောင့်တင်းသည့် အမျိုးသမီး၏ မျက်နှာက ရှုံ့မဲ့၏။ ရှမ့်လန်ကို ထိုးသတ်ချင်စိတ်ကို မနည်း ထိန်းချုပ်နေရပုံပင်။

ပြီးနောက် ရှမ့်လန်က ကုတင်ပေါ်မှ ဆင်းပြီး အရှက်မရှိ အခန်းထဲ လမ်းလျှောက်နေ၏။ နေရာတိုင်းကိုလည်း လိုက်လံကြည့်ရှုနေ၏။ သူ မည်သည့်နေရာသို့ ရောက်ရှိနေသည်ကို သိမှရမည်။

အဆုံးသတ်မှာတော့ သူက မည်သည့်အရာကိုမှ အစရှာမရတော့ပေ။ အကြောင်းရင်းက ဤအခန်းထဲတွင် ပြတင်းပေါက်ဟူ၍ မရှိသောကြောင့်ပင်။ သို့သော်လည်း ရင်ဝူမင်၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်မှာ ၁၀ ရက်ကျော် ကြာမြင့်ခဲ့ပြီဖြစ်ကြောင်း သူ သိရှိထား၏။ ဤနေရာက ချန်နိုင်ငံအသစ်လား သို့မဟုတ် စေတီတောင်လား သို့မဟုတ် တခြားသောနေရာတစ်ခုခုလား။

အခန်းထဲတွင် မည်သည့်အရိပ်အယောင်မှ မတွေ့ရသောကြောင့် ရှမ့်လန်က တံခါးဆီသို့ လျှောက်သွား သော်လည်း အမျိုးသမီးက သူ့ကို တားဆီးထား၏။

ထိုအမျိုးသမီးက ပြောသည်။ “ရှင် ဒီအခန်းအပြင်ကို တစ်လှမ်းမှ လှမ်းလို့မရဘူး။”

သူမက လက်ကို ဆန့်တန်းပြီး ရှမ့်လန်၏လမ်းကို လွယ်လွယ်ကူကူ ပိတ်ပင်ထား၏။

ဤအမျိုးသမီး၏ သိုင်းပညာက တကယ့်ကို မြင့်မားလွန်းလှသလို သွေးမျိုးဆက်ပါရမီကလည်း ထူးကဲ၏။ သူမက ကျန်းလီ မွေးမြူခဲ့သည့် ထူးခြားသည့် သွေးမျိုးဆက်ပိုင်ရှင်များနှင့် ဆင်တူ၏။ လန်ပေါင်၊ တုတ၊ တုအာ အစရှိသည့် ရဲရင့်ကြမ်းတမ်းလွန်းသည့် စစ်သူကြီးများနှင့် အလားသဏ္ဍာန်တူ၏။ သို့သော်လည်း အနည်းငယ် ကွဲပြားနေသည်က သူမ၏သွေးမျိုးဆက်၌ အနည်းငယ် ယုတ်ညံ့ ဆိုးသွမ်းလွန်းသည့် အငွေ့အသက်များ ရှိနေခြင်းပင်။

ရှမ့်လန်၏နှာခေါင်းက သူမ၏ကိုယ်နားသို့ ကပ်သွားပြီး အဆက်မပြတ် နမ်းရှုံ့နေမိ၏။ သူက သူမ၏မျက်နှာ၊ ရင်ဘတ်၊ ဝမ်းဗိုက်တို့ကို နမ်းရှုံ့နေသည်။ ထိုအရာက တကယ့်ကို အစွန်းရောက်သည့် လူယုတ်မာ တစ်ယောက်ကဲ့သို့ပင်။

အမျိုးသမီးက အနည်းငယ် တုန်လှုပ်နေ၏။ သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးရှိ အမွေးအမျှင်အားလုံး ထောင်ထလာလုနီးပါး ဖြစ်လာ၏။ သူမက ဘဝတစ်သက်တာလုံး မည်သည့် အမျိုးသားနှင့်မှ မပတ်သက်ဖူး သလို အမျိုးသားများအပေါ် စိတ်ဝင်စားရန်လည်း မဝံ့ရဲချေ။

သို့သော်လည်း ဤကဲ့သို့ ပြောင်ချော်ချော် အလုပ်ခံနေရသည်က ပထမဦးဆုံးအကြိမ် ဖြစ်၏။ သို့သော်လည်း သူမ ဘာမှ မတတ်နိုင်ပေ။ အကြောင်းရင်းက ဤလူယုတ်မာက တကယ့်ကို နုနယ်လွန်းသောကြောင့် လက်တစ်ချက်ဖြင့် လှမ်းရိုက်လိုက်ရုံနှင့် သေဆုံးသွားနိုင်သောကြောင့်ပင်။

ရှမ့်လန်က ပြော၏။ “ခင်ဗျားက စေတီတောင်က မွေးမြူခဲ့တဲ့ ထူးခြားတဲ့ သွေးမျိုးဆက်ပိုင်ရှင်တစ်ယောက် ဖြစ်မယ်။ ခင်ဗျားရဲ့ သိုင်းပညာက အရမ်းကို အစွမ်းထက်တယ်။ မဟာပညာရှင်တစ်ဦး ဖြစ်ရုံတင်မကဘူး သွေးမျိုးဆက် မြင့်မြတ်မှုတွေ ပါဝင်နေတဲ့ မဟာပညာရှင်တစ်ဦးလည်း ဖြစ်တယ်။ ခင်ဗျားက စစ်မြေပြင် တိုက်ပွဲမှာ အရမ်းကို ရဲရင့်တဲ့ စစ်သူကြီးတစ်ယောက် ဖြစ်သင့်တယ်။ ဒါပေမဲ့ ဒီနေရာမှာ လာပြီး တံခါးစောင့် လုပ်နေရတယ်ဆိုတော့ သနားစရာပဲ။ အင်း... ဒါနဲ့ ခင်ဗျားနာမည်က ဘယ်သူလဲ။”

ထိုအမျိုးသမီး၏မျက်နှာပေါ်ရှိ ကြွက်သားများက တုန်လှုပ်သွားခဲ့သည်။ “မှတ်ချက် ပေးစရာမရှိဘူး။”

ရှမ့်လန်က ပြော၏။ “အစ်မကြီး... ခင်ဗျား ကျုပ်ကို အဝတ်အစားတွေ ချွတ်ပစ်တာ တစ်ခုခု ကြံစည်မှာ ကြောက်လို့ မဟုတ်လား။ ခင်ဗျားတို့က ကျုပ် အဆိပ် ဒါမှမဟုတ် အိမ်မက်ဆိုးကျောက်တုံးတွေကို သုံးမှာ အရမ်းကြောက်နေတာပဲ။ ဒါကြောင့် ကျုပ်ဆီကနေ အရာအားလုံးကို ယူသွားတာပေါ့။ ကျုပ် တစ်ခုခု ဝှက်ထားမှာစိုးလို့ အဝတ်အစားတွေတောင် ပေးမဝတ်တော့တာလား။ ဒါပေမဲ့ အကျဉ်းသား တော်တော်များများက သူတို့ရဲ့ ဖင်ကြားထဲမှာ ပစ္စည်းတွေ ဝှက်ထားတတ်တာကို ခင်ဗျား မသိဘူးလား။”

အမျိုးသမီးမျက်နှာပေါ်ရှိ ကြွက်သားများက တဆတ်ဆတ်နှင့် တုန်ခါသွားသည်။

ရှမ့်လန်က ဆက်ပြောလိုက်၏။ “ခင်ဗျား စမ်းသပ်စစ်ဆေးကြည့်ချင်သေးလား။ ကျုပ်ဖင်ထဲမှာ တစ်ခုခု ဝှက်ထားတာမျိုး ရှိနေနိုင်တယ်။”

လေထုထဲတွင် အံကြိတ်သံတစ်ခုက ထွက်ပေါ်လာ၏။ ဤမျှယုတ်ညံ့သည့်လူက တော်ဝင်ချန် ဧကရာဇ် ဖြစ်နေမည်ဟု ဤအမျိုးသမီး စိတ်ပင်မကူးခဲ့ချေ။ တကယ် အမှန်တကယ်ပင် ကျန်းလီ၏သား ဖြစ်နေသည်လား။ ကောင်းကင်ကြီးက တကယ့်ကို မျက်စိကွယ်နေသည်။

သို့သော်လည်း ရှမ့်လန်က ဘာပဲပြောပြော ဘာပဲလုပ်လုပ် အမျိုးသမီးက စကားတစ်ခွန်းကိုသာလျှင် ပြောဆိုတတ်၏။ “မှတ်ချက်ပေးစရာမရှိ။”

ရှမ့်လန်က စတုရန်းမီတာ ၂၀ ရှိသည့် အခန်းထဲတွင် လုံးဝ ပိတ်လှောင်ခံထားရပြီး အပြင်သို့လည်း လုံးဝ ထွက်၍မရချေ။ သို့သော်လည်း သူက အလျင်မလိုပေ။ အကြောင်းအရင်းက အခွင့်အရေး မကြာမီ ရောက်ရှိလာမည် ဖြစ်သောကြောင့်ပင်။

..................

ရင်ကွမ်းက နဂါးဥကို ကိုင်ပြီး သေသေချာချာ စစ်ဆေးနေ၏။

ရင်ဝူမင်က ပြောလိုက်သည်။ “အပေါ်က အကြေးခွံတွေက မြေကျင်းနဲ့ ကွက်တိပဲ။ ပြီးတော့ ဒီနဂါးဥရဲ့ အခွံကလည်း အရမ်းကို မာကျောတယ်။ ဘယ်လို ဓား ဒါမှမဟုတ် မီးတောက်ကိုမဆို မကြောက်ဘူး။”

ရင်ကွမ်းက အတွင်းရှိ စွမ်းအားကို ခံစားလိုသကဲ့သို့ မျက်လုံးကို မှိတ်ထားမိ၏။ သူက နဂါးကို တစ်ခါမှ မမြင်ဖူးသော်လည်း နဂါးနောင်တကို မြင်ဖူး၏။ အလွန်ဆန်းကြယ်ပြီး ထူးဆန်းသည့် စွမ်းအားတစ်ခုကို သူ အမှန်တကယ် ခံစားနေရ၏။ နဂါးနောင်တမှ ထွက်ပေါ်လာခဲ့သည့် အငွေ့အသက်များက မေ့မေ့ပျောက်ပျောက် ဖြစ်နေ၏။

အရေးကြီးဆုံး အချက်ကတော့ အတွင်းရှိ ရေဒီယိုသတ္တိကြွ ပစ္စည်းက တကယ့်ကို ဆန်းကြယ်လွန်းနေခြင်းပင်။ အရှေ့ဘက်လောကတွင် တစ်ခါမှ မမြင်ဖူးခဲ့ပေ။ ထိုအရာက ရေဒီယိုသတ္တိကြွ စွမ်းအင်များကို အဆက်မပြတ် ထုတ်လွှတ်နေသောကြောင့် အတွင်း၌ နဂါးတစ်ကောင် ရှိနေသည်ဟု လူတို့အား ထင်မှတ်မှားစေ၏။ ထို့ကြောင့် ဤနဂါးဥက အစစ်ထက်ပင် ပို၍ အစစ်နှင့် တူနေခဲ့လေသည်။

ရင်ကွမ်းက နဂါးဥအစစ်ကို တစ်ခါမှ မမြင်ဖူးသောကြောင့် အတွင်းမှ စွမ်းအားများ ယိုစိမ့်ထွက်လာသည်ကို အာရုံမခံမိခြင်းလည်း ဖြစ်ပေလိမ့်မည်။

နောက်ထပ် ရင်ကွမ်းနှင့် သူ့၏သားအတွက် အရေးကြီးဆုံးအချက်က ထိုအရာကို မည်သို့ အကောင်ဖောက်ရမည်ဟူသည့် အချက်ပင်။ အကြောင်းအရင်းမှာ ယခင်က စံနမူနာ မရှိခဲ့ဖူးသောကြောင့်ပင်။ ဤနဂါးဥက တကယ့်ကို တန်ဖိုးကြီးမားလွန်းသောကြောင့် သူတို့က မစွန့်စားဝံ့ကြချေ။ သူတို့က ရှေးဟောင်းကျမ်းစာများ ကို အသည်းအသန် ဖတ်ရှုနေကြပြီး သက်ဆိုင်ရာ အချက်အလက်များကို ရှာဖွေရန် မျှော်လင့်မိကြသည်။

ရင်ကွမ်းက မှာ၏။ “မင်းနဲ့ စေ့စပ်ထားတဲ့ မိန်းကလေးအပါအဝင် ဘယ်သူ့ကိုမှ ဒီနဂါးဥအကြောင်း မပြောရဘူး။”

ရင်ဝူမင်က ပြန်ဖြေသည်။ “ကောင်းပါပြီ။”

ရင်ကွမ်းက မေး၏။ “ရှမ့်လန် သူတို့ကို ပြောပြရင်ရော ...။”

ရင်ဝူမင်က ပြောသည်။ “မပြောပါဘူး။ သူက ဒီလောကမှာ အလိမ္မာဆုံးသော လူပဲ။ သူ့ကို ခြိမ်းခြောက် နေဖို့တောင် မလိုဘူး။ အကယ်၍ သူသာ စကားတစ်ခွန်းဟလိုက်ရင် ကျုပ်တို့ သူ့ကို သတ်ပစ်မယ်။ ဒီကောင်က သူ့ရဲ့အသက်နဲ့ ခန္ဓာကိုယ်ကို အမြတ်နိုးဆုံးပဲလေ။ ဒါကြောင့် သူ စကားတစ်ခွန်းမှ ပြောမှာ မဟုတ်ဘူး။”

ရင်ကွမ်းက သူ၏လက်ထဲ၌ ရှိနေသော နဂါးဥကို ဧကရာဇ်၏ ရတနာတံဆိပ်တော်ကို ကိုင်ထားရသကဲ့သို့ တယုတယနှင့် ကိုင်တွယ်ပွတ်သပ်နေ၏။ နဂါးအစစ်က ကောင်းကင်၏ သားတော်ဖြစ်ပြီး နဂါးဥ ပိုင်ဆိုင်သူ မည်သူမဆို ကောင်းကင်၏ သားတော် ဖြစ်၏။

ရင်ဝူမင်က ပြောသည်။ “အဖေ ကျုပ် စေတီတောင်ကို ကိုယ်စားပြုပြီး သဘာဝလွန် အင်အားစု အစည်းအဝေး ကို သွားတက်မယ်။ အဖေ ဘယ်လိုထင်လဲလဲ။ ဧကရာဇ်က ဘယ်လို တုံ့ပြန်မလဲ။”

ရင်ကွမ်းက ဆက်ပြော၏။ “ဧကရာဇ်က ဘာမှ ပြောမှာ မဟုတ်ပေမဲ့ အိမ်ရှေ့စံမင်းသားကတော့ သဘာဝလွန် အင်အားစုများ အစည်းအဝေးမှာ မင်းကို မတွေ့ချင်တဲ့အကြောင်း မသိမသာပြောတယ်။”

ရင်ဝူမင်က ပြောသည်။ “ဒါဆိုရင် သူ ခွင့်မပြုဘူးဆိုတဲ့ အဓိပ္ပာယ်ပဲ။”

ရင်ကွမ်းက ပြော၏။ “ဒါပေါ့ .... ခွင့်မပြုဘူး။ တော်ဝင်ရန် အင်ပါယာမှာ ကျောက်စိမ်းဖြူမြို့ တစ်ခုတည်းနဲ့တင် လုံလောက်နေပြီ။ လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်က ကျန်းလီ ပေါ်ပေါက်လာခဲ့ပြီး အရှေ့လောကမှာ ချမှတ်ဖို့ ရည်ရွယ်ထားတဲ့ သူ့ရဲ့အစီအစဉ်တွေကို ဖျက်ဆီးဖို့ ကြိုးစားခဲ့တယ်။ နောက်ဆုံးမှာတော့ ကျန်းလီ သေဆုံးသွားခဲ့တယ်။ အခု သူက သူ့ရဲ့ အစီအစဉ်ကို ဖျက်ဆီးဖို့ ဘယ်သူ့ကိုမှ အခွင့်အရေး ပေးမှာ မဟုတ်ဘူး။ ဒါပေမဲ့ ငါတို့မှာလည်း တခြား ရွေးချယ်စရာ မရှိတော့ဘူး။”

တော်ဝင်ရန်ဧကရာဇ်က လောကကြီးကို ဧကန်မုချ ပေါင်းစည်းမှာဖြစ်ပြီး ကျင်းနိုင်ငံကိုသာ ဝါးမျိုမှာ မဟုတ်ဘဲ ချန်နိုင်ငံသစ်ကိုလည်း တိုက်ခိုက်ပေလိမ့်မည်။ ယခု ကျင်းနိုင်ငံက စစ်သည်ပေါင်း ခြောက်သိန်းကို ဆုံးရှုံးခဲ့ရပြီး အိမ်ရှေ့စံမင်းသား၏ကံကြမ္မာကလည်း မရေရာ မသေချာသလိုပင်။ ထိုအရာက ကြီးမားလွန်း သည့် ထိုးနှက်ချက်တစ်ခုပင် ဖြစ်၏။ ဧကရာဇ်၏ လောကကြီးပေါင်းစည်းမှုကို တားဆီးချင်သည့် အကြီးမားဆုံး သော အတားအဆီးက ရင်ကွမ်းနှင့် စေတီတောင်တို့ပင် ဖြစ်သည်။

ရင်ကွမ်းက ပြော၏။ “ဒီသဘာဝလွန် အင်အားစုများ အစည်းအဝေးက အရမ်း အရေးကြီးတယ်။ မင်း စေတီတောင်ကို တရားဝင် ကိုယ်စားပြုလိုက်တာနဲ့ မင်းက ချန်နိုင်ငံသစ်နဲ့ စေတီတောင် ပူးပေါင်းမှုကို တရားဝင် ကိုယ်စားပြုသွားမှာ ဖြစ်တယ်။ အခု ရှိနေတဲ့ အရှေ့လောကရဲ့ အစီအစဉ်တွေကလည်း တရားဝင် ခွဲထွက်သွားမှာ ဖြစ်တယ်။ ဒါကြောင့် ဧကရာဇ်က ဒါတွေ ဖြစ်မလာအောင် နည်းမျိုးစုံနဲ့ တားဆီးမှာ အသေအချာပဲ။ သူက ချန်နိုင်ငံသစ်အပေါ်မှာ ထိတ်လန့်စရာကောင်းတဲ့ တိုက်ခိုက်မှုတွေတောင် ပြုလုပ် လာနိုင်တယ်။”

ရင်ဝူမင်က ပြောသည်။ “ဒါကြောင့် ကျုပ်တို့မှာ မဟာဗျူဟာမြောက် ခြိမ်းခြောက်မှုတစ်ခု လိုအပ်နေတယ်။ ဒီအချိန်မှာ ရှမ့်လန်က အရမ်းကို အရေးပါလာတာပဲ။”

ရင်ကွမ်းက ပြောလိုက်၏။ “အရေးကြီးဆုံးကတော့ အဲဒီအချိန်ရောက်ရင် တော်ဝင်ရန်ကို လက်လွတ်စပယ် မလုပ်ဖို့ သတိပေးတဲ့အနေနဲ့ နဂါးနောင်တကို ပစ်ခတ်လိုက်မယ်။ မင်းက သဘာဝလွန် အင်အားစု အစည်းအဝေးကို အောင်မြင်စွာ တက်ရောက်နိုင်ပြီးတော့ တော်ဝင်ရန်မိသားစုက တုံ့ပြန်ဖို့ ဘာမှ မတတ်နိုင်တော့ဘူးဆိုရင် အောင်မြင်သွားခဲ့ပြီ။ ဒါဆို ငါတို့က လွတ်လပ်ရေးရဲ့ ပထမဦးဆုံး ခြေလှမ်းကို တရားဝင် လှမ်းနိုင်တော့မှာပဲ။”

ရင်ဝူမင်က ပြောလိုက်သည်။ “တကယ်တော့ ဧကရာဇ်က ရှမ့်လန်အပေါ် မျှော်လင့်ချက်တွေ အများကြီး ထားခဲ့တာ။ ကျုပ်တို့ အနှောက်အယှက်ဖြစ်အောင် ရှမ့်လန်ကို အလုပ်ပေးစေချင်တာ။ ဒါပေမဲ့ ရှမ့်လန်က သူ့ကို စိတ်ပျက်အောင် လုပ်ခဲ့တာပဲ။ သူအခု ကျုပ်တို့ လက်ထဲတောင် ရောက်နေပြီ။”

...............

တစ်ရက်၊ သုံးရက်၊ ငါးရက်၊ ဆယ်ရက်၊ လဝက်၊ နောက်ထပ် ရက်ပေါင်း များစွာတွင်လည်း ရှမ့်လန်က ၂၀ စတုရန်းမီတာရှိသော အခန်းထဲမှာပင် နေအိမ်အကျယ်ချုပ်နှင့် ရှိနေဆဲပင်။

သူက အခန်းအပြင်သို့ မထွက်ရသေးသလို အပြင်က တခြား ဘယ်သူကမှလည်း သူ့ကို လာရောက်ကာ မတွေ့ချေ။ သူက ထို ထည်ဝါခန့်ညားပြီး သန်မာအားကောင်းသည့် အမျိုးသမီးနှင့်သာ တစ်ချိန်လုံး မျက်နှာချင်း ဆိုင်နေရ၏။ မည်သည့် မှတ်ချက်မှမပေး ဟူသော စကားမှလွဲ၍ သူမက တခြား မည်သည့်စကား ကိုမှ မပြောချေ။ ရှမ့်လန်က သူမ၏နာမည်ကိုပင် မသိရသေးပေ။

ထိုအခိုက်အတန့်တွင် သူက ဝက်တစ်ကောင်ကဲ့သို့ စားလိုက်အိပ်လိုက်သာ လုပ်နေရ၏။ စကား ပြောဖော်လည်း မရှိ ၊ ဖတ်စရာ စာအုပ်လည်း မရှိ။ အကယ်၍ တခြားသော သူသာဆိုပါက ရူးသွပ်သွားနိုင်၏။ ဖျော်ဖြေမှု တစ်ခုမှ မရှိသောကြောင့်ပင်။ စကားပြောဖော် မရှိဘဲ ဤအခန်းကျဉ်းလေးထဲတွင် ဆယ်ရက်ကျော် ပိတ်လှောင်ခံထားရသည်က တကယ်ကို ဆိုးဝါးသည့် အရာမျိုးပင်။

အကယ်၍ သူ့ဦးနှောက်ထဲတွင် ဉာဏ်ရည်တု AI သာ မရှိပါက သူက အချိန်ကိုပင် သိနိုင်လိမ့်မည် မဟုတ်ပေ။ နေ့လား၊ ညလား ဟူ၍ မသိနိုင်သလို အချိန် မည်မျှ ကုန်ဆုံးသွားသည် ဖြစ်ကြောင်းကိုလည်း သိနိုင်မည် မဟုတ်ချေ။ တစ်နေ့က တစ်နှစ်ကဲ့သို့ပင် ကြာရှည်ပေမည်။

သို့သော်လည်း လမ်းပျောက်နေသည့် ပုရွက်ဆိတ် တစ်ကောင်သာလျှင် ပူပြင်းသည့် အိုးကင်းပေါ်တွင် ပြေးလွှားနေမှာ ဖြစ်၏။ ရှမ့်လန်က အလွန်အမင်း ထက်မြက်သူ တစ်ယောက် ဖြစ်၏။ သူက ရူးသွပ်သွားဖို့ ဝေးစွ .... အနည်းငယ်မျှ ပုံမှန်မဟုတ်သည့် အမူအရာကိုပင် မပြသခဲ့ပေ။

ရန်သူက အရာရာကို တမင် လျှို့ဝှက်ထားခဲ့သည် ဆိုသော်လည်း သူက အချိန်၏ စည်းချက်ကို ရှင်းလင်းစွာ သိနေ၏။ မကြာမီ တစ်စုံတစ်ယောက်က သူ့ကို လာရောက် တွေ့ပေလိမ့်မည်။

အမှားအယွင်း မရှိပါက နောက်ထပ် နှစ်ရက်၊ သုံးရက်အတွင်း ဖြစ်ပေမည်။ သဘာဝလွန် အင်အားစုများ အစည်းအဝေး နီးကပ်လာသည်နှင့်အမျှ သူ၏ အခွင့်အရေးကလည်း ရောက်ရှိလာတော့မှာ ဖြစ်၏။

မျှော်လင့်ထားသည့်အတိုင်းပင် ရှမ့်လန် အကျဉ်းကျပြီး (၁၉) ရက်မြောက်နေ့တွင်တော့...

တစ်နေ့ သူ နှစ်ခြိုက်စွာ အိပ်မောကျနေစဉ်မှာပဲ ရုတ်တရက် အသံကျယ်ကြီး တစ်ခု ထွက်ပေါ်လာ၏။ ထည်ဝါခန့်ညားသည့် အမျိုးသမီးက ရေချိုးရန် ရေအပြည့်ပါသည့် ရေပုံးကြီးတစ်ပုံးကို အခန်းထဲသို့ သယ်ဆောင်လာသည်။

“မြန်မြန် ရေချိုးတော့ တစ်ကိုယ်လုံး စင်ကြယ်အောင်လုပ်၊ ဘာအညစ်အကြေးမှ မရှိစေနဲ့။” ထည်ဝါခန့်ညားသည့် အမျိုးသမီးက နောက်ဆုံးတွင် သူ၏ ဒုတိယမြောက် စကားကို ပြောလာခဲ့၏။

ရှမ့်လန်က ကုတင်ပေါ်မှ ဆင်းပြီး ရေချိုးကန်ထဲသို့ ဝင်၏။ သူက မိမိဘာသာ တစ်ခါမှ ရေမချိုးခဲ့ဖူးကြောင်း ပြောရန် ကြံရွယ်လိုက်သော်လည်း နောက်ဆုံး မပြောဝံ့တော့ပေ။ ဤမိန်းမက တကယ်ကို သန်မာ၏။ အကယ်၍ သူမအား ရေချိုးပေးရန် အကူအညီ တောင်းလိုက်လျှင် သူ၏ အရေပြားလွှာ အားလုံး ကွာကျ သွားနိုင်သည်။

“ကျုပ် ရေချိုးရတာ မြတ်နိုးတယ်။ ကျုပ်အသားအရေက သိပ်ကောင်းတယ်။” ရှမ့်လန်က ရေချိုးရင်း သီချင်းဆိုလျက် ရှိ၏။ ရေချိုးပြီးနောက် သူက အဝတ်အစားသစ်များကို ဝတ်ဆင်၏။ သို့သော်လည်း ထိုအရာက ပိုးထည်များ မဟုတ်ဘဲ လျှော်အဝတ်အစားများသာလျှင် ဖြစ်၏။

ထိုအရာက ဘာကို ဆိုလိုသနည်း။ သူက အလွန် ချောမောပြီး ဆွဲဆောင်မှု ရှိနေမည်ကို စိုးရိမ်နေသောကြောင့်လား။ ထိုသို့ဆိုလျှင် နောက်ထပ် သူ တွေ့ရမည့်သူက အမျိုးသမီး တစ်ယောက် ဖြစ်မည်လား။

“ကျွန်မနောက် လိုက်ခဲ့။ လျှောက်မသွားနဲ့။ မဟုတ်ရင် အကျိုးဆက်ကို ခံစားရလိမ့်မယ်။” ထည်ဝါခန့်ညား သည့် အမျိုးသမီးက ပြောဆိုကာ အပြင်ဘက်သို့ ထွက်သွားသည်။

နောက်ဆုံးတော့ ရှမ့်လန်က အခန်းထဲမှ အပြင်သို့ ထွက်လာနိုင်ခဲ့၏။ စုစုပေါင်း (၁၉) ရက် ကြာမြင့်ခဲ့၏။

ထို့နောက်တွင်တော့ ကွေ့ဝိုက်လျက် ရှိနေသော စင်္ကြံလမ်းလေး တစ်ခု ရှိ၏။ ထိုလမ်းက တိတ်ဆိတ်ပြီး ကျောက်တုံးများဖြင့် ဖန်တီးထား၏။ အချိန်၏အမှတ်အသားများ ထင်ကျန်လျက်ရှိပြီး နေရာအနှံ့တွင် ဖယောင်းတိုင်များ ထွန်းထား၏။ နေရောင်ခြည်လည်း မရှိ၊ ပြတင်းပေါက်များလည်း မရှိချေ။ ဤသည်က တစ်နေရာရာမှ မြေအောက်မြို့တော်တစ်ခုဖြစ်ကြောင်း ရှမ့်လန်က ကောက်ချက်ချနိုင်သည်။

ထို့အပြင် ထိုအရာက စေတီတောင်မှ ထိန်းချုပ်ထားသည့် မြေအောက်မြို့တော် ဖြစ်နိုင်ခြေ အလွန်များ၏။

ခေတ္တမျှ လမ်းလျှောက်ပြီးနောက် တံခါးတစ်ခုဆီသို့ ရောက်ရှိသွား၏။ တံခါးဝတွင် အမျိုးသမီး စစ်သည်တော် လေးဦးတို့က စောင့်ကြပ်နေ၏။ တစ်ဦးချင်းစီတိုင်းက ထူးခြားသည့် သွေးမျိုးဆက်များ ရှိနေကြပြီး သိုင်းပညာကလည်း မြင့်မားသည်။

“ကျွီ...” ကျောက်တံခါးကြီးက ပွင့်သွား၏။

“ဝင်သွားလိုက်တော့။” ထည်ဝါခန့်ညားလှသော အမျိုးသမီးက ပြောသည်။

All Chapters