တာအိုလက်တွဲဖော်များ ရွှေအမြုတေအဆင့် တက်လှမ်းခြင်း၊ ကမ္ဘာနှစ်ခု ပေါင်းစည်းခြင်း(၁)။
Vol. 40 Ch. 444
"နောက်ဆုံးတော့ မင်းတို့ ရွှေအမြုတေအဆင့်ကို ရောက်လာကြပြီပဲ..."
ကျိုးစွေ့ အလွန်ဝမ်းသာသွားလေသည်။ ကျိပင်းယွီ၊ မုဇီယန်နှင့် ရှားကျင်းယန်တို့ သုံးဦး၏ကိုယ်ပေါ်မှ ရွှေအမြုတေအရှိန်အဝါကို အာရုံခံမိလိုက်သောကြောင့် ဖြစ်၏။ ငါးနှစ်တာ ကြိုးစားကျင့်ကြံပြီးနောက် သူ၏တာအိုလက်တွဲဖော် သုံးဦးသည်လည်း နောက်ဆုံးတွင် ရွှေအမြုတေအဆင့်သို့ တက်လှမ်းနိုင်ခဲ့ကြလေပြီ။
ယခုဆိုလျှင် သူမတို့သည် ရွှေအမြုတေ အစောပိုင်းအဆင့် ကျင့်ကြံသူများ ဖြစ်လာကြပြီး သက်တမ်း နှစ်ငါးရာအထိ နေထိုင်နိုင်ပြီဖြစ်၏။
သူမတို့၏အသက်သည် ရာဂဏန်းသာ ရှိသေးပြီး သူ့ထက် ဆယ်နှစ်ကျော်သာ ကြီးကြောင်း သိထားရပေမည်။
ဤကဲ့သို့သော အသက်အရွယ်ဖြင့် ရွှေအမြုတေအဆင့်သို့ တက်လှမ်းနိုင်ခြင်းသည် ဝိညာဉ်သန္ဓေသားဂိုဏ်းများတွင်ပင် ပါရမီရှင်ဟု သတ်မှတ်ခံရနိုင်ပေသည်။
အနာဂတ်တွင် အသက်ရှည်ရန် မျှော်လင့်ချက် ရှိလာပြီဖြစ်၏။
"အခုမှ အဆင့်မတက်နိုင်ရင် လူရယ်ခံရတော့မှာပေါ့..."
"ယောက်ျားပေးတဲ့ ရွှေအမြုတေဖွဲ့စည်းခြင်း ပစ္စည်းတွေ အများကြီး ရှိနေတာပဲ..."
"ရွှေရည်ကျောက်စိမ်းပြန်လည်ဆေးလုံးတောင် ပါသေးတယ်..."
"အခြေတည်အဆင့် ကျင့်ကြံသူ ဘယ်သူမှ ကျွန်မတို့လောက် အခြေအနေ မကောင်းကြဘူး..."
"ဒီလို အခြေအနေမျိုးနဲ့တောင် ကျွန်မတို့က ရွှေအမြုတေအဆင့်ကို မတက်လှမ်းနိုင်ရင် ဘယ်သူမှ တက်လှမ်းနိုင်မှာ မဟုတ်တော့ဘူး..."
ကျိပင်းယွီက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
သူမကိုယ်တိုင် ရွှေအမြုတေ ကျင့်ကြံသူတစ်ဦး ဖြစ်လာလိမ့်မည်ဟု အိပ်မက်ပင် မမက်ခဲ့ဖူးပေ။
ယခင်က သူမ၏ကျိမိသားစုသည် ရွှေအမြုတေ မိသားစုတစ်ခုသာ ဖြစ်ခဲ့ကြောင်း သိထားရပေမည်။
ယခင်ဘိုးဘေးများသည်လည်း ရွှေအမြုတေ အစောပိုင်းအဆင့် ကျင့်ကြံသူများသာ ဖြစ်ကြသည်။
သို့သော် ယခုအခါ သူမသည် ယခင်ဘိုးဘေးများနှင့် တန်းတူညီမျှသော အဆင့်အတန်းသို့ ရောက်ရှိနေပြီဖြစ်၏။
ထို့အပြင် သူမ၏အသက်သည် ရာဂဏန်းသာ ရှိသေးပြီး အလွန် ငယ်ရွယ်နေသေးသည်။ အနာဂတ်တွင် ဝိညာဉ်သန္ဓေသား ဖွဲ့စည်းရန်ပင် မျှော်လင့်ချက် ရှိနေလေသည်။
ယခင် ကျိမိသားစုဘိုးဘေးများကို ကျော်လွန်ရန်မှာ လက်တစ်ကမ်း အကွာတွင်သာ ရှိတော့သည်။
ယခင် မီယွင်မြို့တွင် ရှိစဉ်က သူမ၏ယောက်ျားကို မိန်းမအားကိုးဖြင့် ရပ်တည်သူဟု ပြောဆိုခဲ့ကြဖူးသည်။
သို့သော် ယခုအခါတွင်မူ မျက်စိတစ်မှိတ်အတွင်း သူမ၏ယောက်ျားသည် ဝိညာဉ်သန္ဓေသား ကျင့်ကြံသူ ဖြစ်လာခဲ့လေပြီ။ သူမကို ရွှေအမြုတေ ဖွဲ့စည်းနိုင်အောင်ပင် ကူညီပေးခဲ့သည်။
ယခုဆိုလျှင် မည်သူက မည်သူ့ကို အားကိုးနေသည်ဆိုသည်မှာ ရှင်းနေလေပြီ။
ယောက်ျား၏အကူအညီသာ မပါဝင်လျှင် သူမကဲ့သို့ သာမန် ချီကျင့်ကြံခြင်းအဆင့် အမျိုးသမီးကျင့်ကြံသူတစ်ဦးသည် အခြေတည်အဆင့်သို့ပင် မရောက်ရှိဘဲ သေဆုံးသွားနိုင်ကြောင်း သူမသိထားသည်။
ယခုကဲ့သို့ ရွှေအမြုတေ ဖွဲ့စည်းအောင်မြင်ပြီး ရွှေအမြုတေအရှင်သခင်တစ်ဦး ဖြစ်လာမည် မဟုတ်ပေ။
ယခင်က သူမသူ့ကို ကူညီခဲ့ဖူးသဖြင့် ယခု သူကသူမကို ပြန်လည်ကူညီမည်ဟု ယောက်ျားက ပြောခဲ့ဖူးသည်။
ဤစကားသည် ဟန်ဆောင်ပြောဆိုခြင်း မဟုတ်ဘဲ လက်တွေ့ကျသော ကတိကဝတ်တစ်ခု ဖြစ်၏။
ဤအကြောင်းကို တွေးမိပြီးနောက် သူမ၏ရင်ထဲတွင် ကြည်နူးသွားပြီး ချစ်ခြင်းမေတ္တာများ အဆက်မပြတ် တိုးပွားလာခဲ့သည်။
"ဟုတ်တယ်..."
"ကျွန်မတို့ ရွှေအမြုတေဖွဲ့စည်းတုန်းက အခက်အခဲ နည်းနည်း ရှိခဲ့ပေမယ့်..."
"ယေဘုယျအားဖြင့် ပြောရရင် အရမ်းကို ချောမွေ့ပါတယ်... ဘေးကင်းတယ်လို့ ပြောလို့ရတယ်..."
ရှားကျင်းယန် ခေါင်းညိတ်လိုက်၏။
သူမ ရွှေအမြုတေဖွဲ့စည်းခြင်း ဤမျှချောမွေ့လိမ့်မည်ဟု မထင်ထားခဲ့မိပေ။ ရေစီးရေလာ ကောင်းမွန်နေသကဲ့သို့ အတားအဆီး များစွာမရှိခဲ့ချေ။
ကြည့်ရသည်မှာ သူမ၏ယောက်ျားနှင့် ကြီးမားသော ပတ်သက်မှု ရှိနေပုံရသည်။
နေ့ရောညပါ မနားတမ်း တူနှစ်ကိုယ်ကျင့်ကြံခြင်းကြောင့် သူမတို့၏ခန္ဓာကိုယ် အရည်အသွေးသည်လည်း အလွန် သန်မာလာပြီး အခြေတည်အဆင့် ရုပ်ခန္ဓာကျင့်ကြံသူ၏ ခန္ဓာကိုယ်မျိုး ပိုင်ဆိုင်ထားကြကာ၊ တစ်ချိန်တည်းမှာပင် ခန္ဓာကိုယ်ထဲရှိ မှော်စွမ်းအား အညစ်အကြေးများကိုလည်း သန့်စင်ပြီးဖြစ်နေသည်။
ထို့အပြင် ရွှေအမြုတေဖွဲ့စည်းခြင်း ဝိညာဉ်ဆေးဝါးအမျိုးမျိုးနှင့် ရွှေရည်ကျောက်စိမ်းပြန်လည်ဆေးလုံးတို့ ပါဝင်လာသောအခါ အောင်မြင်မှုနှုန်းသည် (၉၀)ရာခိုင်နှုန်း ကျော်လွန်သွားခဲ့သည်။
သာမန်အချိန်များတွင် ယောက်ျားက သူမကို “ကောင်းကောင်းဆုံးမ” ခဲ့သည်များကို တွေးမိပြီး သူမ တိတ်တဆိတ် ကျေးဇူးတင်နေမိသည်။
( ဘယ်လိုဆုံးမတာလဲတော့ မပြောတတ် :P )
ယောက်ျားသည် အနည်းငယ် ကြမ်းတမ်းသော်လည်း သူမတို့အပေါ် အလွန်ကောင်းမွန်လေသည်။
"ယောက်ျား... ယောက်ျားသာ မရှိရင် ကျွန်မတို့ ဒီတစ်သက် ရွှေအမြုတေ ဖွဲ့စည်းနိုင်မှာ မဟုတ်ဘူး..."
"တကယ်ကို ကျေးဇူးတင်ပါတယ်..."
မုဇီယန်က မျက်ရည်ဝိုင်းလျက် ကျိုးစွေ့ကို ကြည့်နေပြီး ချစ်ခင်မြတ်နိုးမှုများ ပြည့်နှက်နေသည်။
"ကျေးဇူးတင်စကား ဆိုနေစရာ မလိုပါဘူး... လက်တွေ့ပြရင် ရပြီ..."
ကျိုးစွေ့က ပေါ့ပေါ့ပါးပါး ပြောလိုက်ပြီး သူ၏တာအိုလက်တွဲဖော် သုံးဦးကို ကြည့်လိုက်၏။
ယခု သူမတို့ ရွှေအမြုတေအဆင့်သို့ တက်လှမ်းပြီးနောက် ခန္ဓာကိုယ်အချိုးအစားများ ပိုမို ပြီးပြည့်စုံလာပြီး၊ အသားအရေ ချောမွေ့ဖြူဖွေးကာ ကိုယ်လုံးကိုယ်ပေါက်သည် ပိုမို ဆွဲဆောင်မှုရှိလာပြီး ရင့်ကျက်သော အမျိုးသမီးများ ဖြစ်လာကြလေသည်။
ထို့အပြင် 'ချစ်ခြင်းမေတ္တာကူ' စွမ်းအား၏ ပြုပြင်ပြောင်းလဲမှုကြောင့် သူမတို့သည် အံ့မခန်း လှပလာကြသည်။
လှုပ်ရှားမှုတိုင်း၊ အပြုံးတိုင်းတွင် ကြီးမားသော ဆွဲဆောင်မှုများ ပါဝင်နေသည်။
အကယ်၍ ပြင်ပကမ္ဘာတွင်သာ ဆိုပါက တိုင်းပြည်ကိုပင် ပျက်စီးစေနိုင်သော အလှပဂေးများ ဖြစ်လာကြပေလိမ့်မည်။
"ကျွန်မတို့ မကြာသေးခင်က ကျင့်ကြံခြင်းဗဟုသုတတွေ အများကြီး သင်ယူထားတယ်... ယောက်ျားနဲ့ ဆွေးနွေးချင်လို့..."
"ယောက်ျားက အကြံဉာဏ်ပေးဖို့ ဝန်မလေးဘူး မဟုတ်လား..."
ကျိပင်းယွီ၊ မုဇီယန်နှင့် ရှားကျင်းယန်တို့ မျက်နှာလေးများ နီရဲသွားကြပြီး ကျိုးစွေ့ကို ညှို့မျက်ဝန်းများဖြင့် ကြည့်ကာ၊ ကြိုးစားပမ်းစား လေ့လာလိုသော တပည့်မလေးများအသွင် ဟန်ဆောင်လျက် ကျိုးစွေ့နှင့် ကျင့်ကြံခြင်းအကြောင်း ဆွေးနွေးလိုနေကြသည်။
"ဒီကိစ္စလား... ယောက်ျားကလည်း ဆရာလုပ်ရတာ သိပ်ကို ဝါသနာပါတာ..."
"သံသယရှိတာ၊ မရှင်းတာတွေ အကုန် ပြောပြလို့ ရတယ်..."
"ရာနှုန်းပြည့် ဖြေရှင်းပေးနိုင်မယ်လို့ အာမမခံပေမယ့်... အနည်းနဲ့အများတော့ သိထားတာပေါ့..."
"ဘာပဲပြောပြော ငါက ဝိညာဉ်သန္ဓေသား ကျင့်ကြံသူလေ... ချန်လန်ပင်လယ်ဒေသ တစ်ခုလုံးကို ကြည့်လိုက်ရင် ငါ့ကို ယှဉ်နိုင်တဲ့လူ သိပ်မရှိဘူး..."
ကျိုးစွေ့က တည်ကြည်လေးနက်သော မျက်နှာထားဖြင့် ဆရာတစ်ဆူအလား ဟိတ်ဟန်ထုတ်လိုက်လေသည်။
ဤစကားကို ကြားသောအခါ ကျိပင်းယွီ၊ မုဇီယန်နှင့် ရှားကျင်းယန်တို့ ထွီခနဲ တံတွေးထွေးလိုက်ကြပြီး မျက်နှာများ နီရဲသွားကာ ဤယောက်ျားကို မျက်စောင်းထိုးလိုက်ကြသည်။
ဤလူယုတ်မာသည် အမှန်တကယ်ပင် မြွေကို တုတ်နှင့်ရိုက်သကဲ့သို့ အခွင့်ကောင်းယူတတ်လေသည်။
မြှောက်ပေးလိုက်သည်နှင့် ချက်ချင်းပင် ဘဝင်လေဟပ်သွားတော့သည်။
အကယ်၍ ဤအရှက်မရှိသော ယောက်ျားသာ အမှန်တကယ် တပည့်လက်ခံမည်ဆိုပါက သေချာပေါက် လှပသော တပည့်မလေးများကိုသာ လက်ခံပေလိမ့်မည်။
လှပသော အမျိုးသမီးကျင့်ကြံသူ မည်မျှ သင်ခန်းစာများ အစာကြေသွားမည်ကို မသိနိုင်ပေ။
သို့သော် သူမတို့သည်လည်း ငြင်းဆန်ခြင်း မရှိကြပေ။ သူမတို့သည်လည်း ပညာလိုလားသော တပည့်မလေးများ ဖြစ်ကြသည် မဟုတ်ပါလော။
မကြာမီ လူလေးဦးသည် အခန်းထဲသို့ ဝင်ရောက်သွားကြပြီး ကျင့်ကြံခြင်းဗဟုသုတများကို ဆွေးနွေးကြရာ တာအိုရွတ်ဖတ်သံများ တဖြန်းဖြန်းနှင့် ဆူညံသွားတော့သည်။
ထင်ရှားသည်မှာ သူမတို့သည် အလွန်ကြိုးစားသော ကျင့်ကြံသူများ ဖြစ်ကြသည်။
ရွှေအမြုတေအဆင့်သို့ တက်လှမ်းပြီးသည့်တိုင် ကျင့်ကြံရန် မမေ့လျော့ကြပေ။
…………
လေ့လာသင်ယူရသော အချိန်ကာလသည် အမြဲတမ်း ပျော်ရွှင်စရာ ကောင်းပြီး အလွန်တရာ အချိန်ကုန်မြန်လှပေသည်။
မျက်စိတစ်မှိတ်အတွင်း ရက်အနည်းငယ် ကုန်ဆုံးသွားခဲ့၏။
ထင်ရှားသည်မှာ ကျိပင်းယွီ၊ မုဇီယန်နှင့် ရှားကျင်းယန်တို့သည် လုံလောက်စွာ လေ့လာသင်ယူခဲ့ကြပြီး ဗဟုသုတ အစာအာဟာရ အများအပြားကို ရရှိခဲ့ကြသည်။
ရွှေအမြုတေအဆင့် ကျင့်ကြံခြင်းကိုလည်း အပြည့်အဝ ခိုင်မာအောင် လုပ်ဆောင်နိုင်ခဲ့ကြသည်။
သူမတို့သည် လေ့လာသင်ယူမှုတွင် နစ်မြုပ်နေပြီး ရုန်းထွက်၍ပင် မရနိုင်အောင် ဖြစ်နေကြရှာသည်။
မှန်ပေသည်၊ ကျိုးစွေ့က သူမတို့ကို အလျင်အမြန် တားဆီးလိုက်ရသည်။ မည်သို့ပင်ဆိုစေ ရှေ့လျှောက် အချိန်တွေ အများကြီး ရှိသေးရာ ကျင့်ကြံခြင်းဆိုသည်မှာ အလုပ်နှင့် အနားယူမှုကို မျှတအောင် လုပ်ဆောင်ရမည် ဖြစ်သည်။
"ယောက်ျား... စတုတ္ထအဆင့် ဝိညာဉ်အရက် ရပြီ..."
ထိုအချိန်တွင် လင်းယာကျူ အပြေးဝင်လာပြီး ကျိုးစွေ့ကို သတင်းကောင်း ပြောလိုက်ရာ သူမ အလွန် စိတ်လှုပ်ရှားနေပုံရသည်။
"အိုး... အောင်မြင်သွားပြီလား..."
ထိုစကားကို ကြားလျှင် ကျိုးစွေ့၏ ကိုယ်ခန္ဓာ လှုပ်ရှားသွားပြီး လင်းယာကျူကို ပွေ့ဖက်လျက် အင်မော်တယ်ရှားတောင်ထွတ်ရှိ နန်းတော်တစ်ခုထဲသို့ ချက်ချင်း ရောက်ရှိသွားသည်။
ဤနေရာကို ကြီးမားသော အရက်ကန်ကြီးတစ်ခုအဖြစ် တူးဖော်ထားခြင်း ဖြစ်သည်။
ကြီးမားသော ကန်ကြီးတစ်ခုလုံးတွင် ဝိညာဉ်အရက်များ ပြည့်နှက်နေပြီး ရောင်စုံအလင်းတန်းများ ဖြာထွက်နေကာ သန့်စင်သော ဝိညာဉ်စွမ်းအားများ ပျံ့နှံ့နေသဖြင့် စိတ်ကြည်နူးဖွယ် ကောင်းလှသည်။
"ယောက်ျား... တကယ် အံ့သြဖို့ကောင်းတာပဲ..."
"ဒီလို ကောင်းကင်နဲ့မြေကြီး ဝိညာဉ်ပိုးကောင်ကို ဘယ်ကနေ ရှာတွေ့ခဲ့တာလဲ..."
"တတိယအဆင့် ဝိညာဉ်အရက်ကို စတုတ္ထအဆင့် 'နေမင်းနီအရက်' အဖြစ် ပြောင်းလဲပေးနိုင်တယ်..."
"စတုတ္ထအဆင့် ဝိညာဉ်အရက်တစ်အိုးရဲ့ တန်ဖိုးက စတုတ္ထအဆင့် ရတနာဆေးလုံးတစ်လုံးထက် မလျော့ဘူး..."
"ပြီးတော့ ဝိညာဉ်အရက်မှာ ဆေးအဆိပ် လုံးဝ မရှိဘူး... ဝိညာဉ်သန္ဓေသား ကျင့်ကြံသူတွေ အပြည့်အဝ စုပ်ယူနိုင်တယ်..."
"တန်ဖိုးအရ ကြည့်မယ်ဆိုရင် သာမန် စတုတ္ထအဆင့် ရတနာဆေးလုံးတွေထက်တောင် သာလွန်နေသေးတယ်..."
"ဒါက အထွတ်အထိပ် ဝိညာဉ်ကျောက်တုံးသတ္တုတွင်း တစ်ခုပဲ..."
ချူတျဲယီတစ်ယောက် အံ့သြတကြီး ပြောလိုက်မိသည်။
ဤကြီးမားသော အရက်ကန်ကြီးထဲတွင် ရောင်စုံအရက်ပိုးကောင် တစ်ကောင်ကို သူမ တွေ့လိုက်ရသည်။
ထိုအရက်ပိုးကောင်သည် အရက်ကန်ထဲတွင် ပျော်ရွှင်စွာ ကူးခတ်နေသည်။
ထို့နောက် မူလက တတိယအဆင့် ဝိညာဉ်အရက်များသည် ဆင့်ကဲပြောင်းလဲသွားပြီး စတုတ္ထအဆင့် ဝိညာဉ်အရက်အဖြစ်သို့ ရောက်ရှိသွားသည်။
မျက်မြင်ကိုယ်တွေ့ မမြင်ရလျှင် ဤမျှ ယုံကြည်နိုင်စရာ မကောင်းသော ကိစ္စမျိုး ဖြစ်ပျက်လိမ့်မည်ဟု သူမ ယုံကြည်မည် မဟုတ်ပေ။
ကောင်းကင်နှင့်မြေကြီး၏ ဖြစ်တည်မှုကို အာခံခြင်းပင်။
သံသယဖြစ်ဖွယ်မလို၊ ဤစတုတ္ထအဆင့် ဝိညာဉ်အရက်ကန်ကို ရောင်းချလိုက်ပါက အနည်းဆုံး အထွတ်အထိပ် ဝိညာဉ်ကျောက်တုံး ထောင်ချီ ရရှိနိုင်ပေလိမ့်မည်။
ယင်း၏ တန်ဖိုးသည် စိတ်ကူးယဉ်နိုင်စွမ်းထက် ကျော်လွန်နေသည်။
သူမသည် ကောင်းကင်မိစ္ဆာဂိုဏ်း၏ ဝိညာဉ်သန္ဓေသား ကျင့်ကြံသူ ဖြစ်လင့်ကစား ဤစတုတ္ထအဆင့် ဝိညာဉ်အရက်ကန်၏ တန်ဖိုးကို အံ့သြနေမိတော့သည်။