နေနှင့်လ ပေါင်းစည်းရာအရပ်
Vol. 37 Ch. 369
ရှန်းယီ ဟုတ်လား။
ဒီ ရွှေရောင်ခန္ဓာကိုယ်က အဲဒီကောင်လေးနဲ့ ပတ်သက်နေတာလား။
အစစ်အမှန်ပုဂ္ဂိုလ် ချင်းဖုန်း၏ပါးစပ် အနည်းငယ် ဟသွားသည်။
ချက်ချင်းဆိုသလိုပင် ရွှေရောင်ခန္ဓာဓမ္မကိုယ်ထည်က နတ်ဆိုးအလောင်းကို သိမ်းသွားသည်ကို မြင်လိုက်ရ၏။
"ဟွန့် အကျင့်ဆိုးကတော့ မပျောက်ဘူး"
မြောင်ချင်းဟွေ့ သည် ခေါင်းခါလိုက်၏။ ပြီးခဲ့သည့်အကြိမ် တွေ့ဆုံခဲ့စဉ်ကလည်း တစ်ဖက်လူမှာ ယခုလိုပင် မောက်မာခဲ့သည်ကို သူမ အမှတ်ရနေသည်။ ထိုလူငယ်လေး၏ စကားများကသာ ၎င်းကို တုံ့ပြန်မှုရရှိစေနိုင်ပုံရသည်။
...
"စီနီယာအစ်မ၊ဒါက မဟာချန်ရဲ့ ရွှေရောင်ခန္ဓာကိုယ်လား"
နောက်ဆုံးတွင် ချင်းဖုန်းသည် တစ်စုံတစ်ရာကို သတိထားမိလိုက်သော်လည်း တစ်ခုခုလွဲချော်နေသည်ဟု ခံစားနေရသည်။
မဟာချန်မှာသာ ဒီလို ကျွမ်းကျင်ပညာရှင် ရှိနေခဲ့ရင်...
ပြီးခဲ့တဲ့တစ်ခေါက် ချင်းချိုရဲ့ဖိအားပေးမှုကို ခံရတုန်းကမြေခွေးအုပ်ကြီးကို တိုက်ခိုက်ဖို့ ဘာလို့ ရှန်းယီ တစ်ယောက်တည်းကိုပဲ အားကိုးခဲ့ရတာလဲ။
"ငါမသိဘူး... နင်ငါ့ကို မေးမယ်ဆိုရင်တော့ ဒါက ရှန်းယီရဲ့ ရွှေရောင်ခန္ဓာကိုယ်နဲ့ ပိုတူတယ်လို့ပဲ ပြောရမှာပဲ"
မြောင်ချင်းဟွေ့ ရေရွတ်လိုက်၏။ သူမအနေဖြင့် မဖြစ်နိုင်မှန်းသိသော်လည်း ဤဓမ္မကိုယ်ထည်၏ စရိုက်လက္ခဏာမှာ အမှန်တကယ်ပင်ရယ်စရာကောင်းနေသည်။
၎င်းသည် ကိုယ်ပိုင်အတွေးအခေါ်မရှိဘဲ ခိုင်းတာလုပ်သည့် ကိရိယာတစ်ခုကဲ့သို့ပင်။ ထိုကောင်လေးကိုပခုံးပေါ်တက်ခိုင်းသည်အထိ ခွင့်ပြုထားသည်ဆိုတော့ နတ်ဘုရားစိတ်ဝိညာဉ်နယ်ပယ် နောက်ဆုံးအဆင့် ကျင့်ကြံသူတစ်ယောက်၏မာနက မည်သည့်နေရာသို့ရောက်သွားသနည်း။
"ဒါဆိုရင်တော့ သူ ဘာလို့ဒီလောက် ကြမ်းတမ်းနေလဲဆိုတာ ကျွန်တော် သိလောက်ပြီ"
ချင်ဖုန်း၏ မျက်နှာ အနည်းငယ် မဲမှောင်သွား၏။
"ရှန်းယီ တစ်ခုခုဖြစ်သွားပုံရတယ်။ သူ့ရဲ့ယိုဝေ လှံ ကိုအသစ်ပေါ်လာတဲ့ နတ်ဆိုးဧကရာဇ်က ယူထားတယ်။အခြေအနေ မကောင်းဘူးထင်တယ်၊ ဒီစီနီယာက လက်စားချေဖို့ အခွင့်အရေးစောင့်နေတာ ဖြစ်လိမ့်မယ်"
ထိုစကားကို ကြားသောအခါ မြောင်ချင်းဟွေ့၏ မျက်နှာ အနည်းငယ် ပြောင်းလဲသွားသည်။
"နင် ဘာတွေနောက်နေတာလဲ။ ဘယ်နတ်ဆိုးဧကရာဇ်က သူ့ကို ထိနိုင်မှာလဲ"
တစ်ဖက်လူက နတ်ဘုရားစိတ်ဝိညာဉ်အဆင့်မှ ရွှမ်ကွမ်းဂူ၏ကျင့်ကြံသူတစ်ယောက်ကို လက်တစ်ဖက်တည်းဖြင့် သတ်ဖြတ်ခဲ့ခြင်းဟုတ်လော။
ဖြစ်နိုင်သည်မှာ သူသည် နတ်ဆိုးဧကရာဇ် ၁၀ ပါး ထဲမှ တစ်ပါးပါး၏အသိုက်ထဲသို့ ရောက်သွားခြင်းဖြစ်နိုင်လေ၏။
"သူက... သူက တကယ်ပဲအဲဒီလောက် အစွမ်းထက်တာလား"
စီနီယာအစ်မ၏အံ့သြနေသော မျက်နှာကို ကြည့်ပြီး ချင်ဖုန်း ခေတ္တမျှကြောင်အသွားသည်။
ထို့နောက် တစ်စုံတစ်ခုကို သတိရသွားသကဲ့သို့ အော်ဟစ်လိုက်၏။
"ဘုရားရေ အဲဒီ နတ်ဆိုးဧကရာဇ်က အခု စီနီယာအစ်ကိုကြီးနဲ့ တိုက်ခိုက်နေတာပဲ"
"နင်တို့ ကလေးတွေ"
မြောင်ချင်းဟွေ့သည် ဤပြဿနာကောင်လေးများကို ပါးရိုက်သတ်ပစ်ချင်စိတ် ပေါက်သွား၏။
သူမက ဂျူနီယာမောင်လေးများ အပြင်ခိုးထွက်လည်သည်ဟုသာ ထင်မှတ်ခဲ့သောကြောင့်တစ်ယောက်တည်း လာခေါ်ခြင်း ဖြစ်သည်။
သူတို့ ဤမျှထိပြဿနာရှာထားလိမ့်မည်ဟု မထင်ထားခဲ့ပေ။
သူတို့ပြောသလောက် တစ်ဖက်လူက အစွမ်းထက်သည်ဆိုလျှင် သူမကိုယ်တိုင်ပင် ယနေ့အခက်တွေ့နိုင်ချေရှိ၏။
"ချက်ချင်းပြန်သွားပြီး စီနီယာအစ်ကိုနီ ကို သွားခေါ်ချည်၊ငါ အထဲဝင်ပြီး သွားကြည့်လိုက်ဦးမယ်"
မြောင်ချင်းဟွေ့သည် တုံ့ဆိုင်းမနေဘဲ နတ်ဆိုးတစ်ထောင်ဂူ အတွင်းသို့ အလျင်အမြန် ဝင်ရောက်သွားလေသည်။
မိုင်တစ်ရာခန့်ပင် မပျံသန်းရသေးမီ သူမဆီသို့ အသည်းအသန်ပြေးလာနေသော ပုံရိပ်နှစ်ခုကို တွေ့လိုက်ရ၏။
မြောင်ချင်းဟွေ့ကို မြင်လိုက်ရသော ချက်ချင်း
ထုံရှင်းချွမ်၏ စိတ်ထဲတွင် မျှော်လင့်ချက် ရောင်ခြည်သန်းသွားသော်လည်း ချက်ချင်းဆိုသလိုပင် ထိုအတွေးကိုပြတ်ပြတ်သားသား ဖျောက်ဖျက်ပစ်လိုက်သည်။
စီနီယာအစ်မမြောင် ရှိနေလျှင်ပင် ကျောက်စိမ်းပြားကို ပြန်ယူနိုင်မည်ဟု သူ မထင်ပေ။
တစ်ကြိမ်သာ ရင်ဆိုင်လိုက်ရသော်လည်း ထိုလွှမ်းမိုးကြီးစိုးသောခြင်္သေ့နတ်ဆိုးသည် ထုံရှင်းချွမ်၏စိတ်ထဲတွင် နက်ရှိုင်းသော ဒဏ်ရာတစ်ခု ပေးခဲ့ပြီးဖြစ်သည်။
"သွားကြစို့၊ ဝူထုံတောင် ကို ပြန်မယ်"
သူသည် ပြင်းထန်စွာ ဒဏ်ရာရထားသော ယွီချောင်အန်းကို တွဲလျက် စီနီယာအစ်မကို ကျော်ဖြတ်ကာ အဝေးသို့ ထွက်ပြေးလေ၏။
နတ်ဆိုးတစ်ထောင်ဂူထဲမှ အစွမ်းထက်ပြီး လျှို့ဝှက်ဆန်းကြယ်သော နတ်ဆိုးဧကရာဇ်တစ်ပါး ပေါ်ထွက်လာခဲ့ပြီဖြစ်သည်။
ဤအရာက ကြောက်စရာကောင်းလေ၏။
ဆိုလိုသည်မှာ နတ်ဆိုးဧကရာဇ် ၁၀ ပါး၏ ကန့်သတ်ချက်မရှိတော့ဘဲ၊ ရတနာများကို စောင့်ကြပ်နေစရာမလိုဘဲ နတ်ဆိုးတစ်ထောင်ဂူမှ အချိန်မရွေးထွက်ခွာနိုင်သည့် နတ်ဆိုးဧကရာဇ် ရှိနေပြီဆိုသည့် သဘောပင်။
ဒါကို ဆရာ့ဆီ အစီရင်ခံရမယ်။
...
ဝူထုံတောင်
လူခြောက်ဦးသည် တောင်ခြေတွင် ရပ်နေပြီး လူသွားလမ်းကျဉ်းလေးမှတဆင့် တောင်တန်းထဲသို့ ဝင်ရောက်လာကြ၏။
သူတို့သည် ရေများဖြင့်ပြည့်နေသော ဂူတစ်ခု၏ ကန့်လန့်ကာအပြင်ဘက်တွင် ရပ်တန့်လိုက်ကြသည်။
မကြာမီ သွယ်လျသောပုံရိပ်တစ်ခု ထွက်ပေါ်လာပြီး သူတို့ကိုတိတ်ဆိတ်စွာ ကြည့်နေသည်။ ၎င်းမှာ အသစ်လက်ခံထားသော တပည့် ကျန်းချိုလန်ပင်။
အစစ်အမှန်ပုဂ္ဂိုလ် လင်းရှီသည် လက်သီးကို တင်းတင်းဆုပ်လိုက်ပြီးမျက်နှာထား အေးစက်လာ၏။
ခေတ္တမျှတိတ်ဆိတ်နေပြီးနောက် သူမ အေးစက်စွာ ပြောလိုက်သည်။
"အရေးတကြီး ဆွေးနွေးစရာရှိတယ်လို့ ဆရာ့ကို လျှောက်တင်ပေးပါ"
"ခဏစောင့်ပါ"
ကျန်းချိုလန် ခေါင်းညိတ်ပြီး အထဲသို့ ပြန်ဝင်သွား၏။
သူမသည် ဂါထာမန္တန်ရွက်ကာ ပါးလွှာသော ဇာပုဝါလွှမ်းခြုံထားပြီးကြည်လင်သော အသားအရေရှိသည့် အမျိုးသမီးကို နှိုးလိုက်သည်။
ထိုအမျိုးသမီး ပျင်းရိစွာ မျက်လုံးဖွင့်လိုက်သောအခါမှ ကျန်းချိုလန် ဖြည်းညှင်းစွာ ထွက်ခွာလာပြီး အခြားသူများနှင့် ပူးပေါင်းလိုက်သည်။
အစ်မကြီး၏ဖိနှိပ်ထားသော ဒေါသကို ခံစားမိသဖြင့် ထုံရှင်းချွမ် သူမကို အေးစက်စွာ တစ်ချက်ကြည့်လိုက်၏။
ဒီနေ့ဆွေးနွေးစရာ အရေးကြီးကိစ္စရှိနေတာတောင် သူမစိတ်က မျက်နှာလိုမျက်နှာရပြိုင်ဆိုင်မှုလို သေးသိမ်တဲ့ ကိစ္စတွေအပေါ် ရောက်နေတုန်းပဲ။ မိုက်မဲလွန်းလို့ ကယ်လို့မရတော့ဘူး။
"ပြောကြ"
ဂူထဲမှ ပျင်းရိသော အသံတစ်ခု ထွက်ပေါ်လာ၏။
တပည့်များအချင်းချင်း ကြည့်လိုက်ကြပြီး တစ်ယောက်ချင်း ရှေ့ထွက်ကာ သူတို့၏အကြောင်းအရာများကို ဂရုတစိုက် တင်ပြကြသည်။
အချိန်အတော်ကြာသည်အထိ ဆရာထံမှ မည်သည့် တုံ့ပြန်မှုမျှ မရရှိပေ။
သူတို့မှာမူတစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း မျက်လုံးများ ပြူးကျယ်နေကြသည်။
"မင်းတို့ ရွှေရောင်ခန္ဓာဓမ္မကိုယ်ထည်အကြောင်း ပြောနေကြတာလဲ" ချင်းဖုန်း အံ့သြသွား၏။
"လက်မောင်းပေါ်မှာ ရွှေနဂါးတစ်ကောင်နဲ့၊ အရပ် ၆ ကျန်းမြင့်တယ်... ၂၁ခုမြောက်ဂူက ကြက်သွေးရောင်နှလုံးသား နတ်ဆိုးဧကရာဇ်ကို သတ်ဖြတ်ခဲ့တုန်းက နတ်ဆိုးတစ်ထောင်ဂူထဲမှာ ကျွန်တော် မြင်ခဲ့တယ်"
ထုံရှင်းချွမ် မျက်မှောင်ကြုတ်ကာ ပြောလိုက်၏။
"အမ်၊ ကျွန်တော်လည်း မကြာသေးခင်ကမှ ယိုဝေ နတ်ဆိုးဧကရာဇ်ရဲ့ ဂူထဲမှာ တွေ့ခဲ့သေးတယ်၊ အဲဒီတုန်းက ၃ ကျန်း ပဲ ရှိသေးတာ"
ချင်းဖုန်း၏အကူအညီကို ထောက်ထားရသော ယွီချောင်အန်းက သတိထားပြီး ခေါင်းမော့ကာ ပြောသည်။
"၁၀ ကျန်း ပါ"
မြောင်ချင်းဟွေ့က လူတိုင်းကို ဖြတ်ပြောလိုက်သဖြင့် ချင်းဖုန်းမှာ ပို၍ ရှုပ်ထွေးသွားသည်။
"ဘာကြီးလဲ၊ မင်းတို့ လူတစ်ယောက်အကြောင်းကိုပြောနေကြတာလား"
"..."
ထိုစကားကို ကြားသောအခါ လူတိုင်းခေတ္တ တိတ်ဆိတ်သွားကြ၏။
ချင်းဖုန်း ပြောသလိုပင် ရွှေရောင်ခန္ဓာကိုယ် နည်းစနစ်ကဲ့သို့သော အရာမျိုးဖြင့် ကျင့်ကြံပါက၊ နည်းစနစ်တူလျှင် ရလဒ်မှာလည်း အတူတူပင်ဖြစ်နိုင်သည်။
"ဒါပေမဲ့အကြိမ်တိုင်း ရှန်းယီက သူ့ဘေးမှာ ရှိနေတယ်"
မြောင်ချင်းဟွေ့က အေးစက်စွာ ပြောလိုက်သည်။
"ဒီနေ့ကလွဲရင်ပေါ့"
ထိုကလေးမှာ အားယားလွန်းသောကြောင့်အကြိမ်တိုင်းတွင် မတူညီသောကျင့်ကြံသူများကို ခေါ်လာခြင်း မဟုတ်လျှင်၊ထို ရွှေရောင်ခန္ဓာဓမ္မကိုယ်ထည်များက လူတစ်ယောက်တည်း ဖြစ်နိုင်လေသည်။
နီကျွင်းသည် လက်ပိုက်လျက်ရပ်နေပြီး သူတို့ မည်သည့်အရာများဆွေးနွေးနေကြမှန်း လုံးဝ နားမလည်သလို စိတ်လည်း မဝင်စားပေ။
ယခုအချိန်တွင် သူလိုချင်သည့်အရာမှာ ရှစ်မျက်နှာ စားသောက်ခန်းမသို့ သွားချင်ရုံသာ ဖြစ်သည်။
"ဒါဆို မင်းတို့ပြောချင်တာက... ကြောက်မက်ဖွယ်ကောင်းတဲ့ ပါရမီရှင် ယင်ဝိညာဉ်ကျင့်ကြံသူ တစ်ယောက် ရှိနေတယ်ဆိုတာလား"
ဂူထဲမှ အမျိုးသမီးတစ်ဦး၏တည်ငြိမ်သော အသံ ထွက်ပေါ်လာသည်။
"ဆရာ့ကို လျှောက်တင်ပါတယ်၊တပည့် ပြောချင်တာက သိုင်းဘုံကျောင်းမှာ တခြားသူတွေရဲ့ နားလည်နိုင်စွမ်းကိုကျော်လွန်တဲ့ ထူးကဲပါရမီရှင် တာအိုဝိညာဉ်ကျင့်ကြံသူ တစ်ယောက်နဲ့ ယင်ဝိညာဉ် ကျင့်ကြံသူတစ်ယောက် ပိုင်ဆိုင်ထားတယ် ဆိုတာပါပဲ။ နေနဲ့လ အတူတကွထွန်းလင်းပြီး မဟာချန်တစ်ခုလုံးကို အလင်းပေးနေသလိုပါပဲ"
မြောင်ချင်းဟွေ့က ခေါင်းမော့ကာ လေးနက်သော အမူအရာဖြင့် ပြန်လည်ဖြေကြားလိုက်၏။
"အခုတော့ သူက ၄၀ခုမြောက်ဂူက နတ်ဆိုးဧကရာဇ်လက်ထဲကို ကျရောက်သွားပါပြီ"
ထိုစကားကို ကြားသောအခါ ကျန်းချိုလန် နောက်ဆုံးတွင်မျက်လုံးများကို ပင့်ကာကြည့်လိုက်၏။
သူမအပြင် နီကျွင်းလည်း လက်များကို ဖြည်းညှင်းစွာ လျှော့ချလိုက်သည်။
"..."
"တပည့် ယုံကြည်တာက ကျွန်မတို့ တစ်ခုခုလုပ်သင့်တယ်လို့ ထင်ပါတယ်၊ အနည်းဆုံးတော့ ကျန်ရှိနေတဲ့ ယင်ဝိညာဉ်ကျင့်ကြံသူကို ကာကွယ်ပြီး သူ့ဆီကနေ ရှန်းယီဘယ်ရောက်နေလဲ ဆိုတာ မေးမြန်းသင့်ပါတယ်။ ကယ်တင်ဖို့ အခွင့်အရေးရှိမရှိ သိရအောင်ပါ"
မြောင်ချင်းဟွေ့ ရှေ့သို့ တိုးကာ လေးလေးနက်နက် ပြောလိုက်၏။
ထုံရှင်းချွမ်သည် မည်သည့် ညှာတာမှုမျှ မရှိဘဲ ရှေ့ထွက်လာသည်။
"အဲဒီခြင်္သေ့က အရမ်းကိုမြန်မြန်ဆန်ဆန်ကြီးထွားလာတယ်၊နောက်ကွယ်မှာ လျှို့ဝှက်ချက်တွေ ရှိနေတယ်။နောက်ပိုင်းကျရင် အစ်ကိုနီတစ်ယောက်တည်းကိုပဲအားကိုးဖို့ဆိုတာ အရမ်း ခက်ခဲလိမ့်မယ်လို့ ကျွန်တော် စိုးရိမ်မိတယ်"
"ဟူး..."
ချင်းဖုန်း သက်ပြင်းချလိုက်၏။
အစ်ကိုထုံကတော့ လုပ်ပြီ၊ စကားတစ်ခွန်းတည်းနဲ့ လူနှစ်ယောက်ကို တပြိုင်နက်တည်းစိတ်ဆိုးအောင် လုပ်နိုင်သူဖြစ်ထိုက်ပါတယ်။
ထင်ထားသည့်အတိုင်း နီကျွင်း တိတ်ဆိတ်စွာ မျက်ခုံးပင့်လိုက်၏။
လင်းရှီက သူ့ကိုစိုက်ကြည့်ရင်း ပို၍ပင် မကျေမနပ် ဖြစ်သွားသည်။
'အစ်ကိုနီ တစ်ယောက်တည်းကိုပဲ အားကိုးတယ်' ဆိုတာ ဘာသဘောလဲ။သူမကရော လူစာရင်းထဲ မပါဘူးလား။
ထို့နောက် လူတိုင်း စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေကြစဉ်... ဂူထဲမှ အမျိုးသမီး နောက်ဆုံးတွင် စကားပြောလာသည်။
"အင်း... ကောင်းပြီလေ"
"ရှင်"
မြောင်ချင်းဟွေ့ ဇဝေဇဝါဖြင့် လှမ်းကြည့်လိုက်၏။
အမျိုးသမီးက သက်ပြင်းချလိုက်သည်။
"ဆိုလိုတာက ဘာပဲဖြစ်ဖြစ်အဆင်ပြေတယ်၊ မင်းတို့ ကြိုက်တာ လုပ်လို့ရတယ်... နီကျွင်းကလွဲရင်ပေါ့၊ သူက လောလောဆယ်သေလို့ မဖြစ်သေးဘူး"
သူမ၏အသံ တိတ်ဆိတ်သွားသည်နှင့် ဂူထဲတွင် တိတ်ဆိတ်မှုက ကြီးစိုးသွားပြန်သည်။
ထိုစကားကို ကြားသောအခါ ထုံရှင်းချွမ် ခေါင်းငုံ့လိုက်၏။
လူတိုင်းသည် သူ့အားရက်စက်ပြီး ကောက်ကျစ်သည်ဟု ပြောကြလေ၏။
သို့သော်လည်း လောကကြီးတွင် အကြီးမားဆုံး ရက်စက်မှုမှာ လျစ်လျူရှုခံရခြင်းပင်။ (စော်ဆီကနေ လျစ်လျူခံရတဲ့ စာဖတ်သူတွေလိုပေါ့)
နီကျွင်းသည် သွေးအသွင်ပြောင်းနတ်ဆိုးဧကရာဇ်အားသတ်ဖြတ်ခဲ့၍ ဝူထုံတောင်မှညီအစ်ကိုများ နတ်ဆိုးတစ်ထောင်ဂူအတွင်းသို့ဝင်ပြီး လူထုကို ဒုက္ခမပေးနိုင်စေရန်တားဆီးခဲ့ရသည်ဟု ပြောကြလေသည်။။
သို့သော် တကယ့်အကြောင်းရင်းမှာ ရိုးရှင်းပေ၏။
ဆရာသခင်မှာ နီကျွင်း ဒုက္ခရောက်မည် စိုးရိမ်၍ပင်။ ၁၉ခုမြောက်ဂူမှ နတ်ဆိုးဧကရာဇ်ပင် ဖြစ်စေ၊ နတ်ဆိုးတစ်ထောင်ဂူသည် နီကျွင်းကို ထိခိုက်စေနိုင်မည့် အခွင့်အလမ်းမရှိသလောက် နည်းသော်လည်း၊ အနည်းငယ်သော ဖြစ်နိုင်ချေလေးကိုပင်အမြစ်ပြတ်ချေမှုန်းရန် သူတို့သွားပြီး နတ်ဆိုးများကို အာရုံလွှဲပေးခဲ့ရပေသည်။
ကြည့်ရသည်မှာ သံယောဇဉ်အကြီးကြီး ရှိပုံရသော်လည်း တကယ်တမ်းမှာ နီကျွင်းသည် သနားစရာအကောင်းဆုံး သတ္တဝါဖြစ်နေ၏။
သူတို့ဆရာသခင်၏ မျက်လုံးထဲတွင် ဤလောကကြီးတွင် လူ ၄ မျိုးသာ ရှိပေသည်။
သူမအား နန်ယန်ဂိုဏ်းမှ ထွက်ခွာခွင့်မပေးသူများ၊ နန်ယန်ဂိုဏ်းမှ ထွက်ခွာနိုင်စေရန်ကူညီပေးသူများ၊ သူမ၏သက်တမ်းကို ရှည်စေမည့် သစ်သီးကို ရှာဖွေပေးသူများ... နှင့် ကျန်သောအခြားသူများပင်။
နီကျွင်းသည် ဟင်းလင်းပြင်လျှောက်လှမ်းခြင်း အဆင့်သို့ရောက်ကာ နတ်ဆိုးတစ်ထောင်ဂူထဲတွင် တာအိုကျောက်ပြားချန်ရစ်ကာ မဟာအစီအရင်ကြီးကို အသက်သွင်းနိုင်သည့် အင်အားရှိလာသည်နှင့် လူတိုင်းသည် အခြားသူများဖြစ်သွားကြလိမ့်မည်။
ယခု သူမ၏တာအိုနန်းတော်သည် ပုံပေါ်လာပြီဖြစ်ရာ နတ်ဘုရားစိတ်ဝိညာဉ်နယ်ပယ် အထွတ်အထိပ်အဆင့်သို့ရောက်သည်နှင့် ဟင်းလင်းပြင်လျှောက်လှမ်းခြင်းအဆင့်ဆီသို့ အလွယ်တကူဆက်သွားနိုင်တော့မည်။
ထိုအရာကိုတွေးမိပြီး ထုံရှင်းချွမ်က သူ့ဂိုဏ်းတူညီအစ်ကိုမောင်နှမများကို ကြည့်လိုက်လေ၏။ သို့သော် သူတို့က မတူပေ၊ သူတို့သည် နန်ယန်ဂိုဏ်းတွင် ဆက်နေရဦးမည်။
ထိုခြင်္သေ့ သေကိုသေရမည်ဖြစ်၏။
သူ့အား ဆက်ပြီးကြီးထွားလာခွင့် ပေး၍မဖြစ်ပေ။
ထုံရှင်းချွမ်၏အကြည့်ကို ခံစားမိသော်လည်း ကျန်းချိုလန်၏မျက်နှာထားမှာ လုံးဝ တည်ငြိမ်နေပြီး ယခင်လိုပင် တိတ်ဆိတ်နေဆဲဖြစ်သည်။
သူမသည် မဟာချန်မှာ မွေးဖွားခဲ့ပြီး ယင်ဝိညာဉ်ပင် ဖြစ်စေ၊ တာအိုဝိညာဉ်ပင် ဖြစ်စေ၊ ဤလောကတွင် ထူးကဲသောပါရမီရှင် နှစ်ယောက်တစ်ပြိုင်နက်တည်း ရှိနိုင်မည်ဟု မယုံကြည်ပေ။
မည်သူမျှ ထိုတောင်မြင့်ကြီးအား မကျော်လွှားနိုင်ပေ။
မည်သို့ပင်ဖြစ်စေ လွန်ခဲ့သည့် ၂ နှစ်တုန်းက ထိုအရာက အရေးမပါသော နယ်မြေအသေးလေးမှသာဖြစ်၏။
ထိုအပြင် ထိုလူ၏ဘေးတွင် အဖော်ဆိုသည့်အရာ မရှိခဲ့ပေ။
နေနှင့်လ အတူတကွထွန်းလင်းသည် ဆိုသည်မှာ... ကြီးမားသော နေမင်းကြီးတစ်စင်းတည်း၏ မျက်နှာစာနှစ်ဖက်များ ဖြစ်နေမည်လော။
လူတိုင်းပြောနေသည့် ခြင်္သေ့နတ်ဆိုးနှင့် ပတ်သက်လျှင်၊ မည်မျှပင်ချီးကျူးနေပါစေ၊ ရှန်းယီကို ယှဉ်နိုင်မည်ဟု ကျန်းချိုလန် မထင်မိပေ။
မည်သို့ပင်ဖြစ်စေ ရှန်းယီကြီးထွားလာသည်ကို သူမ ကိုယ်တိုင်မြင်တွေ့ခဲ့ရသည်မဟုတ်လော။