အခန်း (၁၀၄၁-၁၀၄၂)
Vol. 61 Ch. 1041-1042
အပိုင်း (၁၀၄၁)
စက်တင်ဘာ ၆ ရက်နေ့မှာတော့ တော်ဝင်ရန်နန်းတော်က လူအများကို ကြာရှည်စွာ မစောင့်ဆိုင်းစေခဲ့ချေ။ အိမ်ရှေ့စံကိုယ်တိုင် အရေးပါသည့် ဝန်ကြီးချုပ်ကို ဦးဆောင်ပြီး ချန်နိုင်ငံသစ်၏ အိမ်ရှေ့စံ ရင်ဝူမင်ကို ကြိုဆိုရန် မြောက်ဘက် ဗာမီလီယံ ဂိတ်တံခါးဆီသို့ ရောက်ရှိလာ၏။
မှန်ပေ၏ ထိုအရာက မြောက်ဘက် ဗာမီလီယံ ဂိတ်တံခါးပင်။ အရှေ့လောကရှိ နိုင်ငံအားလုံးတွင် နဂါး၊ ဗာမီလီယန်၊ လိပ်နက်နှင့် ကျားဖြူဟူသည့် တံခါး ၄ ခုရှိ၏။ သို့သော်လည်း တော်ဝင်ရန်မြို့တော်၏ တံခါး ၄ ခု ကတော့ အဆင့်အတန်း အမြင့်မားဆုံး ဖြစ်ပြီး သမိုင်းဝင် ထျန်မင်းဆက်၏ ချန်မြို့တော်ထက်ပင် ပို၍ ကြီးမားသည်။
လူများ၏ စောင့်ကြည့်မှုအောက်မှာပဲ တော်ဝင်ရန်အင်ပါယာ၏ အိမ်ရှေ့စံက ချန်နိုင်ငံသစ်၏ အိမ်ရှေ့စံ ရင်ဝူမင်ကို ဗာမီလီယန် ဂိတ်တံခါး၏ အပြင်ဘက်၌ ကြိုဆိုခဲ့၏။
သူတို့က ခေတ္တမျှ ဆွေးနွေးခဲ့ပြီး နှစ်ဦးစလုံး က ရှမ့်လန်၏ တော်ဝင်ချန်မင်းဆက် အတုကို ပြစ်တင်ရှုတ်ချခဲ့သည်။
တော်ဝင်ရန်အင်ပါယာ အိမ်ရှေ့စံက ပြော၏။ “ညီနောင်... ခရီးလမ်းမှာ ပင်ပန်းခဲ့ပြီပေါ့။”
ရင်ဝူမင်က ဦးညွှတ်ကာ ပြောသည်။ “တော်ဝင်ရန်မြို့တော်က ထွက်ခွာသွားတိုင်း ကျုပ် တကယ်ကို လွမ်းဆွတ်ရပါတယ်။ ဒါကြောင့် ဒီတစ်ခေါက် မြန်မြန် ပြန်လာဖို့ တကယ်ပဲ စိတ်အားထက်သန်နေခဲ့တာပါ။ အရှင်ဧကရာဇ်ရဲ့ မျက်နှာတော်ကို ဖူးမြော်ချင်သလို အိမ်ရှေ့စံမင်းသားရဲ့ ဘုန်းတန်ခိုးအောက်မှာလည်း တစ်ခါ ပြန် ခိုလှုံချင်ပါတယ်။”
တော်ဝင်အင်ပါယာ၏ အိမ်ရှေ့စံက ရင်ဝူမင်၏ လက်ကောက်ဝတ်ကို ဖမ်းကိုင်ကာ ပြော၏။ “လာလာ... ကျုပ်တို့ ညီအစ်ကိုတွေ နန်းတော်ထဲကို အတူတူ ဝင်ကြတာပေါ့။”
ရင်ဝူမင်က ချက်ချင်းပင် နောက်တော် ၃ လှမ်းဆုတ်ကာဖြင့် ဦးညွှတ်၍ လျှောက်တင်သည်။ “အရှင်... ကျုပ် ရိုင်းပြစွာ မပြုမူဝံ့ပါဘူး။”
ပြီးနောက် တော်ဝင်ရန်အိမ်ရှေ့စံက ယဉ်ကျေးပျူငှာသည့် အမူအရာဖြင့် ရင်ဝူမင်၏ လက်ကို ဆွဲကာ အတွင်းသို့ အတူဝင်ရန် ကြိုးစား၏။ ရင်ဝူမင်က ငြင်းပယ်ခဲ့ပြီး သူ၏ အမူအရာက အလွန်တရာ နှိမ့်ချလှ၏။ နောက်ဆုံး သူက မြေပြင်ပေါ်တွင်ပင် ဒူးထောက်ထိုင်ချ၏။ ရင်ဝူမင်က နဖူးနှင့် မြေပြင်ကို ထိကာ ဦးတိုက်သည်။
“အကယ်၍ အိမ်ရှေ့စံမင်းသားကသာ ဒီလိုမျိုး လုပ်နေမယ်ဆိုရင် ကျုပ် တော်ဝင်ရန် မြို့တော်ထဲကို မဝင်ရဲတော့ပါဘူး။”
အိမ်ရှေ့စံက ပြော၏။ “ကောင်းပြီ။ ကောင်းပြီ။ ဒီလိုသာ ဆိုရင်လည်း ခင်ဗျား သဘောအတိုင်းပဲ ဖြစ်စေရမယ်။ ညီနောင်က တကယ်ကို ယဉ်ကျေးလွန်းနေတယ်။”
တော်ဝင်ရန်အင်ပါယာ၏ တပ်မှူးတစ်ဦးက အော်ဟစ်လိုက်သည်။ “တပ်ဖွဲ့တွေ အားလုံး စစ်ကြောင်း ပြင်ကြတော့။”
ချက်ချင်းပဲ တော်ဝင်ရန်အင်ပါယာမှ အစောင့်တပ် ၃၀၀၀ တို့က စနစ်တကျ တန်းစီလိုက်ကြပြီး ဓားများကို ဆွဲထုတ်ကာ ရင်ဝူမင်ကို မြို့ထဲသို့ ကြိုဆိုကြ၏။ “အိမ်ရှေ့စံမင်းသားကို ကြိုဆိုပါတယ်။”
ဒုတိယ ဝန်ကြီးချုပ် တစ်ဦးက အရာရှိပေါင်းများစွာတို့ကို ဦးဆောင်ကာဖြင့် စနစ်တကျ ဦးညွှတ်သည်။
တော်ဝင်ရန်မြို့တော်၏ ရင်ဝူမင်ကို ကြိုဆိုပွဲက တကယ်ကို ခမ်းနားလွန်းလှချေပြီး မင်းသားတစ်ပါး၏ အခမ်းအနားထက်ပင် သာလွန်လို့နေ၏။
“ညီနောင် ကြွပါ။”
“အရှင် ရှေ့က ကြွပါ။”
ပြီးနောက် အိမ်ရှေ့စံနှင့် ရင်ဝူမင်တို့က စစ်မြင်းများကို စီးနင်းပြီး တော်ဝင်ရန်အင်ပါယာ အစောင့်တပ်များကို စစ်ဆေးခဲ့ကြ၏။
“အိမ်ရှေ့စံမင်းသားကို ကြိုဆိုပါတယ်။” အိမ်ရှေ့စံနှင့် ရင်ဝူမင်တို့၏ စစ်မြင်းခြေလှမ်းများက မမြန်သော်လည်း တကယ်ကို တင့်တယ်ပြီး တစ်လောကလုံးကို ကပြနေသလားပင် ထင်ရ၏။ သူတို့ ဖြတ်သန်းသွားရာ နေရာတိုင်းတွင် အင်ပါယာ၏ အစောင့်တပ်များက မတ်မတ်ရပ်ပြီး တညီတညွတ်တည်း အော်ဟစ်လျက်ရှိ၏။ သူတို့က ဓားများကို ဆွဲထုတ်ကာဖြင့် အလေးပြုသည်။
မိနစ်အနည်းငယ်အကြာမှာတော့ အိမ်ရှေ့စံ နှစ်ပါးက ဂုဏ်ပြုတပ်ဖွဲ့ကို စစ်ဆေးခြင်း ပြီးစီး၏။ ဗာမီလီယန် ဂိတ်တံခါး၏ ရှေ့မှောက်သို့ တရားဝင် ပြန်လည် ရောက်ရှိလာခဲ့၏။
“ပစ်..” အမိန့်ပေးသံ ထွက်ပေါ်လာ၏။ တော်ဝင်ရန်မြို့ရိုးဆီမှ အမြှောက်များက ပစ်ဖောက်၍ အလေးပြုကြသည်။
ဤသည်က အသစ်အဆန်းပင်။ ထိုအရာကို နုရှောင့်မြို့တော်ထံမှ တုပယူခဲ့ခြင်း ဖြစ်ပြီး စုစုပေါင်း ၁၇ ချက် ပစ်ဖောက်ခဲ့၏။ ဤသည်က တကယ်ကို မြင့်မားသော အဆင့်အတန်း တစ်ခုဖြစ်ပြီး သာမန်မင်းသား တစ်ပါးထက်ပင် သာလွန်နေ၏။ အိမ်ရှေ့စံအတွက် ၁၉ ချက်နှင့် ဧကရာဇ်အတွက် ၂၁ ချက်တို့၏ နောက်တွင် တည်ရှိနေသောကြောင့်ပင်။
“အိမ်ရှေ့စံမင်းသားကို ကြိုဆိုပါတယ်။”
“ဒုန်း... ဒုန်း...”
အမြှောက်သံများ၏ ကြားမှာတော့ လူပေါင်းများစွာတို့က တညီတညွတ်တည်း အော်ဟစ် လိုက်ကြ၏။ ရင်ဝူမင်က အိမ်ရှေ့စံ၏နောက်မှလိုက်ပြီး တော်ဝင်ရန်မြို့တော်၏ ဗာမေလီယန် ဂိတ်တံခါးအတွင်းသို့ ဝင်ရောက်၏။
အနောက်မြောက်ဘက် နယ်စပ်၌ ကျယ်ပြောလှသော သဲကန္တာရတစ်ခု ရှိနေသည်။ ထိုအရာက တော်ဝင်အင်ပါယာ၏ အနောက်အကျဆုံးသော ဒေသ ဖြစ်လုနီးပါးပင်။ အနောက်ဘက် တိုင်းပြည်များ၏ အနောက်ဘက် မိုင် ၃၀၀၀ အကွာတွင် ရှိ၏။ ဤနေရာရှိ သဲကန္တာရက မဟာလေဟာပြင်ကြီး တစ်ခုကဲ့သို့ပင် ကြောက်မက်ဖွယ်ရာ ကောင်းပြီး မိုင် ၂၀၀၀ မှ ၃၀၀၀ အထိ ရှည်လျားသည်။
ဟွမ်လူမြို့က ဤသဲကန္တာရထဲရှိ အကြီးဆုံး အိုအေစစ် ဖြစ်၏။ သဲကန္တာရကို ခုခံရာတွင် အသုံးပြုသည့် တော်ဝင်ရန် အင်ပါယာ၏ ရှေ့တန်း စစ်မျက်နှာလည်း ဖြစ်၏။ ဤမြို့က တကယ်ပင် လှပလွန်း၏။ သဲကန္တာရထဲတွင် မြှုပ်နှံထားသည့် ကျောက်စိမ်းတုံးတစ်ခုနှင့်ပင် ဆင်တူ၏။ ဧကပေါင်း သိန်းချီ ရှိသည့် တောအုပ်များက မြို့တော်အတွက် သက်ဝင်လှုပ်ရှားမှုကို ဆောင်ကျဉ်းပေးပေလိမ့်မည်။
မရေတွက်နိုင်သည့် ပညာရှိများက ဤနေရာသို့ ရောက်ရှိလာခဲ့ပြီး တော်ဝင်ရန်အင်ပါယာ၏ စည်းလုံးမှုကို ချီးကျူးကာ သဘာဝတရားကို လူသားတို့ အောင်နိုင်သည့် အံ့ဖွယ်နိမိတ်အဖြစ် ချီးမွမ်းသည့် ကဗျာများကို ရေးစပ်၏။ ဤမြို့က ချန်နိုင်ငံသစ်နှင့် အနီးစပ်ဆုံး ဖြစ်သော်လည်း တော်ဝင်ရန်အင်ပါယာ၊ ချန်နိုင်ငံသစ်နှင့် ကျင်းနိုင်ငံတို့ ပူးပေါင်း တည်ဆောက်ခဲ့ခြင်း ဖြစ်၏။
“ကြည့်ကြစမ်း။ ကြည့်အုံး။ ဒါဘာကြီးလဲ။”
ရုတ်တရက် တစ်စုံတစ်ယောက်က ကောင်းကင်ယံဆီသို့ လက်ညှိုးညွှန်ပြ၏။ ပြီးနောက် ဟွမ်လူမြို့၏ လူအပေါင်းတို့က အံ့အားသင့်ဖွယ်ရာ မြင်ကွင်းတစ်ခုကို မြင်လိုက်ရသည်။
ဥက္ကာခဲတစ်ခုက ကောင်းကင်ယံကို ဖြတ်သန်းသွားခဲ့ပြီး အစိမ်းရောင် အလင်းတန်းတစ်ခုနှင့်အတူ လေထဲတွင် တဝီဝီ မြည်ဟီးကာ ကျဆင်းလာခဲ့၏။ စက္ကန့်အနည်းငယ်အတွင်းမှာပင် ထိုကြွေလွင့်လာသည့် ကြယ်ကြီးက ဟွမ်လူမြို့၏ အလယ်ဗဟို တည့်တည့်သို့ အရှိန်အဟုန်ဖြင့် ကျရောက်၏။
“ဝုန်း... ဝုန်း...”
အစိမ်းရောင် ငရဲပန်းတစ်ခုက မြို့လယ်ခေါင်တွင် ပွင့်လာခဲ့၏။ ထိုအရာက နေမင်းထက်ပင် ပို၍ တောက်ပသေး၏။ ပြီးနောက် မရေတွက်နိုင်သည့် အိမ်၊ သစ်ပင်များနှင့် လူသားများက ပြာအဖြစ်သို့ ပြောင်းလဲသွား၏။ ထိုအရာက ကမ္ဘာပျက်လုမတတ် ပြင်းထန်သည့် ပေါက်ကွဲမှုကြီးပင် ဖြစ်သည်။ နဂါးနောင်တ ပင်။
...................
ယခုအချိန်တွင် သတင်းပို့သူက ကောင်းကင်ပြစ်ဒဏ် နန်းဆောင်မှ လင်းယုန်စီး စစ်သည်ပင် ဖြစ်၏။ အမှတ်မထင် သူတို့က ပေါက်ကွဲမှု ဖြစ်ပွားရာနေရာနှင့် မဝေးသည့် နေရာတွင် ရှိနေ၏။ စက်တင်ဘာ ၆ ရက်နေ့တွင် မဟာဗျူဟာမြောက် လက်နက်ဖြစ်သော နဂါးနောင်တက ငြိမ်းချမ်းရေး သင်္ကေတ အံ့ဖွယ်မြို့တော် ဖြစ်သော ဟွမ်လူမြို့ကို ဖျက်ဆီးပစ်လိုက်ပြီး စက်တင်ဘာ ၇ ရက်နေ့တွင် ထိုသတင်းက တော်ဝင်ရန်မြို့တော်သို့ ရောက်ရှိလာသည်။
တစ်လောကလုံးက တုန်လှုပ်သွား၏။ အိမ်ရှေ့စံက သတင်းကို ကြားသည့် အချိန်တွင် မေ့မျောလု မတတ်ပင် ဖြစ်ခဲ့၏။ သူက ဧကရာဇ်ထံသို့ ဤတုန်လှုပ်ဖွယ်ရာ ကောင်းသည့် သတင်းကို တင်ပြရန် တားမြစ်ထားသည့် မျှော်စင်ဆီသို့ ယိုင်တိယိုင်တိုင်နှင့် လှမ်းလျှောက်သွားခဲ့၏။
သို့သော်လည်း တစ်ကိုယ်တည်း ကျင့်ကြံလျက်ရှိနေသည့် ဧကရာဇ်က မည်သည့် တုံ့ပြန်မှုမှ မပြုခဲ့ချေ။ မည်သည့်အရာမှ မကြားသည့် အလားပင် ရှိနေခဲ့၏။ အိမ်ရှေ့စံက အရာရှိအားလုံးနှင့် လောကအရပ်ရပ်ဆီမှ စေတမန်များကို ဖိတ်ခေါ်၏။ ဟွမ်လူမြို့၌ သေဆုံးသွားသူများအတွက် ဝမ်းနည်းပူဆွေးမှုများနှင့် အရာရှိများနှင့် အရပ်သားတို့ကို ဝမ်းနည်းခြင်း အထိမ်းအမှတ်ပြုရန် သူက အမိန့်ပေး၏။ သူတို့က အလံကိုပင် တစ်ဝက်လျှော့ချ၍ ဝမ်းနည်းကြောင်း သင်္ကေတကို ပြသခဲ့သည်။
ညီလာခံခန်းမတွင် အိမ်ရှေ့စံ၏ စကားလုံးများက သွေးမျက်ရည်များသဖွယ် ဖြစ်လို့နေ၏။ သူက ဟွမ်လူမြို့၏ အဖိုးတန်သည့် အခိုက်အတန့်များကို ပြန်လည် အမှတ်ရမိကြောင်း ထပ်ဖန်တလဲလဲ ပြောကြား၏။
“လွန်ခဲ့သည့် နှစ်အနည်းငယ်တုန်းက ကျုပ်က အဖေရဲ့ ကိုယ်စား ဟွမ်လူမြို့ကို သွားခဲ့တယ်။ အခုထိ ရှင်းရှင်းလင်းလင်း မှတ်မိနေပါသေးတယ်။ သစ်ပင်စိုက်ပျိုးသူ တစ်ယောက်ရဲ့ လက်တွေကို ကျုပ် ဆွဲကိုင်မိတဲ့ အချိန်မှာ သူ့ရဲ့လက်က သစ်ခေါက်တွေ ထက်တောင် ပိုပြီး ကြမ်းတမ်းနေတာ သိခဲ့ရတယ်။ ဒါတွေက အံ့ဖွယ်လက်တွေ ဖြစ်ပြီးတော့ ဟွမ်လူမြို့ကို အဲဒီလို အံ့ဖွယ်လက်တွေနဲ့ တည်ဆောက်ခဲ့တာပါ။
ဟွမ်လူမြို့က မရေတွက်နိုင်တဲ့လူတွေရဲ့ သွေးချွေးနဲ့ ရလဒ်တွေ ဖြစ်တယ်။ ဒါကြောင့် တော်ဝင်ရန် မင်းဆက်ရဲ့ ဂုဏ်ယူစရာလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ အခုတော့ အားလုံး ပျောက်ကွယ်သွားခဲ့ပြီ။ မြို့တော်ကြီးက ပျောက်ကွယ်သွားခဲ့ပြီ။ အဲဒီ အံ့ဖွယ်လက်တွေကလည်း ပျောက်ကွယ်သွားခဲ့ပြီ။
ကောင်းကင်ဘုံ... ဟွမ်လူမြို့က အပြစ်ကင်းစင်သွားတယ်။ ဘာကြောင့် ဒီလို ဒုက္ခမျိုး ခံစားစေတာလဲ။ ဒီကိစ္စမှာ ဘယ်သူက တရားခံလဲ။ ဘယ်သူက ဒီလောက်တောင် ရူးသွပ်နေတာလဲ။ ဘာကြောင့် အပြစ်မဲ့တဲ့ ဟွမ်လူမြို့ကို ဖျက်ဆီးပစ်ခဲ့ရတာလဲ။ ဘာကြောင့် တော်ဝင်ရန်မြို့တော်နဲ့ ကျုပ်ကို ပစ်မှတ်ထားရတာလဲ။”
“ဝမ်းနည်းကြောင်းပါ အရှင်... ဝမ်းနည်းကြောင်းပါ။”
“နုရှောင့်မြို့တော်ဆီကို စေတမန် စေလွှတ်ပြီး ရှမ့်လန်က နဂါးနောင်တကို ထုတ်လွှတ်လိုက်တာလား ဆိုတာ စုံစမ်း။ အကယ်၍ သူသာ ဒီလိုကိစ္စမျိုးကို လုပ်ခဲ့တယ်ဆိုရင် အင်ပါယာက ဘယ်လို တန်ဖိုးမျိုးကိုပဲ ပေးဆပ်ရပါစေ ... လက်စားချေသွားမယ်။”
ပြီးနောက် အိမ်ရှေ့စံက ရင်ဝူမင်ထံသို့ လာပြီး လက်များကို ကိုင်ကာဖြင့် စိတ်လှုပ်ရှားစွာဖြင့် ပြောဆို၏။ “ညီနောင်... မှတ်မိသေးလား။ ကျုပ်တို့ ဟွမ်လူမြို့မှာ သစ်ပင်တစ်ပင်ကို အတူတူ စိုက်ခဲ့ကြတယ်။ အခုတော့ အဲဒီသစ်ပင် မရှိတော့ဘူး။ ဟွမ်လူမြို့လည်း မရှိတော့ဘူး။”
ရင်ဝူမင်က တုန်လှုပ်သွား၏။ မျက်ရည် အဝိုင်းသားနှင့် ပြန်လည်ကာ ပြောသည်။ “အရှင်... ဟွမ်လူမြို့အတွက် တရားမျှတမှုကို ရှာပေးရပါလိမ့်မယ်။ အဲဒီလူတွေကို အလဟဿနဲ့ အသေမခံပါနဲ့။”
အရပ်ဘက် အရာရှိ တစ်ဦးက မြေပြင်ပေါ် ဒူးထောက်၏။ သူ၏ ရင်ဘတ်ကို တဗုန်းဗုန်းနှင့် ထုနှက်ကာ အော်ဟစ် ငိုကြွေးသည်။ “နဂါးနောင်တကို ပစ်လွှတ်လိုက်တာ ရှမ့်လန်ပဲ ဖြစ်ရမယ်။ ဘယ်လောက် ယုတ်မာလိုက်တဲ့သူလဲ။ သူမှာ နဂါးနောင်တ ရှိတာ။ သူ နှစ်ကြိမ်တောင် ထုတ်လွှတ်ပစ်ခတ်ပြီးပြီ။ စစ်တပ်ကို ဖျက်ဆီးဖို့ သူ ဒါကို သုံးခဲ့တယ်။ အခု မြို့တစ်ခုလုံးကို ဖျက်ဆီးဖို့ သုံးနေပြန်ပြီ။ ကောင်းကင်ဘုံ... ဘာကြောင့် ဒီလို လူယုတ်မာကို ဖျက်ဆီးဖို့ မိုးကြိုးမပစ်ချရတာလဲ။”
အိမ်ရှေ့စံမင်းသားက အားရပါးရ သရုပ်ဆောင်နေသော သူ့ဘက်မှ ရပ်တည်ပေးလိမ့်မည်ဟု ထင်မှတ်ခဲ့သော်လည်း အဆုံးသတ်မှာလည်း မဖြစ်ခဲ့ချေ။ အစိုးရအဖွဲ့ဝင် ဝန်ကြီးအချို့ကပင် သူ့အား ထူးဆန်းစွာ စောင့်ကြည့်နေ၏။
သူက တုန်လှုပ် သွားသည်။ “ငါ ငါ တစ်ခုခု မှားသွားတာလား။ ငါပြောတာများ မှားသွားလို့လား။”
ပြီးနောက် ဝန်ကြီးဌာနအဖွဲ့ဝင်များက မြေပြင်ပေါ် ဒူးထောက် ငိုကြွေးကာဖြင့် အိမ်ရှေ့စံကို တိုင်တန်းလျက် ရှိနေကြ၏။
...............
ချန်နိုင်ငံသစ်၏ ရင်ကွမ်းက ထိုသတင်းစကားကို ကြားချိန်မှာတော့ မယုံကြည်နိုင် လောက်အောင်ပင် တုန်လှုပ် သွားခဲ့သည်။ သတင်းဆိုး... တုန်လှုပ်ဖွယ်ရာကောင်းသည့် သတင်းဆိုးပင်။ နဂါးနောင်တက ဟွမ်လူမြို့ကို အလုံးစုံ ဖျက်ဆီးပစ်လိုက်ပြီလား။
ရင်ကွမ်း၏ နှလုံးသားများက နာကျင်သွား၏။ သူက မျက်လုံးများကို ဖြည်းညင်းစွာ ပိတ်လိုက်မိ၏။ သဘာဝလွန်အင်အားစုများ ညီလာခံတွင် ရင်ဝူမင်က စေတီတောင်ကို ကိုယ်စားပြုမည်ဖြစ်ကြောင်း သူသိ၏။ ဤသည်က တော်ဝင်ရန်မြို့တော်ကို သေချာပေါက် အမျက်ထွက်စေမှာဖြစ်ပြီး အပြင်းထန်ဆုံး ခြိမ်းခြောက်မှုကို ပြုလုပ်မည်ဖြစ်ကြောင်း သိရှိပြီးသားပင်။
ထို့အပြင် ရင်ကွမ်းက တော်ဝင်ရန်အင်ပါယာသည် နဂါးနောင်တကို ထုတ်လွှတ်နိုင်ခြင်း ရှိ၊ မရှိ သိချင်နေခဲ့၏။ ယခု တော်ဝင်ရန်အင်ပါယာက ထုတ်လွှတ်နိုင်ကြောင်း သက်သေပြလိုက်ပြီး ဖြစ်သည်။ ဤသည်က သတင်းဆိုးပင်။ တော်ဝင်ရန်အင်ပါယာတွင် ကြောက်မက်ဖွယ်ရာကောင်းသည့် မဟာဗျူဟာမြောက် ခြိမ်းခြောက်မှု များ ရှိနေသည်ဟု အဓိပ္ပာယ်ရ၏။
သို့သော်လည်း ရင်ကွမ်းက တော်ဝင်ရန်ဧကရာဇ်အနေနှင့် ဟွမ်လူမြို့ကို ပစ်မှတ်အဖြစ် ရွေးချယ်လိမ့်မည်ဟု မထင်ခဲ့ချေ။ ရူးသွပ်နေသူ တစ်ဦးပင်လျှင် ဤမြို့ကို ရွေးချယ်လိုက်မည် မဟုတ်ချေ။
အဘယ့်ကြောင့်နည်း။
ဟွမ်လူမြို့ရဲ့အောက်တွင် ရှေးဟောင်းလျှို့ဝှက်အခြေစိုက်စခန်းတစ်ခုရှိ၏။ ထိုအရာက အလွန်အရေးကြီးပြီး ရင်ကွမ်းက ထိုအရာကို တိုးတက်စေရန် အလွန်ဂရုစိုက်ခဲ့၏။ သူက ယုံကြည်ရဆုံးသူများကိုသာ ထိုနေရာသို့ စေလွှတ်ခဲ့၏။ ထိုသူများကို စေလွှတ်ခဲ့စဉ်က သတိလစ်မေ့မြောနေပြီး နိုးသည့်အချိန်တွင် လျှို့ဝှက်စခန်းသို့ ရောက်ရှိနေကြပြီဖြစ်သည်။
သူတို့က မည်သည့်နေရာသို့ ရောက်ရှိနေသည်ကိုပင် မသိကြသလို အခြေစိုက်စခန်းမှလည်း ထွက်ခွာ၍ မရကြချေ။ ဤရှေးဟောင်းလျှို့ဝှက်အခြေစိုက်စခန်းက ရင်ကွမ်းအတွက် မဟာဗျူဟာမြောက် အလွန်ကို အရေးပါ၏။ ဤအကြောင်းကို သိရှိသူဦးရေ ၃ ဦးထက်မပိုချေ။ ထိုသူတို့ထဲတွင် မည်သူကမှ သူ့ကို သစ္စာဖောက်လိမ့်မည် မဟုတ်ချေ။
ထိုသို့ဆိုလျှင် ဧကရာဇ်က မည်သို့သိရှိသွားသနည်း။ ထို့အပြင် နဂါးနောင်တကို ပသ်လွှတ်ခဲ့၏။ သူက ဟွမ်လူမြို့ကို ဖျက်ဆီးခဲ့ရုံသာမက ဤမဟာဗျူဟာမြောက် လျှို့ဝှက်အခြေစိုက်စခန်းကိုလည်း ဖျက်ဆီးပစ် လိုက်၏။ ဤသည်က သတိပေးချက်သက်သက် မဟုတ်ဘဲ တိုက်ရိုက်ခြိမ်းခြောက်ခြင်း ဖြစ်၏။ သူ နောက်ထပ် ဘာလုပ်သင့်သနည်း။ လုံးဝ အရှုံးပေးတော့ရမည်လား။
ရင်ဝူမင်ကို သဘာဝလွန်အင်အားစုများ ညီလာခံတွင် စေတီတောင်ကို ကိုယ်စားပြုခြင်းမှ တားဆီးရတော့ မည်လား။ မဖြစ်နိုင်ချေ။ မြားက လေးကြိုးပေါ်သို့ တင်ပြီးပြီဖြစ်သောကြောင့် ပစ်ကို ပစ်ရပေတော့မည်။ သို့သော်လည်း သူက ဧကရာဇ်ကို မည်သို့လက်စားချေသင့်သနည်း။ တော်ဝင်ရန်အင်ပါယာကို မည်သို့ တုံ့ပြန်သင့်သနည်း။ တစ်ခုတည်းသော အဖြေက ရှမ့်လန်ပင် ဖြစ်တော့၏။
.............
စက်တင်ဘာလ ၉ ရက်
မြေအောက်မြို့တော်ကြီး၏ ကြီးမားလွန်းသည့် ဂူသင်္ချိုင်းတစ်ခု အတွင်းမှာတော့ ....
“မင်းသမီး... နောက်ဆုံး ရခဲ့တဲ့ အစီရင်ခံစာတွေအရ စက်တင်ဘာ ၆ ရက်နေ့မှာ နဂါးနောင်တက ဟွမ်လူမြို့ကို ဖျက်ဆီးပစ်လိုက်ပါပြီ။”
စေတီတောင်ရဲ့ မင်းသမီးက တုန်လှုပ်သွား၏။ သူမက တိတ်ဆိတ်နေ၏။ သို့သော်ငြား ဂူသင်္ချိုင်း တစ်ခုလုံးက ပြင်းထန်လွန်းသော စွမ်းအင်လှိုင်းများနှင့် ပြည့်နှက်သွား၏။ စေတီတောင် မင်းသမီး၏ စိတ်လှုပ်ရှားမှုက အထွတ်အထိပ်သို့ ရောက်ရှိနေ၏။
ရှမ့်လန်၏ ဟောကိန်းက ကွက်တိပင်။ ၅ ရက်အတွင်း ဖြစ်လာမည်ဟု ပြောခဲ့သော်လည်း ပြောပြီး ၃ ရက် အကြာမှာပင် ဖြစ်ပျက်ခဲ့၏။ တော်ဝင်ရန်အင်ပါယာက အမှန်တကယ်ပင် နဂါးနောင်တကို ပစ်လွှတ်ပြီး ဟွမ်လူမြို့ကို ဖျက်ဆီးပစ်ခဲ့သည်။ အဘယ်ကြောင့် ဟွမ်လူမြို့ ဖြစ်နေရသနည်း။
“သွား... ရှမ့်လန်ကို ဒီကိုလာဖို့ ခေါ်လိုက်။”
........
အခန်းတွင်းမှာတော့ ရှမ့်လန်က ဒူးကွေးထိုင်ထ လေ့ကျင့်ခန်းကို ပြုလုပ်နေ၏။ လွန်ခဲ့သည့် ရက်အနည်းငယ်တည်းက သူ ဤသို့ လေ့ကျင့်နေခဲ့ခြင်းဖြစ်ပြီး အချက်အလက်အရ ဒူးကွေးထိုင်ထ လုပ်ခြင်းက အမျိုးသားတစ်ဦး၏ စွမ်းဆောင်ရည်များကို မြှင့်တင်ပေးနိုင်သည်ဟု ဆိုသောကြောင့်ပင်။
မှန်ပေ၏။ ယခုမှ လုပ်နေခြင်းက အနည်းငယ် နောက်ကျနေပြီဖြစ်၏။ ထိုအရာက အရေးပေါ် ကြိုးပမ်းမှု တစ်ခုသာလျှင်။ သို့သော်လည်း စကားပုံတစ်ခု ရှိသည်မဟုတ်ပါလား။ လက်ကမ်းလာသည်ကို မြင်မှ ကပြစရာမလိုဘဲ အရေးကြုံလျှင် အသင့်ဖြစ်နေရန် လို၏။
ကြွက်သားအမြှောင်းမြှောင်းနှင့် အမျိုးသမီး စစ်သည်တော်က အေးစက်စက်နှင့် ပြောသည်။ “အဝတ်အစားတွေ ဝတ်ပြီး ကျွန်မနောက်လိုက်ခဲ့။”
ရှမ့်လန်က ငြင်းဆိုလိုက်၏။ “မလိုက်နိုင်သေးဘူး အရင်ဆုံး ရေချိုးလိုက်အုံးမယ်။”
ထိုကြွက်သားအမြှောင်းမြှောင်းနှင့် အမျိုးသမီး စစ်သည်တော်က ထွက်ခွာသွားသော်လည်း ယခုတစ်ကြိမ် တွင်တော့ ရှမ့်လန်က နောက်မှမလိုက်ဘဲ ပြတ်သားစွာပင် ပြော၏။
...
အပိုင်း (၁၀၄၂)
“ခုဏက လေ့ကျင့်ခန်း လုပ်ထားလို့ ချွေးတွေ ထွက်နေတယ်။ ကျုပ် ရေချိုးဖို့ လိုတယ်။ ဖောက်ပြန်ခြင်းဆိုတာ မြင့်မြတ်တဲ့ အခမ်းအနား တစ်ခုပဲ။ ရေချိုး၊ အမွှေးနံ့သာတွေ လိမ်းရအုံးမယ်။ မင်းသမီးအတွက် မကောင်းတဲ့ အမှတ်တရတွေ မချန်ထားချင်ဘူး။”
အမျိုးသမီး စစ်သည်တော်က ပြော၏။ “မြန်မြန်လုပ်စမ်းပါ ... အချိန်ဆွဲမနေနဲ့။”
ရှမ့်လန်က ပြောသည်။ “ကျုပ်ကို ရေချိုးခွင့်ပေး၊ မပေးရင် မသွားဘူး။ ပြီးတော့ ပိုးထည် အဝတ်အစားတွေလည်း ဝတ်ရမယ်။”
ပြီးနောက် ရှမ့်လန်က ဒိုက်ထိုးလျက် ရှိနေ၏။ နှစ်ကြိမ်လောက် ဒိုက်ထိုးပြီးနောက် ဆက်မလုပ်နိုင်တော့သောကြောင့် ရပ်လိုက်ရ၏။
အမျိုးသမီး စစ်သည်တော်က ရှမ့်လန်ကို လက်သီးတစ်ချက်တည်းနှင့် သေအောင် ထိုးသတ်ချင်သည့်စိတ်ကို အောင့်အီး သည်းခံရင်း ဒေါသတကြီးနှင့် ထွက်ခွာသွားခဲ့၏။ မကြာမီမှာပဲ သူမက ရေချိုးကန်တစ်ခုနှင့်အတူ ပြန်လည် ရောက်ရှိလာသည်။
ရှမ့်လန်က ပျော်ရွှင်စွာဖြင့် ရေချိုး၏။ ပြီးနောက် ပိုးထည်ဝတ်စုံကို ဝတ်ဆင်ပြီး အမွှေးနံ့သာများကို လိမ်း၏။
ရှမ့်လန်က ပြောသည်။ “သွားကြစို့ ... မင်းသမီးကို အကြာကြီး စောင့်ခိုင်းရတာ အားနာစရာကြီး။”
အမျိုးသမီး စစ်သည်တော်က လမ်းပြ၏။ ရှမ့်လန်ကို ဂူသင်္ချိုင်းဆီသို့ တစ်ဖန် ပြန်လည် ခေါ်ဆောင်လာခဲ့၏။
...............
ဂူသင်္ချိုင်းကြီးက မှောင်မဲနေဆဲ ဖြစ်သော်လည်း အမွှေးနံ့သာတစ်ခု တိုးလာ၏။ ထိုအရာက လျှို့ဝှက် ဆန်းကြယ်ပြီး အေးစက်လွန်းသော ရနံ့တစ်ခုပင်။
ရှမ့်လန်က မေးသည်။ “မင်းသမီး... ကျုပ် နိုင်သွားပြီလား။”
ဂူသင်္ချိုင်းကြီးက တိတ်ဆိတ်နေသည်။ အတန်ကြာမှ စေတီတောင်မှ မင်းသမီးက ပြော၏။ “ဟုတ်တယ် ... ရှင် နိုင်သွားပြီ။ စက်တင်ဘာ ၆ ရက်နေ့မှာ တော်ဝင်ရန်အင်ပါယာက နဂါးနောင်တကို ပစ်လွှတ်ပြီး ဟွမ်လူမြို့ကို ဖျက်ဆီးပစ်လိုက်ပြီ။”
ရှမ့်လန်က ဆိုသည်။ “မြင်ပြီလား။ ဒါက ဉာဏ်ပညာရဲ့ စွမ်းအားပဲ။ မင်းသမီးအနေနဲ့ ကျုပ်ကို ပူဇော် ပသဖို့ မလိုဘူး။ ဒါက ကျုပ်ရဲ့ မရေတွက်နိုင်တဲ့ အံ့ဖွယ်ဉာဏ်ပညာတွေထဲက တစ်ခုပဲ။ ဒါပေမဲ့ တော်ဝင်ရန် အင်ပါယာက ဘာကြောင့် ဟွမ်လူမြို့ကို ရွေးချယ်ခဲ့တာလဲ သိလား။ အဲဒါက ရင်ကွမ်းရဲ့ ရှေးဟောင်း လျှို့ဝှက် အခြေစိုက်စခန်းတွေထဲက တစ်ခုပဲ ဖြစ်ရမယ်။ အဲဒါက အရမ်းကို အရေးကြီးပြီး မဟာဗျူဟာမြောက် တန်ဖိုးလည်း ရှိတယ်။
ရင်ကွမ်းက စေတီတောင်ကို ဒါနဲ့ပတ်သက်ပြီး မပြောပြခဲ့ဘူး မဟုတ်လား။ ဒါက အရမ်းကို ယုတ်မာလွန်းတဲ့ အပြုအမူပဲ။ အပြန်အလှန် ယုံကြည်မှု မရှိဘူး။ ဒီလို တစ်ဖက်သတ် ဖုံးကွယ်ထားမှုက ကြောက်စရာ ကောင်းတယ်။ ရင်ကွမ်းက စေတီတောင်အပေါ်မှာ သစ္စာမရှိဘူးလို့ ဆိုလိုက်တာပဲ။”
ရှမ့်လန်က ရင်ကွမ်းနှင့် စေတီတောင်တို့၏ ကြား ဆက်လက်ကာ သပ်လျှိုလျက် ရှိ၏။ ထိုအရာက ရင်ကွမ်း၏ မြေအောက်လျှို့ဝှက်စခန်းမှန်း သူ မည်သို့ သိရှိသနည်း။ အားလုံးက ခန့်မှန်းချက်သာ ဖြစ်၏။ မည်သည့် အထောက်အထားမှ မရှိချေ။ သို့သော်လည်း တစ်စုံတစ်ဦးကို သိက္ခာချရန် မည်သည့် အထောက်အထားမျိုးကို လိုအပ်နေသနည်း။
စေတီတောင် မင်းသမီးက တိတ်ဆိတ်နေ၏။ ဤကိစ္စက ရှမ့်လန် ပြောသကဲ့သို့ပင် အမှန် ကြီးလေးလွန်း၏။ စေတီတောင်နှင့် ချန်နိုင်ငံသစ်တို့က ပူးပေါင်းရန် အဆင်သင့် ဖြစ်နေကြပြီး ရင်ဝူမင်က သဘာဝလွန် ညီလာခံတွင် စေတီတောင်ကို ကိုယ်စားပြုရန် ပြင်ဆင်နေ၏။ သို့သော်လည်း ရင်ကွမ်းက ဤကဲ့သို့ အရေးကြီးလွန်းသော သတင်းအချက်အလက်ကို ဖုံးကွယ်ထား၏။ တကယ်ကို ယုတ်မာလွန်းလှချေ၏။ သူတို့က အပြန်အလှန် ယုံကြည်မှုကို မလိုလားသည်လား။
ရှမ့်လန်က ပြော၏။ “မင်းသမီး... ကျုပ်တို့ကြားက လောင်းကြေးကို မှတ်မိသေးရဲ့လား။”
စေတီတောင် မင်းသမီးက တိတ်ဆိတ်နေဆဲပင်။
ရှမ့်လန်က ပြောသည်။ “အကယ်၍ ကျုပ် ရှုံးခဲ့ရင် ကျုပ်ကို မျိုးဖြတ်ပစ်မယ်ဆို။ အကယ်၍ ကျုပ်နိုင်ရင်တော့ ရင်ဝူမင်ကို အစိမ်းရောင် ဦးထုပ် ဆောင်းပေးရမယ် မဟုတ်လား။ တစ်နည်းအားဖြင့် ပြောရမယ်ဆိုရင် ကျုပ်တို့နှစ်ယောက် က ပေါင်းဖက်ရတော့မယ်။ ကျုပ်ပြောတာ မှန်တယ်မလား။”
တခြားတစ်ဖက်ဆီမှ တုံ့ပြန်မှု မရှိသေးချေ။
ရှမ့်လန်က ပြော၏။ “မင်းသမီး... ကျုပ် လွန်ခဲ့တဲ့ ရက်အနည်းငယ်က စပြီးတော့ လေ့ကျင့်ခန်းတွေ လုပ်ခဲ့တယ်။ အခု ရေလည်းချိုးပြီးပြီ။ အမွှေးနံ့သာတွေလည်း လိမ်းခဲ့ပြီးပြီ။ ဒီကိစ္စကို ကျုပ် အလွန် အလေးထားပါတယ်။ ဘာပဲပြောပြော မြင့်မြတ်ပြီး ကြီးကျယ်ခမ်းနားတဲ့ ကိစ္စတစ်ခုပဲလေ။
မင်းသမီး ... လောင်းကြေးတစ်ခုကို သဘောတူထားရင် အရှုံးကို လက်ခံရမယ်။ အခု မင်းသမီး ကတိ ဖျက်တော့မလို့လား။ မင်းသမီး... ကျုပ်တို့က အထင်ကရ ပုဂ္ဂိုလ်တွေပါပဲ။ ပြောတဲ့အတိုင်း လုပ်ရမယ်။ ကတိဖျက်လို့ မရဘူးနော်။ မဟုတ်ရင် ဘိုးဘေးတွေကို အရှက်ရစေလိမ့်မယ်။”
“ဝုန်း...”
ရှေ့ရှိ တံခါးမကြီးက ပွင့်သွား၏။ ဤသည်က အလုံးစုံ ဖိတ်ခေါ်လိုက်ခြင်းပေလား။
ရှမ့်လန်က အထဲသို့ လျှောက်၏။ တံခါးကို ဖြတ်ကျော်ပြီးနောက် ဂူသင်္ချိုင်းအတွင်းရှိ အခန်းတစ်ခုသို့ ရောက်ရှိ၏။ ရနံ့က ပိုမိုကာ ပြင်းထန်လာခဲ့၏။ ဤသည်က စေတီတောင် မင်းသမီး၏ အိပ်ဆောင်ပေလား။
မကြာခင် ရှမ့်လန်၏ ခြေထောက်က တစ်စုံတစ်ဦးနှင့် တိုက်မိ၏။ ထိုအရာက ကျောက်ကုတင်တစ်ခု ဖြစ်ပုံပေါ်၏။ မီးများ ထွန်းထားသင့်သည် မဟုတ်ပါလား။ အကယ်၍ အစားထိုးရန် တစ်စုံတစ်ယောက်ကို ရှာထားလျှင် မည်သို့လုပ်မည်နည်း။
ရှမ့်လန်က ပြောသည်။ “မင်းသမီး မီးပိတ်လိုက်ရင် အားလုံး အတူတူပဲလို့ ကျုပ် ပြောခဲ့ဖူးတယ်ဆိုပေမဲ့ အခုတော့ မီးထွန်းထားလိုက်တာ ပိုကောင်းမယ်နဲ့ တူတယ်။”
မီးများ ထွန်းညှိလိုက်၏။ ရှမ့်လန်က ဖော်ပြ၍ မရနိုင်အောင် လှပသည့် ကိုယ်လုံးကိုယ်ပေါက်နှင့် မိန်းကလေးတစ်ယောက်ကို မြင်လိုက်ရ၏။ ထိုအရာက စကားလုံးများနှင့် ဖော်ပြရန်ပင် မစွမ်းသာအောင် ကျော့ရှင်းလွန်းလှ၏။
စေတီတောင် မင်းသမီး၏ ကိုယ်လုံးကိုယ်ပေါက်က သူ ထင်မှတ်ထားသည်ထက် များစွာ လှပ၏။ သူမတွင် ထူးခြားလွန်းသော မွန်မြတ်မှု တစ်ခုပင် ရှိနေသေး၏။ သူမ၏ ကိုယ်လုံးကိုယ်ပေါက်က နင်ဟန်ထက် ပို၍ ဆွဲဆောင်မှု ရှိပြီး အနည်းငယ် စိတ်ကူးယဉ်ဆန်နေသကဲ့သို့ပင်။
စေတီတောင် မင်းသမီးက မေးသည်။ “ရှမ့်လန် .... လောင်းကြေးတစ်ခုကို သဘောတူထားရင် အရှုံးကို လက်ခံရမယ်။ ရှင် လောင်းကြေးနိုင်သွားပြီ။ ဒါပေမဲ့ ရှင် တကယ်ပဲ ကျွန်မကို ဒီလောင်းကြေးအတိုင်း လုပ်ခိုင်းချင်တာလား။ ရှင်က တကယ်ပဲ ရင်ဝူမင်ကို နွားကျစေချင်တာလား။”
ရှမ့်လန်က ပြော၏။ “ဟုတ်တယ်။ သေချာတာပေါ့။”
စေတီတောင် မင်းသမီးက ပြောသည်။ “ကောင်းပြီ ရှင် နောင်တမရဖို့ မျှော်လင့်ပါတယ်။”
ပြီးနောက် သူမက သူမ၏ မျက်နှာဖုံးကို ဖယ်ရှား၊ ဝတ်ရုံကို ချွတ်၏။ မှော်ဆန်လွန်းသည့် အလှတရားဖြင့် ပြည့်နှက်နေသော သူမ၏ ခန္ဓာကိုယ်ကို ဖော်ပြ၏။
ရုတ်တရက် ရှမ့်လန်က လုံးဝ ဆွံ့အသွားခဲ့၏။ ပြီးနောက် သူ၏ မျက်လုံးများက အစွမ်းကုန် ပြူးကျယ်သွား၏။ ပြန်မှိတ်၍ပင် မရတော့ချေ။ သူ၏ရှေ့မှောက်တွင် ရှိနေသည့် မြင်ကွင်းကို သူက မယုံကြည်နိုင်အောင် ဖြစ်နေ၏။ ရှမ့်လန်က အိပ်မက်ထဲမှာပင်လျှင် ဤကဲ့သို့ ဖြစ်လာလိမ့်မည်ဟု မထင်မှတ်ခဲ့ချေ။ သူ သရဲကို မြင်ခဲ့ရသည်လား။
စေတီတောင် မင်းသမီးက လှောင်ပြုံးပြောသည်။ “ရှမ့်လန် ရှင်... ရင်ဝူမင်ကို နွားကျစေချင်တယ် မဟုတ်လား။ ရှင် ကျွန်မကို လိုချင်တာ မဟုတ်လား။ လာလေ။ အားမနာပါနဲ့။”
သူမ၏မျက်နှာက အပြစ်ပြောစရာ မရှိအောင် လှပပြီး စိတ်ကူးကြည့်ရန်ပင် ခက်ခဲ၏။ သူမ၏ ကိုယ်လုံး ကိုယ်ပေါက်ကလည်း ပြီးပြည့်စုံလှပြီး အိပ်မက်ဆန်လွန်းသော ခံစားချက်များကို ပေးစွမ်းနေ၏။
သို့သော်လည်း သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးက ထွင်းဖောက်မြင်နေရ၏။ ဖန်သားကဲ့သို့ ကြည်လင်နေ၏။ ထိုအရာက တကယ်ပင် ထူးဆန်းလွန်းလှချေပြီး လူသားတစ်ဦးနှင့်ပင် လုံးဝမတူချေ။
.............
စေတီတောင်၏ မင်းသမီးက အဘယ်ကြောင့် လူလုံးထွက်မပြခဲ့သည်ကို ရှမ့်လန်က ယခုအချိန်မှာတော့ နားလည်သွားခဲ့၏။ မူလက သူမ၌ ရုပ်ဆိုးခြင်း သို့မဟုတ် ခန္ဓာကိုယ်ပေါ်တွင် ကြောက်မက်ဖွယ်ရာ ကောင်းသည့် အမာရွတ်များ ရှိနေခြင်း သို့မဟုတ် အရေပြားရောဂါ တစ်ခုခု ရှိနေခြင်း ဖြစ်မည်ဟု ထင်မှတ်ခဲ့သည်။
သို့သော်လည်း ယခု ပြန်လည် စဉ်းစားကြည့်ချိန်မှာတော့ ဤအမျိုးသမီးက ရုပ်ဆိုးနေလျှင်ပင် သို့မဟုတ် ဆိုးဝါးလွန်းသည့် အချက်အလက် သို့မဟုတ် အမာရွတ်ကြီးများ ရှိနေလျှင်ပင် လူလုံးထွက်မပြဘဲ နေမည် မဟုတ်ပေ။
စေတီတောင်၏ ဆက်ခံသူတစ်ဦးအနေဖြင့် ရုပ်ရည်က အရေးမကြီးချေ။ သိုင်းပညာ၊ ဉာဏ်ပညာနှင့် စိတ်ဓာတ်ကြံ့ခိုင်မှုတို့ကသာလျှင် အရေးကြီးဆုံး ဖြစ်၏။ သို့သော်ငြား ထွင်းဖောက်မြင်နေရခြင်းက အလွန်ကို ထူးဆန်းလွန်းပြီး လူသားတစ်ယောက်နှင့် မတူချေ။
စေတီတောင်အနေနှင့် ထိုကဲ့သို့သောသူကို အနာဂတ် ဂိုဏ်းချုပ်အဖြစ် လက်ခံနိုင်ရန် ဆိုသည်က ခက်ခဲပေလိမ့်မည်။ ကျောက်စိမ်းလူသားလား၊ ဖန်လူသားလား မသဲကွဲသောကြောင့်ပင်။ လူသားတစ်ဦး၏ ခန္ဓာကိုယ်က ဖောက်ထွင်းမြင်နေရသည် ဆိုသည်မှာ စိတ်ကူးကြည့်ရန်ပင် ဖြစ်နိုင်သည့် ကိစ္စရပ်မျိုး မဟုတ်ချေ။ သူမက ဂြိုဟ်သား တစ်ဦး ဖြစ်နေသည်လား။
ရှမ့်လန်၏ တုံ့ပြန်မှုကိုမြင်ရချိန်မှာတော့ စေတီတောင်၏ မင်းသမီးက အေးစက်စက်နှင့် ပြော၏။ “လာလေ... အခမ်းအနားတွေ ဘာတွေ လုပ်မနေနဲ့။”
ရှမ့်လန်က တိုးညှင်းနေသည့် အသံဖြင့် ပြောသည်။ “ကျုပ်တို့ မီးပိတ်လိုက်ရင် ဘယ်လိုလဲ။”
ချက်ချင်းပဲ ဖယောင်းတိုင်မီးများ အားလုံး ငြိမ်းသွား၏။
စေတီတောင် မင်းသမီးက ပြောသည်။ “လာလေ... တုန့်နှေးတုန့်နှေး လုပ်မနေနဲ့။”
ကတိတည်ရမည့် အချိန်သို့ ရောက်ရှိလာခဲ့၏။ မီးပိတ်လိုက်လျှင် အားလုံး အတူတူပဲဟု ပြောခဲ့ဖူး၏။ ထို့အပြင် သူ၏ရှေ့မှ အမျိုးသမီးက ထူးကဲလွန်းသည့် မျက်နှာနှင့် ကိုယ်လုံးကိုယ်ပေါက်မျိူ’ ရှိ၏။ သူမက ကျောက်စိမ်းရုပ်တု ကဲ့သို့ပင် နုနယ်၏။ အမှောင်ထုထဲတွင် ဖြစ်ပေါ်လာနိုင်သည့် ခံစားချက်က အံ့အားသင့်ဖွယ်ရာ ကောင်းပေလိမ့်မည်။
“လာလေ... ဘာကြောင့် အချိန်ဖြုန်းနေတာလဲ။” စေတီတောင် မင်းသမီးက မေး၏။
အံကို ကြိတ်ကာဖြင့် ရှမ့်လန်က ရှေ့ကို လှမ်းတက်၏။ သူ၏လက်ကို သူမ၏ လည်ပင်းပေါ်သို့ တင်၏။ စေတီတောင်မင်းသမီးက ဓာတ်လိုက်ကဲ့သို့ပင် ဖြစ်သွား၏။ ခန္ဓာကိုယ်တစ်ခုလုံးက မီးလောင်ခံရသကဲ့သို့ တုန်ခါသွား၏။ သို့သော်ငြား သူမက ရှောင်တိမ်းခြင်း မရှိချေ။ ထိုအစား ပြန်လည်ကာ ပြောလိုက်သည်။ “ရင်ဝူမင်ကို အစိမ်းရောင် ဦးထုပ် ဆောင်းပေးမယ်ဆို ...။”
အတန်ကြာမှ ရှမ့်လန်က သူ၏ လက်ကို ပြန်ရုပ်၏။ ပြီးနောက် လေးလေးနက်နက်နှင့် ပြော၏။ “မင်းသမီး... ကျုပ် မင်းသမီးကို စနောက်ခဲ့တာပါပဲ။ ကျုပ်က လူကြီးလူကောင်း တစ်ယောက်ပါ။ တခြားသူရဲ့ အားနည်းချက် ကို ဘယ်လိုလုပ် အခွင့်အရေး ယူမှာလဲ။”
သူမက နှာခေါင်းရှုံ့ပြီး ဘာမှ ပြန်မပြောချေ။
ရှမ့်လန်က ပြောသည်။ “အမျိုးသားနဲ့ အမျိုးသမီးကြားက ဆက်ဆံရေးက အရမ်းကို မြင့်မြတ်ပါတယ်။ ခိုင်မာတဲ့ ခံစားချက် အခြေခံမျိုးမရှိဘဲ ခန္ဓာကိုယ်ချင်းဆက်ဆံရေးတစ်ခုကို ထူထောင်တာက ဖောက်ပြန်တဲ့ ကာမဆက်ဆံရေး တစ်ခုဖြစ်ပြီး အကျင့်ပျက်မှုလည်း ဖြစ်တယ်။ ကျုပ်တို့က တိရစ္ဆာန်တွေနဲ့ မတူတာက ကျုပ်တို့မှာ အကျိုးအကြောင်း သိမြင်နိုင်စွမ်းရှိပြီး အရှက်တရားကို နားလည်တာပဲ။ လာလာ... မင်းသမီး အဝတ်အစားတွေ ပြန်ဝတ်လိုက်တော့။ ဒီမှာ အေးတယ် ... အအေးမိနေပါအုံးမယ်။”
ပြီးနောက် ရှမ့်လန်က မြေပြင်ပေါ်ရှိ ညဝတ်အင်္ကျီကို ကောက်ယူကာဖြင့် စေတီတောင် မင်းသမီးကို ဝတ်ဆင်ပေး၏။ သူက အန္တရာယ်ရှိသည့် အရာတစ်ခုကို ဖုံးကွယ်လိုက်ရသကဲ့သို့ စိတ်သက်သာရာ ရသွားခဲ့၏။
သူ အမှန်တကယ်ပင် မလုပ်နိုင်ခဲ့ချေ။ သူမက ထွင်းဖောက်မြင်နေရသည့် လူသားတစ်ဦး ဖြစ်သောကြောင့် သူမ၏ အတွင်းကလီစာများကိုပင် ရှင်းရှင်းလင်းလင်း မြင်နေရသည်။
ရှမ့်လန်က ပြော၏။ “မင်းသမီး... ကျုပ်တို့က ချစ်ကြည်ရင်းနှီးပြီး ငြိမ်းချမ်းတဲ့ စကားဝိုင်းတစ်ခု ရှိနေတာပဲ။ အမျိုးသားနဲ့ အမျိုးသမီးကြားက ကိစ္စက ဘာများ အရေးပါမှာလဲ။ ဒါတွေက အရမ်းကို ရိုးရှင်းလွန်းပါတယ်။”
စေတီတောင် မင်းသမီးက နှာခေါင်းကို ရှုံ့ကာဖြင့် ဖြည်းညင်းစွာ ထိုင်ချ၏။ သူမက မေးလိုက်သည်။ “အရှင်ရှမ့်လန်... ရှင်က လောကပေါ်မှာ နံပါတ် ၁ သမားတော် တစ်ယောက်လို့ ကြွေးကြော်ထားခဲ့တာပဲ။ ကျွန်မရဲ့ ရောဂါကို ကုပေးနိုင်မလား။”
သူ အမှန်တကယ် မကုပေးနိုင်ချေ။ အဘယ်ကြောင့်ဆိုသော် သူမ၏အခြေအနေက ရောဂါအဆင့်တွင် ရှိမနေတော့ဘဲ ဗီဇပြောင်းလဲမှုနှင့် ပို၍တူနေသောကြောင့်ပင်။ အမှန်စင်စစ် ရှမ့်လန်က အလားတူ လူ ၃ ဦးကို မြင်ခဲ့ဖူး၏။
တစ်ဦးက သူ၏ ဆရာ ဝူတူကျိ ဖြစ်၏။ သူမ၏ အသားအရေက ပုံမှန်ထက် ပိုမိုကာ ဖြူဖွေးလျက်ရှိပြီး လူဖြူများထက် ပို၍ ဖြူ၏။ အမှန်တကယ်ပင် နှင်းပွင့်ကဲ့သို့ ဖြစ်နေ၏။ သူမ၏ အရေပြားကလည်း အနည်းငယ် ထွင်းဖောက်မြင်နေရ၏။ သူမ၏ သွေးကြောများကိုလည်း ရှင်းလင်းစွာ မြင်ရ၏။ သို့သော်လည်း သူမက ပုံမှန် လူသားတစ်ဦးသာ ဖြစ်၏။ အရေပြားက တကယ်ကို ဖြူဖွေးလွန်းသောကြောင့် ရှင်းလင်းသည့် ခံစားချက်ကို ပေးစွမ်းနေခြင်းသာ ဖြစ်သည်။
နောက်တစ်ဦးက တော်ဝင်ရန် တော်ဝင်နန်းတော်၌ ကြီးပြင်းလာခဲ့သော သူ၏ ညီမလေး မင်းသမီး ကျိနင်ပင် ဖြစ်၏။ သူမကလည်း တကယ်ကို အသားဖြူလွန်းသောကြောင့် ဖောက်ထွင်း မြင်ရလုနီးပါးပင်။ သူမက ဖုန်မှုန့်ကင်းစင်သည့် အခန်းထဲတွင် အမြဲတမ်း နေထိုင်ခဲ့ရပြီး နေရောင်ခြည်နှင့် ထိတွေ့၍မရချေ။
ကျန်တစ်ဦးက ရှမ့်လန်၏ အချစ်တော် သူ၏ သမီးလေး ယောင်ယောင် ဖြစ်၏။ သူမက အချိန်ကြာမြင့်စွာ ဖုန်မှုန့်ကင်းစင်ထားသည့် အခန်းထဲတွင် နေထိုင်ခဲ့ရပြီး နေ့စဉ် ထိုနေရာမှာပင် အိပ်စက်ရ၏။ သူမ၏ အရေပြားက တကယ်ကို နုနယ်လွန်းသောကြောင့် နေရောင်ခြည်နှင့် ထိတွေ့၍မရချေ။ မဟုတ်ပါက ချက်ချင်း အပူလောင်၏။
မှန်ပေ၏။ ယောင်ယောင်က ယခုအချိန်တွင် အများကြီး သက်သာသွားခဲ့ပြီးဖြစ်၏။ ဤသည်က ဘုရင်မ မီဒူဆာ မထွက်ခွာမီ သူမ၏ သမီးအတွက် အဖိုးတန်အရာတစ်ခုကို ပေးအပ်ခဲ့သောကြောင့်ပင်။ ထိုအရာက သူမ၏ အသက်ကို ကယ်တင်နိုင်ခဲ့ခြင်း ဖြစ်၏။ သို့သော်လည်း ဤ ၃ ဦး၏ လက္ခဏာများက စေတီတောင် မင်းသမီးလောက် မပြင်းထန်ချေ။
ရှမ့်လန်က မေးသည်။ “မင်းသမီး... ပိုးမွှားတွေနဲ့ ဖုန်မှုန့်တွေကို ကြောက်တာလား။ ခဏခဏ ဖျားတတ်လား။”
သို့သော်လည်း သူက ချက်ချင်းပင် ပြန်ဖြေ၏။ “မဟုတ်ဘူး .... မင်းသမီးက မကြောက်ဘူး။ ဘာလို့လဲဆိုတော့ ဒါက ဖုန်မှုန့်ကင်းစင်တဲ့အခန်း မဟုတ်လို့ပဲ။ ပြီးတော့ မင်းသမီးရဲ့ သိုင်းပညာက အရမ်းကို မြင့်မားတယ်။ အရမ်း ... အရမ်းကို မြင့်မားတယ်။”
စေတီတောင် မင်းသမီးက တစ်ခွန်းမှ မပြောဘဲ ရှိသည်။
ရှမ့်လန်က ပြော၏။ “မင်းသမီးက နေရောင်ခြည်ကို ကြောက်တာလား။ နေရောင်ခြည် အနည်းငယ်လောက် ထိတာနဲ့ အရေပြားက လောင်ကျွမ်းသွားပြီး အရမ်းကို နာကျင်ရတယ် မဟုတ်လား။ ဒါကြောင့်ပဲ ဒီဂူသင်္ချိုင်းထဲမှာ နေ, နေရတာ မဟုတ်လား။”
တခြားတစ်ဖက်ဆီမှ ပြန်လည် ဖြေကြားခြင်း မရှိချေ။
ရှမ့်လန်က ဆက်ပြောသည်။ “ဒါပေမဲ့ တစ်စုံတစ်ဦးက အမှောင်ထဲမှာ အချိန်ကြာကြီး နေထိုင်နေခဲ့မယ်ဆိုရင် သူတို့ရဲ့ မျက်လုံးထဲမှာ ထင်ရှားတဲ့ ပြောင်းလဲမှုတွေ ရှိလာလိမ့်မယ်။ မင်းသမီးရဲ့ မျက်လုံးတွေက ပြောင်းလဲသွားခဲ့တယ် ဆိုပေမဲ့ အဲလောက်ကြီးတော့ မဟုတ်ဘူး။ ဒါကြောင့် မင်းသမီးရဲ့ လက္ခဏာတွေက မွေးရာပါ မဟုတ်ဘဲနဲ့ နောက်မှ ဖြစ်လာတာ။ ကျုပ်သာ မမှားဘူးဆိုရင် ရှေးဟောင်းခြင်ဆီ ဆေးကြောခြင်း အမြုတေကို ထိုးသွင်းပြီးတဲ့နောက်မှာ မင်းသမီးရဲ့ သွေးမျိုးဆက်က ပြောင်းလဲသွားခဲ့တာ မဟုတ်လား။ ဒါကြောင့်ပဲ ဒီလို ဖြစ်သွားရတာလား။”
စေတီတောင် မင်းသမီးက ဆို၏။ “ရှမ့်လန်... ရှင်က ရှင့်ရဲ့ ဉာဏ်ပညာအပေါ်မှာ အရမ်း ယုံကြည်မှုရှိပြီး အတိုင်းအဆမရှိတဲ့ အထက်စီးဆန်မှုတွေနဲ့ ပြည့်နှက်နေခဲ့တာပဲ။ ဒါကြောင့် ရှင်က ဘယ်သူနဲ့ပဲတွေ့တွေ့ အမြဲတမ်း ဒီလို ပြုမူတတ်တယ်။ ဥပမာအားဖြင့် ရှင် ကျွန်မကို တစ်ခါမှ မတွေ့ဖူးသေးဘဲနဲ့ ရင်ဝူမင်ကို တိုက်ခိုက်ဖို့ ကျွန်မနဲ့ အိပ်ဖို့ ကြံစည်ခဲ့တယ်။
ကျွန်မက ဘယ်သူ့ကိုမှ လူလုံးမပြရဲတာ အရမ်းကို ရုပ်ဆိုးလွန်းလို့ ဒါမှမဟုတ် အကြာကြီး ဆက်ပြီး အသက်မရှင်နိုင်တော့လို့လို့ လူတွေကို သတ်မှတ်မိအောင် ဦးနှောက် ဆေးခဲ့တယ်။ ကျွန်မရဲ့ အဖေက သားယောက်ျားလေး မရှိတဲ့အတွက် နောက်ထပ် သားမရနိုင်တော့ဘူးလို့လည်း လူတွေကို ထင်မှတ် စေခဲ့တယ်။
ရှင်က လောကမှာ ရှိသမျှ အမျိုးသမီးတိုင်း ရှင့်ကို ချစ်နေလိမ့်မယ်လို့ ထင်တဲ့ မောက်မာသူ တစ်ယောက်ပဲ။ ရှင်က တခြားလူတွေထက် ပိုပြီး တော်တယ်၊ ပိုပြီး မြင့်မြတ်တယ်လို့ ထင်နေတာ။ ရှင်လို ကိုယ့်ကိုယ်ကိုယ် အထင်ကြီးတဲ့ လူမျိုးကို ကျွန်မ တစ်ခါမှ မတွေ့ခဲ့ဖူးဘူး။”
ဤသည်က ရှမ့်လန်အပေါ် တိုက်ခိုက်ခြင်း ဖြစ်၏။
ရှမ့်လန်က ပြောလိုက်သည်။ “ကြည့်စမ်း ကျုပ်တို့ရဲ့ ဆက်သွယ်ပြောဆိုမှုက ရလဒ်တွေ ထွက်ပေါ်လာခဲ့ပြီပဲ။ မင်းသမီးက ကျုပ်ရဲ့အကြောင်းကို အကြမ်းဖျင်း နားလည်သွားခဲ့ပြီ။ ဒါက အရမ်းကို ကောင်းတဲ့ စတင်မှု တစ်ခုပါပဲ။ ကျုပ်တို့ ဒီအခြေအနေကို ဆက်ပြီး ထိန်းသိမ်းထားသင့်တယ်။”
“ဟမ့်... ရှင့်မှာ အရှက်တရား ဆိုတာ မရှိတော့ဘူးလား။”
စေတီတောင် မင်းသမီးက ဆို၏။ “ရှင်က ကျွန်မကို လူမဟုတ်ဘူးလို့ ထင်နေတာလား။ ဒါဆိုရင် ပြောပြမယ် ကျွန်မ ငယ်ငယ်တုန်းကဆိုရင် လူတစ်ယောက်နဲ့ ပိုလို့တောင် မတူသေးဘူး။ ရှင် စိတ်ကူးကြည့် တာထက်တောင် ပိုပြီး ကြောက်ဖို့ကောင်းသေးတယ်။”
ရှမ့်လန်က ဆွံ့အသွား၏။ သို့ဆိုလျှင် သူ ခန့်မှန်းခဲ့တာ မှားသွားပြီ ဖြစ်၏။ ဤအမျိုးသမီးက ရှေးဟောင်း ရိုးတွင်းခြင်ဆီ ဆေးကြောခြင်း အမြုတေကို ထိုးသွင်းလိုက်၍ ဗီဇပြောင်းလဲသွားခြင်း မဟုတ်ပေဘူးလား ၊ သူမက မွေးရာပါ ပုံမှန်မဟုတ်ခြင်းလား။ ပြီးမှ သွေးမျိုးဆက်ကို ပြောင်းလဲဖို့ အမြုတေ ထိုးသွင်းလိုက်ခြင်းလား။
စေတီတောင် မင်းသမီးက ပြော၏။ “ကံကြမ္မာက ကျွန်မကို ဒီလိုဖြစ်အောင် ဖန်တီးခဲ့တာပဲ။ ဒါကြောင့် လက်ခံရမှာပေါ့။ စေတီတောင်ရဲ့ အမွေအနှစ်တွေကို မဆက်ခံတာ၊ ရင်ဝူမင်နဲ့ လက်ထပ်ပြီး သူ့ကို စေတီတောင်ကိုယ်စားပြုခိုင်းတာတွေက ကျွန်မ မြေပြင်ပေါ်ကို မတက်နိုင်လို့ပဲ။ တခြားသူတွေ ကျွန်မကို ဒီလို မြင်နေရတာကို ဂရုမစိုက်သလို တခြားသူတွေရဲ့ ထူးဆန်းတဲ့ အကြည့်တွေကိုလည်း ဂရုမစိုက်ဘူး။ ဒါဆိုရင် ဘာလို့ မြေပြင်ပေါ် မတက်တာလဲ။ ရိုးရိုးလေးပါပဲ ။ ကျွန်မက နေရောင်ခြည်အောက်မှာ မနေနိုင်လို့ပဲ။”
ရှမ့်လန်က ခေတ္တမျှ တိတ်ဆိတ်နေ၏။ ပြီးနောက် ပြောလိုက်၏။ “ဒါဆို မင်းသမီးအနေနဲ့ ကယ်လ်ဆီယံ စားသုံးမှုတွေကို ဂရုစိုက်ရမယ်။ နေရောင်ခြည်မခံရင် ဆိုးကျိုးဖြစ်လိမ့်မယ်။”
စေတီတောင် မင်းသမီးက ပြောသည်။ “ရှမ့်လန်... အားကုန်ခံမနေနဲ့ .. အလကားပါပဲ။ ရှင့်ဘဝတလျှောက်လုံး ဒီနေရာကနေ ထွက်ခွာသွားနိုင်မှာ မဟုတ်ဘူး။ စေတီတောင်နဲ့ ရင်မိသားစုကြား သပ်လျှိုဖြိုခွဲနိုင်မှာ မဟုတ်သလို နဂါးနောင်တကို ခိုးယူနိုင်မှာလည်း မဟုတ်ဘူး။”
ရှမ့်လန်က ပြော၏။ “မင်းသမီး တကယ်လို့ တစ်နေ့နေ့မှာ မင်းသမီးကသာ ပုံမှန်အတိုင်း ပြန်ဖြစ်လာနိုင်မယ် ဆိုရင် ရင်ဝူမင်ကို မလိုအပ်တော့ဘဲ စေတီတောင်ကို ကိုယ်ပိုင် စီမံအုပ်ချုပ်နိုင်ပြီလို့ ဆိုလိုတာလား။”
စေတီတောင် မင်းသမီးက ပြောသည်။ “အဲဒီနေ့ကို ရောက်လာမှာ မဟုတ်ဘူး။ ပြီးတော့ ရှင် ... ရှမ့်လန်ရဲ့ အတွေးတွေက အရမ်းကို ရှုပ်ထွေးလွန်းတယ်။ တစ်ဖက်မှာ ရှင်က စေတီတောင်နဲ့ ရင်မိသားစုတို့ရဲ့ကြားကို သွေးခွဲချင်တယ်။ တခြားတစ်ဖက်မှာကျတော့ ရင်ဝူမင်ကို သဘာဝလွန် အင်အားစုများ ညီလာခံမှာ စေတီတောင်ရဲ့ ကိုယ်စားပြုပြီး ဆက်လက် ပါဝင်စေချင်တယ်။
ဒီနည်းလမ်းနဲ့ ကျွန်မတို့က တော်ဝင်ချန်အင်ပါယာကို အဟန့်အတားဖြစ်စေမှာ ဖြစ်သလို၊ ရှင့်ရဲ့ တော်ဝင်ချန်မင်းဆက်ကလည်း အဲဒီကနေ အကျိုးအမြတ်တွေ ဆက်လက် ရရှိနေလိမ့်မယ်။ ဟုတ်တယ်မလား။"