← Chapters

နောက်ဆုံးမှသိတဲ့ ကြိုးကိုင်သူ

Vol. 20 Ch. 192

နောက်ဆုံးမှသိတဲ့ ကြိုးကိုင်သူ

Vol. 20 Ch. 192

အော်ဒရီဟာ စိတ်ထဲမှာ အများကြီး တွေးမိလိုက်ပါတယ်။

‘မစ္စတာလူဇောက်ထိုးရဲ့ စကားအရဆိုရင် ခီးလုံဂို့စ်က ဘယ်သူ့ကိုမှ မယုံတဲ့ အထီးကျန်ဝံပုလွေပဲ... သူပဲ သူ့အစီအစဉ်ကို သိလိမ့်မယ်... ငါကလွဲရင် သူ ဒီနေ့ည လုပ်ကြံမှာကို ဘယ်သူမှ မသိလောက်ဘူး... ငါကလည်း မြို့စားဂရပ်မီယာက ခီးလုံဂို့စ် ရုပ်ဖျက်ထားတာ ဖြစ်နိုင်တယ်လို့ အဖေနဲ့ မစ္စတာအရူးကိုပဲ ပြောလိုက်တာ...’

‘နယ်စားကြီးနီဂန်ရဲ့ စံအိမ်တော်မှာ ကြေးနန်းရှိလို့ အချိန်မီ အကူအညီ လှမ်းတောင်းနိုင်တယ်ဆိုရင် ဒါကို ဖုံးကွယ်ထားစရာ မလိုဘူး... အဖေရဲ့ စကားအရဆိုရင် ခီးလုံဂို့စ်ကို သတ်သွားတဲ့ စွမ်းအားကြီးလူကို သူတို့တွေ ဘယ်လိုမှ ခန့်မှန်းလို့ မရဘူးဆိုတာ ပြနေတယ်...’

‘ဒီအချက်တွေ အကုန်လုံးကို ပေါင်းလိုက်ရင် ခီးလုံဂို့စ်ကို သတ်သွားတဲ့လူက မစ္စတာအရူးကို ယုံကြည်လေးစားသူဆိုတာ သေချာသလောက် ဖြစ်သွားပြီ’

‘နောက်ပြီး တဲရော့ကလပ်ကပဲ ဒီလိုမျိုး အကြောင်းမဲ့ ထူးဆန်းတဲ့ အခြေအနေကို ဖန်တီးနိုင်တာ’

‘ခီးလုံဂို့စ်က ဆုံမှတ် ၄ လေဆုမွန်၊ နောက်ပြီး သူ့မှာ ဆန်းကြယ်ရတနာ ငဆာမွတ်လည်း ရှိတယ်... ဒီလိုမျိုးလူကို ဘာသဲလွန်စမှ မကျန်အောင် အချိန်တိုအတွင်း ရှင်းပစ်နိုင်ဖို့က နတ်တစ်ပိုင်းလို့ သိကြတဲ့ အဆင့်မြင့်သာလွန်သူတွေပဲ လုပ်နိုင်မှာ... ဒါမှမဟုတ် အန္တရာယ်ကြီးတဲ့ ချိပ်ပိတ်လက်နက်ကို သုံးလိုက်တာလည်း ဖြစ်နိုင်တယ်’

‘ဘာပဲဖြစ်ဖြစ် မစ္စတာအရူးကို ယုံကြည်လေးစားသူက တော်တော်လေးကိုမှ စွမ်းအားကြီးတယ်ဆိုတာ ထင်ရှားတယ်’

‘မစ္စတာအရူးက တကယ်ကို နာမည်နဲ့ လိုက်ဖက်ပါပေတယ်’

‘ဘာပဲဖြစ်ဖြစ် ငါက သဲလွန်စ ပေးလိုက်တာဆိုတော့ မစ္စတာလူဇောက်ထိုးက သူ့ကတိအတိုင်း သက်တန့်ကင်းလိပ်ချောရဲ့ ပစ်ကျူထရီဂလင်းကို ပေးမှာပဲ’

‘ဒါက ငါတို့ တဲရော့ကလပ်ရဲ့ ပထမဆုံး တာဝန် ဖြစ်လောက်တယ်’

‘ပင်လယ်ဓားပြ ဗိုလ်ချုပ်ကြီး ခုနစ်ဦးထဲက ခီးလုံဂို့စ်က ငါတို့လက်ချက်နဲ့ သေသွားရတယ်’

စိတ်လှုပ်ရှားပုံပေါ်နေတဲ့ သူ့သမီးကို ကြည့်ပြီး ခရိုင်မြို့စားဟောလ်ဟာ ချောင်းအသာဟန့်ကာ လေးနက်တဲ့ မျက်နှာနဲ့ သတိပေးပါတယ်။

“အော်ဒရီ... သမီး ဂမ္ဘီရပညာကို စိတ်ဝင်စားတာ အဖေသိတယ်... အဖေ လက်ခံပေးနိုင်တယ်... ဒါပေမဲ့ ဒီကိစ္စမှာတော့ ဝင်မပါနဲ့... မေးလည်း မမေးနဲ့... ဒီနှစ်ကုန်မှာ သမီးကို ဘုရင်မနဲ့ မိတ်ဆက်ပေးဖို့ စီစဉ်ထားတယ်... သမီး သိထားရမှာက ကြောက်စရာကောင်းတဲ့ သာလွန်သူ ဒါမှမဟုတ် စွမ်းအားကြီးတဲ့ လျှို့ဝှက်အဖွဲ့အစည်းတွေက အန္တရာယ်လည်း ကြီးတယ်ဆိုတာကို မမေ့နဲ့... အဖေ ပြောတာ နားလည်လား...”

“သမီး နားလည်ပါတယ်”

အော်ဒရီဟာ အပြုံးနဲ့ ပြန်ဖြေပါတယ်။

“သမီးက နည်းနည်းလေး စပ်စုချင်ရုံပါ”

“စပ်စုချင်လို့လည်း မရဘူး”

ခရိုင်မြို့စားဟောလ်ဟာ အလေးအနက် ထပ်ပြောပြီး ကူကယ်ရာမဲ့ ပြုံးလိုက်ပါတယ်။

“ဟုတ်ကဲ့ပါ”

အော်ဒရီဟာ လိမ်လိမ်မာမာ ခေါင်းညိတ်လိုက်ပါတယ်။

‘ဘာပဲဖြစ်ဖြစ် သမီးက ဒီကိစ္စတစ်ခုလုံးကို အဖေထက် ပိုသိတယ်...’ သူမဟာ ပေါတောတော ပြုံးလိုက်ပါတယ်။

ခရိုင်မြို့စားဟောလ်ဟာ တွေးတောပြီး အပြုံးချိုချိုနဲ့။

“ဘာပဲဖြစ်ဖြစ် သမီးက ဒီနေ့ည နယ်စားကြီးနီဂန်ရဲ့ ကယ်တင်ရှင် သူရဲကောင်းပဲ... ခီးလုံဂို့စ် သေသွားရတာက သမီးရဲ့ ပယောဂ မကင်းဘူး... အဲဒီတော့ သမီ ဆုငွေ ရလိမ့်မယ်... ခီးလုံဂို့စ်ကို သတ်လိုက်တာပါဆိုပြီး ဘယ်သူမှတော့ ဆုငွေ လာမထုတ်သေးဘူး... ဒါပေမဲ့ ဆုငွေတစ်ဝက်ကို သမီးရလိမ့်မယ်... အဲဒီတော့ အကုန်လုံးဆို ပေါင်တစ်သောင်းလောက် ရှိလိမ့်မယ်”

“အင်း... အင်ထစ်သမ္မတနိုင်ငံ၊ ဖေးဆက်အင်ပါယာနဲ့ တခြားနိုင်ငံတွေ အဖွဲ့အစည်းတွေ ထုတ်ထားတဲ့ ဆုငွေကိုလည်း ရဦးမှာဆိုတော့ အကုန်လုံး စုစုပေါင်း ပေါင်နှစ်သောင်းလောက် ရှိလောက်တယ်”

“နယ်စားကြီးနီဂန်က သမီးကို ဒေစီကမ်းခြေမှာရှိတဲ့ အပန်းဖြေအိမ် လက်ဆောင်ပေးမယ်လို့ ပြောတယ်... အဲဒီအပန်းဖြေအိမ်မှာ ရော်ဘာခြံလည်း ပါတယ်... တစ်နှစ်ဝင်ငွေက ဘယ်လောက်ရှိလဲတော့ အဖေလည်း မသိဘူး... ဒါပေမဲ့ နည်းမှာတော့ မဟုတ်ဘူး... အရင်တုန်းက သူ အဲဒီခြံကို အပန်းဖြေအိမ်ဆောက်ဖို့ ပေါင်ရှစ်ထောင်နဲ့ ဝယ်ခဲ့တာ... ရော်ဘာပင်တွေကလည်း အရည်အသွေးကောင်းတဲ့မျိုးကိုပဲ ရွေးစိုက်ခဲ့တာ”

ပေါင်သုံးသိန်း အမွေရထားပြီဖြစ်တဲ့ အော်ဒရီဟာ သူ‌ဌေးမလေး ဖြစ်နေပါပြီ။ သို့ပေမဲ့ ပေါင်လေးသောင်းက သူမအတွက် နည်းတဲ့ပမာဏတော့ မဟုတ်ပါဘူး။ အထက်တန်းလွှာ မိန်းမပျို တော်တော်များများဟာ ဒီပမာဏရှိတဲ့ တင်တောင်းငွေတောင် ရကြတာ မဟုတ်ပါဘူး။

ဩဂုတ်လတုန်းက ကျင်းပတဲ့ အထက်တန်းလွှာနဲ့ စီးပွားရေးသမား မဟာမိတ်ဖွဲ့တဲ့ မင်္ဂလာဆောင်မှာ သန်းကြွယ်သူဌေးရဲ့ သမီး မစ္စမယ်ရီအိုဘရီဟာ တင်တောင်းငွေ ပေါင်ရှစ်သောင်းပဲ ရပါတယ်။

‘ငါက ဆုငွေကို ဘယ်တုန်းကမှ ထည့်စဉ်းစားခဲ့တာ မဟုတ်ဘူး’ အော်ဒရီဟာ စိတ်ထဲမှာ ပြောလိုက်ပါတယ်။

အဲဒီနောက် သူမဟာ ရုတ်တရက်ဆိုသလို တစ်စုံတစ်ရာကို တွေးမိလိုက်ပါတယ်။ သူမသာ ဆုငွေကို လက်ခံလို့ သူမနာမည် ပြန့်သွားရင် လူဇောက်ထိုးက တရားမျှတမှု ဘယ်သူ ဆိုတာကို အလွယ်လေး ရှာတွေ့သွားမှာပါ။

‘ဒီလိုဖြစ်လို့ မဖြစ်ဘူး... တဲရော့ကလပ်အဖွဲ့ဝင် အနေနဲ့ လျှို့ဝှက်ဆန်းကြယ်မှုကို ထိန်းသိမ်းရမယ်’

အော်ဒရီဟာ သူမအဖေကို ကြည့်ပြီး...။ “အဖေ... သမီး နည်းနည်း စိုးရိမ်သေးတယ်”

“ဘာကို စိုးရိမ်တာလဲ... ဘာဖြစ်လို့လဲ” ခရိုင်မြို့စားဟောလ်က ဂရုတစိုက် မေးပါတယ်။

“ခီးလုံဂို့စ် မြို့စားဂရပ်မီယာအဖြစ် ရုပ်ဖျက်ထားတာကို သမီး ရှာတွေ့တဲ့သတင်း ပြန့်သွားရင် သူ့နောက်လိုက်တွေက သမီးကို ကလဲ့စားလာချေနိုင်တယ်... ခီးလုံဂို့စ်ကို ဒီလိုမျိုး လုပ်ကြံခိုင်းတဲ့လူကလည်း သမီးကို ပစ်မှတ်ထားလာနိုင်တယ်...”

အော်ဒရီဟာ သူ့ကိုယ်သူ အားနည်းပြီး သနားစရာကောင်းတဲ့ ကူကယ်ရာမဲ့ မိန်းမငယ်လေးဖြစ်အောင် ကြိုးစားသရုပ်ဆောင်ပါတယ်။

“အဖေ သမီးကို ကာကွယ်ဖို့ လူငှားလိုက်မယ်”

အဲဒီနောက် ခရိုင်မြို့စားဟောလ်ဟာ ခေါင်းအသာညိတ်ပြီး ဆက်ပြောပါတယ်။

“သမီး ဒီကိစ္စမှာ စွန့်စားစရာ မလိုပါဘူး... နောက်ပြီး ခီးလုံဂို့စ်ကို သတ်တဲ့လူက ငဆာမွတ်ကို ယူသွားတယ်... ငဆာမွတ်က အဆင့်မြင့် သာလွန်သူအတွက် အရေးကြီးတဲ့အထဲ မပါတော့ ဒါကြောင့် သတ်တာလို့ ပြောလို့မရဘူး... အင်း... အဖေ နယ်စားကြီးနီဂန်ကို ဒီကိစ္စ လျှို့ဝှက်ဖို့ ပြောပေးမယ်... ဆုငွေကို သမီးအစား တစ်ယောက်ယောက် ယူခိုင်းလိုက်မယ်... ပြီးတော့မှ သမီးက ပြန်ယူပေါ့”

အဲဒီနောက် ခရိုင်မြို့စားဟောလ်ဟာ ပြုံးလိုက်ပါတယ်။

“သမီးက တကယ်ကို အဖေ့သမီးပဲ... ပေါင်လေးသောင်းကို အလွယ်လေး ရလိုက်တယ်... ဒါက သမီး လက်ရှိပိုင်ဆိုင်မှုရဲ့ ဆယ်ပုံတစ်ပုံကျော်တယ်”

ပေါင်သုံးသိန်းက အော်ဒရီအတွက် ကြိုပြီးတော့ ဖယ်ထားတဲ့ ပမာဏပါ။ အော်ဒရီ လက်ထပ်ရင် ထပ်ပြီးတော့ ရဦးမှာပါ။

“သမီးက အဖေလောက် တော်လား” အော်ဒရီဟာ အပြုံးနဲ့ ပြန်မေးပါတယ်။

ခရိုင်မြို့စားဟောလ်ဟာ ခေါင်းခါပြီး ရယ်လိုက်ပါတယ်။

“အများကြီးတော်တယ်... အဖေရဲ့ ပထမဆုံး စီးပွားရေးက ပေါင် ၆၀ ပဲ မြတ်တယ်”

အော်ဒရီဟာ တော်တော်လေးကိုမှ ရင်ဖို စိတ်လှုပ်ရှားသွားပါတယ်။ ပေါင်လေးသောင်း ဆုငွေရယ်၊ သူမအဖေရဲ့ ချီးကျူးမှုရယ်၊ ခီးလုံဂို့စ်အကြောင်း သတင်းပေးလိုက်လို့ လူဇောက်ထိုးဆီက ရမဲ့ သက်တန့်ကင်းလိပ်ချောရဲ့ ပစ်ကျူထရီဂလင်းရယ်။ ဒီအရာတွေက သူမရဲ့ ပျော်ရွှင်မှုကို ဆတိုးသွားစေပါတယ်။

‘ငါ မစ္စတာအရူးကို ဒီအကြောင်း သတင်းပေးချင်လိုက်တာ... မဟုတ်သေးဘူး... မဟုတ်သေးဘူး... စွမ်းအားကြီးပြီး လျှို့ဝှက်ဆန်းကြယ်တဲ့ ခီးလုံဂို့စ် အကြောင်းမဲ့ အသတ်ခံလိုက်ရတော့ တစ်ယောက်ယောက်က ငါ့ကို စောင့်ကြည့်ပြီး ခီးလုံဂို့စ် သေဆုံးတာနဲ့ ပတ်သက်တဲ့ သဲလွန်စ ရှာကောင်း ရှာနိုင်တယ်... ငါ မူမမှန်တာ ဘာတစ်ခုမှ ပြလို့ မဖြစ်ဘူး... ဖူး... ငါ မစ္စတာအရူးရဲ့ ဘွဲ့အမည်နာမတွေကို မရွတ်ရင် မူမမှန်တာ ဘာတစ်ခုမှ ရှိမှာမဟုတ်ဘူး...’

‘အင်း... မစ္စတာအရူးကို ယုံကြည်လေးစားသူက တကယ့် လူသတ်သမားဆိုရင် မစ္စတာအရူးက ဒီအကြောင်းကို သိပြီးလောက်ပြီ... သတင်းပေးစရာလိုမှာ မဟုတ်ဘူး... အင်း... ငါ ဆုငွေကို ယုံကြည်လေးစားသူဆီ ခွဲပေးရမလား... မဟုတ်သေးဘူး... မဟုတ်သေးဘူး... ဘယ်လို နည်းလမ်းသုံးပြီး ပေါင်နှစ်သောင်းကို လွှဲလွှဲ သေချာပေါက် အာရုံစိုက်ခံရမှာပဲ... ငါ လုံးဝ စွန့်စားလို့ မဖြစ်ဘူး...’

‘နောက်ပြီး မစ္စတာအရူးဆီကနေ အကူအညီတောင်းတာက အမြဲတမ်း လူဇောက်ထိုးပဲ... အဲဒီတော့ လူဇော်ထိုးပဲ ဆုငွေကို ပေးသင့်တယ်... ဟုတ်တယ်... ဟုတ်တယ်... သူ့ဆီမှာ ဧကရာဇ်ရစ်ဆဲလ် ဒိုင်ယာရီ စာရွက်တွေ အများကြီးရှိတယ်လို့ ပြောထားတာပဲ’

‘ငါ ဆုတောင်းတာကို မစ္စတာအရူးက ပြန်ဖြေပေးတယ်ဆိုတော့ ကျေးဇူးတင်တဲ့အနေနဲ့ ဒိုင်ယာရီစာရွက်တွေ ပိုရအောင် စုဆောင်းပေးရမယ်... မစ္စတာအရူးက ဒီလိုမျိုး ဘာမဟုတ်တဲ့ ပိုက်ဆံကို သေချာပေါက် စိတ်ဝင်စားမှာ မဟုတ်ဘူး...’

အော်ဒရီဟာ ရှေ့ဆက် ဘာလုပ်ရမလဲဆိုတာကို ချက်ချင်းပဲ ဆုံးဖြတ်ချက် ချလိုက်ပါတယ်။

...

နယ်စားကြီးနီဂန် စံအိမ်တော်၊ လျှို့ဝှက် စာဖတ်ခန်း။

ထောင်ထောင်မောင်းမောင်း ဝဝတုတ်တုတ် နယ်စားကြီးဟာ စားပွဲနောက်က ကုလားထိုင်ပေါ်မှာ ထိုင်နေပါတယ်။ သူဟာ မျက်နှာချင်းဆိုင်မှာရှိတဲ့ ဘုရားသခင်ရဲ့ တေးသီသမား အေ့စနိတ်၊ ဝန်ကြီးချုပ် အဂွေးဆစ်နီဂန်နဲ့ တခြားလူတွေကို ကြည့်ရင်း ဆေးပြင်းလိပ် သောက်နေပါတယ်။

“ကျွန်တော်တို့ လက်ရှိ သိထားတာနဲ့ ခီးလုံဂို့စ်ကို သတ်သွားတဲ့ အဆင့်မြင့် သာလွန်သူက ဘယ်သူဘယ်ဝါလဲဆိုတာကို မပြောနိုင်သေးဘူး”

ဝန်ကြီးချုပ် အဂွေးဆစ်နီဂန်ဟာ ခုနလေးတင်မှာ ရောက်လာတာပါ။

ဂိုဏ်းချုပ်ဘုန်းတော်ကြီး စနိတ်ဟာ ခေါင်းညိတ်လိုက်ပါတယ်။

“ငါတို့တွေ ရင်းနှီးတဲ့ အဆင့်မြင့်သာလွန်သူတွေ မဟုတ်သလို ဣဒ္ဓိပါဒ်ဂိုဏ်းဝင်လည်း မဟုတ်ဘူး”

“ဒီလူက ငါတို့တွေ မသိသေးတဲ့ စွမ်းအားကြီးပြီး လျှို့ဝှက်ဆန်းကြယ်တဲ့ သာလွန်သူ ဖြစ်နိုင်တယ်... ဒီလိုဆိုပေမဲ့ အန္တရာယ်ကြီးတဲ့ ချိပ်ပိတ်လက်နက် သုံးလိုက်တဲ့ ဖြစ်နိုင်ခြေကိုလည်း ထည့်မတွက်လို့ မရသေးဘူး”

နယ်စားကြီးနီဂန်ဟာ ဆေးပြင်းလိပ်ကို ကိုင်ရင်း။

“အဆင့်မြင့် သာလွန်သူ တစ်ယောက်တည်း မဟုတ်ဘဲ... အဲဒီလူနောက်မှာ ငါတို့တွေ မသိသေးတဲ့ လျှို့ဝှက်အဖွဲ့အစည်းတစ်ခုခု ရှိနေတာ ဖြစ်နိုင်တယ်... မဟုတ်ရင် သူတို့တွေ ဒီလောက် တိတိကျကျကြီး ခီးလုံဂို့စ်ကို ချုံခိုတိုက်ခိုက်နိုင်မှာ မဟုတ်ဘူး... အင်း... ဒီနေ့ည ဧည့်သည်တွေထဲက တစ်ယောက်ယောက်က သူတို့အဖွဲ့ဝင် ဖြစ်နိုင်တယ်”

သူနဲ့ ညီအစ်ကို တော်စပ်တဲ့ ဝန်ကြီးချုပ် အဂွေးဆစ်က လေးလေးနက်နက် ပြောပါတယ်။ “ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့တွေ ဂရုစိုက်ရလိမ့်မယ်... ဒီအဆင့်မြင့်သာလွန်သူက ဘယ်သူလဲ... ဘက်ကလင်ကို ဘာလာလုပ်တာလဲ... ခီးလုံဂို့စ်ကို ဘာလို့ သတ်လိုက်လဲဆိုတာ ကျွန်တော်တို့တွေ သိအောင် အမြန်ဆုံး ရှာဖွေရလိမ့်မယ်...”

သူတို့တွေ ဘာတစ်လုံးမှ မသိသေးတဲ့ အဆင့်မြင့် သာလွန်သူတစ်ယောက် ဘက်ကလင်မှာ လျှောက်သွားနေတာ အစိုးရနဲ့ ဘုရားကျောင်းကြီး သုံးကျောင်းစလုံး အာရုံစိုက်ဖို့ လုံလောက်ပါတယ်။

ဆုံမှတ် ၄ နဲ့ ဆုံမှတ် ၃ သာလွန်သူတွေက စစ်သင်္ဘောတွေရဲ့ အမြောက်ပစ်ချက်ကို မခံနိုင်လောက်ဘူးဆိုပေမဲ့ လက်တွေ့ စမ်းသပ်စရာ မလိုပါဘူး။ သာလွန်သူတွေက လျှို့ဝှက်ဆန်းကြယ်တဲ့ စွမ်းအားတွေ အများကြီး ပိုင်ဆိုင်ပါတယ်။

အဲဒါကြောင့် သူတို့တွေရဲ့ တည်ရှိမှုဟာ သံချပ်ကာ စသင်္ဘောတွေထက် ပိုပြီးတော့ အန္တရာယ်များပါတယ်။ အဲဒါကြောင့်လည်း သူတို့ကို နတ်တစ်ပိုင်းလို့ ခေါ်ကြတာပါ။

ဘုရားသခင်ရဲ့ တေးသီသမား အေ့စနိတ်ဟာ မတ်တတ်ရပ်လိုက်ပြီး။

“စီစဉ်စရာရှိတာ စီစဉ်ပြီး ထာဝရညနတ်ဘုရားမ ဘုရားကျောင်းနဲ့ ရေနွေးငွေ့နဲ့ စက်ယန္တရား နတ်ဘုရား ဘုရားကျောင်းကို အကျိုးအကြောင်း ပြောရအောင်”

“ဘုရင်မင်းမြတ်က စစ်တပ်နဲ့ ထောက်လှမ်းရေးအေဂျင်စီတွေကို ပူးပေါင်းဆောင်ရွက်ဖို့ ခွင့်ပြုလိမ့်မယ်” ဝန်ကြီးချုပ် အဂွေးဆစ်က ကတိပေးပါတယ်။

...

ဘက်ကလင်မြို့ မြောက်ပိုင်း၊ ဟိုတယ်တစ်ခုအတွင်း။

အက်ဇစ်ဟာ ဓာတ်ငွေ့မီးအိမ်အောက်မှာ ထိုင်ပြီး သူ့ရှေ့က လက်အိတ်ကို ကြည့်နေပါတယ်။ လက်အိတ်က တော်တော်လေးပါးပြီး လူအရေပြားနဲ့ လုပ်ထားသလိုပါပဲ။ အသွေးအသားတွေ ဖြည့်လိုက်တာနဲ့ တကယ့်လက်လို ပြောင်းသွားနိုင်ပါတယ်။

အက်ဇစ်ဟာ လက်အိတ်ကို တော်တော်လေးကြာအောင် ကြည့်နေပါတယ်။ ရုတ်တရက်ဆိုသလို သူ့မျက်နှာဟာ နာကျင်မှုကြောင့် ရှုံ့တွသွားပါတယ်။

“ငါ အရင်တုန်းက သူတို့နဲ့ ပူးပေါင်းဆောင်ရွက်ဖူးသလိုလိုပဲ...”

...

ကလိုင်းဟာ တရားမျှတမှုနဲ့ လူဇောက်ထိုးဆီက ဘာသတင်းမှ မကြားရသလို မစ္စတာအက်ဇစ်ကလည်း ပြန်စာမရတဲ့အတွက် တစ်ညလုံး ကောင်းကောင်း အိပ်မပျော်ပါဘူး။ ဘယ်လိုရလဒ် ထွက်လာမလဲ ဆိုတာကို တစ်ညလုံး တွေးနေမိပါတယ်။

‘မစ္စတာလူဇောက်ထိုးနဲ့ မစ္စတရားမျှတမှုက ငါ့ကို မဆက်သွယ်ရဲဘူးဆိုတော့ ဒီကိစ္စက မသေးလောက်ဘူး... ဒါပေမဲ့ မစ္စတာအက်ဇစ်ကရော ဘာဖြစ်လို့ ငါ့ဆီ စာမပြန်တာလဲ... သူ ဒီကိစ္စမှာ ဝင်မပါလို့လား... ဒါမှမဟုတ် မတော်တဆ တစ်ခုခု ဖြစ်သွားလို့လား... ခီးလုံဂို့စ်က သူ့ကို ထိခိုက်အောင် လုပ်လိုက်လို့လား...’

ကလိုင်းဟာ ပါးစပ်ကို လက်နဲ့ကာပြီး သမ်းဝေလိုက်ပါတယ်။ အဲဒီနောက် ဇိုးတလန်လမ်းဆီ သွားဖို့ သံလမ်းမဲ့ မြင်းလှည်းပေါ် တက်လိုက်ပါတယ်။

“အချပ်ပိုတွေ... အချပ်ပိုတွေ... နောက်တန်း‌ဗိုလ်ချုပ်ကြီး ခီးလုံဂို့စ် ဘက်ကလင်မှာ အသတ်ခံလိုက်ရပြီ”

“သတင်းကောင်း... သတင်းကောင်း... နောက်တန်း‌ဗိုလ်ချုပ်ကြီး ခီးလုံဂို့စ် ဘက်ကလင်မှာ အသတ်ခံလိုက်ရပြီ”

...

မြင်းလှည်း ထွက်ခါနီးမှာပဲ ကလိုင်းဟာ သတင်းစာရောင်းတဲ့ ကောင်လေးရဲ့ အော်သံကို ရုတ်တရက် ကြားလိုက်ရပါတယ်။ ဒါကလည်း ဧကရာဇ်ရစ်ဆဲလ်ရဲ့ တီထွင်မှုတစ်ခုပါပဲ။

ကလိုင်းဟာ တဒင်္ဂ မှင်တက်သွားပြီး တစ်ပဲနိထုတ်ကာ ထင်းဂန် မနက်ခင်း သတင်းစာကို ဝယ်လိုက်ပါတယ်။ ခရီးသည် တော်တော်များများလည်း သူ့လို့ပါပဲ။

ကလိင်းဟာ သတင်းစာဖွင့်ပြီး ခေါင်းစီးကို အမြန်ဖတ်လိုက်ပါတယ်။

ပင်လယ်ဓားပြ ခီးလုံဂို့စ် နယ်စားကြီးရဲ့ သက်တော်စောင့် လက်ချက်နဲ့ အသက်နဲ့ကိုယ် အိုးစားကွဲသွားပြီ။

‘ခီလုံဂို့စ် သေသွားပြီလား... မစ္စတာအက်ဇစ် လက်ချက်လား...’

ကလိုင်းဟာ အတွေးရေယဉ်ကြောထဲ မျောသွားပြီး သူ့ကိုယ်သူ သရော်မိလိုက်ပါတယ်။

‘ဒီကိစ္စကို ကြိုးကိုင်တဲ့ငါက ရလဒ်ကို သတင်းစာကနေမှ သိရတယ်လို့...’

All Chapters