အန်လင်း၏တပ်မဟာတော်ကြီးအားအမိန့်ပေးခြင်း
Vol. 41 Ch. 565
အန်လင်းသည် အကြံအဖန်လုပ်ကာ တောင်းထားသော နှင်းပျိုမဒီ သုံးဦး၏ သိုလှောင်လက်စွပ်အားကြည့်ကာ စိတ်မကောင်းဖြစ်သလို ခံစားနေရသည်။
ကတ်စီဒီ၊ မာလင်နှင့် တိုဘိယတို့သည်လည်း ဆုလာဘ်အနေဖြင့် သွေးငါးမီလီလီတာစီ ရရှိထားကြသည်။ ၎င်းတို့၏ ကြိုးစားအားထုတ်မှုများသည် ဟင်းလင်းပြင်သို့အပြန် ကျင့်ကြံသူ သုံးဦးအား သတ်ဖြတ်ပစ်သည်နှင့် တူညီသည်။
အန်လင်း၏သွေးအား သောက်သုံးပြီးနောက် သွေးမျိုးနွယ်စု ကျင့်ကြံသူ သုံးဦးသည် စိတ်ကျေနပ်စွာဖြင့် ဖရိုဖရဲ သတ္ထုအုတ်ခဲပေါ် လှဲချလိုက်ကြသည်။
ခေတ္တမျှ အနားယူပြီးနောက် အန်လင်းမှာ နှင်းပျိုမဒီ သုံးဦး၏ သိုလှောင်လက်စွပ်များအား သန့်စင်လိုက်သည်။
နှင်းပျိုမဒီများ၏ ဆင်းရဲနွမ်းပါးမှုများကို ကြုံတွေ့ထားရဖူးသောကြောင့် သူ့အနေဖြင့် မျှော်လင့်ချက် မြင့်မြင့်မထားပေ။ ထိုစိတ်ကြောင့်ပင် သိုလှောင်လက်စွပ်များကိုကြည့်ကာ သဘောကျစရာ ကောင်းလောက်အောင် အံ့သြသွားရသည်။
လုံရှန်ထံမှ လုယူထားသော နယ်မြေအဆီအနှစ် သလင်းကျောက်များအပြင် စုစုပေါင်း ရွှေရောင်နယ်မြေအဆီအနှစ် သလင်းကျောက် ရှစ်ခု၊ အနီရောင်နယ်မြေအဆီအနှစ် ဆယ့်ရှစ်ခု၊ အပြာရောင်နယ်မြေအဆီအနှစ် နှစ်ဆယ့်ငါးခု၊ အစိမ်းရောင်နယ်မြေအဆီအနှစ် ဆယ်ခုနှင့် အဖြူရောင်နယ်မြေအဆီအနှစ် ငါးဆယ့်တစ်ခု ရှိသည်။
ထို့အပြင် စိတ်ဝိဉာဉ်ကျောက်တုံး ဆယ့်သုံးသိန်း၊ စိတ်ဝိဉာဉ်လက်နက် အခုနှစ်ဆယ်၊ စိတ်ဝိဉာဉ်ဆေးလုံးနှင့် စိတ်ဝိဉာဉ်သစ်သီး အခုသုံးဆယ်တို့ ပါရှိသည်။
အဆင့်ရှစ် အင်မော်တယ်သစ်သီးဖြစ်သော ရေခဲနီအင်မော်တယ်သစ်သီး သုံးလုံးလည်း ရှိသေးသည်။ ထိုအင်မော်တယ်သစ်သီးသည် စိတ်ဝိဉာဉ်စွမ်းအင်နှင့် ရေခဲဓာတ်စွမ်းအင်တို့ကို မြှင့်တင်ပေးနိုင်သည်။
အလယ်အလတ်အဆင့် အင်မော်တယ်လက်နက် သူရိန်နတ်မင်းဓားလည်း ရှိသည်။ ထိုအင်မော်တယ်လက်နက်သည် ဒဏ္ဍာရီလာ သားရဲဖြစ်သော ရွှေမီးငှက် အနားယူခဲ့သည့် တာအိုလေ့လာခြင်းကျောက်တုံးဖြင့် ထုလုပ်ထားခြင်း ဖြစ်သည်။
အန်လင်းသည် အင်မော်တယ်ဓားအားကြည့်ကာ နှလုံးသားများ နာကျင်လာရသည်။ ထိုသည်မှာ နှင်းပျိုမဒီ ရို့ကူ၏ လက်နက်ပင်။ ထိုလက်နက်သာ မရှိပါက သူမ၏ အားနည်းလွန်းသော ခွန်အားကြောင့် အန္တရာယ်များနှင့် ကြုံတွေ့ရမည်လော။
ရို့ကူသာ သေသွားရင် အဲ့ဒါက ငါ့ကြောင့်ဖြစ်သွားမှာပေါ့.....
အန်လင်း စိတ်မကောင်းဖြစ်စွာဖြင့် ရတနာများကို သိမ်းဆည်းလိုက်သည်။ ထို့နောက် အဖွဲ့သားများနှင့်အတူ ဆက်လက်ထွက်ခွာလာခဲ့သည်။
လက်ရှိအချိန်တွင် သူ၏အဖွဲ့သည် ပျက်ပြယ်ခြင်းကြယ်စင်အပိုင်း၌ စိတ်ရှိသလို လှုပ်ရှားနိုင်သည်အထိ အင်အားကောင်းနေသည်။
ဟင်းလင်းပြင်သို့အပြန် အဆင့်ရှိသော သွေးမျိုးနွယ်စု ကျင့်ကြံသူ သုံးဦး၊ ဟင်းလင်းပြင်သို့အပြန် အဆင့်ရှိသော နတ်သမီးတစ်ပါး၊ ထို့အပြင် သွေးမျိုးနွယ်စု ကျင့်ကြံသူ သုံးဦးမျှ အားကြီးသော နဂါးနက်တစ်ကောင်၊ ချစ်စရာအကောင်းဆုံး ရွှယ်ကျန်ထျန်းနှင့် အခန့်ညားဆုံး အန်လင်းတို့ ပါဝင်သောကြောင့် အဖွဲ့မှာ နှိုင်းယှဉ်မရလောက်ပင်။
သူ၏တပ်မဟာတော်ကြီး အင်အားကို အန်လင်းကိုယ်တိုင်ပင် အံ့အားသင့်မိရသည်။
သူသည် အတိတ်ကာလလို ဖြစ်နေဆဲသာ ဖြစ်ပါက ယခုကဲ့သို့ လုပ်ဆောင်နိုင်လိမ့်မည်ဟု မှန်းမျှော်ကြည့်၍ပင် မရပေ။
သူ့အနေဖြင့် ရွှေရောင်နယ်မြေအဆီအနှစ် သလင်းကျောက် ရှစ်ဆယ့်တစ်ခု စုစည်းမိထားပြီဖြစ်ပြီး အခုတစ်ရာပြည့်ရန် နီးစပ်နေလေပြီ။ ဟင်းလင်းပြင်သို့အပြန် အဆင့်ရှိသော ကျင့်ကြံသူ ဆယ်ယောက်နီးပါး၏ ပိုင်ဆိုင်မှုများကိုလည်း ရရှိထားသောကြောင့် သူ၏ကြွယ်ဝမှုမှာ အောချလောက်စရာ အနေအထားသို့ ရောက်ရှိနေပြီ ဖြစ်သည်။
သူ၏အောင်မြင်မှုများမှာ မယုံကြည်နိုင်စရာပင်။
သားရဲများနှင့် အစေခံ အချို့အား ရရှိခဲ့ပြီးနောက် အန်လင်းသည် ၎င်းတို့အား မှန်ကန်စွာ အမိန့်ပေးရန် လိုအပ်ကြောင်း သဘောပေါက်လာသည်။ ထို့ကြောင့် ရင်ခွင်ထဲတွင် ပွေ့ထားသော ရွှယ်ကျန်ထျန်းအားကြည့်ကာ ပြောလိုက်သည်။
"မင်းအရှေ့မှာ ငါ့သားရဲလေးကောင် ရှိသေးတယ်။ အဲ့တော့ အခုကစပြီး မင်းက နံပါတ်ငါးညီလေးပဲ။ နားလည်ပြီလား။"
ရွှယ်ကျန်ထျန်းသည် သေးထွက်ကျမတက် သူရဲဘောကြောင် ဖြစ်နေသောကြောင့် မည်သည့်ငြင်းဆိုမှုမှ မရှိပဲ ခေါင်းတဆတ်ဆတ် ညိတ်ပြလိုက်သည်။
"ဘီလူးအန်လင်း....ငါကရော။"
တီနာ ညင်သာစွာ မေးလိုက်သည်။
အန်လင်း အနည်းငယ် တွေဝေသွားသည်။
"နာလေး...ဒါက ငါ့သားရဲတွေ အတွက်ပဲလေ။ မင်းကငါ့သားရဲ မဖြစ်သေးဘူး။"
"အို့...."
တီနာ စိတ်ရှုပ်သွားဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။
"ငါ့ရဲ့အစေခံတွေ အတွက်ကတော့ ကတ်စီဒီက နံပါတ်နှစ် ပြီးတော့ မာလင်က နံပါတ်သုံး...."
အန်လင်း စကားဆက်လိုက်သည်။
ကတ်စီဒီ စိတ်အလိုမကျသော မိန်းမငယ်လေးသဖွယ် နှုတ်ခမ်းကို ဖိကိုက်လိုက်သည်။
"မြင့်မြတ်ခေါင်းဆောင်....ကျွန်မက ရှင့်နောက်ကို အရင်ဆုံး လိုက်ခဲ့တာလေ။"
မာလင် ပေါ့ပေါ့ပါးပါး ရယ်မောနေသည်။
"ဘာပဲဖြစ်ဖြစ် အားအကြီးဆုံး တိုဘိယက နံပါတ်တစ် အစေခံ ဖြစ်တာလည်း ဆိုးတော့မဆိုးပါဘူး။"
တိုဘိယ စိတ်ကျေနပ်စွာဖြင့် လက်နှစ်ဖက်ကိုဆုပ်ကာ အရိုအသေ ပေးလိုက်သည်။
"ဒါက အဆင့်သတ်မှတ်ချက်လေး တစ်ခုပါပဲ။ မင်းတို့ အလေးအနက် ထားနေစရာ မလိုပါဘူး။"
"တိုဘိယက အစေခံ နံပါတ်လေး။"
အန်လင်း ဆက်ပြောလိုက်သည်။
"မင်းတို့ကို ပြောဖို့မေ့နေတာ။ အရင်တုန်းက ဝံပုလွေ တစ်ကောင်ကို အစေခံ လုပ်ဖူးတယ်လေ။ အဲ့ဝံပုလွေက နံပါတ်တစ် အစေခံပဲ။"
တိုဘိယ: "......."
ကတ်စီဒီ နားကွဲလောက်အောင် အားပါးတရ ရယ်မောတော့သည်။
"အဟမ်း....အဟမ်း.....ဟီးဟီး....တိုဘိယလေး....ဒါက အဆင့်သတ်မှတ်ချက်လေး တစ်ခုပါပဲ။ နင့်စိတ်ထဲ အလေးအနက် ထားနေစရာ မလိုပါဘူး....ဟီးဟီး....ဘွားဟားဟားဟား...."
မာလင်သည် မရယ်မောလိုပါသော်လည်း ခံစားချက် လွှမ်းမိုးမှုများကြောင့် အရယ်မရပ်နိုင်သော ဂျိုကာအလား မျက်ရည်များ စီးကျသည်အထိ ရယ်မောမိလိုက်သည်။
တိုဘိယ မှိုင်တွေငေးမောကာ ကောင်းကင်ထက်ရှိ ကြယ်တစ်ပွင့်အား လှမ်းကြည့်လိုက်သည်။
"လူစီ....ဒီလိုရက်စက်တဲ့ ကမ္ဘာကြီးထဲမှာ မင်းတစ်ယောက်ပဲ ကိုယ့်ကိုနွေးထွေးစေနိုင်တယ်။ ဘာလို့များ ကိုယ့်ကိုထားသွားရတာလဲ။"
ထိုစကားနှင့်အတူ သူ၏ပါးပြင်ပေါ်တွင် လွမ်းမျက်ရည်များ ကျဆင်းလာသည်။
ရှောင်ဇယ်သည် စိတ်မရှည်စွာဖြင့် အန်လင်း၏ အင်္ကျီစအား လွှဲရမ်းလိုက်သည်။
"ဆရာ....ကျွန်တော်ကရော.....ကျွန်တော်က တပည့်နံပါတ် ဘယ်လောက်လဲ။"
"မင်းက...."
အန်လင်းသည် ရှောင်ဇယ်၏ အပြစ်ကင်းစင်သော မျက်ဝန်းများကိုကြည့်ကာ ချစ်စဖွယ် ကလေးငယ်လေးလို ထင်မြင်လာသည်။ သူခေါင်းကိုမော့ကာ ထိုအတွေးများကို ဖယ်ရှားလိုက်ရသည်။
"မင်းက ပထမဆုံး တပည့်ပဲ။"
အန်လင်း ပြုံးကာပြောလိုက်သည်။
"အဲ့ဒါကြောင့် မင်းကတပည့်နံပါတ်တစ်ပဲ။"
ရှောင်ဇယ် အံ့အားသင့်ကာ ပါးစပ်အဟောင်းသား ဖြစ်သွားသည်။
ငါက နံပါတ်တစ်တဲ့လား......
စိတ်ထဲတွင် ပေါက်ကွဲထွက်ပေါ်လာသော ပျော်ရွှင်မှုများကြောင့် ရှောင်ဇယ်မှာ မူးနောက်နောက်ပင် ဖြစ်လာသည်။
"ကျွန်တော်က တပည့်ခေါင်းဆောင်ပေါ့။ မဟုတ်သေးဘူး....ကျွန်တော်က တစ်ဦးတည်းသော တပည့်ပဲ.....ဟီးဟီးဟီး....ဟားဟားဟားဟား။"
ရှောင်ဇယ် အရူးတစ်ယောက်လို ရေရွတ်နေသည်။
အဲ့ဒါက ဘာအဓိပ္ပါယ်လဲ.....ဘာအဓိပ္ပါယ်လဲဆိုတော့ ငါကဆရာရဲ့ တစ်ဦးတည်းသော တိုက်ရိုက်တပည့်ဆိုတဲ့ သဘောပဲပေါ့.....အဲ့လိုဆို ကျင့်ကြံရေး အရင်းအမြစ် အများစုကလည်း ငါ့ဆီပဲ ရောက်လာမှာပေါ့.....
ကျင့်ကြံရေးမန္တာန်တွေ၊ နဂါးမျိုးနွယ်စုရဲ့ အဆင့်မြင့် ကျင့်စဉ်တွေနဲ့ တန်ဖိုးဖြတ်မရတဲ့ အတွေ့အကြုံတွေ၊ တာအိုစိတ်ဆန္ဒတွေ.....ငါလိုချင်သမျှ ရတော့မှာပဲ.....
ရှောင်ဇယ်သည် ဘဝ၏ အထွဋ်အထိပ်ကို ရောက်ရှိတော့မလို မြင်ယောင်လာသည်။
ထိုအမူအရာအားကြည့်ကာ အန်လင်းမှာ သနားကရုဏာ ပိုလာရသည်။
တကယ့်ရူးတူးတူး ပေါတောတောလေးပဲ.....ပျော်တာစောလွန်းနေသေးတယ်.....
တီနာသည် အန်လင်း၏ ပုခုံးထက်တွင် ရှိနေပြီး ခေါင်းငိုက်စိုက်ကျကာ ခြေထောက်များ လွှဲရမ်းလျက် မျက်ဝန်းများမှာ တွေဝေမိန်းမောနေသည်။ သူမ၏ သေးငယ်သော လက်လေးများသည် အန်လင်း၏ အဝတ်စအား တင်းကြပ်စွာ ဆုပ်ကိုင်ထားသည်။
ထိုလက်သေးသေးလေးများ၏ မူမမှန်သော လှုပ်ရှားမှုကို ခံစားလိုက်မိသောကြောင့် အန်လင်း တီနာအား လှည့်ကြည့်လိုက်သည်။
"ဘာဖြစ်လို့လဲ တီနာ....."
အန်လင်း နူးညံ့စွာ မေးမြန်းလိုက်သည်။
"ဘာမှမဟုတ်ပါဘူး။"
နှစ်ဆယ်စင်တီမီတာသာရှိသော နတ်သမီးလေးမှာ ခေါင်းခါပြနေသည်။
ခေတ္တမျှ ကြာမြင့်သွားပြီးနောက် နားဝင်ပီယံရှိသော စူးရှရှ စကားသံလေးကို ကြားလိုက်ရသည်။
"ဘီလူးအန်လင်း...နင်ပြောတော့ ဒီရှေးဟောင်းထိုက်ချူးကုန်းမြေမှာ တစ်လပဲ နေမှာဆို။ အခုအချိန်ဘယ်လောက် ကျန်သေးလဲ။"
"ငါးရက်၊ ခြောက်ရက်လောက်ပေါ့။"
အန်လင်း တွေးတောကာ တုံ့ပြန်လိုက်သည်။
"အဲ့ဒါဆို နင်တို့ဘယ်လိုပြန်ကြမှာလဲ။"
တီနာ မေးမြန်းလိုက်သည်။
"ငါတို့ဆီမှာ နေရာကူးပြောင်းရေး အစီအရင်တွေ ရှိတယ်လေ။"
"ရွှယ်ကျန်ထျန်းကရော....."
"သူကငါနဲ့ သားရဲစာချုပ် ချုပ်ထားပြီးပြီလေ။"
အန်လင်း ရယ်မောလိုက်သည်။
"ငါသူနဲ့ ရှိနေသမျှ နေရာကူးပြောင်းရေး အစီအရင်ကလည်း သူ့အရှိန်အဝါကိုသိပြီး ငါနဲ့အတူ နေရာကူးပြောင်းပေးလိမ့်မယ်။"
ရှောင်ဇယ် လက်နှစ်ဖက်အားမြှောက်ကာ ရူးနှမ်းနေသည့်နှယ် ပြုံးလိုက်သည်။
"ကျွန်တော်ရောပဲ။ ကျွန်တော်က တာအိုပေါင်းစည်းခြင်း အဆင့်မရောက်သေးတော့ ကုန်းမြေနှစ်ခုကို ဖြတ်သန်းသွားလာလို့ မရဘူး။ ဘာပဲဖြစ်ဖြစ် ဆရာနဲ့ ပက်သတ်ဆက်နွယ်မှုကိုသုံးပြီး ဒီကနေ ထွက်သွားလို့ရပြီ။"
တီနာ မသိမသာ ခေါင်းငုံ့လိုက်သည်။
"ဘီ....ဘီလူးအန်လင်း....ငါ့ကိုရော ဘယ်လိုထင်လဲဟင်။"
အန်လင်းသည် တီနာအား မ,ယူကာ ဘယ်ဘက်လက်ဝါးပေါ် တင်လိုက်သည်။
တီနာ မော့ကြည့်လိုက်သောအခါ အန်လင်း၏ ကြင်နာနွေးထွေးသော မျက်ဝန်းများကို တွေ့လိုက်ရသည်။
အန်လင်း ခပ်ဖွဖွ ပြုံးလိုက်သည်။
"တီနာက တော်တယ်လေ။ ငါပြောဖူးပြီးသားပါ....မင်းက အရမ်းလှပြီး အရမ်းလည်း စွမ်းအားကြီးတယ်လို့။ ငါ့ရဲ့တောင်းဆိုးမှုက မင်းကို အဆင်မပြေ ဖြစ်စေနိုင်တာ သိပါတယ်။ ဒါပေမယ့် ဒီနေရာကနေ တူတူထွက်သွားရအောင်လေ။ ငါနဲ့အတူ ထိုက်ချူးကုန်းမြေကို လိုက်ခဲ့ပါလား။"
"မင်းကိုလေ တကယ်လှတဲ့ ရှုခင်းတွေဆီ ခေါ်သွားပေးမယ်။ ကျယ်ပြောလွန်းတဲ့ ကမ္ဘာကြီးကို မင်းမြင်တွေ့စေရမယ်။ ငါ့ရဲ့သားရဲ လုပ်မလား ဒါမှမဟုတ် တပည့်လုပ်ချင်လားဆိုတာ မင်းရွေးချယ်လို့ရတယ်။ ဒီနေရာကနေ ထွက်သွားဖို့ နည်းလမ်းတွေကတော့ အများကြီး မရှိဘူး။ ငါမင်းကို အကောင်းဆုံး သူငယ်ချင်း တစ်ယောက်လို ဆက်ဆံမှာပါ။"
တီနာ အမူအရာ ပြောင်းလဲသွားကာ တိုးညင်းစွာ ရေရွတ်လိုက်သည်။
"အဲ့ဒါဆို ငါဘာပြောချင်တာလဲဆိုတာ နင်သိနေတာပေါ့။"
"ငါတို့သဘောတူထားတာကို မေ့သွားပြီလား။"
အန်လင်း ညင်ညင်သာသာ စကားဆိုနေသည်။
"ဒီကျယ်ပြောတဲ့ ကမ္ဘာကြီးဆီ မင်းနဲ့အတူ ခြေဆန့်ကြဖို့ ကတိပေးထားတယ်လေ။ ကတိဆိုတာ တသက်လုံး တည်ရတဲ့အရာပဲ။"
ထိုစကားကြောင့် တီနာ၏ မျက်ဝန်းများ နီရဲလာကာ ကူကယ်ရာမဲ့စွာ ငိုကြွေးတော့သည်။
"ဘီလူးအန်လင်း....နင်ကတကယ် လူကောင်းပဲ။ ပြီးတော့ ကတိလည်းတည်တဲ့ ရိုးသားတဲ့သူပဲ။"
တီနာ မျက်ရည်သုတ်ရင်း အန်လင်းကို ချီးကျူးလိုက်သည်။
သူမသည် အန်လင်းအား ရိုးသားသော လူကောင်းတစ်ယောက်အဖြစ် သတ်မှတ်ခဲ့သည်။
အန်လင်း သဘောကျစွာဖြင့် သူမ၏ သေးငယ်သော ခေါင်းလေးအား နွေးထွေးစွာ ပုတ်ပေးလိုက်သည်။
အချိန်ခဏမျှ ကြာမြင့်ပြီးနောက် နတ်သမီးလေး အငိုတိတ်သွားသည်။
"ဘီလူးအန်လင်း....ငါဆုံးဖြတ်ပြီးပြီ။ ငါနင့်ရဲ့သားရဲ လုပ်ချင်တယ်။"
အန်လင်း အနည်းငယ် အံ့အားသင့်သွားသည်။ တီနာသည် သူ၏တပည့် ဖြစ်ချင်လိမ့်မည်ဟု တွေးတောမိထားခြင်း ဖြစ်သည်။ သူနှင့်အတူ ပက်သတ်ဆက်နွယ်မှု စာချုပ်တစ်ခု ချုပ်ဆိုလိုက်သည်နှင့် ဤကုန်းမြေမှ ထွက်ခွာခွင့်ရမည် မဟုတ်ပါလော။
သူတွေဝေမနေတော့ပဲ ခေါင်းညိတ်သဘောတူလိုက်သည်။
"ကောင်းပြီ။ မင်းကို သားရဲအနေနဲ့ ခေါ်သွားမယ်။"
ထိုသို့နှင့် အန်လင်းသည် မန္တာန်အချို့အား ရွတ်ဆိုကာ ရွှေရောင်သွေးတစ်စက် ချလိုက်ပြီးနောက် သူနှင့်တီနာအကြား စိတ်ဝိဉာဉ် ဆက်နွယ်မှုတစ်ခု ဖြစ်ပေါ်လာသည်။
တီနာသည် အန်လင်း၏ သားရဲအုပ်စုထဲ ဝင်ရောက်ခဲ့ပြီပင်။
"ထျန်းလေး....တီနာက နံပါတ်ငါး အစ်မကြီးဆိုတော့ မင်းက နံပါတ်ခြောက်ညီလေး ဖြစ်သွားပြီနော်။ နားလည်တယ်မလား။"
အန်လင်းသည် တီနာအား သူ၏အဖွဲ့ဝင်အဖြစ် ယခင်ကတည်းက သတ်မှတ်ထားခဲ့သောကြောင့် သားရဲများအကြား သတ်မှတ်ချက်အချို့ကို ပြင်ဆင်လိုက်သည်။
ရွှယ်ကျန်ထျန်းမှာ ကြောက်ချီးပန်းနေသေးသောကြောင့် ငြင်းပယ်ခြင်းမရှိ လက်ခံလိုက်ပြန်သည်။
နာလေး ချိုမြိန်စွာ ပြုံးလိုက်ပြီးနောက် ပျော်ရွှင်စွာဖြင့် အန်လင်း၏ အနီးတဝိုက် ပျံဝဲနေသည်။ သူမသည် အန်လင်း၏ ပါးပြင်ကိုပင် အာဘွားတစ်ချက် ပေးလိုက်သေးသည်။ သူမ၏ ပုံစံသည် လွန်စွာချစ်စဖွယ် ကောင်းနေပြီး ကိုယ့်ကိုယ်ကို မုန်းတီးပြစ်တင်နေသော ခံစားချက် လွှမ်းမိုးမှုများမှာလည်း ပျော်ရွှင်မှုကြောင့် ပျောက်ကွယ်သွားရလေပြီ။
ငါကဘာလို့ အန်လင်းရဲ့ တပည့် မဖြစ်ချင်ရတာလဲသိလား.....ဘာလို့လဲဆိုတော့ ရှောင်ဇယ်ထက်စာရင် ရွှယ်ကျန်ထျန်းက အနိုင်ကျင့်ဖို့ လွယ်တယ်လေ....ဟိဟိ....
အန်လင်းမှာ ချစ်စဖွယ် နတ်သမီးလေးကိုကြည့်ကာ နှလုံးသားများ အရည်ပျော်ကျနေရသည်။ သူ၏သားရဲသစ်လေးများအား တပိုင်တို့နှင့် ပေးတွေ့ရန် မစောင့်ဆိုင်းနိုင်တော့ပေ။
စိတ်ဝင်စားဖို့ကောင်းမှာ သေချာတယ်.....