← Chapters

မိစ္ဆာတစ်ကောင်ကိုလွှတ်ပေးခြင်း

Vol. 22 Ch. 228

မိစ္ဆာတစ်ကောင်ကိုလွှတ်ပေးခြင်း

Vol. 22 Ch. 228

ထို့နောက် ကျန်းယန် ပိလင်းကျိ ဟော်လင်းကျိနှင့်ပိုင်ယွင်ကျိတို့ကိုလည်း စာအုပ်တစ်အုပ်စီသွားပေးခဲ့၏။

ဒါပေါ့ ဟော်လင်းကျိထံသို့ရောက်သောအခါ သူ‌တိုက်ပွဲကွင်းပြင်ထဲက ရရှိလာခဲ့သော လက်နက်သန့်စင်၍ရသည့် ရတနာများအားလုံးကိုလည်း ပေးခဲ့လိုက်သည်။

ထို့နောက်တွင်မှ ကျန်းယန် ပိဟွာတောင်ထွတ်သို့ သွားခဲ့၏။

သူဟွာလင်းကျိအခန်းထဲတိုက်ရိုက်၀င်သွားပြီး သူ့ရှေ့တွင်ထိုင်ကာ ဟွာလင်းကျိကိုပြုံးပြုံးလေး ကြည့်လိုက်လေသည်။

ဟွာလင်းကျိ မေးလိုက်၏။

“ငါ့အတွက်ကရော”

“ဘာမှမရှိဘူး” ကျန်းယန် ခေါင်းခါလိုက်သည်။

ဟွာလင်းကျိ ဒေါသတကြီး ပြန်ပြောလိုက်၏။

“မင်းအခြားဦး‌ေလး‌ေတွကို လက်ဆောင်တွေသွားပေးထားတာ ငါမသိဘူးမထင်နဲ့နော် ဒီနေ့မင်းငါ့ကိုတစ်ခုခုမပေးရင် ငါမင်းကိုဒီနေရာက ထွက်သွားခွင့်မပေးနိုင်ဘူးကွ”

ကျန်းယန် အားရပါးရ ရယ်မောလိုက်လေသည်။

“ကျွန်တော်အခြားဆရာဦးလေးတွေကို စာအုပ်တစ်အုပ်စီပဲ ပေးခဲ့တာပါ ဆရာဦးလေးကစာအုပ်တွေ အများကြီး ဖတ်ပြီးပြီဆိုတော့ ဘာလုပ်ဖို့ ထပ်ဖတ်ဖို့လိုတော့မှာ”

“ဘာစာအုပ်လဲ” ဟွာလင်းကျိ မေးလိုက်၏။

ကျန်းယန်အသံကိုနှိမ့်ကာ ပြောလိုက်သည်။

“ဘာမှထူးခြားတာရယ်တော့ မဟုတ်ပါဘူး ကျွန်တော်တို့ မဟာခန်းမထဲက ယူလာတဲ့စာအုပ်အချို့ပါပဲ”

“ဘုရားသခင်” ဟွာလင်းကျိ စိတ်လှုပ်ရှားသွားခဲ့၏။

“ဒါဆို ငါ့ဆီအမြန်ယူလာခဲ့လေ”

ထိုစာအုပ်များက သူ့အတွက်အရေးကြီးတာ သေချာပေသည်။

ကျန်းယန် ခပ်ဟဟရယ်မောကာ ပြောလိုက်၏။

“အကုန်လုံးက ဆရာ့အခန်းထဲမှာ ဆရာဦးလေးအချိန်ရရင် ကိုယ့်ဟာကိုယ်သာသွားယူလိုက်”

ထိုစကားကိုကြားသောအခါ ဟွာလင်းကျိ ချက်ချင်း အဇူရာတိမ်တောင်ထွတ်ဆီ ပျံသွားဖို့ ပြင်လိုက်လေသည်။

ကျန်းယန် အလျင်အမြန်သူ့ကိုဆွဲထားကာ ပြောလိုက်၏။

“မလောပါနဲ့ ကျွန်တော့်မှာဆရာဦးလေးအတွက် အခြားစာအုပ်တွေပါမလာပေမယ့် ပိုကောင်းတာ ပါလာတယ်”

ဟွာလင်းကျိ သူ့စိတ်လှုပ်ရှားမှုကို ထိန်းကာ ကျန်းယန်ကို မျက်စောင်းတစ်ချက် ထိုးလိုက်လေသည်။

ကျန်းယန် လေးလေးနက်နက်ပြောလိုက်၏။

“ကောင်းကင်နဲ့မြေပြင်ရဲ့မရှိမဖြစ်စွမ်းအင်ကိုလေ့လာခြင်းစာအုပ်က ဆရာဦးလေးရဲ့ အဆောင်တွေအတွက် အရေးကြီးတာ သေချာတယ် ကျွန်တော်အဲ့ဒီစာအုပ်ရဲ့ လေးပုံတစ်ပုံကိုနားလည်နေပြီ ကျွန်တော်ဖတ်ပြီးသွားရင် ဆရာဦးလေးကိုပေးမယ်

ကျွန်တော်အခုဆရာဦးလေးကိုပေးချင်တာကတော့ ကျွန်တော် အမတခန်းမထဲက အမွေဆက်ခံလာခဲ့တဲ့ စိတ်ချီအဆောင် ဆိုတဲ့ပညာရပ်ပဲ အဲ့တာကနတ်အာရုံကိုသုံးပြီး ချီကိုထိန်းချုပ်ပြီးတော့ အဆောင်တွေဖန်တီးတာ အမြင့်ဆုံးအဆင့်ထိကျင့်ကြံပြီးသွားရင် အ‌တွေးတစ်ချက်တည်းနဲ့ ကောင်းကင်နဲ့မြေပြင်ကိုယ်တိုင်က အဆောင်တွေ ဖြစ်လာလိမ့်မယ်”

“အဲ့တာဘယ်မှာလဲ” ဟွာလင်းကျိ ဆွံ့အစွာ ပြောလိုက်မိသည်။

“ပြောနေတာရပ်ပြီး ပြတော့လေ”

“အမတခန်းမက အမွေဆက်ခံလာတဲ့ပညာရပ်တွေအပြင် အခြားအဆောင်တွေလည်းရှိသေးတယ်” ကျန်းယန် လေးလေးနက်နက်ပြောလိုက်၏။

“အဲ့ဒီအဆောင်ပညာရပ်တွေက ဘယ်ကလာသလဲ ကျွန်တော်ဆရာဦးလေးကိုပြောမှာမဟုတ်ဘူး

ဆရာဦးလေး အဲ့တာတွေကို ကျင့်ကြံနိုင်မလားဆိုတာလည်း ကျွန်တော်မသိဘူး မကျင့်ကြံနိုင်ရင်လည်း အတင်းအကြပ်မလုပ်ပါနဲ့ ကျင့်ကြံနိုင်ရင်လည်း သေချာဂရုစိုက်ပြီးသုံးရမယ် အဲ့ဒီအကြောင်းအခြားသူတွေ အလွယ်တကူ သိမသွားစေနဲ့

အားလုံးပေါင်း အဆောင်သုံးခုရှိတယ် တစ်ခုက အဝါရောင်စမ်းချောင်းများဆီလမ်းညွှန်ခြင်းအ‌ေဆာင် တဲ့ နောက်တစ်ခုက မြေအောက်ကမ္ဘာမီးအိမ်အဆောင် နောက်ဆံုးတစ်ခုကတော့ ယင်ယန်အဆောင်

အဲ့ဒီအဆောင်တွေမှာ ဘယ်လိုစွမ်းအားတွေရှိသလဲဆိုတာနဲ့ ဘယ်လိုသုံးရသလဲဆိုတာ ကျွန်တော်လည်း မသိသေးဘူး အခုအချိန်မှာ ကျွန်တော့်စွမ်းအားနဲ့ အဲ့ဒီအဆောင်တွေကို ကိုယ်တိုင်လည်းမဆွဲနိုင်ဘူး

အဲ့တာကြောင့် ဆရာဦးလေး ဆရာဦးလေးလည်း သေချာဂရုစိုက်ရမယ်နော် အဲ့ဒီအဆောင်တွေကြောင့်နဲ့တော့ ပြဿနာကြီးတွေဖြစ်လာလို့ မဖြစ်ဘူး”

ဟွာလင်းကျိအမူအရာလည်း‌ေလးနက်သွားကာ

“စိတ်မပူပါနဲ့ ငါဂရုစိုက်မှာပါ”

သူတို့နာမည်တွေအရ ထိုအဆောင်များသည် သာမန်မဟုတ်မှန်း သူသိပေသည်။ ထိုကဲ့သို့သောနာမည်ရှိသည့် အဆောင်မျိုး သူကြားပင်မကြားဖူးပေ။

ကျန်းယန် အမတခန်းမမှ အမွေဆက်ခံထားသောပညာရပ်ကိုပေးပြီးသောအခါမှ တစ္ဆေခန်းမမှရရှိထားသော အဆောင်ပညာရပ်များကို ပေးလိုက်၏။

ထိုပညာရပ်များကို ရရှိပြီးသောအခါ ဟွာလင်းကျိ ထိုအရာအပေါ်လုံး၀ဈာန်၀င်သွားခဲ့လေသည်။

ကျန်းယန် သူ့ကိုထပ်သတိပေးလိုက်၏။

“ဆရာဦးလေး ဆရာဦးလေး‌ေသချာဂရုစိုက်ရမယ်နော် ဆရာက ကျွန်တော့်ကိုအဲ့ဒီပညာရပ်တွေကို ဘယ်သူ့ကိုမှမပေးဖို့ ပြောထားတာ”

“သိပါတယ်” ဟွာလင်းကျိ လက်ကာပြလိုက်ကာ ကျန်းယန်ကိုထွက်သွားဖို့ အချက်ပြလိုက်‌လေသည်။

သူသည် အဆောင်တာအိုထဲနစ်၀င်နေပြီဖြစ်ပြီး ဘယ်လိုမှ ဆွဲထုတ်မရတော့ပေ။

ထို့ကြောင့် ကျန်းယန်လည်း သူ့ဗီလာဆီသို့ ပြန်လာခဲ့ရ၏။

ထိုနေရာတွင် ကျိယန်ရှိနေသည်ကိုမြင်လိုက်ရသောအခါ သူအံ့အားသင့်သွားပြီး မေးလိုက်သည်။

“နင်ဘာလို့ ထွက်မသွားသေးတာလဲ”

ကျိယန် အောင့်သက်သက်ခံစားလိုက်ရ၏။

ဆရာဖိုးဖိုးတောင်ပြန်မလာသေးတာ ငါကဘယ်လိုပြန်သွားရမှာလဲ!

ထို့အပြင် ယခုအခါ အဇူရာတိမ်ဂိုဏ်းထဲတွင် ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်တစ်ယောက် ရှိနေပြီဖြစ်သောကြောင့် ဘယ်သူက ဂိုဏ်းထဲလျှောက်သွားနေရဲပါတော့မည်နည်း။

“ပြန်တော့” ကျန်းယန် လက်ကာပြကာ သူမကိုပြန်ခိုငိးလိုက်သည်။

“စီနီယာကောင်းကင်ဒဏ္ဍာရီကိုလည်း ပြောလိုက်ပါ ငါ့ကိစ္စတွေအားလုံးပြီးသွားရင် စီနီယာ့ဆီတစ်ခေါက်လောက် လာဂါရ၀ပြုပါဦးမယ်လို့”

ထို့နောက်မှ ကျိယန် တောင်အောက်သို့ ဆင်းသွားခဲ့၏။

စန်းစုန့်ကျန်းယန်ကိုတစ်ချက်ကြည့်ပြီး ပြောလိုက်သည်။

“မင်းသူ့ကိုလိုက်မပို့တော့ဘူးလား”

“အခု အဇူရာတိမ်ဂိုဏ်းကလူတိုင်းအလုပ်ရှုပ်နေတာ ဘာလို့လိုက်ပို့နေဦးမှာလဲ” ကျန်းယန် လက်ကာပြလိုက်ကာ စန်းစုန့်ကိုပြောလိုက်၏။

“တာအိုမိတ်ဆွေအိုကြီး စာအုပ်ကဘယ်လိုနေလဲ”

စန်းစုန့်လျှာသပ်လိုက်ကာ သူ့လက်ထဲက စာအုပ်ကိုပုတ်ပြလိုက်လေသည်။

“ဒီစာအုပ်‌ထဲမှာရေးထားတဲ့အကြောင်းအရာတွေက တကယ်အံ့မခန်းပဲ အချို့ပါ၀င်ပစ္စည်းတွေက ဒီမှာရှိမနေတာပဲ နှမြောစရာကောင်းတယ် ပြီး‌ေတာ့ မင်းကမင်းကျားကိုလည်း ငါ့ကိုစားခွင့်‌ေပးမှာ မဟုတ်ဘူး ပါ၀င်ပစ္စည်းတွေရှိမနေရင်တော့ ဘာမှလုပ်မရဘူး”

အနားက ဟူတလီ စန်းစုန့်ကိုကြမ်းကြုတ်စွာ တစ်ချက်ကြည့်လိုက်လေသည်။

ဒီအဖိုးကြီးက ဘာလို့ငါ့ကိုအမြဲစားချင်နေတာလဲဟ!

“အချိန်ရရင် ကျွန်တော်စီနီယာ့အတွက် သက်တန့်ငါးနှစ်ကောင်ဖမ်းပေးမှာပါ”

“အဲ့တာကို မေ့လိုက်တော့” စန်းစုန့် လက်ကာပြလိုက်၏။

“အခုက သက်တန့်ငါးရာသီမဟုတ်ဘူး ငါအခုချက်ရင်တောင် ပြီးပြည့်စုံတဲ့အရသာ ထွက်လာမှာမဟုတ်ဘူး

ငါအခုစိတ်၀င်စားနေတာက ဒီစာအုပ်ထဲမှာပြောထားတဲ့ ဟာတွေက တကယ်အမှန်ဟုတ်မဟုတ်ဆိုတာပဲ ပျားရည်သုတ်၀က်ဝံလက်ဖဝါးက တကယ်ကြီး အရသာရှိတာလား ငါအရင်က ၀က်ဝံလက်ဖဝါးစားဖူးပါတယ် ဘာလို့ အရသာက အဲ့လောက်မကောင်းရတာလဲ”

ကျန်းယန် နတ်အာရုံဖြင့် အသံကူးပြောင်းပြီး ပြောလိုက်သည်။

“အဲ့တာတွေက အမတအဆင့်အမွေဆက်ခံမှုတွေ စီနီယာ သံသယဖြစ်နေစရာမလိုဘူး”

“ဒါဆိုရင်တော့ ငါပိုပြီးစိတ်၀င်စားသွားပြီ”

သူဟူတလီကိုတစ်ချက်ကြည့်ပြီးနောက် ကျန်းယန်ကိုပြောလိုက်၏။

“မင်းတို့ဘာလို့ငါ့အတွက် ၀က်ဝံနည်းနည်းလောက်ဖမ်းပေးဖို့ မကြိုးစားကြတာလဲ မွန်းစတား၀က်ဝံဆိုပိုကောင်းတယ် သာမန်၀က်ဝံတွေက အရသာသိပ်မကောင်းဘူး”

“စီနီယာ ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်ရောက်မှ ကိုယ့်ဟာကိုယ်သွားဖမ်းဖို့ရော မစဉ်းစားဖူးဘူးလား” ကျန်းယန် ပြန်မေးလိုက်သည်။

စန်းစုန့်သက်ပြင်းချကာ ခေါင်းယမ်းလိုက်ပြီး

“ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်ကသာ ဒီလောက်လွယ်နေရင် ကမ္ဘာပေါ်မှာ ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်တွေ ဒီထပ်ပိုများများရှိနေမှာပေါ့ကွာ ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်ထဲ ၀င်ရတာကတောင် ခက်နေပြီ ကပ်ဘေးဖြတ်ကျော်ရတာဆိုရင် ပိုတောင်ခက်သေးတယ် ငါအခုထိ အဲ့ဒီအဆင့်ရဲ့အရိပ်အယောင်ကိုတောင် မမြင်ရသေးဘူး”

ကျန်းယန် စန်းစုန့်ပုခုံးကိုပုတ်လိုက်ပြီး ပြောလိုက်၏။

“တာအိုမိတ်ဆွေအိုကြီး အခုကမ္ဘာကြီးရဲ့ ကံကြမ္မာကကျွန်တော့်ဘက်မှာရှိနေပြီ ကျွန်တော်ကသာ စီနီယာကပ်ဘေးကျော်ဖြတ်တာအောင်မြင်မှာလို့ ပြောလိုက်ရင် စီနီယာအောင်မြင်မှာသေချာတယ်”

စန်းစုန့်မျက်လုံးလှန်ကြည့်လိုက်ပြီး ဆွံ့အသွားခဲ့သည်။

“မင်းစကားလုံးတွေက ကောင်းကင်ရဲ့စိတ်ဆန္ဒကိုသယ်ဆောင်ထားတာလို့ ထင်နေတာလား မင်းက‌ကမ္ဘာကြီးရဲ့ ကံကြမ္မာကိုရရှိထားတာဆိုရင်တောင် မင်းမှာအဲ့ဒီလိုစွမ်းအားတော့ မရှိနိုင်ဘူး”

ကျန်းယန် ခပ်ဟဟရယ်မောလိုက်၏။

“ဒါဆိုရင်…အခု စီနီယာရှို့ယိဘုရားကျောင်းကိစ္စတွေကို ဘယ်လိုကိုင်တွယ်မလဲဆိုတဲ့အကြောင်း ပြောကြရင်ရော”

စန်းစုန့်ချက်ချင်းနာကျင်နေသော အမူအရာပြောင်းသွားကာ ခေါင်းကိုအုပ်လိုက်ပြီး

“ငါခေါင်းကိုက်နေတယ် အဲ့ဒီအကြောင်းမပြောချင်ဘူး”

တာအိုပေါင်းစည်းခြင်းအဆင့်တစ်ယောက်က အဇူရာတိမ်ဂိုဏ်းထဲ၀င်သွားခြင်းသည် လွယ်လွယ်ဖြေရှင်းလို့ရသော ပြဿနာတော့ မဟုတ်ပေ။

သူသည် သစ္စာဖောက်အဖြစ် ခေါင်းစဉ်တပ်ခံရပေလိမ့်မည်။

သူကဂရုမစိုက်ဘူးဆိုလျှင်တောင် ရှို့ယိဘုရားကျောင်းက တိတ်ဆိတ်နေပါမည်လော။

နောက်ဆုံးတွင် ထိုအရာက တာအိုပေါင်းစည်းခြင်းအဆင့်တစ်ယောက်သာ ဖြစ်သည်။

ကျန်းယန်ပြုံးကာ ပြောလိုက်၏။

“စိတ်မပူပါနဲ့ ဒီကိစ္စကို လုံး၀ပြီးပြည့်စုံသွားအောင် ဖြေရှင်းလိုက်မယ်”

“အဲ့ဒီလိုပဲမျှော်လင့်ရတာပါပဲ” စန်းစုန့် သက်ပြင်းချလိုက်သည်။

သူအနားတွင် တရားထိုင်နေသော ချင်းရှုကိုတစ်ချက်ကြည့်ကာ မေးလိုက်၏။

“ဂိုဏ်းချုပ်က ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်ရောက်သွားပြီဆိုတော့ ကမ္ဘာကြီးက ပိုပြီးသတိထားလာကြလိမ့်မယ် သူတို့က ဒီကိစ္စကို လွယ်လွယ်လေးထားလိုက်မှာမဟုတ်ဘူးလို့ ငါအာမခံရဲတယ် မင်းပြင်ဆင်ပြီးပြီလား”

ကျန်းယန် အသာအယာပြံးကာ အေးအေးဆေးဆေးပြောလိုက်သည်။

“ကျွန်တော်ပြင်ဆင်ပြီးတာ ကြာပါပြီ”

“ဘယ်လိုပြင်ဆင်မှုမျိုးလဲ” စန်းစုန့်ပြန်မေးလိုက်၏။

“ငါ့ကိုဘာလုပ်စေချင်လဲ”

ကျန်းယန် အသာအယာပြုံးကာ ပြန်ပြောလိုက်သည်။

“ကျွန်တော်မိစ္ဆာတစ်ကောင်လွှတ်ပေးဖို့ ပြင်ဆင်နေတာ”

“လာနောက်မနေနဲ့” စန်းစုန့် ကြောင်သွားခဲ့၏။

ကျန်းယန် အသာအယာပြုံးလိုက်လေသည်။

“ဒီတစ်ခေါက် ကျွန်တော်နောက်နေတာမဟုတ်ဘူး”

All Chapters