သော့ဝဇ္ဇာ ကလိုင်း
Vol. 20 Ch. 195
စက္ကန့်အနည်းငယ်ကြာပြီးနောက် ကလိုင်း က သူ့ရဲ့ ဝိညာဉ်အမြင် (Spirit Vision ) ကို ဖွင့်လိုက်ပြီး အခန်းတစ်ခုလုံးကို စစ်ဆေးလိုက်တယ်။ မဒမ် ရှာရွန် (Madam Sharon ) ရဲ့ အခန်းက တကယ်ကို ခမ်းနားစွာ အလှဆင်ထားတယ်ဆိုတာ ကို သူတွေ့လိုက်ရတယ်
အခန်းက နေရာ အတော်ကျယ်ဝန်းတယ်။ အခန်းထဲမှာတော့ တံခါးပွင့်လျက်သား ဖြစ်နေတဲ့ အဝတ်လဲခန်းတစ်ခန်း ၊ ကော်ဇောထူထူကြီး တစ်ချပ် ၊ ငန်းအမွှေးတောင်တွေနဲ့ ပြုလုပ်ထားတဲ့ စောင်တစ်ထည် ၊ အသားအရေထိန်းသိမ်းရေးပစ္စည်းတွေ အလှကုန်တွေနဲ့ ပြန့်ကျဲနေတဲ့ မှန်တင်ခုံတစ်ခု ၊ မျက်စိတောက်လောက်အောင် တလက်လက်ထနေတဲ့ လက်ဝတ်ရတနာတွေ ၊ ခပ်ပါးပါး အင်္ကျီတွေ၊ ကုလားထိုင်ပေါ်ကိုပစ်တင်ထားတဲ့ ခြေအိတ်တွေ ၊ ရွှေရောင်ပိုးချည်နဲ့ အလှဆင်ထားတဲ့ ပစ္စည်းတွေကို ကလိုင်း ( Klein) မြင်လိုက်ရပါတယ်။
ဒါပေမယ့် အခန်းထဲမှာ ကလိုင်း(Klein ) ရဲ့ အာရုံကို အဖမ်းစားနိုင်ဆုံး ပစ္စည်းကတော့ လက်စမသပ်ရသေးတဲ့ ဆီဆေးပန်းချီကားတစ်ချပ်ပဲဖြစ်ပါတယ်။ပန်းချီကား ဟာ မဒမ် ရှယ်ရွန် ( Madam Sharon ) ရဲ့ ကိုယ်လုံးတီး ပုံ ဖြစ်နေပါတယ်။ ပန်းချီကားထဲကသူမရဲ့ဆံပင်ဟာ ရေတံခွန်လို ဖြာဆင်းနေပြီးသူမရဲ့အပြစ်ကင်းလှတဲ့ မျက်လုံးလေးတွေကလည်းသန့်ရှင်းပြီး ကြည်လင်နေပါတယ်။ ဒါပေမဲ့သူမရဲ့ ကွေးညွှတ်နေတဲ့မျက်ခုံးတစ်စုံ ၊ ဖြောင့်စင်း ချွန်ထက်လှတဲ့ နှာတံနဲ့ နူးးညံ့တဲ့ နှုတ်ခမ်းပါးလေးတွေဟာ တည်ငြိမ်ရင့်ကျက်တဲ့သူမရဲ့ အမျိုးသမီးအလှကိုပေါ်လွင် နေစေပါတယ်။ဆန့်ကျင်ဘက်ဖြစ်နေသော တည်ငြိမ်ရင့်ကျက်တဲ့အလှနဲ့ အပြစ်ကင်း သောမျက်လုံးလေးများ ၏ ပေါင်းစပ်မှုက မဒမ် ရှယ်ရွန် (Madam Sharon) ကို အန္တရာယ်ရှိလောက်တဲ့ဆွဲဆောင်မှု တစ်မျိုးရှိနေစေပါတယ်။
ကလိုင်း( Klein) က ပန်းချီကားထဲက မဒမ် ရှယ်ရွန်( Madam Sharon) ရဲ့လည်ပင်းအောက်ကိုတစ်ချက်ပဲ စပ်စုသလိုကြည့်လိုက်ပါတယ်။ သူကလူကြီးလူကောင်းပုံစံဖမ်းနေတာ မဟုတ်ပေ။ ကလိုင်း(Klein) က မဒမ် ရှယ်ရွန် ( Madam Sharron) ရဲ့အိပ်ရာပေါ်ကမြင်ကွင်းတွေကို မြင်ပြီးသွားတဲ့အတွက် ပန်းချီကားထဲက သူမရဲ့ကိုယ်လုံးတီးပုံ ကိုမြင်တာနဲ့စိတ်မလှုပ်ရှားတော့တာဖြစ်တယ်။
ကလိုင်း(Klein) ရဲ့အာရုံကို ဖမ်းစားလိုက်သော အရာများမှာ ပန်းချီကား ဘေးမှာရှိတဲ့ စုတ်တံ ၊ ဆေးစပ်ပြား၊ ပန်းချီဆွဲတဲ့ ဆီဆေးတွေ နဲ့ ငွေချထားသော တစ်ကိုယ်လုံးပေါ်မှန် အကြီးကြီး တစ်ချပ် ဖြစ်တယ်။
ထို ပစ္စည်းတွေ တစ်နေရာတည်းမှာတစ်စုတစ်စီးတည်း ရှိနေခြင်းဟာ ပန်းချီကို ဆွဲသည့်လူမှာ မဒမ် ရှာရွန် ( Madam Sharon ) ကိုယ်တိုင်ပင်ဖြစ်သည် ဆိုတဲ့အဓိပ္ပါယ်ဖြစ်တယ်။ မဒမ် ရှာရွန် ( Madam Sharon) က သူမရဲ့ ကိုယ်လုံးတီး ပုံကို သူမကိုယ်တိုင်ဆွဲထားတာဖြစ်ပါတယ်။ ပန်းချီဆရာ တစ်ယောက်ယောက်ကို မြူဆွယ်ပြီးဆွဲခိုင်းတာမဟုတ်ပေ။
"အပြစ်ကင်းပြီးတော့ မြူဆွယ်တတ် တဲ့ပုံစံနဲ့ ကိုယ်လုံးကိုယ်ပေါက် လှတဲ့ မိန်းမတစ်ယောက်။
ဒီလိုမိန်းမတစ်ယောက်က အဝတ်တွေချွတ်ပြီး မှန်ရှေ့မှာထိုင်ရင်း ကိုယ့်ပုံကိုယ် ပန်းချီဆွဲတယ်ဆိုတာက နည်းနည်းတော့ ကြောင်တောင် တောင် ဖြစ်နေတယ်။"
" မဒမ်ရှယ်ရွန်( Madam Sharon) က ကိုယ့်ကိုယ်ကိုချစ်တဲ့ လူဂွစား နားစစ်ဆစ် (Narcissist) တစ်ယောက် ဖြစ်နေတာလား?"
ကလိုင်းက တံ တွေး မျိုချလိုက်ပြီး အခန်းကိုလှည့်ပတ်ကြည့်လိုက်တယ်။ သူမ ကျူးလွန်ထားတဲ့ပြစ်မှုနဲ့ပတ်သတ်တဲ့ ဖြစ်နိုင်စရာသက်သေများ ကို ကလိုင်း(Klein) ကအခန်းထဲမှာစပြီးရှာပါတော့တယ်။
လန်းနာ့ဒ် (Leonard) နဲ့ ဖရိုင်း (Frye) တို့အကြံပေးထားတဲ့အတိုင်း ကလိုင်းက အခန်းထဲမှာရှာတဲ့အခါ လက်အိတ်အမဲကို သေချာဝတ်ထားပါတယ်။ သူကပစ္စည်းတွေထားတဲ့နေရာတွေကို သေချာမှတ်ထားပြီး ပစ္စည်းရှာပြီးတာနဲ့ နေရာတကျ ပြန်ထားလိုက်ပါတယ်။
ဒီလိုပြန်ထားတာက သူ့လိုအမြင်ဆရာတယောက်အတွက်အရမ်းလွယ်ပါတယ်။ ပစ္စည်းထားတဲ့ နေရာ မေ့သွားရင် သူက အိပ်မက်နိမိတ်ကောက် (dream divination) ပြီးနေရာကို ပြန်စဉ်းစားလို့ရပါသေးတယ်။
သူက အိမ်ကနေမထွက်ခင်ကတည်းက ဗေဒင်တစ်ခေါက်တွက်ကြည့်ခဲ့ပါ သေးတယ်။ ဘာအန္တရာယ်မှမရှိဘဲ အောင်မြင်လိမ့်မယ်လို့ဗေဒင်ကအဖြေထွက်ပါတယ်။
" ငါက လူရွှင်တော်အဆင့် (Sequence 8 Clown ) ရောက်နေရင်တောင်မှာပဲ ဒါမျိုးတော့ကြိုတင် ပြင်ဆင်သင့်တယ်"
ကလိုင်းက ကိုယ့်ကိုယ်ကို ခပ်ပေါ့ပေါ့ ဟာသလုပ်လိုက်ပြီး မဒမ် ရှယ်ရွန် (Madam Sharon) ရဲ့အခန်းကိုမိနစ်၂၀လောက်ရှာပါတော့တယ်။ဒါပေမဲ့ ထူးထူးခြားခြား ဘာမှ မတွေ့သည့်အပြင် စိတ်ဝင်ဝိညာဥ်အစွမ်းဖြာထွက်နေတာကိုလည်း မတွေ့ခဲ့ပေ။ နောက်ဆုံးမှာတော့ အခန်းထောင့်က မီးခံ သေတ္တာရှေ့မှာ သူရပ်လိုက်တယ်။မီးခံသေတ္တာလေးက သံမဏိနဲ့ပြုလုပ်ထားပြီး တစ်မီတာခန့်သာမြင့်လေသည်။ ထူလဲထူ လေးလည်းလေးတယ်။ မီးခံသေတ္တာလေးက ထူးထူးခြားခြားအကြမ်းခံမယ့် ပုံစံမျိုးပေါက်နေပြီး ဖောက်ခွဲပစ္စည်းတွေနဲ့ဖွင့်မှသာ ပွင့်မယ့် ပုံစံမျိုးဖြစ်နေတယ်။
" မီးခံသေတ္တာ ပုံစံ ကြည့်ရတာရေနွေး ငွေ့ခေတ် ရဲ့ လက်ရာပဲ ။ အထဲမှာသေချာပေါက် ရှုပ်ထွေးတဲ့ ယန္တရားစနစ်ပါလောက်တယ်"
ကလိုင်း (Klein) ကမီးခံ သေတ္တာ ကိုဖွင့်ဖို့ကြိုးစားပေမယ့်မအောင်မြင်ပေ။ကလိုင်း(Klein) က မီးခံသေတ္တာကိုလက်လျှော့လိုက်သည်။ သူကဘက်ဘက် လက်အိတ်ကို ချွတ်ကာ ဘယ်ဘက်လက်ကောက်ဝတ်မှာ ပတ်ထားတဲ့ ဥဿဖယား ချိန်သီးကို ဖြေလိုက်တယ်။သူက ငွေကြိုးကို ကိုင်လိုက်ပြီး ချိန်သီးကိုလက်ကနေတန်းလန်းချထားလိုက်တယ်။ ကလိုင်းက အခန်းထဲမှာရနေတဲ့ စိတ်လှုပ်ရှားစရာအနံ့ကိုမရှူဘဲအသက်အောင့်ထားကာစျာန်ဝင်စား (Cogitation) ခြင်း အခြေအနေကို ဝင်ရောက်လိုက်တယ် ။
" ဒီအခန်းထဲမှာလျှို့ဝှက်ခန်းတစ်ခု ဒါမှမဟုတ် ဖုံးကွယ်ထားတဲ့ အခန်းတခုခုရှိနေတယ် "
ဆိုတဲ့စကားကို ခပ်တိုးတိုးရွတ်ဆိုရင်း ကလိုင်း(Klein) ရဲ့ မျက်လုံးတွေက မဲနက်သွားတယ်။
“ဒီအခန်းထဲမှာ လျှို့ဝှက်အခန်းတစ်ခု ဒါမှမဟုတ် ဖုံးကွယ်ထားတဲ့ အခန်း တစ်ခုခုရှိနေတယ်…”
အဲဒီစကားကို ခုနှစ်ခါ ရွတ်ဆိုပြီးတဲ့နောက် ကလိုင်း (Klein) ရဲ့ မျက်လုံးတွေက ပုံမှန်အရောင်ပြန်ပြောင်းသွားတယ်။သူက တန်လန်းကျနေတဲ့ ဥဿဖယား ကျောက် ဆွဲသီး ကို ကြည့်လိုက်တော့ဆွဲသီးက နာရီလက်တံ ရဲ့ပြောင်းပြန်အတိုင်း ဆန့်ကျင်ဘက်ကို လည်နေတယ်။အဲ့ဒါက လျှိူ့ဝှက် အခန်း မရှိဘူးဆိုတဲ့ အဖြေ ပဲ။ကလိုင်း (Klein) က ခေါင်းကို အသာအယာ ငြိမ့်လိုက်ပြီး မဒမ် ရှယ်ရွန် (Madam Sharon) ရဲ့ အခန်းထဲက ထွက်သွားလိုက်တယ်။အခန်းထဲကို ဝင်လာခဲ့တုန်းက ပုံစံ အတိုင်း စာကြည့်ခန်း၊ ဧည့်ခန်း၊ ဖန်လုံအိမ် စတဲ့ နေရာတွေကို လှည့်ပတ်ကြည့်ခဲ့ပေမယ့် ကလိုင်း (Klein ) အတွက် အသုံးဝင်တဲ့ သဲလွန်စ တစ်ခုမှ မတွေ့ခဲ့ပေ ။ သူက ဘာကိုရှာရမယ် ဆိုတာ တိတိပပ မသိသေးတဲ့အတွက်တုတ်ကောက်နဲ့ ရှာဖွေခြင်းနည်း (Dowsing Rod Seeking) ကိုလည်း မသုံးခဲ့ပေ ။ကလိုင်း (Klein) က သူ့ရဲ့ ငွေရောင် အိတ်ဆောင်နာရီကို ထုတ်ကြည့်ပြီး အချိန်ကြည့်လိုက်တယ်။ ထို့နောက် မဒမ်ရှယ်ရွန် ( Madam Sharon ) ပြန်ရောက်လာမယ့် အချိန်ကို တွက်ပြီး သူမရဲ့ အိပ်ခန်းထဲကို နောက်တစ်ခေါက် ပြန်ဝင်သွားလိုက်တယ်။ အခန်း တံခါးကို ဂရုတစိုက် ပိတ်လိုက်ပြီးအစီအရင်တွေမှာ သုံးတဲ့ ငွေရောင်ဓားကို ထုတ်ယူလိုက်တယ်။ နောက်ပြီး သူ့ရဲ့ စိတ်ဝိညာဥ်ကိုထုတ်လွှတ်ပြီး သဘာဝစွမ်းအင်တွေနဲ့ ပေါင်းစပ်ကာ အခန်းကို ချိပ်ပိတ် လိုက်တယ်။
သူက သူ့ကိုယ်သူ ဆင့်ခေါ်တော့မယ် !
သူ့ရဲ့ ဝိညာဉ်ပုံစံ ကို အသုံးချပြီး မီးခံ သေတ္တာထဲကို ဝင်ကြည့်ဖို့ လုပ်နေတာ ဖြစ်တယ် !
“ဆရာကြီးတွေက သော့ဖွင့် စရာမလိုဘူးကွ!”
လို့ ကလိုင်း (Klein) က မန်ဒရင်းဘာသာစကား နဲ့ ပြောလိုက်တယ်။ကိုယ့်ကိုယ်ကို ဆုတောင်းပြီးဆင့်ခေါ်ရတဲ့ လုပ်ငန်းစဉ်မျိုးက ခက်ခဲခြင်းမရှိပေ။ ဆင့်ခေါ်ဖို့အတွက် သူဆုတောင်းတဲ့ ရွတ်ဖတ်မှုက အရမ်းတိကျပြည့်စုံဖို့ မလိုပါ။ကလိုင်း က (Klein) က စန္ဒကူး ပါတဲ့တဲ့ ဖယောင်းတိုင်ကို ထုတ်ပြီးသူ့ရဲ့ စိတ်ဝိညာဥ်စွမ်းအား ကိုသုံးပြီး မီးညှိလိုက်တယ်။ဖယောင်းတိုင်ကို သူ့အတွက် အစီအရင် အခြေခံ အဖြစ် သတ်မှတ် လိုက်တယ်။
“ကျွန်ုပ်
“ကျွနုပ် ၏ အမည်နာမ နဲ့ ဆင့်ခေါ်ပါတယ်—”
“ ဒီခေတ်နဲ့ မသက်ဆိုင်တဲ့ အရူး
မီးခိုးရောင် မြူခိုးပေါ်က လျှို့ဝှက်ဆန်းကြယ်တဲ့ အုပ်စိုးသူ၊
ကံကောင်းမှုကို ပိုင်စိုးတဲ့ ဝါနက်ရောင် ဘုရင်…”
ကလိုင်း (Klein ) ရွတ်ဆို သံက မဒမ် ရှယ်ရွန်( Madam Sharon) ရဲ့ အိပ်ခန်းထဲမှာ ပဲ့တင်ထပ်ကာ လွင့်ပျံသွားတယ်။ကလိုင်း (Klein) ရဲ့ ဝိညာဉ်စွမ်းအားတွေက သူကိုယ်ထဲကနေ ရေစီးသလိုလွင့်ထွက်လာပြီးဖယောင်းတိုင်ရဲ့ မီးတောက်နဲ့ နူးညံ့စွာ ပေါင်းစည်းသွားကာလက်ဖဝါးအရွယ်ရှိတဲ့ မီးခိုးရောင် အလင်းအလွှာတစ်ခု ဖြစ်သွားတယ်။ပြီးတော့ သူက နာရီလက်တံ ပြောင်းပြန် ဆန့်ကျင်ဘက် အတိုင်း ခြေလှမ်း လေးလှမ်း နောက်ပြန်လျှောက်လိုက်တယ်။သူက ရူးချင်စရာကောင်းတဲ့ ညည်းညူ အော်ဟစ် သံတွေကို ဖြတ်သန်းပြီးမီးခိုးရောင် မြူခိုးအထက်က ကမ္ဘာထဲကို ဝင်သွားခဲ့လိုက်တယ်။ရှေးကျပြီ’ ရှည်လျားတဲ့ စားပွဲရဲ့ ဂုဏ်ယူဖွယ် ထိုင်ခုံ အနောက်ဘက်မှာဆင့်ခေါ်ခြင်း ( Summoning Door) တံခါးပေါက် ပေါ်လာတာကို သူမြင်လိုက်ရတယ်။ကလိုင်းက (Klein ) က လှုပ်ရှားဖို့ ဟန် ပြင်နေတုန်းမှာပဲ ရပ်တန့်သွားတယ်။
“ ငါ မြူခိုးကမ္ဘာထဲကို ရောက်နေပြီဆိုမှတော့
ဘာသဲလွန်စတွေ ရနိုင်မလဲဆိုပြီး နိမိတ်ကောက် သင့်တယ် ။
ဒီမှာဆိုရင် ပြင်ပ အနှောင့်အယှက်တွေ ဖယ်ရှားပြီးသားဖြစ်တဲ့အပြင်
ငါ့အစွမ်းတွေကလည်း သိသိသာသာ မြင့်နေတယ်…”
အခုနေရာအနေအထားအရ ငါနိမိတ်ကောက်တာက သူ့အခန်းထဲမှာ လုပ်နေတာဆိုတော့ မမ် ရှယ်ရွန် ( Madam Sharon) နေ့စဉ်သုံးနေတဲ့အရာဝတ္ထု တစ်ခုကို သုံးပြီးလုပ်နေသလိုဖြစ်နေတာဆိုတော့ ထိရောက်မှုရှိတယ် “
အဲဒီလို စဉ်းစားပြီး ကလိုင်း( Klein) က ထိုင်ချလိုက်တယ်။ပြီးတော့ ဖောင်တိန်တစ်ချောင်း နဲ့ သားရေစာရွက်တစ်ရွက်ကို မြူခိုးကမ္ဘာထဲမှာ ဖန်တီးလိုက်တယ်။
“ ဘာကို ခန့်မှန်း နိမိတ်ကောက်ရမှာလဲ”
ကလိုင်း (Klein) က အတွေးနက်သွားတယ်။
“မဒမ် ရှယ်ရွန် (Madam Sharon) မှာ တစ်ခုခု မူမမှန်တာရှိလား?”
ဒီလို ကောက်လို့တော့ မရဘူး… လူတိုင်းက အမှားတွေ လုပ်တတ်တယ်
ဘယ်သူမဆို တစ်ခုခုတော့ မူမမှန်တာရှိနေနိုင်တာပဲလေ “
“ မဒမ် ရှယ်ရွန် (Madam Sharon) က ရာဇဝတ်မှုတစ်ခုခုနဲ့ ပတ်သက်နေသလား?”
“ … မဟုတ်သေးဘူး၊ ဒီလို ကောက်လိုက်ရင် လည်း လိုချင်တဲ့ အဖြေကို ရနိုင်မှာ မဟုတ်ဘူး”
“ နိုင်ငံရေးနဲ့ ဆက်နွယ်နေတဲ့ နာမည်ကြီး လူ့မလိုင် အမျိုးသမီး တစ်ယောက်ဆိုတော့
ရာဇဝတ်မှုနဲ့ ဆိုင်တဲ့ ကိစ္စတစ်ခုခုထဲမှာ ပါဝင် ပတ်သက်နေတတ်တာ သဘာဝပဲ၊”
ဒါပေမယ့် ရာဇဝတ်မှုဆိုတာကိုရော ဘယ်လို အဓိပ္ပါယ် သတ်မှတ်မလဲ “
“လိုအင် (Loen ) နိုင်ငံရဲ့ ဥပဒေလား၊
အင်းတစ် (Intis) ပြည်ထောင်စုရဲ့ ဥပဒေလား၊
ဒါမှမဟုတ် ဘယ်ဥပဒေက သတ်မှတ်ထားတဲ့ ရာဇဝတ်မှုလဲဆိုတာကို ငါကိုယ်တိုင် သတ်မှတ်ရမှာလား? “
…
အတွေးတွေ အများကြီး ထွက်လာပေမယ့်ကလိုင် (Klein) က အချိန်ကို နောက်ထပ် မဆွဲချင်တော့ဘူး။ ဘာကြောင့်လဲဆိုတော့ သူ့ရဲ့ ကိုယ်ခန္ဓာကမဒမ် ရှာရွန် ( Madam Sharon ) ရဲ့အခန်း ထဲမှာ ရှိနေသေးလို့ဖြစ်ပါတယ်။ ဒါကြောင့် သူက မဒမ် ရှာရွန်ရဲ့အမှုနဲ့ ပတ်သတ်တဲ့ သူကောက်ခဲ့တဲ့ နိမိတ်တွေ မှန်မမှန် အတည်ပြုချင်တာဖြစ်ပါတယ်။ကလိုင်းက (Klein) က ဖောင်တိန်ကို ကောက်ကိုင်လိုက်တယ်။ သူက စာမရေးဘဲ သူ့ရှေ့မှာ ရှိတဲ့ သားရေစာရွက်ပေါ်မှာနိမိတ် ကောက်ခြင်း (divination) စာကြောင်းတစ်ကြောင်းကို ဖန်တီးလိုက်တယ်။
“ ဂျွန် မေနာ့ဒ် (John Maynard) ရဲ့ သေဆုံးမှုမှာ
သဘာဝလွန် ဖြစ်ရပ်တွေရဲ့ လွှမ်းမိုးမှုတွေပါနေတယ် ”
ဒီ နိမိတ်က ကလိုင်း မေနာ့ဒ်( Maynard) ရဲ့ အိမ်ကို သွားပြီးရဲတွေကို ကူညီတဲ့အချိန်မှာကောက်ခဲ့ဖူးတဲ့ နိမိတ်ဖြစ်ပါတယ်။အဲ့ဒီတုန်းက ရခဲ့တဲ့ အဖြေကမဟုတ်ဘူး ဆိုတဲ့ အဖြေ ဖြစ်ပါတယ်။ကလိုင်း(Klein) က ငွေရောင် ကြိုးကို ဆုပ်ကိုင်ပြီးဥဿဖယား ချိန်သီး ကိုသားရေစာရွက်ပေါ်က စာကြောင်းနဲ့ ထိလုနီးပါး အကွာအဝေးမှာ တန်းလန်း ချလိုက်တယ်။ မျက်လုံးကို အနည်းငယ် မှိတ်ထားပြီးနိမိတ် ကောက်မယ့် စာကြောင်းကိုစိတ်ထဲမှာ တိတ်တိတ်ကလေးနဲ့ ထပ်ခါဆိုလိုက်တယ်—
“ ဂျွန်မေနာ့ဒ် (John Maynard) ရဲ့ သေဆုံးမှုက အမှန်တကယ်ပဲ သဘာဝလွန် ဖြစ်ရပ်တွေရဲ့ လွှမ်းမိုးမှုတွေကြောင့်ဖြစ်ရတယ် ။ “
“ ဂျွန်မေနာ့ဒ် (John Maynard) ရဲ့ သေဆုံးမှုက အမှန်တကယ်ပဲ သဘာဝလွန် ဖြစ်ရပ်တွေရဲ့ လွှမ်းမိုးမှုတွေကြောင့်ဖြစ်ရတယ် ။ “
…
ခုနှစ်တိတိ ထပ်ခါ ထပ်ခါ ရွတ်ဆိုပြီးနောက်
ကလိုင်း (Klein) က မျက်လုံးဖွင့်လိုက်ပြီးချိန်သီးကို ကြည့်လိုက်တယ်။သူ့မျက်လုံးထဲက သူငယ်အိမ်က ရုတ်တရက် အံ့သြမှုကြောင့် ရုတ်တရက် ကျဉ်းသွားတယ်။ဥဿဖယား ချိန်သီးဟာ နာရီလက်တံအတိုင်း အတည့် လည်နေတာဖြစ်နေတယ် ! နာရီလက်တံအတိုင်း လှည့်တာကဟုတ်တယ် ဆိုတဲ့ အဓိပ္ပါယ်ဖြစ်တယ် !မေနာ့ဒ် (Maynard ) ရဲ့ သေဆုံးမှုကတကယ်ကို သဘာဝလွန် ကိစ္စ တွေကြောင့် ဖြစ်ခဲ့တာပဲ!ကလိုင်းက (Klein) က လည် နှုန်း တဖြည်းဖြည်း နှေးသွားတဲ့ချိန်သီးကို စိုက်ကြည့်နေပြီးသူ့စိတ်ထဲမှာ လှိုင်းထန်သလို ဖြစ်နေပြီး အံ့သြနေတယ်။
“ အရင် ငါနိမိတ်ကောက် တုန်းက
ပြင်ပက အားတစ်ခုခုက လွှမ်းမိုးတာ ခံခဲ့ရတယ်… ဖျက်ဆီးခံခဲ့ရတယ်…”
“မဒမ် ရှယ်ရွန် (Madam Sharon) က သာလွန်သူ တစ်ယောက်လား—“
ရိုးရိုး သာလွန်သူမဟုတ်တဲ့ အစွမ်းထက်ပြီး အားကောင်းတဲ့ သာလွန်သူ တစ်ယောက်လား?ဒါမှမဟုတ်
သူမ နောက်မှာတစ်ယောက်ယောက် ရှိ နေပြီးမေနာ့ဒ် (Maynard ) သေအောင် တမင်အကွက်ချ လုပ်ကြံတာမျိုးလား “ မြို့တော်ဝန် ဖြစ်လာနိုင်တဲ့ အင်အားကြီး ပြိုင်ဘက်တစ်ယောက်ကို ဖယ်ရှားချင်လို့လား— ပါတီအသစ် ကနေ လာမယ့်အနာဂတ် ပါလီမန် အဖွဲ့ဝင် အမတ်လောင်း တစ်ယောက်ကိုကြိုတင် ဖယ်ရှားချင်တာလား? “
အတွေးတွေက ဦးဏှောက်ထဲမှာ မုန်တိုင်းလို ပြင်းထန်နေတုန်းမှာပဲ
ကလိုင်း (Klein) က နိမိတ်ကောက်မယ့် စာကြောင်းအသစ်တစ်ကြောင်းကို ချရေးလိုက်တယ်—
“ မဒမ် ရှာရွန် (Madam Sharon) က သာလွန်သူ တစ်ယောက် ဖြစ်တယ်။”
သူက ဥဿဖရား ချိန်သီးကို ဆက်သုံးပြီး စာကြောင်းကို ၇ ခေါက်ရွတ်ဆိုလိုက်တယ်။ကလိုင်း (Klein) က မဒမ် ရှယ်ရွန် (Madam Sharon) နဲ့ ပတ်သတ်တဲ့ သူသိထားတဲ့ အချက်အလက်တွေ နဲ့ သူ ရောက်နေတဲ့ အခန်း နေရာအခြေအနေတွေကို အသုံးချပြီး နိမိတ်ကောက်လိုက်တယ်။ဥဿဖရား ချိန်သီးက နာရီလက်တံအတိုင်း လည်သွားတယ်။ အဓိပ္ပါယ်ကတော့
" ဟုတ်တယ်! "
" မဒမ် (Madam Sharon) က သာလွန်သူ တစ်ယောက် ဖြစ်နေတယ်…"
ကလိုင်း ( Klein ) က အန္တရာယ်ကို ခံစားမိလိုက်သလို သူ ရဲ့ အာရုံကြောတွေ တင်းကျပ်သွားတယ်။သူ အချိန်မဆွဲတော့ပေ။သူ့ကိုယ်သူ ဆင့်ခေါ်ထားတဲ့ ဆုတောင်းကို ချက်ချင်း တုံ့ပြန်လိုက်ပြီးလျှို့ဝှက်ဆန်းကြယ်တဲ့ ဆင့်ခေါ်ခြင်းတံခါးကို တွန်းဖွင့်လိုက်တယ်။သူမြူခိုးကမ္ဘာထက်ကနေ ပြင်ပကမ္ဘာကို ပြန်ထွက်လာခဲ့လိုက်တယ်။သူ အနည်းငယ် ခေါင်းမူးသလို ၊ မူးဝေသလို ခံစားရပြီး —မဒမ် (Madam Sharon) ရဲ့ အိပ်ခန်းထဲကို ပြန်ရောက်သွားကာသူ့ကိုယ်သူ ပြန်မြင်လိုက်ရတယ်။ကလိုင်း (Klein ) က မီးခံ သေတ္တာရှေ့ကို ဝိညာဉ်ပုံစံနဲ့ မျောလွင့်သွားလိုက်ပြီး ညာလက်ကို ဆန့်ထုတ်လိုက်တယ်။ပြီးတော့ သူ သတိကြီးကြီးထားကာလက်ကို မီးခံသေတ္တာထဲကို ထည့်လိုက်တယ်။
မဒမ် (Madam Sharon) က သာလွန်သူတစ်ယောက် ဖြစ်နေတာကြောင့်ဒီလို မီးခံ သေတ္တာထဲမှာထောင်ချောက်တစ်ခုခု ရှိနိုင်တဲ့အတွက် သူက သေချာ သတိထားနေတာ ဖြစ်ပါတယ်။ဒီလို အခြေအနေမျိုးမှာ—သူ့ဝိညာဉ်က လျှို့ဝှက်ဆန်းကြယ်တဲ့ မြူခိုးကမ္ဘာက အစွမ်းတွေ ၊ သူ့ရဲ့ ဝိညာဉ် စွမ်းအင် တွေနဲ့ပေါင်းစည်းနေတဲ့အချိန်—ဖြစ်တဲ့အတွက် သူ့ကို ထိခိုက်မှာတော့ မပူရပေ။ အဲ့ဒီအတွက် ကလိုင်း (Klein ) က နိမိတ်ထပ်ကောက်စရာ မလိုတော့ပေ။အန္တရာယ်ရှိတဲ့ အရာတစ်ခုကို နီးလာတဲ့အချိန်၊သူကိုယ်တိုင် အန္တရာယ်ကို အလိုအလျောက် ကြိုတင် ခံစား မိလိမ့်မယ် ဖြစ်သည်။ အမှန်တကယ်တော့နိမိတ်ကောက်ခြင်း ဆိုတာက လူတစ်ယောက်ရဲ့ ကြယ်တာရာ ထုတ်လွှတ်ခြင်း (Astral Projection) ကိုဝိညာဉ်လောကထဲကို လွှတ်ပြီး သတင်းအချက်အလက်တွေကို ရယူတဲ့ ပုံစံမျိုးဖြစ်တယ်။တစ်နည်းအားဖြင့်ဆိုရင် နိမိတ်ကောက်ခြင်း ဆိုတာကကိုယ့်ရဲ့ ဝိညာဉ်စွမ်းအင် ကနေ ဆင်းသက်လာတာမျိုးဖြစ်တယ်။ ကလိုင်း (Klein) ကသူရဲ့ ဖောက်ထွင်းမြင်ရလုနီးပါး ဖြစ်နေတဲ့ ဝိညာဉ်ပုံစံ လက်က မီးခံသေတ္တာထဲကို ဖြတ်သွားတဲ့အချိန်မှာဘာမှ ထူးခြားတာ မခံစားရပေ။ကလိုင်း(Klein) က လက်ကို အနည်းငယ် လှုပ်ရှားပြီး ရှေ့ကို ကိုင်းကာ သူရဲ့ဝိညာဉ်ပုံစံ ခန္ဓာကိုယ် တစ်ခုလုံးနဲ့မီးခံသေတ္တာအတွင်း ဝင်ချလိုက်တယ်။အထဲတွင် မီးခံသေတ္တာကို အပိုင်းသုံးပိုင်း ခွဲထားတာကို သူမြင်လိုက်ရတယ်။မီးခံ သေတ္တာရဲ့ ပထမအပိုင်းထဲမှာ ရွှေတုံးတွေ၊ငွေစက္ကူ အထပ်လိုက် တွေ၊ တန်ဖိုးကြီးတဲ့ လက်ဝတ်ရတနာ တွေနဲ့ ပြည့်နက်နေတယ်။နောက်တစ်လွှာမှာတော့စာရွက်စာတမ်းတွေကိုချိတ်ပိတ်ထားတာ တွေ့ရတယ်။ကလိုင်း (Klein ) က အဲဒီစာရွက်တွေကိုလေနဲ့မှုတ်ကြည့်ပေမယ့် စာရွက်တွေ က လှန်မသွားတဲ့အတွက် အတွင်းမှာ ဘာတွေ ပါလဲ မကြည့်လိုက်ရပေ။ သူက ဝိညာဉ်ပုံစံဖြစ်နေတဲ့အတွက် ပစ္စည်းတွေကိုကိုင်လို့မရပေ။
"ဟုတ်သားပဲ …
မစ္စတာ အက်ဇစ် (Mr. Azik ) ရဲ့ ကြေးဝါ ဝီစီ နဲ့ နောက်တစ်ခါ ထပ်စမ်းကြည့်ရမယ်…"အရင်ကတည်းက ကလိုင်း( Klein) ကဒီလိုပုံစံကို စမ်းသပ်ကြည့်ဖူးတယ်။သူရဲ့ ဝိညာဉ်နဲ့အလင်းဖြာနေတဲ့ နေမင်း အဆောင် (Flaring Sun Charm) ဒါမှမဟုတ်မစ္စတာ အက်ဇစ် (Mr.Azik ) ရဲ့ ကြေးဝါဝီစီ ကို လွှမ်းခြုံလိုက်ရင်—အဲဒီ ပစ္စည်းတွေကအတားအဆီးတွေကို ဖြတ်သန်းနိုင်သွားတဲ့ ဝိညာဉ်ပုံစံ အရိပ်လို ပစ္စည်းတွေ ဖြစ်သွားတယ်မီးခံသေတ္တာရဲ့ အောက်ဆုံးအလွှာကတော့ အတော်လေး ထူးဆန်းနေတယ်။ အထဲမှာ အဖြူအမဲ ဓာတ်ပုံတစ်ပုံပဲ ရှိနေတယ်။ ဓာတ်ပုံထဲမှာတော့ အလွန်သဘောကောင်း ပုံရတဲ့ လူငယ်တစ်ယောက် ။
* မဒမ်ရှာရွန် (Madam Sharon )ရဲ့ ရည်းစားဟောင်းလား?
မိဘတွေ သဘောမတူလို့ အတင်းအကြပ် ခွဲခံလိုက်ရပြီး မဒမ်ရှာရွန် (Madam Sharon ) က ရွေးချယ်စရာမရှိ တော့တဲ့အဆုံး အသက်ကြီးတဲ့မြို့စားကြီး နဲ့ လက်ထပ်လိုက်ရတာလား?၊ အဲဒီလိုနဲ့ တွေ့ကရာ ယောက်ျားတွေနဲ့ အိပ်ရင်း စာရိတ္တ ပျက်ပြားသွားတာလား? ဒါပေမဲ့ သူမ နှလုံးသားရဲ့ အနက် ဆုံးထဲမှာတော့ သီးသန့် နေရာလေးတစ်ခုကို ချစ်တဲ့သူအတွက် ဆက်ပြီး ထိန်းထားတာမျိုးလား?ညတိုင်း လူခြေတိတ်တဲ့အချိန်ကျမှ ဒီဓာတ်ပုံကို ထုတ်ယူပြီး မျက်ရည် တွေနဲ့ လွမ်းနေတတ်လား…*ကလိုင်း (Klein) က ချက်ချင်းပဲ အလွန် ရိုမန်တစ်ဆန်တဲ့ ချစ်ခြင်းဇာတ်လမ်းတစ်ပုဒ်ကို စိတ်ထဲမှာ ပုံဖော်မိသွားတယ်။
ဒါပေမဲ့ ကြည့်လေလေ တစ်ခုခုက မူ မမှန်သလို ခံစားရလာတယ်။ ဓာတ်ပုံထဲက လူငယ်က… မဒမ်ရှာရွန်(Madam Sharon )နဲ့ အရမ်းတူနေသလိုပဲ ။
* မဒမ်ရှာရွန် (Madam Sharon )ရဲ့ အစ်ကိုလား?
သူမကလည်း သာလွန်သူ တစ်ယောက်ဆိုတော့ ----
သေလိုက်ပါတော့ကွာ ----
သူမက မိစ္ဆာမ လမ်းစဉ် (DemoneyPathway ) က ဖြစ်နိုင်တယ်။ ဟို သွေးထိုးလှုံ့ဆော်သူ ထရစ်ဆီ (Instigator Trisssy) နဲ့ တူတူပဲဟ *
ကလိုင်းရဲ့ စိတ်ထဲမှာ ရုတ်တရက် အတွေးတစ်ခု ပေါ် လာပြီး လန့်သွားတယ်။
ထရစ်ဆီ (Trissy ) က ထင်းဂန် (Tingen)
မှာ ဒီလောက်ကြာကြာ နေရတဲ့ အကြောင်းရင်းက သူမရဲ့ တွဲဖက်က ဒီမှာ ရှိနေလို့ ဖြစ်နိုင်မလား?
ကလိုင်း (Klein) က ဓာတ်ပုံကို နီးနီးကပ်ကပ် ကြည့်လိုက်တော့ ပုံထဲက လူငယ်ဟာ မဒမ်ရှာရွန် (Madam Sharon) အံ့အားသင့်စရာကောင်းအောင် တူညီနေတယ်ဆိုတာကို သတိထားမိသွားတယ်။သူ့ရဲ့ ဝိညာဉ်ပုံစံ ဖောက်ထွင်းမြင်ရလုနီးပါး ဖြစ်နေတဲ့ မျက်နှာက အံ့ဩမှု ကြောင့် ရှုံ့တွသွားတယ်။မဒမ်ရှယ်ရွန် (Madam Sharon ) ရဲ့ အိပ်ရာပေါ်က ရမ္မက် ထန်နေတဲ့ မြင်ကွင်းကိုတော့ အရင်လို စိတ်လှုပ်ရှားစွာ စိတ်ကူးမယဉ်မိတော့ပေ။ကိုယ်ကိုယ့်ကို စိတ်ငြိမ်အောင် ပြန်လည် ထိန်းသိမ်းလိုက်ပြီး ကလိုင်း(Klein)က မီးခံသေတ္တာရဲ့ ထောင့်တွေကို စမ်းကြည့်လိုက်တယ်။ တစ်စုံတစ်ခုခု ဖုံးကွယ်ထား သေးသလားဆိုတာ ရှာဖွေလိုက်တယ်။သူ့ရဲ့ လက်ရှိအခြေအနေကြောင့် စာရွက်တွေကို မကိုင်နိုင်ပေမဲ့ အရာဝတ္ထုတွေကို ဖောက်ထွင်းပြီး ဖြတ်သွားတာက လေထဲကို ဖြတ်သန်းသွားတာနဲ့ မတူတဲ့ ခံစားချက်တစ်ခုကို ဖြစ် စေတယ်။ထို့အပြင် သိပ်သည်းမှု မတူညီတဲ့ အရာဝတ္ထုတွေကို ဖြတ်သန်းတဲ့အခါ ရလာတဲ့ ခံစားချက်လည်း မတူ ပေ။ရှာဖွေနေရင်းနဲ့ ကလိုင်း (Klein) က ရုတ်တရက် ရပ်သွားတယ်။နံရံကို ဘက်က မီးခံသေတ္တာဘက်အခြမ်းမှာ နေရာ အလွတ်တစ်ခု— လျှိူ့ဝှက် အခန်းငယ်တစ်ခန်းကို သူတွေ့သွားခဲ့တယ်!အန္တရာယ် ရှိ မရှိ စစ်ဆေးပြီးနောက် ကလိုင်းက အဲဒီထဲကို ဝင်သွားလိုက်တယ်။ သူ့မြင်လိုက်ရတာ တွေက လိမ်း ဆေးများ၊ အမွှေးဆီများ၊ အမှုန့်ကြိတ်ထားတဲ့ ဆေးမြစ် တွေ နဲ့ အခြားအရာဝတ္ထုတွေ ဖြစ်တယ်။ အလယ်မှာတော့ အရိုးစု ပုံစံရှိတဲ့ နတ်ရုပ်တစ်ရုပ် ရှိနေတယ်။အဲဒီရုပ်တုက လက်တစ်ဖက်လောက် အရွယ်သာရှိပြီး လှပတဲ့ မိန်းကလေးတစ်ယောက်ရဲ့ ပုံစံနဲ့တူတယ်။ ခြေဖနောင့်အထိ ကျဆင်းနေတဲ့ ဆံပင်ရှည်တွေ ရှိပြီး ဆံသားတစ်ချောင်းချင်းစီက အဆိပ်ရှိတဲ့ မြွေလို ထူထဲပြီး ထင်ရှားနေတယ်။ဆံပင်တစ်ချောင်းချင်းရဲ့ အဖျားမှာတော့ မျက် လုံး တစ်လုံးစီ ရှိနေပြီး တချို့က မှိတ် ထားတယ်၊ တချို့က ပွင့်နေတယ်။
ကလိုင်း(Klein) က ထိတ်လန့်သွားပြီး နတ်ဆိုးဆန်တဲ့ အနံ့တစ်မျိုးကို ခံစားမိသဖြင့် မီးခံသေတ္တာရဲ့ လျှိူ့ဝှက် အခန်းငယ်ထဲကနေ အလျင်အမြန် ထွက်လာခဲ့တယ်။
အိပ်ခန်းထဲမှာ လျှို့ဝှက်အခန်းတွေ၊ ဝှက်ထားတဲ့ အခန်းတွေ ရှိမရှိ ဆိုတာကို သူ နိမိတ်ကောက် (Divination ) ခဲ့ပေမယ့် ဘာကြောင့် မအောင်မြင်ခဲ့တာလဲဆိုတာကို အခုတော့ သူနားလည်သွားပြီ