နတ်ကတော်ကြေးမုံ
Vol. 20 Ch. 196
ကလိုင်း (Klein) က မီးခံသေတ္တာကြီးထဲကနေ အလျင်အမြန် ထွက်လာလိုက်တယ်။ အိပ်ခန်းထဲက အရာအားလုံးကို အဆင်ပြေပြေ ပြန် မြင်ရမှသာ သူ့စိတ် နည်းနည်း တည်ငြိမ်သွားတယ်။
*" အဲဒီ အဖြူရောင် အရိုးစု နတ်ရုပ်က တကယ့်ကို ကြောက်စရာကောင်းတယ်… အန္တရာယ်မရှိသလို ထင်ရပေမဲ့ စိတ်ထဲကို အေးစက်စက် ခံစားမျိုး ခပ်စူးစူးဝင်လာစေတယ်… ဒါက ကမ္ဘာဦး မိစ္ဆာမ (Primordial Demoness) လို့ ခေါ်ကြတဲ့ နတ်ဘုရားမ လား? ပုန်းကွယ်နေသော ပညာရှိ (Hidden Sage) ၊စကြာဝဠာရဲ့ အမှောင်ဘက်ခြမ်း (Dark Side of the Universe)၊ သို့မဟုတ် ဖန်ဆင်းရှင်စစ် (True Creator) တို့လိုပဲ မကောင်းဆိုးဝါး နတ်ဘုရားတစ်ပါးလား?"*
မဒမ်ရှာရွန် (Madam Sharon ) နဲ့ပတ်သတ်တဲ့ သူ့ရဲ့ ခန့်မှန်းချက်တွေကို ပြန်မှတ်မိလာတဲ့အခါ ကလိုင်း (Klein) ဟာ အဲဒီ အဖြူရောင် အရိုးနတ်ရုပ်က ဘာ အဓိပ္ပါယ် ဖြစ်နိုင်လဲဆိုတာကို ရုတ်တရက် နားလည်သွားတယ်။
သူ အဲဒီလို စဉ်းစားနေချိန်မှာပဲ သူ့ရဲ့ ဝိညာဉ် ကလှုပ်ရှားလာပြီး အန္တရာယ်ကြိုတင်သတိပေးချက်တစ်ခုကို ခံစားလိုက်ရတယ်။
ကလိုင်း (Klein)က ဝိညာဉ်ပုံစံနဲ့ ချက်ချင်းပဲ ရှုပ်ထွေးတဲ့ ပုံစံနဲ့ အလှဆင်ထားတဲ့ ပြတင်းပေါက်ဘေးကို ပျံသန်းသွားပြီး အပြင်ဘက် လမ်းကို ကြည့်လိုက်တယ်။
လမ်းမီးအလင်းရောင်အောက်မှာ လှည်းတစ်စီးက အိမ်ရှေ့တံခါးဘက်ကို ဦးတည်ပြီး မောင်းနှင်လာနေတာကို သူတွေ့လိုက်ရတယ်။
မဒမ်ရှာရွန် (Madam Sharon ) ပြန်လာပြီလား? အန္တရာယ်ကြိုတင်သတိပေးချက် ကို ဘာလို့ ခံစားလိုက်ရတာလဲဆိုတာ နားလည်သွားတဲ့အခါ ကလိုင်း (Klein)ရဲ့ နှလုံးသားက တုန်လှုပ်သွားတယ်။
ထရစ်စီ (Trissy ) က ဆုံမှတ် ၈ သွေးထိုး လှုံ့ဆော်သူ (Sequence 8 Instigator) ဖြစ်ပြီးမှ မိန်းကလေးအဖြစ် ပြောင်းလဲခဲ့တာကို ထည့်သွင်းစဉ်းစားမယ်ဆိုရင် မဒမ်ရှာရွန် (Madam Sharon )က အနည်းဆုံး ဆုံမှတ် ၇ (Sequence 7) ဖြစ်နိုင်တယ်။
ဒါ့အပြင် မဒမ်ရှာရွန် (Madam Sharon ) က ထင်းဂန် (Tingen) မြို့ရဲ့ လူကုံထန်အဝန်းအဝိုင်းထဲမှာ နှစ် ပေါင်းများစွာ ကျင်လည်လှုပ်ရှားလာခဲ့သူဖြစ်လို့ ထရစ်ဆီ (Trissy) ထက် ပိုပြီး အင်အားကြီးနိုင်တယ်။
ကလိုင်း(Klein) က သူ့ရဲ့ တောက်လောင်နေသော နေမင်း အဆောင်(Flaring Sun Charm ) နဲ့ အက်ဇစ် (Azik) ရဲ့ ကြေးဝါ ဝီစီ ကို အားကိုးပြီး စွန့်စားဖို့ မရဲခဲ့ ပေ ။
အဲဒီအစား သူက ဉာဏ်သုံးပြီး ဆုံးဖြတ်ချက်တစ်ခုကို ချကာ ထွက်ခွာဖို့ ပညာရှိရှိ ရွေးချယ်လိုက်တယ်။
သူ့မှာ အဆောင်တွေဆိုတာက အရေအတွက် အ ကန့်အသတ်နဲ့ ပဲရှိတယ်။ ထို့အပြင် ချိတ်ပိတ် လက်နက် ( Sealed Artifact ) တစ်ခု ဖြစ်တဲ့ သန္ဓေပြောင်း မြင့်မြတ်သော နေမင်း တံဆပ်တော် ( Mutated Sun Sacred Emblem )က နောက်တစ်ကြိမ် ဘယ်လိုအချိန်မှာ အသုံးလိုလာမလဲဆိုတာလည်း မသိနိုင်ပေ။။ ဒါကြောင့် အရေးကြီးလောက်တဲ့ အလွန်အန္တရာယ်များတဲ့ အခြေအနေမဟုတ်ရင် သူ့ရဲ့ အင်အားအကြီးဆုံး အဆောင်တွေ တံဆိပ်တွေကို ထုတ်မသုံးချင်ပေ။ ထို့အပြင် အဲဒါ တွေကို သုံးလိုက်ရင် ကလိုင်း(Klein) ပြန်ရှင်းပြရမယ့် ပြဿနာလည်း ရှိလာနိုင်တယ်။
*" ဒီအဆောင်တွေကို သုံးလိုက်ပြီး မဒမ် ရှယ်ရွန်ကို ရှင်းလိုက်ပြီးမှ အဆင်မြင့် သာလွန် သူတစ်ယောက်က လမ်းကြုံလာ ကူညီသွားတယ်” လို့ ဒန်း( Dunn ) ကို ရှင်းပြလို့မှမရတာ " *
*"အက်ဇစ် (Azik ) ရဲ့ ကြေးဝါဝီစီကို မသုံးချင်တဲ့ အဓိက အကြောင်းက ဝီစီနဲ့ ခေါ်လို့ ထွက်လာတဲ့ အရိုးစု စာပို့သမားက တိုက်ခိုက်နိုင်တဲ့ စွမ်းရည် ရှိမရှိကို ကလိုင်း သေချာမသိတဲ့အတွက် ဖြစ်တယ်။
အရိုးစုက အရွယ်အစားကြီးလို့ အင်အားကြီးသလို ထင်ရပေမဲ့ စာပို့ရုံပဲ သိတဲ့ ဝိညာဉ်အမျိုးအစား ဖြစ်နေခဲ့ရင် ဘယ်လိုလုပ်မလဲ?"*
*"ငါ စောစောတုန်းက စုံစမ်းတွေ့ရှိထားတဲ့ အချက်အလက်တွေကို အခြေခံမယ်ဆိုရင် ညသိမ်းဌက် အဖွဲ့ (NightHawks )အနေနဲ့ မဒမ် ရှယ်ရွန် (Madam Sharon) ကို ဖမ်းဖို့ လုံလောက်နေပါပြီ။ မဒမ်ရှာရွန် (Madam Sharon) နဲ့ ငါက တစ်ယောက်ချင်း ဘာလို့ တိုက်ရမှာလဲ? အဖွဲ့လိုက် ဝိုင်းပြီး ချလို့ရတာပဲလေ ! "*
ကလိုင်း (Klein) က စိတ်ထဲမှာ အားကြိုးမာန်တက် ပြောလိုက်ပြီး သူ့ကိုယ်သူ ဆင့်ခေါ်ထားတာကို အဆုံးသတ်လိုက်တယ်။
“ဝှူး” ဆိုတဲ့ အသံတစ်ချက်နဲ့အတူ သူက မီးခိုး ရောင်မြူခိုးအထက်က ကမ္ဘာကို ပြန်ရောက်လာခဲ့တယ်။ ထို့နောက် ဝိညာဉ်စွမ်းအားကို ခန္ဓာကိုယ်ပတ်လည် လွှမ်းခြုံလိုက်ပြီး မြူခိုးကမ္ဘာထဲကနေ အမြန်ဆင်းကာ အပြင်ကမ္ဘာထဲက သူ့ခန္ဓာကိုယ်ဆီ ပြန်ဝင်လိုက်တယ်။
သူက ချက်ချင်းပဲ ဖယောင်းတိုင် မီးကို ငြိမ်းကာသိမ်းလိုက်တယ်။ ဝိညာဉ်စွမ်းအားနဲ့ ချိတ်ပိတ်ထားတဲ့ နံရံကို ဖယ်ရှားပြီး မဒမ်ရှာရွန် (Madam Sharon) ရဲ့ အိပ်ခန်းကနေ ထွက်သွားလိုက်တယ်။ ဝင်လာခဲ့တဲ့ ပုံစံအတိုင်း ပြန်သွားပေမဲ့ အချိန်မမှီ တော့ လို့ ဝန်ရံတာ တံခါးက မောင်းတံကို တော့ ပြန်မချိန်နိုင်ခဲ့ပေ
ရေပိုက်လိုင်း တစ်လျှောက် လျှောဆင်းပြီး ကလိုင်း(Klein) က အိမ်ဝင်ပေါက်နဲ့ မျက်နှာချင်းဆိုင်ဘက်က နံရံကို ကျော်တက်လိုက်တယ်။ အိမ်အနီးက လမ်းပေါ်ရောက်တဲ့အထိ သူက ခိုးကြောင်ခိုးဝှက် လမ်းလျှောက်လာခဲ့တယ်။ ထို့နောက် ဇိုးတလန်း (Zouteland )လမ်းကို သွားဖို့အတွက် ညဘက် ဆိုရင် မြင်းလှည်းခ ဈေးကြီးပေမယ့်လည်း ငှားစီးသွားခဲ့လိုက်တယ်။
…
အနက်ရောင် ဝတ်စုံနဲ့ လှပ နေတဲ့ မဒမ်ရှာရွန် (Madam Sharon) က ဒုတိယထပ်ကို ဖြည်းဖြည်းလေး တက်လာတယ်။ သူမက အိပ်စေ မိန်းကလေးတွေကို နားခိုင်းလိုက်ပြီး အိပ်ခန်းတံခါးကို ဖွင့်လိုက်တယ်။
သူမရဲ့ ကြည်လင်စူးရှတဲ့ မျက်လုံးတွေက ရုတ်တရက် စူးစိုက်သွားပြီး လူ့မျက်စိနဲ့ မမြင်နိုင်လုနီးပါးသေးငယ်တဲ့ အမျှင်သေးသေးလေးတွေကို ကြည့်လိုက်တယ်။ အဲဒီ အမျှင်တွေမှာ ဝိညာဉ်စွမ်းအား မရှိပါ။ မျိုးရိုးဗီဇပြောင်းထားတဲ့ ရိုးရိုးဆံချည်မျှင်တွေ ပုံစံ သာ ဖြစ်တယ်။ ဒီအမျှင် ရှိနေတာ ကို သတိထားမိဖို့ဆိုတာက အလွန်ထူးခြားတဲ့ မျက်လုံးတစ်စုံ ရှိမှ ဖြစ်နိုင်မယ်။ မဟုတ်ရင် အဲဒီ အမျှင်တွေကို သတိမထားမိနိုင်ပေ။
အဲဒီ အမျှင်သေး သေးလေး တွေ အားလုံးက ပြတ်တောက်ကုန်ပြီး ကြမ်းပြင်ပေါ်မှာ ကျနေတယ်။
မဒမ်ရှာရွန် (Madam Sharon )ရဲ့ မျက်လုံးတွေက ကျဉ်း မြောင်းသွားပြီး သူမရဲ့ ခြေလှမ်းတွေဟ မီးခိုးရောင် သံမဏိ မီးခံသေတ္တာဆီကို ဦးတည် လိုက်တယ်။
အမှတ် ၃၆ ဇိုးတလမ်း( Zouteland )လမ်း — ဆူးနက် လုံခြုံရေး ကုမ္ပဏီ ( Blackthorn Security Company ) တွင်ဖြစ်သည် ။
ဒန်း (Dunn) က ခြေတစ်ဖက်ကို နောက်ခြေတစ်ဖက်ပေါ်တင်ပြီး သတင်းစာကို အေးအေးဆေးဆေး ဖတ်နေခဲ့တယ်။ သူ့ရုံးခန်းတံခါးရှေ့မှာ ရုတ်တရက် ပေါ်လာတဲ့ ကလိုင်း ( Klein ) ကို ထူးဆန်း သလို ကြည့်လိုက်တယ်။ သူက သက်ပြင်းတချက် ချလိုက် ပြီး ပြောလိုက်တယ်—
“မင်းက မဒမ်ရှာရွန် (Madam Sharon) ရဲ့ အိမ်ထဲကို ခိုးဝင်ပြီး ပထမအဆင့် စစ်ဆေးမှုလုပ်ရမယ့် တာဝန်ယူထားတာ မဟုတ်ဘူးလား? … ပြဿနာတစ်ခုခု ကြုံခဲ့တာလား?”
ကလိုင်း ( Klein ) က အလေးအနက် ခေါင်းညိတ်ပြ လိုက်တယ်။
“ဟုတ်ပါတယ်။ မဒမ်ရှာရွန် ( Madam Sharon ) က မိစ္ဆာမ ဂိုဏ်း ( Demoness Sect) ရဲ့ အဖွဲ့ဝင်ဖြစ်နိုင်တယ်လို့ ကျွန်တော် သံသယရှိပါတယ်။”
“မိစ္ဆာမဂိုဏ်း (Demoness Sect) ရဲ့ အဖွဲ့ဝင်?” ဒန်း( Dunn) က ဖတ်လက်စ သတင်းစာကို ချပြီး စကားလုံးတွေကို စိတ်ထဲမှာ ပြန်လည် စဉ်းစားနေသလို ဖြစ်သွားတယ်။ ထို့နောက် အလေးအနက်နဲ့ မေးလိုက်တယ်—
“မင်း ဘာတွေ ရှာတွေ့ခဲ့လဲ?”
ကလိုင်းက ထိုင်မနေဘဲ ရှေ့ကို လှမ်းကာ အလုပ်စားပွဲရဲ့ အစွန်းကို လက်နှစ်ဖက်နဲ့ ထောက်လိုက်တယ်။
“ပထမဆုံးအနေနဲ့ ကျွန်တော် ဓာတ်ပုံတစ်ပုံကို တွေ့ခဲ့တယ်။ ဓာတ်ပုံထဲက လူငယ် က မဒမ်ရှာရွန် (Madam Sharon) နဲ့ အရမ်းတူတယ်။”
အဲ့ဒီ ပုံထဲက လူငယ်အမျိုးသားကို မိန်းမဝတ်စုံ ပြောင်းဝတ် ပေး ၊ မိတ်ကပ်လေး နည်းနည်းလိမ်းပေးပြီး ဓာတ်ပုံကို နည်းနည်းပြင်လိုက်ရင် မဒမ်ရှာရွန်နဲ့ တစ်ပုံစံတည်း ဖြစ်သွားနိုင်တယ်… ဆိုပြီး ခပ်ပြောင်ပြောင် လှောင်ချင်စိတ်ကို ကလိုင်းက ချုပ်ထိန်းထား ရင်း ရှင်းပြလိုက်တယ်။
“ သွေးထိုး လှုံ့ဆော်သူ ထရစ်ဆီ( Instigator Trissy) လိုပဲလား?” ဒန်း (Dunn) ရဲ့ မျက်လုံးတွေ လင်းလက်သွားပြီး ရုတ်တရက် သဘောပေါက် သွားသလို ဖြစ်သွားတယ်။
သူတို့က အရင်ကတည်းကထရစ်ဆီ( Trissy) ဟာ မိစ္ဆာမ ဂိုဏ်း (Demoness Sect )ရဲ့ အဖွဲ့ဝင်ဖြစ်နိုင်တယ်လို့ ခန့်မှန်းထားခဲ့ကြတာဖြစ်တယ်
“ဟုတ်ပါတယ်။” ကလိုင်း (Klein ) က ရှုပ်ထွေးတွေနဲ့ ခံစားချက်ပေါင်းစုံနဲ့ ခေါင်းညိတ်ပြီး ဆက်ပြောလိုက်တယ်။
“ပြီးတော့ ကျွန်တော် နိမိတ်ကောက်ပြီး သိလိုက်ရတာက မဒမ်ရှာရွန်( Madam Sharon )ရဲ့ မီးခံသေတ္တာထဲက ဝှက်ထားတဲ့ အခန်းငယ် လေးတစ်ခုထဲမှာ အဖြူရောင် အရိုးစုပုံစံ နတ်ရုပ်တစ်ခု ရှိတာကို တွေ့ခဲ့ပါတယ်။ ရုပ်တုက အရမ်းလှတဲ့ မိန်းမတစ်ယောက်ရဲ့ ပုံစံဖြစ်ပေမဲ့ ဆံပင်က ခြေဖဝါးအထိ ရှည်လျားပြီး ဆံပင်တစ်ချောင်းချင်းစီက အဆိပ်ရှိတဲ့ မြွေတွေလို ပုံစံဖြစ်နေပါတယ်။ ဆံပင် တစ်ချောင်းချင်းစီရဲ့ အဖျားမှာ မျက်လုံးတစ်လုံးစီ ပါတယ်။ ရုပ်တုပုံစံ ကတကယ့်ကို နတ်ဆိုးဆန်တယ်။ ကပ္ပတိန် အဲဒီရုပ်တုက
ကမ္ဘာဦးမိစ္ဆာမ (Primordial Demoness) ရဲ့ ရုပ်တုဖြစ်နိုင်လား?”
ဘုရားကျောင်းမှာ ထမ်းဆောင်နေတဲ့ သူ့ရာထူးက နိမ့်နေသေး တဲ့အတွက် မိစ္ဆာမ ဂိုဏ်း( Demoness Sect) အကြောင်းကို သိနိုင်စွမ်းက အကန့်အသတ်နဲ့ဖြစ်ပါတယ်။
ဒန်း( Dunn) က ပြန်စဥ်းစားပြီး ခေါင်းညိတ်လိုက်တယ်။ သူ့မျက်နှာ မျက်နှာအမူအရာကလည်း တော်တော်လေး တင်းမာနေတယ်
“အဲ့ဒါက ကမ္ဘာဦး မိစ္ဆာမ ( Primordial Demoness) ရဲ့ ရုပ်တုပဲ။
ငါတို့ အချိန်မဆွဲဘဲ ချက်ချင်း လှုပ်ရှားရမယ်။ Madam Sharon ကို ချက်ချင်း ဖမ်းရမယ်” လို့ ပြောလိုက်တယ်။
ကလိုင်း (Klein) က ဒန်း(Dunn) ပြောတာကို ချက်ချင်း သဘောတူလိုက်ပြီး
“ မဒမ် ရှယ်ရွန် (Madam Sharon) က မိစ္ဆာမဂိုဏ်း( Demoness Sect )ရဲ့ ဆုံမှတ် အလယ်အဆင့် သာလွန်သူ( Mid-Sequence Beyonder )တစ်ယောက် ဖြစ်နေမယ်ဆိုရင်
သူ့အိပ်ခန်းထဲကို တစ်ယောက်ယောက်က ခိုးဝင်ပြီး ရှာဖွေခဲ့တာကို သေချာပေါက် သိကို သိနိုင်မယ်လို့ ကျွန်တော် ထင်တယ်” လို့ ပြန်ပြောလိုက်တယ်။
အဲ့ဒီနောက် ကလိုင်း( Klein) က ရုတ်တရက် စိတ်ရှုပ်သွားတဲ့ပုံစံနဲ့
“ကပ္ပတိန် ၊ ဘာလို့ နတ်ကောင်း နတ်မြတ် ၇ ပါး( Orthodox Gods) က ဒီ ကမ္ဘာဦး မိစ္ဆာမ (Primordial Demoness ) လို ရုပ်တုပုံ မရှိပဲ သင်္ကေတတွေပဲ ရှိကြတာလဲကျွန်တော် အခုအချိန်အထိ သိထားသမျှ မကောင်းတဲ့နတ် (Evil Gods) တွေကတော့ လူပုံစံရုပ်တုတွေ ရှိကြတယ်။ဥပမာဆိုရင် ဖန်ဆင်းရှင်စစ် True Creator နဲ့ကမ္ဘာဦး မိစ္ဆာမ Primordial Demoness တို့လိုပေါ့ဒါက နတ်ကောင်းနတ်မြတ် တွေ ( Orthodox God) နဲ့ မကောင်းတဲ့နတ်တွေ( Evil God) တို့ရဲ့ ကြားက ကွာခြားချက်တစ်ခုလား?” လို့ ကလိုင်းက မေးလိုက်တယ်။
ဘာကြောင့် ဒီလို ကွာခြားရတာလဲဆိုတာကို ကလိုင်း( Klein) က စိတ်ထဲမှာ ဆက်တွေးနေပေမယ့်ပါးစပ်ထဲကတော့ မထုတ်ပြောခဲ့ပေ။
“ဟုတ်တယ်… ဒါက နတ်ကောင်းနတ်မြတ် ၇ ပါး (Orthodox Gods) နဲ့ မကောင်းတဲ့နတ်တွေ( Evil Gods) ရဲ့ ကြားက ကွာခြားချက်တစ်ခုပေါ့”လို့ ဒန်း( Dunn) က အေးဆေးတဲ့ အသံနဲ့ ဖြေလိုက်တယ်။အဲ့ဒီနောက် သူက မတ်တပ် ထရပ်လိုက်ပြီး အပေါ်ဝတ်အင်္ကျီ ချိတ်ထားတဲ့ နေရာဘက်ကို လှမ်းသွားရင်း
“အချိန် မဆွဲနဲ့တော့ မဒမ် ရှယ်ရွန် (Madam Sharon) က ထွက်ပြေးသွားနိုင်တယ်” လို့ ကလိုင်းကို လှမ်း ပြောလိုက်တယ်။ပြီးတော့ ဒန်း ( Dunn) က ခဏ ရပ်သွားပြီး“အပေါ်ထပ်ကို သွားပြီး ကန်လေ (Kenley )ကို သွားခေါ်။ငါတို့ သုံးယောက် အတူ လှုပ်ရှားမယ် ဆိုရင် ဘုရားကျောင်းကနေ ချိတ်ပိတ်လက်နက် ( Sealed Artifact) တစ်ခု အသုံးပြုခွင့် တောင်းလို့ရမယ်။မဒမ် ရှယ်ရွန် ( Madam Sharon) က ဆုံမှတ် ၇( Sequence 7) ထက် မြင့်တဲ့ သာလွန်သူတစ်ယောက် ဖြစ်နိုင်ချေ အရမ်းများတယ်” လို့ ဒန်း( Dunn)က ဆက်ပြောလိုက်တယ်။
ကပ္ပတိန် ခင်ဗျားက တကယ်ကို ဉာဏ် ပြေးတယ်! ကလိုင်းက စိတ်ထဲမှာ တွေးမိလိုက်တယ်။ကလိုင်းက( Klein) က တုံ့ဆိုင်းခြင်းမရှိပဲ ချက်ချင်း“ကောင်းပါပြီ” လို့ ပြန်ဖြေလိုက်တယ်။
ပြီးတော့ သူက သိချင်စွာနဲ့ ဒန်း (Dunn)ကို မေးလိုက်တယ်“ကပ္ပတိန် ဘယ် ချိတ်ပိတ်လက်နက်( Sealed Artifact) ကို တောင်းရမလဲ?”ဒန်း( Dunn )က သေချာစဥ်းစားပြီး မှ“3-0217” လို့ ဖြေလိုက်တယ်။ထင်းဂန် ( Tingen) မြို့ရဲ့ ချန်နစ်တံခါး (Chanis Gate) နောက်မှာ ချိတ်ပိတ်လက်နက် (Sealed Artifacts )များများ စားစားမရှိပေ။ အဲ့ဒီအတွက် ကလိုင်း (Klein)က ဒန်း (Dunn) ပြောတဲ့ လက်နက်ကို ချက်ချင်း မှတ်မိလိုက်တယ်။
နံပါတ် 0217
“အမည် — နတ်ကတော် ကြေးမုံ (Spirit Medium’s Mirror)
“အန္တရာယ်အဆင့် — အဆင့် 3 - အတော်လေး အန္တရာယ်ရှိသည်။ သုံးတဲ့အခါ အလွန် သတိထားရမည်။လူ သုံးယောက်နဲ့အထက် ပါဝင်တဲ့ မစ်ရှင်တွေမှာပဲ တောင်းခံအသုံးပြုခွင့် ရမည်။“လုံခြုံရေးအဆင့် — တရားဝင် ညသိမ်းဌက် အဖွဲ့ဝင် သို့မဟုတ် အဖွဲ့ဝင်ထက် ရာထူးမြင့်သူများသာ။“ချိတ်ပိတ်နည်း — အလင်း ရောင် လုံးဝမရှိတဲ့ နေရာမှာ သိမ်းဆည်းထားရမည်။“လက်နက်၏ပုံစံ — မှန်ရဲ့ နောက်ဘက်ကို ပြဒါးနဲ့ သုတ်ထားပြီးရှေ့ဘက်မှာတော့ အက်ရာ သေးသေးလေး သုံးခု ရှိသည်။
“ဒီမှန်ကို ပထမဆုံး ကြည့်မိခဲ့တဲ့ စုံစမ်းရေးမှူးတစ်ဦးကမှန်ထဲမှာ ငိုနေတဲ့ ဆံပင်ရှည်နဲ့ မိန်းကလေးတစ်ယောက်ကို မြင်ခဲ့တယ်။နောက်တော့ အဲဒီမိန်းကလေးက မှန်ထဲကနေ တဖြည်းဖြည်း ထွက်လာတာကို သူ တွေ့လိုက်ရတယ်။“ဒီ လက်နက်ကို စမ်းသပ်ထားတဲ့ အချက်အလက် တွေ အရမှန်ထဲကို ကြည့်လိုက်လို့ မှန်ထဲမှာ ပြန်ပေါ်လာတဲ့ ပုံရိပ် အများစုက တစ်ကြိမ်နဲ့ တစ်ကြိမ် မတူကြဘူး။တစ်ယောက်တည်းက ထပ်ခါထပ်ခါ သုံးရင်တောင်တွေ့ရတဲ့ အရာတွေရဲ့ အန္တရာယ်က မတူကြဘူး။ဒါပေမယ့် အမြဲတမ်း လိုလို ပထမဆုံး မှန်ကို ကြည့်မိလိုက်တဲ့သူကပဲ အန္တရာယ်ကိုကြုံရတတ်တယ်။ “အန္တရာယ်အကြီးဆုံး အခြေအနေကတော့ မှန်ထဲမှာ ကိုယ့်ရုပ်ကို ကိုယ်တိုင် ပြန်ကြည့်မိလိုက်တဲ့အချိန်ပဲ။“ဘယ်သူမှ မှန်ကို မကြည့်ပေမယ့်မှန်ကို အလင်းရောင်ရှိနေတဲ့ နေရာမှာထားရင်တောင် သုံးနာရီခြား တစ်ခါ မှန်ထဲမှာ ပုံရိပ်တစ်ခု ကပေါ်လာတတ်တယ်။“ဒီ လက်နက်မှာ အသက်ရှိသလို အပြုအမူမျိုး မရှိဘူး။
“မှတ်ချက် — ဒီမှန်ကို အရင်တုန်းက နတ်ကတော် တစ်ယောက် ပိုင်တာ ဖြစ်ပြီး
အစပိုင်းမှာ သာမန် မှန်တစ်ချပ်ဖြစ်ပါတယ်။ဒါပေမယ့် တစ်နေ့မှာတော့အဲ့ဒီ နတ်ကတော် က မှန်ကို ကြည့်ရင်း ကိုယ့်ကိုယ်ကို သတ်သေခဲ့တယ်…”
(မှတ်ချက် - နတ်ကတော် သည် သေခြင်းလမ်းစဉ် /သုဘရာဇာ လမ်းစဉ် ၏ ဆုံမှတ် ၇ ဖြစ်ပါသည်။)
ချန်နစ် တံခါး (Chanis Gate)ရဲ့ နောက်မှာသာလွန်သူ တိုက်ပွဲ တွေမှာ အသုံးချလို့ရတဲ့ ချိတ်ပိတ်လက်နက် ( Sealed Artifacts ) များများစားစား မရှိ ပေ။လက်နက် နံပါတ် 3-0217 ကို ရွေးလိုက်တာကတော့ တော်တော်သင့် တော်တဲ့ ရွေးချယ်မှု တစ်ခုပဲဖြစ်ပါတယ်။…ကလိုင်း (Klein ) က နောက်ထပ် ဘာစကား မပြောတော့ဘဲချက်ချင်းဆိုသလို ညသိမ်းဌက်များ (Nighthawks) ရဲ့ အနားယူခန်း ကို ပြေးသွားကာအိပ်စက်ခြင်းမဲ့ ကန်လေ (Sleepless Kenley )ကို သွားခေါ်လိုက်တယ်။အဲဒီညမှာ ချန်နစ် တံခါး(Chanis Gate) ကို ကင်းစောင့်ဖို့တာဝန်ကျသူက ရွှိုင်ရယ်(Royale )ဖြစ်ပါတယ်။လန်နာ့ဒ်က (Leonard ) က အဲဒီနေ့ အလုပ်မလာပေ။ဆီကာ (Seeka Tron) ကတော့ ရက်ဖယ် သင်္ချိုင်း (Raphael Cemetery) လို နေရာတွေကို ကင်းလှည့်နေတာဖြစ်ပြီးအဖွဲ့ဝင်အသစ်ကလည်း တနင်္ဂနွေ နေ့မှပဲ ရောက်မယ်။ဒါကြောင့် ဒန်း (Dunn ) က ဖရိုင်း( Frye) နဲ့ ကန်လေ( Kenley ) နှစ်ယောက်ထဲကပဲ ရွေးရတော့မယ်။မဒမ် ရှယ်ရွန်(Madam Sharon) က မိစ္ဆာမဂိုဏ်း(Demoness Sect )က ဖြစ်ပြီးသေဆုံးသူဝိညာဉ်တွေ နဲ့ ဆက်နွယ်မှု သိပ်မရှိဘူးဆိုတာကို ထည့်သွင်းစဥ်းစားပြီးနောက်ဆုံးမှာတော့ ဒန်း(Dunn) က ကန်လေ( Kenley) ကို ရွေးလိုက်တယ်။မိနစ်အနည်းငယ်ကြာပြီးနောက်ဒန်း(Dunn) က မြေ အောက်ခန်း ကနေ ပြန်တက်လာတယ်။လက်ထဲမှာတော့ အနက်ရောင် အဝတ်ထူထူ တစ်ထည် နဲ့ တင်းတင်းကြပ်ကြပ် ရစ်ပတ်ထားတဲ့ ကြေးမုံတစ်ချပ် ကို ကိုင်ထားတယ်။
* " တကယ်တမ်း ပြောရရင်အရင်ကတည်းကသာ သေချာလေ့လာ မထားရင် ကပ္ပတိန်လက်ထဲက ဟာက ကြေးမုံတစ်ချပ်ဆိုတာကို ငါ သေချာပေါက် မသိလောက်ဘူး။ဘယ်နေရာမှ မပေါ်အောင် အကုန်လုံးကို အဝတ်နဲ့ပတ်ထားတာပဲ " *ကလိုင်းး က လူကောင်သေးတဲ့ ကန်လေ( Kenley) နဲ့ အတူ ကပ္ပတိန် အရှေ့ကို တိုးသွားလိုက်တယ်။
“ ချိတ်ပိတ်လက်နက် (Sealed Artifact ) 3-0217 ကို သုံးဖို့ မင်းကတာဝန်ယူ”
လို့ ဒန်း(Dunn )က ပြောပြီးအဲ့ဒီ ကြေးမုံကို ကန်လေ(Kenley ) လက်ထဲ ထည့်ပေးလိုက်တယ်။အဲ့ဒီအချိန် ကလိုင်းကသူဟာ ဆုံမှတ် ၈ လူရွှင်တော် သာလွန်သူ ( Sequence 8 Clown) ဖြစ်ပြီးတိုက်ခိုက်နိုင်စွမ်းရှိတယ်ဆိုတာကို ကိုယ့်ကိုယ်ကို သတိရသွားတယ်။သူအနေနဲ့ ခါတိုင်းလိုမျိုး ဘေးက နေပဲ ကူပေးနေလို့ မလုံလောက်တော့ဘူး။
* "ဒုက္ခပဲ… ငါ နည်းနည်းတော့ စိတ်လှုပ်ရှားပြီး ကြောက်နေတယ် " *…
သူ့အိတ်ကပ်ထဲက အိပ်စက်ခြင်း အဆောင် (Slumber Charms) ကို လက်နဲ့ထိလိုက်ပြီးအဆင်သင့် ဖြစ်ရဲ့လားဆိုတာ ကလိုင်းက သူ့ကိုယ်သူ စစ်ဆေးလိုက်တယ်။
*"တစ်ခုတည်းသော ပြဿနာကတော့ အိမ်ပေါ်ကို နံရံကနေ တက်ရတာ လွယ်အောင် လမ်းလျှောက်တောင်ဝှေး ကို မယူလာခဲ့မိတာပဲ။အင်း… ကန်လေ (Kenley) ရဲ့ဟာကို ခဏ ဌားသုံးလို့ရတယ်လေ " *
* " ကန်လေ က လက်တစ်ဖက်က ကြေးမုံကို ကိုင်ထားပြီးတခြား လက်တစ်ဖက်က သေနတ်ကို ကိုင်ထားတာပဲ—ဒါဆို လုံလောက်တယ်။သူ တောင်ဝှေးကိုင်လို့မရတော့ဘူး။ငါဌားလို့ရတယ်" *
ကလိုင်း (Klein ) က ဒီလို စဉ်းစားနေတဲ့အချိန်မှာပဲသူတို့ သုံးယောက်ဟာ အောက်ထပ်ကို ဆင်းသွားပြီးလှည်းတစ်စီးကို စီးကာ အော့စနာလမ်း( Osna Street )ကို မောင်းသွားကြတယ်။လမ်းမှာကန်လေ (Kenley ) က သူ့လက်ထဲက ချိတ်ပိတ်လက်နက်( Sealed Artifact ) 3-0217 ကို ကြည့်ပြီးစိတ်ဖိစီးသလို သက်ပြင်းချပြီး ပြောလိုက်တယ်—
“ဒီလို အန္တရာယ်ကြီးတဲ့ မစ်ရှင်မှာပါဝင်ရတာ ဒါက ပထမဆုံး အကြိမ်ပဲ…”ပုံမှန်အားဖြင့် ညသိမ်းဌက် (Nighthawks )တွေက သာလွန်သူ အမှုတွေကို ကိုင်တွယ်တဲ့အခါချိတ်ပိတ်လက်နက် (Sealed Artifacts)များ ကို သုံးလေ့ မရှိ ပေ။မော့စ် မြို့ (Morse Town) ကို သွားတုန်းကတော့အရေးပေါ် ကာကွယ်ရေးအတွက် သန္ဓေပြောင်း မြင့်မြတ်သော နေမင်း အဆောင်တော်(Mutated Sun Sacred Emblem) ကိုပဲ သုံးဖို့ ဘုရားကျောင်းကို ခွင့်တောင်းခဲ့တာဖြစ်တယ်။မော့စ် မြို့ (Morse Town) က အဝေးကြီး ဖြစ်လို့အကူအညီ လှမ်း ခေါ်မယ်ဆိုရင်တောင် အချိန်ယူရနိုင်မလို့ အဆောင်ကို သွားခွင့်တောင်းခဲ့တာဖြစ်တယ်။ဒီတစ်ခါတော့သူတို့ ရင်ဆိုင်ရမယ့် ရန်သူကဆုံမှတ် အလယ် အဆင့် သာလွန်သူ( Mid-Sequence Beyonder) တစ်ယောက် ဖြစ်နေတာကသေချာသလောက်ဖြစ်နေပြီ။
“စိတ်မပူပါနဲ့၊မဒမ် ရှယ်ရွန်က (Madam Sharon) က အစောကြီးတည်းက ထွက်ပြေးသွားတာလည်း ဖြစ်နိုင်ပါတယ်”လို့ ကလိုင်း က ပြုံးပြုံးနဲ့ ပြန်ပြောလိုက်တယ်။တကယ်တော့သူကိုယ်တိုင်လည်း ကန်လေ(Kenley) လိုပဲ စိတ်ထဲတင်းကြပ်နေတာ ဖြစ်ပါတယ်။ဒန်း (Dunn )က လှည့်ပြီးအကူအညီမဲ့စွာနဲ့ ကလိုင်း ကို ကြည့်လိုက်တယ်။
“မဒမ် ရှယ်ရွန် (Madam Sharon ) ကို လွတ်မသွားအောင်တတ်နိုင်သမျှ ကြိုးစားကြရအောင်”
…
မိနစ် နှစ်ဆယ်လောက်ကြာပြီးနောက်ညသိမ်းဌက် (Nighthawks ) သုံးယောက်ဟာ အော့စ်နာ လမ်း ( Osna Street )ကို ရောက်ပြီ။အမှောင်ထဲမှာဥယျာဉ် တစ်ခုပါတဲ့ မဒမ် ရှယ်ရွန်( Madam Sharon) ရဲ့ အိမ်ကို တွေ့လိုက်ရတယ်။သူမရဲ့ အိမ်ဟာ ဘာမှ မဖြစ်ခဲ့သလို တိတ်ဆိတ်နေတယ်။ကလိုင်း က ဘယ်ဘက်လက် အင်္ကျီလက်ထဲက ချိန်သီး ကို ထုတ်ပြီးချက်ချင်း နိမိတ် ကောက်လိုက်တယ်။
“အထဲမှာ အန္တရာယ်ရှိတယ်…
အထဲမှာ အန္တရာယ်ရှိတယ်…”
…
ဒီစကားကို ခုနစ်ကြိမ် ရွတ် ဖတ်ပြီးမျက်လုံးဖွင့်ကြည့်လိုက်တော့ဥဿဖရား ချိန်သီး က နာရီလက်တံလိုညာဘက်ကို အတည့်လည်နေတာကို မြင်လိုက်ရတယ်။လည်နေတဲ့ အကွာအဝေးနဲ့ အရှိန်က မဝေးလွန်း ၊ မနှေးလွန်း ၊ မနီးလွန်း ၊ မမြန်လွန်းပုံမှန်ဖြစ်တယ်။ အဓိပ္ပါယ်က—အထဲမှာ အန္တရာယ် ရှိတယ်။ဒါပေမယ့် အရမ်းကြီးတဲ့ အန္တရာယ်မျိုး မဟုတ်ဘူး… ဒါပေမယ့်အရမ်းလွယ်တယ်လို့လည်း မသတ်မှတ်နိုင်ဘူး!