← Chapters

မိစ္ဆာ၏နာမည်အစစ်

Vol. 22 Ch. 232

မိစ္ဆာ၏နာမည်အစစ်

Vol. 22 Ch. 232

ချင်းယွင်ကျိ ကျန်းယန်၏လေးနက်သောအမူအရာကိုကြည့်ပြီး သူနောက်နေခြင်းမဟုတ်မှန်း သိရှိသွားခဲ့၏။

အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ကာ သူမေးလိုက်သည်။

“မင်းကဘာလို့ မိစ္ဆာတွေကို လွှတ်ပေးချင်တာလဲ”

ကျန်းယန် လေးလေးနက်နက်ပြန်ပြောလိုက်၏။

“ဆရာ ဆရာကကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်ကိုရောက်သွားပြီဆိုပေမယ့် ကျွန်တော်တို့ဂိုဏ်းကိုဘယ်သူမှ မထိရဲတော့တာတော့ မဟုတ်ဘူး ဂိုဏ်းကြီးကိုးဂိုဏ်းလုံးက ကျွန်တော်တို့ကိုတိုက်ခိုက်ဖို့ လွန်ခဲ့တဲ့နှစ်တစ်ထောင်လောက်ကတည်းက ကြံစည်နေတာ ကျွန်တော်တို့ကြားကအမုန်းတရားက ပိုတိုးလာတာပဲရှိတယ်

အစကတော့ သူတို့က အမတရတနာနည်းနည်းလောက်အတွက်ပဲ ကျွန်တော်တို့ကို တိုက်ခိုက်ချင်တာ

ဒါပေမယ့် နှစ်ပေါင်းများစွာဖြစ်လာတဲ့ ပဋိပက္ခတွေနောက်မှာတော့ အဲ့တာက အမတရတနာအနည်းငယ်အတွက်ပဲ မဟုတ်တော့ဘူး

ကျွန်တော်ဆရာ့ကိုတစ်ခုမေးချင်တယ် တကယ်လို့များ တစ်နေ့နေ့မှာ အဇူရာတိမ်ဂိုဏ်းကမိစ္ဆာတွေကို ဖိနှိပ်ပြီးသွားခဲ့ရင် ကျွန်တော်တို့ အဲ့ဒီဂိုဏ်းကြီးတွေကို ဘယ်လိုဆက်ဆံကြမလဲ”

ချင်းယွင်ကျိ ကျန်းယန်၏ဆိုလိုရင်းကိုနားလည်ဟန်ဖြင့် ရိုးရိုးသားသားဖြေလိုက်သည်။

“အဲ့ဒီအချိန်ကျရင်တော့ ငါအဲ့ဒီကြွက်သူခိုးတွေနဲ့

စာရင်းရှင်းရမယ်”

ဤနှစ်များအတွင်း အဇူရာတိမ်ဂိုဏ်းသည် ဂိုဏ်းကြီးများ၏ အကြံအစည်များကြောင့် များစွာ နစ်နာခဲ့ရ၏။ ဂိုဏ်းသားပေါင်းများစွာကိုလည်း စတေးခဲ့ရသည်။

ထို့ကြောင့် ချင်းယွင်ကျိစိတ်ထဲတွင် မိစ္ဆာများပြီးလျှင် အမုန်းဆုံးမှာ ဂိုဏ်းကြီးများသာ ဖြစ်၏။

ကျန်းယန် ဖြည်းဖြည်းချင်း ပြောလိုက်သည်။

“ထိပ်တန်းဂိုဏ်းကြီးတွေရဲ့ အကြီးအကဲကြီးတွေကလည်း ဒီလိုပဲတွေးမိမှာ သေချာတယ်

သူတို့က ဆရာ့ကိုဒီထက်ပိုကြီးထွားခွင့်ပေးတော့မှာ မဟုတ်ဘူး

သူတို့ကမကြာခင်လှုပ်ရှားကြလိမ့်မယ်”

ချင်းယွင်ကျိ တိတ်ဆိတ်သွားခဲ့၏။

ထိုကဲ့သို့သောအခြေအနေမျိုး ဖြစ်လာနိုင်မှန်း သူမငြင်းနိုင်ပေ။

ကျန်းယန်ဆက်ပြောလိုက်သည်။

“ဆရာ့ခွန်အားက တကယ်ပဲ သာမန်မဟုတ်ပါဘူး ဒါပေမယ့် ကျွန်တော်မေးချင်တယ် ဆရာ့မှာ ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့် ၁၀ယောက်ကိုတစ်ပြိုင်တည်းယှဉ်ချနိုင်ဖို့ ယုံကြည်ချက်ရှိလား

ပြီးတော့ အဲ့ဒီခွန်အားက ဂိုဏ်းကြီးတွေအပေါ်ယံမှာ ချပြထားတဲ့ ခွန်အားပဲရှိသေးတယ်

တကယ်လို့ ဂိုဏ်းကြီးတွေမှာ ပုန်းအောင်းနေတဲ့ သေခါနီး မွန်းစတားအိုကြီးတွေ ရှိနေမယ်ဆိုရင်ရော

သူတို့က မတက်လှမ်းနိုင်တော့ဘူးဆိုတော့ ဆရာ့ကိုအသေခံပြီးတိုက်ကြမှာ အဲ့တာဆိုရင် ဆရာဘယ်လိုရင်ဆိုင်မလဲ

ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်ကိုထားပါဦး တာအိုပေါင်းစည်းခြင်းအဆင့် သေခါနီးပညာရှင်ကြီးတွေက အသေခံပြီး အဇူရာတိမ်ကုန်းမြေတိုက်ကြီးကို ၀င်တိုက်မယ်ဆိုရင် ကျွန်တော်တို့ဘယ်လိုခုခံရမှာလဲ

ကျွန်တော်တို့ဂိုဏ်းက လွန်ခဲ့တဲ့နှစ်တစ်ထောင်က ကပ်ဘေးကြီးကိုရင်ဆိုင်ခဲ့ရပေမယ့် သူတို့ကတော့ ရင်မဆိုင်ခဲ့ရဘူး

သူတို့အုတ်မြစ်ကဘယ်လောက်နက်ရှိုင်းနေမလဲ ဘယ်သူသိမှာလဲ”

ထိုစကားလုံးများက ချင်းယွင်ကျိကိုအတွေးနက်သွားစေခဲ့သည်။

ဂိုဏ်းတိုင်းတွင် သေခါနီးပညာရှင်ကြီးများရှိမှန်း သူသိ၏။

“အဲ့တာဆိုရင်တောင် ငါတို့မိစ္ဆာတွေကိုတော့ လွှတ်လို့မဖြစ်ဘူး” ချင်းယွင်ကျိ အကူအညီမဲ့စွာ ပြောလိုက်သည်။

“ငါတို့အဇူရာတိမ်ဂိုဏ်းက သူတို့ကိုဖိနှိပ်လာခဲ့တာ နှစ်တစ်ထောင်ကျော်ကြာသွားပြီ ချိတ်စည်းပြေသွားတာနဲ့ သူတို့က ငါတို့ကိုသေတဲ့အထိ ပြန်တိုက်ခိုက်မှာ သေချာတယ်

အဇူရာတိမ်ကုန်းမြေတိုက်ကြီးပေါ်က သန်းနဲ့ချီတဲ့အသက်တွေ ချက်ချင်းပျောက်ကွယ်သွားရလိမ့်မယ်

ပြီးရင် အဇူရာတိမ်ဂိုဏ်းက ဒီမြေကို စွန့်ပစ်ဖို့ကလွဲ ရွေးစရာရှိတော့မှာ မဟုတ်ဘူး

ပြီးရင် ငါတို့ဘယ်သွားကြမှာလဲ ဂိုဏ်းကြီးတွေက ငါတို့ကို ခြေချစရာနေရာ လုံး၀ပေးမှာမဟုတ်ဘူး”

ကျန်းယန် ခေါင်းယမ်းကာ ပြောလိုက်သည်။

“ဆရာ ကျွန်တော်ကမိစ္ဆာတွေကို လက်လွှတ်စပယ်လွှတ်ပေးလိုက်ဖို့ ပြောနေတာ မဟုတ်ပါဘူး ကျွန်တော်တို့လွှတ်တဲ့နေရာမှာ သူတို့အပေါ် ထိန်းချုပ်မှုတစ်ခုထားရမယ်”

“အို့” ချင်းယွင်ကျိ ကျန်းယန်ကိုအံ့အားသင့်နေဟန်ဖြင့် ကြည့်လိုက်၏။

“မင်းမှာ ဒီမိစ္ဆာတွေကို နာခံလာအောင်လုပ်ဖို့နည်းလမ်းရှိတယ်လား”

ကျန်းယန် တခဏတွန့်ဆုတ်သွားပြီးနောက် ပြောလိုက်သည်။

“ကျွန်တော်မိစ္ဆာခန်းမထဲကနေ သတင်းအချက်အလက်အချို့ရလာတယ်

အဲ့ဒီအချက်အလက်က မိစ္ဆာတွေအကြောင်းတကယ့်အမှန်တရားပဲ

မိစ္ဆာအမွေအနှစ်ထဲမှာ နာမည်အစစ် လို့ခေါ်တဲ့ စွမ်းအားတစ်ခုပါတယ်

တကယ်လို့ ကျွန်တော်တို့ကသာ မိစ္ဆာရဲ့နာမည်အစစ်ကိုသိပြီး အဲ့တာကို သူတို့ရဲ့မိစ္ဆာဝိညာဉ်စွမ်းအား မိစ္ဆာလမ်းစဥ်စွမ်းအားနဲ့ပေါင်းနိုင်ရင် သူတို့ကို ဖိနှိပ်လို့ရတယ်

မိစ္ဆာတွေအတွက် အရေးကြီးဆုံးက သူတို့နာမည်အစစ်ပဲ အဲ့တာက သူတို့ရဲ့သစ္စာရှိမှု သင်္ကေတဆိုလည်း ဟုတ်တယ်

ဆိုတော့ ကျွန်တော့်အကြံက တကယ်လို့ ကျွန်တော်တို့သာ သူတို့နာမည်အရင်းကိုသိပြီး သူတို့ရဲ့ မိစ္ဆာဝိညာဉ်စွမ်းအား မိစ္ဆာလမ်းစဉ်စွမ်းအားတွေနဲ့ ပေါင်းနိုင်ခဲ့ရင် သူတို့ကိုနာခံလာ‌ေအာင်လုပ်လို့ရပြီ ပြီးရင်တော့ သူတို့ကိုဖိနှိပ်လို့ရပြီ”

ချင်းယွင်ကျိ မျက်လုံးများ တောက်ပသွားခဲ့သည်။ သို့သော် သူအမြန်ခေါင်းယမ်းလိုက်ကာ

“မိစ္ဆာတွေအတွက်နာမည်အရင်းက အရေးကြီးမှတော့ သူတို့က သူတို့နာမည်အရင်းကို ဘယ်ပြောပြပါ့မလဲ”

ကျန်းယန်ပြုံးလိုက်၏။

“အတိတ်တုန်းကဆိုရင်တော့ မဖြစ်နိုင်ဘူး ဒါပေမယ့် ကျွန်တော်တို့သူတို့ကို လှည့်စားလို့ရတယ် ကျွန်တော်က မိစ္ဆာလမ်းစဉ်ပညာရပ်တွေကို လေ့ကျင့်ထားတာ အဲ့တာတွေကို ဒီနေရာမှာသုံးလို့ရတယ်”

တကယ်တော့ သူသည် အရေးကြီးဆုံးအချက်ဖြစ်သော မိစ္ဆာများက သူ့ကို သူတို့ထဲကတစ်ယောက်အဖြစ်မြင်နေသည်ဟူသောအချက်ကိုဖုံးကွယ်ထားခဲ့ခြင်းဖြစ်သည်။

ဒါပေါ့ သူတို့ထဲက တစ်ယောက်လို့ထင်နေရင်တောင် သူတို့နာမည်အရင်းကိုပြောပြဖို့ကတော့ မလွယ်သေးပေ။

ဤကိစ္စတွင် မိစ္ဆာခန်းမထဲက စွမ်းအားကြီးမိစ္ဆာကိုအသုံးပြုဖို့ လိုနေသေး၏။

မိစ္ဆာခန်းမထဲက မိစ္ဆာသည် မိစ္ဆာဘိုးဘေးဖြစ်ပုံရပြီး ပိုအဆင့်မြင့်သောမိစ္ဆာတစ်ကောင်ပင် ဖြစ်နေနိုင်သေးသည်။

ချင်းယွင်ကျိ မျက်မှောင်ကြုံ့ကာ အ‌တွေးနက်သွားခဲ့၏။ ကျန်းယန်စကားများက ဆန်းကြယ်နေသလိုလို သူခံစားနေခဲ့ရသည်။

ထိုမိစ္ဆာများသည် သူတို့နာမည်အရင်းကိုလုံး၀ကာကွယ်ထားမှာ သေချာလေရာ ထိုနာမည်ကိုမည်သို့ပြောနိုင်ပါမည်နည်း။

“မင်းအရင်သွားကြိုးစားကြည့်ပေါ့ တကယ်လို့ မင်းသူတို့နာမည်အရင်းတွေကို ရလာရင် ငါတို့ မိစ္ဆာတွေကို လွှတ်ပေးမယ့်အကြောင်းဆေ‌ွးနွေးကြမယ်” ချင်းယွင်ကျိ ပြတ်ပြတ်သားသားပြောလိုက်၏။

နာမည်အရင်းကိုတောင်မသိရသေးဘဲ ဆွေးနွေးနေလျှင် ဘာအဓိပ္ပာယ်မှရှိမည် မဟုတ်ပေ။

ကျန်းယန် ပြုံးလိုက်သည်။

“ဒါဆို ဆရာ ကျွန်တော့်ကိုမိစ္ဆာတွေနဲ့တွေ့ဖို့ ခေါ်သွားပေးပါဦး အို့ ကျွန်တော်အဲ့ဒီသစ်သီးအကြောင်းလည်း သူတို့ကိုမေးကြည့်ရဦးမယ် သူတို့သိမလား ကြည့်ကြတာပေါ့”

နောက်ဆုံးတွင် အဇူရာတိမ်ဂိုဏ်းထဲရှ်ိ ဘယ်သူမှ ထိုသစ်သီးကဘာလဲမသိလေရာ ထိုသစ်သီးကမိစ္ဆာများနှင့်ဆက်စပ်နေသည့် သစ်သီး ဖြစ်နိုင်ပါမည်လော။

သလင်းနံရံထဲတွင် မိစ္ဆာများတိတ်ဆိတ်နေခဲ့ကြ၏။

ထိုမိစ္ဆာများသည် နှစ်တစ်ထောင်ကျော်ပိတ်လှောင်ခံထားရသော်လည်း အခုလောက်တိတ်ဆိတ်နေတာမျိုး တစ်ခါမှ မရှိခဲ့ဖူးပေ။

ထို့ကြောင့်ချင်းယွင်ကျိပင် စိတ်မသက်မသာ ခံစားလိုက်ရသည်။

တိတ်ဆိတ်နေသောမိစ္ဆာများ ကျန်းယန် ရုတ်တရက်ပေါ်ပေါက်လာသည်ကိုတွေ့လိုက်ရသောအခါ အံ့အားသင့်ကုန်ကြ၏။ ရုတ်တရက် သူတို့ စိတ်လည်းလှုပ်ရှားသွားခဲ့ကြသည်။

သူတို့ကျန်းယန်ကိုအငမ်းမရကြည့်နေရင်း စိတ်ထဲမေးခွန်းများနှင့် ပြည့်နှက်နေခဲ့၏။

“မင်္ဂလာပါ လေးစားရတဲ့အကြီးအကဲတို့ ကျွန်ဝောာ်တို့နောက်ဆုံးတွေ့ခဲ့ရတာ

တစ်နှစ်တောင်ကြာသွားပြီနော်” ကျန်းယန်ပြုံးကာ သလင်းနံရံဘက်လှည့်ပြီး ပြောလိုက်သည်။

“ဒီနှစ်အတွင်း စီနီယာတို့က ကိုယ့်ကတိကိုယ်တည်ခဲ့ကြတယ် ဒီလိုဆိုမှတော့ ကျွန်တော်ကလည်း ကတိတည်ရတော့မှာပေါ့ နောက်လကျရင် စီနီယာတို့ထဲက တစ်ယောက်ရဲ့ မိစ္ဆာသန္ဓေသားကို အပြင်ထွက်ခွင့်ပေးပါမယ်”

All Chapters