← Chapters

ခိုးဝင်ခြင်း

Vol. 20 Ch. 194

ခိုးဝင်ခြင်း

Vol. 20 Ch. 194

“မဒမ်ရှယ်ရွန်လား”

ဒန်းစမစ်ဟာ ထင်းဂန်မြို့မှာ ရေပန်းစား နာမည်ကြီးနေတဲ့ မြို့စားခွိုင်းရဲ့ မုဆိုးမကို သိပါတယ်။

မေနာရဲ့ မိန်းမဟာ သူမနဲ့အတူ ပါလာတဲ့ ပိန်ပိန်ပါးပါး မိန်းမကို တစ်ချက်ကြည့်လိုက်ပေမဲ့ ဘာမှတော့ ထုတ်မပြောပါဘူး။

ဝတ်ရုံနက်နဲ့ ပိန်ပိန်ပါးပါး အမျိုးသမီးဟာ သေချာစဉ်းစားပြီးမှပဲ စကားစပြောပါတယ်။

“ဟုတ်ပါတယ်... ကွန်လွန်သွားတဲ့ ခွိုင်းမြို့စားရဲ့ မိန်းမ မဒမ်ရှယ်ရွန်ပါ... သူ... သူက...”

သူမဟာ စကားထစ်သွားပြီး ဒေါသတကြီး ပြောချလိုက်ပါတယ်။

“အဲဒီကောင်မက ခွေးမ”

ဒီဆဲဆိုသံကို ကြားလိုက်ရတဲ့ ကလိုင်းဟာ မဒမ်ရှယ်ရွန်ရဲ့ အပေါ်ယံမှာ ကြောက်လန့်ပြီး အတွင်းမှာ တည်ငြိမ်နေတဲ့ အမူအရာကို ရုတ်တရက် ပြန်တွေးမိလိုက်ပါတယ်။ အဲဒါကြောင့် သူဟာ ရှယ်ရွန်နဲ့ ပတ်သက်တဲ့ ကောလဟာလတွေကို ယုံကြည်ပြီး ကွယ်လွန်သွားတဲ့ မြို့စားအိုကြီးကို သနားကရုဏာ သက်သွားပါတယ်။

မဒမ်ရှယ်ရွန်ကို ထပ်ပြီးတော့ လက်ထပ်လို့ မရတာ မဟုတ်ပါဘူး။ သူမရဲ့ စည်းမရှိကမ်းမရှိ အပြုအမူက အုတ်ဂူထဲရောက်နေတဲ့ မြို့စားအိုကြီးကို ပြီးပြည့်စုံတဲ့ နွားဖြစ်စေတာပါ။

ဒန်းစမစ်ရဲ့ မျက်နှာအမူအရာဟာ သိပ်ပြီးတော့ ပြောင်းလဲမသွားပါဘူး။ သူဟာ မျက်နှာချင်းဆိုင်ပေါ်မှာ ဆိုဖာပေါ်မှာ ထိုင်ပြီး အသံ‌အေးအေးနဲ့ မေးပါတယ်။

“ဒါပေမဲ့ အဲဒါက သူ့ကို တရားခံ ဖြစ်မသွားစေဘူး”

“ခင်ဗျာရော ကျွန်တော်ရော သိတယ်... မဒမ်ရှယ်ရွန်က ထင်ဂန်းမှာ တော်တော်လေး ဩဇာကြီးတယ်ဆိုတာ... ကျွန်တော်တို့တွေ သူ့ကို ထောက်လှမ်းရင် ကျွန်တော်တို့အတွက် အကျိုးဆက် ကောင်းမှာ မဟုတ်ဘူး”

“သူက တရားခံ” ပိန်ပိန်ပါးပါး အမျိုးသမီးဟာ ဒေါသတကြီး ပြောပါတယ်။

“သူက ကျွန်မအစ်ကိုကို သေစေခဲ့တာ... ဒါပေမဲ့ သူ့ရဲ့ ချစ်သူတွေက ရဲဌာနကို ဖိအားပေးပြီး ကျွန်မအစ်ကိုက အရက် အလွန်အကျွံ သောက်တာနဲ့ ကာမခံစားလွန်းလို့ သေဆုံးတာလို့ ထုတ်ပြန်ခိုင်းတယ်... သူ... သူတို့တွေ အကုန်လုံးက တရားခံတွေပဲ”

ဒီတော့မှ ကလိုင်းဟာ ပိန်ပိန်းပါးပါး အမျိုးသမီးက မေနာရဲ့ ညီမမှန်း သိလိုက်ပါတယ်။

‘ဟုတ်သားပဲ... ဒီလိုမျိုး သိက္ခာကျစရာကောင်းတဲ့ကိစ္စက သူက ဘယ်လိုလုပ်ပြီး အိမ်ဖော်ကို ပြောခိုင်းမှာလဲ... မိသားစုဝင်က တောင်းဆိုတော့ ပိုပြီးတော့ ကောင်းတာပေါ့...”

ကလိုင်းဟာ သဘော‌ပေါက်သွားပြီး ခေါင်းညိတ်လိုက်ပါတယ်။

မစ္စမေနာဟာ ပိန်ပိန်ပါးပါး အမျိုးသမီးရဲ့ လက်ကို အသာပွတ်ပြီး အေးစက်တဲ့ အသံနက်နဲ့ ပြောပါတယ်။

“သူက တရားခံပဲ... ဒီကိစ္စကြောင့် ရှင်တို့ ဘာပဲဆုံးရှုံးဆုံးရှုံး ကျွန်မ လျော်ကြေးပေးမယ်”

‘ဒီလေသံ... ပါတီသစ်ခေါင်းဆောင်ရဲ့ သမီးလို့ မပြောရဘူး... ရဲဌာနက ငါ့ရဲ့ ဝိညာဉ်ဆက်သွယ် အစီအရင်ကို သိပ်ပြီးတော့ ယုံကြည်ချက်မရှိရင် သူ့ဖိအားအောက်မှာ သူပြောတဲ့အတိုင်း လိုက်လုပ်ပေးမှာပဲ...’ ကလိုင်းဟာ စိတ်ထဲမှာ သရော်လိုက်ပါတယ်။

ဒန်းစမစ်ဟာ စက္ကန့်နှစ်ဆယ်နီးပါး တိတ်ဆိတ်သွားပြီးမှ အဖြေပေးပါတယ်။

“ကောင်းပြီလေ... ဒါပေမဲ့ ကျွန်တော် မေးချင်တာ တစ်ခုရှိတယ်... ကျွန်တော်တို့တွေ တစ်ခုခု ရှာတွေ့လိမ့်မယ်လို့ ဘာလို့ ဒီလောက်တောင် သေချာနေရတာလဲ”

ပိန်ပိန်ပါးပါး အမျိုးသမီးက ခေါင်းညိတ်ပြီး ဖြေပါတယ်။

“ရှင်တို့အကြောင်းကို ဆေးလိပ်ကုန်သည် ဗစ်ခရွိုင်က ပြောပြတာ... ရှင်တို့က ဒီနယ်ပယ်မှာ ထိပ်ဆုံးမှာရှိပြီး တခြားလူတွေ မလုပ်နိုင်တဲ့ တာဝန်တွေအောင် အောင်မြင်အောင် လုပ်နိုင်စွမ်း ရှိတယ်တဲ့”

‘ဆေးလိပ်ကုန်သည် ဗစ်ခရွိုင်... သူက ဘယ်သူလဲ’

ကလိုင်းဟာ ကပ္ပတိန်ကို ကြည့်လိုက်တဲ့အခါ ဇဝေဇဝါ ဖြစ်သွားတဲ့ မျက်နှာကို တွေ့လိုက်ရပါတယ်။

‘အား... ကပ္ပတိန်က ဒီလိုကိစ္စမျိုးကို ဘယ်လိုလုပ်ပြီး မှတ်မိမှာလဲ... ငါတောင် သိပ်မှတ်မိချင်တာ မဟုတ်ဘူး’ ကလိုင်းဟာ သက်ပြင်းချလိုက်ပါတယ်။

ပိန်ပိန်ပါးပါး အမျိုးသမီးဟာ သူ့ရှေ့က ကြေးစားနှစ်ယောက် ဝေခွဲမရ ဖြစ်သွားတဲ့ မျက်နှာကို တွေ့လိုက်ရတဲ့အတွက် ထပ်ပြောပါတယ်။

“ရှင်တို့ရဲ့ သူ့ရဲ့ ပြန်ပေးဆွဲခံရတဲ့သားကို ကယ်လိုက်တာလေ”

‘အော်... သူလား... အဲဒီပြန်ပေးဆွဲတဲ့ကိစ္စကြောင့် ငါ အန်တီဂိုနပ်မိသားစု မှတ်စုစာအုပ်ကို ရှာတွေ့ခဲ့တာပဲ...’ ကလိုင်းဟာ ရုတ်တရက် သဘောပေါက်သွားပါတယ်။

ဒန်းစမစ်ဟာ ခေါင်းအသာညိတ်ပါတယ်။

“ကျွန်တော် သိပြီ”

ဒီအခါမှာ ပိန်ပိန်ပါးပါး အမျိုးသမီးက သူမလုပ်ခိုင်းချင်တာကို ပြောပါတယ်။

“ရှင်တို့တွေ အဲဒီခွေးမကို နှစ်ပတ် စောင့်ကြည့်ပေးရမယ်... သူ့ပြစ်မှုအတွက် သက်သေ ရှာမတွေ့ရင်တောင် သူ ဘယ်သွားတယ်... ဘယ်သူတွေဆီကို သွားလည်တယ်ဆိုတာ ပြန်ပြောပြပေး... ကျွန်မ ဒီကိစ္စအတွက် ပေါင်ငါးဆယ် ပေးမယ်”

“သူ့ပြစ်မှုအတွက် သက်သေရှာတွေ့ရင် နောက်ထပ် ပေါင်နှစ်ရာ ထပ်ပေးမယ်”

‘ဒါတော်တော်များတဲ့ ပိုက်ဆံပဲ...’ ကလိုင်းဟာ သူ စုံထောက် ဟန်နရီကို မီးခိုးခေါင်းတိုင်နီ အိမ်အကြောင်း စုံစမ်းခိုင်းတာ ခုနစ်ပေါင်ပဲ ပေးရတာကို ရုတ်တရက် သတိရသွားတဲ့အတွက် မျက်နှာ နည်းနည်း ပူသွားပါတယ်။

ဒန်းစမစ်ဟာ တစ်ခဏတွေးပြီး ပြောပါတယ်။

“ရတယ် ကိစ္စမရှိဘူး... ကျွန်တော်တို့တွေ စာချုပ်ချုပ်ကြတာပေါ့... ပေါင်နှစ်ဆယ်ကိုတော့ စရန်အနေနဲ့ ကြိုပေးရလိမ့်မယ်” ‘ကပ္ပတိန်... ကျွန်တော်တို့တွေ လူအင်အား မရှိဘူးလေ... လာနယ်ဗို့စ်ကိစ္စတောင် မပြီးသေးဘူး...’ ကလိုင်းဟာ ဒီတာဝန်ကို လက်ခံချင်ပေမဲ့ လူအင်အားမရှိဘူးလို့ပြောတဲ့ ကပ္ပတိန်ကလည်း လွယ်လင့်တကူ လက်ခံလိမ့်မယ်လို့ ထင်မထားပါဘူး။

မစ္စမေနာဟာ ခေါင်းအသာညိတ်ပြီး ပြောပါတယ်။

“ရတယ်... ကျွန်မ ရှင်တို့ကို ယုံတယ်... ကျွန်မ စိတ်မပျက်ရဘူးလို့တော့ မျှော်လင့်ပါတယ်”

ဒန်းစမစ်ဟာ ပြုံးလိုက်ပေမဲ့ ဆိတ်ဆိတ်ပဲ နေပါတယ်။ အဲဒီနောက် သူဟာ ရိုဇန်းကို လှည့်ကြည့်ပြီး “စာချုပ်ရေး” လို့ ပြောပါတယ်။

စာချုပ်ချုပ်ပြီးလို့ စရန်ပေးပြီးသွားတဲ့အခါ ဒန်းစမစ်ဟာ မစ္စမေနာနဲ့ ပိန်ပိန်ပါးပါး အမျိုးသမီးတို့ ဆူးနက်လုံခြုံရေးကုမ္ပဏီကနေ ထွက်သွားတာကို ကြည့်နေလိုက်ပါတယ်။ အဲဒီနောက် သူဟာ ဘေးမှာရှိတဲ့ ကလိုင်းကို ကြည့်ပြီး ပြောပါတယ်။

“ဒီတာဝန်ကို မင်းလုပ်”

“ဟမ်...” ကလိုင်းဟာ ခေါင်းရှုပ်သွားပါတယ်။

ဒန်းစမစ်ဟာ အပြုံးနဲ့ ပြောပါတယ်။

“မင်း ခြေရာခံ ထောက်လှမ်းတာ သင်ချင်တာ မဟုတ်ဘူးလား... ဒါက အခွင့်အရေးကောင်းပဲ... ပြီးတော့ လာနယ်ဗို့စ်ကိစ္စမှာ မင်းလုပ်ရမဲ့အပိုင်းလည်း ပြီးသွားပြီမလား”

“ဟုတ်ကဲ့ပါ...” ကလိုင်းဟာ တာဝန်ကို မငြင်းပါဘူး။

သူဟာ ဒီတာဝန်ကို လက်ခံလိုက်တယ်ဆိုရင်ပဲ ခေါင်းထဲမှာ အတွေးတွေ စဉ်ဆက်မပြတ် ပေါ်လာပါတယ်။

‘စည်းကမ်းအရဆိုရင် ဒီတာဝန်ရဲ့ ကော်မရှင်ခ တစ်ဝက်ကို အဖွဲ့ရဲ့ အပိုရန်ပုံငွေအတွက် မစ္စအော်ရီနာဆီ ပေးရလိမ့်မယ်... ကျန်တာကို တာဝန်ထမ်းဆောင်တဲ့ အဖွဲ့ဝင်တွေ ခွဲဝေယူတယ်... ဒါပေမဲ့ ဒီကိစ္စကို ကိုင်တဲ့လူက ငါတစ်ယောက်တည်းဆိုတော့...’

‘စုံစမ်းတဲ့ရလဒ်က ဘာပဲဖြစ်ဖြစ် ငါ အနည်းဆုံး ၁၂ ပေါင်ခွဲတော့ ရမှာပဲ... ပြီးတော့ အပတ်စဉ်လစာလည်း ရဦးမှာ... ငါသာ သဲလွန်စကို ရှာတွေ့ခဲ့မယ်ဆိုရင် ၁၂၅ ပေါင်တောင် ရမှာ...’

‘ကပ္ပတိန်က တကယ်ကို ပညာရှိပဲ

ဒန်းစမစ်ဟာ သူ့ကို တစ်ချက်ကြည့်ပြီး ပြောပါတယ်။

“နောက်ယောင်ခံတာနဲ့ ထောက်လှမ်းစောင့်ကြည့်တာကို ဒီမနက် လန်နာ့ဒ်နဲ့ ဖရိုင်းဆီကသင်... မင်းရဲ့ တိုက်ခိုက်ရေး လေ့ကျင့်တာကို ဒီတစ်ပတ်တော့ ရပ်ထားလိုက်ဦး... အင်း... ငါ့အထင် မင်းက လေ့ကျင်ရည် ဝနေပါပြီ... ငါ ဂဝန်းဆီ လူလွှတ်ပြီး အကျိုးအကြောင်း ပြောလိုက်မယ်”

‘လန်နာ့ဒ်နဲ့ ဖရိုင်းဆီကနေ ခြေရာခံထောက်လှမ်းတာကို သင်ရမယ်... ဒါက သိပ်ပြီးတော့ အားကိုးရမဲ့ပုံ မရှိဘူး...’ ကလိုင်းဟာ ကြက်သေသေသွားပါတယ်။ သူဟာ လန်နာ့ဒ်က သူ့ရဲ့ ဖေးနာပေါ်တာ ပုလွေနဲ့ တေးသီပြီး မဒမ်ရှယ်ရွန်ကို အနီးကပ် ထောက်လှမ်းဖို့ ခုတင်ပေါ်တက်အောင် မြူဆွယ်တာကိုပဲ စိတ်ကူးလို့ရပါတယ်။ ဖရိုင်းကတော့ သာမန်လူတွေနဲ့မတူဘဲ အေးစက် မှောင်မှိုင်းတဲ့ အငွေ့အသက်ရှိတဲ့အတွက် ဘယ်နေရာသွားသွား အာရုံစိုက်ခံရမှာ အသေအချာပါပဲ။ ဒီလိုလူနှစ်ယောက်က ဘယ်လိုလုပ်ပြီး ထောက်လှမ်းရေးသမားကောင်း ဖြစ်နိုင်မှာလဲ။

ကလိုင်းဟာ ဒီလိုတွေးလိုက်ပေမဲ့ အပြင်မှာတော့ လေးလေးနက်နက် ပြန်ပြောပါတယ်။

“ဟုတ်ကဲ့”

ဒန်းစမစ်ဟာ ခေါင်းအသာညိတ်ပြီး အခန်းခွဲထားတဲ့အပိုင်းဆီ လျှောက်သွားပါတယ်။ ရုတ်တရက် သူဟာ ခြေလှမ်းတန့်သွားပြီး နောက်ပြန်လှည့်ကြည့်ကာ တစ်ခဏတုံ့ဆိုင်းနေပြီးမှ မေးပါတယ်။

“မင်း အဲဒီဆေးလိပ် ကုန်သည်ကို မှတ်မိလား.. ဘယ်သူ့ကို ပြန်ပေးဆွဲတာလဲ”

‘... အဲဒီတော့ ကပ္ပတိန်က တစ်ခုမှ မမှတ်မိသလို ဘာတစ်ခုမှ နားမလည်ဘူးဘဲ... အဲဒါကို ဘာဖြစ်လို့ ရုပ်တည်ကြီးနဲ့ သရုပ်ဆောင်နေရတာလဲ...’ ကလိုင်းဟာ မျက်နှာကို လက်နဲ့အုပ်မိလိုက်ပါတယ်။

...

လန်နာ့ဒ်ရဲ့ ညွှန်ကြားမှုအောက်မှာ ကလိုင်းဟာ မဒမ်ရှယ်ရွန်က အရှေ့ပိုင်းမြို့နယ်ရဲ့ အာစနာလမ်းမှာ နေထိုင်တယ်ဆိုတာ သိပေမဲ့ အလျင်စလို မထောက်လှမ်းပါဘူး။

“ပစ်မှတ်ရဲ့ ပုံမှန်လှုပ်ရှားမှုကို မသိရမချင်း နောက်ကနေ တကောက်ကောက် လိုက်ပြီး မထောက်လှမ်းရဘူး... နောက်ပြီး ထောက်လှမ်းတာ တစ်ခုတည်းနဲ့ အကုန်လုံးကို သိဖို့ ခက်တယ်... မစား မသောက် မအိပ် မပြန်ဘဲ တစ်ချိန်လုံး ထောက်လှမ်းနိုင်ရင်တော့ တစ်မျိုးပေါ့” လန်နာ့ဒ်က ပြောပါတယ်။

အဲဒါကြောင့် ကလိုင်းဟာ လန်နာ့ဒ်ရဲ့ အကြံပေးချက်အတိုင်း ဟောင်းအရက်ဆိုင်က လူဆိုးခေါင်းဆောင်တစ်ယောက် ရှာပြီး သူ့လက်အောက်ငယ်သားတွေကို ငါးပေါင်နဲ့ ငှားရမ်းကာ မဒမ်ရှယ်ရွန်ရဲ့ ပုံမှန်လှုပ်ရှားမှုတွေကို စောင့်ကြည့် မှတ်သားခိုင်းပါတယ်။

‘တော်သေးတယ်... ဒါက အစားပြန်တောင်းလို့ရလို့... ငါက တစ်ဆင့်ခံလုပ်စားတဲ့ ပွဲစားလိုပဲ...’

သောကြာနေ့ နေ့လည်ခင်းမှာ ကလိုင်းဟာ လူဆိုးခေါင်းဆောင်ဆီကနေ စုံစမ်းမှု အစီရင်ခံစာ ရပါတယ်။

စုံစမ်းမှု အစီရင်ခံစာလို့ ခေါ်တာက ပရော်ဖက်ရှင်နယ် စုံထောက်တွေကို စော်ကားရာ ကျပါတယ်။ လူဆိုး‌ခေါင်းဆောင်ရဲ့ လက်အောက်ငယ်သားတွေထဲမှာ စာတတ်တဲ့လူ တစ်ယောက်မှ မပါပါဘူး။ သူတို့ရဲ့ ဟိုခြစ်ဒီခြစ်နဲ့ သင်္ကေတတွေသုံးပြီး ရေးထားတာကို တနင်္ဂနွေကျောင်း တစ်နှစ်တက်ထားတဲ့ သူတို့ရဲ့ သေစာရှင်စာပဲ ဖတ်တတ်တဲ့ ခေါင်းဆောင်က ပြန်စီထားတာပါ။ ကလိုင်းဟာ တစ်ချက်ကြည့်ရုံနဲ့တင် ခေါင်းကိုက်သွားပြီး အစီရင်ခံစာ တစ်ခုလုံးကို ပြီးအောင် ဖတ်ဖို့ အချိန်တော်တော် ယူလိုက်ရပါတယ်။ စောင့်ကြည့်မှုအရ ဒီကြားထဲမှာ မဒမ်ရှယ်ရွန်ဟာ သူ့နေရာကနေ ထွက်ခဲပါတယ်။ လာလည်တဲ့ ဧည့်သည်တွေလည်း သိပ်မရှိပါဘူး။ မေနာရဲ့ သေဆုံးမှုကြောင့် ထင်ပါတယ်။ လူဆိုးခေါင်းဆောင်ရဲ့ တပည့်တွေက တော်တော် အသုံးကျပါတယ်။ မဒမ်ရှယ်ရွန် အိမ်ဖော်ရဲ့ အချက်အလက်တွေကိုတောင် စုဆောင်းထားပါတယ်။

‘အင်း... သူက ဒီည ကွန်ဆာဗေးတစ်ပါတီရဲ့ ညစာစားပွဲကို တက်လိမ့်မယ်.. အိမ်ကို တော်တော် နောက်ကျမှ ပြန်လိမ့်မယ်ထင်တယ်... အိမ်မပြန်တာလည်း ဖြစ်နိုင်တယ်... ဒါက ငါ့အတွက် သီအိုရီကို လက်တွေစမ်းသပ်ဖို့ အခွင့်ကောင်းပဲ’

ကလိုင်း မဒမ်ရှယ်ရွန်ရဲ့ အိမ်ကို ခိုးဝင်ပြီး ရှာဖွေဖို့ ဆုံးဖြတ်လိုက်ပါတယ်။

လာနယ်ဗို့စ်ကိစ္စမှာ သူတာဝန်ယူထားတဲ့ အပိုင်းက ပြီးသွားပြီး တိုက်ခိုက်ရေး လေ့ကျင့်တာကလည်း ခဏရပ်နားထားပါတယ်။ ခီးလုံဂို့စ်ကိစ္စကလည်း ပြီးသွားပြီဆိုတော့ ကလိုင်းဆီမှာ လောလောဆယ် ကိစ္စနှစ်ခုပဲ ရှိပါတယ်။ အဲဒီနှစ်ခုက မီးခိုးခေါင်းတိုင်နီအိမ်ကို စုံစမ်းတာနဲ့ မဒမ်ရှယ်ရွန်ကို ထောက်လှမ်းတာပါ။ ရှင်းအောင်ပြောရရင် သူဟာ တော်တော် အားနေပါတယ်။

ပြီးခဲ့တဲ့နှစ်ရက်က သူဟာ မစ္စတာအက်ဇစ်ဆီကနေ ပြန်စာရပါတယ်။ စာထဲမှာ စာတစ်ကြောင်းပဲ ပါပါတယ်။

“ငါ ငဆာမွတ်ကို ရထားတယ်... တစ်စုံတစ်ရာကိုလည်း ပြန်သတိရမိတယ်”

ကလိုင်းဟာ ခီးလုံဂို့စ်ကို သတ်လိုက်တာက မစ္စတာအက်ဇစ် ဆိုတာနဲ့ ဒီအသက်ရှည်ပြီး အတိတ်မေ့နေတဲ့ သူ့ဆရာက အဆင့်မြင့် သာလွန်သူဆိုတာကို အတည်ပြုနိုင်လိုက်ပါတယ်။ ဒါပေမဲ့ ငဆာမွတ်နဲ့ ပတ်သက်ပြီး ဘာကိုသတိရသွားလဲ ဆိုတာကိုတော့ မမေးရဲပါဘူး။ အက်ဇစ်က မပြောချင်တာ သိသာပါတယ်။ ပြောချင်ရင် စာထဲမှာ ထည့်ရေးမှာ သေချာပါတယ်။

ကလိုင်းဟာ ပြန်စာထဲမှာ ငဆာမွတ်က သက်ရှိလူသားတွေရဲ့ အသွေးအသားနဲ့ ဝိညာဉ်ကို ငမ်းငမ်းတက် လိုချင်တဲ့ ဆန်းကြယ်ရတနာမလို့ ဘေးကင်းလုံခြုံတဲ့ ချိပ်ပိတ်နည်းလမ်းကို ရှာဖို့လိုတယ်လို့ သတိပေးလိုက်ပါတယ်။

အဲဒါတွေအပြင် တရားမျှတမှုနဲ့ လူဇောက်ထိုးက သူ့ကို ဆုမတောင်းသေးပါဘူး။ ဒါပေမဲ့ ကလိုင်းဟာ မစိုးရိမ်ပါဘူး။ သူတို့နှစ်ယောက်က စောင်ကြည့်ခံနေရမှာကို စိုးရိမ်တာကြောင့် သူ့နာမည်ကို မရွတ်တာ ဖြစ်နိုင်ပါတယ်။

...

ကောင်းကင်ယံမှာ ကြက်သွေးရောင်လ သာနေပါတယ်။ ဖြောင့်တန်းလှတဲ့ အာစနာလမ်းကိုတော့ ဓာတ်ငွေ့ လမ်းမီးတိုင်တွေက အလင်းပေးနေပါတယ်။

ကလိုင်းဟာ လူရွှင်ရဲ့ ဟန်ချက်ညီမှုနဲ့ သွက်လက်မှုကို သုံးပြီး မဒမ်ရှယ်ရွန်အိမ်ရဲ့ အပြင်ဘက်နံရံကို ကြောင်တစ်ကောင်လို ခုန်တက်လိုက်ပါတယ်။

ဥယျာဉ်ကို ဖြတ်ပြီးတဲ့နောက် သူဟာ အိမ်နားကို ရောက်သွားပါတယ်။ သူဟာ ရေပိုက်ကနေ အပေါ်တက်ပြီး ဒုတိယထပ်က လသာဆောင်ထဲ လွှဲဝင်လိုက်ပါတယ်။

ကလိုင်းဟာ ငယ်ငယ်တုန်းက သစ်တစ်ပင်တောင် အပေါ်ထိရောက်အောင် တက်ဖူးတာ မဟုတ်ပါဘူး။ အဲဒါကြောင့် သူ့ရဲ့ အခုလုပ်ရပ်က မော်ကွန်းထိုးလို့ရပါတယ်။

သူဟာ အနက်ရောင် လေကာအင်္ကျီထဲက တဲရော့ကဒ်တစ်ကဒ်ကို ဆွဲထုတ်ပြီး လသာဆောင်တံခါးကြားထဲ ထိုးထည့်ကာ အသာ မ,လိုက်တဲ့အခါမှာတော့ တံခါးဖွင့်ပြီးသား ဖြစ်သွားပါတယ်။

‘အစေခံတွေက တော်တော် သတိမရှိတာပဲ... အပိုသော့တောင် မခတ်ထားဘူး... မဟုတ်ရင် ငါ ပြတင်းပေါက်ကနေ အထဲဝင်ရမှာ...’

ကလိုင်းဟာ စိတ်ထဲမှာ ရေရွတ်လိုက်ပြီး အိမ်ထဲဝင်ပါတယ်။

လူဆိုးခေါင်းဆောင် ပေးထားတဲ့ အချက်အလက်တွေအရ သူဟာ မဒမ်ရှယ်ရွန်ရဲ့ အိပ်ခန်းကို လွယ်လင့်တကူပဲ ရှာတွေ့သွားပါတယ်။ သူဟာ တံခါးလက်ကိုင်ဘုကို လှည့်ပြီး အိပ်ခန်းထဲ ဝင်လိုက်ပါတယ်။

အဲဒီနောက် တံခါးကို ဂရုတစိုက် ပြန်ပိတ်လိုက်တဲ့အခါ ခပ်ယဲ့ယဲ့ ရေမွှေးနံ့တစ်မျိုးကို ရလိုက်ပါတယ်။ ဒီရနံ့က ယောက်ျားတွေကို သွေးကြွစေတဲ့ မိန်းမတစ်ယောက်ရဲ့ ရနံ့မျိုးပါ။

ကလိုင်းဟာ သူ့ခန္ဓာကိုယ်က သွေးနည်းနည်း ဆူလာတာကိုတောင် ခံစားမိလိုက်ပါတယ်။

သူဟာ ချက်ချင်း တွေးခေါ်မှုသုံးပြီး စိတ်ငြိမ်အောင် ထိန်းလိုက်ပါတယ်။

‘သူက ကာမအားတိုးဆေးကို ရေမွှေးအနေနဲ့ သုံးတာလား...’

All Chapters