မစ်ရှင်စပြီ
Vol. 20 Ch. 197
အိမ်ထဲမှာ အန္တရာယ် ရှိတယ်…
ဒါပေမယ့် အရမ်းမများ သလို ၊ အရမ်းလည်းနည်းတယ်လို့လည်း မဆိုနိုင်ဘူး…ဒါဆိုရင်မဒမ် ရှယ်ရွန် က အိမ်ထဲမှာပဲ ရှိနေသေးတယ် ဆိုတဲ့ အဓိပ္ပါယ်ပဲ။သူမက မထွက်ပြေးသေးဘူး…ကလိုင်း က ခဏလောက် တုံ့ဆိုင်းသွားပြီး
ချက်ချင်းပဲ သူမ ထွက်မပြေးသေးရတဲ့ အကြောင်းရင်းကို သဘောပေါက်သွားတယ်။သူက ကိုယ့်ကိုယ်ကို ဆင့်ခေါ်ထားသော ထူးခြားတဲ့ ဝိညာဉ်ပုံစံနဲ့ အခန်း ထဲကို ဝင်ပြီးမီးခံသေတ္တာ ကို ရှာခဲ့တာ ဖြစ်တယ်။
မီးခံသေတ္တာထဲက လျှိူ့ဝှက် အကန့်လေးကို ရှာတဲ့အချိန်မှာလည်း မီးခံသေတ္တာကိုမဖောက်ခဲ့ဘူး၊ ဝိညာဉ်ပုံစံနဲ့သာ ဝင်ကြည့်ခဲ့တာဖြစ်တယ်။အခန်းထဲက ထောင်ထားတဲ့ ထောင်ချောက်တွေကိုလည်း တခုမှ သူ မထိခဲ့ပေ။ဒါဆိုရင် မဒမ်ရှယ်ရွန် အနေနဲ့သူ့လျှို့ဝှက်ချက် တွေ ပေါက်ကြားသွားပြီဆိုတာကိုမသိနိုင် လောက်သေးဘူး။အလွန်ဆုံးမှ သူမ စဉ်းစားမိမှာက
“အိမ်ထဲကို တစ်ယောက်ယောက် ဝင်ခဲ့တာပဲ”
ဒါမှမဟုတ်
“သူများဌားထားတဲ့ အလွတ်တန်း စုံ
ထောက်တစ်ယောက်ကများ အိမ်အခန်းထဲကို ခိုးဝင်ပြီး စစ်ဆေးကြည့်တယ်။ ဘာမှ ရှာမတွေ့ဘဲ ပြန်သွားတယ်"
ဆိုတာလောက်ပဲ တွေးမိနိုင်တယ်။ဒီလို အခြေအနေမျိုးမှာသူမက အိမ်ထဲမှာပဲ ဆက်ပြီး နေနေတာကသဘာဝကျတယ်။တွေး ကြည့်ရင် ကိစ္စအကုန်လုံးက ယုတ္တိကျပါတယ်။
ကလိုင်း သိထားတဲ့ မဒမ် ရှယ်ရွန်ဆိုတာက အသေးအဖွဲကိစ္စ လေးတစ်ခုနဲ့ပတ်သတ်ပြီး ရုပ်ပျက်ဆင်းပျက် အလွန်အကျွံ တုံ့ပြန်မယ့်သူမျိုး မဟုတ်ပါဘူး။သူမက
လုံးဝ အေးဆေးတည်ငြိမ်တဲ့ လူကုံထံ အမျိုးသမီး တစ်ယောက်၊ကြောက်တတ်သလိုလို ၊ သနားဖို့ကောင်းသလိုလို သရုပ်ဆောင်နိုင်တဲ့ မိန်းမတစ် ယောက်၊မိစ္ဆာမ ဂိုဏ်းသား သာလွန်သူတစ်ယောက် ဖြစ်နေတယ်ဆိုတာကို အချိန်အကြာကြီး ဖုံးကွယ်နိုင်ခဲ့တဲ့ အမျိုးသမီး။
တယ်လီဖုန်းသာ ဒီခေတ်မှာ တီထွင်ပြီးသား ဖြစ်ခဲ့ရင်
မဒမ်ရှယ်ရွန် က သေချာပေါက် ဒီလို သူမအခန်းဖောက်ထွင်းခံရတာနဲ့ ပတ်သတ်ပြီး သူမရဲ့ ချစ်သူတစ်ယောက်ကို ဖုန်းခေါ်ကာ
“ထင်းဂန်မြို့က မလုံခြုံ တော့ဘူး ကွယ်” ဆိုပြီး တိုင်နေလောက်တယ်။ ချစ်သူကိုလည်း တိုင်ပြောရင်း အခန်းကို ဖောက်ထွင်းတဲ့ လက်သည်တရားခံအဖြစ် မဒမ် မေနာ့ဒ် (မဒမ် ရှယ်ရွန်နဲ့ အိပ်ရင်းသေသွားတဲ့ မေနာ့ဒ်ရဲ့ မယားကြီး)ကိုလည်း ချောက်ချမှာ သေချာတယ်။
…
ကလိုင်းက က ဒရာမာဆန်ဆန် ဇာတ်လမ်းတစ်ပုဒ် ကို စိတ်ထဲမှာ ပုံဖော်တွေးမိသွားတယ်။ထို့နောက်သူက နိမိတ်ကောက် ထားတဲ့ ရလဒ်နဲ့ကိုယ်တိုင် ခန့်မှန်းထားတဲ့ သူရဲ့အမြင်ကိုကပ္ပတိန် ဒန်း နဲ့ ကန်လေ ကို ပြောပြလိုက်တယ်။
“မင်းရဲ့အမြင်က ကျိုးကြောင်းဆီလျော်မှု အရှိဆုံး ခန့်မှန်းချက်ပဲ”လို့ ဒန်း က ပြောရင်းဦးထုပ်ကို ဆောင်းလိုက်ပြီးမဒမ်ရှယ်ရွန် အိမ်ရဲ့ ဒုတိယထပ် ကို လည်းလှမ်းကြည့်လိုက်တယ်။
“အခုလို အခြေအနေမှာငါတို့ အလောတကြီး မဝင်သင့်သေးဘူး”
“ဘာဖြစ်လို့လဲ?”
ချိတ်ပိတ်လက်နက် နံပါတ် 3-0217 ကို ကိုင်ထားတဲ့
ကန်လေ က အလိုလို မေးလိုက်မိသလို ဖြစ်သွားတယ်…
သူက လက်ထဲမှာ ကိုင်ထားရတဲ့ နတ်ကတော် ကြေးမုံ ကို စိတ်ထဲကနေ တော်တော် ကြောက်နေတာ ဖြစ်ပါတယ်။
ဒီ ချိတ်ပိတ်လက်နက် ကြောင့် မမျှော်လင့်ထားတဲ့ မတော်တဆ တစ်ခုခု ထပ်ဖြစ်လာမလားဆိုပြီး ကန်လေ က စိုးရိမ်နေတာပါ။ဒန်းက က အနက်ရောင် လက်အိတ်တွေကို ဝတ်လိုက်ပြီး ကလိုင်း ကို ကြည့်လိုက်တယ်။
“ငါတို့တွေ သွေးထိုး လှုံ့ဆော်သူ ထရစ်ဆီ ကို ဖမ်းဖို့ ကြိုးစားခဲ့တုန်းကဘာဖြစ်ခဲ့လဲဆိုတာ မင်း မှတ်မိသေးလား?”
ကလိုင်း ခဏ စဉ်းစားလိုက်ပြီး
“ကျွန် တော် မှတ်မိပါတယ်” လို့ ပြန်ဖြေလိုက်တယ်။
“သူမက ကျွန်တော်တို့ လာနေတာကို ကြိုသိနေပြီး လိုအပ်တဲ့ ပြင်ဆင်မှုတွေလုပ်ကာ ချက်ချင်း တန်ပြန်ခုခံနိုင်ခဲ့လို့နောက်ဆုံးမှာ လွတ်သွားခဲ့တယ် ”
ကလိုင်းက စိတ်ထဲမှာ ဆက် စဉ်းစားလိုက်တယ်။
*" အဲ့ဒီတုန်းက မင်း သာဆို အဲ့ကိစ္စကို ဘယ်လို ကိုင်တွယ်မလဲလို့ ကပ္ပတိန် မေးတုန်းက အိမ်တစ်ခုလုံးကို တိုက်ရိုက်ကြီး အမြောက်နဲ့ပစ်ခတ် ဖျက်ဆီးလိုက်တာကအန္တရာယ်အနည်းဆုံး နဲ့ အောင်မြင်နိုင်ချေအမြင့်ဆုံး နည်းလမ်းလို့အကြံပေးခဲ့တာကိုလည်း ကျွန်တော် မှတ်မိ ပါသေးတယ်ဒါပေမယ့် ဒီတစ် ခေါက်ကတော့ မတူဘူး…နောက်ပြီး မဒမ် ရှယ်ရွန် ရဲ့ အိမ်ထဲမှာအပြစ်မဲ့တဲ့ အိမ်ဖော် မိန်းကလေးတွေ အများကြီး ရှိနေတယ်။
သူတို့ကို အရင်ဆုံး အသိပေးပြီး အိမ်ထဲကနေ ထွက်ခိုင်းလိုက်ရင်မဒမ် ရှယ်ရွန် ကို ချက်ချင်း သတိပေးလိုက်သလို ဖြစ်သွားမယ်။လန်နာ့ဒ် ပြောခဲ့သလို
ထရစ်စီ က ကိုယ်ပျောက်နိုင်တာ မလို့ မဒမ် ရှယ်ရွန် မှာလည်းကိုယ်ပျောက် စွမ်းရည် ရှိနေမယ်လို့ သတ်မှတ်ထားရမယ်…"*
အရေးကြီး အချက်တွေကို ကလိုင်း က ချက်ချင်း ဆက်စပ် တွေးမိသွားတယ်။ဒန်း က ကောင်းကင်ပေါ်က သွေးရောင် လမင်း ကို ကြည့်ပြီး ပြောလိုက်တယ်—
“ကောင်းတယ်၊ မင်းရဲ့ အဖြေကက တော်တော် ကောင်းပါတယ်။
ဒီလို အခြေအနေတွေမှာ မင်း တွေးတဲ့ပုံစံက တော်တော် သင့်တော်တယ်။"
“ငါတို့က မဒမ် ရှယ်ရွန် သတိထားမိသွားအောင်
မဆင်မခြင်နဲ့ အိမ်နားကို ချဉ်းကပ်လိုက်လို့ မရဘူး။
ငါတို့က အဝေးကနေပဲ သူမကို အိပ်မက်ထဲ ဆွဲသွင်းကြည့်ရမယ်။"
“ အိမ်မက် ထဲဆွဲသွင်းတာ အောင်မြင်သွားရင်
မင်းနဲ့ ကန်လေ က ဝင်ပြီး သူမကို ဖမ်းလိုက်ပါ။
အင်း… သတ်သင့် မသတ်သင့် ဆိုတာတော့
မင်းတို့ ကိုယ်တိုင် ဆုံးဖြတ်နိုင်တယ်။"
“သူမကို ထိန်းလို့မရနိုင်တော့ရင် သတ်လိုက်ပါ။"
"မင်းတို့ရဲ့ အသက်အန္တာရယ် မရှိပဲလုံခြုံဖို့က အဓိက
အရေးအကြီးဆုံးပဲ”
"*ကပ္ပတိန်…
အရေးကြီးဆုံး အချိန်တွေမှာ ကပ္ပတိန်ရဲ့
စဉ်းစားတဲ့ပုံစံက အမြဲတမ်း ရှင်းရှင်းလင်းလင်း ဖြစ်နေတယ်!ကျွန်တော်က ကပ္ပတိန် ဒီလိုအမိန့်ပေးမှာကို စောင့်နေတာ!"*
ကလိုင်း က စိတ်ထဲမှာ ပြောရင်း ကပ္ပတိန်ကို ချီးကျူးလိုက်တယ်။
လွန်ခဲ့တဲ့ လတွေအတွင်း ဒန်း ၊ လန်နာ့ဒ် ၊ ဖရိုင်း စတဲ့ တခြားအဖွဲ့ဝင်တွေနဲ့ပေါ့ပေါ့ပါးပါး စကားပြောတဲ့အချိန်တွေမှာကလိုင်းက သူ့လုပ် ဖော်ကိုင်ဖက်တွေ့၏ သာလွန်သူ စွမ်းရည် တစ်ခုချင်းစီရဲ့ထူးခြားချက်တွေကို တော်တော်လေး နားလည်လာခဲ့ပါပြီ။
အဲ့ဒီအထဲမှာမှအိမ်မက်ဆိုး ဖြစ်တဲ့ ဒန်းစမစ် ကတော့ သူ့အိမ် ကနေပဲ ဖြစ်ဖြစ်၊ဆူးနက် လုံခြုံရေး ကုမ္ပဏီ ထဲကနေပဲ ဖြစ်ဖြစ်အဝေးကနေအိပ်နေတဲ့ လူတစ်ယောက်ရဲ့ အိပ်မက်ထဲကို လွတ်လပ်စွာ ဝင်နိုင် ထွက်နိုင် တဲ့ စွမ်းရည် ရှိပါတယ်။ဒါပေမယ့် အဲ့ဒီအိမ်မက်တွေထဲကို သူ ဘယ်လိုလုပ်ပြီး ဝင်တာလဲဆိုတာကတော့
သူ့ ဆုံမှတ်ရဲ့ ကိုယ်ပိုင် လျှို့ဝှက်ချက် ဖြစ်တဲ့အတွက်ကလိုင်း ကအသေးစိတ်အထိ မစပ်စုခဲ့ပါ။
လူတစ်ယောက်ကို အိပ်မက်ထဲ ဆွဲသွင်းနိုင်တဲ့ အိမ်မက်ဆိုး တစ်ယောက်ရဲ့ စွမ်းရည် ကအကွာအဝေး ကန့်သတ်ချက် ရှိပြီးပုံမှန်အားဖြင့် တိုက်ရိုက် ထိပ်တိုက် ရင်ဆိုင်ရတဲ့ အချိန်တွေမှာပဲ ဒန်းက သုံးလေ့ရှိပါတယ်။
ဒါပေမယ့်ကပ္ပတိန် တစ်ခါ ပြောဖူးတာကဒီစွမ်းရည်ဟာ မီတာ တစ်ရာ အတွင်း မှာဆိုရင်အနည်းငယ်သာ သက်ရောက်မှု ရှိပါတယ်။ဒါ့အပြင် ဒီအကွာအဝေးနဲ့ဆိုရင် ချက်ချင်း အိမ်မက်ထဲကို ဆွဲမသွင်းနိုင်ပေ။ မီတာ ၁၀၀ အတွင်းက ပစ်မှတ်ကို အိမ်မက်ထဲ ဆွဲသွင်းဖို့ဆိုရင် အချိန်အနည်းငယ် လိုအပ်ပါတယ်။အဝေးက ပစ်မှတ်ကို အိမ်မက်ထဲ ဆွဲသွင်းရတာက ကလေးတစ်ယောက်ကို အိပ်အောင် ချော့သိပ် နေရတာနဲ့ တူပါတယ်။
အခုအချိန်မှာဒန်း က အဝေးမှာ ရှိနေတဲ့ မဒမ်ရှယ်ရွန် ကိုတဖြည်းဖြည်းအိပ်မက်ထဲကို ဆွဲသွင်း တော့မှာပါ။ သူမအိပ်ပျော်သွားရင်တော့ ပထမအဆင့် ပြီးသွားပြီလို့ သတ်မှတ်နိုင်ပြီး ကလိုင်း နဲ့ ကန်လေ အတွက် မစ်ရှင်ကို စတင်နိုင်မယ့် အကောင်းဆုံး အခြေအနေ ဖြစ်ပါတယ်။
ကပ္ပတိန်က သူ့အစီအစဉ်ကို ရှင်းပြပါတယ်။
“ကောင်းပါပြီ”
လို့ ကန်လေ က ပြောလိုက်တယ်။
ကပ္ပတိန် ရဲ့ အစီအစဉ်ကို သူက သဘောတူလိုက်ပါတယ်။
ညသိမ်းဌက် သုံးယောက်လုံး နောက်ထပ် ဘာစကားမမပြောကြတော့ဘဲ တိတ်ဆိတ်စွာ စောင့်နေကြပါတယ်။
ဒန်း က နံရံရဲ့ထောင့်တစ်နေရာကို မှီပြီးမျက်လုံးမှိတ်လိုက်တယ်။သူက လက်နှစ်ဖက်ကို ပူးလိုက်ပြီး
ခေါင်းကို အနည်းငယ် ငုံ့ထားပါတယ်။သူ့ရဲ့ အနက်ရောင် လေကာ ဂျက်ကတ် နဲ့ပိုးဦးထုပ်ကညအမှောင်ထဲမှာ ရောပြီး ပျောက်နေပါတယ်။
…
အလှဆင်ထားတဲ့ အိပ်ခန်းထဲမှာ—
မဒမ်ရှယ်ရွန် ကအလွန် သက်တောင့်သက်သာရှိတဲ့ ဇိမ်ခံ ကုလားထိုင်တစ်ခု ပေါ်မှာမှီနေပြီးကိုယ်လုံးတီးနဲ့ ထိုင်နေပါတယ်။သူမရဲ့ ဖြူဝင်းပြီး အချိုးအစားကျတဲ့ ကိုယ်ခန္ဓာကိုအလုံးစုံ ဖော်ထုတ်နေသလိုဖြစ်နေပါတယ်။တခါတရံ သူမက ကိုယ်လုံးပေါ် မှန်ဘက်ကို ခေါင်းလှည့်ပြီး သူမရဲ့ အလှအပနဲ့ စွဲဆောင်မှုတို့ကို ချီးကျူးသလိုကြည့်နေပါတယ်။မှန်ကို ကြည့်နေတုန်းမှာ မှန်ထဲက သူမ ပုံရိပ်ရဲ့မျက်နှာက နီလာပြီးမျက်လုံးထဲမှာ မျက်ရည်တွေ ပြည့်တက်လာပါတယ်။မှန်ထဲက ပုံရိပ်ဟာ မူးဝေသလို ပုံစံဖြစ်နေပြီးသူမရဲ့ မျက်နှာ အမူအရာမှာ ထူးဆန်းတဲ့ နူးညံ့မှုတစ်မျိုး ဖြစ်ပေါ်နေပါတယ်။
သူမဘေးက စားပွဲပေါ်မှာတော့နတ်ဘုရားမရဲ့ အရိုးစုပုံ ရုပ်တု တစ်ခုကိုတင်ထားပါတယ်။ရုပ်တုရဲ့ မြွေပုံစံ ဆံပင်ထူထူတွေက နွေးထွေးလှတဲ့ ပန်းရောင် အလင်းအောက်မှာ နူးညံ့သလို ပုံစံပေါက်နေပါတယ်။
အချိန်ကြာလာတာနဲ့အမျှ မဒမ်ရှယ်ရွန်ရဲ့ မှန်ကို လှမ်းကြည့်တဲ့ အကြိမ်ရေအတွက်ဟာ တဖြည်းဖြည်း လျော့နည်းလာပါတယ်။နောက်ဆုံးတော့ သူမရဲ့
မျက်ခွံတွေကမထိန်းနိုင်တော့ဘဲတဖြည်းဖြည်း ပိတ်သွားပါတော့တယ်။
စက္ကန့်ပိုင်းကနေ မိနစ်ပိုင်းအထိ ကြာလာပြီး အချိန်တွေ ကြာလာတဲ့အခါကလိုင်း က ရုတ်တရက် အရေးကြီးတဲ့အရာတစ်ခုကို သတိရသွားပါတယ်။
*" ကပ္ပတိန် ကမဒမ်ရှယ်ရွန် ကို အိပ်မက်ထဲ ဆွဲသွင်းပြီးသွားရင် ကန်လေ နဲ့ ငါ့ကိုဘယ်လို အချက်ပြမှာလဲ?"*
*"ကပ္ပတိန်ကိုယ်တိုင်က အိမ်မက်ဆိုးထဲကနေ မဒမ်ရှယ်ရွန် ဆွဲခေါ်ထားရမှာ။ သူကိုယ်တိုင် က အိမ်မက်ဆိုး အခြေအနေကနေ ထွက်လိုက်ရင်မဒမ်ရှယ်ရွန် ပါ အိမ်မက်ကနေ နိုးလာမှာပဲ ။အဲ့ဒီအခါကျရင် သူမက
တစ်ခုခု မူမမှန်ဘူးဆိုတာကို ချက်ချင်း သတိထားမိသွားနိုင်တယ်…"*
*"ကပ္ပတိန်က အိပ်မက်ထဲ ရောက်နေရင်းလက်ဟန်ခြေဟန်နဲ့ အချက်ပြမှာလား?သူ့ စိတ်က အိမ်မက်ဆိုးထဲ ရောက်နေရင်းနဲ့ ခန္ဓာကိုယ်က အချက်ပြဖို့ လှုပ်ရှားနိုင်ပါ့မလား?*"
ကလိုင်း ကစိုးရိမ်နေပြီး ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေတဲ့ ကန်လေ ကို ကြည့်လိုက်တယ်။
သူ့ကို ကပ္ပတိန်က ဘယ်လို အချက်ပြမှာလဲဆိုတဲ့ အကြောင်း ပြောပြီး ကန်လေကို စိတ်ပေါ့ပါးအောင် စကား ပြောပေးရမလားလို့ ကလိုင်းက စဉ်းစားမိလိုက်တယ်။အဲ့ဒီအချိန်မှာပဲကလိုင်း ရဲ့ မြင်ကွင်းက ရုတ်တရက် ဝေဝါးကာ မရှင်းမလင်း ဖြစ်သွားတယ်။သူ့မျက်စိရှေ့မှာအနီရောင် လမင်းကြီး ပေါ်လာတယ်။
သွေးရောင် တောက်နေတဲ့ လရောင်အောက်မှာတော့
အနက်ရောင် လေကာဂျက်ကတ် ဝတ်ထားတဲ့
ကပ္ပတိန် ဒန်းစမစ် ကို မြင်လိုက်ရတယ်။ကပ္ပတိန့် ဘေးမှာတော့လူကောင်သေးတဲ့ ကန်လေ လည်း ရှိနေပြီး
သူရဲ့ မျက်နှာအမူအရာကလည်း မူးဝေသလို အိမ်မက်မက်နေသလို ဖြစ်နေတယ်။အဲ့ဒီ အချိန် ကလိုင်း က သူကိုယ်တိုင်လည်း ဒန်းစမစ်ရဲ့ အိပ်မက်ထဲကို ရောက်သွားတယ် ဆိုတာကို သဘောပေါက်သွားတယ်!
*" ငါက ကပ္ပတိန်ရဲ့ အိမ်မက်ထဲကို ဆွဲခေါ်ခံလိုက်ရတာလား ? ကပ္ပတိန် က ငါတို့ကိုအိပ်မက်ထဲ ဆွဲသွင်းပြီး အချက်ပြတာကိုး----"*
ကလိုင်းက တော်တော် တုံးတဲ့ သူ့ကိုယ်သူ မျက်နှာကို လက်နဲ့ ရိုက်ချင်သလို ဖြစ်သွားတယ်။သူကအိပ်မက်ထဲမှာ အိပ်ချင်မူးတူး ဖြစ်နေတဲ့ ပုံစံဖမ်းထားပြီး ခေါင်းရှူပ်သလို ပုံနဲ့ — ပြောလိုက်တယ်
“ကပ္ပတိန်လား…?”
ဒန်းက က ခေါင်း ညိတ်လိုက်ပြီး
“မဒမ်ရှယ်ရွန်က ငါ့ အိပ်မက်ထဲ ရောက်နေပြီ။
မင်းတို့ အခု လှုပ်ရှားလို့ ရပြီ” လို့ ပြောလိုက်တယ်။
“မင်းတို့ နှစ်ယောက်လုံးသတိထားကြပါ။
တဇွတ်ထိုး မလုပ်မိစေနဲ့…
“အခွင့်အရေး လွတ်သွားရင်တောင်
မလိုအပ်တဲ့ အန္တရာယ်ကို မယူတာ ပိုကောင်းတယ်”
လို့ ဒန်းက သေချာ သတိပေးလိုက်တယ်။
ဒန်း စကားပြော ပြီးသွားတာနဲ့တပြိုင်နက်
ကလိုင်း ရဲ့ မျက်စိရှေ့က အိမ်မက်ကမ္ဘာကြီးကမှန်တွေကွဲသလို ကွဲအက် ပျက်စီးသွားတယ်။နောက်တစ်စက္ကန့်မှာ ကလိုင်းကဒန်းစမစ် ကို ထပ်မြင်လိုက်ရတယ်—
သူက နံရံထောင့်မှာပဲ ရှိနေပြီးခေါင်းငုံ့ထားကာလက်နှစ်ဖက်လုံးကို လက်သီးတင်းတင်း ဆုပ်ထားတယ်။အခြားတစ်ဘက်မှာတော့လမ်းလျှောက်တာ ရပ်လိုက်တဲ့ ကန်လေက လည်းမျက်လုံး ဖွင့်ကြည့်လိုက်တယ်။
သူတို့ နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက်အပြန်အလှန် ကြည့်လိုက်ကြပြီးခေါင်းညိတ်လိုက်ကြတယ်။နောက်ပြီး စစ်ဆင်ရေး စတင်ဖို့ အတွက် စိတ်ကို ပြင်ဆင်လိုက်ကြတယ်။
ဒီလို အန္တရာယ်အရမ်းများတဲ့ မစ်ရှင်မျိုးးမှာ ကန်လေ က ပါဝင်ရတာ ပထမဆုံးအကြိမ် ဖြစ်ပေမယ့်အတွေ့အကြုံမှာတော့ သူက ကလိုင်း ထက် ပိုပြီး ကျွမ်းကျင်နေပါသေးတယ်။သူက တရားဝင် မစ်ရှင် တွေ ကို အကြိမ်များစွာ ပါဝင်ခဲ့ပြီးသား ဖြစ်လို့
သူ့စိတ်အခြေအနေကို လျင်မြန်စွာ ပြန်ထိန်းထားနိုင်ခဲ့ပါတယ်။ သူ က စိတ်ငြိမ်သွားပြီး အာရုံ စူးစိုက်မှု အားကောင်းလာပါတယ်။
ဒီပုံစံက အိပ်စက်ခြင်းမဲ့ (ဆုံမှတ် ၉ ) တစ်ယောက်အနေနဲ့ညအမှောင်က သူ့ကို ပေးတဲ့ အားသာချက်တစ်ခုကြောင့်လည်း ဖြစ်နိုင်ပါတယ်။
ဒီလို စွမ်းရည်ကြောင့်ပဲဒန်း က ဒီမစ်ရှင်မှာ အလောင်းကောက်သမားဖရိုင်း ကို မရွေးဘဲ အိပ်စက်ခြင်းမဲ့ ကန်လေ ကို ရွေးခဲ့တာဖြစ်ပါတယ်။
“သွားကြစို့”
လို့ ကလိုင်း က ကန်လေကို ပြောလိုက်တယ်။
ဆုံမှတ် ၈ ဖြစ် နေတဲ့ ကလိုင်း ကဒီအချိန်မှာ ဦးဆောင်ဖို့ တာဝန်ကို ကိုယ်တိုင် ယူလိုက်ပြီး ကန်လေကို နောက်ကနေလိုက်ဖို့ အချက်ပြလိုက်တယ်။ကန်လေ က ဘာမှ မကန့်ကွက်ပေ။
သူက အနက်ရောင် အဝတ်နဲ့ တင်းတင်းကြပ်ကြပ် ရစ် ပတ်ထားတဲ့ နတ်ကတော် ကြေးမုံကို ကိုင်ပြီး
ခြေသံကို ဖွဖွ နင်းကာ ကလိုင်း နောက်ကနေ လိုက်လာတယ်။ကလိုင်း က မဒမ်ရှယ်ရွန်ရဲ့ အခန်းကိုခိုးဝင်တုန်းက ကိုယ်တိုင် တက်ခဲ့တဲ့နံရံဘက်ကို ကန်လေကို ခေါ်သွားလိုက်တယ်။ သူက နံရံပေါ်က အက်ကွဲရာတွေကို ကုတ်ပြီးအားအင် မသုံးဘဲအလွယ်တကူ အပေါ်ကို တက်သွားတယ်။
လူရွင်တော် တစ်ယောက်ရဲ့ အံ့မခမ်း ဟန်ချက်ထိန်းညှိနိုင်စွမ်း ကိုသုံးရင်း ကလိုင်းက အနောက်ကို လှည့်ကာ
အောက်ကနေ ကန်လေ ပစ်တင်ပေးလိုက်တဲ့နတ်ကတော် ကြေးမုံ ကို ခါးကုန်းကာ ဖမ်းယူလိုက်တယ်။အဝတ်ပတ်ထားတဲ့ ကြေးမုံကို ထိလိုက်တဲ့ အချိန်ခဏမှာပဲ ကလိုင်း က သူ့ရဲ့ ဝိညာဉ်စွမ်းအားခံစားနိုင်စွမ်း တွေဟာ တင်းကျပ်သွားပြီး ဖိနှိပ်ခံရသလို ခံစားလိုက်ရတယ်။
အနက်ရောင် အဝတ်နဲ့ ရစ်ပတ် ဖုံးအုပ်ထားတာကကြေးမုံတစ်ချပ် မဟုတ်ဘဲ အမျိုး အမည် မသိနိုင်သော ၊ အလွန် အန္တရာယ်ရှိ သော တခြားကမ္ဘာတစ်ခုဆီကို ဝင်ထွက်သွားလာနိုင်တဲ့ တံခါးတစ်ချပ် လို့ခံစားလိုက်ရတယ်။
*" ဟုတ်တယ်----ချိတ်ပိတ်ထားရတဲ့ လက်နက်တိုင်းမှာ
မကောင်းတာ တစ်ခုကတော့ အမြဲ ရှိတယ်…*"
လို့ ကလိုင်း က စိတ်ထဲမှာ တိတ်တိတ် လေး ရေရွတ်လိုက်ရင်း ကန်လေ နံရံ ပေါ်ကို တွယ်တက်လာတာကို စောင့်ကြည့်နေလိုက်တယ်။ နံရံ ပေါ်တက်ရတာ လွယ်ကူအောင် ကန်လေ က သူ့ လမ်းလျှောက်တောင်ဝှမ်း ကို ဒန်း ဘေးမှာ ထားခဲ့လိုက်တယ်။
ကလိုင်း က တောင်ဝှေးဌားမယ့် ကိစ္စကို ဆက်မပြောတော့ပေ။ သူတို့ နှစ်ယောက်က ဥယျာဉ်ကို ဖြတ်ပြီး
ခြံထဲက အဆောက်အဦး ဘေးဘက်ကို ရောက်လာတယ်။ ပထမအခေါက် ခိုးဝင်ခဲ့တုန်းကလိုပဲ ကလိုင်းက ပိုက်လိုင်းက နေ ဒုတိယထပ် ဝရံတာအထိ တက်သွားလိုက်တယ်။ အပေါ်ရောက်တာနဲ့ ဝရံတာကို
ခြေထောက်နဲ့ ချိတ်ကာ ခန္ဓာကိုယ်ကို အောက်ဘက်သို့ ပြန်လှန် ချလိုက်ပြီး ချိတ်ပိတ်လက်နက် 3-0271 ကို လှမ်းယူလိုက်တယ်။
ကန်လေ က ကလိုင်း ကို ကြည့်ပြီး အံဩသလို ဖြစ်သွားတယ်။ ဒါပေမယ့် ချက်ချင်းပဲ
“အော်… လူရွှင်တော် တစ်ယောက်ရဲ့ စွမ်းရည်က ဒီလိုပါလား” ဆိုတဲ့ ပုံစံနဲ့
သဘောပေါက်သွားသလိုမျိုး ခေါင်းညိတ် လိုက်တယ်။
အဲဒီအချိန်မှာပဲ ကလိုင်း ကိုယ်တိုင်က ကိုယ့်ကိုယ့်ကို အံ့ဩသွားတယ်။ သူက ခါးရဲ့ အားကို သုံးပြီး
ဘယ်ဘက်လက်နဲ့ ထောက်ကာ လွယ်လွယ်ကူကူပဲ
ခန္ဓာကိုယ်ကို အတည့် ပြန်လှန်တက်လိုက်တယ်။
*"အခုလေးတင် ဘယ်လိုဖြစ်သွားတာလဲ?"*
*"ဘာလို့ ငါ့ခန္ဓာကိုယ်လှုပ်ရှားတာ ဒီလောက် အထိ သဘာဝပြီး လွယ်ကူနေတာလဲ?"*
*"ဒါက လူရွှင်တော်တစ်ယောက် ရဲ့ စွမ်းရည်တစ်ခုလား?"*
သူ သေချာ ပြန်စဉ်းစားကြည့်တော့ သူ လက်တွေ့ တာဝန်ထမ်းဆောင်တဲ့အချိန်မှာ လူရွှင်တော်တစ်ယောက် ရဲ့ ထူးခြားတဲ့ စွမ်းရည်တွေကို ပိုပြီး ကောင်းကောင်းမွန်မွန် အသုံးချနိုင်လာတယ်ဆိုတာကို
သဘောပေါက်လာခဲ့တယ်။ ကန်လေ အလွယ်တကူ နံရံပေါ် တက်လာတာကိုစောင့်ပြီး ကလိုင်း က
နတ်ကတော် ကြေးမုံကို သူ့လက်ထဲ ပြန်ပေးလိုက်တယ်။ ပြီးတော့ ဝန်ရံတာရဲ့ သော့ခတ်မထားခဲ့တဲ့ တံခါးကို ဆွဲဖွင့်လိုက်တယ်။
ကန်လေ က ချိတ်ပိတ်လက်နက် 3-0271 ကို ပတ်ထားတဲ့ အနက်ရောင် အဝတ်ကို သတိထားပြီး ဖြည်းဖြည်းချင်း ဖြည်လိုက်တယ်။ နောက်ပြီး ကြေးမုံကို ကြမ်းပြင်ဘက် မျက်နှာလှည့်ထားပြီး ကြွေပြားတွေကိုပဲရောင်ပြန်အောင် လုပ်ထားလိုက်တယ်။ နတ်ကတော် ကြေးမုံကို သုံးတဲ့အခါ လိုက်နာရမဲ့ စည်းမျဉ်းတွေထဲက အရေးကြီးဆုံးတစ်ချက်ကတော့ ကိုယ့်ကိုယ်ကိုယ်နဲ့ ကိုယ့်အဖော်အချင်းချင်းကို ဘယ်တော့မှ ကြေးမုံရဲ့ ရောင်ပြန်တဲ့ မျက်နှာပြင်ကို လုံးဝ မပြရဘူး! အနက်ရောင် အဝတ်ကို ဖြည်လိုက်ပြီးနောက် ကန်လေ က သူ့ ခြောက်လုံးပြူးသေနတ် ကို ထုတ်ယူလိုက်ပြီး ကလိုင်း နောက်ကနေ လိုက်လာတယ်။ သူတို့ နှစ်ယောက်က
ခြေသံကို ခပ် ပျော့ပျော့ နင်းရင်း အခန်းကြားကို ဖြတ်ပြီး မဒမ် ရှယ်ရွန် ရဲ့ အိပ်ခန်းဘက်ကို တိတ်တိတ်လေး သွားကြတယ်။ ကလိုင်း က အဆင်သင့် ဖြစ်နေတဲ့ ခြောက်လုံးပြူး ကို ကိုင်ထားရင်း စိတ်ဝိညာဉ် အမြင် ကို ဖွင့်လိုက်တယ် ။ သူက ဘယ်လက်နဲ့ တံခါးလက်ကိုင်ကို လှမ်းကိုင်လိုက်တယ်။ သူက အလွန် သတိထားနေတယ်။ ဘာလို့လဲဆိုတော့ နိမိတ်ဖတ်တုန်း က အန္တရာယ် ရှိမယ်လို့ ပြထားလို့ဖြစ်ပါတယ်။
နောက်ထပ် နိမိတ်ထပ်မကောက်တာက အခန်းထဲမှာ
ကမ္ဘာဦး မိစ္ဆာမ ရဲ့ နတ်ရုပ် ရှိနေလို့ဖြစ်ပါတယ်။
နတ်ရုပ်နဲ့ အရမ်း မဝေးတဲ့ နေရာမှာ နိမိတ်ကောက်ရင်
ရလဒ်ဟာ သေချာပေါက် အနှောင့်အယှက် ခံရပြီး မှားယွင်းနိုင်ပါတယ်။ မီးခိုးရောင် မြူခိုး တွေ ရဲ့ ကာကွယ်မှု မပါဘဲ နိမိတ်ကောက်လိုက်ရင် ကမ္ဘာဦး မိစ္ဆာမ နတ်ရုပ်ရဲ့ အနီးမှာ ရှင်းလင်းတဲ့ အဖြေကို မရနိုင်ဘူးဆိုတာကို ကလိုင်း က နားလည်ပါတယ်။
အပြင်မှာတော့ ကန်လေ လည်း ရှိနေတော့ အဲ့ဒီ လျှို့ဝှက်ဆန်းကြယ်တဲ့ မြူခိုးကမ္ဘာထဲကို ဝင်သွားဖို့ ကလိုင်းအတွက် လောလောဆယ်မဖြစ်နိုင်ပေ။ တံခါးကို ဆွဲဖွင့်လိုက်တဲ့အခါ ကလိုင်း နဲ့ ကန်လေ ရဲ့ မျက်စိ ရှေ့ကို ပထမဆုံး ဝင်လာတဲ့အရာကတော့—မီးလုံး လေးတွေဆီကနေ ဖြာကျနေတဲ့ နွေးထွေးတဲ့ အလင်းရောင် ပဲ ဖြစ်ပါတယ်…
အဲဒီနောက် သူတို့ မြင်လိုက်ရတာက မဒမ်ရှယ်ရွန် က
ကုလားထိုင်ပေါ်မှာ လဲကျနေသလို ထိုင်နေတာဖြစ်ပြီး သူမရဲ့ လူတွေကို ဆွဲဆောင် နေတဲ့ ကိုယ်လုံးတီး ခန္ဓာကိုယ်ပဲ ဖြစ်တယ်။
ဒါပေမယ့်—
မဒမ်ရှယ်ရွန် က အိပ်မနေပေ။
သူမက ကုလားထိုင်ပေါ်မှာ အနားယူနေသလို ထိုင် နေရင်း နှုတ်ခမ်းထောင့်မှာ ပြုံးနေပြီး သူ့ဆီ ရောက်လာတဲ့ လူနှစ်ယောက်ကို တည့်တည့် စိုက်ကြည့်နေတယ်။
ကန်လေက အလိုအလျောက်
လက်ကို လှန်လိုက်ပြီး နတ်ကတော်ကြေးမုံ ကို
မဒမ်ရှယ်ရွန် ဘက်ကို ချက်ချင်း ပြလိုက်တယ်။
ကလိုင်း က အရင်ဆုံး တုန့်ဆိုင်းသွားပြီး ချက်ချင်း အော်လိုက်တယ်—
“မလုပ်နဲ့!”
သူ့စိတ်ထဲမှာ သူ အခန်းထဲကို ခိုးဝင်ခဲ့တုန်းက
ကုလားထိုင်နောက်ဘက်မှာ ကိုယ်လုံးပေါ်မှန်ကြီး တစ်ချပ် ရှိနေခဲ့တယ်ဆိုတာ ရှင်းရှင်းလင်းလင်း မှတ်မိနေတယ်။ ဒါပေမယ့်— အဲ့ဒီမှန်က အခုတော့ မရှိတော့ ဘူး!
နတ်ကတော် ကြေးမုံ က စက္ကန့်ပိုင်းအတွင်း
မဒမ်ရှယ်ရွန်ကို ကို ပစ်မှတ်အဖြစ် သတ်မှတ်လိုက်တယ် ။ ဒါပေမယ့် နတ်ကတော် ကြေးမုံထဲက မဒမ် ရဲ့ ပုံရိပ်က ချက်ချင်း ဝေဝါးသွားပြီး နောက်ဆုံးမှာတော့ သူမက ကိုယ်လုံးပေါ်မှန်ကြီး တစ်ချပ်အဖြစ် ပြောင်းသွားခဲ့တယ်။ ကန်လေ က မှန်ထဲကို ကြည့်လိုက်တော့
သူ့ကိုသူ ပြန်မြင်လိုက်ရပြီး 3-0271 ကြေးမုံထဲမှာလည်း သူ့ပုံရိပ်ပဲ ရောင်ပြန်ဟပ်နေပါတယ်။
အဲဒီအချိန်မှာပဲ နတ်ကတော် ကြေးမုံ အတွင်းမှာ
ပုံရိပ်တစ်ခုဟာ ချက်ချင်း ပေါ်လာပါတယ်။
အဲ့ဒီ ပုံရိပ်ကတော့—မျက်နှာပေါ်မှာ ဘာခံစားချက် မရှိတဲ့ ကြောက်စရာကောင်းတဲ့ ကန်လေ ရဲ့ ပုံရိပ်ပဲ ဖြစ် နေပါတယ်! ကလိုင်း က ကိုယ်လက်အင်္ဂါတွေ အားလုံးတောင့်တင်းသွားတာကို ခံစားလိုက်ရပါတယ်။
မမြင်ရတဲ့ ကြိုးတွေက သူ့ကို ချည်နှောင်ထားသလိုဖြစ်နေပါတယ်။ အဲဒီအချိန်မှာပဲ
ကိုယ်လုံးပေါ်မှန်ဘေးမှာ အရမ်း လှပတဲ့ လူရိပ်တစ်ခု ပေါ်လာပါတယ်။ အဲဒီလူက ညဝတ်အင်္ကျီ ဝတ်ထားတဲ့
မဒမ်ရှယ်ရွန် ပဲ ဖြစ်ပါတယ်။ သူမက ဝင်လာတဲ့ လူနှစ်ယောက်ကို လှမ်းကြည့်ပြီး
ပေါ့ပေါ့ပါးပါး ရယ်လိုက်တယ်။
“ နတ်ဘုရားမရဲ့ ရုပ်တုသာ ငါ့ဘေးမှာ မရှိခဲ့ရင်
အခုလောက်ဆို
ကျွန်မက နက်နက်ရှိုင်းရှိုင်း အိပ်ပျော်နေလောက်ပြီ ။
ရှင်တို့တွေ အနမ်းနဲ့ လာနှိုးတာကိုပဲ စောင့်နေရသလို ဖြစ်နေမှာ”
အဲဒီအချိန်မှာပဲ ကလိုင်း က ရှေးဟောင်းဟာမီးစ် စကားနဲ့ စကားလုံး တစ်လုံးကို ရုတ်တရက် အော်လိုက်တယ်—
“သွေးရောင်!”
ကလိုင်းဟာ ဘယ်အချိန်ကတည်းက ဘယ်ဘက်လက်ကို အိတ်ထဲ ထည့်ထားမိသလဲဆိုတာတောင် သူ့ကိုယ်သူ သတိမထားမိလိုက်ပေ။ သူကလက်ချောင်းတွေကို ကျွမ်းကျင်စွာ လှုပ်ရှားလိုက်ပြီး အိပ်စက်ခြင်း အဆောင် တစ်ခုကို ချက်ချင်း မဒမ် ရှယ်ရွန်ဆီကို ပစ်လိုက်တယ်။