← Chapters

ရွှေတောင်ပံ အစင်းကိုးခုကျား

Vol. 37 Ch. 361

ရွှေတောင်ပံ အစင်းကိုးခုကျား

Vol. 37 Ch. 361

အခန်း (၃၆၁) ရွှေတောင်ပံ အစင်းကိုးခုကျား

နဂါးကျောရိုးနှင့် အလားသဏ္ဍာန်တူသော ရွှေမျက်လုံးခြင်္သေ့ဧကရာဇ်၏လက်ဖဝါးထဲမှ လှံရှည်ကြီးသည် ၁၀ ကျန်းအထိ ရှည်ထွက်လာပြီး ပို၍ ရက်စက်ကြမ်းကြုတ်ကာကြောက်မက်ဖွယ် ကောင်းလာသည်။

ထိုပုံပန်းသဏ္ဍာန်သည် ရင်းနှီးလွန်းလှ၏။ ၎င်းသည် ရေနဂါးအိုကြီး၏ အမြီးရိုးအသွင်ပြောင်းထားခြင်းဖြစ်ကြောင်း သိသာလှသည်။

နတ်ဆိုးများအားလုံး အနည်းငယ် မှင်တက်သွားကြ၏။

နတ်ဆိုးတစ်ထောင်ဂူထဲတွင် နတ်ဆိုးခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုခုကို မှော်ရတနာအဖြစ် သန့်စင်ပြုလုပ်ခြင်းမှာ သာမန်ဖြစ်ရိုးဖြစ်စဉ် ကိစ္စတစ်ခုဖြစ်သည်။

သို့သော် ၎င်းကို အတင်းအဓမ္မ ယူဆောင်ခြင်း... အထူးသဖြင့် မူလပိုင်ရှင် အသက်ရှင်လျက် ရှိနေသေးချိန်တွင် ဤသို့ပြုလုပ်ခြင်းသည် လုံးဝ အဓိပ္ပာယ်မရှိသော လုပ်ရပ်တစ်ခုဖြစ်နေသလိုပင်။

...

နတ်ဆိုးများကို ပို၍ စိတ်မသက်မသာဖြစ်စေသည်မှာ ရွှေမျက်လုံးခြင်္သေ့ဧကရာဇ်က နဂါးအိုကြီး၏ အမြီးရိုးကိုလုယူပြီးနောက်၊ နဂါးအိုကြီးက ခြင်္သေ့နှင့် အသေအကြေပြန်မတိုက်ခိုက်ဘဲ အပြစ်မဲ့သော နတ်ဆိုးဘုရင်တစ်သိုက်အပေါ် ဒေါသပုံချသွားခြင်းပင် ဖြစ်သည်။

ထိုအရာကတွေးကြည့်လျှင် အလွန်ကြောက်စရာကောင်းသော အချက်ဖြစ်ပေ၏။

"ဘာတွေအတိအကျ ဖြစ်ခဲ့တာလဲ"

မိုးကြိုးခွာ နတ်ဆိုးဧကရာဇ်သည် အောက်သို့ ငုံ့ကြည့်လိုက်ပြီး၊ သူ၏အသံမှာ အနည်းငယ် ပျော့ပျောင်းသွားသော်လည်း စိုးရိမ်စိတ်အချို့ ပါဝင်နေသည်။

သူ့အမြင်တွင် ခြင်္သေ့၌ထူးခြားမှု တစ်စုံတစ်ရာ ရှိသည်ဟု မထင်သော်လည်း၊ ယိုဝေနတ်ဆိုးဧကရာဇ်၏ယခင်တုံ့ပြန်ပုံမှာ ဟန်ဆောင်ထားပုံ မရချေ။ ရေနဂါးအိုကြီးသည် ရွှေမျက်လုံးခြင်္သေ့ဧကရာဇ်ကို အမှန်တကယ် ကြောက်ရွံ့နေခြင်း ဖြစ်လေ၏။

"'ဘာဖြစ်တာလဲ ဆိုတာ ဘာကိုဆိုလိုတာလဲ"

သန်မာတောင့်တင်းသော ခြင်္သေ့ကြီးသည် သူ၏လက်ထဲမှ အရာကို ငုံ့ကြည့်လိုက်သည်။ "ခင်ဗျားက ဒီလှံကို ပြောနေတာလား"

သူ၏ရွှေရောင်မျက်လုံးများ တောက်ပလာပြီး ဖြည်းညှင်းစွာ ပြောလိုက်၏။ "ယိုဝေက ငါ့ကို ရတနာရှာဖို့ ဖိတ်ခေါ်ခဲ့တာ။ မိုးမြေရဲ့ရတနာတွေဆိုတာ ကုသိုလ်ကံနဲ့ ပြည့်စုံသူတွေပဲ ပိုင်ဆိုင်ထိုက်တာလေ။ ဒီရတနာက ငါ့မှာ ကုသိုလ်ကံပိုရှိတယ်လို့ ထင်သွားတာ သိသာပါတယ်။ အဲဒီ ရေနဂါးအိုကြီးက ငါ့ကို မနာလိုဖြစ်နေတာ၊ သူ့ရဲ့အမြင်အာရုံက အရမ်းကို ကျဉ်းမြောင်းလွန်းတယ်"

"..."

ထိုစကားကို ကြားသောအခါ နတ်ဆိုးအားလုံး တိတ်ဆိတ်သွားကြ၏။

နားထောင်ရတာ အတော်လေး အကြောင်းပြချက် ခိုင်လုံသလိုပင်။

အကယ်၍ ယိုဝေလှံသာ ရေနဂါးအိုကြီး၏ ခန္ဓာကိုယ်အစိတ်အပိုင်း မဟုတ်ခဲ့ပါက၊ သူတို့ တကယ်ပင် ယုံကြည်မိသွားကောင်း သွားနိုင်သည်။

"မင်း လုပ်လိုက်တဲ့ ကိစ္စက... နည်းနည်းတော့ လွန်လွန်းတယ်" မိုးကြိုးခွာ နတ်ဆိုးဧကရာဇ်သည် ယိုဝေ၏စောစောက ဒေါသကို နောက်ဆုံးတွင် နားလည်သွားတော့သည်။

"သူက ငါ့ရဲ့ရတနာလှံကို မက်မောနေတာ။ နတ်ဆိုးတစ်ထောင်ဂူမှာ အတူရှိခဲ့တဲ့ သံယောဇဉ်ကို ထောက်ပြီး ငါ သူ့အသက်ကို ချမ်းသာပေးလိုက်တယ်" ရှန်းယီသည် အကြည့်ကို ဖြည်းညှင်းစွာ ရုပ်သိမ်းလိုက်ပြီး အဝေးတစ်နေရာသို့ အေးအေးလူလူ လျှောက်သွားလိုက်၏။

"လျော်ကြေးအနေနဲ့၊ သူက သူ့ရဲ့ဂူကို ငါ့ဆီ ပေးသင့်တယ်"

နတ်ဆိုးများသည် ရွှေမျက်လုံးခြင်္သေ့ဧကရာဇ်က ယိုဝေ၏နယ်မြေထဲသို့ ဝင်ရောက်သွားသည်ကို မျက်လုံးပြူးများဖြင့် ကြည့်နေကြ၏။ သူတို့မျက်လုံးထဲမှ ဒေါသများနှင့် မိုးကြိုးခွါ နတ်ဆိုးဧကရာဇ်၏ တိတ်ဆိတ်မှုတို့သည် တဖြည်းဖြည်း မှေးမှိန်သွားကြသည်။

ကြည့်ရသည်မှာ မည်သည့်အရာမှ မှားယွင်းပုံ မရတော့ချေ။

ဤအရာက ယိုဝေနတ်ဆိုးဧကရာဇ်၏ ဂူဖြစ်ပြီး၊ ယခုအချိန်တွင် ယိုဝေလှံသည် ခြင်္သေ့၏ လက်ထဲတွင် ရောက်နေပြီ ဖြစ်ရာ... ယိုဝေနတ်ဆိုးဧကရာဇ် ဆိုသည်မှာ ရေနဂါးဖြစ်ရမည်ဟု မည်သူပြောနိုင်မည်နည်း။

"ဒီကိစ္စက ငါနဲ့ ဘာမှမဆိုင်ဘူး၊ ငါ အရင်ပြန်နှင့်မယ်"

မိုးကြိုးခွါ နတ်ဆိုးဧကရာဇ်သည် နောက်ကို လှည့်ကြည့်လိုက်ပြီး၊ ထူးခြားစွာပင် သူ၏ဧကရာဇ် ဟူသော ဘွဲ့ကို ထည့်မပြောတော့ချေ။

"သွားလိုက်ပါ"

တည်ငြိမ်သော အမျိုးသမီးအသံတစ်ခု ကောင်းကင်ယံတွင် ပဲ့တင်ထပ်သွား၏။

ရုတ်တရက်ရွှေရောင်အရိပ်တစ်ခုသည် နတ်ဆိုးများ၏ မြင်ကွင်းကို ဖြတ်သန်းသွားပြီး၊ ယိုဝေ၏ နယ်မြေဘက်သို့ ဦးတည်သွားပေ၏။

...

ရှန်းယီသည် ယခုအခါ ဗလာဖြစ်နေသော ရေကန်နက်ကြီး၏ရှေ့တွင် ရပ်လျက် ခံစားချက်မျိုးစုံ ဖြစ်ပေါ်နေသည်။

နတ်ဆိုးဘုရင် ၁၀ ပါးနှင့် အခြား နတ်ဆိုးငယ်များစွာအပါအဝင် စုစုပေါင်း နှစ်ပေါင်း ခြောက်သောင်းလေးထောင်ကျော်ရှိသော နတ်ဆိုးသက်တမ်းများကို ရိတ်သိမ်းရန် အခြားအကြောင်းပြချက်တစ်ခု ရှာတွေ့ခဲ့သဖြင့် သူ အစပိုင်းတွင် ဝမ်းသာခဲ့သည်။

သို့သော် သူ အံ့သြသွားသည်မှာ အလွန်စွမ်းအားကြီးသော တည်ရှိမှုတစ်ခု၏ အာရုံစိုက်ခြင်းကို ခံလိုက်ရခြင်းပင်။

အစောပိုင်းက ၎င်းပေါ်လာသည့်အချိန်တွင်၊ ရှန်းယီသည် သူ၏ နှလုံးခုန်ရပ်တန့်သွားစေနိုင်လောက်သည့် အရှိန်အဝါတစ်ခုကို ရုတ်တရက် ခံစားလိုက်ရသည်။

ယခုအခါ ထိုအရှိန်အဝါသည် လျင်မြန်စွာ ချဉ်းကပ်လာနေ၏။

"..."

မကြာခင် ရှန်းယီ လှည့်ကြည့်လိုက်ရာ၊ ယခင်က ဘာမျှမရှိခဲ့သော သူ့ရှေ့မှနေရာတွင် ယခုအခါ ကြီးမားသောပုံရိပ်ကြီးတစ်ခု ရပ်နေသည်ကို တွေ့လိုက်ရသည်။

အလျား ၂၀ ကျန်း ခန့်ရှိပြီး ကြွက်သားများ ဖုထစ်နေကာ၊ ၎င်း၏အမွေးများသည် ရွှေရောင်တောက်လျက် ပြောင်လက်နေသည်။

၎င်းသည် အရွယ်ရောက်ပြီးသော ကြမ်းတမ်းသည့် ကျားကြီးတစ်ကောင်နှင့် တူသည်။

သို့သော် ၎င်း၏မြင့်မားသော ပခုံးများပေါ်တွင် ကိုယ်လုံးထက် ပိုကျယ်သော အတောင်ပံနှစ်ဖက် ပေါက်ရောက်နေပြီး၊ ထိုအတောင်ပံများမှာ အမွေးမပါဘဲ လင်းနို့တောင်ပံများနှင့်တူနေ၏။

မျက်တောင်တစ်ခတ်အတွင်း ၎င်း၏ ပုံသဏ္ဍာန် လျင်မြန်စွာ ပြောင်းလဲသွားပြီး ကောက်ကြောင်း အချိုးအစားကျသော အမျိုးသမီးတစ်ဦးအဖြစ် ပြောင်းလဲသွားသည်။ သူမ၏ လျှို့ဝှက်အပ်သော နေရာများကို အမွေးနုများဖြင့်သာ ဖုံးအုပ်ထားပြီး၊ ဆံပင်များမှာ ရွှေရောင်နှင့် အနက်ရောင် ရောနှောနေကာ ကျောဘက်တွင် အတောင်ပံများ ပါရှိသည်။

သူမ၏နုနယ်သော မျက်နှာတွင် အရိုင်းဆန်သောအရိပ်အယောင် အနည်းငယ်ပါဝင်နေပြီး၊ ဒေါင်လိုက်သူငယ်အိမ်များဖြင့် သူမရှေ့မှ ခြင်္သေ့ကို သိသိသာသာရန်လိုသော အကြည့်ဖြင့် အကဲခတ်နေ၏။

အချိန်အတော်ကြာပြီးနောက် သူမ နောက်ဆုံးတွင် စကားစပြောလာသည်။ "နင် ငါ့ကို အနှောင့်အယှက် ပေးတယ်"

ရှန်းယီသည် အမျိုးသမီးထံသို့ အကြည့်ကို နှိမ့်ချလိုက်ပြီး ခေါင်းကိုအနည်းငယ်စောင်းကာ လေးနက်သော အသံဖြင့် ပြောလိုက်သည်။ "အဲဒီတော့... ငါက မင်းကို တောင်းပန်ရမှာလား"

အချိန်တိုလေးအတွင်းမှာပင် သူသည် အစစ်အမှန် ခြင်္သေ့ဧကရာဇ်အား သူ့ရှေ့မှ နတ်ဆိုး၏ အထောက်အထားကို မေးမြန်းခဲ့ပြီး ဖြစ်သည်။

လိုဏ်ဂူအမှတ် ၄ မှ၊ ရွှေတောင်ပံ အစင်းကိုးခုကျား

ရွှေမျက်လုံးခြင်္သေ့ဧကရာဇ်၏ အနည်းငယ် တုန်ယင်နေသော အဖြေစကားမှတစ်ဆင့်၊ ဤတည်ရှိမှု၏ စွမ်းအား မည်မျှကြောက်မက်ဖွယ်ကောင်းကြောင်း ရှန်းယီ အကြမ်းဖျင်း နားလည်လိုက်၏။

သို့သော် စိုးရိမ်စိတ် ရှိသော်လည်း သူ အလွန်အမင်း ကြောက်လန့်ခြင်းမရှိချေ။

မည်သို့ပင်ဖြစ်စေ သူသည် နန်ယန်ဂိုဏ်း အကြောင်း ပိုမိုသိရှိရန် ဤမျှလောက်အထိ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

ထိုရည်မှန်းချက် အောင်မြင်ရန်အတွက် ဤထိပ်သီး နတ်ဆိုးဧကရာဇ် ၁၀ ပါးကို ရှောင်ကွင်းသွားရန်မှာ လုံးဝ မဖြစ်နိုင်ပေ။

ဤရှေးဟောင်းနတ်ဆိုးကြီးများ၏ နှလုံးသားထဲတွင် အမှတ်တရ တစ်ခုခု ချန်ထားနိုင်ရန် ဤအခွင့်အရေးကို သူ အသုံးချရမည်။

"ကျွတ်..."

ထိုစကားကို ကြားသောအခါ ရွှေတောင်ပံ အစင်းကိုးခု နတ်ဆိုးဧကရာဇ်မသည် ခေတ္တမျှရပ်တန့်သွားပြီးနောက် ခေါင်းငုံ့ကာ သူမ၏ ချွန်ထက်သော အဖြူရောင် သွားများကို ပေါ်အောင် အနည်းငယ် ပြုံးလိုက်သည်။ "နင့်ကိုယ်နင် ရယ်စရာကောင်းတယ်လို့ ထင်နေတာလား"

စကားပြောနေရင်း သူမ ရုတ်တရက် လက်လှမ်းလိုက်၏။

ရှန်းယီ၏လက်ဖဝါးထဲရှိ ယိုဝေလှံသည် ပြင်းထန်စွာ ရုန်းကန်လာသဖြင့် သူ၏မျက်ခုံးများ တွန့်ချိုးသွားသည်။ သိသာသည်မှာ နှစ်ပေါင်း တစ်သောင်းကြာ သန့်စင်ခံထားရပြီးနောက်၊ ၎င်း၏ မူလအသိစိတ်သည် ပြင်းထန်သော ကြောက်ရွံ့မှုကြောင့် နိုးထလာခြင်း ဖြစ်သည်။

ထွက်ပြေးရန် အသည်းအသန် ကြိုးပမ်းနေသည်။

နောက်ဆုံးတွင် ၎င်းသည် ၇ ပေ၊ ၈ ပေခန့်အထိ ကျုံ့ဝင်သွားပြီး ရွှေတောင်ပံ အစင်းကိုးခု နတ်ဆိုးဧကရာဇ်မ၏ လက်ဖဝါးထဲသို့ ကျရောက်သွားသည်။

သူမသည် လှံထိပ်ဖျားကို လက်ချောင်းဖြင့် ခပ်ဖွဖွ ပုတ်လိုက်ပြီး၊ သူမရှေ့မှ ခြင်္သေ့ကို ပုတ်ခတ်နေသကဲ့သို့ တဝက်တပျက်အပြုံးဖြင့် မော့ကြည့်လိုက်သည်။

ရှန်းယီသည် ထိုအမျိုးသမီးကို မပြောင်းလဲသော မျက်နှာထားဖြင့် စိုက်ကြည့်နေဆဲဖြစ်ပြီး၊ ခေတ္တမျှ တိတ်ဆိတ်နေပြီးနောက် မေးလိုက်သည်။ "မင်းမှာ ပြဿနာ တစ်ခုခုများ ရှိနေလို့လား"

လိုဏ်ဂူအမှတ် ၄ မှ နတ်ဆိုးဧကရာဇ် အနေဖြင့် လိုဏ်ဂူအမှတ် ၁၆ မှ နတ်ဆိုးဧကရာဇ်ကို ခြိမ်းခြောက်ရန် သူမ၏စွမ်းအားကို ထုတ်ပြစရာ မလိုပေ။

"..."

အစင်းကိုးခုကျား နတ်ဆိုးဧကရာဇ်မ၏ အပြုံးသည် ခေတ္တမျှအေးခဲသွားသည်။

ခဏတာတိတ်ဆိတ်သွားပြီးနောက် သူမသည် ယိုဝေလှံကို ပေါ့ပေါ့ပါးပါး ပြန်ပစ်ပေးလိုက်၏။ "ပစ္စည်းကောင်းလေးပဲ၊ ဒါပေမဲ့ နောက်တစ်ကြိမ် ထပ်မဖြစ်စေနဲ့"

ထိုသို့ပြောပြီးနောက် သူမ လက်ခါလိုက်သည်။ "ပြောစမ်း၊ နင် ဘာလိုချင်တာလဲ"

ရုတ်တရက်ဖြစ်ပေါ်လာသော ရုတ်ရုတ်သဲသဲ အခြေအနေသည် ဖုံးကွယ်ထား၍ မရနိုင်လောက်အောင်ကြီးမားသော ရည်မှန်းချက်ကို ဖော်ပြနေသည်။

ထို့အတူ သူ၏ လက်ရှိ တည်ငြိမ်နေပုံအရ...

တစ်ဖက်လူသည် ရုတ်တရက် အဆင့်တက်လှမ်းမှုကြောင့်ဆင်ခြင်တုံတရား လွှမ်းမိုးခံရပြီး မောက်မာကာ အရာအားလုံးကို အထင်သေးနေသူ မဟုတ်ကြောင်း သိသာသည်။

ယင်းအစား အလွန် ဆင်ခြင်တုံတရားရှိသော နတ်ဆိုးတစ်ကောင် ဖြစ်သည်။

ဤခြင်္သေ့သာ သူမ၏စည်းမျဉ်းများအတိုင်း ကစားမည်ဆိုပါက ဂျူနီယာတစ်ယောက်ကို မြှောက်စားပေးရန် သူမ ဝန်မလေးချေ။

ထိုစဉ် သူမ ရုတ်တရက် ထပ်မံ ရပ်တန့်သွား၏။

"ငါ အကုန်လိုချင်တယ်" ခြင်္သေ့သည် ဖြည်းညှင်းစွာ ဝပ်ဆင်းလိုက်ပြီး၊ အသံမှာ အက်ကွဲနေသော်လည်း လေးနက်မှုရှိသည်။

ရွှေတောင်ပံ အစင်းကိုးခု နတ်ဆိုးဧကရာဇ်မသည် တည်ငြိမ်စွာကြည့်လိုက်ပြီး သူမ၏အပြုံးကို ရုပ်သိမ်းလိုက်သည်။ "ဥပမာ ဘာလိုမျိုးလဲ"

"ဥပမာ..."

ခြင်္သေ့သည် မျက်နှာကို ပိုမိုနီးကပ်စွာ တိုးကပ်လာပြီး၊ သူ၏တည်ငြိမ်သော ရွှေရောင်မျက်လုံးများထဲတွင် မီးတောက်များ ရုတ်တရက်တောက်လောင်လာသကဲ့သို့ ဖြစ်လာကာ တစ်ဖက်လူထက် ပို၍ ရန်လိုလာသည်။ သူသည် အမျိုးသမီးကို စိုက်ကြည့်လိုက်၏။ "မင်းနဲ့... မင်းရဲ့လိုဏ်ဂူ"

ရွှေတောင်ပံ အစင်းကိုးခုနတ်ဆိုးဧကရာဇ်မ၏ မျက်ခွံများ ရုတ်တရက် လှုပ်ရှားသွားသည်။

ခြင်္သေ့၏မျက်လုံးများထဲတွင် မိုးထိအောင် မြင့်မားသော သစ်ပင်ကြီးတစ်ပင်အဖြစ် ကြီးထွားလာသည့် ရည်မှန်းချက်ကို သူမ မြင်လိုက်ရသည်။ ရှက်ရွံ့ခြင်းမရှိ၊ စစ်မှန်ပြီး ကြမ်းတမ်းပေ၏။

သူမကို ဤကဲ့သို့ ရန်စရဲသူ မရှိခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

"နတ်ဆိုးတစ်ထောင်ဂူထဲမှာ ကောင်းမွန်တဲ့ အရာတွေ အများကြီးရှိတယ်၊ အခွင့်အရေး တစ်ခုခုက မင်းရဲ့အဆင့်အတန်းကို မိုးထိအောင် မြင့်တက်သွားစေနိုင်တယ်၊ ပြီးတော့ မင်းရဲ့ ကံတရားက မဆိုးပါဘူး"

"ဒါပေမဲ့ ကြိုတင်သတ်မှတ်ချက်ကတော့... မင်း အသက်ရှင်ဖို့ လိုတယ်" သူမ ပြောလိုက်သည်။

သူမသည် ခြင်္သေ့၏ပူလောင်သော အကြည့်မှ လွတ်မြောက်ရန် လေထဲသို့ ပျံတက်လိုက်ပြီး၊ ရွှေရောင်အတောင်ပံများကို ဖြည်းညှင်းစွာ ခတ်လျက်အပေါ်မှ ငုံ့ကြည့်လိုက်သည်။ "ရိုသေလေးစားတတ်အောင် သင်လိုက်၊ ငါကိုယ်တိုင် သင်ပေးရအောင် မလုပ်နဲ့"

ပြောပြီးနောက် သူမ၏အရိုင်းဆန်သော မျက်နှာပေါ်တွင် လှောင်ပြုံးတစ်ခု ပေါ်လာ၏။ "အဲဒီစကားတွေရဲ့အဓိပ္ပာယ်က မင်း ငါ့ရဲ့ မျက်နှာသာပေးမှုကို လိုချင်တာဆိုရင်တော့... အဲဒါအတွက် အခုလောလောဆယ် မင်းမှာ အရည်အချင်း မရှိသလောက်ပဲ"

"ကျွတ်"

ရှန်းယီသည် စုပ်သပ်လိုက်ပြီး မတ်တတ်ရပ်ကာ၊ ယိုဝေလှံကို တရွတ်တိုက် ဆွဲလျက် အဝေးရှိ လိုဏ်ဂူဆီသို့ လှည့်မကြည့်ဘဲ လျှောက်သွားတော့သည်။

"..."

ရွှေတောင်ပံ အစင်းကိုးခု နတ်ဆိုးဧကရာဇ်မ၏ နှုတ်ခမ်းများ နှစ်ခါလှုပ်ရှားသွား၏။

'ကျွတ် ဟုတ်လား'

All Chapters