← Chapters

ဘယ်ဝိညာဉ်သန္ဓေသားဘိုးဘေးက မယားပြိုင်မထားဘဲ နေလို့လဲ၊ သခင်မမက်မွန်ပွင့်ကို လက်ထပ်ခြင်း(၁)။

Vol. 40 Ch. 449

ဘယ်ဝိညာဉ်သန္ဓေသားဘိုးဘေးက မယားပြိုင်မထားဘဲ နေလို့လဲ၊ သခင်မမက်မွန်ပွင့်ကို လက်ထပ်ခြင်း(၁)။

Vol. 40 Ch. 449

ဝှစ်...။

ထိုအချိန်တွင် ဝူကျိခန်းမဆောင်အပြင်ဘက်၌ လူရိပ်သုံးခု ရုတ်တရက် ပေါ်ထွက်လာသည်။ ၎င်းတို့မှာ ကျိုးစွေ့၊ လင်းယာကျူနှင့် သခင်မမက်မွန်ပွင့်တို့ပင် ဖြစ်ကြ၏။

သူတို့သုံးဦး ဝူကျိခန်းမဆောင်အပြင်ဘက်သို့ ရောက်ရှိလာသည့်ခဏ၌ ဝိညာဉ်သန္ဓေသားကျင့်ကြံသူအများအပြား၏ အာရုံစိုက်မှုကို ချက်ချင်း ဆွဲဆောင်လိုက်လေသည်။

အထူးသဖြင့် ကျိုးစွေ့သည် လူတိုင်း၏ အာရုံစိုက်ရာ ဗဟိုချက် ဖြစ်လာခဲ့၏။ နတ်ဘုရားအသွင်ပြောင်းအဆင့်သို့ တက်လှမ်းနိုင်မည့် ပါရမီရှင်ဖြစ်ပြီး၊ သခင်မမက်မွန်ပွင့်၏ မျက်နှာသာပေးမှုကို ရရှိထားရုံသာမက၊ အမျိုးသမီးများစွာနှင့် ပေါင်းဖက်သည်ကိုပင် ခွင့်လွတ်လက်ခံထားသူဖြစ်ရာ၊ တစ်ဖက်လူမှာ မည်သို့သော ပုံပန်းသဏ္ဌာန်ရှိသည်ကို လူတိုင်းက သိချင်နေကြသည်မှာ သဘာဝပင် ဖြစ်သည်။

"မဖြစ်နိုင်တာ... ဒီကောင်က ဒီလောက်တောင် ချောမောခန့်ညားနေတာလား... ကျောက်စိမ်းရုပ်သွင်လို သန့်စင်ပြီး... လေပြေလေညင်းလို နူးညံ့သိမ်မွေ့တယ်... ဓားသွားလို မျက်ခုံး၊ ကြယ်ပွင့်လို မျက်လုံးနဲ့... တကယ့်ကို ကောင်းကင်ဘုံက ဆင်းသက်လာတဲ့ နတ်သားတစ်ပါးလိုပါလား... လောကကြီးမှာ ဒီလိုခန့်ညားတဲ့အလှမျိုး ရှိသေးတာလား..."

"သခင်မမက်မွန်ပွင့်က သူ့ကို အခြေတည်အဆင့်ကတည်းက မျက်စိကျနေတာ မဆန်းတော့ဘူး... ဒီလိုရုပ်ရည်မျိုး ပိုင်ဆိုင်ထားတာကိုး..."

"ဟူး... ဒီလိုရုပ်ရည်မျိုးသာရှိရင် ဘာကျင့်ကြံခြင်းမှ မရှိရင်တောင်မှ အမျိုးသမီးကျင့်ကြံသူတွေ အများကြီးကို ဝိုင်းဝိုင်းလည်နေမှာ..."

"အစက ဒီကောင့်ကို 'အပေါ်ယံရွှေမှုန်ကြဲ အထဲကနောက်ချေးခံ' ဆိုပြီး ဆဲချင်နေတာ... ဒါပေမဲ့ ဒီကောင်က အသက်တစ်ရာမှာ ဝိညာဉ်သန္ဓေသားဖွဲ့စည်းနိုင်ပြီး နတ်ဘုရားအသွင်ပြောင်းအဆင့် ပါရမီရှင် ဖြစ်နေတော့... ဘာမှ ပြောလို့ကိုမထွက်တော့ဘူး..."

"လူချင်းတူပေမယ့် ကွာခြားချက်က ဘာလို့ ဒီလောက်တောင် ကြီးမားရတာလဲကွာ... ဒီကောင်က ရုပ်ချောတာထားပါတော့... ကျင့်ကြံခြင်းပါရမီကလည်း အံ့မခန်းလောက်အောင်ကို ကောင်းနေသေးတယ်... ကံတရားကလည်း အရမ်းကိုကောင်း... ကောင်းကင်ဘုံက တကယ့်ကို မတရားဘူးကွာ..."

"သခင်မမက်မွန်ပွင့် ဒီကောင့်ကို ကြိုက်တာ အပြစ်ပြောလို့မရဘူး... ငါသာ မိန်းမဆိုရင် သေချာပေါက် ကြွေသွားမှာပဲ..."

"ငါသာ ဒီလိုရုပ်မျိုး ပိုင်ဆိုင်ထားရင် တာအိုလက်တွဲဖော် သုံးထောင်လောက်ထားဖို့ဆိုတာ လွယ်လွယ်လေးပဲ..."

"ကြားရသလောက် ဒီလူက အင်မော်တယ်ရှားကျွန်းမှာတုန်းက အခြေအနေအလိုက် နေတတ်ပြီး... ဉာဏ်နီဉာဏ်နက် အရမ်းများတယ်တဲ့... ' ကောင်းကင်ဘုံကျောက်စိမ်းတာအိုအရှင်' လို့တောင် နာမည်ပြောင် ရထားတာ... အမျိုးသမီးကျင့်ကြံသူအများကြီးက သူ့ကို ပြုစုယုယချင်ကြပြီး... ပိုင်ဆိုင်သမျှ ပုံအောပေးကြလို့ အောင်အောင်မြင်မြင် အခြေတည်နိုင်ခဲ့တာတဲ့..."

"ပါရမီကလည်း ထူးချွန်... အခြေအနေအလိုက်လည်း နေတတ်... ရုပ်ရည်ကလည်း ချောမောတော့... ဒီကောင် အောင်မြင်တာလည်း ပြောကိုမနေတော့နဲ့..."

ဝိညာဉ်သန္ဓေသားကျင့်ကြံသူအများအပြား တိတ်တဆိတ် နတ်ဘုရားအာရုံဖြင့် ဆက်သွယ်ပြောဆိုနေကြသည်။

မူလက သူတို့သည် ကျိုးစွေ့ကို ဝေဖန်ပိုင်းခြားပြီး အပြစ်ရှာချင်နေခဲ့ကြ၏။ သို့သော် ကျိုးစွေ့ကို မြင်လိုက်ရသည့်ခဏ၌ မည်သည့်စကားမှ ပြောမထွက်တော့ချေ။

အဘယ်ကြောင့်ဆိုသော် တစ်ဖက်လူသည် လွန်စွာ ပြီးပြည့်စုံလွန်းပြီး မည်သည့်အားနည်းချက်ကိုမျှ ရှာမတွေ့သောကြောင့် ဖြစ်သည်။ ယောက်ျားချင်း တူနေသည့်တိုင် သူတို့သည် မည်သည့် မကောင်းစကားမျှ ပြောမထွက်ကြပေ။ အကယ်၍ အတင်းအဓမ္မ ပြောဆိုလိုက်လျှင် မနာလိုဖြစ်နေသည်ဟု အထင်ခံရမည်ဖြစ်ပြီး မိမိ၏ ဂုဏ်သိက္ခာကိုသာ ထိခိုက်စေပေလိမ့်မည်။

မှန်ပေသည်၊ ကျိုးစွေ့၏ ရုပ်ရည်နှင့် စိတ်နေသဘောထား ပိုမိုပြည့်စုံလာရခြင်းသည် ပဉ္စမအဆင့် 'ချစ်ခြင်းမေတ္တာကူ' နှင့်လည်း ကြီးမားသော ဆက်နွယ်မှု ရှိပေသည်။

'ချစ်ခြင်းမေတ္တာကူ' ၏ စွမ်းအား အဆက်မပြတ် တိုးတက်လာသည်နှင့်အမျှ ကျိုးစွေ့၏ ရုပ်ရည်နှင့် စိတ်နေသဘောထားကို အလွန်တရာ ပြည့်စုံသည်အထိ ပြုပြင်ပြောင်းလဲပေးခဲ့သည်။

ယင်းသည် အမျိုးသမီးများ မြင်လိုက်ရလျှင် ချစ်ခင်စွဲလမ်းသွားရုံသာမကပေ။ အမျိုးသားများ မြင်လိုက်ရပါကလည်း ကောင်းမွန်သော အမြင်မျိုး ဖြစ်ပေါ်လာစေသည်။ မည်သို့ပင်ဖြစ်စေ အတိုင်းအတာတစ်ခုအထိ ပြည့်စုံလွန်းသော အမျိုးသားတစ်ဦးကို တွေ့လိုက်ရသောအခါ မနာလိုဝန်တိုစိတ်ပင် ဖြစ်ပေါ်လာခြင်း မရှိတော့ချေ။ ဤလူသည် လူ့ဘုံလောကမှ မဟုတ်နိုင်ဟုသာ ခံစားလိုက်ရတော့သည်။

"ဟူး... ငါ့သမီး နေ့တိုင်း စိတ်နဲ့ကိုယ် မကပ်ဖြစ်ပြီး အချစ်စိတ် မွှန်နေတာ အံ့သြစရာ မဟုတ်တော့ပါဘူး..."

ဝူကျိတာအိုအရှင်တစ်ယောက် သက်ပြင်းသာ ချလိုက်မိတော့သည်။ သူ့တွင် ဘာမှ ပြောစရာမရှိတော့ပေ။

ယခင်က သူသည် ကျိုးစွေ့နှင့် ပတ်သက်သော သတင်းအချက်အလက်အများအပြားကို ရရှိထားသော်လည်း ကျိုးစွေ့၏ ပုံပန်းသဏ္ဌာန် အစစ်အမှန်ကို မမြင်ဖူးခဲ့ပေ။ ယခု ကိုယ်တိုင် မြင်တွေ့လိုက်ရသောအခါ သမီးဖြစ်သူ၏ အတွေးများကို သူ ကောင်းစွာ နားလည်သွားခဲ့ရသည်။

သူ၏သမီးသည် နှစ်ပေါင်း(၅၀၀)ကျော် တစ်ကိုယ်တည်း နေထိုင်ခဲ့ပြီး အိမ်ထောင်ပြုရန် စိတ်ကူးလုံးဝမရှိခဲ့သည်မှာ အံ့သြစရာ မဟုတ်ပေ။ သို့သော် ဤအမျိုးသားနှင့် တွေ့ဆုံပြီးနောက် ယခင်က ခံယူချက်များအားလုံးကို လျင်မြန်စွာ စွန့်လွှတ်လိုက်ပြီး ကိုယ့်ကိုယ်ကိုယ် အပ်နှင်းရန်ပင် ဝန်မလေးတော့ချေ။ ဤအမျိုးသားသည် လောကသို့ ဆင်းသက်လာသော နတ်သားတစ်ပါး ဖြစ်သည်ဟုသာ ပြောရပေတော့မည်။

"အဖေ..."

သခင်မမက်မွန်ပွင့်၏ မျက်နှာလေးမှာ နီရဲနေပြီး ရင်ထဲတွင် သမင်ပျိုလေးတစ်ကောင် ကစုန်ပေါက်နေသကဲ့သို့ ခံစားနေရသည်။

ကျိုးစွေ့ကို ခေါ်ဆောင်လာခြင်းသည် ကိုယ့်ယောက်ျားကို ယောက္ခမနှင့် လာရောက်ကာ မိတ်ဆက်ပေးသကဲ့သို့ ခံစားရပြီး၊ ယခင်က ဤကဲ့သို့သော ခံစားချက်မျိုး တစ်ခါမျှ မရှိခဲ့ဖူးပေ။ သူမ၏ ရင်ထဲတွင် အလွန်တရာ ရှက်ရွံ့နေမိသည်။

"အင်း... ဒီလူက အင်မော်တယ်ရှားမြို့တော်က တာအိုရောင်းရင်းကျိုး မဟုတ်လား... နာမည်ကြားဖူးနေတာ ကြာပါပြီ..."

"မင်း ငါ့သမီးနဲ့ ဘယ်အချိန် လက်ထပ်မှာလဲ... ဒီအတိုင်း ဆက်သွားနေလို့လည်း ဖြစ်မှာမဟုတ်ဘူး.. ဘာပဲပြောပြော ငါ့သမီးက အသက်ငါးရာကျော်နေပြီ... အပျိုကြီး ဖြစ်နေပြီဆိုတော့ အချိန်ဆွဲလို့ မရတော့ဘူး..."

ဝူကျိတာအိုအရှင်က ကျိုးစွေ့ကိုကြည့်ပြီး စကားဝေ့မနေဘဲ တဲ့တိုးပင် မေးမြန်းလိုက်တော့သည်။

သမီးအကြောင်း အသိဆုံးမှာ ဖခင်ပင်။

သမီးဖြစ်သူ၏ ရင်ထဲမှ ဆန္ဒကို သူ မည်သို့ နားမလည်ဘဲ နေပါမည်နည်း။

သူ၏အင်အားကို အသုံးပြုပြီး ဤအမျိုးသားကို အိမ်ထောင်ပြုရန် ဖိအားပေးစေချင်နေခြင်းသာ ဖြစ်ရပေလိမ့်မည်။

လှပသော သူ၏သမီးအလိမ္မာလေးက တစ်နေ့တွင် ဤမျှ တက်ကြွလှုပ်ရှားလိမ့်မည်ဟု သူ့ခေါင်းကို ရှစ်စိတ်ကွဲအောင် ရိုက်ခွဲလျှင်ပင် သူ ထင်မှတ်ထားခဲ့မည် မဟုတ်ပေ။

ဖခင်အိုကြီးတစ်ယောက်အနေဖြင့် သမီးဖြစ်သူအတွက် ကူညီတွန်းပို့ပေးရန် လိုအပ်သည်မှာ သဘာဝပင်။

"ဘာရယ်..."

ဤစကားကို ကြားသောအခါ ကျိုးစွေ့တစ်ယောက် ကြောင်အသွားရသည်။

သူ ဝူကျိကျွန်းကို လာရခြင်းမှာ မကြာမီ ကျရောက်လာမည့် ကမ္ဘာပေါင်းစည်းခြင်းကိစ္စကို ဆွေးနွေးရန် မဟုတ်ပါလော။

မျက်စိတစ်မှိတ်အတွင်း အဘယ်ကြောင့် သူ့နှင့် သခင်မမက်မွန်ပွင့်တို့၏ မင်္ဂလာကိစ္စကို ရောက်သွားရပါသနည်း။

ဘေးနားတွင် မျက်နှာနီရဲနေသော အလွန်လှပသည့် သခင်မမက်မွန်ပွင့်ကို မြင်လိုက်ရသောအခါ သူ အလိမ်ခံလိုက်ရပြီ ဖြစ်မှန်း မသိဘဲ မနေတော့ပေ။

သခင်မမက်မွန်ပွင့်သည် သူ အချိန်ကြာမြင့်စွာ မည်သည့်သဘောထားမှ မပေးဘဲ လျစ်လျူရှုထားသည်ကို တွေ့ရသဖြင့် စိတ်လောသွားပုံရသည်။ ထို့ကြောင့် ဖခင်ဖြစ်သူ၏ အင်အားကို အသုံးပြုပြီး သူ့ကို အကြပ်ကိုင်ကာ သဘောတူညီချက် ရယူလိုခြင်းသာ ဖြစ်ရပေလိမ့်မည်။

မည်သို့ပင်ဖြစ်စေ သူမသည် အသက်ကြီးနေသော အပျိုကြီးတစ်ဦး ဖြစ်နေပြီ မဟုတ်ပါလော။

"စီနီယာ... ကျွန်တော့်ဘက်ကတော့ ကန့်ကွက်စရာမရှိပါဘူး... ဒါပေမဲ့ ကျွန်တော့်မှာ တာအိုလက်တွဲဖော်တွေ ရှိနေပြီးသားဆိုတော့... သူ့ကို နစ်နာစေမှာ စိုးရိမ်မိပါတယ်..."

ကျိုးစွေ့ မျက်တောင်ခတ်လိုက်သည်။

"ဒါက ကိစ္စမရှိပါဘူး... လောကမှာ ဘယ်ဝိညာဉ်သန္ဓေသားကျင့်ကြံသူက မယားပြိုင်မထားဘဲ နေလို့လဲ... နှစ်ဦးနှစ်ဖက် သဘောတူကြည်ဖြူနေသရွေ့ ဘာပြဿနာမှ မရှိဘူး..."

"မင်းဘက်က ကန့်ကွက်စရာမရှိမှတော့ ဒီကိစ္စကို ငါပဲ ဆုံးဖြတ်လိုက်မယ်... ခုနစ်ရက်ကြာရင် တာအိုလက်တွဲဖော်အခမ်းအနား ကျင်းပလိုက်ကြတာပေါ့... ကိုင်း ငါ့သမီး... သမီးရော ဘာပြောစရာ ရှိသေးလဲ..."

ဝူကျိတာအိုအရှင်က ကျိုးစွေ့ ငြင်းဆန်မည်ကို စိုးရိမ်သည့်အလား စားပွဲကို ဖြန်းခနဲရိုက်ကာ ချက်ချင်းပင် အတည်ပြု ဆုံးဖြတ်လိုက်လေသည်။

"အင်း... အဖေသဘော အဖေ စီစဉ်တဲ့အတိုင်းပါပဲ..."

သခင်မမက်မွန်ပွင့်၏ မျက်နှာလေး နီရဲနေပြီး ရှက်သွေးဖြာနေလေသည်။ အပျိုစင်မိန်းမပျိုလေးတစ်ဦးကဲ့သို့ လွန်စွာ လှပနေပြီး ဆွဲဆောင်မှုရှိသော အရှိန်အဝါများကို ထုတ်လွှတ်နေကာ ရင်ခုန်စရာ ကောင်းလွန်းလှသည်။

"ဘာ..."

ဤစကားကို ကြားသောအခါ ဝူကျိတာအိုအရှင်ခမျာ နှုတ်ခမ်းမဲ့သွားရရှာသည်။ သူ့သမီး၏ စိတ်နေသဘောထားကို သူ အသိဆုံးဖြစ်သည်။

အပြင်ပန်း နူးညံ့သော်လည်း အတွင်းစိတ် မာကျောသူ ဖြစ်သည်။ အကယ်၍ မလိုလားပါက မည်သို့ အတင်းအကြပ် စီစဉ်သည်ဖြစ်စေ လက်ခံမည့်သူ မဟုတ်ပေ။

မကြိုက်သောယောက်ျားဖြစ်ပါက မျက်နှာလွှဲပြီး ချက်ချင်း ထွက်ခွာသွားပေလိမ့်မည်။ ယခုကဲ့သို့ ရှက်သွေးဖြာနေသည့် ပုံစံမျိုး ဖြစ်လာမည် မဟုတ်ချေ။ ဤတစ်သက် သူ့သမီး၏ ဤကဲ့သို့သော ပုံစံမျိုးကို တစ်ခါမျှ မမြင်ဖူးခဲ့ရာ ဗဟုသုတ တိုးသွားရလေတော့သည်။

"ဒါက..."

ဘေးပတ်ဝန်းကျင်ရှိ ဝိညာဉ်သန္ဓေသားကျင့်ကြံသူများအားလုံးသည်လည်း ကြောင်အသွားကြသည်။ ဤကဲ့သို့သော မြင်ကွင်းမျိုးကို မြင်တွေ့ရလိမ့်မည်ဟု သူတို့ လုံးဝ ထင်မှတ်မထားခဲ့ကြပေ။ လူတိုင်း ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြသည်။

နာမည်ကျော်ကြားလှသော သခင်မမက်မွန်ပွင့်သည် အခြားသူတစ်ဦးနှင့် တာအိုလက်တွဲဖော် ဖြစ်တော့မည်ဟု မည်သူ ထင်မှတ်ထားပါမည်နည်း။

သခင်မမက်မွန်ပွင့်၏ ရှက်သွေးဖြာနေသော ပုံစံကို မြင်လိုက်ရသောအခါ၊ သူမကို တိတ်တခိုး ကြိုက်နေကြသော ဝိညာဉ်သန္ဓေသားကျင့်ကြံသူများသည် ရင်ထဲတွင် ကျွဲအခွေ့ခံလိုက်ရသကဲ့သို့ နာကျင်သွားကြပြီး အသက်ရှူပင် ကျပ်သွားကြတော့သည်။

နာမည်ကျော်ကြားလှသော သခင်မမက်မွန်ပွင့်သည် ဤကဲ့သို့သော ပုံစံမျိုး မဟုတ်သင့်ပေ။ အလွန် အေးစက်ပြီး မာန်မာနကြီးကာ အမျိုးသားများကို ပုရွက်ဆိတ်များကဲ့သို့ ကြည့်တတ်သူ ဖြစ်သင့်သည်။

သို့သော် ယခုမူ ငှက်ကလေးတစ်ကောင်က သခင်အဖြစ် အသိအမှတ်ပြုချင်သူအား ပွတ်သီးပွတ်သပ်လုပ်နေသကဲ့သို့ ဖြစ်နေချေသည်။ မြင့်မြတ်သော နတ်ဘုရားမတစ်ပါးက ဤကဲ့သို့ ဖြစ်သွားလိမ့်မည်ဟု မည်သူ ထင်မှတ်ထားပါမည်နည်း။

ဤနတ်ဘုရားမ၏ မူလအတွင်းစိတ်သည် အမြဲတမ်း အေးစက်နေသူ မဟုတ်ကြောင်း ပေါ်သွားခဲ့ချေပြီ။ သူတို့အပေါ်၌သာ အေးစက်နေခြင်းသာ ဖြစ်လေ၏။ သူမ ကြိုက်နှစ်သက်သော အမျိုးသားအပေါ်တွင်မူ နတ်ဘုရားမသည် အလွန် နွေးထွေးပြီး၊ ပြုံးရယ်တတ်ကာ၊ ရှက်သွေးပင် ဖြာတတ်လေသည်။

ကျိုးစွေ့ကိုကြည့်ရင်း ထိုဝိညာဉ်သန္ဓေသားကျင့်ကြံသူများသည် အတိုင်းအဆမရှိ မနာလိုဝန်တို ဖြစ်နေကြပြီး၊ ရင်ထဲတွင် အချဉ်ရည်များ ပေါက်ကွဲထွက်လာသကဲ့သို့ ခံစားနေကြရသည်။ အားကျခြင်း၊ မနာလိုခြင်း၊ မုန်းတီးခြင်းတို့ ရောထွေးနေလေသည်။

သို့သော် ယခုအချိန်တွင် သူတို့ ဘာမှ မတတ်နိုင်ကြပေ။ မည်သို့ပင်ဖြစ်စေ သူတို့နှစ်ဦးမှာ လိုက်ဖက်ညီပြီး တစ်ဦးပေါ်တစ်ဦး ချစ်မြတ်နိုးနေကြရာ၊ သူတို့ကဲ့သို့သော အပြင်လူများ ဝင်ရောက် ကန့်ကွက်ရန် အလှည့်မကျနိုင်ပေ။

All Chapters