သနားစရာကောင်းသော ဧရာမဝေလငါး
Vol. 41 Ch. 572
ဟင်းလင်းပြင်သို့အပြန် ကျင့်ကြံသူများမှာ ကုသရေးမန္တာန်များအား အန်လင်းအပေါ် ရွတ်ဆိုပေးလိုက်ကြသည်။
အန်လင်းကိုယ်တိုင်လည်း အသူရာသွေးဆေးလုံးကို သောက်သုံးလိုက်သည်။ ဒဏ်ရာဒဏ်ချက်များမှာ ပြင်းထန်လွန်းလှသောကြောင့် အခြားနည်းလမ်း မရှိပေ။
အသူရာသွေးဆေးလုံးသည် အဆင့်ရှစ် အင်မော်တယ်ဆေးလုံးအဖြစ် အသွေးအသားများကို ပြန်လည်ကောင်းမွန်စေနိုင်သည်။ သူ၏သိုလှောင်လက်စွပ်ထဲတွင် အသူရာသွေးဆေးလုံး နှစ်လုံးသာ ကျန်ရှိတော့သည်။
ဆေးသောက်ပြီးသည့်နောက် သူ၏နှလုံးသားတွင် အနီရောင် အလင်းများ ဖြာထွက်လာသည်။ ချက်ချင်းဆိုသလို လေထုထဲ လွင့်ပျံသွားသော သွေးစများနှင့် ကိုယ်တွင်းကလီစာများမှာ မသန့်စင်မှုများကို ဖယ်ရှားပစ်လိုက်ပြီး ပတ္တမြားရောင် တောက်ပလာကာ အန်လင်း၏ ဝမ်းဗိုက်ထဲသို့ ပြန်လည်ရောက်ရှိလာကြသည်။
ထိုမြင်ကွင်းမှာ အလွန်အစွမ်းထက်သော သွေးမျိုးနွယ်စု ကျင့်ကြံသူများ ပြန်လည်ရှင်သန်လာသည်နှင့်ပင် ဆင်တူနေသေးသည်။
သွေးတစ်စက်မကျန် အန်လင်း၏ ခန္ဓာကိုယ်ထဲ ပြန်ရောက်သွားသောကြောင့် ကတ်စီဒီ၊ မာလင်နှင့် တိုဘိယတို့ သုံးဦးလုံး စိတ်ပျက်သွားကြသည်။
၎င်းတို့သည် မြင့်မြတ်ခေါင်းဆောင် ပြန်လည်သက်သာလာသည်နှင့် ပေပွနေသော ပတ်ဝန်းကျင်အား စေတနာနှင့် ရှင်းလင်းပေးရန် ကြံစည်ထားခဲ့ကြသည်။
သွေးစများသည် ၎င်းတို့၏ အဝတ်စများ၊ မြေပြင်များပေါ်တွင် စွန်းထင်ပေကျံနေပြီး ထိုသည်မှာ အမှန်တကယ် နိဗ္ဗာန်ဘုံလိုပင်။
သို့သော် လောကကြီးမှာ ၎င်းတို့စိတ်ကူးအိမ်မက်ထက် အဆပေါင်းများစွာ ရက်စက်လှပေသည်။
သွေးမျိုးနွယ်စု ကျင့်ကြံသူများသာမက အန်လင်းသည်ပင် စိတ်ပျက်သလို ခံစားမိသည်။
သူသည် အလွန်တန်ဖိုးရှိသော အင်မော်တယ်ဆေးလုံးအား ရူးနှမ်းသော စမ်းသပ်ချက်အတွက် ဖြုန်းတီးခဲ့ရသည်။
တကယ်ကို အလဟဿ ဖြစ်ကုန်ပြီ....
...........
ခံစားချက်အသင်္ချေဒေသ
"ဝါး....."
ကောင်းကင်လဟာပြင်သားရဲမှာ ရုတ်ချည်းဆိုသလို ကြမ်းတမ်းခက်ထန်လာကာ ကြောက်မက်ဖွယ် ကောင်းလောက်အောင် ဟစ်ကြွေးနေသည်။ ၎င်းသည် ကိုယ်ပိုင်မျိုးပွားအင်္ဂါများအား အမှားအယွင်း ရှိမရှိ စစ်ဆေးလိုက်သည်။
သို့သော် မည်သည့်ထိခိုက်မှုမှ ရှိမနေပေ။ ပြဿနာ အရင်းအမြစ်သည် မျိုးပွားအင်္ဂါ အတွင်းပိုင်း၌ ရှိနေခြင်း ဖြစ်ပေလိမ့်မည်။
နေပါဦး.....ငါကမြုံနေတာလား.....
ကောင်းကင်လဟာပြင်သားရဲကြီးမှာ ထိတ်လန့်ဖွယ် အမှန်တရားကို ရင်မဆိုင်ရဲသောကြောင့် ခန္ဓာကိုယ် တစ်ခုလုံး တဆတ်ဆတ် တုန်ယင်နေပြီး အဝေးသို့ ငေးကြောင်ကြည့်နေမိသည်။
ကလေးမွေးတော့မည့် အချိန်မှ ရုတ်တရက် မြုံသွားသည်ကို မည်သူက လက်သင့်ခံနိုင်ပါမည်နည်း။
၎င်းသည် လဟာပြင်မျိုးပွားစွမ်းရည်အား အသုံးပြုရန် ကြိုးစားလိုက်ပါသော်လည်း ဘာမှလုပ်မရပေ။
ကောင်းကင်လဟာပြင်သားရဲကြီးမှာ မျက်ဝန်းများ ပြူးကျယ်သွားရသည်။
အား.....ငါတကယ်မြုံသွားပြီပဲ.....
"ဝါး....ဝါး.....ဝါး....."
ကောင်းကင်လဟာပြင်သားရဲသည် မခံမရပ်နိုင်ဖြစ်ခြင်း၊ ဝမ်းနည်းဒေါသထွက်ခြင်းတို့ကြောင့် အော်ဟစ်ငိုကြွေးနေတော့သည်။
ကောင်းကင်နှင့်မြေပြင်မှာ ပြိုပျက်လာပြီး လေထုသည်လည်း တုန်ခါလာကာ နေနှင့်လတို့မှာ အတူတကွ ထွက်ပေါ်လာကြသည်။
ကောင်းကင်လဟာပြင်သားရဲကြီးသည် မျက်လုံးများ ယောင်ကိုင်းနေအောင် ငိုကြွေးပြီးနောက်တွင်မှ ပြန်လည်တည်ငြိမ်သွားသည်။ ထို့နောက် ခန္ဓာကိုယ်ထဲသို့ တစ်ချက်မျှ ကြည့်ရှုလိုက်သည်။ ရုတ်တရက် မြုံသွားရခြင်းသည် ခန္ဓာကိုယ်ထဲတွင် ရှိနေသော လူများနှင့် သက်ဆိုင်နေလောက်သည်။
ထိုအချိန်မှာပင် စွမ်းအင်လှိုင်းတစ်ခု ဖြာထွက်လာသောကြောင့် ၎င်း၏ခန္ဓာကိုယ်ကြီးမှာ ပြင်းထန်စွာ တုန်ခါလာရသည်။
ရင်းနှီးနေတဲ့ ခံစားချက်.....ပြန်ရောက်လာပြီပဲ....ကလေးမွေးချင်တဲ့ ခံစားချက်...လဟာပြင်စွမ်းအင်တွေ စီးဝင်လာတဲ့ ခံစားချက်.....အကုန်ပြန်ရောက်လာပြီပဲ.....
ဝေလငါးကြီးမှာ အားရကျေနပ်သွားပြီး ခန္ဓာကိုယ်ထဲမှ တစ်စုံတစ်ခု ထွက်လာရန် ကြိုးစားလိုက်သည်။
၎င်း၏ခန္ဓာကိုယ်ထဲတွင် ရှိနေသော အန်လင်းမှာလည်း စွမ်းအင်တစ်ခု ခန္ဓာကိုယ်ထဲမှ ထွက်ခွာသွားသည်ကို ခံစားမိသောကြောင့် စိတ်သက်သာရာရကာ သက်ပြင်းချလိုက်မိသည်။
အသူရာသွေးဆေးလုံး၏ သက်ရောက်မှုသည် ကောင်းမွန်လွန်းလှသောကြောင့် အန်လင်းအနေဖြင့် အလုံးစုံ ပြန်လည်ကောင်းမွန်ရန် အချိန်တစ်နာရီမျှသာ လိုအပ်လိမ့်မည်။ နှစ်နာရီအတွင်း ပုံမှန်အတိုင်း ပြန်ဖြစ်သွားမည်ဟု ခန့်မှန်းရသည်။
အားလုံးသည် ကုသရေးများကို ရပ်တန့်ကာ ကိုယ့်ကိုယ်ကို ဖောက်ခွဲရသည့် အကြောင်းအရင်းအား မေးမြန်းလိုက်ကြသည်။
အန်လင်းသည် အမှန်အတိုင်း မပြောပြလိုပေ။ အမှန်တရားကိုသာ သိရှိသွားပါက ၎င်းတို့မှာ မျက်ရည်တင်မက နှာရည်များ ထွက်လာသည်အထိ ရယ်မောနေကြလိမ့်မည်။
ထို့ကြောင့် စကားလမ်းကြောင်းပြောင်းကာ ဤနေရာမှ ထွက်ခွာရမည့် နည်းလမ်းအား ဆက်လက်ဆွေးနွေးလိုက်ကြသည်။
အန်လင်းအနေဖြင့် အံ့ဖွယ်ခိုးယူခြင်းနည်းစနစ်အား အသုံးမပြုရဲတော့ပေ။ များပြားလှသော ကျင့်စဉ်၊ နည်းစနစ်များထဲမှ အသုံးဝင်မည့် အရာတစ်ခုကို ရွေးချယ်ရသည်မှာ ကံစမ်းမဲနှိုက်သလို အခွင့်အရေး နည်းပါးလွန်းလှသည်။
ထို့အပြင် ကောင်းကင်လဟာပြင်သားရဲအား အံ့ဖွယ်ခိုးယူခြင်းနည်းစနစ် အသုံးပြုရသည်မှာ စွန့်စားရာ ကျလွန်းသည်။
ထိုနည်းစနစ်ကိုသာ ဆက်သုံးနေပါက အခန့်မသင့်လျှင် ရှိစုမဲ့စု အသက်ကလေး သေသွားလောက်သည်။
အားလုံးသည် ဝေလငါး ခန္ဓာကိုယ်ထဲမှထွက်ရန် နည်းလမ်းပေါင်းစုံ စမ်းကြည့်ကြပါသော်လည်း အသုံးမဝင်ပေ။
မသိလိုက်သော အချိန်အတွင်းမှာပင် အန်လင်း၏ ဒဏ်ရာဒဏ်ချက်များမှာ ကောင်းမွန်သွားလေပြီ။
ထို့ကြောင့် ဖင်မငြိမ်နိုင် ဖြစ်လာပြန်သည်။
သူ ဗာမီလီယမ်ငှက်ကြေးမုံအား ထုတ်ယူလိုက်သည်။
"ငါ့လက်ထဲက မှန်လေးရေ....ဒီကနေ ဘယ်လိုထွက်သွားရမလဲ။"
စူးရှရှ စကားသံတစ်ခု ထွက်ပေါ်လာသည်။
"မသိဘူး။"
အန်လင်း: "........"
ဂွပ်.....
အန်လင်းမှာ ကြေးမုံအား မြေပြင်သို့ ပစ်ချလိုက်သည်။
"နင်ကဘာအသုံးသောက်ကျသေးလဲ။"
"ကျွန်မက အသုံးမကျပါဘူး။ အဲ့ဒါကြောင့် ကျွန်မကို လွှတ်ပေးပါ။ တောင်းပန်ပါတယ်နော်။ ကျွန်မ အိမ်ပြန်ချင်လို့ပါ။"
ဗာမီလီယမ်ငှက်ကြေးမုံမှာ လေးလေးနက်နက် တုံ့ပြန်လာသည်။
အန်လင်းမှာ ကြေးမုံအား ကောက်ယူလိုက်ပြီးနောက် ခပ်ဖွဖွပြုံးကာ ပွတ်သပ်ပေးလိုက်သည်။
"အဲ့လိုမလုပ်ရက်ပါဘူး။ ဟင်းဟင်း.....ငါ့ရဲ့မှော်ကြေးမုံလေးကလည်း....ငါမင်းကို စွန့်ပစ်ရက်ပါ့မလား။ မင်းကငါ့ရဲ့ မိသားစုပဲလေ။"
ဗာမီလီယမ်ငှက်ကြေးမုံမှာ ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် အေးစက်စက် ရယ်မောလိုက်သည်။
"ဟမ့်....ရှင့်ရဲ့ အလိမ်အညာတွေကို ယုံမိတော့မလိုပဲ။ ရှင်တွေးနေတာက 'ဒီသောက်သုံးမကျတဲ့ ကြေးမုံကတော့ နင့်ရဲ့သောက်ကျိုးနည်း စွမ်းရည်တွေကြောင့်သာ မဟုတ်ရင် ချီးတွင်းထဲ ပစ်ချလိုက်ပြီ'ဆိုပြီး တွေးနေတာမလား။"
အန်လင်း တုန်လှုပ်သွားကာ ကြေးမုံအား လွှတ်ချမိတော့မလို ဖြစ်သွားသည်။
"နင့်မေကလွှား.....နင်....နင်က စိတ်ပါဖတ်နိုင်တာလား...."
"ကျွန်မက အတိတ်ကိုရော၊ ပစ္စုပန်ကိုပါ သိနိုင်တဲ့ ကြေးမုံပဲလေ။ ရှင်က ကျွန်မ စိတ်ကိုမဖတ်နိုင်ဘူး ထင်ရအောင် အထင်သေးလှချည်လား။"
ကြေးမုံမှာ လှောင်ရယ်ရယ်နေသည်။
အန်လင်းမှာ မည်သည့်စကားမှ မဆိုတော့ပဲ ကြေးမုံအား သိမ်းဆည်းလိုက်သည်။ ကြေးမုံသည်လည်း သုံးစားမရသောကြောင့် အခြားနည်းလမ်းကိုသာ စဉ်းစားရတော့မည်။
ဒါပေမယ့် ဘာနည်းလမ်းကို သုံးရမှာလဲ....ဟင်းလင်းပြင်သို့အပြန် အဆင့်တွေတောင် အမျိုးမျိုး ကြိုးစားပြီးပြီလေ....
ငါ့မှာရှိတဲ့ နည်းလမ်းတွေထဲမှာလည်း အံ့ဖွယ်ခိုးယူခြင်းနည်းစနစ် တစ်ခုပဲ ကောင်းကင်လဟာပြင်သားရဲပေါ် တိုက်ရိုက်သုံးလို့ရတာ.....
ငါ.....ငါထပ်သုံးကြည့်သင့်လား.....
အန်လင်းမှာ စမ်းကြည့်လိုပါသော်လည်း လောလောလတ်လတ် ခံစားထားရသော နာကျင်မှုများကို မြင်ယောင်လာမိသည်။
ရှောင်ဇယ်မှာလည်း ချွေးဒီးဒီးကျနေလေပြီ။ သူ့အနေဖြင့် အချိန်ကြာမြင့်စွာ တောင့်ခံထားနိုင်မည် မဟုတ်တော့ပေ။
ရှောင်ဇယ်၏ ခုခံကာကွယ်ရေး စွမ်းအင်သာ မရှိပါက ပြင်းထန်လှသော လေထုဖိအားအောက်တွင် ၎င်းတို့အားလုံး ဆယ့်ငါးမိနစ်ပင် အသက်ရှင်မည်မဟုတ်။ ထို့ကြောင့် အမှန်တကယ် အချိန်မကျန်တော့ဟု ဆိုနိုင်သည်။
ထားလိုက်ပါတော့....လုပ်ကြတာပေါ့.....
အန်လင်း အသက်ပြင်းပြင်း ရှူသွင်းလိုက်သည်။ သူ၏နဖူးထက်တွင် ရွှေရောင်မျက်လုံးတစ်ခု ပေါ်ထွက်လာသည်။
အံ့ဖွယ်ခိုးယူခြင်းနည်းစနစ်.....
မရေမတွက်နိုင်သော ကျင့်စဉ်၊ နည်းစနစ်များမှာ သူ၏ခေါင်းထဲ ဝင်ရောက်လာပြန်သည်။
အန်လင်းမှာ တွေးတောနေရန် အချိန်မရှိသောကြောင့် ကျပန်းတစ်ခုကို ရွေးချယ်လိုက်သည်။
ခန္ဓာကိုယ်မှာ ဒယိမ်းဒယိုင် ဖြစ်သွားကာ မြေပြင်ပေါ် ဒူးတစ်ဖက်ထောက်လျက် ပြုတ်ကျသွားသည်။
............
ခံစားချက်အသင်္ချေဒေသ၌
ဧရာမ ဝေလငါကြီးမှာ ရုတ်ချည်းဆိုသလို မျက်မမြင် ဖြစ်သွားသည်။
နေနှစ်စင်း ပျောက်ကွယ်သွားသလို ကောင်းကင်နှင့်မြေပြင်မှာ မှေးမှိန်လာပြီး ကြယ်များမှာ ပြိုးပြိုးပျက်ပျက် ဝေဝါးကုန်သည်။
ဝေလငါးကြီးမှာ သေလောက်အောင် ကြောက်ရွံ့သွားပြီး သွေးရူးသွေးတမ်း အော်ဟစ်ကာ ရှိသမျှ အရာအားလုံးကို ဝင်တိုက်ဖျက်စီးပစ်လိုက်သည်။
"ဝါး.....ဝါး.....ဝါး....."
အန်လင်း၏ မျက်နှာပေါ်တွင် ပျော်ရွှင်သော အမူအရာ ထွက်ပေါ်လာသည်။
"ရွှေရောင်လီမီးလျှံမျက်ဝန်း : ဤစွမ်းအင်သည် လေဟာပြင် အပါအဝင် အရာအားလုံးကို လောင်ကျွမ်းပစ်စေနိုင်စွမ်း ရှိသည်။ တည်ရှိမှုများ အားလုံးကိုပင် ဖျက်စီးနိုင်ပြီး အရာရာတိုင်းကို အမှုန့်ဖြစ်သွားစေနိုင်သည်။"
ဒီကျင့်စဉ်က သောက်ရမ်းမိုက်တာပဲ.....
အန်လင်းမှာ ပတ်ဝန်းကျင်အားကြည့်ကာ လူယုတ်မာအပြုံး ပြုံးလိုက်သည်။
"ဟီးဟီး....ဗိုက်တစ်ခုလုံး မီးလောင်တာ ဘယ်လိုခံစားရမလဲ မသိဘူးနော်။"
ထိုစကားနှင့်အတူ သူ၏မျက်ဝန်းများမှာ ရွှေရောင်အဖြစ် ပြောင်းလဲသွားသည်။
ထိုမျက်ဝန်းများသည် ကမ္ဘာတစ်ခုလုံးကို အလင်းပေးနိုင်သော နေမင်းငယ်များနှင့်ပင် ဆင်တူနေသေးသည်။