← Chapters

ဆန်းကြယ်ချောက်နက် ပွင့်ကူဧကရာဇ်

Vol. 37 Ch. 363

ဆန်းကြယ်ချောက်နက် ပွင့်ကူဧကရာဇ်

Vol. 37 Ch. 363

"သခင်... အစီအရင်ပညာရဲ့အနှစ်သာရက တစ်ခုကိုသိရင် ဆယ်ခုကိုချဲ့ထွင်တွေးခေါ်နိုင်ဖို့ပါ၊အလွတ်ကျက်မှတ်နေရုံသက်သက် မဟုတ်ဘဲ အလိုလိုသိမြင်စိတ်ရှိဖို့လိုပါတယ်"

ချင်းချိုဘိုးဘေးက ပါးနပ်လိမ္မာစွာဖြင့် သတိပေးလိုက်သည်။

ရှန်းယီသည် ဗလာဖြစ်နေသော ဂူအိမ်ရာထဲတွင် ထိုင်လျက် သူ၏နားထင်များကို အားပါပါနှိပ်နယ်နေ၏။

အမျိုးမျိုးသောအစီအရင်ဇယားများသည် သူ၏ စိတ်အာရုံထဲတွင်ပြေးလွှားနေပြီး သူ၏ စိတ်ဝိညာဉ်ကို အနည်းငယ်ကြီးစိုးလွှမ်းမိုးနေသည်။

နှစ်ပေါင်း နှစ်ထောင်နီးပါးခန့် တွေးခေါ်ဆင်ခြင်ပြီးနောက်တွင်...

ရှန်းယီသည် နောက်ဆုံး၌အစီအရင်ဆိုင်ရာ စာအုပ် ၇ အုပ်ကို ပိုင်နိုင်စွာ တတ်မြောက်ခဲ့ပြီဖြစ်သည်။

...

သူ၏လက်ရှိ အစီအရင် နားလည်နိုင်စွမ်းနှင့် ဆိုလျှင် သူ့ကို ဆရာတစ်ဆူဟုခေါ်ဆိုရန် မလုံလောက်သေးပေ။

သို့သော် ရွှီမိသားစု၏အစီအရင်ဇယားလက်စွဲ တစ်ခုလုံးကို စတင်လေ့လာဆန်းစစ်လိုက်သည့် အချိန်ကျမှသာ သူယခင်က သင်ယူခဲ့သမျှသည် အခြေခံမျှသာဖြစ်ကြောင်း နားလည်လိုက်၏။

ရွှီမိသားစု၏လက်စွဲစာအုပ်တွင် စုစုပေါင်း အစီအရင်ဇယား ၁၃၀၀ ခန့် မှတ်တမ်းတင်ထားသည်။

နဂါးချုပ်နှောင်အစီအရင်တစ်ခုတည်းကပင် ပုံစံကွဲပေါင်းရာဂဏန်းနီးပါးအထိ ပြောင်းလဲနိုင်ပြီး၊ သေးငယ်သောပြုပြင်ပြောင်းလဲမှုလေးများက လုံးဝကွဲပြားခြားနားသော ရလဒ်များကို ဖြစ်ပေါ်စေနိုင်သည်။

ချင်းချိုဘိုးဘေး ပြောသည့်အတိုင်းပင်၊ ဤပညာရပ်သည် ပါရမီအပေါ်တွင် မူတည်နေ၏။

တစ်ခုကို ပိုင်နိုင်စွာ တတ်မြောက်လျှင် အားလုံးကို နားလည်သဘောပေါက်နိုင်သည်။

အဓိကအချက်မှာ အစီအရင်များ၌ ပုံသေသဏ္ဍာန်မရှိဘဲ မိမိစိတ်ဆန္ဒရှိသလို လုပ်ဆောင်တတ်ရန် ဖြစ်သည်။

ရှန်းယီသည် အလိုလိုသိမြင်စိတ်ဆိုသည်ကို အမှန်တကယ် နားမလည်နိုင်သဖြင့်၊ သူသည် အရိုင်းစိုင်းဆုံး နည်းလမ်းကို ရွေးချယ်လိုက်၏။

ဉာဏ်အလင်းပွင့်ခြင်းက သူ့ကို ရှောင်ဖယ်နေလျှင်၊ သူက အလွတ်ကျက်မှတ်သည့် နည်းလမ်းကို အသုံးပြုမည်။

ပြောင်းလဲမှုပုံစံ အားလုံးကို အလွတ်မှတ်မိနေသမျှ ကာလပတ်လုံး၊ နားလည်သဘောပေါက်ထားသည်နှင့် အတူတူပင်။

ချင်းချိုဘိုးဘေးသည် ၎င်းကို နားမလည်နိုင်ကြောင်း ဝန်ခံသော်လည်း၊ အလွန်အမင်း တုန်လှုပ်အံ့သြသွားခဲ့၏။

သူ၏သခင်သည် သိမ်မွေ့နက်နဲသော အစီအရင် ပညာရပ်ကို အရိုင်းဆန်ပြီးရှေးကျသော အလှတရားတစ်မျိုးအဖြစ် ပြောင်းလဲပစ်လိုက်ခြင်း ဖြစ်သည်။

ရှန်းယီသည် သူ၏နတ်ဆိုးသက်တမ်းများကို အသုံးပြု၍ ကြိုးပမ်းနေစဉ်မှာပင် ဧည့်သည်အသစ် နှစ်ဦးဂူအိမ်ရာသို့ ရောက်ရှိလာကြ၏။

"ခြင်္သေ့ဧကရာဇ်ရဲ့ ကျင့်ကြံခြင်းအဆင့် တိုးတက်လာတဲ့အတွက် ဂုဏ်ယူပါတယ်ဗျာ"

သူတို့သည် အနားသို့မရောက်လာမီကပင် ကျယ်လောင်စွာ အော်ဟစ်နှုတ်ဆက်လိုက်ကြသည်။

ရွှေမျက်လုံးခြင်္သေ့သည် ပြန်ရောက်လာပြီး တောင်ရိုင်းနတ်ဆိုးဧကရာဇ်ကို သတ်ဖြတ်ခဲ့ကြောင်း၊ ထို့နောက် ချက်ချင်းဆိုသလို ယိုဝေနတ်ဆိုးဧကရာဇ်ဆီမှ ယိုဝေလှံကို လုယူခဲ့ကြောင်း ကြားသိရခြင်းက ၎င်း၏ရက်စက်ကြမ်းကြုတ်ပြီး လောဘကြီးသော သဘာဝကို သက်သေပြနေ၏။

တစ်ဖက်လူအား သူတို့က ဂူအိမ်ရာကို ကျူးကျော်ဝင်ရောက်လာသည်ဟု မထင်မှတ်စေခြင်းက အကောင်းဆုံးပင်။

"ကျွန်တော်နဲ့ကျွန်တော့်အစ်ကိုက ရွှေတောင်ပံ နတ်ဆိုးဧကရာဇ်ရဲ့လက်အောက်မှာ အမှုထမ်းပါတယ်၊ အောင်ပွဲခံဖို့အတွက် ဝိုင်ကောင်းကောင်းလေးတွေ အထူးတလည် ယူလာခဲ့ပါတယ်"

သမင်နတ်ဆိုး (သခင်နဲ့ဒရယ်စပ်တဲ့နတ်ဆိုးတစ်မျိုး) က ပြုံးရွှင်စွာပြောရင်း ဝိုင်အိုးကြီးတစ်လုံးကို ကိုင်ဆောင်လျက် လျှောက်လာ၏။

သူ့နောက်တွင် ထင်ရှားသော ကြက်အမောက်ပါရှိသည့် နတ်ဆိုးကြီးတစ်ကောင် လိုက်ပါလာသည်။ သူသည် ပြုံးမနေသော်လည်း ယဉ်ကျေးစွာဖြင့် လက်နှစ်ဖက်ကို ဆုပ်ကာ နှုတ်ဆက်လိုက်၏။

"ကျွန်တော်တို့က မူလကတော့ ခြင်္သေ့ဧကရာဇ်ကို ရှစ်မျက်နှာ စားသောက်ခန်းမမှာ တွေ့ဆုံဖို့ ဖိတ်ခေါ်ချင်ခဲ့တာပါ၊ ဒါပေမဲ့ မကြာသေးမီက မငြိမ်မသက်မှုတွေကြောင့် အဲဒါက မဖြစ်နိုင်တော့ပါဘူး။ ဒါပေမဲ့ ဒီဝိုင်ကလည်း အဲဒီ စားသောက်ခန်းမက လာတာမို့လို့ သုံးဆောင်ပေးပါဦး" ဟု သူတို့က ပြောသည်။

ထိုသို့ပြောပြီးနောက် သူတို့နှစ်ဦးလုံး ရှေ့ကို ကြည့်လိုက်ကြ၏။

ရိုးရှင်းသော ဂူအိမ်ရာ အတွင်း၌ ရွှေမျက်လုံးခြင်္သေ့သည် ကျောက်တုံးစင်မြင့်တစ်ခုပေါ်တွင် ပေါ့ပေါ့ပါးပါး မှီထိုင်နေပြီး၊ ဤနေရာကို သူ၏ကိုယ်ပိုင် နယ်မြေအဖြစ် သတ်မှတ်ထားကြောင်း ထင်ရှားနေသည်။

နတ်ဆိုးနှစ်ကောင် ချဉ်းကပ်လာသည်ကို မြင်သောအခါ...

ရှန်းယီသည် သူတို့ကို တစ်ချက်ကြည့်လိုက်ပြီး၊ ပေါ့ပေါ့ပါးပါးပင် လက်မြှောက်ပြလိုက်၏။ "ထိုင်ကြ"

ဤနတ်ဆိုးနှစ်ကောင်နှင့် ပတ်သက်၍ ခြင်္သေ့နတ်ဆိုးဝိညာဉ်က သူ့ကို အစောပိုင်းကတည်းက အသိပေးထားပြီးဖြစ်သဖြင့် ယခု ထပ်မေးနေစရာ မလိုတော့ပေ။

သမင်နတ်ဆိုးသည် နံပတ် ၂၀ ကျော်ဂူမှ ကြောက်မက်ဖွယ် သတ္တဝါဖြစ်ပြီး၊ မိုးကြိုးခွါနှင့် ယိုဝေတို့၏အဆင့်ကို မမီသော်လည်း၊ ယခင်က ရွှေမျက်လုံးခြင်္သေ့ဧကရာဇ် ရှိခဲ့သည့် အဆင့်ထက်တော့ ကျော်လွန်နေသည်။

ကြက်ဖနတ်ဆိုးမှာမူ ပို၍ပင် စွမ်းအားကြီးမားပြီး ယိုဝေ၏အထက်နားတွင်ပင် ရှိနေပေ၏။

"ခြင်္သေ့ဧကရာဇ်ရဲ့ဂုဏ်သတင်းကို ကြားနေရတာ ကြာပါပြီ၊ တကယ့်ကို ခမ်းနားထည်ဝါတာပဲ"

ခြင်္သေ့၏ဂရုမစိုက်သော အမူအရာကို ကြည့်ပြီး သမင်နတ်ဆိုးသည် သူ့လက်ထဲမှ ယိုဝေလှံကို မသိမသာခိုးကြည့်လိုက်ကာ ခေါင်းညိတ်ပြီး ရွှင်လန်းစွာ ထိုင်လိုက်သည်။

မတော်တဆ သူသည် ကြက်ဖနတ်ဆိုးနှင့် ခေတ္တမျှ မျက်လုံးချင်း ဆုံမိသွားသည်။

နံပတ် ၄၀ မြောက်ဂူက နတ်ဆိုးဧကရာဇ်က ဒီလောက် အချိန်တိုအတွင်းမှာပဲမာန်တက်နေပြီပဲ။

…

ကြက်ဖနတ်ဆိုးသည် ခေါင်းကို ဖြည်းညှင်းစွာ ခါလိုက်ပြီး မည်သည့် ထူးခြားသော တုံ့ပြန်မှုကိုမျှ မပြပေ။

အာဏာရလာသည့်အခါ မောက်မာလာခြင်းသည် ထူးဆန်းသော ကိစ္စမဟုတ်ပါဘူး။

နတ်ဆိုးတစ်ထောင်ဂူတွင် နှစ်များတစ်လျှောက်လုံး ဤကဲ့သို့သော ဥပမာများစွာ ရှိခဲ့သော်လည်း၊ နောက်ဆုံးအထိ အသက်ရှင်ကျန်ရစ်သူမှာ လက်ချိုးရေတွက်၍ ရကောင်းရနိုင်သည်။

ယနေ့ သူတို့ ရွှေတောင်ပံ နတ်ဆိုးဧကရာဇ်၏ အမိန့်ဖြင့် ရောက်လာခြင်း ဖြစ်သည်။

ထို့အပြင် ခြင်္သေ့၏နောက်ခံကို မသိရသေးခြင်း၊ ယိုဝေပင်လျှင် သူ့ကို ကြောက်ရွံ့နေခြင်းတို့ကြောင့် အနည်းငယ် သည်းခံလိုက်ခြင်းက ဘာမှ မထိခိုက်နိုင်ပေ။

ထိုအတွေးဖြင့် သူတို့သည် ဝိုင်အိုးကို ဖွင့်ရန် ထရပ်လိုက်ကြပြီး၊ ပန်းကန်လုံးကြီး သုံးလုံးကို ဝိုင်ကောင်းဖြင့် ဖြည့်ကာ ကြီးမြတ်လှသော ခြင်္သေ့အား ရိုသေစွာကမ်းလှမ်းလိုက်၏။ "ကျွန်တော်နဲ့ ကျွန်တော့်အစ်ကိုက ခြင်္သေ့ဧကရာဇ်လို သူရဲကောင်းမျိုးကို လေးစားပါတယ်၊ အနာဂတ်မှာ မိသားစုဝင်တွေ ဖြစ်လာခွင့် ရနိုင်ပါစေလို့ မျှော်လင့်ပါတယ်"

ရှန်းယီသည် ပန်းကန်လုံးကြီးကို ယူလိုက်ပြီး ဝိုင်ကို အနည်းငယ် ဝှေ့ယမ်းကာ မရေရာသောလေသံဖြင့် ပြောလိုက်သည်။ "ဖြစ်ကောင်း ဖြစ်နိုင်တာပေါ့"

သူ၏လက်ရှိ အင်အားနှင့် နတ်ဝတ်ရုံကို အားကိုးပါကအသက်အန္တရာယ်မှ လွတ်မြောက်ရန် လုံလောက်သည်ထက် ပိုကောင်း ပိုနိုင်သော်လည်း၊ ထိုအချက်က သူ့ကို ထိပ်တန်းအဆင့် ရောက်စေသည်ဟု မဆိုလိုပေ။

အခိုင်အမာ ရပ်တည်နိုင်ရန်အတွက် နောက်ခံတစ်ခု လိုအပ်သည်မှာ အမှန်ပင်။

ယခုအချိန်အထိ၊ သူသည် ထိပ်တန်း လိုဏ်ဂူ ၁၀ ခုမှ နတ်ဆိုးကြီးများအကြောင်း နားလည်မှုမရှိသေးသဖြင့်၊ အဆင်ခြင်မဲ့ ဆုံးဖြတ်ချက်များ ချခြင်းက ပြဿနာများဆီသို့ အလွယ်တကူ ဦးတည်သွားနိုင်သည်။

သူ၏ရည်မှန်းချက်မှာ နောက်ထပ် မိုးကြိုးခွါ နတ်ဆိုးဧကရာဇ်တစ်ပါး ဖြစ်လာရန် မဟုတ်ဘဲ၊ နတ်ဆိုးတစ်ထောင်ဂူ၏ အတွင်းပိုင်းများထဲသို့ အမှန်တကယ် စိမ့်ဝင်သွားနိုင်ရန် ဖြစ်သည်။

ရှန်းယီသည် ပြင်းထန်သောဝိုင်ရနံ့ကို ရှူရှိုက်ရင်း၊ တိတ်တဆိတ်ပင် ပုံရိပ်ယောင်ပညာရပ်ကို အသုံးပြု၍ ဝိုင်များကို ဖယ်ရှားလိုက်၏။

ထို့နောက် သူသည် နှုတ်ခမ်းကို သပ်လိုက်သည်။ "နောက်တစ်ခွက်"

"ခြင်္သေ့ဧကရာဇ်က တော်တော်သန်မာတာပဲ"

သမင်နတ်ဆိုးသည် သူ့အတွက် ပန်းကန်လုံးကို အလျင်အမြန် ပြန်ဖြည့်ပေးလိုက်၏။

မကြာမီ ဂူတစ်ခုလုံး အရက်နံ့များလွှမ်းခြုံသွားတော့သည်။

ခြင်္သေ့၏အမူအရာ ပိုမို လေးလံထိုင်းမှိုင်းလာသည်ကို ကြည့်ပြီး၊ သမင်နတ်ဆိုးသည် မြှောက်ပင့်ပြောဆိုရန် ဝန်မလေးတော့ဘဲ၊ သူ့ကို ထိပ်တန်း လိုဏ်ဂူ ၁၀ ခုမှ နတ်ဆိုးကြီးများ၏ အောက် ဒုတိယနေရာ၌ ရှိသော သတ္တဝါတစ်ပါးအဖြစ် ချီးကျူး ပြောဆိုနေတော့သည်။

"ကျွတ်"

ကြက်ဖနတ်ဆိုးသည် ဝိုင်ကောင်းကို အေးအေးလူလူ မြည်းစမ်းနေ၏။

ဒီသမင်အိုကြီးက အခုထိ အလျှော့မပေးသေးဘူးပဲ။

ရွှေမျက်လုံးခြင်္သေ့ဧကရာဇ်က ယိုဝေကိုရန်ငြိုးဖွဲ့လိုက်တာဟာ ပင့်ကူဧကရာဇ်ကို စော်ကားလိုက်တာနဲ့ အတူတူပဲ။

တကယ်လို့ အခုအချိန်မှာကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်ရကောင်းမှန်း မသိသေးရင်၊ နောက်ပိုင်းမှာ သူ ခံစားရမယ့် ဆုံးရှုံးမှုက ပိုကြီးမားလိမ့်မယ်။

အစွမ်းကုန် မြှောက်ပင့်ပေးနေတာက ခြင်္သေ့ကို သေလမ်းပို့နေတာနဲ့ အတူတူပဲ။

ဒါက ရွှေတောင်ပံ နတ်ဆိုးဧကရာဇ် ပေးလိုက်တဲ့ အမိန့်နဲ့ လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေတယ်။

သို့သော် ကြက်ဖနတ်ဆိုးက ပြုံးရုံသာ ပြုံးနေပြီး ဝင်ရောက် ဟန့်တားရန် ရည်ရွယ်ချက် မရှိပေ။

သူတို့သည် ရွှေတောင်ပံနတ်ဆိုးဧကရာဇ်အတွက် ညီအစ်ကိုများကဲ့သို့ နှစ်ပေါင်းများစွာ အမှုထမ်းခဲ့ကြသော်လည်း၊ ကံကောင်းထောက်မမှုကြောင့် ပေါ်ထွက်လာသောခြင်္သေ့တစ်ကောင် ရုတ်တရက် ရောက်လာခြင်းသည် သူတို့၏အဆင့်အတန်းကို သိသိသာသာ ခြိမ်းခြောက်နေ၏။

နောက်ဆုံးတွင် ညဉ့်နက်ပိုင်းသို့ ရောက်ရှိလာသည်။

ဝိုင်အိုးမှာလည်း ကုန်ခါနီး ဖြစ်နေပြီ။

ယခုအခါ မူးဝေနေသော မျက်လုံးများဖြင့် သမင်နတ်ဆိုးသည် ခေါင်းကို ယမ်းလိုက်၏။ "ခြင်္သေ့ဧကရာဇ်... ခဏလောက် စောင့်ပါဦး၊ ကျွန်တော် ပြန်ပြီး ဝိုင်သွားယူလိုက်ဦးမယ်"

ထိုအချိန်တွင် ဂူအိမ်ရာ အပြင်ဘက်၌ ခရမ်းရောင် လျှပ်စီးကြောင်းတစ်ခု လက်ခနဲ ဖြစ်သွားသည်။

အစိမ်းရင့်ရောင် မျက်လုံးလေးလုံးသည် ဂူအိမ်ရာထဲသို့ စိုက်ကြည့်လိုက်၏။

မိုးကြိုးခွါ နတ်ဆိုးဧကရာဇ် သည် နတ်ဆိုးနှစ်ကောင်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ခြင်္သေ့ကို ခံစားချက်မပါသော အပြုံးဖြင့် ပြုံးပြလိုက်သည်။ "ငါလာတာ အချိန်အခါ မဟုတ်ဘဲမင်းတို့ရဲ့ ပျော်ရွှင်မှုကို နှောင့်ယှက်မိလိုက်တယ် ထင်တယ်"

"ပြောစရာရှိတာ ပြောလိုက်စမ်းပါ"

ရှန်းယီသည် ထိုင်မြဲအတိုင်း ဆက်ထိုင်နေပြီး၊ ယခုအခါ နတ်ဆိုးများကြားမှ ဆက်ဆံရေးကို ကိုင်တွယ်ဖြေရှင်းရာတွင် ပိုမို ကျွမ်းကျင်လာပြီ ဖြစ်သည်။

၎င်းသည် သူ မူလက ထင်ထားသလောက် မခက်ခဲဘဲ၊ သူ၏လူမှုရေး ဆက်ဆံရာတွင် စိုးရိမ်ပူပန်တတ်သော ပင်ကိုယ်စရိုက်နှင့် အတော်လေး ကိုက်ညီမှု ရှိနေသည်။

ထိုစကားကို ကြားသောအခါ သမင်နတ်ဆိုးနှင့် ကြက်ဖနတ်ဆိုး နှစ်ကောင်စလုံး ထူးဆန်းသော အမူအရာ ဖြစ်သွားကြ၏။

ဤနှစ်ဖက်ကြားက ဆက်ဆံရေးမှာ သူတို့ ထင်ထားသည်ထက် ပိုဆိုးရွားနေပုံရသည်။

"ငါ တကယ် သိချင်မိတယ်၊ ငါ ဘယ်လိုလုပ်ပြီး မင်းကို လက်ခံခဲ့မိပါလိမ့်"

မိုးကြိုးခွါ နတ်ဆိုးဧကရာဇ်သည် တစ်ဖက်လူ၏ မောက်မာမှုကို ကျင့်သားရနေပြီ ဖြစ်ပြီး၊ ယခင်ကကဲ့သို့ ဒေါသထွက်မနေတော့ဘဲ ခံစားချက် အနည်းငယ်ကိုသာ ဖော်ပြလိုက်သည်။

ထို့နောက် သူသည် ခရမ်းရောင်မိုးကြိုးတစ်ခုကို ဖန်တီးလိုက်ပြီး ခြင်္သေ့ထံသို့ ဖြည်းညှင်းစွာ မျှောလွှတ်လိုက်သည်။

သူ၏မျက်လုံးလေးလုံး အနည်းငယ် ကျဉ်းမြောင်းသွားပြီး လှောင်ပြောင်မှုများ ပြည့်နှက်နေ၏။

"ဆန်းကြယ်ချောက်နက် ပင့်ကူဧကရာဇ်ရဲ့ အမိန့်အရ၊ မင်းက ဂူကိုစောင့်ကြပ်ရမယ်၊ အခုချက်ချင်း သွားတော့"

မိုးကြိုးခွါ နတ်ဆိုးဧကရာဇ်သည် ဟန်ဆောင်မနေတော့ပေ။

ဤအရာဟာ သင်ခန်းစာတစ်ခု ဖြစ်ကြောင်း သူ ရှင်းလင်းစွာ ပြသလိုက်သည်။

ရှေ့တွင် ချောက်ကမ်းပါး ရှိနေသည်ကို ခြင်္သေ့အား သိမြင်စေချင်သော်လည်း၊ ရှောင်လွှဲရန် လုံးဝ မတတ်နိုင်သော အခြေအနေမျိုးကို သူ မြင်ချင်၏။

"သေစမ်း..."

သမင်နတ်ဆိုးသည် အကြည့်လွှဲလိုက်သည်၊ ပင့်ကူဧကရာဇ် ဤကဲ့သို့လျှင်မြန်စွာ တုံ့ပြန်လိမ့်မည်ဟု သိခဲ့ပါက ယနေ့ သူလာခဲ့မှာ မဟုတ်ပေ။

ယခု ဤစကားကိုကြားပြီးမှ မသိချင်ယောင်ဆောင်နေလျှင်... ပြန်ရောက်သည့်အချိန်တွင် ထို အစင်းကိုးခုကျားမထံမှ ရိုက်နှက်ခြင်းကိုခံရမှာ သေချာလေ၏။

"စိတ်ချပါ ခြင်္သေ့ဧကရာဇ်၊ ကျွန်တော်နဲ့ ကျွန်တော့်အစ်ကိုက မင်းရဲ့စိုးရိမ်ပူပန်မှုတွေကို မျှဝေခံစားပေးဖို့ ဆန္ဒရှိပါတယ်" ကြက်ဖနတ်ဆိုးသည် အချိန်ကိုက်ပင် မတ်တတ်ရပ်လိုက်သည်။

ထိုအရာကိုမြင်တော့ မိုးကြိုးခွါ နတ်ဆိုးဧကရာဇ်၏ မျက်ခွံများ လှုပ်ရှားသွား၏။

ရွှေတောင်ပံနတ်ဆိုးဧကရာဇ်က ဤခြင်္သေ့ကို ယခုလောက်ထိ တန်ဖိုးထားလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

သို့သော်...

အကယ်၍ ထိုကျောက်စိမ်းပြားသာ ပင့်ကူဧကရာဇ် ပြောသကဲ့သို့ တန်ဖိုးရှိသည်ဆိုပါက၊ ဤမိုက်မဲသော နတ်ဆိုးနှစ်ကောင် ပါဝင်ပတ်သက်လာခြင်းက မည်သည့်အရာမှထူးခြားမှု ရှိလာမည် မဟုတ်ပေ။

မိုးကြိုးခွါ နတ်ဆိုးဧကရာဇ်သည် ခြင်္သေ့ကို ဆက်လက် စိုက်ကြည့်နေပြီး၊ သူ၏ မျက်လုံးများထဲတွင်လှောင်ပြောင်မှုများ ပိုမိုများပြားလာ၏။

သို့သော် ရှန်းယီသည် ခရမ်းရောင် မိုးကြိုးကို ပေါ့ပေါ့ပါးပါးပင်ဖြိုခွင်းလိုက်ပြီး ဖြည်းညှင်းစွာ မတ်တတ်ရပ်လိုက်၏။

သူ၏အမာရွတ်ထင်နေသော ကြွက်သားများ အနည်းငယ် လှုပ်ရှားသွားပြီး၊ ခန္ဓာကိုယ်မှ အရက်နံ့များ ထွက်ပေါ်နေသော်လည်း သူ၏ ရွှေရောင်မျက်လုံးများမှာ ထူးခြားစွာကြည်လင်နေသည်။

"သဘောပေါက်ပြီ၊ ခင်ဗျား သွားလို့ရပြီ"

All Chapters