← Chapters

သခင်မ မက်မွန်ပွင့်က အိမ်ထောင်သည်ယောက်ျားကို ကြိုက်နေတာလား၊ နွားအိုက မြက်နုစားချင်နေတာပဲ(၁)။

Vol. 40 Ch. 446

သခင်မ မက်မွန်ပွင့်က အိမ်ထောင်သည်ယောက်ျားကို ကြိုက်နေတာလား၊ နွားအိုက မြက်နုစားချင်နေတာပဲ(၁)။

Vol. 40 Ch. 446

"ပင်လယ်မျိုးနွယ်စုရဲ့ လက်ချက်ဖြစ်နေတာလား..."

ဤစကားကို ကြားသောအခါ ချူတျဲယီ၊ လင်းယာကျူ၊ ရှန်ပိချန်နှင့် အခြားသူများသည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်မိကြပြီး အလွန်တရာ တုန်လှုပ်သွားကြလေ၏။

မူလက ပင်လယ်မျိုးနွယ်စု စစ်ရှုံးသွားပြီဖြစ်၍ လာမည့်နှစ်ထောင်ပေါင်းများစွာအတွင်း ပြန်လည်တိုက်ခိုက်နိုင်စွမ်း ရှိတော့မည်မဟုတ်ဟု သူမတို့ ထင်မှတ်ထားခဲ့ကြသည်။ အခြေခံအားဖြင့် မကြာမီကာလအတွင်း ပင်လယ်မျိုးနွယ်စု၏ သတင်းများကို ထပ်မံကြားရတော့မည်မဟုတ်ဟု တွေးထင်ထားခဲ့ကြ၏။

သို့သော် ဤစစ်ပွဲသည် ပင်လယ်မျိုးနွယ်စုက တမင်တကာ ဖန်တီးခဲ့ခြင်းဖြစ်ကြောင်း မည်သူက ထင်မှတ်ထားပါမည်နည်း။

စစ်ရှုံးခြင်းသည်လည်း ပင်လယ်မျိုးနွယ်စုကျင့်ကြံသူများ မျှော်လင့်ထားပြီးသား ကိစ္စပင်ဖြစ်ချေသည်။

အကြောင်းမှာ တစ်ဖက်လူ၏ ရည်ရွယ်ချက်သည် လူသားမျိုးနွယ်စုကို အနိုင်ရရန်မဟုတ်ဘဲ၊ သွေးနှင့်အသား ယဇ်ကောင်အမြောက်အမြားကို ရယူလိုခြင်းကြောင့် ဖြစ်ပေသည်။

ရလဒ်ကို ခန့်မှန်းကြည့်နိုင်ပေသည်။ ပင်လယ်မျိုးနွယ်စု၏ အကြံအစည်မှာ အမှန်တကယ် အောင်မြင်သွားခဲ့ချေပြီ။ ကြီးမားသော အောင်မြင်မှုကို ရရှိသွားခဲ့ခြင်းပင် ဖြစ်ပေသည်။

သက်ရှိအမြောက်အမြား သေဆုံးသွားခဲ့သဖြင့် 'ရှေးဟောင်းမိစ္ဆာယဇ်ပလ္လင်'သည် ယဇ်ကောင်အမြောက်အမြားကို ရရှိသွားခဲ့ပြီး၊ ယုတ္တိတန်စွာပင် ရှေးဟောင်းမိစ္ဆာယဇ်ပလ္လင်ကို အသက်သွင်းနိုင်ခဲ့ကာ 'ရှေးဟောင်းမိစ္ဆာကမ္ဘာ'နှင့် ဆက်သွယ်နိုင်ခဲ့လေသည်။

ထို့ကြောင့် 'ရှေးဟောင်းမိစ္ဆာကမ္ဘာ'နှင့် 'ကျင့်ကြံခြင်းလောက'တို့၏ ပေါင်းစည်းမှုကို အရှိန်မြှင့်တင်လိုက်သကဲ့သို့ ဖြစ်သွားသည်။

ယခင်က ဖြစ်ပေါ်ခဲ့သော ဟင်းလင်းပြင်တုန်ခါမှုသည် ကမ္ဘာနှစ်ခု တွေ့ဆုံခြင်းကြောင့်ဖြစ်ပြီး၊ ကျင့်ကြံခြင်းလောကတစ်ခုလုံးကို ရိုက်ခတ်သွားခြင်း ဖြစ်ပေသည်။

ဤသည်မှာ နိမိတ်ပြခြင်းတစ်ခုပင် ဖြစ်၏။

"ဒါဆိုရင် ပြီးခဲ့တဲ့တစ်ခေါက် ပင်လယ်မျိုးနွယ်စုက လူသားမျိုးနွယ်စုကို စစ်ပွဲစတင်ခဲ့တာ လူသားမျိုးနွယ်စုကို အနိုင်ယူဖို့ မဟုတ်ဘဲ... ယဇ်ကောင်အမြောက်အမြားကို ရယူပြီး ရှေးဟောင်းမိစ္ဆာယဇ်ပလ္လင်ကို အသက်သွင်းပြီးတော့ ကမ္ဘာနှစ်ခု ပေါင်းစည်းမှုကို တွန်းအားပေးဖို့ပေါ့..."

"ပင်လယ်မျိုးနွယ်စုက ဒီလောက်တောင် ကောက်ကျစ်စဉ်းလဲတာလား..."

ကျိုးစွေ့သည်လည်း အံ့သြမဆုံး ဖြစ်နေရချေသည်။ ပင်လယ်မျိုးနွယ်စု၏ ကောက်ကျစ်စဉ်းလဲမှုကို သူ အသိအမှတ်ပြုရပေမည်။ လူသားမျိုးနွယ်စုကို လက်ခုပ်ထဲထည့်ပြီး လှလှပပ ကစားသွားခြင်း ဖြစ်သည်။

ပင်လယ်မျိုးနွယ်စုသည် သူတို့အနေဖြင့် လူသားမျိုးနွယ်စု၏ ပြိုင်ဘက်မဖြစ်နိုင်ကြောင်း စောစီးစွာကပင် သိရှိထားကြ၏။ ထို့ကြောင့် သူတို့ စစ်ဆင်နွှဲရခြင်း၏ ရည်ရွယ်ချက်မှာ ယဇ်ကောင်ရယူရန်နှင့် ရှေးဟောင်းမိစ္ဆာယဇ်ပလ္လင်ကို အသက်သွင်းရန်သာ ဖြစ်ပေသည်။

ယခုကြည့်ရသလောက် ပင်လယ်မျိုးနွယ်စု၏ ရည်ရွယ်ချက် လုံးဝ အထမြောက်သွားခဲ့ချေပြီ။ သူတို့သည် ကျင့်ကြံခြင်းလောကနှင့် ရှေးဟောင်းမိစ္ဆာကမ္ဘာ ပေါင်းစည်းမှုကို တွန်းအားပေးလိုက်ခြင်း ဖြစ်သည်။ ထိုအချိန်ရောက်လျှင် မိစ္ဆာသားရဲများနှင့် မိစ္ဆာကောင်အမြောက်အမြားသည် ရှေးဟောင်းမိစ္ဆာကမ္ဘာမှတစ်ဆင့် ကျင့်ကြံခြင်းလောကထဲသို့ ဝင်ရောက်လာကြပေလိမ့်မည်။

ထိုအခါ ချန်လန်ပင်လယ်ဒေသရှိ မိစ္ဆာမျိုးနွယ်စု၏ အင်အားသည် ဆတိုးကိန်းဖြင့် တိုးတက်လာပေလိမ့်မည်။ ထိုသို့ဆိုလျှင် ချန်လန်ပင်လယ်ဒေသရှိ လူသားမျိုးနွယ်စုသည် ပင်လယ်မျိုးနွယ်စု၏ ပြိုင်ဘက်ဖြစ်ချင်မှ ဖြစ်တော့ပေမည်။ လူသားမျိုးနွယ်စုသည် အမှန်တကယ်ပင် ခေါင်းမဖော်နိုင်အောင် အရိုက်ခံရဖွယ်ရှိသည်။

အဆုံးသတ်တွင် တစ်နေရာ၌သာ ပုန်းအောင်းနေရပြီး ဝေးလံခေါင်သီသော ကျွန်းများတွင် လိပ်ခေါင်းလျှိုသကဲ့သို့ နေရကာ၊ ပင်လယ်မျိုးနွယ်စုနှင့် ယှဉ်ပြိုင်နိုင်စွမ်း မရှိတော့သည်အထိ ဖြစ်သွားနိုင်သည်။

"ဒီလိုဆိုရင် ရှေးဟောင်းမိစ္ဆာကမ္ဘာနဲ့ ကျင့်ကြံခြင်းလောက ဘယ်အချိန်မှ လုံးဝ ဆက်သွယ်သွားမှာလဲ..."

လန်ယွဲ့ရှီက မနေနိုင်ဘဲ မေးလိုက်သည်။

"ဒီကိစ္စကတော့... လောလောဆယ်က ဟင်းလင်းပြင်နိမိတ်လက္ခဏာတွေပဲ ပေါ်လာသေးတာပါ..."

"လုံးဝ တည်ငြိမ်ခိုင်မာတဲ့ 'ကမ္ဘာအကူးအပြောင်းတံခါး' ဖြစ်လာဖို့ဆိုရင် အနည်းဆုံး ဆယ်စုနှစ်ချီ၊ ဒါမှမဟုတ် နှစ်ရာချီ ကြာဦးမှာပါ... ဒါကြောင့် ငါတို့ ပြင်ဆင်ဖို့ အချိန်အတိုင်းအတာတစ်ခုတော့ ရပါသေးတယ်..."

"ဒါပေမဲ့ အရမ်းကြီး စိတ်ပူစရာတော့ မလိုပါဘူး... တကယ်လို့ တည်ငြိမ်တဲ့ တံခါးပေါက် ဖြစ်လာရင်တောင်မှ... နတ်ဘုရားအသွင်ပြောင်းအဆင့် ဘိုးဘေးတွေ ဖြတ်သန်းလာဖို့က ထင်သလောက် မလွယ်ကူဘူး..."

သခင်မ မက်မွန်ပွင့်က လေးနက်စွာ ပြောလိုက်သည်။

"အိုး... ဘာဖြစ်လို့လဲ..."

ကျိုးစွေ့က စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။

"ဘာကြောင့်လဲဆိုတော့ နတ်ဘုရားအသွင်ပြောင်းအဆင့်ရဲ့ စွမ်းအားက ကြီးမားလွန်းလို့လေ..."

"အခုမှ စဖြစ်ခါစ တံခါးပေါက်က နတ်ဘုရားအသွင်ပြောင်းအဆင့်ရဲ့ စွမ်းအားကို မခံနိုင်ဘူး... တံခါးပေါက်ရဲ့ စွမ်းအားက တဖြည်းဖြည်း ကြီးထွားလာပြီး တည်ငြိမ်တဲ့ ဟင်းလင်းပြင်လမ်းကြောင်း ဖြစ်လာမှပဲ ရမယ်..."

"အဲဒီလိုဖြစ်လာမှ နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူတွေ ဖြတ်သန်းနိုင်မယ့် တံခါးပေါက်တစ်ခု ဖြစ်လာမှာ... ဒါပေမဲ့ အဲဒီလို လုံးဝဖြစ်လာဖို့ဆိုရင် အနည်းဆုံး နှစ်ရာချီ ကြာဦးမှာပါ..."

သခင်မ မက်မွန်ပွင့်က ရှင်းပြလေသည်။ မည်သို့ပင်ဖြစ်စေ နတ်ဘုရားအသွင်ပြောင်းအဆင့် ဘိုးဘေးများသည် အလွန်တရာ စွမ်းအားကြီးမားလှသဖြင့် ကမ္ဘာအကူးအပြောင်းတံခါးကို ဖြတ်ကျော်ရန်မှာ ထင်ထားသလောက် မလွယ်ကူချေ။

"ဒီလောက်ပဲ ဆိုရင်တော့ တော်ပါသေးရဲ့..."

"ဝိညာဉ်သန္ဓေသားအဆင့် မိစ္ဆာသားရဲတွေ ကျင့်ကြံခြင်းလောကထဲ ဝင်လာတာလောက်ဆိုရင် ငါတို့ တောင့်ခံနိုင်ပါသေးတယ်... တကယ်လို့ နတ်ဘုရားအသွင်ပြောင်းအဆင့် မိစ္ဆာသားရဲတွေ ပေါ်လာရင်တော့ လုံးဝ တားဆီးနိုင်မှာ မဟုတ်ဘူး... တန်းပြီး အရှုံးပေးလိုက်ရုံပဲ ရှိတော့မယ်..."

ရှန်ပိချန်သည် ကံကောင်းလှသည်ဟုသာ မှတ်ယူလိုက်မိသည်။

မည်သို့ပင်ဖြစ်စေ ချန်လန်ပင်လယ်ဒေသ၏ လက်ရှိအင်အားအရ၊ ပဉ္စမအဆင့် မိစ္ဆာသားရဲတစ်ကောင် အမှန်တကယ် ပေါ်လာပါက ချန်လန်ပင်လယ်ဒေသတစ်ခုလုံးကို သေချာပေါက် လှည်းနေလှေအောင်း မြင်းဇောင်းမကျန် သုတ်သင်သွားနိုင်မည်ဖြစ်ပြီး မည်သူမျှ ယှဉ်ပြိုင်နိုင်မည်မဟုတ်ပေ။ ပဉ္စမအဆင့် မိစ္ဆာသားရဲ ချန်လန်ပင်လယ်ဒေသသို့ ဆင်းသက်လာခြင်းသည် အတိုင်းအတာတစ်ခုအထိ အနိုင်ကျင့်ခြင်းပင် ဖြစ်သည်။

မှန်ပေသည်၊ ဤသည်မှာ ရေရှည်အတွက် အဖြေမဟုတ်ပေ။ နှစ်ရာချီ ကြာပြီးနောက် တံခါးပေါက် တည်ငြိမ်သွားပါက ရှေးဟောင်းမိစ္ဆာကမ္ဘာမှ ပဉ္စမအဆင့် မိစ္ဆာသားရဲများ ဆင်းသက်လာနိုင်ဦးမည် ဖြစ်သည်။

"ဒီလိုဆိုရင် ငါတို့ ဘာလို့ လက်ဦးမှု မယူတာလဲ..."

"တံခါးပေါက်နားမှာ ထောင်ချောက်ဆင်ပြီး... မိစ္ဆာသားရဲတွေ ဖြတ်လာတာနဲ့ ချက်ချင်း မိုးကြိုးနဲ့ ပစ်ခတ်သလို တိုက်ခိုက်ပြီး သတ်ပစ်လိုက်လို့ ရတာပဲ... ရန်သူကို ပုခက်ထဲကတည်းက အပြတ်ရှင်းပစ်လိုက်ရမှာပေါ့..."

လန်ယွဲ့ရှီက လေးနက်စွာ အကြံပြုလိုက်သည်။

မိစ္ဆာသားရဲများ ကျူးကျော်လာသည်ကို စောင့်ဆိုင်းနေမည့်အစား၊ တက်ကြွစွာ တိုက်ခိုက်ခြင်းက ပိုကောင်းသည်ဟု သူမ ထင်မြင်၏။ ဤသို့ဆိုလျှင် အန္တရာယ်ကို အနိမ့်ဆုံးအဆင့်အထိ လျှော့ချနိုင်ပေလိမ့်မည်။

"ကိစ္စက ထင်သလောက် မရိုးရှင်းဘူး..."

"ဒါက ကမ္ဘာနှစ်ခု ပေါင်းစည်းတာလေ... ဟင်းလင်းပြင်နိမိတ်လက္ခဏာ ပေါ်လာတဲ့နေရာတွေက အရမ်းများလွန်းတယ်... ဒီတံခါးပေါက်တွေက အကြီးအသေး အမျိုးစုံရှိပြီး ကျင့်ကြံခြင်းလောက နေရာအနှံ့မှာ ရှိနေတာ..."

"ငါတို့က တံခါးပေါက်တချို့ကို ပိတ်ဆို့ထားနိုင်ရင်တောင်မှ တံခါးပေါက်အကုန်လုံးကိုတော့ မပိတ်ဆို့နိုင်ဘူး... တကယ်လို့ အဲဒီ မိစ္ဆာသားရဲတွေက ငါတို့ ထောင်ချောက်ဆင်ထားတဲ့ တံခါးပေါက်ကနေ မဝင်လာဘဲ တခြားနေရာကနေ ဝင်လာရင်ရော..."

"အဲဒါဆိုရင် အရင် ပြင်ဆင်ထားသမျှ အကုန်လုံး အလဟဿ ဖြစ်သွားမှာပေါ့... ငါတို့ရဲ့ လူအင်အား၊ ပစ္စည်းအင်အားတွေပဲ ဖြုန်းတီးရာ ရောက်လိမ့်မယ်..."

သခင်မ မက်မွန်ပွင့်က ခေါင်းခါလိုက်သည်။

အမှန်အတိုင်း ဆိုရလျှင် ဝိညာဉ်သန္ဓေသား အင်အားစုများသည် ရင်းမြစ်ကို ပိတ်ဆို့လိုကြသော်လည်း၊ ဝမ်းနည်းစရာမှာ တံခါးပေါက်များ အလွန် များပြားလွန်းနေခြင်း ဖြစ်သည်။ ဇကာပေါက်ကဲ့သို့ ဖြစ်နေသဖြင့် လုံးဝ ပိတ်ဆို့၍ မရနိုင်ချေ။

"ဒီလိုဆိုရင် တံခါးပေါက် ပေါ်လာမယ့်နေရာက ချန်လန်ပင်လယ်ဒေသတစ်ခုတည်း မဟုတ်ဘူးပေါ့... ကျင့်ကြံခြင်းလောကရဲ့ တခြားနေရာတွေမှာရော တံခါးပေါက် ပေါ်လာနိုင်လား..."

ကျိုးစွေ့ ချက်ချင်းပင် တွေးမိလိုက်သည်။

မည်သို့ပင်ဖြစ်စေ ကျင့်ကြံခြင်းလောကသည် အလွန်တရာ ကြီးမားကျယ်ပြန့်ပြီး ချန်လန်ပင်လယ်ဒေသတစ်ခုတည်း ရှိသည်မဟုတ်ပေ။

သူတို့ ရှိနေသော နေရာသည် ဧရိယာအသေးစားလေးတစ်ခုသာ ဖြစ်သည်။ သူတို့အနေဖြင့် ချန်လန်ပင်လယ်ဒေသကို အလွန် အလေးထားသော်လည်း၊ ကြီးမားကျယ်ပြန့်သော ကျင့်ကြံခြင်းလောကကြီးနှင့် နှိုင်းယှဉ်လျှင် ဘာမှ မဟုတ်ပေ။

"ဟုတ်တယ်... တံခါးပေါက် ပေါ်လာနိုင်တယ်..."

"ဥပမာအားဖြင့် ကျင့်ကြံခြင်းလောကရဲ့ အရှေ့ဘက်ကန္တာရတိုက်၊ အနောက်ဘက်ကန္တာရတိုက်၊ မြောက်ဘက်ကန္တာရတိုက်နဲ့ တောင်ဘက်ကန္တာရတိုက် စတာတွေမှာလည်း ပေါ်လာနိုင်တယ်..."

"အဲဒီနေရာတွေကမှ ငါတို့ ကျင့်ကြံခြင်းလောက လူသားမျိုးနွယ်စုရဲ့ အဓိက စုဝေးရာနေရာတွေပဲ... အဲဒီနေရာတွေနဲ့ ယှဉ်လိုက်ရင် ငါတို့ ချန်လန်ပင်လယ်ဒေသက ကျေးလက်တောရွာလို ဖြစ်နေတာ..."

"အဲဒီတိုက်ကြီးတွေမှာ နတ်ဘုရားအသွင်ပြောင်းအဆင့် ဂိုဏ်းတွေ ရှိတယ်လို့ ဆိုကြတယ်... ဒါကြောင့် အဲဒီတိုက်ကြီးတွေက လူသားတွေရဲ့ အသက်ရှင်ရပ်တည်မှုကို စိုးရိမ်စရာ မလိုဘူး... ငါတို့က ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ရင် လုံလောက်ပြီ..."

သခင်မ မက်မွန်ပွင့်က ကျင့်ကြံခြင်းလောကတစ်ခုလုံး၏ အင်အားစု ဖြန့်ကျက်မှုကို အကျဉ်းချုံး ပြောပြလိုက်သည်။ သို့သော် သူမသည်လည်း ထိုတိုက်ကြီးများအကြောင်းကို သိပ်နားမလည်ပေ။

ရှေးဟောင်းမှတ်တမ်းအချို့တွင် ထိုကဲ့သို့ မှတ်တမ်းတင်ထားသည်ကို ဖတ်ဖူးရုံသာ ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ချန်လန်ပင်လယ်ဒေသသည် ထိုတိုက်ကြီးများနှင့် အလွန် ဝေးကွာလွန်းလှသည်။ အခြေခံအားဖြင့် ဤတစ်သက် ထိုတိုက်ကြီးများသို့ ရောက်ရှိနိုင်မည်မဟုတ်ပေ။ ထို့ကြောင့် သူမသည်လည်း ထိုနေရာများကို လေ့လာရန် စိတ်ဝင်စားမှု မရှိချေ။

"တကယ်တော့ တံခါးပေါက် ပေါ်လာတာက ငါတို့ ကျင့်ကြံခြင်းလောကအတွက် မကောင်းဘူးလို့ ပြောလို့မရဘူး..."

"အဲဒီ မိစ္ဆာသားရဲတွေက ငါတို့ ကျင့်ကြံခြင်းလောကထဲ ဝင်လာလို့ရရင် ငါတို့ကရော ရှေးဟောင်းမိစ္ဆာကမ္ဘာထဲ ဝင်ပြီး သတ်လို့ မရဘူးလား... ဘာလို့ ငါတို့ကပဲ မိစ္ဆာသားရဲတွေရဲ့ ကျူးကျော်တာကို ခံနေရမှာလဲ... ငါတို့ကရော ရှေးဟောင်းမိစ္ဆာကမ္ဘာကို သွားမကျူးကျော်နိုင်ဘူးလား..."

"ရှေးဟောင်းမိစ္ဆာကမ္ဘာက ငါတို့ ကျင့်ကြံခြင်းလောကထက် တကယ်ပဲ ပိုစွမ်းအားကြီးနေလို့လား..."

ချူတျဲယီက ဝင်ပြောလိုက်သည်။ သူမကမူ ဤသည်မှာ အခွင့်ကောင်းတစ်ခုဟု ထင်မြင်ပြီး၊ အခွင့်အရေးယူကာ ရှေးဟောင်းမိစ္ဆာကမ္ဘာထဲသို့ ဝင်ရောက်တိုက်ခိုက်သင့်သည်ဟု ယူဆ၏။

ရှေးဟောင်းမိစ္ဆာကမ္ဘာထဲတွင် ကျင့်ကြံခြင်းလောက၌ မရှိသော ရတနာအမြောက်အမြား ရှိသည်ဟု ဆိုကြသည်။ အကယ်၍ ရှေးဟောင်းမိစ္ဆာကမ္ဘာထဲသို့ ဝင်ရောက်နိုင်ပါက ကျင့်ကြံခြင်းအရင်းအမြစ်များနှင့် ရတနာအမြောက်အမြားကို ရယူနိုင်ပေလိမ့်မည်။

All Chapters