← Chapters

ဒေါသထွက်သွားသော မိစ္ဆာများ

Vol. 22 Ch. 234

ဒေါသထွက်သွားသော မိစ္ဆာများ

Vol. 22 Ch. 234

“ဂူဒေါ..”

“ဟိုင်ချင်ထျန်း..”

မျှော်လင့်မထားဘဲ မိစ္ဆာများသည် သူတို့နာမည်များကို တစ်ယောက်ပြီးတစ်ယောက် ထုတ်ပြောလာခဲ့ကြ၏။

ကျန်းယန် နာမည်များကိုနားထောင်ပြီးမျက်မှောင်ကြုံ့လိုက်မိသည်။

ထိုမိစ္ဆာများ၏နာမည်များက ထူးဆန်းလွန်းနေခဲ့၏။ ထိုအရာများက သူတို့တကယ့်နာမည်များရော ဟုတ်နိုင်ပါမည်လော။

ခိုးနားထောင်နေသော ချင်းယွင်ကျိပင် အံ့အားသင့်သွားခဲ့သည်။

ထိုမိစ္ဆာများသည် တကယ်ကြီး သူတို့နာမည်အရင်းများကိုထိုမျှမြန်မြန်ပြောပြခဲ့ခြင်းပေလော။

“ဒါတွေက စီနီယာတို့တကယ့်နာမည်တွေတော့ ဟုတ်တယ်မလား” ကျန်းယန် မိစ္ဆာအုပ်ကိုကြည့်ကာ ပြုံး၍ ပြောလိုက်သည်။

မိစ္ဆာများ တိတ်ဆိတ်နေခဲ့ကြ၏။

သူတို့ကိုယ်တိုင်ကလွဲပြီး ဘယ်သူမှ သူတို့နာမည်အရင်းများကို မသိကြပေ။

သူတို့အပြင်လူများကိုပေးသိသောနာမည်က သာမန်နာမည်များသာဖြစ်ပြီး အချိန်မရွေးပြောင်းလဲ၍ရသော နာမည်များ ဖြစ်ကြသည်။

ကျန်းယန် ခေါင်းယမ်းကာ ပြောလိုက်၏။

“ကျွန်တော်ကတော့ ကျွန်တော်တို့ကတစ်ယောက်နဲ့တစ်ယောက် အရမ်းရင်းနှီးနေကြပြီလို့ ထင်ထားတာ အခုလိုနာမည်အတုတွေပြောလိမ့်မယ်လို့ ထင်မထားခဲ့မိဘူး”

သူတမင်သက်သက် နာမည်အစစ်နှင့်အတုကြားကွာဟချက်ကို မသိချင်ယောင်ဆောင်နေခဲ့သည်။

“ဒါပေမယ့် ကျွန်တော်ကကတိတည်တဲ့လူတစ်ယောက်ပါ” ကျန်းယန် ဆက်ပြောလိုက်၏။

“နောက်လကျ ဘယ်သူထွက်လာမလဲဆိုတာ စီနီယာတို့ဖာသာဆုံးဖြတ်ကြ ဆုံးဖြတ်ချက်ချပြီးရင် ကျွန်တော်လာခေါ်လိုက်မယ်”

ပြောပြီးသည့်နောက် ကျန်းယန် သလင်းနံရံထဲမှ ထွက်လာခဲ့လေသည်။

ထိုအခါ ရှုပ်‌ထွေးနေသောအမူအရာဖြစ်နေသော ကျန်းယန်အနားတွင် ချင်းယွင်ကျိ ပေါ်လာခဲ့၏။

မင်းဘယ်လောက် လှည့်ကွက်သုံးသုံး လွယ်လွယ်တော့ ဘယ်ရမလဲ!

ဘယ်သူက သူတို့အသက်ကို အလွယ်တကူအခြားသူလက်ထဲ အပ်ပါမည်နည်း။

ထို့အပြင် နာမည်အစစ်တွင် အသက်ထက်ပိုသောအရာများ ပါ၀င်ပတ်သက်နေပုံ ပေါ်ပေသည်။

“ဆရာ မလောပါနဲ့” ကျန်းယန် ခေါင်းယမ်းကာ ပြောလိုက်၏။

“သူတို့နာမည်အစစ်ကိုသိရဖို့က လွယ်မှာတော့ မဟုတ်ဘူး”

ချင်းယွင်ကျိ အသာအယာခေါင်းညိတ်ပြလိုက်ကာ မေးလိုက်သည်။

“ပြီးတော့ မိစ္ဆာသစ်သီးကရော မင်းဘယ်လိုခံစားရလဲ”

ကျန်းယန် အူကြောင်ကြောင်ပြုံးလိုက်ကာ

“တိုက်ပွဲကွင်းပြင်ထဲမှာတုန်းက ကျွန်တော်တကယ်ကြီး သတ်ဖြတ်ခြင်းဆန္ဒ လွှမ်းမိုးတာကိုခံလိုက်ရပြီး သူတို့ကိုတစ်ယောက်ချင်းအသည်းအသန်လိုက်သတ်ခဲ့တာ ဒါပေမယ့် အဲ့ဒီကပြန်လာပြ‌ီးနောက်ပိုင်း သာမန်နေ့တွေမှာတော့ ဘာမှထူးခြားတာ မရှိပါဘူး အဆင်ပြေပါတယ်”

ချင်းယွင်ကျိ ထူးဆန်းစွာ မေးလိုက်၏။

“မင်းမှာ အခြားအတွေးတွေမရှိဘူးလား”

မိစ္ဆာများပြောစကားအရ ထိုအသီးကိုစားလိုက်လျှင် ခံစားချက် ၇ ပါးနှင့် ရမ္မက် ၆ ပါး၏ လွှမ်းမိုးခြင်းကို ခံရမည် ဖြစ်သည်။ ကျန်းယန်လိုလူငယ်လေးမျိုးတွင် အဘယ်ကြောင့် မိန်းမများအပေါ် ရမ္မက်ရှိမနေရပါသနည်း။ အထူးသဖြင့် အနားတွင် စစ်ထူမင်ယွဲ့လိုအလှလေးရှိနေသောအခါမျိုးတွင်ပင် သူသည် ဘာမှမခံစားခဲ့ရခြင်းပေလော။

ကျန်းယန် သူ့ဆရာ၏အတွေးကိုနားလည်ဟန်ဖြင့် မျက်လုံးလှန်ကြည့်လိုက်ပြီး

“ဆရာ အဲ့ဒီမိစ္ဆာတွေချဲ့ကားပြောနေတာလည်း ဖြစ်ချင်ဖြစ်မှာပေါ့ ဒါမှမဟုတ် ကျွန်တော့်စိတ်ကထူးဆန်းနေတာလည်း ဖြစ်ချင်ဖြစ်နိုင်တယ် ကျွန်တော်က ကျင့်ကြံခြင်းမှာပဲ အာရုံစိုက်နေတော့ အခြားဘာအတွေးတွေ ရှိနိုင်မှာလဲ”

“အဲ့တာ ဖြစ်နိုင်တယ်” ချင်းယွင်ကျိလည်း ရှင်းမပြတတ်တော့ပေ။

“အခုငါတို့မိစ္ဆာတွေရဲ့ နာမည်အစစ်ကိုမရဘူးဆိုတော့ မင်းအစီအစဉ်ကဘယ်လိုလဲ”

ကျန်းယန် ကူကယ်ရာမဲ့စွာ ပြုံးလိုက်ကာ

“ကျွန်တော်လူတိုင်းရဲ့ခွန်အားတွေ တိုးလာအောင်လုပ်ပေးဖို့ပဲ တတ်နိုင်တော့တယ်…တကယ်လို့ ဆရာဦးလေးအချို့ တာအိုပေါင်းစည်းခြင်းအဆင့်ရောက်သွားပြီး ကျွန်တော်တို့ ၀င်္ကပါကပိုတည်ငြိမ်လာရင် ဆရာ့မှာ အချိန်နည်းနည်းပိုရတာပေါ့”

“တပည့်တွေကတော့ သူတို့ကအားနည်းနေသေးတယ် ဘာမှလုပ်နိုင်ဦးမှာ မဟုတ်ဘူး

ပြီးတော့ လွန်ခဲ့တဲ့တစ်နှစ်တုန်းက ကောင်းကင်ဒဏ္ဍာရီက အခြားဂိုဏ်းတွေကို စုစည်းခဲ့သေးတယ်မဟုတ်လား သူတို့အင်အားတွေပေါင်းလိုက်ရင် အင်အားတော့ နည်းနည်းပိုတိုးလာမှာပါ

အပြင်ဘက်က အင်အားစုတွေကတော့ လတ်တလောကျွန်တော်တို့နဲ့ ပူးပေါင်းမှာမဟုတ်ဘူး ကျွန်တော်တို့အခြေအနေက ခက်ခဲနေတုန်းပဲ”

ချင်းယွင်ကျိ သက်ပြင်းသာချလိုက်မိပြီး ဘာပြောရမယ်မှန်း မသိတော့ပေ။

သူသည် ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်တစ်ယောက်ဖြစ်သော်လည်း ပြဿနာများကိုမဖြေရှင်းနိုင်သေးပေ။ အရာအားလုံးအတွက် သူ့တပည့်တစ်ယောက်တည်းကိုသာ အားကိုးနေခဲ့ရသည်။

“တကယ်ပဲ အခြားနည်းလမ်းမရှိတော့ဘူးလား” ချင်းယွင်ကျိ မျက်မှောင်ကြုံ့ကာ ပြောလိုက်၏။

ကျန်းယန်တခဏတွေးတောလိုက်ပြီး အရင်ကိစ္စများကိုပြန်စဉ်းစားရင်း သူ့မျက်လုံးများ တောက်ပသွားခဲ့သည်။

“ဆရာ ကျွန်တော်တို့ ဂိုဏ်းတစ်ဂိုဏ်းကိုရွေးပြီး သူတို့ကိုရက်ရက်စက်စက်ရိုက်ပစ်လိုက်ရင်ရော”

“ဂိုဏ်းကြီးကိုးဂိုဏ်းလုံးကို ရိုက်ပစ်ဖို့က ကျွန်တော်တို့တတ်နိုင်စွမ်းအပြင်မှာရှိနေတယ်ဆိုပေမယ့် တစ်ဂိုဏ်းတည်းဆိုရင်တော့ ဖြစ်နိုင်တယ် မဟုတ်လား”

“ဒီလိုဆိုရင် ကျွန်တော်တို့ပတ်ပတ်လည်က ဂိုဏ်းကြီးတွေကို ခြိမ်းခြောက်ထားနိုင်မယ် မဟုတ်လား”

“၀မ်လင်းကုန်းမြေတိုက်ကြီးဖြစ်ဖြစ် လန်ကျားအထွတ်အမြတ်မြေဖြစ်ဖြစ်….သူတို့သာ အခြားသူတွေနဲ့ ပူးပေါင်းရဲရင် သူတို့ဆီတိုက်ရိုက်သွားပြီး တိုက်ခိုက်ပစ်ကြမယ်”

ချင်းယွင်ကျိ အကူအညီမဲ့စွာပြုံးလိုက်ကာ

“အရင်ဆုံး စောင့်ကြည့်ကြတာပေါ့”

တကယ်တော့ သူတို့တွင်အားကိုးစရာက ချင်းယွင်ကျိ တစ်‌ယောက်သာရှိခြင်းဖြစ်၏။ စန်းစုန့်ကူညီမယ်ဆိုလျှင်တောင် သူတို့တွင် ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်တစ်ယောက်နှင့် တာအိုပေါင်းစည်းခြင်းအဆင့်တစ်ယောက်သာ ရှိနေခြင်း ဖြစ်သည်။ ၀မ်လင်းဂိုဏ်းနှင့်လန်ကျားအထွတ်အမြတ်မြေတွင်တော့ အသက်ရှင်ကျန်ရစ်သော ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်များ ဘယ်လောက်ရှိနေမလဲ ဘယ်သူမှ မသိနိုင်ပေ။

ကျန်းယန် အလျင်အမြန်ပင် သူ့နည်းဗျူဟာက ဤနေရာတွင် အလုပ်မဖြစ်နိုင်မှန်း နားလည်သွားခဲ့၏။ဒီလိုသာဆိုလျှင် သူတို့တွင် မိစ္ဆာများကိုလွှတ်ဖို့ကလွဲပြီး ရွေးစရာ မရှိတော့ပေ။

သလင်းအလွှာထဲတွင် မိစ္ဆာများ တိတ်ဆိတ်နေခဲ့ကြသည်။

ကျန်းယန်၏ နာမည်အရင်းများကိုမေးမြန်းမှုက သူတို့ကိုဆွံ့အသွားစေခဲ့၏။

သူတို့မျိုးနွယ်စုတွင် သူတို့သည် သူတို့နာမည်အစစ်များကို မိစ္ဆာအရှင်ဆီသာ ပေးအပ်ခြင်းဖြစ်ပြီး နောက်ဆုံးတွင် မိစ္ဆာအရှင်ကလည်း သူတို့ကိုထိန်းချုပ်ဖို့ သူတို့နာမည်အရင်းများ သုံးဖို့ မလိုပေ။

ထို့အပြင် မိစ္ဆာအရှင်ဆိုသည်မှာ သူတို့ရိုသေလေးစားရသော သူတစ်ယောက်သာ ဖြစ်သည်။

ကျန်းယန်က ပိုသန်မာလာကာ သူတို့ကိုကယ်တင်လိမ့်မည်ဟု သူတို့ယုံကြည်သော်လည်း ထိုအရာက သူတို့သည် ကျန်းယန်အပေါ် လုံး၀ သစ္စာစောင့်သိတော့မည်ဟု ဆိုလိုနေခြင်းတော့ မဟုတ်ပေ။

သူတို့နာမည်အရင်းများကိုပေးလိုက်လျှင်တော့ သူတို့သည် ကျန်းယန်အပေါ် ၁၀၀ ရာခိုင်နှုန်း ညွတ်တွားရပေတော့မည်။

ဘယ်သန်မာသည့်တည်ရှိမှုက ထိုအခြေအနေကို လက်ခံနိုင်ပါမည်နည်း။

ထို့ကြောင့် မိစ္ဆာအုပ်တိတ်ဆိတ်နေခဲ့ကြခြင်း ဖြစ်၏။

“အဲ့ဒီခွေးကောင်တွေကို မင်းကမိစ္ဆာမျိုးနွယ်စုရဲ့ ကံကြမ္မာကို လက်ခံရရှိထားမှန်းပြောပြလိုက် ဒါဆို ဒီကောင်တွေမင်းပြောသမျှ နာခံကောင်း နာခံလိမ့်မယ်” ချင်းယွင်ကျိ ရုတ်တရက် ကျန်းယန်ကို ပြောလိုက်သည်။

အစကတော့ သူမိစ္ဆာများကိုမလွှတ်ချင်ခဲ့ပေ။ သို့သော် အခြေအနေကပိုပိုပြီး ကြပ်တည်းလာလေရာ သူ့တွင်လည်းရွေးချယ်စရာ မရှိတော့ပေ။

ကျန်းယန် တခဏတွေးတောပြီးနောက် ပြုံးလိုက်၏။

“ဆရာ ကျွန်တော်တို့ သူတို့ကိုတိုက်ရိုက်ပြောလို့မဖြစ်ဘူး သူတို့ အမှတ်တမဲ့သိသွားအောင် လုပ်ရမယ်

ပြီးတော့ ကျွန်တော်တို့ခန်းမထဲကနေ ကြားခဲ့တာတွေကိုပေါင်းပြီး ဇာတ်လမ်းတစ်ခု ထွင်လို့ရတယ် ဆရာကြည့်ကြည့် “အပြန်” “ေအာက်‌ေမ့ဖွယ်ရာ” “မျိုးဆက်” “အနာဂတ်” …

ကျွန်တော်တို့ အဲ့ဒီစကားလုံးတွေကိုပေါင်းလိုက်ရင် မိစ္ဆာဘိုးဘေးတွေက အရမ်းဝေးတဲ့နေရာကို ရောက်နေပြီး အိမ်ပြန်လမ်းကို ရှာမတွေ့ဘူး လို့ပြောလို့ရတယ်

ဒီအချိန်မှာ သူတို့က သူတို့မျိုးဆက်တွေကို သတိတရနဲ့ သူတို့အတွက်အိမ်ပြန်လမ်းကို ရှာပေးစေချင်တာ ဆိုရင်ရော ဆရာ ကျွန်ဝောာ့်ဇာတ်လမ်းက အကျိုးအကြောင်းသင့်တယ် မဟုတ်လား”

ချင်းယွင်ကျိ ဆွံ့အသွားခဲ့၏။

သူ့လိုလူပင် ထိုမျှအဓိပ္ပာယ်မရှိသောလှည့်ကွက်ထဲ ကျမသွားလျှင် အဘယ်သို့ ထိုမိစ္ဆာပညာရှင်များကို အရူးလုပ်၍ ရပါမည်နည်း။

သို့သော် ကျန်းယန်ကတော့ စိတ်လှုပ်ရှားနေခဲ့သည်။

နောက်ဆုံးတွင် သူသည်လည်းအလွန်ဝေးကွာသောအရပ်မှ ရောက်လာသူသာ ဖြစ်၏။

ထိုဖန်ဆင်းခြင်းခန်းမထဲမှဘိုးဘေးများလည်း သူ့လိုအလွန်ဝေးသောအရပ်သို့ရောက်သွားပြီး ပြန်မလာနိုင်ဘူးဆိုလျှင် ထိုအရာက လုံး၀ အဓိပ္ပာယ်မရှိတာတော့ ဟုတ်မနေပေ။

ဘာပဲဖြစ်ဖြစ် စမ်းကြည့်တာကတော့ မမှားနိုင်ပေ။

ကျန်းယန် သလင်းနံရံထဲ ၀င်သွားခဲ့ပြန်သည်။

ချင်းယွင်ကျိ ခေါင်းကိုသာ ခါယမ်းလိုက်မိပြီး

“ဒီကလေးကတော့…”

သူ ကျန်းယန်ထိုမိစ္ဆာများကိုလှည့်စားနိုင်မလားဆိုတာ ကြည့်ရှုနေခဲ့သည်။

“စီနီယာတို့ရဲ့ မိစ္ဆာဘိုးဘေးကပျောက်ဆုံးနေတယ်” ကျန်းယန်အသံက မိစ္ဆာအုပ်ကြီးကို ပွက်လောရိုက်သွားစေခဲ့၏။

ထိုခွေးကောင်လေးက အဘယ်ကြောင့် သူတို့မိစ္ဆာဘိုးဘေးအကြောင်း ထုတ်ပြော‌ရဲရပါသနည်း။

သူတို့မိစ္ဆာဘိုးဘေးဆိုသည်မှာလည်း ထိုကလေး၏ ဘိုးဘေးပင် မဟုတ်ပါလော။

All Chapters