← Chapters

ကျွမ်းကျင်အဆင့် 'ကုယုံဆန်းကြယ်အလင်း'၊ ဓားနှလုံးသားနယ်ပယ်(၁)။

Vol. 40 Ch. 442

ကျွမ်းကျင်အဆင့် 'ကုယုံဆန်းကြယ်အလင်း'၊ ဓားနှလုံးသားနယ်ပယ်(၁)။

Vol. 40 Ch. 442

ငါးနှစ်ကြာပြီးနောက်။

အင်မော်တယ်ရှားတောင်ထွတ်ရှိ လျှို့ဝှက်အခန်းအတွင်း၌…။

ကျိုးစွေ့သည် ကြမ်းပြင်ထက်၌ တင်ပျဉ်ခွေထိုင်ကာ လက်နှစ်ဖက်ဖြင့် မန္တန်လက်ကွက်ဖော်နေပြီး ခန္ဓာကိုယ်ထက်တွင်မူ အဖြူရောင်နှင့် အနက်ရောင်အလင်းတန်းများ တစ်လှည့်စီ ထွက်ပေါ်နေ၏။ ယင်းမှာ ရှင်သန်ခြင်းနှင့် သေဆုံးခြင်းတို့ တစ်လှည့်စီ ဖြစ်ပေါ်နေသယောင်ရှိပြီး သေခြင်းနှင့်ရှင်ခြင်းကြားမှ နက်နဲလှသော လျှို့ဝှက်ချက်များ ကိန်းအောင်းနေလေသည်။

ဝိုးတဝါးအခြေအနေကြားတွင် သူ၏ကျောဘက်၌ ထိုက်ကျိယင်ယန်ပုံစံတစ်ခု ပေါ်လာသကဲ့သို့ ရှိချေသည်။

"ကွင်းပြင်ကျယ်မှ မြက်ပင်များ၊ တစ်နှစ်တစ်ခါ ခြောက်သွေ့စိမ်းလန်း၊ တောမီးလောင်လည်း မသေဆုံးနိုင်၊ နွေဦးလေညင်းနှင့် ပြန်လည်ရှင်သန်..."

"မဆိုးဘူး... မဆိုးဘူး... နောက်ဆုံးတော့ ဒီ 'ကုယုံဆန်းကြယ်အလင်း' နတ်ဘုရားစွမ်းရည်ကို ကျွမ်းကျင်အဆင့်ထိ ရောက်အောင် ကျင့်ကြံနိုင်ခဲ့ပြီ…"

"ဒီနတ်ဘုရားစွမ်းရည်ရဲ့ အနှစ်သာရက သေခြင်းနဲ့ရှင်ခြင်း စွမ်းအားကို အပြန်အလှန် ပြောင်းလဲတာပဲ…"

"ညီမျှတဲ့ လဲလှယ်မှုတစ်ခုလိုပဲ... ရှင်သန်ခြင်းနဲ့ သေဆုံးခြင်းဆိုတာ အတူတူပဲ…"

"သေခြင်းနဲ့ရှင်ခြင်းရဲ့ အနှစ်သာရကို သဘောပေါက်မှသာ ဒီအတုမဲ့နတ်ဘုရားစွမ်းရည်ကို နားလည်နိုင်မှာ…"

ကျိုးစွေ့သည် ပြင်းပြင်းထန်ထန် အသက်ရှူသွင်းလိုက်ရာ မျက်လုံးများထဲမှ ကြောက်မက်ဖွယ်ကောင်းသော အလင်းတန်းများ ဖြာထွက်လာပြီး ခန္ဓာကိုယ်ထက်တွင်လည်း သေခြင်းနှင့်ရှင်ခြင်း ပေါင်းစပ်ထားသော စွမ်းအားများ ထွက်ပေါ်လာကာ ကိုယ်တွင်းမှ ကုယုံစွမ်းအားမှာ လင်းတစ်လှည့်၊ မှိန်တစ်လှည့် ဖြစ်ပေါ်နေချေသည်။

ငါးနှစ်ကြာ အချိန်ယူလေ့လာပြီးနောက် သူသည် ကုယုံဂိုဏ်းမှ ရရှိခဲ့သော ဤ 'ကုယုံဆန်းကြယ်အလင်း' အတုမဲ့နတ်ဘုရားစွမ်းရည်ကို ကျွမ်းကျင်အဆင့်သို့ ရောက်ရှိအောင် ကျင့်ကြံနိုင်ခဲ့ပြီ ဖြစ်၏။ ကုယုံဂိုဏ်း၏ သမိုင်းကြောင်းတွင်ပင် ဤနတ်ဘုရားစွမ်းရည်ကို ကျွမ်းကျင်အဆင့်ထိ ရောက်ရှိအောင် ကျင့်ကြံနိုင်သူမှာ ရှားပါးလှပေသည်။

ဤအဆင့်သို့ ရောက်ရှိပြီးနောက် သူ၏သက်တမ်း (၅) နှစ်ကို အသုံးပြုပြီး ရန်သူ၏သက်တမ်း (၁) နှစ်နှင့် လဲလှယ်နိုင်ပြီ ဖြစ်ပေသည်။

ကနဦးကျွမ်းကျင်မှုအဆင့်နှင့် နှိုင်းယှဉ်လျှင် ဤအဆင့်၏ စွမ်းအားမှာ ကြီးမားစွာ တိုးတက်လာခဲ့ကြောင်း ထင်ရှားလှ၏။

ပေးဆပ်ရသည့် တန်ကြေးမသေးလှသော်လည်း လုံးဝ လုံလောက်မှုရှိနေပြီဖြစ်ပြီး လက်တွေ့တိုက်ပွဲတွင် အသုံးပြုနိုင်သည့် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်လေသည်။

မှန်ပေသည်၊ လက်တွေ့တိုက်ပွဲတွင် အမှန်တကယ် အသုံးပြုလိုပါက 'အကြီးစားအောင်မြင်မှုအဆင့်' သို့ ရောက်ရှိရန် လိုအပ်သေး၏။

ထိုသို့ဆိုလျှင် သူ၏သက်တမ်း (၁) နှစ်ကို ရန်သူ၏သက်တမ်း (၁) နှစ်နှင့် လဲလှယ်နိုင်မည် ဖြစ်ပေသည်။

အသက်ချင်းလဲလှယ်သည့် အဆင့်သို့ အမှန်တကယ် ရောက်ရှိသွားမည် ဖြစ်ချေသည်။

ကျွမ်းကျင်အဆင့်သို့ ရောက်ရှိပြီးနောက် သူသည် ဤနတ်ဘုရားစွမ်းရည်၏ ကြောက်မက်ဖွယ်ကောင်းပုံကို ပိုမို နားလည်လာခဲ့၏။ သေခြင်းနှင့်ရှင်ခြင်း စွမ်းအားကို ပြောင်းလဲနိုင်ခြင်းမှာ အထွတ်အထိပ်သို့ ရောက်ရှိနေပြီး တာအိုလမ်းစဉ်၏ အနှစ်သာရကို တိုက်ရိုက်ညွှန်ပြနေကာ နက်နဲလှပေသည်။

အမှန်အတိုင်း ဆိုရလျှင် 'စာအုပ်ကူ'၏ အကူအညီဖြင့် သူ၏နားလည်သဘောပေါက်နိုင်စွမ်းကို မြှင့်တင်မထားပါက သူသည် ဤနတ်ဘုရားစွမ်းရည်ကို ကျွမ်းကျင်အဆင့်သို့ ရောက်ရှိအောင် ကျင့်ကြံရန် နှစ်ပေါင်းရာချီ ကြာမြင့်လိမ့်မည် ဖြစ်၏။

"လောစရာ မလိုဘူး…"

"ငါ့သက်တမ်းက ရှည်လျားပေမယ့် ရန်သူနဲ့ အသက်ချင်း လဲလှယ်စရာ မလိုဘူး…."

"မယှဉ်နိုင်တဲ့ ရန်သူနဲ့ တွေ့မှသာ ဒီနည်းလမ်းကို သုံးရမှာ…."

"လက်ဝါးတစ်ချက်တည်းနဲ့ ရိုက်သတ်လို့ရရင် ဘယ်အရူးကများ ဒီနတ်ဘုရားစွမ်းရည်ကို သုံးနေမှာလဲ…"

"အဲဒါက ကိုယ့်သေတွင်း ကိုယ်တူးတာပဲ ဖြစ်နေမှာပေါ့…"

"ဟုတ်သား... အရင်ဆုံး အချက်အလက်ပြ မျက်နှာပြင်ကို ကြည့်ရအောင်…"

ကျိုးစွေ့သည် အတွေးတစ်ချက်ဖြင့် သူ၏အချက်အလက်ပြ မျက်နှာပြင်ကို ချက်ချင်း ဖွင့်လိုက်သည်။

[ ပိုင်ရှင် - ကျိုးစွေ့၊ ကျင့်ကြံမှု - ဝိညာဉ်သန္ဓေသား အစောပိုင်းအဆင့် (တိုးတက်မှု ၁၃%)၊ သက်တမ်း - ၁၀၅ (၁၅၄၀၀နှစ်) ]

[ ပင်ကိုပါရမီ - ဒုတိယအဆင့် စိတ်ဝိညာဉ်အမြစ် (၂၀%) ]

[ ဓားသိုင်းပညာ - စတုတ္ထအဆင့် အောက်ခြေအဆင့် (၅%) ]

[ အဆောင်ပညာ - စတုတ္ထအဆင့် အောက်ခြေအဆင့် (၅%) ]

[ အစီအရင်ပညာ - ပဉ္စမအဆင့် အလယ်အလတ်အဆင့် (၁၀%) ]

[ ဆေးဖော်စပ်ပညာ - စတုတ္ထအဆင့် အောက်ခြေအဆင့် (၄၀%) ]

[ လက်နက်သွန်းလုပ်ခြင်း - စတုတ္ထအဆင့် အောက်ခြေအဆင့် (၅%) ]

[ နတ်ဆိုးအသွင်ပြောင်း ပညာရပ် - မဟာဆရာသခင်အဆင့် (၉၉%) ]

[ ဓာတ်ငါးပါး ဆေးဖော်စပ်ပညာရပ် - မဟာဆရာသခင်အဆင့် (၉၉%) ]

[ မိစ္ဆာနှလုံးသားဆင့်ခေါ်ခြင်း ပညာရပ် - မိစ္ဆာမျိုးစေ့၊ မိစ္ဆာဆင့်ခေါ်ခြင်း ]

[ အလင်းမျက်လုံးခုနစ်လုံး လျှို့ဝှက်ပညာရပ် - နှလုံးသားမျက်လုံး အသိအမှတ်ပြုခြင်း၊ နှလုံးသားမျက်လုံး အလိုလိုသိမြင်ခြင်း၊ နှလုံးသားမျက်လုံး ဘာသာစကား ]

[ ကုယုံဆန်းကြယ်အလင်း - ကျွမ်းကျင်အဆင့်၊ ရှေးဟောင်းလိပ်ပညာရပ် - ဒုတိယအဆင့်၊ ဝိညာဉ်ဖြန့်ကျက် အဆိပ်ဆူး - အကြီးစားအောင်မြင်မှုအဆင့်၊ မီးလုံးပညာရပ် - မဟာဆရာသခင်အဆင့်၊ လေဓားသွားပညာ - မဟာဆရာသခင်အဆင့်၊ ရွှေအလင်းပညာ - မဟာဆရာသခင်အဆင့်၊ ရေခဲနှင်းပညာ - မဟာဆရာသခင်အဆင့်၊ နွေလေမိုးပညာ - မဟာဆရာသခင်အဆင့်၊ လျှပ်စီးဆင့်ခေါ်ခြင်းပညာ - မဟာဆရာသခင်အဆင့်... ]

[ 'ချစ်ခြင်းမေတ္တာကူ' - ပဉ္စမအဆင့် အောက်ခြေအဆင့်၊ 'ကိုယ်ပွားကူ' - စတုတ္ထအဆင့် အောက်ခြေအဆင့်၊ 'အရက်ကူ' - စတုတ္ထအဆင့် အောက်ခြေအဆင့်၊ 'ရွှေစားကူ' - စတုတ္ထအဆင့် အောက်ခြေအဆင့်၊ 'စာအုပ်ကူ' - စတုတ္ထအဆင့် အောက်ခြေအဆင့်၊ 'အိပ်မက်ဝိညာဉ်ကူ' - စတုတ္ထအဆင့် အလယ်အလတ်အဆင့်၊ 'နဂါးဆင်ကူ' - စတုတ္ထအဆင့် အောက်ခြေအဆင့်၊ 'ရွှေအလင်းအဆိပ်တစ်ထောင်ကူ' - စတုတ္ထအဆင့် အောက်ခြေအဆင့်၊ 'တည်နေရာရွှေ့ပြောင်းကူ' - စတုတ္ထအဆင့် အောက်ခြေအဆင့်၊ 'အစီအရင်နှလုံးသားကူ' - ပဉ္စမအဆင့် အထွတ်အထိပ်အဆင့်၊ 'ပစ္စည်းရှာဖွေကူ' - စတုတ္ထအဆင့် အောက်ခြေအဆင့်၊ 'မိုးကြိုးကပ်ဘေးကူ' - စတုတ္ထအဆင့် အလယ်အလတ်အဆင့်၊ 'ဆေးဝါးကူ' - စတုတ္ထအဆင့် အောက်ခြေအဆင့်။ ]

"စိတ်ဝိညာဉ်အမြစ် ပါရမီက ဒုတိယအဆင့်ကို တကယ် ရောက်သွားတာပဲ…"

ကျိုးစွေ့သည် အလွန် ကျေနပ်နေ၏။

ထင်ရှားသည်မှာ ပဉ္စမအဆင့် ဝိညာဉ်ဆေးမြစ် 'ဗုဒ္ဓမီးတောက်အမြစ်' ၏ အကျိုးသက်ရောက်မှုမှာ ကြီးမားလှပြီး သူ၏စိတ်ဝိညာဉ်အမြစ်ကို တတိယအဆင့်မှ ဒုတိယအဆင့်သို့ တက်လှမ်းနိုင်အောင် ကူညီပေးခဲ့လေသည်။

ယနေ့အချိန်ထိ ယင်း၏ဆေးစွမ်းအာနိသင်မှာ မကုန်ဆုံးသေးဘဲ ဆက်လက်၍ အကျိုးသက်ရောက်မှု ရှိနေဆဲပင် ဖြစ်၏။

နောက်ထပ် အချိန်အတိုင်းအတာတစ်ခု ကြာပြီးနောက် ပထမအဆင့် စိတ်ဝိညာဉ်အမြစ် အဆင့်သို့ပင် ရောက်ရှိကောင်း ရောက်ရှိနိုင်ပေသည်။

"ဒါပေမဲ့ ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံရတာ တကယ် ခက်ခဲတာပဲ…"

"ငါးနှစ်ကြာ အပြင်းအထန် ကျင့်ကြံခဲ့တာတောင်မှ တိုးတက်မှုက (၁၃%) ပဲ ရှိသေးတယ်…"

"ဝိညာဉ်သန္ဓေသား ကျင့်ကြံသူတွေ ကျင့်ကြံမှုတစ်ခုအတွက် နှစ်ရာချီ ကြာမြင့်တတ်တာ အံ့သြစရာ မဟုတ်တော့ဘူး…"

"ဆေးလုံးတွေကို မမှီခိုရင် အိုသေတဲ့အထိ နတ်ဘုရားအသွင်ပြောင်းအဆင့်ကို တက်လှမ်းနိုင်မှာ မဟုတ်ဘူး…"

"လက်ရှိ ကျင့်ကြံခြင်း ပတ်ဝန်းကျင်အရ နတ်ဘုရားအသွင်ပြောင်း ကျင့်ကြံသူ မွေးဖွားဖို့ဆိုတာ မဖြစ်နိုင်သလောက်ပဲ…"

ကျိုးစွေ့သည် ဝိညာဉ်သန္ဓေသား ကျင့်ကြံသူများ၏ ကျင့်ကြံခြင်းခက်ခဲမှုကို ပိုမို နားလည်လာခဲ့၏။ သူသည် ဒုတိယအဆင့် စိတ်ဝိညာဉ်အမြစ်ပိုင်ရှင် ဖြစ်သော်လည်း နေ့စဉ်ကျင့်ကြံမှုမှာ ခရုတစ်ကောင်ကဲ့သို့ နှေးကွေးလှပေသည်။ အကယ်၍ အချက်အလက်ပြ မျက်နှာပြင်သာ မရှိပါက သူ၏ကျင့်ကြံခြင်းတိုးတက်မှုကို ခံစားမိမည်ပင် မဟုတ်ချေ။

အခြား ဝိညာဉ်သန္ဓေသား ကျင့်ကြံသူများ မည်သို့ ခံစားရမည်ကို တွေးကြည့်နိုင်ပေသည်။

မှန်ပေသည်၊ သူသည် များစွာ စိတ်မပူပေ။

အဘယ်ကြောင့်ဆိုသော် သူ၏ 'ဆေးဝါးကူ'သည် ငါးနှစ်ကြာ ကျင့်ကြံပြီးနောက် စတုတ္ထအဆင့် အောက်ခြေအဆင့်သို့ ရောက်ရှိသွားပြီ ဖြစ်သောကြောင့်ပင်။

ဆိုလိုသည်မှာ 'ဆေးဝါးကူ'၏ စွမ်းအားကို အသုံးပြုပြီး နှစ်တစ်ထောင် ဝိညာဉ်ဆေးမြစ် အမြောက်အမြားကို စိုက်ပျိုးနိုင်ပြီ ဖြစ်ချေသည်။

စတုတ္ထအဆင့်သို့ ရောက်ရှိသွားသော 'ဆေးဝါးကူ'သည် ခန္ဓာကိုယ်မှ အစိမ်းရောင်အရည်များကို ထုတ်လုပ်ပေးနိုင်သည်။ အကယ်၍ ထိုအရည်ကို စတုတ္ထအဆင့် ဝိညာဉ်ဆေးမြစ်များပေါ်တွင် တစ်စက်ချလိုက်ပါက တစ်နှစ်ကြီးထွားရုံဖြင့် နှစ်တစ်ရာ ဆေးစွမ်းအာနိသင်ကို ရရှိစေ၏။

ဆယ်နှစ်ကြီးထွားပါက နှစ်တစ်ထောင် ဆေးစွမ်းအာနိသင်ကို ရရှိစေလေသည်။

အကယ်၍ စတုတ္ထအဆင့် ဝိညာဉ်ဆေးမြစ် မျိုးစေ့တစ်စေ့ ရရှိပါက ဆယ်နှစ်အချိန်ပေးရုံဖြင့် နှစ်တစ်ထောင် ဝိညာဉ်ဆေးမြစ်များကို တစ်ပင်ပြီးတစ်ပင် စိုက်ပျိုးနိုင်မည် ဖြစ်၏။ ဤသည်မှာ စတုတ္ထအဆင့် 'ဆေးဝါးကူ'၏ ကြောက်မက်ဖွယ်စွမ်းအားပင် ဖြစ်လေသည်။

'ဆေးဝါးကူ'ရှိနေသရွေ့ သူ၏သက်တမ်းကုန်ဆုံးသည်အထိ နှစ်တစ်ထောင် ဝိညာဉ်ဆေးမြစ် မရရှိမည်ကို စိုးရိမ်စရာ မလိုတော့ပေ။

နှစ်တစ်ထောင် ဝိညာဉ်ဆေးမြစ်များကို အစုလိုက်အပြုံလိုက်ပင် စိုက်ပျိုးနိုင်ချေလေပြီ။

ထို့နောက်တွင်မူ စတုတ္ထအဆင့် ရတနာဆေးလုံးများကို သန့်စင်ရန်မှာ လွယ်ကူသော ကိစ္စ ဖြစ်သွားပေလိမ့်မည်။

"နှစ်တစ်ထောင် ဝိညာဉ်ဆေးမြစ်တွေ ရလာပြီးရင် စတုတ္ထအဆင့် ရတနာဆေးလုံးတွေကို စမ်းသပ်သန့်စင်လို့ ရပြီ…"

"စတုတ္ထအဆင့် ဆေးဖော်စပ်ပညာရှင် အရေအတွက် နည်းပါးရတာက နှစ်တစ်ထောင် ဝိညာဉ်ဆေးမြစ် ရှားပါးမှုနဲ့ အများကြီး သက်ဆိုင်တယ်…"

"ဘာပဲပြောပြော ဆေးဖော်စပ်ပညာရှင်ဆိုတဲ့ အလုပ်က လက်တွေ့အတွေ့အကြုံနဲ့ အများကြီး သက်ဆိုင်နေတာလေ…"

"ဆေးလုံးတွေကို တကယ်တမ်း လက်တွေ့ စမ်းသပ်မဖော်စပ်ဘဲနဲ့ ကျင့်ကြံမှုက ဘယ်လိုလုပ် တိုးတက်လာမှာလဲ…"

"ဒါကြောင့် ချန်လန်ပင်လယ်ဒေသက စတုတ္ထအဆင့် ဆေးဖော်စပ်ပညာရှင် အများစုက စတုတ္ထအဆင့် အောက်ခြေအဆင့်မှာပဲ ရှိနေကြတာ…"

"ဆန်မရှိဘဲ ထမင်းချက်လို့ မရဘူး ဆိုသလိုပဲပေါ့…"

"တကယ်လို့ နှစ်တစ်ထောင် ဝိညာဉ်ဆေးမြစ်တွေ ပေါများတဲ့ ရှေးဟောင်းခေတ်ဆိုရင် စတုတ္ထအဆင့် ဆေးဖော်စပ်ပညာရှင်တွေ ဒီလောက် နည်းမှာ မဟုတ်ဘူး…"

ကျိုးစွေ့ မေးစေ့ကို ပွတ်သပ်လိုက်သည်။

ယခု သူ၏ဆေးဖော်စပ်ပညာရှင်အဆင့်မှာ စတုတ္ထအဆင့် အောက်ခြေအဆင့်တွင်သာ ရှိသေးသည်။

မည်သို့ပင်ဖြစ်စေ သူသည် စတုတ္ထအဆင့် ရတနာဆေးလုံးများကို သန့်စင်သည့် အတွေ့အကြုံ သိပ်မများသေးသဖြင့် ကျင့်ကြံမှုတိုးတက်နှုန်းမှာ သဘာဝကျကျ နှေးကွေးနေခြင်း ဖြစ်ချေသည်။

ဤသည်မှာ ဖြစ်သင့်သော ကိစ္စပင် ဖြစ်၏။

သို့သော် ယခုအခြေအနေက မတူတော့ပေ။ 'ဆေးဝါးကူ' စတုတ္ထအဆင့်သို့ ရောက်ရှိပြီးနောက် နှစ်တစ်ထောင် ဝိညာဉ်ဆေးမြစ် အမြောက်အမြားကို မွေးထုတ်ပေးနိုင်လေသည်။

ထိုအချိန်ရောက်လျှင် သူသည် နှစ်တစ်ထောင် ဝိညာဉ်ဆေးမြစ်များကို စိတ်ကြိုက်ဖြုန်းတီးပစ်လျှင်တောင် နှမြောမိမည် မဟုတ်ပေ။

ထို့နောက် သူသည် ဆေးဖော်စပ်ပညာရှင်အဆင့်ကို အဆက်မပြတ် မြှင့်တင်နိုင်မည်ဖြစ်ပြီး စတုတ္ထအဆင့် အလယ်အလတ်၊ စတုတ္ထအဆင့် အထွတ်အထိပ်အဆင့်သို့ တက်လှမ်းနိုင်ပေလိမ့်မည်။

အချိန်များစွာ မကြာမီ သူသည် ချန်လန်ပင်လယ်ဒေသ၏ အသန်မာဆုံး ဆေးဖော်စပ်ပညာရှင် ဖြစ်လာကောင်း ဖြစ်လာနိုင်ပေသည်။

မှန်ပေသည်၊ သူသည် ထိုဂုဏ်ပုဒ်များကို မလိုအပ်ပေ။

သူ ဆေးဖော်စပ်ရခြင်းမှာ မိမိကိုယ်ပိုင် ကျင့်ကြံခြင်းအတွက်သာ ဖြစ်ပြီး ဆေးလုံးအမြောက်အမြားကို ရောင်းချရန် အစီအစဉ် မရှိပေ။

All Chapters