← Chapters

ကြီးမြတ်သောကယ်တင်ရှင်အန်လင်း

Vol. 41 Ch. 567

ကြီးမြတ်သောကယ်တင်ရှင်အန်လင်း

Vol. 41 Ch. 567

ကောင်းကင်နတ်မိမယ်ဟယ်၏ ကြာပန်းထံမှ ပန်းရောင်ရေငွေ့များ ဖြာထွက်ကာ ကောင်းကင်ထက်တွင် လမ်းခင်းပေးလျက် ရှိသည်။

ကောင်းကင်လဟာပြင်သားရဲ၏ ဦးခေါင်းတစ်ခုလုံးသည် ပန်းရောင်ရေငွေ့များ၏ လွှမ်းမိုးမှုကို ခံထားရသည်။ ၎င်း၏ဧရာမ ခန္ဓာကိုယ်ကြီးသည် ပန်းရောင်ရေငွေ့များ၏နောက်သို့ လိုက်ပါတော့မည့်အလား တွန့်လိမ်လှုပ်ရှားနေလေသည်။

ထို့နောက် ကောင်းကင်လဟာပြင်သားရဲကြီးမှာ ၎င်း၏ကြီးမားလှသော အာခံတွင်းကို ဖွင့်ဟလိုက်သည်။ အကန့်အသတ်မဲ့သော အမှောင်ထုများ ထွက်ပေါ်လာကာ အရာအားလုံးကို ဝါးမြိုပစ်နိုင်သည့် ဝဲဂယက်ကြီး တစ်ခုအဖြစ် ပြောင်းလဲသွားသည်။ ထိုဝဲဂယက်ကြီးသည် ဆုတ်ခွာထွက်ပြေးနေသော ပုံရိပ်လေးခုထံ အရှိန်အဟုန်ဖြင့် ပျံဝဲသွားတော့သည်။

ဝဲဂယက်၏ ပြင်းထန်လွန်းလှသော အရှိန်ကြောင့် လေစီးကြောင်းများပါ ခက်ထန်လာသည်။ ပတ်ဝန်းကျင်ရှိ အရာဝတ္ထုများ အားလုံးသည် ကောင်းကင်လဟာပြင်သားရဲ၏ အာခံတွင်းထဲ စတင်စီးဝင်လာသည်။

ကျင့်ကြံသူ လေးဦးသည် ထိုအတွက် ပြင်ဆင်ထားပြီး ဖြစ်ပုံရကာ ဘုန်းတော်ကြီး တစ်ပါးသည် ၎င်း၏သကျမုနိ ရုပ်ထုအား လေထုထဲ ပစ်တင်လိုက်သည်။ မဟိစာရ အစွမ်းကို ပိုင်ဆိုင်ထားသော ခေါင်းလောင်းလေးခုသည် အံ့ဖွယ်စွမ်းအင်များ ထုတ်လွှတ်ကာ ကောင်းကင်နတ်မိမယ်ဟယ်၊ ဉာဉ့်ယံကာကွယ်သူနတ်ဘုရားနှင့် ဘုန်းတော်ကြီး နှစ်ပါးတို့ကို လွှမ်းခြုံသွားသည်။ ထိုခေါင်းလောင်းများသည် အကာအကွယ်လွှာ တစ်ခုအလား ဝဲဂယက်၏ စုပ်ယူမှုကို တားဆီးထားသည်။ (မဟိစာရဆိုတာ လောကသုံးပါး အရှင်သခင်ကို ရည်ညွှန်းတာပါ။)

ရှောင်ဇယ်၏ အမူအရာမှာ ချက်ချင်းဆိုသလို ပြောင်းလဲသွားသည်။

"နေဦး....ဒါက သာမန် ကောင်းကင်လဟာပြင်ဝဲဂယက် မဟုတ်ဘူး။ နယ်ပယ်ဖယ်ရှားခြင်း အစွမ်းတွေပါ ပါနေတယ်။ သတိထားကြ။"

သူသည် မြေပြင်အား ဆောင့်နင်းလိုက်သည်နှင့် အနက်ရောင် နဂါးပုံရိပ်ကြီးတစ်ခုမှာ အန်လင်းတို့အား လွှမ်းခြုံသွားသည်။

မကြာမီမှာပင် ကြယ်စုကြယ်ဝေးများ ပြောင်းပြန်ဖြစ်ကာ ကောင်းကင်နှင့်မြေပြင်တို့ ပြိုကျကုန်ရသလို လေထုသည်လည်း တွန့်လိမ်ခေါက်ကွေးကုန်သည်။

ကီလိုမီတာ တစ်ရာ့ငါးဆယ် ပတ်လည်ရှိ သက်ရှိသတ္တဝါများမှလည်း ဆန်းကြယ်သော လေဟာပြင် စွမ်းအင်တစ်မျိုးကြောင့် အစအန မကျန်အောင် ပျောက်ကွယ်သွားသည်။

ဘာမှမတုံ့ပြန်နိုင်ခင်မှာပင် အန်လင်းမှာ မှောင်မည်းနေသော မီးခိုးရောင် ကုန်းမြေတစ်ခုပေါ် ရောက်ရှိသွားသည်။ ရောက်လျှင်ရောက်ချင်း ပြင်းထန်လှသော လေထုဖိအားများ ကျဆင်းလာလေသည်။ ကံကောင်းထောက်မစွာဖြင့် ၎င်းတို့အား လွှမ်းမိုးထားသော အနက်ရောင် နဂါးပုံရိပ်ကြီးမှာ ဖိအားများအား ကာကွယ်ပေးထားသည်။ ထိုသို့မဟုတ်ပါက သူ၏ခန္ဓာကိုယ် တစ်ခုလုံး အေးချမ်းမေ ဖြစ်သွားရပေလိမ့်မည်။

အန်လင်း ကောင်းကင်နတ်မိမယ်ဟယ်တို့ အုပ်စုကို လှမ်းကြည့်လိုက်သာည်။ ၎င်းတို့၏ ရွှေခေါင်းလောင်းများမှာ ကျိုးပဲ့နေပြီဖြစ်ပြီး ထိုသည်ကို ထိန်းချုပ်ခဲ့သော ဘုန်းတော်ကြီးမှာလည်း ဖိအားဒဏ်များကြောင့် ဖြူရော်နေပြီ ဖြစ်သည်။ သူ့အနေဖြင့် အချိန်ကြာမြင့်စွာ ဆက်ထိန်းထားနိုင်တော့မည် မဟုတ်ကြောင်း သိသာထင်ရှားနေသည်။

ကောင်းကင်နတ်မိမယ်ဟယ်နှင့် အခြားသူများမှာ ကာကွယ်ရေး မန္တာန်များ ရွတ်ဆိုကြပါသော်လည်း မထူးခြားလှပေ။ လေထုဖိအား၏ ကြောက်မက်ဖွယ် သက်ရောက်မှုများကြောင့် ၎င်းတို့လည်း အနှေးနှင့်အမြန် ဖိနှိပ်ခံရမည်သာ။

"ရှောင်လေး....ငါတို့ဘာလုပ်သင့်လဲ။"

အန်လင်း အလောကြီးစွာ မေးလိုက်သည်။

ရှောင်ဇယ် မီးခိုးရောင် ကုန်းမြေအား လှည့်ပတ်ကြည့်ရှုလိုက်သည်။ ဤကုန်းမြေထဲသို့ စုပ်ယူခံလိုက်ရသော သန္ဓေပြောင်းသားရဲများမှာ အရိုးအသား မကွဲသည်အထိ ချေဖျက်ခံထားရသည်။ ၎င်းတို့၏ အသက်စွမ်းအင် အဆီအနှစ်များမှာ လေထုထဲသို့ ပျံဝဲသွားလေသည်။

ရှောင်ဇယ် မျက်မှောင်ကျုံ့လိုက်သည်။

"ကျွန်တော်တို့က ကောင်းကင်လဟာပြင်သားရဲရဲ့ ခန္ဓာကိုယ်ထဲ စုပ်ယူခံလိုက်ရပြီးပြီ။ ဒီနေရာက တစ်ရာ့ငါးဆယ် ကီလိုမီတာ ရှိပြီးတော့ အစွန်းတွေက ကျယ်ပြန့်လွန်းတဲ့ ဗလာနယ်တွေ ဖြစ်နေတယ်။ ကျွန်တော်တို့ ဘယ်လောက်ပဲပြေးပြေး အဆုံးကို ရောက်မှာမဟုတ်ဘူး။ ကျွန်တော်တို့ လုပ်နိုင်တာက ကောင်းကင်လဟာပြင်သားရဲက ကောင်းကင်လသာပြင်ဝဲဂယက်ကို ထပ်သုံးပါစေလို့ ဆုတောင်းရုံပဲ ရှိတော့တယ်။ အဲ့အချိန်ကြရင်တော့ လေဟာနယ် လမ်းကြောင်းကိုသုံးပြီး ဒီနေရာကနေ လွတ်နိုင်လိမ့်မယ်။"

အန်လ​င်းမှာ ခုနစ်ရက် ထမင်းငတ်ထားသကဲ့သို့ မျက်နှာတစ်ခုလုံး ဖြူဖျော့ကာ ခန္ဓာကိုယ်မှာလည်း ဒယိမ်းဒယိုင် ဖြစ်သွားသည်။

"တခြားနည်းလမ်းရော မရှိတော့ဘူးလား။"

ဒီခုနစ်အိုရှစ်အိုကောင်ကြီးက အဲ့သောက်ရေးမပါတဲ့ ကောင်းကင်လဟာပြင်ဝဲဂယက်ကို နောက်တစ်ခါ ထပ်သုံးမသုံး ဘယ်သူက သိမှာလဲ....ဒီလေထုဖိအားအောက်မှာဆိုရင် ငါတို့အကုန် ဟော့ပေါ့အသားလုံးလေးတွေ ဖြစ်သွားလိမ့်မယ်.....

ရှောင်ဇယ် ခေါင်းခါပြလိုက်သည်။

"တခြားနည်းလမ်းတွေ ရှိကောင်းရှိနိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်သိတာတော့ အဲ့နည်းတစ်ခုပဲ ရှိတာ။"

ဝုန်း......

လေထုမှာ ရုတ်ချည်းဆိုသလို တုန်ခါသွားသည်။ ထို့နောက် မျက်စိတမှိတ် အတွင်းမှာပင် ရွှေရောင်မျက်လုံးတစ်စုံနှင့် မည်းနက်ပြောင်လက်နေသော ဝေလငါးကြီးမှာ ၎င်းတို့ရှေ့တွင် ပေါ်ထွက်လာလေသည်။

၎င်း၏ခန္ဓာကိုယ်သည် ပေဆယ်နှင့်ချီသာရှိပါသော်လည်း အရှိန်အဝါမှာ ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။ ထိုဝေလငါး၏ ခန္ဓာကိုယ်သည် အမှောင်ထုနှင့် စီစဉ်မကျသော ပရမ်းပတာ အရာဝတ္ထုများ ပေါင်းစပ်ဖန်တီးထားသလို ထင်မှတ်ရသည်။ ဝေလငါးကြီးသည် ပုံသဏ္ဍာန်နှင့်ပင် လူတိုင်းအား ကြောက်ရွံ့သွားစေနိုင်လောက်သည်။

"ဟမ့်.....ဒါက ကောင်းကင်လဟာပြင်စိတ်ဝိဉာဉ်လား။ အဲ့ဒါက ကောင်းကင်လသာပြင်သားရဲရဲ့ ခန္ဓာကိုယ်ထဲ ရှိနေလိမ့်မယ်လို့ ဘယ်သူထင်ထားမှာလဲ။"

ရှောင်ဇယ်မှာ စိတ်လှုပ်ရှားနေပုံရပြီး မျက်ဝန်းများ တလက်လက် တောက်ပနေသည်။

"ကောင်းကင်လဟာပြင်စိတ်ဝိဉာဉ်...."

အန်လင်း ပါးစပ်အဟောင်းသားဖြင့် ရေရွတ်လိုက်သည်။

"အဲ့ဒါကဘာလဲ။"

"အဲ့ဒါက ကောင်းကင်လသာပြင်သားရဲရဲ့ ခန္ဓာကိုယ်ထဲမှာ မွေးဖွားလာတဲ့ ပရမ်းပတာ စွမ်းအင်အဆီအနှစ် တစ်မျိုးပဲ။ အဲ့ဒါကို ကောင်းကင်လသာပြင်သားရဲရဲ့ စွမ်းအင်ခန္ဓာလို့ ပြောလို့ရတယ်။ ဒီလို စွမ်းအင်အဆီအနှစ်မျိုးက ကောင်းကင်လဟာပြင်သားရဲတွေ အရည်အသွေးမြင့်တဲ့ သက်ရှိသတ္တဝါတွေကို ဝါးမြိုချေဖျက်ပြီးမှ မွေးဖွားလာတာ။ ရှောင်မျိုးနွယ်စုရဲ့ ရှေးဟောင်းဘိုးဘေးကိုင်တဲ့ နတ်ဘုရားလက်နက်ဆိုရင် ကောင်းကင်လဟာပြင်စိတ်ဝိဉာဉ်နဲ့ လုပ်ထားတာလေ။ အဲ့လက်နက်က တကယ်ကို အစွမ်းထက်ပြီး ကြောက်စရာကောင်းတယ်။"

မည်းနက်ပြောင်လက်နေသော ဝေလငါးသည် ကောင်းကင်နတ်မိမယ်ဟယ်တို့အား စူးစိုက်ကြည့်ရှုနေသည်။ ၎င်းသည် ကောင်းကင်နတ်မိမယ်ဟယ်တို့၏ တိုက်ခိုက်မှုအပေါ် ဒေါသထွက်နေပုံ ရသည်။

ဝှစ်....

ဝေလငါးသည် အမြှီးအား လွှဲရမ်းလိုက်သည်နှင့် ဖြတ်ခနဲ ပျောက်သွားကာ ပုံရိပ်များသာ ထင်ကျန်ရစ်ခဲ့သည်။ ၎င်းသည် ဘုန်းတော်ကြီး တစ်ပါးနားသို့ ချက်ချင်းဆိုသလို ရောက်ရှိသွားသည်။ ထိုဘုန်းတော်ကြီးသည် ဝေလငါးကြီး၏ မျက်လုံးအား သကျမုနိ ရုပ်ထုဖြင့် တိုက်ခိုက်ခဲ့သူပင်။

ဘုန်းတော်ကြီး၏ အမူအရာမှာ ပြောင်းလဲသွားရပြီးနောက် သကျမုနိ ရုပ်ထုထဲမှ ရွှေရောင်နွယ်ခွေတစ်ခုကို ထုတ်ယူလိုက်သည်။

သို့သော် ဝေလငါး၏ အဖျက်စွမ်းအင်များသည် ရွှေရောင်နွယ်ခွေအား အမှုန့်ဖြစ်သွားစေပြီးနောက် ၎င်းသည်လည်း ဘုန်းတော်ကြီး၏ ခန္ဓာကိုယ်အား ဝင်တိုက်ပစ်လိုက်သည်။

ဝုန်း.....

ကြမ်းတမ်းလှသော စွမ်းအင်များသည် ဘုန်းတော်ကြီး၏ ခန္ဓာကိုယ်အား တွန့်လိမ်ရှုံ့တွစေသောကြောင့် သွေးကြောများပင် ပေါ်လာရသည်။ သူသည် ခန္ဓာကိုယ်အား မရေမတွက်နိုင်သော ဓားမော့များနှင့် နုပ်နုပ်စဉ်းနေသလို ခံစားရကာ စုတ်ပြတ်သတ်နေသော ဒဏ်ရာဒဏ်ချက်များမှ သွေ့ငွေ့တိမ်လွှာများ ပေါက်ကွဲထွက်ပေါ်နေသည်။

"ချန်းကန်...."

အခြားသော ဘုန်းတော်ကြီးမှာ ကျယ်လောင်စွာ ဟစ်ကြွေးလိုက်ပြီးနောက် သကျမုနိ စွမ်းအင်များ အကန့်အသတ်မဲ့စွာ ပါဝင်နေသော လက်ဝါးကြီးတစ်ခု ဖြစ်ပေါ်လာသည်။ ထိုလက်ဝါးကြီးအောက်တွင် အရာအားလုံး ဗလာနတ္ထိအဖြစ် ပြောင်းလဲပျောက်ကွယ်သွားရလေသည်။

မည်သို့ပင်ဆိုစေကာမူ ဝေလငါးသည် တစ္ဆေတစ်ကောင်အလား လျင်မြန်လွန်းနေသောကြောင့် မျက်စိတမှိတ် အတွင်းမှာပင် မီတာပေါင်း ထောင်နှင့်ချီ အကွာအဝေးသို့ ရောက်ရှိနေလေပြီ။

ကောင်းကင်နတ်မိမယ်ဟယ်၏ ကြာပန်းမှာ လင်းလက်တောက်ပလာပြီးနောက် ဒဏ်ရာရနေသော ဘုန်းတော်ကြီး ချန်းကန်အား လွှမ်းခြုံသွားကာ ကုသရေးစွမ်းအင်များ ထုတ်လွှတ်ပေးလိုက်သည်။

ကောင်းကင်လဟာပြင်စိတ်ဝိဉာဉ်သည် တစ်ချက်တည်း တိုက်ရုံမျှဖြင့် ဟင်းလင်းပြင်သို့အပြန် အလယ်အလတ် အဆင့်ရှိသော ဘုန်းတော်ကြီး ချန်းကန်အား ဆိုးဆိုးရွားရွား ထိခိုက်သွားစေသည်။ ထို့ကြောင့် ကောင်းကင်နတ်မိမယ်ဟယ်တို့မှာလည်း မျက်စိမျက်နှာ ပျက်နေကြပြီ ဖြစ်သည်။

"ကောင်းကင်နတ်မိမယ်ဟယ်၊ ချန်းဟယ် ဒီဝေလငါးက အစွမ်းကြီးလွန်းတယ်။ ကျုပ်တို့တိုက်နိုင်မှာ မဟုတ်ဘူး။ စုပေါင်းပြီး ကာကွယ်ရေး အစီအရင် အရင်လုပ်ရအောင်။ ကောင်းကင်လဟာပြင်သားရဲက ကောင်းကင်လသာပြင်ဝဲဂယက် ထပ်သုံးမယ့် အချိန်ထိ စောင့်ရဦးမှာ။"

၎င်းတို့သုံးဦးမှာ မတူညီသော နေရာတွင် ရပ်နေကြပြီး ဖောက်ထွင်းမြင်ရလုနီးပါး ကြည်လင်သော သကျမုနိ လက်ဝါးကြီးမှာ ၎င်းတို့အပေါ် ဖြည်းညင်းစွာ လွှမ်းခြုံလာသည်။ ရွှေရောင်သကျမုနိသည် မြင့်မြတ်သော ကြာပန်းဖြူပေါ်တွင် ထိုင်နေပြီး ၎င်း၏ခန္ဓာကိုယ် တဝိုက်တွင် အနက်ရောင် သံကြိုးများ ဝန်းရံနေသည်။ ဝေလငါး၏ အဖျက်စွမ်းအင်များသည် ထိုသကျမုနိထံ ထိုးဖောက်ဝင်ရောက်နိုင်ခြင်း မရှိပေ။

ကျင့်ကြံသူ သုံးဦး စုပေါင်းထားသော ကာကွယ်ရေး အစီအရင်အား မြင်လိုက်ရသောအခါ ဝေလငါး၏ အရှိန်အဝါမှာ ပိုမိုကြောက်မက်ဖွယ် ကောင်းလာသည်။ ၎င်း၏ အဖျက်စွမ်းအင်များသည် အနက်ရောင် အမျှင်များသဖွယ် ဖြစ်နေပြီး ဝေလငါးသည် ခန္ဓာကိုယ် တစ်ခုလုံးဖြင့် ကာကွယ်ရေး အစီအရင်အား ဝင်တိုက်ပစ်လိုက်သည်။

ဝုန်း....

ထိပ်တိုက်တွေ့ဆုံမှုကြောင့် ကီလိုမီတာ ရာနှင့်ချီကာ မြေပြင်များ ချိုင့်ဝင်သွားရသည်။ ကာကွယ်ရေး အစီအရင်မှာ ပြင်းထန်စွာ တုန်ခါနေပြီး ကျင့်ကြံသူ သုံးဦးမှာလည်း သွေးအန်နေရလေပြီ။

ဝေလငါးသည် ကာကွယ်ရေး အစီအရင်၏ အဝေးသို့ သွားလိုက်ပြီးနောက် နောက်ထပ်တစ်ကြိမ် ဝင်ဆောင့်လိုက်ပြန်သည်။

ဝုန်း....

ကာကွယ်ရေး အစီအရင်မှာ ပြင်းထန်စွာ တုန်ခါနေပြီး ကျင့်ကြံသူများသည်လည်း တပွက်ပွက်နှင့် သွေးအန်ရပြန်သည်။

ကျင့်ကြံသူများ၏ အမူအရာမှာ ဆိုးဝါးနေသည်။ ဤပုံစံအတိုင်းသာ ဆိုပါက ၎င်းတို့သေချာပေါက် သေရပေလိမ့်မည်။

ဝေလငါးသည် ကာကွယ်ရေး အစီအရင်အား ထပ်ခါတလဲလဲ ဝင်ဆောင့်နေသည်။ ကောင်းကင်လဟာပြင်သားရဲကသာ ကောင်းကင်လသာပြင်ဝဲဂယက်အား ထပ်မံအသုံးမပြုပါက ၎င်းတို့ နောက်ဘဝကူးရန် သိပ်မလိုလောက်တော့ပေ။

တတိယအကြိမ် ဝင်ဆောင့်ခံရပြီးနောက် ဘုန်းတော်ကြီး ချန်းဟယ်မှာ ဒယိမ်းဒယိုင် ဖြစ်လာပြီး လဲကျတော့မည့် အရိပ်အယောင်များ ပြသလာသည်။

ဝေလငါးသည် ငှက်သိုက်သောက်ထားသလို စွမ်းအင်များ ပြည့်ဝနေပြီး ၎င်း၏မျက်ဝန်းများတွင်လည်း လောဘရိပ်များ လောင်ကျွမ်းနေသည်။ ၎င်းသည် အနောက်သို့ဆုတ်ကာ အရှိန်အဝါကို မြှင့်တက်လိုက်ပြီးနောက် အားနှင့်မာန်နှင့် ရှေ့တိုးလာပြန်သည်။

ထိုအချိန်မှာပင် အားကောင်းလှသော သွေးဓားတစ်လက်မှာ ဝေလငါးထံ ပျံဝဲလာသည်။

ရုတ်ချည်းဆန်သော လှုပ်ရှားမှုကြောင့် ဝေလငါးသည်လည်း ကောက်ကာကွေ့ကာ ရှောင်ရှားလိုက်ရသည်။

ဘယ်သူလဲ.....

ကောင်းကင်နတ်မိမယ်ဟယ်၊ ဉာဉ့်ယံကာကွယ်သူနတ်ဘုရားနှင့် ဘုန်းတော်ကြီး ချန်းဟယ်တို့မှာ စိတ်သက်သာရာ ရသွားကြသည်။ ယခုကဲ့သို့ အခြေအနေမျိုးတွင် ၎င်းတို့အား လာရောက်ကယ်တင်ပေးမည့်သူ ရှိနေလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။ ၎င်းတို့၏ မျက်ဝန်းများမှာ တဖန်ပြန်လည် တောက်ပလာရသည်။

သို့သော် တိုက်ခိုက်ပေးသူအား တွေ့လိုက်ရသောအခါ ၎င်းတို့၏ အမူအရာများ အေးခဲသွားရသည်။

"သွေး....သွေးမျိုးနွယ်စုလား။"

ဘုန်းတော်ကြီး ချန်းဟယ်မှာ နှလုံးသား တစ်ခုလုံး အေးစိမ့်လာသည်။

ကောင်းကင်နတ်မိမယ်ဟယ်နှင့် ဉာဉ့်ယံကာကွယ်သူနတ်ဘုရားတို့လည်း တိတ်ဆိတ်သွားသည်။ တိုက်ခိုက်ပေးခဲ့သူမှာ သွေးမျိုးနွယ်စု ဖြစ်နေလိမ့်မည်ဟု ၎င်းတို့တွေးထင်မထားခဲ့ပေ။ ၎င်းတို့ ဒုက္ခရောက်နေချိန်တွင် ရေနစ်သူ ဝါးကူထိုးရန် ရောက်ရှိနေသည်လော။

ကောင်းကင်နတ်မိမယ်ဟယ်သည် မလှမ်းမကမ်းရှိ လူငယ်လေးအားကြည့်ကာ မျက်ဝန်းများ ပြူးကျယ်သွားရသည်။

"ဉာဉ့်ယံကာကွယ်သူနတ်ဘုရား.....ဟိုကောင်လေးကိုကြည့်လိုက်။ အရမ်းရင်းနှီးနေသလိုပဲ။"

"ကျုပ်ထင်တာမမှားရင် အဲ့ဒါအန်လင်းပဲ။"

ဉာဉ့်ယံကာကွယ်သူနတ်ဘုရားမှာ နှုတ်ခမ်းအစုံ ရှုံ့မဲ့နေသည်။ စိတ်ဝိဉာဉ့်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူ တစ်ယောက်သည် ဤနေရာသို့ မရောက်နေသင့်ပေ။ ထို့အပြင် သွေးမျိုးနွယ်စုများနှင့် အတူရှိနေသောကြောင့် ပို၍ပင် မျက်မုန်းကျိုးစရာ ဖြစ်နေသည်။

"ကောင်းကင်နတ်မိမယ်ဟယ်၊ ဉာဉ့်ယံကာကွယ်သူနတ်ဘုရား.....သူတို့က ကျွန်တော့်လူတွေပဲ။ ဘာမှမစိုးရိမ်နဲ့။ ကျွန်တော် ခင်ဗျားတို့ကို ကယ်ပေးမယ်။"

အန်လင်း လှမ်းပြောလိုက်သည်။

ကောင်းကင်နတ်မိမယ်ဟယ်နှင့် ဉာဉ့်ယံကာကွယ်သူနတ်ဘုရားတို့မှာ ငေးငေးကြောင်ကြောင် ဖြစ်သွားရသည်။

မျက်စိရှေ့က လူတွေက သူတို့ကို ကယ်ပေးမှာတဲ့လား....အဲ့ဒါ သွေးမျိုးနွယ်စုတွေလေ....

မည်သို့ပင်ဆိုစေကာမူ အန်လင်းအား ထိုသွေးမျိုးနွယ်စုများမှ အသည်းအသန် ကာကွယ်ပေးနေကြသည်။ ကြည့်ရသည်မှာ အန်လင်းသည် ၎င်းတို့၏ ခေါင်းဆောင် ဖြစ်နေသလိုပင်။

အဲ့တော့ အန်လင်းက သူတို့ကို ကယ်ဖို့လာတာလား....သူတို့ရဲ့ ကယ်တင်ရှင်က အန်လင်းလား....

All Chapters