← Chapters

ဝေလငါးငယ်လေးအားနှုတ်ဆက်လမ်းခွဲခြင်း

Vol. 41 Ch. 578

ဝေလငါးငယ်လေးအားနှုတ်ဆက်လမ်းခွဲခြင်း

Vol. 41 Ch. 578

နောက်ဆုံးနေ့သို့ ရောက်ရှိလာသောကြောင့် အားလုံးမှာ ထွက်ခွာသွားရတော့မည်ကိုတွေးကာ ပျော်ရွှင်နေကြသည်။

၎င်းတို့၏ ဆွေးနွေးတိုင်ပင်မှုများသည် ကောင်းကင်ဘုံခုံရုံးသို့ ပြန်လည်ရောက်ရှိပါက မည်သည့်အရာများ လုပ်ဆောင်ကြမည့်အကြောင်း ရောက်ရှိလာသည်။

ရှောင်ဇယ် အပါအဝင် တီနာနှင့် ရွှယ်ကျန်ထျန်းတို့သည် အန်လင်းနှင့်သာ နေထိုင်ကြမည် ဖြစ်သည်။ ပြဿနာမှာ သွေးမျိုးနွယ်စု ကျင့်ကြံသူ သုံးဦးပင်။

သွေးမျိုးနွယ်စု ကျင့်ကြံသူများသည် လူသားကျင့်ကြံသူ၏ အစေခံ ဖြစ်လာသည်ကို မည်သူကမှ မကြားခဲ့ကြဖူးပေ။ ကိုးပြည်ထောင်တွင် အန်လင်း တစ်ဦးတည်းကသာ ထိုသို့လုပ်ဆောင်နိုင်သူ ဖြစ်ပေလိမ့်မည်။

သွေးမျိုးနွယ်စု ကျင့်ကြံသူများအနေဖြင့် ရွေးချယ်စရာ နှစ်ခုရှိသည်။ ၎င်းတို့သည် အန်လင်း၏ဘေးတွင် အစေခံအဖြစ် နေထိုင်ခြင်း သို့မဟုတ် အနက်ရောင်စိမ့်တောတွင် သက်ဆိုင်ရာ ရာထူးများအလိုက် ပြန်လည်နေထိုင်ခြင်း ဖြစ်သည်။

၎င်းတို့သာ အန်လင်းနှင့်အတူ နေထိုင်ပါက ကောင်းကင်ဘုံခုံရုံး၏ တားဆီးနှောင့်ယှက်မှုများစွာကို ကြုံတွေ့ရပေလိမ့်မည်။ ဆန့်ကျင်ဘက် မျိုးနွယ်စု၏ သြဇာအာဏာ ကြီးမားသူ သုံးဦးသည် ယင်းတို့၏ ပိုင်နက်အတွင်း ရှိနေသည်ကို မည်သူကမှ လွှတ်ပေးထားလိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် အန်လင်း၏ဘေးတွင် နေထိုင်လိုပါက ကောင်းကင်ဘုံခုံရုံး၏ ခွင့်ပြုချက်အား လိုအပ်သည်။

ဒုတိယ ရွေးချယ်မှုမှာ သွေးမျိုးနွယ်စုထံ ပြန်သွားရန်ပင်။ ၎င်းတို့သုံးဦးလုံးသည် အနက်ရောင်စိမ့်တောတွင် အရေးပါ အရာရောက်သူများ ဖြစ်ကြသောကြောင့် ကောင်းကင်ဘုံခုံရုံး၏ သူလျှိုများအဖြစ် လုပ်ကိုင်မည်ဆိုလျှင် အလွန်အသုံးဝင်ပေလိမ့်မည်။

၎င်းတို့သုံးဦးလုံးသည် မြင့်မြတ်သွေးစက်အား ရယူလိုသောကြောင့် ပထမ ရွေးချယ်မှုဖြစ်သော အန်လင်း၏ဘေးတွင် နေရန်သာ အလေးပိုကြသည်။

သို့သော် အန်လင်းသည် ၎င်းတို့အား ဒုတိယလမ်းကိုသာ ရွေးချယ်စေလိုသည်။ ၎င်းတို့အနေဖြင့် သွေးမျိုးနွယ်စုထံပြန်ကာ သူလျှိုအဖြစ် ဦးစွာလုပ်ဆောင်ပြီး ကောင်းကင်ဘုံခုံရုံး၏ နှစ်သက်မှုအား ရယူပြီးမှသာ သူ၏ဘေးသို့ လာသင့်သည်။ ထိုမှသာ ကောင်းကင်ဘုံခုံရုံး အနေဖြင့်လည်း ငြင်းပယ်မှု သိပ်မရှိပဲ ၎င်းတို့အား လက်ခံပေးလိမ့်မည်။

ဆွေးနွေးတိုင်ပင်မှုအချို့ ပြုလုပ်ပြီးသည့်နောက် ကတ်စီဒီတို့မှာ သွေးမျိုးနွယ်စုထံ တစ်နှစ်၊ နှစ်နှစ်ခန့်ပြန်ရန် ဆုံးဖြတ်လိုက်ကြသည်။ အန်လင်းသည် နှစ်ဆုံးစာမေးပွဲသို့ရောက်လျှင် အနက်ရောင်စိမ့်တောသို့ လာရမည် ဖြစ်သောကြောင့် ထိုအခွင့်အရေးအား အမိအရယူကာ သွေးမျိုးနွယ်စုထဲတွင် ပြဿနာ ရှာနိုင်လောက်သည်။

အသေးစိတ် အစီအစဉ်များအတွက်မူ အန်လင်းအနေဖြင့် ဧကရာဇ် ဇီဝေး သို့မဟုတ် ကောင်းကင်အရှင်သခင်တို့အား မေးမြန်းရလိမ့်မည်။ အန်လင်းသည် ကောင်းကင်ဘုံခုံရုံးတွင် ဆက်လက်လေ့လာသင်ယူလိုသောကြောင့် ယခုကဲ့သို့ အခြေအနေမျိုးအား အဆင့်အတန်း မြင့်မားသူများကို မဖြစ်မနေ သတင်းပို့ရမည် ဖြစ်သည်။

ကောင်းကင်နတ်မိမယ်ဟယ်သည် အနောက်ဘက်ကောင်းကင်ဘုံနဂါးတောအုပ်နှင့် ဆုပ်ယုပ်ဝိဥာဥ်သားရဲဒုစရိုက်နယ်​မြေမှ ကျင့်ကြံသူ အချို့သည်လည်း ကောင်းကင်ဘုံခုံရုံး၏ လက်အောက်ခံ ဖြစ်နေသည်ကို တွေ့ခဲ့ဖူးသည်။ အစေခံစာချုပ်ပင် ချုပ်ထားသော သွေးမျိုးနွယ်စု ကျင့်ကြံသူများဆိုလျှင် ကောင်းကင်ဘုံခုံရုံး၏ ခွင့်ပြုချက် ရရှိရန် ပိုမိုလွယ်ကူပေလိမ့်မည်။

အန်လင်း၏ နေရာကူးပြောင်းရေး အစီအရင်သည် ရွှေရောင်ဖြစ်ပြီး ကောင်းကင်ဘုံခုံရုံးသို့ အချိန်မရွေး ပြန်သွားနိုင်ပါသော်လည်း အားလုံး၏ လုံခြုံရေးအတွက် ဤနေရာတွင် ဆက်လက်ရှိနေရန်သာ ရွေးချယ်ခဲ့သည်။

အချိန်မှာ ဖြည်းညင်းစွာ ကုန်ဆုံးနေပြီး ဝေလငါးငယ်လေးမှာ ပင်ပန်းနွမ်းနယ်မှု မရှိပဲ လေထုဖိအားများကို ဆက်လက်ခုခံပေးနေသည်။

"မြင့်မြတ်ခေါင်းဆောင်.....ကျွန်မတို့ မကြာခင် ခွဲခွာရတော့မယ်ဆိုတော့ နှုတ်ဆက်လက်ဆောင်လေးဘာလေး မပေးတော့ဘူးလား။"

ကတ်စီဒီမှာ တောက်ပနေသော မျက်ဝန်းများဖြင့် နီဆွေးဆွေး နှုတ်ခမ်းသားအား လျှာဖြင့်သပ်လိုက်သည်။

တိုဘိယနှင့် မာလင်တို့မှာလည်း မျှော်လင့်ချက် ပြည့်ဝနေသော မျက်ဝန်းများဖြင့် အန်လင်းအား ​ကြည့်ရှုလာကြသည်။

အန်လင်းမှာ ခေတ္တမျှ တွေးတောပြီးနောက် သွေးခြောက်မီလီလီတာအား ထုတ်ယူကာ နှစ်မီလီလီတာစီ အညီအမျှခွဲ၍ နှုတ်ဆက်လက်ဆောင် ပေးလိုက်သည်။

"ကိုယ့်ကိုယ်ကို ဂရုစိုက်ကြ။ တစ်ခုခု ​ဖြစ်တာနဲ့ ငါ့ဆီဆက်သွယ်။"

အန်လင်း လေးနက်စွာ ပြောလိုက်သည်။

သွေးမျိုးနွယ်စု ကျင့်ကြံသူသုံးဦးမှာ စိတ်ကျေနပ်နေသော အမူအရာဖြင့် သွေးလက်ဆောင်ကို လက်ခံလိုက်ကြသည်။

"စိတ်မပူပါနဲ့ မြင့်မြတ်ခေါင်းဆောင်။ ကျွန်မတို့ လာရှာရင်သာ မငြင်းပါနဲ့။"

ကတ်စီဒီ စွဲမက်ဖွယ်ကောင်းစွာ ပြုံးလိုက်သည်။

အန်လင်း ခေါင်းခါပြလိုက်သည်။

"ငါတို့တွေက မိသားစုတစ်ခုလို ဆက်နွယ်နေတာပဲ။ မင်းတို့ကို ပစ်ထားစရာ အကြောင်းရှိပါ့မလား။"

"မြင့်မြတ်ခေါင်းဆောင်နောက်ကို လိုက်ရတာ အကောင်းဆုံး ရွေးချယ်မှုပဲ။ မြင့်မြတ်ခေါင်းဆောင်ရဲ့ လမ်းစဉ်အတိုင်းသာလိုက်ရင် ငါတို့အားလုံး တိုးတက်လာမှာ သေချာတယ်။"

မာလင်မှာ သွေးနှစ်မီလီလီတာအား သောက်လိုက်ပြီးနောက် ခန္ဓာကိုယ်မှာ စိတ်ကျေနပ်ကာ တုန်ခါသွားသည်။

"ဟုတ်တယ်။ မြင့်မြတ်ခေါင်းဆောင် အတွက်ဆိုရင် ငါ့ရဲ့အသက်ကိုတောင် ပေးဖို့ဆန္ဒရှိတယ်။"

တိုဘိယမှာ ခိုင်မာသော စိတ်ဓာတ်ဖြင့် ကြေညာလိုက်သည်။

ကောင်းကင်နတ်မိမယ်ဟယ်သည် အန်လင်းနှင့် သွေးမျိုးနွယ်စု ကျင့်ကြံသူများအားကြည့်ကာ အံ့အားသင့်နေမိသည်။ ၎င်းတို့သည် အန်လင်းအပေါ် ထိုမျှအထိ သစ္စာရှိလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။

ထိုသို့နှင့်ပင် အားလုံး၏ နေရာကူးပြောင်းရေး အစီအရင်များ စတင်လင်းလက်လာသည်။

ထွက်ခွာရမည့် အချိန်သို့ ရောက်ရှိလာလေပြီ။

အန်လင်းမှာ ရွှယ်ကျန်ထျန်းအား လက်တစ်ဖက်ဖြင့် ပွေ့ဖက်ထားပြီး ကျန်တစ်ဖက်ဖြင့် ရှောင်ဇယ်၏လက်အား ဆုပ်ကိုင်ထားသည်။ ထိုအချိန်တွင် တီနာမှာ အန်လင်း၏ ပုခုံးပေါ်တွင် ထိုင်နေပြီး အန်လင်း၏ဆံပင်ကို ခပ်တင်းတင်း ဆုပ်ကိုင်ထားသည်။ ထိုမြင်ကွင်းအား ကြည့်ရသည်မှာ ကလေးသုံးယောက်နှင့် အဖေကြီးလိုပင်။

"ဒီလိုပုံစံမျိုးနဲ့ ကောင်းကင်ဘုံခုံရုံးကို ပြန်ရမယ်လို့ မထင်ထားဘူး။"

ကောင်းကင်နတ်မိမယ်ဟယ် သက်ပြင်းချလိုက်သည်။

"ကျွန်တော်ရောပဲ။"

အန်လင်းသည်လည်း မျက်မှောင်ကျုံ့ကာ သက်ပြင်းချလိုက်သည်။

သူ၏မစ်ရှင်သည် မပြီးမြောက်သေးသောကြောင့် အမြန်လုပ်ဆောင်မှ ဖြစ်ပေလိမ့်မည်။ ရွှေရောင်နယ်မြေအဆီအနှစ် သလင်းကျောက်များအား စုဆောင်းရန် အချိန်ဆယ့်တစ်လသာ ကျန်ရှိတော့သည်။

"သြမီတောဖော....ဘဝမှာ ဖြစ်လာတဲ့ ကိစ္စတိုင်းက ကံအကျိုးတရားကြောင့်ပါပဲ။ အန္တရာယ်တွေကနေ လွတ်မြောက်လာတဲ့အပြင် ကောင်းမွန်တဲ့ အရာတွေကိုလည်း ရရှိခဲ့တယ်ဆိုတော့ ကိုယ်တော်တို့အတွက် ကောင်းတဲ့ရလဒ်လို့ ပြောနိုင်ပါတယ်။"

ဘုန်းတော်ကြီး ချန်းဟယ်မှာ ငြိမ်းချမ်းသော အမူအရာဖြင့် လက်အုပ်ချီကာ ပြောလိုက်သည်။

အန်လင်းသည် ဘုန်းတော်ကြီး ချန်းဟယ်၏ စကားအား အပြည့်အဝ သဘောတူမိသည်။ အထူးသဖြင့် ကောင်းမွန်သော အရာများ ရရှိခဲ့သည်ဆိုသော အပိုင်းပင်။ သူသည် ရှေးဟောင်းထိုက်ချူးကုန်းမြေတွင် တန်ဖိုးရှိသော အရာများစွာကို ရရှိခဲ့ပြီး အချို့အရာများဆိုလျှင် တန်ကြေးပင် ဖြတ်မရနိုင်ပေ။ ဥပမာအားဖြင့် သွေးမျိုးနွယ်စု ကျင့်ကြံသူသုံးဦး၊ တီနာ၊ ရွှယ်ကျန်ထျန်းနှင့် ရှောင်ဇယ်တို့ ဖြစ်သည်။

အင်း....ဒီဝေလငါးလေးကိုတော့ ဆုလာဘ်အဖြစ် သတ်မှတ်လို့ ရပါ့မလား မပြောတတ်ဘူး......

အနည်းငယ် စဉ်းစားပြီးသည့်နောက် ဝေလငါးငယ်လေးအား နှုတ်ဆက်သွားရန် ဆုံးဖြတ်လိုက်သည်။

"ဝေလငါးလေး...."

အန်လင်း လှမ်းခေါ်လိုက်သည်။

ဝေလငါးငယ်လေးသည် လေထုဖိအားများကို ဆန့်ကျင်နေရင်း ​အပြစ်ကင်းစင်သော မျက်ဝန်းလေးများဖြင့် အန်လင်းအား လှည့်ကြည့်လာသည်။

"ဘာဖြစ်လို့လဲ ဖိုးဖိုး...."

"ဝေလငါးလေး....ဖိုးဖိုးက ထွက်သွားရတော့မှာ။ အဲ့ဒါကြောင့် မေမေနဲ့ ပျော်ပျော်ရွှင်ရွှင် နေခဲ့နော်။"

အန်လင်း ကြင်နာစွာ စကားဆိုလိုက်သည်။

ဝေလငါးငယ်လေးမှာ စိုးရိမ်ပူပန်စွာ အမြှီးလေးကို ရမ်းခါလိုက်သည်။

"ဘာလို့လဲ။ ဖိုးဖိုး ဘယ်သွားမလို့လဲ။ မေမေက မှားနေတယ်ဆိုတာ ကျွန်တော် သိပါတယ်။ ဒါပေမယ့် မကြာခင်မှာ မေမေ အသိပြန်ဝင်လာမှာပါ။ ဖိုးဖိုးကိုလည်း ကောင်းကောင်းမွန်မွန် ဆက်ဆံမှာပါ။ မထွက်သွားပါနဲ့နော် ဖိုးဖိုး။"

ဝေလငါးငယ်လေးမှာ မျက်ရည်များ စီးကျလာပြန်သည်။ တကယ့်ကို အငိုသန်လှသော ကလေးလေးပင်။

အန်လင်းမှာ မည်သို့တုံ့ပြန်ရမည်ကို မသိတော့ပဲ ရွှယ်ကျန်ထျန်းအား ဘယ်ဘက်လက်မောင်းထဲပြောင်းကာ ဝေလငါးငယ်လေးကို ခေါင်းပုတ်ပေးလိုက်သည်။

ဝေလငါးငယ်လေးမှာ တရှုံ့ရှုံ့ ငိုကြွေးနေသည်။

အန်လင်း၏ ခံစားချက်များမှာ အနည်းငယ် ရောထွေးနေသည်။

"တောင်းပန်ပါတယ်။ ငါကမင်းဖိုးဖိုးလည်း မဟုတ်ဘူး။ မင်းဖေဖေလည်း မဟုတ်ဘူး။ ငါစုပ်ယူထားတဲ့ လဟာပြင်စွမ်းအင်တွေကို မင်းခန္ဓာကိုယ်ထဲ မတော်တဆ ထည့်ခဲ့မိတာပါ။ အဲ့ဒါကြောင့် မင်းကငါ့ကို မိသားစုလို့ အထင်မှားနေတာ။ တကယ်တော့ မင်းမှာမိသားစုဝင် တစ်ယောက်ပဲ ရှိတယ်။ အဲ့ဒါ မင်းမေမေပဲ။ ငါပြောတာကို မင်းနားလည်ရဲ့လား။"

ဝေလငါးငယ်လေးမှာ ဒယိမ်းဒယိုင် ဖြစ်သွားပြီးနောက် ခေါင်းတွင်တွင်ခါပြလိုက်သည်။

"ကျွန်တော် ဂရုမစိုက်ဘူး။ ကျွန်တော့် ခန္ဓာကိုယ်ထဲမှာ ဖိုးဖိုးရဲ့ အရှိန်အဝါ ရှိတယ်လေ။ ဖိုးဖိုးက ကျွန်တော့် မိသားစုပဲ။ ကျွန်တော့်ကို ထားမသွားပါနဲ့။"

ဝေလငါးငယ်လေးမှာ ခေါင်းမာသော ကလေးလေးတစ်​ယောက်လို ငြင်းဆိုနေသည်။

သို့သော် တောက်ပသော အလင်းရောင်များ ဖြာထွက်လာပြီး အားလုံးကို လွှမ်းခြုံသွားကာ လူတိုင်းမှာ အလင်းအစက်အပြောက်များအဖြစ် ပျောက်ကွယ်သွားတော့သည်။

ဝေလငါးငယ်လေးမှာ အန်လင်း ရှိနေခဲ့သော နေရာအား တွေတွေကြီး ငေးမောနေမိသည်။

"ဖိုးဖိုး ဖေဖေ....ဖေဖေ ဘယ်ရောက်သွားတာလဲ။"

ကောင်းကင်လသာပြင်သားရဲမှာလည်း တစ်စုံတစ်ခု မူမမှန် ဖြစ်သွားသည်ကို သတိထားမိလိုက်သောကြောင့် ကြည့်ရှုလိုက်သောအခါ ဝေလငါးငယ်လေးသာ ရှိတော့သည်ကို တွေ့လိုက်ရသည်။

"သူတို့ဘယ်မှာလဲ။"

ကောင်းကင်လဟာပြင်သားရဲကြီး စိတ်ရှုပ်ထွေးစွာ မေးလိုက်သည်။

"ဝါး....မေမေ.....ဖေဖေ မရှိတော့ဘူး။ ဖေဖေက ကျွန်တော်တို့ကို မလိုချင်တော့ဘူး....ဝါး...."

ဝေလငါးငယ်လေးမှာ ဝမ်းနည်းလွန်းသောကြောင့် အော်ဟစ်ငိုကြွေးနေသည်။

ဧရာမ ဝေလငါးကြီး: "....."

All Chapters