← Chapters

ဝူထုံတောင် ကျင့်ကြံသူများကို တစ်ကိုယ်တော် ရင်ဆိုင်ခြင်း

Vol. 37 Ch. 366

ဝူထုံတောင် ကျင့်ကြံသူများကို တစ်ကိုယ်တော် ရင်ဆိုင်ခြင်း

Vol. 37 Ch. 366

"..."

ရွှေတောင်ပံ အစင်းကိုးခုကျားမသည် ကြေးမှန်ကို တိတ်ဆိတ်စွာ စိုက်ကြည့်နေမိသည်။

နတ်ဆိုးတစ်ထောင်ဂူအတွင်း ဤမျှ မောက်မာလှသော နတ်ဆိုးမျိုးကို သူမ တစ်ခါမျှမကြားဖူးခဲ့ပေ။

သို့သော် နောက်တစ်ခဏတွင် သူမ၏ဒေါင်လိုက် မျက်သူငယ်အိမ်များမှာ အနည်းငယ် ပြူးကျယ်သွား၏။

ထိုမှန်ချပ်မှတစ်ဆင့်...

ဂူအိမ်ရာသို့ အဟုန်ပြင်းစွာပြေးဝင်လာကြသော လူသုံးယောက်မှာ လေထဲတွင် ရုတ်တရက် တောင့်တင်းသွားသည်ကို သူမ မြင်လိုက်ရသည်။

...

"ဟက်..."

ယွီချောင်အန်းသည် ထိုကြောက်မက်ဖွယ်ကောင်းသောမျက်နှာကြီးက သူ့ထံသို့ ရုတ်တရက် နီးကပ်လာသည်ကို မြင်လိုက်ရသဖြင့် အသက်ရှူ မြန်သွား၏။ သူတို့ မျက်လုံးချင်း ဆုံမိချိန်တွင်၊ သူ၏ပုံရိပ်မှာ ထိုတောက်ပသော ရွှေရောင် မျက်သူငယ်အိမ်များထဲတွင် ထင်ဟပ်နေသည်။

ဤမျှထိပင်ပြင်းထန်လှသော ဖိအားမျိုးလော။

သူသည် ရုတ်တရက် အော်ဟစ်လိုက်၏။ "တောင်များကိုစုစည်း၍ တင်းကို ဖန်တီးကာ၊ မသေမျိုးကျောက်တုံးများကို ကျားအဖြစ် ပုံဖော်စမ်း"

ဝူထုံတောင်၏ တပည့်တစ်ဦးအနေဖြင့်၊ သူ ကျင့်ကြံထားသောအရာမှာ ထုံးစံအတိုင်းပင် နတ်ဘုရားစိတ်ဝိညာဉ်အဆင့်မြင့် အတတ်ပညာတစ်ခု ဖြစ်သည်။

ထိပ်တိုက်ရင်ဆိုင်မှုတွင် သူသည် သူ၏ အစွမ်းထက်ဆုံး ဝှက်ဖဲကိုပင် သဘာဝအလျောက် ထုတ်သုံးမိသွားခြင်းမှာ သူ၏ စိတ်ထဲတွင် ခံစားနေရသောကြီးမားလှသည့် ဖိအားကြောင့် ဖြစ်သည်။

တစ်ခဏအတွင်းမှာပင် သူတို့ ပတ်ဝန်းကျင်တွင် ဖုန်မှုန့်များ လွင့်ပျံလာ၏။

မျက်တောင်တစ်ခတ်အတွင်းမှာပင် ထိုဖုန်မှုန့်များသည်မြင့်မားထည်ဝါသော လျို့တင်းလျို့ကျားရုပ်ပုံကြီးများအဖြစ် စုစည်းသွားကြသည်။ ၎င်းတို့မှာခမ်းနားထည်ဝါလှပြီး၊ ၈ ကျန်းမြင့်သော ခြင်္သေ့ဧကရာဇ်သည်ပင် သူတို့၏ ဒူးဆစ်အထိသာ ရှိတော့သည်။ (လျို့ဆိုတာ ၆ကိုပြောချင်တာထင်ပါတယ် တင်းဆိုတာက ဆိုတာသိပ်ဘာမှန်းသေချာမသိလို့တိုက်ရိုက်ပဲ တရုတ်လိုပြန်ထားပါတယ်၊ကျားဆိုတာက ချပ်ဝတ်အကာအကွယ်ပါ၊ ဆိုတော့ ချပ်ဝတ်တန်ဆာနဲ့ တစ်စုံတစ်ခုပါ)

ကြီးမားလှသော လက်ဝါးဆယ်ချောင်းကျော်မှာ ကောင်းကင်ယံမှနေ၍ ရွှေမျက်လုံးခြင်္သေ့ဧကရာဇ်ထံသို့ လှမ်းတိုက်ခိုက်လိုက်ကြ၏။

"..."

ဤကြောက်မက်ဖွယ်မြင်ကွင်းကို ရင်ဆိုင်ရင်း ရှန်းယီသည် သူ၏လှံကိုပြင်းထန်စွာ ဝှေ့ယမ်းလိုက်သည်။

ယိုဝေလှံ၏အမှောင်ထုအလင်းတန်းများကြားတွင်၊ တင်း နှင့် ကျားတို့၏ မာကျောသော လက်ကြီးများမှာ တစ်စက္ကန့်အတွင်းမှာပင် အပိုင်းပိုင်းအပြတ်ပြတ် ဖြစ်သွားကြ၏။ ထိုသန်မာလှသော လှံရှည်ကြီးမှာ ကြီးမားသော ကောင်းကင်ဘုံထောက်သစ်ပင်ကြီးတစ်ပင်ကဲ့သို့ပင် ပြင်းထန်လှသော စွမ်းအားဖြင့် ဝှေ့ယမ်းနှိမ်နင်းလိုက်သည်။

ယွီချောင်အန်း၏ မျက်လုံးများ ပြူးကျယ်သွား၏။

သူသည် ဂါထာမန္တန်များကို အကြိမ်ကြိမ် ရွတ်ဆိုကာ သူ၏ခန္ဓာကိုယ်ကို တောက်ပသော ရွှေရောင်ချပ်ဝတ်များဖြင့် ဖုံးအုပ်လိုက်သော်လည်း၊ လှံ၏ ရိုက်ခတ်မှုကြောင့် လွင့်ထွက်သွားရသည်။

ထိုကြီးမားလှသော အားအောက်တွင် သူ၏ အတွင်းကလီစာများနှင့် ဝိညာဉ်အမြစ်တို့မှာ နေရာလွဲသွားသကဲ့သို့ သူ ခံစားလိုက်ရ၏။

သူ့ခန္ဓာကိုယ်ပေါ်ရှိ ရွှေရောင်ချပ်ဝတ်မှာလည်း တစ်ခဏအတွင်းမှာပင် ကွဲအက်သွားသည်။

သူ၏ ပုံရိပ်တစ်ခုလုံးမှာ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျဆင်းသွားပြီး မြေကြီးမှာ ကွဲအက်သွားကာ၊ ဆယ်ကျန်းကျော်တိုင်အောင် အိတ်စုတ်တစ်ခုကဲ့သို့ လိမ့်ထွက်သွားတော့သည်။

မဟာနတ်ဆိုးကိုးပါး အသွင်ပြောင်းခြင်း နည်းစနစ် ကို အဆင့်မြှင့်တင်ထားပြီး ယိုဝေလှံကို ကိုင်ဆောင်ထားသော ရှန်းယီ၏တစ်ခဏအတွင်း ပေါက်ကွဲထွက်လာသည့် နတ်ဆိုးစွမ်းအားမှာ... တိမ်တိုက်ထဲရှိ မိုးကြိုးခွါ နတ်ဆိုးဧကရာဇ်ကိုပင် မသိစိတ်ဖြင့် ခေါင်းငဲ့သွားစေသည်။

"ဟင်း..."

ရွှေမျက်လုံးခြင်္သေ့ဧကရာဇ်၏ အစွမ်းကို ကြိုတင်တွက်ဆထားသော်လည်း၊ ယွီချောင်အန်းမှာ ကွက်တိတစ်ကွက်တည်းဖြင့် ဤမျှ အထိနာသွားသည်ကို မြင်ရသည်မှာ အံ့အားသင့်စရာပင်။

၎င်း၏ အစိမ်းရောင်မျက်လုံးလေးလုံးစလုံးမှာ မသိစိတ်ဖြင့် ထိတ်လန့်မှုများ ပေါ်လာ၏။

ထို့နောက် လျို့တင်းလျို့ကျားတို့သည် သူတို့၏ ကျိုးပဲ့နေသောလက်မောင်းများကို ခြင်္သေ့ထံသို့ ပစ်ပေါက်လိုက်ကြသည်။

ရွှေရောင်အလင်းတန်းများ တောက်ပနေသော ကျယ်ပြန့်သည့် လက်မောင်းများစွာမှာ တစ်ပြိုင်နက်တည်း ကျဆင်းလာပြီး၊ အရိုးထဲအထိ အေးစိမ့်သွားစေမည့် အဆုံးမဲ့အရှိန်အဝါများကို သယ်ဆောင်လာ၏။

ဘုန်း ဘုန်း ဘုန်း

ခြင်္သေ့ဧကရာဇ်မှာ နစ်မြုပ်သွားပြီဟု ထင်ရချိန်မှာပင်၊ တင်း နှင့် ကျားတို့၏ အစိတ်အပိုင်းများသည် တစ်ခုနှင့်တစ်ခု ပေါင်းစပ်သွားပြီး၊ ထိုနေရာမှာတင် နတ်ဆိုးများကိုနှိမ်နင်းရန် ကြီးမားသော တောင်ကြီးတစ်လုံးအဖြစ်ပေါင်းစည်းရန် ကြိုးပမ်းလိုက်၏။

ရုတ်တရက်၊ ပုံပေါ်စပြုနေသော ထိုတောင်ကြီး၏ အောက်ခြေမှာအနည်းငယ် မြင့်တက်လာသည်။

၎င်းအောက်တွင် မည်သည့်အရာ ရှိနေသနည်းဆိုသည်ကို မြင်လိုက်ရသောအခါ...မိုးကြိုးခွါ နတ်ဆိုးဧကရာဇ်သည် စိတ်မရှည်စွာဖြင့် သူ၏ ရှေ့ခြေခွာများကိုမြေကြီးပေါ်တွင် ကုတ်ခြစ်နေမိ၏။

ခြင်္သေ့ကြီးသည် လက်တစ်ဖက်ဖြင့် လှံကို ကိုင်ထားပြီး၊ လှံသွားမှာ မြေပြင်သို့ စောင်းနေကာ၊ အခြားလက်တစ်ဖက်က တောင်၏ အောက်ခြေကို ထောက်မထားသည်။ သူသည် ရုတ်တရက် အားစိုက်ထုတ်လိုက်ရာ လျို့တင်းလျို့ကျား တို့မှာ နောက်သို့ ယိုင်နဲ့ကာဆုတ်ခွာသွားရတော့သည်။

ထိုပြင်းထန်လှသော ဗုံးကြဲတိုက်ခိုက်မှုများကြားတွင်...

သူ၏လည်ဆံမွေးများ အနည်းငယ် ဖရိုဖရဲ ဖြစ်သွားခြင်းမှအပ၊ သူ၏ ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာတစ်ချက်မျှ မတွေ့ရပေ။

ချက်ချင်းဆိုသလိုပင် ရှန်းယီသည် သူ၏လှံကို ပြင်းထန်စွာ ပစ်ပေါက်လိုက်သည်။

ယိုဝေလှံသည် အနက်ရောင် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး တင်း နှင့် ကျားတို့၏ ခန္ဓာကိုယ်များကို ထိုးဖောက်ကာ၊ ၎င်းတို့ကို အပိုင်းပိုင်းချေဖျက်ပစ်လိုက်ပြီး တစ်ဖန် ဖုန်မှုန့်များအဖြစ် လွင့်စင်သွားစေပြန်သည်။

လှံသည် ကောင်းကင်ယံကို ဖြတ်သန်းသွားပြီးနောက်၊ လမ်းကြောင်းပြောင်းကာ သူ၏လက်ထဲသို့ ပြန်လည် ရောက်ရှိလာသည်။

ဝူထုံတောင်၏အဖိုးတန် အတတ်ပညာများသည် သူ၏ရှေ့တွင် အလွန်ပင် နုနယ်လွန်းလှသည်ဟု ထင်ရ၏။

"ဒါက..."

သမင်နတ်ဆိုး၏ မျက်လုံးများထဲတွင် ကြောက်ရွံ့မှုများ ပြည့်နှက်သွားသည်။ နံပတ် ၂၀ ကျော်မြှောက်ဂူကို အုပ်ချုပ်နေသော အရှင်သခင်တစ်ပါးအနေဖြင့်၊ သူသည် ဝူထုံတောင် ကျင့်ကြံသူများ၏ အင်အားကို အလွန် ကောင်းကောင်း သိထားသည်။

ယွီချောင်အန်းကို ဥပမာထားကြည့်ပါက၊ အနိုင်အရှုံးကို ခဏဖယ်ထားလျှင်တောင် သူသည် ယိုဝေ နတ်ဆိုးဧကရာဇ်နှင့် လက်ရည်တူ ယှဉ်နိုင်သူ တစ်ယောက် ဖြစ်သည်။

သို့သော် ရွှေမျက်လုံးခြင်္သေ့ဧကရာဇ်၏ရှေ့တွင်မူ၊ သူသည် သာမန် တိုက်ကွက်နှစ်ကွက်ကိုပင် မခံနိုင်ချေ။

"..."

သမင်နတ်ဆိုးသည် ထပ်မံတွေဝေမနေတော့ဘဲ၊ ချင်းဖုန်းထံသို့ တိုက်ရိုက်ပြေးဝင်သွားတော့၏။

ခြင်္သေ့ကြီး၏ အထင်သေးခြင်းကို ခံလိုက်ရသည်ဟု ခံစားရသော်လည်း...

ပြိုင်ဘက် ပြသခဲ့သော အင်အားအရ သူတို့တွင် ထိုသို့လုပ်ပိုင်ခွင့် အမှန်တကယ်ပင် ရှိနေသည်။

"စီနီယာအစ်ကို... သတိထားပါ"

အစစ်အမှန်ပုဂ္ဂိုလ် ချင်းဖုန်းသည် ထုံရှင်းချွမ်းကို စိုးရိမ်တကြီး ကြည့်လိုက်သော်လည်း ပြတ်ပြတ်သားသားပင်လှည့်ထွက်၍ ဆုတ်ခွာလိုက်၏။

သူ၏အစွမ်းဖြင့်ဆိုလျှင် အကောင်းဆုံးမှာ နတ်ဘုရားစိတ်ဝိညာဉ် နောက်ဆုံးအဆင့်ရှိသော နတ်ဆိုးဧကရာဇ်တစ်ပါးကို ဆွဲထားနိုင်ရန်ဖြစ်ပြီး၊ သူ၏ စီနီယာအစ်ကို နှစ်ယောက်ကို ခြင်္သေ့အား အာရုံစိုက်တိုက်ခိုက်နိုင်ရန် အခွင့်အရေး ပေးခြင်းပင် ဖြစ်သည်။

ချင်းဖုန်းသည် မင်္ဂလာတိမ်တိုက်များကို စီးနင်းကာ အဝေးသို့ ပျံထွက်သွားပြီး၊ အောက်ဘက်ရှိ ယွီချောင်အန်းထံသို့ သန့်စင်သောအလင်းအဖြစ် ပြောင်းလဲသွားသော ပိတ်ကျဲစတစ်ခုကို ချပေးလိုက်ကာပြန်လည် နာလန်ထူရန် အချိန်ရအောင် ကူညီပေးလိုက်သည်။

သူ၏ စိတ်ထဲတွင်မူ မအောင့်နိုင်ဘဲ ရေရွတ်နေမိသည်။ "ရှန်းယီ... အို... ရှန်းယီ... မင်းကတော့ တကယ့်ကို ကံဆိုးမိုးမှောင် ကျတာပဲ"

ရှန်းကောင်လေးရဲ့ စွမ်းရည်တွေနဲ့ဆိုရင် နတ်ဆိုးတစ်ထောင်ဂူရဲ့ အနက်ရှိုင်းဆုံးနေရာတွေကလွဲရင် ဒီလောကကြီးမှာ သူ ဘယ်သွားသွားစိုးရိမ်စရာမရှိဘူး။

ဒါပေမဲ့ ၄၀ မြောက် လိုဏ်ဂူက နတ်ဆိုးဧကရာဇ်တစ်ပါးက ရုတ်တရက်ကြီး ဒီလောက် သောင်းကျန်းလာလိမ့်မယ်လို့ ဘယ်သူ ထင်ထားမှာလဲ။ တစ်ဖက်လူကလည်း မမျှော်လင့်ထားတဲ့ ဘေးဒုက္ခတစ်ခုခုနဲ့ ကြုံတွေ့ခဲ့ရတာ သေချာတယ်။

"ဒီနေ့တော့ ငါလည်း ကံဆိုးတော့မှာပဲ"

ချင်းဖုန်းသည် သူ့ထံသို့ ချဉ်းကပ်လာနေသော ကြက်ဖနတ်ဆိုးဧကရာဇ်ကို ပြန်ကြည့်လိုက်ရာ သူ၏ မျက်နှာမှာ ပို၍ အေးစက်သွား၏။ သူသည် လက်ကို ဝှေ့ယမ်းလိုက်ရာ... ဓားများ၊ လှံများ၊ လှံရှည်များအပါအဝင် အမျိုးမျိုးသော မှော်ရတနာ ၁၀ ခုကို ထုတ်လွှတ်လိုက်သည်။

ဂါထာမန္တန်များဖြင့် တိုက်ခိုက်ရာတွင် အဓိကမှာ အဆင့် ၊ ကျင့်စဉ် နှင့် မှော်ရတနာများပင်။

အစစ်အမှန်ပုဂ္ဂိုလ် ချင်းဖုန်း သည် သူ၏ နတ်ဘုရားစိတ်ဝိညာဉ် အလယ်အလတ်အဆင့် ကျင့်ကြံခြင်းဖြင့် နတ်ဘုရားစိတ်ဝိညာဉ် နောက်ဆုံးအဆင့်ရှိသော နတ်ဆိုးဧကရာဇ်များနှင့်ပင် နှိုင်းယှဉ်ခံရလောက်အောင် နာမည်ကျော်ကြားခြင်းမှာ သူ၏ကျင့်စဉ်ကြောင့်သာမက၊ သူ၌ ရတနာများစွာ ရှိနေသောကြောင့်လည်း ဖြစ်သည်။

"..."

ရှန်းယီသည် ချင်းဖုန်းဆုတ်ခွာသွားသော ပုံရိပ်ကို ကြည့်လိုက်ရာ သူ၏ မျက်လုံးထဲမှ မယုံကြည်နိုင်မှုများမှာ အနည်းငယ် လျော့ပါးသွားသည်။

ဝူထုံတောင်မှာ အားကိုးထိုက်တဲ့သူ အချို့တော့ ရှိနေသေးတာပဲ။

ထိုသို့ တွေးတောရင်း သူသည် မျက်လုံးများကို အမြန်မှိတ်လိုက်ပြီး ချင်းဟွာကို အမိန့်ပေးလိုက်၏။

ဤမျှ ခမ်းနားသော ပြဇာတ်တစ်ခုကို ကပြရန် ကြိုးစားထားရသည်မှာ၊ သူကိုယ်တိုင်လည်း တစ်ခုခုတော့ပြန်ရသင့်သည် မဟုတ်ပါလား။

"ရိုင်းစိုင်းတဲ့ သားရဲ... ငါ့ကို မေ့နေတာလား"

ထုံရှင်းချွမ်းသည် အဝေးမှ ယွီချောင်အန်းကို တစ်ချက်ကြည့်လိုက်၏။ သူ၏ မျက်နှာမှာ တည်ငြိမ်နေသော်လည်း၊ သူ၏လက်ချောင်းများမှာ ပုံမှန်ထက် အဆပေါင်းများစွာ မြန်ဆန်သော အရှိန်ဖြင့် လှုပ်ရှားနေသည်။

သူသည် အောက်ဘက်ရှိ ခြင်္သေ့ကြီးကို အေးစက်စွာ ကြည့်လိုက်သည်။

နောက်ဆုံးတွင် ထုံရှင်းချွမ်းသည် သူ၏ သွယ်လျသော လက်ချောင်းများကို ဖြည်းညှင်းစွာ ကျစ်ကျစ်ဆုပ်လိုက်၏။

ထောင်ချောက်မှာ ဆင်ပြီးသားဖြစ်ပြီး၊ အခြေအနေမှာလည်း ထိန်းချုပ်မှုအောက်တွင် ရှိနေပြီဖြစ်၏။

တစ်ခဏအတွင်းမှာပင် ရွှေရောင်ချည်မျှင်တစ်ခုသည်ငါးမိုင်ပတ်လည် ဧရိယာကို ဝန်းရံလိုက်ပြီးနောက်၊ ဗဟိုချက်ဆီသို့ ပင့်ကူအိမ်ကဲ့သို့ ပျံ့နှံ့သွားကာ နက်ရှိုင်းလှသော အစီအရင် သင်္ကေတများအဖြစ် ပြောင်းလဲသွားသည်။

လှပခမ်းနားသော ဖီးနစ်ငှက်နှင့် တူသည့် ငှက်အချို့သည် ရွှေရောင်ချည်မျှင်များကို ဝန်းရံကာ ပျံသန်းနေကြ၏။ သူတို့၏အတောင်ပံများကို ခတ်လိုက်တိုင်း၊ ဖုန်မှုန့်များကဲ့သို့သော အလင်းမှုန်များကို ဖြန်းပက်လိုက်ကြပြီး ၎င်းတို့မှာ ဆလင်ဒါပုံစံ အလင်းတံတိုင်းတစ်ခုအဖြစ် စုစည်းသွားကြသည်။

"မင်း... သေသင့်ပြီ"

ယွီချောင်အန်း လွင့်ထွက်သွားသည်ကို မြင်လိုက်ရသောအခါ၊ ထုံရှင်းချွမ်းသည် ကျောက်စိမ်းပြားကို သူ၏ခါးပတ်ထဲသို့ ပြန်ထည့်လိုက်ပြီး အခြားလက်တစ်ဖက်ကိုလည်း လွတ်အောင်လုပ်လိုက်၏။

ဤအရာက သူအမှန်တကယ် ဒေါသထွက်နေပြီဆိုတာကို ပြသနေပြီး၊ သူ၏မူဝါဒများကိုပင် ခေတ္တ ဘေးဖယ်ထားလိုက်ခြင်း ဖြစ်သည်။

ကမ္ဘာပေါ်တွင် အစွမ်းထက်ဆုံး အစီအရင်ဆရာ တစ်ဦးအနေဖြင့်၊ သူသည် သူ၏ရှေ့တွင် ကြမ်းတမ်းသောခွန်အားများမှာ မည်မျှ ရယ်စရာကောင်းကြောင်း အောက်ဘက်ရှိ ခြင်္သေ့ကြီးအား ပြသတော့မည်။

ဤအလင်းတံတိုင်းကို မြင်လိုက်ရုံဖြင့်...

ကြေးမှန်နောက်ကွယ်ရှိ ရွှေတောင်ပံ အစင်းကိုးခုကျားမသည် လူသားအသွင်သို့ ဖြည်းညှင်းစွာ ပြောင်းလဲလိုက်၏။ သူမ၏ ထူထဲသော နှုတ်ခမ်းများ အနည်းငယ်ပွင့်ဟသွားပြီး အေးစက်သော အသံဖြင့် ပြောလိုက်သည်။ "သူ့ကို တားထားစမ်း... ငါလာတဲ့အထိ စောင့်နေ"

ရွှေမျက်လုံးခြင်္သေ့ဧကရာဇ်သည် လုံလောက်သော အင်အားရှိကြောင်း သက်သေပြခဲ့ပြီးပြီဖြစ်၏။

သို့သော် အစီအရင်များဆိုသည်မှာ နတ်ဆိုးများအတွက် အမှန်တကယ်ပင် ဒုက္ခပေးနိုင်သော အရာများ ဖြစ်သည်။

ဝူထုံတောင် တပည့်များမှာ တကယ်ပင် မဆင်မခြင်ရောက်လာကြခြင်း ဖြစ်ပုံရပြီး၊ ကျားကို တောင်ပေါ်မှ မျှားထုတ်သည့် အကြံအစည် မဟုတ်ပေ။ ထို့ကြောင့် သူမ ခေတ္တထွက်ခွာသွားခြင်းမှာ ပြဿနာရှိမည် မဟုတ်ချေ။

ထိုသို့ တွေးတောပြီးနောက် သူမသည် လက်ကို ဝှေ့ယမ်းကာ ကြေးမှန်ကို သိမ်းဆည်းလိုက်၏။

"..."

သမင်နတ်ဆိုးသည် သူ၏ စိတ်ထဲတွင် ထိုစကားများကို ကြားလိုက်ရသောအခါ တုန်လှုပ်သွားသည်။

သူသည် မသိစိတ်ဖြင့် ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်မိသည်။

သို့သော် ထိုအချိန်မှာပင် အဝေးရှိ သန့်စင်သောအလင်းများပျောက်ကွယ်သွားသည်ကို သူ မြင်လိုက်ရပြီး၊ နာကျင်မှုကြောင့် ပြုံးနေသော ယွီချောင်အန်းမှာ သူ့ထံသို့ လှည့်ကြည့်လာ၏။

ဤအရာ ပြက်လုံးတစ်ခုလော။

ကျားမကြီးရူးသွားပြီလား ခြင်္သေ့ကြီးက နတ်ဘုရားစိတ်ဝိညာဉ် နောက်ဆုံးအဆင့် တစ်ပါးကို တိုက်နိုင်ရုံနဲ့၊ နတ်ဆိုးဧကရာဇ်တိုင်းက အဲဒီလို လုပ်နိုင်မယ်လို့ ဆိုလိုတာမဟုတ်ဘူးလေ။

ထုံရှင်းချွမ်းရဲ့ အစီအရင်ကို တားဖို့ သူ့မှာ ဘာအစွမ်းရှိလို့လဲ။

ဒါ့အပြင် ဒီခြင်္သေ့ရဲ့ သေခြင်း၊ ရှင်ခြင်းက သူနဲ့ ဘာမှလည်း မဆိုင်ဘူးလေ။

All Chapters