ထူးခြားချက် ကို အသုံးချခြင်း
Vol. 20 Ch. 198
ငွေရောင် အဆောင်လေး က ချက်ချင်း အေးစက်သွားပြီးရေခဲအလွှာတွေ ဖုံးထားတဲ့ ခရစ်စတယ်တုံးလို ဖြစ်သွားတယ်။ကလိုင်း ရဲ့ ခန္ဓာကိုယ်ကတုန်သွားပြီး
သူက ချက်ချင်းပဲ သတိကပ်သွားတယ်။သူရဲ့ ကြောက်စိတ်နဲ့ စိတ်လှုပ်ရှားမှုတွေက ရေခဲသလို ရပ်တန့်သွားကြတယ်။သူက ချက်ချင်းပဲ သူ့ရဲ့ စိတ်ဝိညာဉ်အစွမ်း ကို အဆောင် ထဲ စီးဆင်းစေလိုက်ပြီး သူရဲ့လက်ချောင်းထိပ်နဲ့ အိတ်ထဲကနေ ငွေရောင် အဆောင်ပြားလေးကို ထုတ်လိုက်တယ်။အဆောင်ပြားလေးက အိတ်ကပ်ထဲကနေ သူ့ခြေထောက်အနားကို ကျသွားတယ်။လေထဲမှာအနီရောင် မီးတောက်တစ်ခု ပေါ်လာပြီးပေါက်ကွဲသံသေးသေးလေးတွေကို ဆက်တိုက်အခန်းထဲမှာ ထပ်တလဲလဲ ကြားရတယ်။ချက်ချင်းပဲ ငြိမ်သက်ပြီး နက်ရှိုင်းတဲ့ ခံစားချက်တစ်ခုက အခန်းတစ်ခုလုံးကို ဖုံးလွှမ်းသွားတယ်။ မဒမ်ရှယ်ရွန် ၊အိပ်စက်ခြင်းမဲ့ ကန်လေ၊ ကလိုင်း ကိုယ်တိုင်ပါ အဆောင်ရဲ့ သက်ရောက်မှုကို ခံစားလိုက်ရတယ်။အိပ်စက်ခြင်းအဆောင် ဆိုတာဟာ ရန်သူနဲ့ အသုံးပြုသူကို မခွဲခြားတဲ့ ပစ္စည်းတစ်ခုဖြစ်ပါတယ်။ အများအားဖြင့် အဆောင်ကို သုံးရင် ရန်သူဘက်ကို ပစ်ရပါတယ်။အဲ့ဒီလို ပစ်လိုက်ရင်အဆောင်အသုံးပြုတဲ့သူက အဆောင်ရဲ့အစွမ်း၏ အကြွင်းအကျန်သက်ရောက်မှုလေးပဲ ခံစားရပြီးအိပ်မောကျသွားလောက်တဲ့အထိ မဖြစ်ပေ။ဒါပေမယ့် အခုအချိန်မှာကလိုင်း ရဲ့ လက်တွေကိုမမြင်ရတဲ့ ကြိုးတွေ အများကြီးနဲ့ ချည်ထားသလို ဖြစ်နေပါတယ်။ အဆောင် ကို သေသေချာချာ မဒမ် ရှယ်ရွန်ဘက်ကို ပစ်လို့ မရဘူးဖြစ်နေပါတယ်။အဲ့ဒါကြောင့် ကလိုင်းက မဒမ် ရှယ်ရွန် ကို အိပ်ပျော်သွားစေဖို့ မိမိကိုယ်တိုင်ပါ အိပ်မောကျသွားရမယ့် အခြေအနေနဲ့ အလောင်းအစားလုပ်လိုက်တာ ဖြစ်ပါတယ်။
ဒါပေမယ့် ဒီလိုဖြစ်လာနိုင်တယ်ဆိုတာကိုကလိုင်း က အစကတည်းက တွေးထားပြီးသားဖြစ်ပတယ်။သူက ဒီလို ရန်သူ နဲ့သူကိုယ်တိုင် အပါအဝင် နှစ်ဖက်လုံး အိပ်ပျော်သွားမယ့် အခြေအနေတစ်ခုအတွက် အဆင်သင့်လည်း ပြင်ထားပြီးသားဖြစ်ပါတယ်။သူပြင်ဆင်ထားတဲ့အရာကတော့ သူ့ခန္ဓာကိုယ်ရဲ့ သာမန် ဆုံမှတ် နိမ့် သာလွန်သူ တွေနဲ့ မတူတဲ့ထူးခြားမှု တစ်ခု ဖြစ်ပါတယ်။
( ဘာသာပြန်သူ၏ မှတ်ချက် - ကလိုင်းက မြူခိုးကမ္ဘာကြောင့် အိမ်မက်တွေထဲမှာ သတိရှိ နေပြီး နဲ့ ကိုယ့်ကိုယ်ကို အိမ်မက် မက်နေမှန်းသိပါတယ်။ )
အဲ့ဒီ အချိန်ခဏလေးအတွင်းမှာပဲကလိုင်း ရဲ့ မျက်လုံးတွေ မှိတ်သွားပြီး ပုံမှန်အတိုင်း နက်နက်ရှိုင်းရှိုင်း အိပ်မောကျသွားပါတယ်။ မဒမ် ရှယ်ရွန် နဲ့ ကန်လေတို့ရဲ့ လှုပ်ရှားမှုတွေက တဖြည်းဖြည်း နှေးသွားပါတယ်။ဒါပေမယ့် ကလိုင်း က သူ အိပ်မက်ထဲ ရောက်နေတယ်ဆိုတာကိုချက်ချင်း သိလိုက်ပြီး သူဟာ အသိစိတ်နဲ့ မိမိကိုယ်ကို ထိန်းချုပ်နိုင်ပါသေးတယ်။ကလိုင်းဟာ အိပ်မက်ထဲကို ဆွဲသွင်းခံရတာ ဒါမှမဟုတ် စိတ်ညို့တဲ့ စွမ်းအင်တွေသူ့အပေါ် သုံးလာတိုင်း သူက အသိစိတ်ကပ်နေတတ်ပါတယ်! သူ့ရဲ့ ထူးခြားချက်ကိုဒန်း ရဲ့ အိမ်မက်ဆိုး စွမ်းအားနဲ့ ရင်ဆိုင်တုန်းကရော၊ဒေလီ နဲ့ ဝိညာဉ် ဆက်သွယ်တုန်းကရော ကလိုင်းက သူ့ကိုယ်သူ သတိထားမိထားပြီးသားဖြစ်ပါတယ်
*"ကတ်ချာ"* (အသံတမျိုး)ကလိုင်း က အိပ်မက်ထဲကနေ အင်အားသုံးပြီးအတင်းချက်ချင်း နိုးထလာလိုက်ပါတယ်။သူက သူ့လက်တွေ၊ ခြေတွေနဲ့ ခန္ဓာကိုယ်တစ်ခုလုံးကို ချည်ထားသလို ဖြစ်နေတဲ့ မမြင်ရတဲ့ ကြိုးလေးတွေ လျော့သွားတာကို ခံစားမိလိုက်တယ်။ မဒမ် ရှယ်ရွန် ကတော့မျက်လုံးတွေဟာ တနေရာရာကို တွေတွေကြီး စိုက်ကြည့်နေသလို ဖြစ်နေပါတယ်။ သူမဟာ အိပ်စက်ခြင်း အဆောင် ရဲ့ အစွမ်းအာနိသင်ကို ပျယ်သွားအောင် ကြိုးစားနေပေမယ့် အပြည့်အဝ နိုးမလာသေးတဲ့ ပုံစံဖြစ်နေပါတယ်။ ကန်လေ က ကြမ်းပြင်ပေါ်မှာ လဲနေပြီး သူ့ဘေးမှာ တော့ နတ်ကတော်ကြေးမုံ က လှန်လျက်ရှိနေပါတယ်။ သူ့ရဲ့ ခြောက်လုံးပြူး ကတော့
တံခါးဘက်မှာ ရောက်နေပါတယ်။
"*အခွင့်အရေးပဲ!"*
ကလိုင်း က မမြင်ရတဲ့ကြိုးတွေ လျော့သွားချိန်ကို အမိအရ အခွင့်အရေးယူလိုက်ပြီး
ဘယ်ဘက်လက် ကို မြှောက်ကာ လက်ဖျောက်တီးလိုက်ပါတယ်။ အပြာရောင်စိတ်ဝိညာဉ် မီးတောက်လေး တောက်လာပြီး သူ့ရှေ့က မမြင်ရတဲ့ ကြိုး မျှင်မျှင်လေးတွေကို လောင်ကျွမ်းစေလိုက်ပါတယ်။တစ်ချိန်တည်းမှာပဲ ညာလက်နဲ့ ခြောက်လုံးပြူး ကို ဆွဲယူလိုက်ပြီး ဆက်တိုက် ပစ်လိုက်ပါတယ်။
"*ဘန်း! ဘန်း!"*
ငွေရောင် မိစ္ဆာ အမဲလိုက် ကျည် နှစ် တောင့်ကသေနတ် ပြောင်းဝကနေ မဒမ်ရှယ်ရွန် ဆီကိုပြေးဝင်သွားပါတယ်။ ကလိုင်း က မဒမ် ရှယ်ရွန်ကို ထိသွားလား မထိဘူးလားဆိုတာကို မကြည့်တော့ဘဲ ဒူးကို ကွေးပြီး ခါးအားကို သုံးကာကန်လေ ဘက်ကို လှမ်းခုန်လိုက်ပါတယ်။တစ်ချိန်တည်းမှာပဲ သူက သူ့ခန္ဓာကိုယ်ကို ချည်ထားတဲ့ကြိုးမျှင်လေးတွေကိုလည်း တစ်ခါတည်း ဖြတ်ချလိုက်ပါတယ်။ ခုနက သူ ပစ်လိုက်တဲ့ သေနတ်သံတွေက အမှန်တယ်တော့ အပြင်မှာ ကျန်နေခဲ့တဲ့ကပ္ပတိန် ကို
“ အိမ်ထဲမှာ မမျှော်လင့်တာ တစ်ခုခု ဖြစ်နေပြီ” လို့
အချက်ပေးဖို့ပဲ ဖြစ်ပါတယ်…
သူတို့က သေရေးရှင်ရေး အခြေအနေမှာ တိုက်ခိုက်နေကြပြီး စစ်ကူ လိုနေတဲ့ အခြေအနေ ဖြစ်တဲ့အတွက် အချက်ပြလိုက်တာ ဖြစ်ပါတယ်။ အချက်ပြသလို နဲ့ ပစ်လိုက်တဲ့ ကျည်ဆန်က မဒမ်ရှယ်ရွန်ကို တကယ်ထိသွားရင်တော့ အကောင်းဆုံး ရလဒ်ပဲဖြစ်ပါတယ်။
ဒါပေမယ့်
ကလိုင်း က ဆုံမှတ် 7 ဒါမှမဟုတ် 6 လို သာလွန်သူ တစ်ယောက်ကို ဒီလောက် လွယ်လွယ်နဲ့ အသေသတ်လို့ရမယ်လို့ မယုံကြည်ထားပါဘူး။အခန်းထဲမှာအပြာရောင်ဖျော့ဖျော့ ဝိညာဥ်မီးတောက်တွေ လေထဲမှာ လှည့်ပတ်လှုပ်ရှား နေပြီမမြင်ရတဲ့ ခပ်မျှင်မျှင်ကြိုးလေးတွေကို လောင်ကျွမ်းနေပြီး အိပ်မက်ဆန်ဆန် အလှအပတစ်မျိုးကို ဖြစ်ပေါ်နေစေပါတယ်။အဲ့ဒီအခိုက်အတန့်မှာပငွေရောင် မိစ္ဆာ အမဲလိုက် ကျည် နှစ်တောင့်ကမဒမ် ရှယ်ရွန် ရဲ့ ခန္ဓာ ကိုယ်ကို မှန်သွားတယ်။
*"ကချာ! ကချာ!"*
ဖောက်ထွင်းမြင်ရတဲ့ ညအိပ်ဝတ်စုံနဲ့မဒမ် ရှယ်ရွန် ကရေကန်ထဲက သွေးရောင်လ ရဲ့ အရိပ်ပုံလိုအစိတ်စိတ် အမွှာအမွှာကွဲသွားပါတယ်။သူမဘေးကတစ်ကိုယ်လုံးပေါ် မှန်အရှည်ကြီးကလည်း တစ်စစီအက်ကွဲသွားပြီး လက်သည်းအရွယ် မှန်ကွဲစ အပိုင်းလေးတွေ ဖြစ်သွားပါတယ်။ မှန်ကွဲစ အနည်းငယ်ပဲ မှန်ဘောင်ပေါ်မှာ ကျန်နေခဲ့ပါတယ်။ အဲ့ဒီ မှန်အပိုင်းစတွေဟာ ထူးဆန်းတဲ့ လက်ဖဝါးပုံစံ တွေလို ဖြစ်နေပါတယ်။
*"အစားထိုးလိုက်တာလား?"*
*"မိစ္ဆာမ လမ်းစဉ် ရဲ့ သာလွန်သူ စွမ်းအားလား?"*
ကလိုင်း က အဖြစ်အပျက်ကို မျက်လုံးထောင့်ကသာလျပ်တပြက် မြင်လိုက်ပြီး ကန်လေ ဘက်ကိုလှိမ့်လိုက်ပါတယ်။ သူ လှုပ်ရှားလိုက်တာနဲ့ကြိုးမျှင်တွေ အကုန် ပြတ်သွားပြီး အပြာရောင် ဝိညာဉ်မီးတောက်တွေက အခန်းအနှံ့ ပျံ့မသွားကြပါဘူး။အဲ့ဒီအချိန်မှာမဒမ်ရှယ်ရွန် က လုံးဝ ပျောက်သွားပါပြီ။ဒါပေမယ့် "အိပ်ပျော်နေဆဲ” ဖြစ်နေတဲ့ ကန်လေ ကလက်တွေကို မြှောက်ပြီး ကိုယ့်လည်ပင်းကို အားပြင်းပြင်းနဲ့ ညစ်နေပါတယ်။ပါးစပ်က သွားရည် တွေ ထွက်လာပြီးလျှာတောင် ထွက်နေပါပြီ။ ဒါပေမယ့် ကန်လေက ကိုယ့်ကိုယ်ကို လည်ပင်းညစ်နေတာ မရပ်ပါဘူး။ ကလိုင်း က စိတ်ဝိညာဉ် အမြင် နဲ့ စစ်ကြည့်လိုက်တော့ ကန်လေပတ်ဝန်းကျင်မှာ မူမမှန်တဲ့ အရာတစ်ခုမှ မတွေ့ပေ!သူက ချက်ချင်းပဲချိတ်ပိတ်လက်နက် 3-0271 နဲ့ပတ်သတ်တဲ့ဖော်ပြချက်တစ်ခုကို သတိရမိသွားတယ်။
“ လက်နက်ရဲ့ အန္တရာယ်အများဆုံး အခြေအနေက
ကိုယ့်ကိုယ်ကို ကြေးမုံထဲမှာ ပြန်မြင်လိုက်တဲ့အခြေအနေ ဖြစ်ပါတယ်"*
*"ကန်လေ က
မဒမ် ရှယ်ရွန် သူ့နေရာမှာ အစားထိုးလိုက်တဲ့ တကိုယ်လုံးပေါ်မှန် အရှည်ကြီး ကနေတဆင့်ချိတ်ပိတ်လက်နက် 3-0271 ထဲမှာကိုယ့်ကိုယ်ကို ပြန်မြင်လိုက်တာလား?"*
ကလိုင်း က ခန့်မှန်းလိုက်တယ်။စဉ်းစားဖို့တောင်အချိန်မရှိတော့ပဲ ကလိုင်း ကနောက်ထပ် ငွေရောင် အဆောင် တစ်ခုကို ချက်ချင်း ထုတ်လိုက်ပါတယ်။အဆောင်က ထောင့်သုံးထောင့် တြိဂံပုံစံရှိတဲ့ ငြိမ်သက်ခြင်း အဆောင်ဖြစ်ပါတယ်။
“သွေးရောင်!”
ကလိုင်း က ရှေးဟောင်းဟားမီးစ် ဘာသာစကားနဲ့ အဲ့ဒီစကားလုံးကို ရွတ်ပြီး သူ့ရဲ့ စိတ်ဝိညာဉ် အစွမ်း ကို အဆောင် ထဲ ထည့်လိုက်ကာ ချက်ချင်း ပစ်လိုက်တယ်။ ပြီးတော့ ဘယ်ဘက်လက်နဲ့နတ်ကတော် ကြေးမုံ ကို ဆုပ်ကိုင်လိုက်ပါတယ်။
သူက ချိတ်ပိတ်လက်နက် ကြေးမုံရဲ့ ရောင်ပြန် မျက်နှာပြင် က အောက်ဘက်ကို မျက်နှာမူထားလားဆိုတာကို မျက်လုံးထောင့်ကနေ သေချာကြည့်လိုက်ပါတယ်။ ကြေးမုံကို မှောက်ထားတာက သူ့ကိုယ်သူ ကြေးမုံထဲမှာ ပြန်မကြည့်မိအောင် ဖြစ်ပါတယ်။ထောင့်သုံးထောင့် တြိဂံ ငွေရောင် အဆောင် ကအေးမြတဲ့ အပြာရောင် မီး တောက်တွေကို လောင်ကျွမ်း သွားစေပါတယ်။ နူးညံ့ပြီး ငြိမ်သက်တဲ့ အမှောင်ထုကကန်လေ ကို ဖုံးလွှမ်းသွားပြီး ကလိုင်း ကိုယ်တိုင်ကို ပါ အဆောင်ရဲ့ အစွမ်းက သက်ရောက်လာပါတယ်။ခုနတုန်းက ရှိနေတဲ့ စိတ်လှုပ်ရှားမှုတွေဟာ
အဲ့ဒီ ခဏမှာပဲ ပျောက်ကွယ်သွားပါတယ်။ ကန်လေ က သူ့လည်ပင်းကို ဆုပ်ကိုင်ထားတဲ့ သူ့လက်တွေကို ဖြည်လျော့လိုက်ပြီး ကလိုင်း ကတော့ အိမ်မှာရှိတဲ့ မှန်ပြတင်းပေါက် အရှေ့ကနေ တိတ်ဆိတ်တဲ့ လမ်းမပေါ်ကို ကြည့်နေရသလိုခံစားချက်မျိုး ဖြစ်နေပါတယ်။
အိပ်စက်ခြင်း အဆောင်ကြောင့် ကိုယ်နဲ့ စိတ်နှစ်ပါးလုံးအပြည့်အဝ ငြိမ်သက်သွားပါပြီ။ကလိုင်း လိုချင်တဲ့ အခြေအနေ ကွက်တိဖြစ်သွားပါတယ်!အဲ့ဒီအချိန်မှာပဲ သူက အလွန်အမင်း ငြိမ်သက်တဲ့ စိတ် အခြေအနေထဲ ကို ဝင်သွားတယ်။ကမ္ဘာတစ်လောကလုံးမှာ သူတစ်ယောက်တည်းပဲ ကျန်နေသလိုအခြားအရာတွေ အားလုံးက ပျောက်သွားသလို ခံစား နေရပါတယ်။ ဒီလို ငြိမ်သက်မှုထဲမှာမှ ရုတ်တရက် ကလိုင်းရဲ့ စိတ်ထဲကနေ အာရုံတစ်ခု ပေါ်လာပါတယ်။
*"မဒမ် ရှယ်ရွန် က
ငါ့ ညာဘက် ခါးကို
တိုက်ခိုက်လာတော့မယ်!”
ဒါကတိုက်ခိုက်ရေးအတွက် လူရွင်တော် ရဲ့အန္တရာယ်ကို ကြိုတင်မြင်နိုင်တဲ့ စွမ်းရည်ပဲ ဖြစ်ပါတယ်။ ဘာ မှ စဉ်းစားမနေဘဲ ကလိုင်း က နတ်ကတော် ကြေးမုံ ကို မြှောက်ပြီး ဘယ်ဘက်ကို လှိမ့်လိုက်ပါတယ်။ သူ လှုပ်ရှားလိုက်တဲ့ အခိုက်အတန့်မှာပဲမဟူရာမီးတောက်တွေနဲ့ လောင်နေတဲ့ ဓားတစ်လက်က ခုနတုန်းက သူ မတ်တပ်ရပ်နေခဲ့တဲ့ နေရာကိုစိုက်သွားပါတယ်။ မဒမ် ရှယ်ရွန် က ကိုယ်ပျောက်နေရင်းကနေ နောက်တကြိမ် ကိုယ်ထင်ပြလာပါတယ်။ဘယ်ဘက်ကို လှိမ့်လိုက်စဥ်မှာပဲ ကလိုင်း က နတ်ကတော် ကြေးမုံ ကို ရုတ်တရက် မြှောက်ပြီး မဒမ် ရှယ်ရွန် ဘက်ကို ညွှန်ပြလိုက်ပါတယ်။
သူ ကန်လေ အနားကို လှိမ့်သွားရတဲ့ အဓိကရည်ရွယ်ချက်က တွဲဖက် ဖြစ်တဲ့ ကန်လေ ကို ကယ်ဖို့ အပြင်ချိတ်ပိတ် လက်နက် ကို ယူဖို့ ဖြစ်ပါတယ်။မဒမ် ရှယ်ရွန် ကို ဘေးနားမှာထားရင်းကပ္ပတိန် လာ ကူမှာကို စောင့်နေလိုက်ရင်အကောင်းဆုံး ရလဒ် တွေ ဖြစ်လာမယ်လို့ကလိုင်း က မယုံကြည်ပေ။တောက်လောင်နေသော နေမင်းအဆောင် ကိုကို သာလွန်သူတစ် ယောက်နဲ့ တိုက်ဖို့ သုံးလို့ရပေမယ့်သေဆုံးပြီးသားဝိညာဉ်ကို သုံးတာလောက် ထိရောက်မရှိပေ။။ဒါ့အပြင် မဒမ် ရှယ်ရွန်ကကလည်းသူ အဆောင် သုံးဖို့ အချိန်ကိုလည်း စောင့်ပေးနေမှာ မဟုတ်ပါဘူး။ တကယ်လို့ အဆောင်က အလုပ် မဖြစ်ဘူးဆိုရင် ကလိုင်း က စွန့်စားပြီး အက်ဇစ် ရဲ့ ကြေးဝါ ဝီစီကို အသုံးပြုရမယ့် အခြေအနေဖြစ်ပါတယ်။ကပ္ပတိန်ကို သူဘယ်လို ရှင်းပြမလဲဆိုတာကဒီ အခန်းထဲကနေ အသက်ရှင်လျက် လွတ်လာပြီးမှ သူစဉ်းစားနိုင်မှာ ဖြစ်ပါတယ်!ဒါပေမယ့်အဖြစ်အပျက်တွေဟာ ကလိုင်း ခန့်မှန်းထားတာထက်ပိုကောင်းလာပါတယ်။ မဒမ်ရှယ်ရွန် က ထိပ်တိုက်တိုက်ခိုက်မယ့်အစား လျှို့ဝှက်သတ်ဖြတ်မယ့်ပုံစံကို ရွေးချယ်ခဲ့တယ်။ဒါကြောင့အိပ်စက်ခြင်း အဆောင် နဲ့ နတ်ကတော် ကြေးမုံ သုံးတာကို သူမက မနှောက်ယှက်ခဲ့ပါဘူး။ဒါကြောင့် ကလိုင်း က ချက်ချင်းပရိုးရှင်းတဲ့ အစီအစဉ်တစ်ခုကို ချမှတ်လိုက်ပါတယ်။သူက ငြိမ်သက်ခြင်းအဆောင် ရဲ့ ဆိုးကျိုးသက်ရောက်မှုကို ရှောင်မနေတော့ပါဘူး။လူရွှင်တော် ရဲ့ အန္တရာယ် ကြိုတင်မြင်နိုင်စွမ်းကိုအဆင့်မြှင့်ဖို့ ငြိမ်သက်ခြင်းအဆောင်ရဲ့ သက်ရောက်မှုကို အသုံးချလိုက်ပါတယ်။နောက်ပြီး မဒမ်ရှယ်ရွန်ရဲ့ တိုက်ခိုက်မှုကို ရှောင်ဖို့ အခွင့်အရေးကို အသုံးချကာနတ်ကတော် ကြေးမုံ နဲ့ သူမကို ပြလိုက်မှာဖြစ်ပါတယ်!မဒမ်ရှယ်ရွန် ကဓားနဲ့ တိုက်ခိုက်တာ မအောင်မြင်တာနဲ့ ချက်ချင်းပဲ အမြန် လှိမ့်ပြီး ရွှေ့လျားနေတဲ့ ကလိုင်းနောက်ကို လိုက်ဖို့ ကြိုးစားလိုက်တယ်။အဲ့ဒီအချိန်မှာပဲ သူမကကြေးမုံတစ်ချပ်ကို တွေ့လိုက်တယ်—မျက်နှာပြင်အပေါ်မှာ အက်ရာ သုံးခု ပါတဲ့ကြေးမုံတစ်ချပ်။
ကြေးမုံမျက်နှာပြင်က ပင်လယ်ရေပြင်လို လှိုင်းထန်လာပြီး အမျိုးသမီး ပုံရိပ်တစ်ခု ပေါ်လာတယ်။သူမရဲ့ ဆံပင်က ထူထဲပြီး။အနက်ရောင်ရှိတယ်၊ သူမက မျက်နှာကို ဆံပင်တွေနဲ့ ဖုံးထားတယ်။ကလိုင်း ရဲ့ ဘယ်ဘက် လက်က တုန်သွားပြီးနတ်ကတော် ကြေးမုံ က ပက်လက် လှန်လျက်နဲ့ ကော်ဇော်ပေါ်ကို ပြုတ်ကျပြီး စင်တီမီတာ အနည်းငယ်လောက် အရှေ့ကိုလျှောသွားတယ်။အဲ့ဒီ ကြေးမုံထဲကနေဖြူဖျော့နေတဲ့ လက်တစ်ဖက်က ထွက်လာပြီးအဖြူရောင် အိပ်ရာခင်းလို ဝတ်စုံကို ဝတ်ထားတဲ့အမျိုးသမီးတစ်ယောက်က ချက်ချင်း ထွက်ပေါ်လာကာ မဒမ် ရှယ်ရွန် ဆီကို ခုန်အုပ်လိုက်တယ်။မဒမ် ရှယ်ရွန် ရဲ့ မျက်နှာအမူအရာက ချက်ချင်း ဆိုသလို မဲမှောင်သွားပြီး အပြစ်ကင်းသလို ပုံစံပေါက်တဲ့သူမရဲ့ အညိုရောင် မျက်ဝန်းတွေ ထဲမှာအမှောင်အလွှာတစ်ခုက ဖုံးလွှမ်းသွားတယ်။
သူမပတ်ဝန်းကျင်မှာအနက်ရောင် မီးတောက်တွေချက်ချင်း လောင်တောက်လာတယ်။ ရှူး! ဆိုတဲ့ အသံနဲ့အတူအနက်ရောင်မီးတောက် တစ်ခုကအဖြူရောင်ဝတ်စုံဝတ်ထားတဲ့အမျိုးသမီးကို မှန်သွားတယ်။
ဝူးရှ်!
အမျိုးသမီးက မီးလောင်သွားပြီးနာကျင်စွာ အော်ဟစ်လိုက်တယ်။ သူမက ခဏလေးအတွင်းမှာပဲလေထဲမှာ ပျောက်ကွယ်သွားတယ်။
ဆူး! ဆူး! ဆူး!
အနက်ရောင် မီးတောက်တွေကကျည်ဆန်လိုပဲတစ်ခုပြီး တစ်ခု ကလိုင်း ဆီကို လာမှန်တယ်။ကလိုင်း ရဲ့ မျက်လုံးထဲက အနက်ရောင် သူငယ်အိမ်တွေ ကျုံ့သွားပြီးသူက ချက်ချင်းပဲ ဘေးဘက်ကို လှိမ့်ထွက်လိုက်တယ်။သူက မီးတောက်တွေ မှန်သွားတဲ့နေရာမှာ တစ်စက္ကန့်တောင် မနေရဲပေ။ဒါပေမယ့်မမြင်ရတဲ့ ခပ်မျှင်မျှင်ကြိုး လေးတွေက သူခန္ဓာကိုယ်ကိုယ်ကို နောက်ထပ် တစ်ခေါက် ရစ်ပတ်လာသလို ဖြစ်နေပြီး သူ့ရဲ့ ဘေးကိုလှိမ့်သွားတဲ့ နှုန်းတာကတဖြည်းဖြည်း နှေးသွားတယ်။အဲ့ဒီကြိုးတွေက သူ့ လှုပ်ရှားမှုကို နှေးစေပြီကိုယ်လက် လှုပ်ရှားနိုင်စွမ်းကို ထိခိုက်လာတယ်။ဒါက လူရွှင်တော် ရဲ့ တိုက်ခိုက်ရေး စွမ်းရည်အတွက်တုံ့ပြန်ရခက်တဲ့ တကယ့်ကို ဆန့်ကျင်ဘက် ရန်သူတော်ပဲ!အနက်ရောင် မီးတောက်တွေက ကလိုင်း ရဲ့ မျက်နှာဘေးကနေ ကပ်သီးလေး လွတ်သွားပြီးမဒမ် ရှယ်ရွန် ရဲ့ အိပ်ရာပေါ်ကို ကျသွားတယ်။ဒါပေမယ့် မီးမလောင်ပေ။ အနက်ရောင် မီးဟာ အသက်ရှိတဲ့အရာတွေ၊ ဝိညာဉ်ရှိတဲ့အရာတွေကိုပသက်ရောက်ပုံရတယ်။ကလိုင်း က အလွတ် ရှောင်နိုင်ခဲ့လို့ဝမ်းတောင် မသာနိုင်သေးခင် နောက်ထပ် အန္တာရာယ် သတိပေး ကြိုတင်အာရုံတစ်ခု က သူ့စိတ်ထဲမှာ လင်းကနဲ ထပ်ပေါ်လာတယ်။ သူက ခါးကို လှည့်ပြီးရှေ့ဘက် လှိမ့်တာက နေ ဦးတည်ချက်ပြောင်းပြီဘေးဘက်ကို လှိမ့်လိုက်တယ်။အဲ့ဒီအခိုက်အတန့်မှာပဲဖောက်ထွင်းလုနီးပါး ကြည်လင်နေတဲ့ ရေခဲ ခရစ်စတယ်တစ်ခုက လှံတံ တစ်ချောင်းလို ပေါ်လာပြီး ကလိုင်း လှိမ့်မယ့်နေရာကို တန်းတန်းကြီး ထိုးကျလာတယ်။ဖြူဖျော့တဲ့ ရေခဲမြူတွေလျင်မြန်စွာ ပျံ့နှံ့လာပြီး ခပ်မျှင်မျှင် ကြိုးတွေကြောင့်လှုပ်ရှားမှု တွေ နှေးနေတဲ့ ကလိုင်း ကို ထိမှန်သွားတယ်။သူ ချက်ချင်း တုန်သွားပြီး သူ့ ကိုယ်ခန္ဓာက တောင့်တင်းသွားတယ်။သူက လှုပ်လို့တော့ ရနေသေးပေမယ့် အရမ်း နှေးသွားပါတယ်။ မဒမ် ရှယ်ရွန် ကိုအနက်ရောင် မီးတောက်တွေထပ်ပြီး ဝန်းရံသွားပြီး သူမ က လက်ထဲမှာကြည်လင်တဲ့ ရေခဲလှံတစ်ချောင်းကိုထပ်ပြီး ဖန်တီးလိုက်တယ်။ ကလိုင်း ကနောက်ထပ် မစဉ်းစားတော့ဘူး။ချက်ချင်းပဲ လက်ကို အိတ်ထဲ ထိုးထည့်ပြီး အေဇစ် ရဲ့ ကြေးဝါ ဝီစီ ကိုအတင်း ဆုပ်ကိုင်လိုက်တယ်။
ဟီး… ဟီး… ဟီး… (ညီးသံ)
အဲ့ဒီအချိန်မှာပဲငြိမ်သက်ခြင်း အဆောင် နဲ့ အိပ်စက်ခြင်း အဆောင် ရဲ့အာနိသင် တွေ ပျယ်သွားပြီး ကန်လေ က မတ်တပ် ထရပ်လိုက်ကာ အသက်မဲ့ နေတဲ့ မျက်လုံးအမူအရာနဲ့မဒမ် ရှယ်ရွန် ကို လှမ်းကြည့်လိုက်ပါတယ်။သူ့မျက်နှာပေါ်မှာ အရိပ်တစ်ခု ဖုံးထားသလို ဖြစ်နေပြီးတိတ်ဆိတ်ပေမယ့်ကြောက်စရာကောင်းတဲ့ ပုံစံ ဖြစ်နေတယ်။
ဒုတ်! ဒုတ်! ဒုတ်!
ကန်လေ ကအနီးဆုံးမှာ ရှိနေတဲ့မဒမ်ရှယ်ရွန် ဆီကို တန်းပြီး ခုန်အုပ်လိုက်ပါတယ်။မဒမ် ရှယ်ရွန် မျက်လုံးတွေ ကျဉ်းသွားပြီးသူမက ပတ်ဝန်းကျင်က အနက်ရောင် မီးတောက်တွေကို ကန်လေ ဆီ တစ်ခုပြီး တစ်ခု ပစ်လိုက်တယ်။
ဖူး! ဖူး! ဖူး!
အနက်မီးတောက်တွေက နှင်းစက်တွေလိုပဲချက်ချင်း ပျောက်ကွယ်သွားပြီး ဘာအကျိုးသက်ရောက်မှုမှ မရှိပေ။ ကလိုင်း ကအစပိုင်းမှာ အံ့သြသွားပေမယ့် ချက်ချင်းပဲညာလက်က သေနတ်ကို မြှောက်ပြီး မဒမ် ရှယ်ရွန် ကို ချိန်ကာ ပစ်လိုက်တယ်။
ဘန်း!
မဒမ် ရှယ်ရွန် က ရှောင်သွားပြီးလက်ထဲက ရေခဲလှံကို ကန်လေ ဆီ ပစ်လိုက်တယ်။ဒါပေမယ့် လှံတံက အင်္ကျီကိုပဲ ထိုးဖောက်သွားပြီးကန်လေရဲ့ အသားကို မထိခဲ့ဘူး။ ဒါကြောင့် ကန်လေဟာ အေးခဲ မသွားခဲ့ပေ။
ဘန်း!
ကလိုင်း က နောက်တစ်ချက် ထပ်ပစ်လိုက်တယ်။မဒမ်ရှယ်ရွန် က ကွဲအက်နေတဲ့ကိုယ်လုံး ပေါ် မှန်အရှည် ကြီး ဘေးကို ရှောင်လိုက်ပြီး လက်ဖဝါးအရွယ် မှန် ကွဲ အသေးတစ်ခုကို ကောက်ယူလိုက်တယ်။ သူမကလျင်မြန်စွာ လှုပ်ရှားရင်း နောက်ထပ် ကျည်တစ်ချက်ကိုပါ ရှောင်နိုင်ခဲ့တယ်။ ပြီးတော့ မညီညာပဲ့နေတဲ့ မှန်အပိုင်းအစကို သုံးပြီး ခုန်လာတဲ့ ကန်လေ ပုံကို မှန်နဲ့ အရောင်ပြန် အောင်ပြလိုက်တယ်။အဲ့ဒီနောက် ချက်ချင်းပဲ မဒမ်ရှယ်ရွန် ကဘေးဘက်ကို ထပ်ရှောင် လိုက်ပြီး အနက် ရောင်မီး တောက်တွေ ဖုံးလွှမ်းနေတဲ့ လက်ဖဝါးနဲ့ မှန်ကို ပွတ်လိုက်တယ်။ အဲ့ဒီအချိန်မှာ ကလိုင်း ရဲ့ ခြောက်လုံးပြူး က ကျည်ကုန်သွားပြီ။ မတတ်သာတော့တဲ့ အဆုံး သူကသေနတ်ကို ပစ်ချလိုက်တယ်။ ကျည်ခွံအလွတ်တွေဟာ သေနတ်နဲ့အတူကြမ်းပြင် ပေါ်က ကော်ဇောပေါ်ကိုကျသွားတယ်။ ကန်လေ ရဲ့ ခြောက်လုံးပြူး ကိုကောက်ဖို့ ကလိုင်းက လှိမ့်သွားတဲ့ အချိန်မှာပဲသူ့အဖော် ကန်လေရဲ့ အော်ဟစ်သံဆိုးကြီးကို ကြားလိုက်ရတယ်။ကန်လေ က ရပ်တန့်သွားပြီးခန္ဓာကိုယ်ကို ကွေးကာအန်လိုက်တယ်။ အစပိုင်းမှာအန်တာက အဝါရောင် အရည်တွေ၊ နောက်တစ် ခေါက် အန်တဲ့အခါမှာတော့ အနီရောင် နှလုံးသားတစ်ခု ထွက်လာတယ်။အဲ့ဒီနောက် အနက်ရောင်မီး တောက်တွေ လောင်နေတဲ့ အဆုတ်နဲ့ အစာအိမ်တွေပါ ကန်လေ ပါးစပ်ကနေတစ်ခုချင်းစီ ထွက်ကျလာခဲ့တယ်…