← Chapters

ဝေလငါးဖိနှိပ်သူအန်ကီရင်

Vol. 41 Ch. 570

ဝေလငါးဖိနှိပ်သူအန်ကီရင်

Vol. 41 Ch. 570

အန်လင်း၏ ချီပင်လယ်(သက်ရှိစွမ်းအင်ပင်လယ်)ထဲတွင် မီးတောက်ဖြူ ဗာမီလီယမ်ငှက်မှာ ပျံဝဲကခုန်နေပြီး နေမင်းတစ်စင်းအလား တောက်ပသော အလင်းရောင်ကို ပေးစွမ်းနေသည်။

အန်ကီရင်သည် ချစ်စဖွယ် ဗိုက်လုံးလုံးလေးအား လှစ်ဟပြထားလျက် ပျင်းရိနေသော အမူအရာဖြင့် ချီပင်လယ်ထဲတွင် ဖြည်းညင်းစွာ ကူးခတ်နေသည်။

သူသည် ဗာမီလီယမ်မီးငှက်အား အနိုင်မယူနိုင်တော့ပေ။ ထိုသည်မှာ ဗာမီလီယမ်ငှက်၏ သွေးအဆီအနှစ်အား အန်လင်းမှ စုပ်ယူခဲ့သောကြောင့် ဖြစ်သည်။ ထိုသို့မဟုတ်ပါက အန်ကီရင်လေးသည် ဗာမီလီယမ်ငှက်နှင့် တန်းတူတိုက်ခိုက်နိုင်ဦးမည်ပင်။

ကံကောင်းထောက်မစွာဖြင့် ဗာမီလီယမ်ငှက်မှာ တိုက်ပွဲစိတ်ဆန္ဒများ ထက်သန်မနေပေ။ ၎င်းသည် အန်ကီရင်လေးအား အနည်းငယ် အနိုင်ကျင့်ပြီးနောက် လွှတ်ပေးထားခဲ့သည်။

အန်ကီရင်လေးမှာ အတော်ပင် စိတ်ဓာတ်ကျနေသည်။ ဗာမီလီယမ်ငှက်သည် သူ့အားမတိုက်ခိုက်တော့ပါသော်လည်း ၎င်းကသာ ပိုမိုသာလွန်သူဖြစ်ကြောင်း သိသိသာသာတစ်မျိုး၊ အသိမသာတစ်ဖုံ ကြွားလုံးထုတ်နေတတ်သည်။ သို့သော် အန်ကီရင်လေးအနေဖြင့် ဘာမှမတတ်နိုင်ခဲ့ပေ။

သက်ရှိစွမ်းအင်ပင်လယ်(ချီပင်လယ်)မှာ ရုတ်ချည်းဆိုသလို ပြင်းထန်စွာ တုန်ခါလာသောကြောင့် အန်ကီရင်ရော၊ ဗာမီလီယမ်မီးငှက်ပါ အာရုံစိုက်မိသွားကြသည်။

အန်လင်းမှာ တောက်ပနေသော မျက်လုံးဝိုင်းကြီးများဖြင့် နေရာတစ်ခုထံ သွားလိုက်သည်။

သက်ရှိစွမ်းအင်ပင်လယ်(ချီပင်လယ်)ထဲတွင် အနက်ရောင် ဝေလငါးတစ်ကောင် ရုတ်တရက် ရောက်ရှိလာသည်ကို တွေ့လိုက်ရလေသည်။

ဝေလငါးသည် ရွှေရောင်မျက်လုံးများဖြင့် ပတ်ဝန်းကျင်အား ငေးကြောင့်ကြည့်နေသည်။ ၎င်းသည် ဤနေရာသို့ မည်သို့မည်ပုံ ရောက်ရှိလာကြောင်း သိဟန်မတူပေ။

ထိုအချိန်တွင် လျှပ်စီးများ လက်လက်ထနေသော ရွှေရောင်ကလေးငယ်လေးမှာ ဝေလငါး၏ခေါင်းပေါ် ခုန်တက်ကာ စပရင်မွေ့ယာအလား ခုန်ပေါက်တော့သည်။

ဝေလငါးသည် ယခုကဲ့သို့ အရှက်တကွဲ အကျိုးနည်း ဖြစ်ရပ်မျိုး မကြုံတွေ့ခဲ့ရဖူးပေ။ ၎င်းသည် လွန်စွာဒေါသထွက်ကာ သက်ရှိစွမ်းအင်ပင်လယ်အား လှိုင်းထန်သွားစေသည်။

ဘန်း.....

အန်ကီရင်မှာ ကြောက်မက်ဖွယ် အဖျက်စွမ်းအင်များကြောင့် ကောင်းကင်ထက်သို့ မြောက်တက်သွားရသည်။

ဝေလငါးသည် ဘယ်နေရာ ရောက်နေမှန်း မသိရပါသေးပါသော်လည်း မည်သူ၏ စော်ကားမှုကိုမှ ခံယူစရာ အကြောင်းမရှိပေ။

၎င်းသည် အန်ကီရင်လေးအားကြည့်ကာ လူယုတ်မာအပြုံး ပြုံးလိုက်ပြီးနောက် ကောင်းကင်ထက်သို့ ခုန်တက်လာသည်။

ကောင်းကင်လဟာပြင်စိတ်ဝိဉာဉ်မှာ မည်သည့်နေရာသို့ ရောက်ရှိနေပါစေ ပြိုင်ဘက်ကင်းနေဆဲပင်။

ဝုန်း....ဝုန်း.....ဝုန်း.....

လေထုထဲတွင် ဒုန်းဒိုင်းဖုန်းဖိုင်း အသံများ ဆူညံသွားသည်။

ဝေလငါးသည် အန္တရာယ် အငွေ့အသက်အား ရရှိလိုက်သောကြောင့် ကျောရိုးတစ်ခုလုံး အေးစိမ့်သွားရသည်။

ကောင်းကင်ထက်တွင် ထိတ်လန့်ဖွယ် ရွှေရောင်မိုးကြိုးများ ပြည့်နှက်နေလေသည်။

အန်ကီရင်မှာ ဗာမီလီယမ်မီးငှက်၏ အနိုင်ကျင့် နှိပ်စက်ထားသမျှ သည်းခံခဲ့ရသော ဒေါသများကို လွှတ်ပေးလိုက်သောကြောင့် သက်ရှိစွမ်းအင်ပင်လယ်မှာ လျှပ်စီးပင်လယ်အဖြစ် ပြောင်းလဲသွားရသည်။ ရွှေရောင်ဟာလာပြင်လျှပ်စီးများ ထိမှန်သွားပြီးနောက် ဝေလငါး၏ နာနာကျင်ကျင် အော်ဟစ်သံမှာ သက်ရှိစွမ်းအင်ပင်လယ် တစ်ခုလုံးကို ပဲ့တင်ထပ်သွားစေသည်။

အန်ကီရင်က အဲ့လောက်တောင်စွမ်းလား.....အေး....စွမ်းသလိုပဲဟ.....

အန်လင်းသည် အန်ကီရင်၏ ရွှေရောင်ဟာလာပြင်လျှပ်စီးအား ယူသုံးလိုက်ရုံမျှဖြင့် ဟင်းလင်းပြင်သို့အပြန် အဆင့်နှင့်ညီသော စွမ်းအင်အား ထုတ်ဖော်နိုင်သည်။

အန်ကီရင်မှာ အိမ်ကွင်းဖြစ်နေသောကြောင့် အတော်လေး အသာစီး ရနေသည်။ ဗာမီလီယမ်မီးငှက်၏ နေ့နေ့ညည ကြွားလုံးများကို ကြိတ်မှိတ်ခံစားခဲ့ရသောကြောင့် အားနည်းနေသော ပရမ်းပတာ စွမ်းအင်အဆီအနှစ်စုကြီးအား လွယ်လွယ်နှင့် လွှတ်ပေးလိုက်စရာ အကြောင်းမရှိပေ။

ထို့ကြောင့် ဝေလငါးသည် သက်ရှိစွမ်းအင်ပင်လယ်အတွင်း မျက်စိတမှိတ်စာသာ မောက်မာလိုက်နိုင်ပြီး အန်ကီရင်၏ ဂျွမ်းထိုးမောက်ခုံ အနိုင်ကျင့်မှုများကို ရင်ဆိုင်ရတော့သည်။

...........

သက်ရှိစွမ်းအင်အတွင်း ဖြစ်ပျက်နေသော အနိုင်ကျင့်ပွဲကြီးကို တွေ့ရှိလိုက်ရပြီးနောက် အန်လင်းမှာ အကြည့်အား ရုတ်သိမ်းလိုက်သည်။

ထို့နောက် အားလုံးသည် အမူအရာ အမျိုးမျိုးနှင့် သူ့အားကြည့်ရှုနေသည်ကို တွေ့လိုက်ရသည်။ အံ့အားသင့်ခြင်း၊ မယုံသင်္ကာဖြစ်ခြင်း၊ စပ်စုလိုခြင်း၊ လေးစားခြင်းနှင့် ချစ်ခြင်းကြောက်ရွံ့ခြင်း အစရှိသဖြင့် ခံစားချက်မျိုးစုံ ဖြစ်နေကြသည်။

"ဘာတွေကြည့်နေတာလဲ။"

အန်လင်း မေးမြန်းလိုက်သည်။

"အစ်ကိုလေး အန်လင်း.....ကောင်းကင်လဟာပြင်စိတ်ဝိဉာဉ်ကို ဒီလိုပဲ မြိုချလိုက်တာလား။"

ဉာဉ့်ယံကာကွယ်သူနတ်ဘုရားမှာ အသံများပင် တုန်ရီနေသည်။

"ခန္ဓာကိုယ်ကရော တစ်ခုခု ထူးခြားတာမျိုး မခံစားရဘူးလား။ အဲ့လိုအကောင်ကြီးကို မြိုချလိုက်တော့ ဗိုက်တွေဘာတွေ မနာဘူးလားဟင်။"

ကောင်းကင်နတ်မိမယ်ဟယ်မှာလည်း ဘာပြောရမှန်း မသိသောကြောင့် စိုးရိမ်ပူပန်မှုကို ပြသလိုက်သည်။

အန်လင်း မျက်ဆံလှန်လိုက်သည်။

"အဲ့ဟာကြီးကို တကယ်စားလိုက်တာ မဟုတ်ပါဘူး။ အခုဒင်းက ကျွန်တော့်ရဲ့ သက်ရှိစွမ်းအင်ပင်လယ်ထဲမှာ ရှိနေတာ။"

"ဝါး...."

"ဝိုး....."

အားလုံးမှာ ပါးစပ်အဟောင်းသား ဖြစ်သွားရပြန်သည်။

သူ့ရဲ့သက်ရှိစွမ်းအင်ပင်လယ်ထဲမှာလား....ဖြစ်ရောဖြစ်နိုင်လို့လား....

"ပရမ်းပတာ စွမ်းအင်အဆီအနှစ်တွေကို သက်ရှိစွမ်းအင်ပင်လယ်ထဲမှာ ထားလို့ရလို့လား။"

ဒဏ်ရာများ သက်သာလာအောင် တရားထိုင်နေသော တိုဘိယသည်ပင် မနေနိုင်တော့ပဲ မေးခွန်းထုတ်လိုက်မိသည်။

"ငါလည်းမပြောတတ်ဘူးလေ။ ဘာပဲဖြစ်ဖြစ် ငါ့ရဲ့ သက်ရှိစွမ်းအင်ပင်လယ်ထဲမှာ ကလေးတစ်​ယောက်နဲ့ ဗာမီလီယမ်ငှက်တစ်ကောင် ရှိနေပြီးသားပဲ။ ဝေလငါးတစ်ကောင် ထပ်ရောက်လာတာက အထူးအဆန်းတော့ မဟုတ်ပါဘူး။"

အန်လင်းမှာ အနားယူတော့မည့်ဟန်ဖြင့် လက်ချောင်းများကို အကြောဆန့်လိုက်သည်။

လူတိုင်း:"........"

ကောင်းကင်နတ်မိမယ်ဟယ်: "ငါတို့က တူညီတဲ့ ကျင့်ကြံရေးလမ်းကို လျှောက်နေတာရော ဟုတ်ရဲ့လား။"

ရှောင်ဇယ်မှာ လွန်စွာစိတ်လှုပ်ရှားနေသည်။

"ထင်တဲ့အတိုင်းပဲ ငါ့ဆရာက အတော်ဆုံးပဲ။"

"အဲ့ဒါဆို ပရမ်းပတာ စွမ်းအင်အဆီအနှစ်ကို ဖြေရှင်းလိုက်နိုင်ပြီလို့ သတ်မှတ်လို့ရလား။"

ဘုန်းတော်ကြီး ချန်းဟယ် မေးလိုက်သည်။

အန်လင်း ခေါင်းခါပြလိုက်သည်။

"ကျွန်တော့်ရဲ့ နည်းစနစ်က ဆယ်မိနစ်ပဲခံတာ။ အဲ့ဒါကြောင့် ဆယ်မိနစ် ကြာပြီးရင် ဒင်းကပြန်ထွက်လာမှာပဲ။"

အံ့ဖွယ်ခိုးယူခြင်းနည်းစနစ်သည် ဆယ်မိနစ်သာ ခိုးယူနိုင်စွမ်း ရှိသည်။

အချိန်ပြည့်သွားသည်နှင့် ထိုအရာသည်လည်း မူလပိုင်ရှင်ထံ ပြန်လည်ရောက်ရှိသွားမည် ဖြစ်သောကြောင့် ဝေလငါးသည်လည်း ခြွင်းချက်တစ်ခု မဖြစ်နိုင်ပေ။

အားလုံးမှာ ထိုစကားကြောင့် ခန္ဓာကိုယ် တစ်ခုလုံး တောင့်တင်းသွားကြရသည်။

ကောင်းကင်လဟာပြင်စိတ်ဝိဉာဉ် ပြန်လည်ပေါ်ထွက်လာပါက မည်သို့ကိုင်တွယ်ဖြေရှင်းသင့်သည်ကို တိုင်ပင်လိုက်ကြပြန်သည်။

အချိန်မှာ ဖြည်းညင်းစွာ စီးဆင်းနေပြီး မကြာမီပင် ဆယ်မိနစ် အကန့်အသတ်မှာ ပြည့်သွားတော့မည် ဖြစ်သည်။

ကောင်းကင်နတ်မိမယ်ဟယ်နှင့် အခြားသူများမှာ အန်လင်းအား ကြည့်ရှုနေကြသည်။ အန်လင်းကိုယ်တိုင်လည်း စိတ်လှုပ်ရှားနေမိသည်။

ကောင်းကင်လဟာပြင်စိတ်ဝိဉာဉ်က ဘယ်လိုပြန်ပေါ်လာမှာလဲ....အန်ကီရင်လိုမျိုး သူ့ပါးစပ်ထဲက ထွက်လာမှာလား.....မဖြစ်သေးဘူး.....ဒင်းကအရမ်းကြီးတယ်.....ငါ့ပါစပ်နဲ့ ဘယ်လိုလုပ်ဆန့်မလဲ....

ဟုတ်တယ်.....ဘယ်နည်းနဲ့မှ ဆန့်မှာမဟုတ်ဘူး.....

အန်လင်းမှာ ကြောက်မက်ဖွယ် အတွေးများကြောင့် ကျောရိုးများ အေးစိမ့်လာရသည်။

အား.....ဝေလငါးဆိုဒ်ကြောင့် ငါ့ကိုယ်များ နှစ်ခြမ်းကွဲသွားမလား......

အန်လင်း အထိတ်တလန့်ဖြင့် သက်ရှိစွမ်းအင်ပင်လယ်အား ကြည့်ရှုလိုက်သည်။ သေတော့မလို ဖုတ်လှိုက်ဖုတ်လှိုက် ဖြစ်နေသော ဝေလငါးသည် မူလပိုင်ရှင်မှ ပြန်လည်ခေါ်ဆောင်နေသလို အားကောင်းသော ဆင့်ခေါ်စွမ်းအင်အား အာရုံခံမိနေသည်။

ဝေလငါး မျက်ရည်များ စီးကျလာသည်။ ၎င်း၏စွမ်းအင်သည် ဤနေရာတွင် လွန်စွာအားနည်းနေပြီး လျှပ်စီးလူသားလေး၏ သေလောက်အောင် အနိုင်ကျင့်မှုကိုလည်း ခံစားရသေးသည်။ သို့သော် မူလနေရာသို့ပြန်ရန် အခွင့်အရေး ရရှိလာလေပြီ။ ယခုထက်ပို၍ ပျော်ရွှင်စရာကောင်းသော ခံစားချက် ရှိမည်မဟုတ်တော့ပေ။

ဝေလငါးမှာ ဖြည်းညင်းစွာ မြောက်တက်လာသည်။

အန်ကီရင်လေးသည် နားမလည်နိုင်သော မျက်ဝန်းများဖြင့် ဝေလငါးကြီး မြောက်တက်သွားသည်ကို ကြည့်ရှုနေသည်။

ဝေလငါးမှာ လှောင်ပြုံးပြုံးလိုက်ပြီး အန်ကီရင်လေးအား တံထွေးဖြင့် ထွေးလိုက်သည်။

"ထွီ....မင်းတို့က ဒီထောင်ထဲမှာ အမြဲတမ်း ပိတ်မိနေမယ့် အမှိုက်ပဲ။ ယီးတောင် ပြန်မတွေ့ရပါစေနဲ့။"

ဝေလငါးမှာ ယဉ်ယဉ်ကျေးကျေးပင် နှုတ်ဆက်လိုက်သည်။

ထိုစကားကြောင့် အန်ကီရင် အမူအရာ ပြောင်းလဲသွားသည်။

အေးအေးလူလူ ပျံသန်းနေသော ဗာမီလီယမ်ငှက်မှာလည်း အန်ကီရင်အတိုင်း မျက်နှာပျက်သွားရသည်။

ထို့နောက်.....

သက်ရှိစွမ်းအင်ပင်လယ် တစ်ခုလုံး လျှပ်စီးလှိုင်းများ ထလာတော့သည်။

မြင့်မြတ်ဗာမီလီယမ်မီးတောက်မှာလည်း သက်ရှိစွမ်းအင်ပင်လယ်အား မီးဟုန်းဟုန်းတောက်သွားစေသည်။

ဝေလငါးမှာ အီတွန့်ပွမ်သွားပြီး စူးရှနာကျင်စွာ အော်ဟစ်လိုက်သည်။

ဆင့်ခေါ်စွမ်းအင်မှာလည်း ရွှေရောင်လျှပ်စီးနှင့် မြင့်မြတ်မီးတောက်တို့ကြောင့် ပျက်စီးသွားရလေသည်။

..........

တစ်မိနစ်ခန့် ကြာမြင့်သွားပြီးနောက် ဝေလငါးမှာ သက်ရှိစွမ်းအင်ပင်လယ်အတွင်း သေလုမျောပါး ဖြစ်နေလေပြီ။

အန်ကီရင်သည် သက်ရှိစွမ်းအင်ပင်လယ်အတွင်း စီးနင်းရန် ဝေလငါး၏ ခေါင်းပေါ်တွင် လျှပ်စီးဇက်ကြိုးတစ်ခု ပြုလုပ်လိုက်သည်။

ဗာမီလီယမ်ငှက်သည်လည်း မြင့်မြတ်မီးတောက်ဖြင့် ဝေလငါး၏ကျောအား ရိုက်နှက်နှိပ်စက်နေသည်။

အန်လင်း:"......"

ဘုရားရေ....ဘာတွေဖြစ်နေတာလဲ.....

အားလုံးလည်း တိတ်ဆိတ်နေသည်။

ထို့နောက် သိလိုစိတ် ပြင်းပြနေဟန်ဖြင့် အန်လင်းအား မေးလိုက်သည်။

"အခုဆယ်မိနစ်တောင် ကျော်နေပြီလေ။ ပရမ်းပတာ စွမ်းအင်အဆီအနှစ်က ဘယ်မှာလဲ။"

အန်လင်း စကားဆိုလိုက်သည်။

"ဘာဖြစ်သွားတာလဲတော့ မသိဘူး။ ဒါပေမယ့် ဝေလငါးက ကျွန်တော့် သက်ရှိစွမ်းအင်ပင်လယ်ထဲမှာပဲ နေရတော့မယ်ထင်တယ်။"

အားလုံး: "......."

"တကယ်လား.....အဲ့ဒါဆို ကိုယ်တော်တို့ ပြင်ထားတာတွေ...."

ဘုန်းတော်ကြီး ချန်းဟယ် မေးမြန်းလိုက်သည်။

အန်လင်း ခေါင်းညိတ်ပြလိုက်သည်။

"အခုသိမ်းလိုက်လို့ရပြီ။ ဝေလငါးကို ပြန်ခေါ်ပေးမယ့် စွမ်းအင်ကလည်း ပျောက်သွားပြီလေ။"

လူတိုင်း သက်ပြင်းချလိုက်ကြသည်။ မည်သို့ပင်ဆိုစေကာမူ တစ်ချိန်တည်းမှာပင် အနည်းငယ် စိတ်ပျက်သွားရသလို ခံစားလိုက်ကြရသည်။

အားလုံးသည် ဝေလငါးကြီးအား အပီအပြင် သမရန် ပြင်ဆင်ထားငြပါသော်လည်း ၎င်းမှာ နောက်လဲမလာ၊ လာလဲမနောက်တော့ပေ။

ထိုအချိန်တွင် ကောင်းကင်လဟာပြင်သားရဲမှာလည်း တစ်စုံတစ်ခု ပျောက်ဆုံးသွားသလို ခံစားလိုက်ရသည်။

၎င်း၏ ကြီးမားလှသော ခန္ဓာကိုယ်ကြီးမှာ အလိုအလျောက် တုန်ခါလာလေတော့သည်။

All Chapters