ကံကြမ္မာနဲ့ လောင်းကစား လုပ်ခဲ့တဲ့ အခိုက်အတန့်
Vol. 20 Ch. 199
တဒုတ်ဒုတ်ခုန်နေတဲ့ နှလုံးသားတစ်ခု ၊ စိမ်းဝါရောင် အရည် တွေတိတ်တိတ်ကလေးတောက်လောင်နေတဲ့ မဟူရာမီးတောက်တွေ ၊ကြမ်းပြင် ပေါ် ကို လဲကျသွားတဲ့ ခန္ဓာ ကိုယ်တစ်ခုအဲ့ဒီအရာအားလုံးကကလိုင်း ရဲ့ မြင်ကွင်းထဲကို ဝင်လာပြီးသူ့စိတ်ထဲမှာ အမြဲမပျောက်နိုင်အောင်အမာရွတ်လို စွဲကပ်သွားတယ်။ဒီနေ့အထိကလိုင်း ကြုံတွေ့ခဲ့ရတဲ့အန္တရာယ်အများဆုံး မစ်ရှင်က ရေး ဘီဘာ (Ray Bieber ) က အန်တီဂိုနပ်စ် မှတ်စု စာအုပ်ကို စုပ်ယူချေဖျက်နေချိန်မှာ သူတို့ ကိုင်တွယ်ခဲ့ရတဲ့ မစ်ရှင် ပဲ ဖြစ်ပါတယ်။
အဲ့ဒီလို ကြောက်မက်ဖွယ်ကောင်းပြီးအန္တရာယ်ကြီးတဲ့ မုန်းစရာ သတ္တဝါကြီးတောင်အဖွဲ့ထဲက သာလွန်သူ တွေကိုအပြင်းအထန် ဒဏ်ရာရစေခဲ့ရုံပဲ ရှိပါတယ်။အသက် အန္တရာယ်ကြုံခဲ့ရတဲ့သူ တစ်ယောက်မှ မရှိခဲ့ပေ။ကလိုင်း မြင်ခဲ့ရတဲ့သာလွန်သူ သေဆုံးမှုတွေ—လူအိုကြီး နေးလ် အပါအဝင်—အားလုံးကကိုယ့်ကိုယ်ကို ထိန်းချုပ်မှု ဆုံးရှုံးသွားကာ အသက်သေဆုံးသွားကြတာပဲ ဖြစ်ပါတယ်။လူကြီးနေးလ်ကို သေဆုံးစေခဲ့တဲ့ လူကလည်း ထူးထူးဆန်းဆန်း မကောင်းတဲ့ နတ်ဘုရားတွေ နဲ့ ပတ်သက်နေနိုင်ပေမယ့် လူအိုကြီး နေးလ်ဟာ သူတို့လုပ်ဆောင်ခဲ့တဲ့ မစ်ရှင်တွေမှာ သေသွားတာ မဟုတ်ပေ။
ဒါပေမယ့်အခုအချိန်မှာတော့—သူ့ရဲ့ လုပ်ဖော်က်ိုင်ဖက်တစ်ယောက်ဟာ တာဝန်ထမ်းဆောင်နေစဉ်မှာပဲအသတ်ခံလိုက်ရတာကို ကလိုင်း ကိုယ်တိုင် မြင်လိုက်ရပါပြီ။ဒီသေဆုံးမှုက အမှားတစ်ခုတည်းကြောင့် ဖြစ်ပါတယ်။ညသိမ်းဌက် တွေဟာ သာလွန်သူတွေ အနေနဲ့ ကြုံရနိုင်တဲ့ ရူးသွပ်မှုတွေကို ဆန့်ကျင်တိုက်ခိုက်နေရသလိုတစ်ချိန်တည်းမှာလည်း အန္တရာယ်တွေကို ရင်ဆိုင်တိုက်ခိုက်နေကြရပါတယ်။တစ်ချက်မှား လိုက်တာနဲ့ နောက်တစ်ခါ ပြန်ပြင်ခွင့်ဘယ်တော့မှ မရနိုင်တော့ပါဘူး။
ဘုန်း!
ကလိုင်း ရဲ့ အတွေးတွေဟာ ပေါက်ကွဲသံကြီးတစ်ခုနဲ့ အတူ ဖရိုဖရဲ ဖြစ်သွားတယ်။သူ အကြီးအကျယ် စိတ်ထိခိုက်သွားတဲ့အတွက်
ကြမ်းပြင်ပေါ် ကို ဒူးထောက် လျက် ကျသွားပြီးညာဘက်လက်ကို မြှောက်ကာမဒမ် ရှယ်ရွန် ဆီကိုဆက်တိုက် ပစ်ခတ်လိုက်တယ်။ငွေရောင် မိစ္ဆာ အမဲလိုက် ကျည်ဆန်တွေ ကမမြင်ရတဲ့ ခပ်သေးသေးကြိုးမျှင်လေးတွေကိုထိုးဖောက်ကျော်လွန်ပြီးမဒမ် ရှယ်ရွန်ရဲ့ ခေါင်းနဲ့ ဖောက်ထွင်းမြင် နေရတဲ့ ညအိပ်ဝတ်စုံ ဝတ်ထားတဲ့ သူမခန္ဓာကိုယ် ထဲကိုတန်းတန်းကြီး ပြေးဝင်သွားတယ်။
အဲ့ဒီအချိန်မှာပဲ—
မဒမ် ရှယ်ရွန် ကို တစ်ခုခုက ဘေးကနေဆောင့်ဆွဲလိုက်သလို ဖြစ်သွား တော့ သူမက ကလိုင်း ပစ်လိုက်တဲ့ ကျည်ဆန်တွေကို အောင်အောင်မြင်မြင် ရှောင်လိုက်သလို ဖြစ်သွားတယ်။
ခြောက်လုံးပြူးထဲက ကျည်ဆန်တွေကို ကုန်အောင်ပစ်လိုက်ပြီး ထွက်လာတဲ့ အသံက အခန်းအလွတ်ထဲကို တူနဲ့ ထုလိုက်သလို မြည်ဟီးသွားကာ ကလိုင်း နားထဲကို ဝင်လာတယ်။ အဲ့ဒီလို ကြားလိုက်ရမှ ကလိုင်းရဲ့ ဦးဏှောက်က ကျိုးကြောင်းတကျ ပြန်တွေးနိုင်သွားပြီး ကလိုင်းကိုယ်တိုင်လည်း သူ့ကိုသူ တည်ငြိမ်အောင် ပြန်ထိန်းနိုင်သွားတယ်။
ကလိုင်းရဲ့ နှလုံးသား တစ်ခုလုံးတင်းကြပ်သွားတယ်။ သူ့က ကျည်ပြန်ဖြည့်ဖို့အချိန်မရှိတော့ပဲ ခြောက်လုံးပြူးသေနတ်ကို ဘေးကိုပစ်လိုက်ပြီး တားရော့ကဒ် အထပ်လိုက်ကို ထုတ်လိုက်တယ်။
*"ဖက်"*
မဒမ် ရှယ်ရွန်က ဘေးကို ရှောင်လိုက်ချိန်မှာပဲ သူမဘေးကနေ ကဒ်တစ်ကဒ်ဟာ ဖြတ်သန်းသွားပြီး မှန်တင်ခုံစားပွဲပေါ်မှာ နက်နက်ရှိူင်းရှိူင်း ထိုးစိုက် ဝင်သွားတယ်။
သူမပြုံးလိုက်ပြီး သူမရဲ့ အညိုရောင် မျက်လုံးတွေက နောက်တခေါက် အနက်ရောင် ပြောင်းသွားတယ်။
အဲ့ဒီ အချိန်မှာပဲ သူမရဲ့ ရေတံခွန်လို ဖြာကျနေတဲ့ ဆံနွယ်တွေက ရုတ်တရက် ဆိုသလို မမြင်ရတဲ့ အားတစ်ခုက ပင့်တင်ထားသလို လေထဲမှာ ဝဲနေတယ်။
မဒမ် ရှယ်ရွန် က ရပ်တန့်သွားတယ်။ သူမ ရှောင်ဖို့ ကြိုးစားလိုက်ပေမယ့် အရမ်းနှေးသွားခဲ့တယ်။ ကလိုင်းက မျက်လှည့်ဆရာ ကဒ်ကို ထုတ်ပြီးပစ်လိုက်တယ်။ မှော်ဆရာ ကဒ်က မဒမ်ရှယ်ရွန်ရဲ့ ဆံပင်တွေကို နံရံပေါ်မှာ တိတိကျကျ သံမှိုနဲ့ရိုက်ပြီး ကပ်ထားသလို ထိုးစိုက်သွားတယ်။
ဖက်!
မဒမ် ရှယ်ရွန် က ကိုယ့်ဆံပင်ကိုအင်အားပြင်းပြင်းနဲ့ နံရံကနေ ကွာသွားအောင်ဆွဲဖြုတ်လိုက်ပြီး အရှေ့ဘက်ကို လှိမ့်သွားလိုက်တယ်။ပြီးတော့ သူမက ကလိုင်းရဲ့ မြင်ကွင်းထဲကနေကလိုင်းအလျင်အမြန် ပျောက်ကွယ်သွားခဲ့တယ်။
…သူမက နောက်ထပ် ကိုယ်ရောင်ပျောက်သွားပြန်ပြီ။ကလိုင်း ကလက်ချောင်း တွေကြားမှာ တားရော့ကတ်တစ်ချပ်ကို ကိုင်ထားရင်း ပတ်ဝန်းကျင်ကို သတိထားပြီးတဖြည်းဖြည်း လှည့်ပတ်ကြည့်နေလိုက်တယ်။အဲ့ဒီအချိန်မှာပဲ ရုတ်တရက် အချက်တစ်ချက်ကို သူနားလည်သွားခဲ့တယ်။
မဒမ် ရှယ်ရွန် ကဘာလို့ တိုက်ခိုက် နေတာကိုရပ်လိုက်ရတာလဲ၊ဘာလို့ သူသေကိုယ်သေတိုက်ခိုက်နေတာကို ပတ်ပြေး နေတာလဲတိုက်ပွဲ အခြေအနေ ပုံမှန်အတိုင်း ဆက်ပြီးဖြစ်နေခဲ့ရင်ကလိုင်း အနေနဲ့ ဒီလို ကြောက်စရာကောင်းတဲ့မိစ္ဆာမ ကို အနိုင်ယူဖို့ အက်ဇစ် ရဲ့ ကြေးဝါဝီစီကိုမသုံးမဖြစ် သုံးရတော့မှာ ဖြစ်ပါတယ်။
*"ဟုတ်သားပဲ"*…!
*"ကပ္ပတိန် က
ဒီအနားတဝိုက်မှာ
ရှိနေမှာ သေချာတယ်!"*
ကလိုင်း ရဲ့ စိတ်ထဲမှာစိတ်လှုပ်ရှားသွားပြီးနည်းနည်းပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်တယ်။သူ့ရဲ့ မျက်လုံးတွေကပြတင်းပေါက်ဘက်ကို အလိုလိုကြည့်လိုက်တယ်။အဲ့ဒီအချိန်မှာပဲ ကလိုင်း ရဲ့ စိတ်ထဲမှာ ကောက်ချက်တစ်ခု ချလိုက်တယ်။မဒမ် ရှယ်ရွန် က ထွက်ပြေးဖို့ ကြိုးစားနေပြီ!
—
ငါတို့ဘက်မှာသူမကို အိပ်မက်ထဲ ဆွဲသွင်းနိုင်တဲ့အဖော်တစ်ယောက် ပါသေးတယ်ဆိုတာကို သူမကသေချာ သိတယ်။ဒါပေမယ့် ဘုရားကျောင်းတွေရဲ့ ၊ အာဏာာပါးကွပ်သား၊ ယန္တယား ဟိုက်ဗ်မိုင်း စတဲ့အဖွဲ့တွေကနေ အကူအညီတွေ ထပ်လာမလားဆိုတာကို သူမ မသေချာဘူး။ညသိမ်းဌက်
သူမက ဘယ်လောက် အင်အားကြီးကြီး သာလွန်သူ အဖွဲ့တစ်ဖွဲ့လုံးကို တစ်ယောက်တည်းနဲ့မရင်ဆိုင်နိုင်ဘူး!အဲ့ဒီအတွေးနဲ့အတူကလိုင်း က လက်ကို လှန်ပြီး တားရော့ကတ် တစ်ချပ်ကို ပြတင်းပေါက်ဘက် ကို ပစ်လိုက်တယ်။
ဝူးရှ်! ဝူးရှ်! ဝူးရှ်!
သူက ကတ်ငါးချပ်ကို ဆက်တိုက် ပစ်ထုတ်လိုက်တယ်—သုံးချပ်က ပြတင်းပေါက်ကို ပိတ်ဖို့၊နောက်နှစ်ချပ်ကတော့ တံခါးပေါက်ဘက်ကို ပစ်လိုက်တယ်
ခွက်! ထုဒ်! ထုဒ်!
မှန်ကွဲသံ တွေကြားထဲမှာ တားရော့ကတ် နှစ်ချပ်ကအနည်းငယ်ဖွင့်ထားတဲ့ အိပ်ခန်းတံခါးထဲကိုတစ်ချပ်ပြီး တစ်ချပ် ထိုးဝင်သွားတယ်။ သူ မျှော်လင့်ထားတဲ့အတိုင်းပဲ မဒမ် ရှယ်ရွန်ရဲ့ ရှောင်လိုက်တဲ့အသံကို ကလိုင်း ကြားလိုက်ရတယ်။သူက ကတ်တွေ နောက်ထပ် ပစ်လိုက်တယ်။လူရွှင်တော် တစ်ယောက် ရဲ့ အာရုံခံ စွမ်းရည်ကို အသုံးချပြီးပစ်ရမယ့်နေရာကို တိတိကျကျ ခန့်မှန်းလိုက်တယ်။ကတ်တွေကလေထုကို ဖောက်ထွင်းပြီးနံရံထဲကို ထိုးဝင်သွားပေမယ့်လေထုထဲမှာ လူရိပ်တစ်ရိပ် ပေါ်လာခဲ့တယ်။အဲဒါကအညိုရောင်ဆံပင်နဲ့ ပါးပါးလွှလွှ ညအိပ်ဝတ်စုံကို ဝတ်ထားတဲ့မဒမ် ရှယ်ရွန် ပဲ ဖြစ်တယ်၊သူမ ပေါ်လာတဲ့ အချိန်မှာပဲသူမရဲ့ မျက်လုံးတွေ ဟာ မူးဝေသလို ဖြစ်နေပြီးမတ်တပ် ရပ်လျက်နဲ့တောင် အိပ်ပျော်သွားမယ့်ပုံစံ ဖြစ်နေတယ်။ ကပ္ပတိန်…
ကလိုင်း က ပတ်ဝန်းကျင်ကို စစ်ဆေးကြည့်လိုက်ပြီးကတ်တွေကို ချက်ချင်း မပစ်လိုက်ဘူး။သူကတ်တွေကို မပစ်တာက —မဒမ် ရှယ်ရွန် က ကပ္ပတိန်ရဲ့ အိပ်မက်ထဲကနေစက္ကန့်အနည်းငယ်အတွင် လွတ်ထွက်လာနိုင်မယ်ဆိုတာကို သိထားလို့ဖြစ်တယ်။ဒီ ၂–၃ စက္ကန့် အတွင်း သူမကို သေလောက်တဲ့ဒဏ်ရာ မပေးနိုင်ရင် သူမက ထွက်ပြေး လွတ်မြောက်သွားလိမ့်မယ်! အိမ်မက်ဆိုး တစ်ယောက် နဲ့အရမ်းဝေးလွန်းရင် သူမ လွတ်သွားဖို့က အရမ်း လွယ်သွားနိုင်တယ်!ကလိုင်း က ဒူးကို ကွေးလိုက်ပြီး ထောင့်စောင်းကို လှိမ့်သွားလိုက်တယ်။ ကြမ်းပြင်ပေါ်ကို လဲချလိုက်ပြီးပက်လက် လှန်လျက် ရှိနေတဲ့ နတ်ကတော် ကြေးမုံ ရဲ့ အစွန်းကို ညာလက်နဲ့ ဆွဲယူလိုက်တယ်။ကိုယ့်ပုံရိပ်ကို ကြေးမုံထဲမှာ မပေါ်သွားအောင် လက်ကို လှန်ပြီး မဒမ် ရှယ်ရွန် ဘက်ကိုချိတ်ပိတ် လက်နက် 3-0271 ရဲ့ ရောင်ပြန် မျက်နှာပြင်နဲ့ ပြလိုက်တယ်။မဒမ် ရှယ်ရွန် ရဲ့ ခန္ဓာကိုယ်ဟာတုန်ခါသွားတယ်။သူမရဲ့ အညိုရောင်မျက်လုံးတွေကအာရုံပြန်စိုက်နိုင်လာပြီးတစ်ချိန်တည်းမှာပဲသူမရဲ့ခန္ဓာကိုယ်အပေါ်မှာ တောက်ပြောင်တဲ့ ရေခဲအလွှာတစ်ခု ပေါ်လာခဲ့တယ်။ဒါပေမယ့်သူမ မြင်လိုက်တာက ကတ် တွေလည်း မဟုတ်သလို ကလိုင်း ပစ်လိုက်တဲ့ မိစ္ဆာ အမဲလိုက် ကျည်ဆန် လည်း မဟုတ်ပေ။
သူမ မြင်လိုက်တာက— ကြေးမုံတစ်ချပ်၊ပြီးတော့ အဲဒီ ကြေးမုံထဲမှာသူမရဲ့ အပြစ်ကင်းပြီးဆွဲဆောင်မှုရှိတဲ့ မျက်နှာ လေးကိုပဲ။အဲ့ဒီ ကြေးမုံထဲက သူမမျက်နှာကရုတ်တရက် ပုံပျက်သွားပြီးအရေးကြောင်းအမာရွတ်တွေ၊သွေးယို နေတဲ့ ဒဏ်ရာတွေ၊ပုပ်ပွနေတဲ့ အစက်အပြောက်တွေမျက်နှာပေါ်မှာ ပေါ်လာတယ်။
“မလုပ်ပါနဲ့!!”
မဒမ် ရှယ်ရွန် ကချစ်ရသူတစ်ယောက် သေသွားတာကိုမြင်လိုက်ရသလိုအော်ဟစ်ငိုသံထွက်လာတယ်။သူမ အသားအရေကအစိမ်းရောင်ပြောင်းသွားပြီးမျက်လုံးထောင့်ကနေအဝါရောင် အရည်တွေစီးကျလာတယ်။နာကျင်မှုကို ခံစားလိုက်ရတဲ့ တဒင်္ဂအပြီးမှာသူမရဲ့ ခန္ဓာကိုယ်အတွင်းကနေတိတ်တဆိတ် လောက်ကျွမ်းနေတဲ့ မဟူရာမီးတောက် တွေ ထွက်လာတယ်—မဟူရာ မီးတောက်တွေက သူမ ခန္ဓာကိုယ်ထဲက တစ်ခုခုကိုမောင်းထုတ်နေသလို ဖြစ်နေပါတယ်။အဲဒီမီး တောက်တွေကနောက်ဆုံးမှာတော့ထူထဲတဲ့ ရေခဲအလွှာအဖြစ်ခဲသွားပြီးထာဝရ အိပ်စက်နိုင်တဲ့ခေါင်းတလားတစ်လုံးလို ဖြစ်သွားတယ်။မမြင်ရတဲ့ ခပ်သေးသေးကြိုးမျှင်တွေကပေါ်လာပြီးရေခဲ အခေါင်းကြီးကို ဖုံးလွှမ်းကာကြီးမားတဲ့ ပိုးအိမ်ကြီးတစ်လုံးအဖြစ် ဖန်တီးလိုက်တယ်။
ထုဒ်… ထုဒ်… ထုဒ်…
ချိတ်ပိတ် လက်နက် 3-0271 ကကြမ်းပြင် ပေါ်ကျသွားပြီးကြမ်းကြမ်းတမ်းတမ်း လှုပ်ရှားသွားကာ မဒမ် ရှယ်ရွန် ရဲ့ကြီးမားတဲ့ ပိုးတုံးလုံးအိမ်ကြီးဘေးမှာရပ်ပြီး ငြိမ် သွားတယ်။အဲ့ဒီအချိန်မှာပဲဒန်း ကပြတင်းပေါက်ကနေ ဖောက်ထွင်းပြီးအခန်းထဲ လှိမ့်ဝင်လာတယ်။အသက်မရှိတော့တဲ့ကန်လေရဲ့ အလောင်း ကို မြင်လိုက်တာနဲ့သူ့မျက်နှာကအလွန်အမင်း မည်းမှောင်သွားတယ်။အဲဒီအခိုက်အတန့်မှာပဲပိုးအိမ်ကြီးက ကွဲထွက်လာတယ်။ရေခဲခေါင်းတလားကတစ်လက်မချင်း အက်ကွဲပြီးမဟူရာမီးတွေကအလင်းစက်လေးတွေအဖြစ် ပြောင်းသွားပြီး ပတ်ဝန်းကျင်မှာ ပျောက်ကွယ်သွားတယ်။
မဒမ် ရှယ်ရွန် ရဲ့ အသားအရေကပုံမှန်အရောင် ပြန်ဖြစ်သွားတယ်။သူမမျက်လုံးထဲမှာ ပင်ပန်းနွမ်းနယ် နေတဲ့ အရိပ်အယောင် ရှိပေမယ့် သူမကပုံမှန်အတိုင်းပဲ ဖြစ်တယ်။သူမကကြမ်းပြင်ပေါ် လဲလျက်ရှိတဲ့ ကလိုင်း ကိုကြည့်လိုက်တယ်။ပြီးတော့ သူမကမျက်လုံးမှိတ်ထားပြီးမျက်ခုံးအလယ်ကို လက်ချောင်းနဲ့ ထိထားတဲ့ဒန်းစမစ် ကိုလည်း မြင်လိုက်တယ်။ဒန်း ဆီကနေမမြင်ရတဲ့ လှိုင်းတစ်ခုက အခန်းတစ်ခုလုံးပြန့်နှံ့သွားပြီးမဒမ် ရှယ်ရွန် ရဲ့ မျက်ခွံတွေဟာမထိန်းနိုင်အောင်လေးလံလာတယ်။ဒန်း ရဲ့ အပေါ်ဝတ် အင်္ကျီအောက်မှာမြွေလို ကွေးကောက်နေတဲ့အရာဝတ္ထုတွေက လှုပ်ရှားနေတယ်။
—
အရင်တုန်းက မကောင်းဆိုးဝါး ဖြစ်သွားတဲ့ ရေးဘီဘာနဲ့ တိုက်ခိုက်ကြတုန်းကလိုပဲ ကပ္ပတိန် ကမဒမ် ရှယ်ရွန် ကို အိမ်မက်ဆိုးထဲမှာ အကြာကြီး ဆွဲမထားနိုင်ဘူးဆိုတာကို ကလိုင်း သိလိုက်တယ်။ကလိုင်း ကရှေ့ကို ထပ်လှိမ့်သွားပြီး ခုနတုန်းက သူလွှင့်ပစ်ထားတဲ့ခြောက်လုံးပြူးသေနတ်ကိုကောက်ယူလိုက်တယ်။ဘယ်ဘက်လက်နဲ့မိစ္ဆာ အမဲလိုက် ကျည်ဆန် သုံးလုံးကိုယူပြီးလေ့ကျင့်သားပြည့်ဝနေတဲ့ အတိုင်း သေနတ်ထဲကို ထည့်လိုက်တယ်။
ဖတ်!
ကလိုင်းက ကျည်ဖြည့်ပြီးမတ်တပ်ထရပ်လိုက်တယ်။သေနတ်ကို နှစ်လက်ဖက်နဲ့ ကိုင်ပြီးမဒမ်ရှယ်ရွန် ရဲ့နဖူးအလယ် တည့်တည့်ကို တိတိကျကျ ချိန်လိုက်တယ်။
ဘန်း!
ကလိုင်းက လူရွှင်တော် ရဲ့ ခန္ဓာကိုယ်ထိန်းချုပ်နိုင်မှုကို သုံးပြီးသေနတ် မောင်းကို ဆွဲလိုက်တယ်။ငွေရောင် မိစ္ဆာအမဲလိုက် ကျည်ဆန် ကလေထုကို ဖောက်ထွင်းပြီးအိပ်ပျော်လျက် မလှုပ် မရှားနိုင် ဖြစ်နေတဲ့ ပစ်မှတ် ဖြစ်သော မဒမ် ရှယ်ရွန်ကို တိတိကျကျထိမှန်သွားခဲ့တယ်။မဒမ်ရှယ်ရွန် ရဲ့ မျက်လုံးနှစ်လုံးကြားမှာသွေးယိုစိမ့် နေတဲ့ဒဏ်ရာကြီး တစ်ခု ပေါ်လာတယ်။ဒါပေမယ့် ကျည်ဆန်ကအတားအဆီး အလွှာအများကြီးကိုဖြတ်ကျော်သွားလိုက်ရသလို ဖြစ်ပြီး အရှိန်နဲ့ ပြင်းအား လျော့သွားလို့သူမရဲ့ ဦးခေါင်းအရိုးကို တော့ဖောက်ထွင်းမသွားပါဘူး။မဒမ် ရှယ်ရွန် ကမျက်လုံးကို ရုတ်တရက် ဖွင့်လိုက်တဲ့အခါကလိုင်း က စဉ်းစားမနေတော့ဘဲ ခြောက်လုံးပြူး သေနတ်နဲ့ ထပ်ပစ်လိုက်ပါတော့တယ်။
ဘန်း! ဘန်း!
သူက သေနတ်နဲ့ နောက်ထပ် နှစ်ချက်ချက်ချင်း ပစ်လိုက်ပါတယ်။အဖြူ ရောင် စက်လေးတွေ ကြားမှာ သွေး တွေဖြာထွက်သွာပြီး အရင်က အလွန်လှပခဲ့တဲ့မဒမ် ရှယ်ရွန် ဟာယောက်ျားတိုင်းကို အိပ်မက်ဆိုးမက်စေမယ့်သွေးပျက်ဖွယ် အလောင်းကြီးတစ်လောင်းဖြစ်သွားပါ တော့တယ်။
သူမမှာနောက်ထပ် သုံးစရာ “အစားထိုးမှန် " တစ်ခုမှ မကျန်တော့ပေ။
ဟူး… ဟူး…
ကလိုင်း က လက်ကို အောက်ချလိုက်ပြီးအသက်ကို အမော တကော ရှူရင်းရပ်နေလိုက်တယ်ခေါင်းတစ်ခြမ်းပဲ ကျန်တော့တဲ့မဒမ်ရှယ်ရွန် ကကြမ်းပြင်ပေါ်ကို လဲကျသွားတယ်။သူမရဲ့ ခန္ဓာကိုယ်ပုံသဏ္ဍာန်ကတောမထင်မှတ်ထား လောက်အောင်အကောင်းတိုင်း ရှိနေသေးပြီးသူမရဲ့ အသားအရေကလည်းဖြူနုနု ရှိနေပါသေးတယ်။
ဒန်း က ခန္ဓာကိုယ်ကို မတ်လိုက်ပြီးမျက်လုံးကို ဖွင့်လိုက်တယ်။နဖူးအလယ်ကို ထိထားတဲ့ လက်ကို ချလိုက်ပြီးသူရဲ့မျက်နှာဟာ အနည်းငယ် ဖြူဖျော့နေတယ်။သူက ဒဏ်ရာမရပေမယ့်သွေးအများကြီး ဆုံးရှုံးသွားသလိုပုံစံ ပေါက်နေတယ်။
“သူမက ထွက်မပြေးခင် လူတွေထပ်သတ်ဖို့ မကြိုးစားခဲ့ရင်…ချိတ်ပိတ် လက်နက် 3-0271 ကြေးမုံထဲမှာသူမပုံရိပ်သာ ရောင်ပြန်မဟပ်ခဲ့ရင်…သူမကို အသေသတ်ဖို့မပြောနဲ့ ဒဏ်ရာ ရရုံလောက်ပဲ လုပ်နိုင်လိမ့်မယ်ထင်တယ်…”ဒန်း က ကလိုင်း ဘေးကို လျှောက်လာပြီးအသံခပ်တိုးတိုးနဲ့ ပြောလိုက်တယ်။
*"ငါ့မှာသာ မြူခိုးကမ္ဘာရဲ့ ထူးခြားမှု မရှိခဲ့ရင်တိုက်ပွဲအစ ၁၀ စက္ကန့်အတွင်းမှာတင်ကန်လေ နဲ့အတူ သေသွားမှာပဲ…"*
ကလိုင်း ကကြမ်းပြင်ပေါ်က အနက်ရောင် ပြာမှုန့် တွေပေါ်မှာငြိမ်သာစွာ အသက်မဲ့နေတဲ့ကန်လေ ကို လှည့်ကြည့်ပြီးအသက်ကို ရှူထုတ်လိုက်တယ်။
“ကပ္ပတိန် … ကန်လေက…”
“ငါ သိတယ်…”ဒန်း က ကြမ်းရှရှ အသံနဲ့ ပြန်ဖြေလိုက်တယ်။
“ငါ မှားသွားတယ်။မဒမ် ရှယ်ရွန် ရဲ့ လှည့်စားမှုကိုငါ မမြင်မိခဲ့ဘူး။
သူမက အိပ်မက်ထဲကနေတိတ်တဆိတ် ထွက်ပြေးနိုင်မယ်လို့ငါမထင်ခဲ့ဘူး…”
သူ ခဏ ရပ်ပြီးလေးလံ နေတဲ့လေသံနဲ့ ဆက်ပြောလိုက်တယ်—
“ဒါကို သင်ခန်းစာယူရမယ်။မစ်ရှင် ဆောင်ရွက်နေတုန်းညသိမ်းငှက် တွေ ကျဆုံးတာပုံမှန် ကိစ္စပဲ။နောက်တစ်ယောက် သေမယ့်သူကငါ တောင် ဖြစ်နေမလား မသိဘူး…”ကလိုင်း က တိတ်ဆိတ်သွားတယ်။သူဘာပြန်ပြောရမှန်း မသိတော့ဘူး။ကန်လေ ရဲ့အလောင်း ကမျက်လုံးဖွင့်ထားပြီးအိပ်ခန်း မျက်နှာကျက်ကိုအသက်မဲ့စွာ ကြည့်နေတယ်။
“ အရှင် နတ်ဘုရားမကမင်းကို ကာကွယ်ပေးပါစေ။စစ်မှန်တဲ့ အေးချမ်းမှုကိုရှာတွေ့ရပါစေ…”
ဒန်း က ကန်လေ ဘေးကို သွားပြီးရင်ဘတ်ပေါ်မှာအနီရောင် လ ပုံ ဆွဲလိုက်တယ်။ပြီးတောဘေးမှာ ထိုင်ချလိုက်ပြီးကန်လေရဲ့ မျက်လုံးတွေကိုပိတ်ပေးလိုက်တယ်။
*"အရှင်နတ်ဘုရားနတ်မ ကာကွယ်ပေးပါစေ။အေးချမ်းတဲ့ ညတွေမှာရူးချင်စရာ အန္တရာယ်တွေလည်းကင်းဝေးပါစေ…"*
ကလိုင်း လည်း ရင်ဘတ် ပေါ်မှာ အနီရောင် လကို ဆွဲပြီးစိတ်ထဲကနေ ဆုတောင်းလိုက်တယ်။စက္ကန့်အနည်းငယ်ကြာပြီးနောက်ကလိုင်း က ကန်လေ့အလောင်းကို ကြည့်နေတဲ့ သူ့အကြည့် တွေကို ရုတ်သိမ်းလိုက် ပြီးအသံခပ်လေးလေးနဲ့ မေးလိုက်တယ်—
“ကပ္ပတိန်…အခု သူမရဲ့ ဝိညာဉ်ကိုဆင့်ခေါ်ပြီး မေးခွန်း တွေ မေးဖို့ ဆက်သွယ်လိုက်ရမလား?”ဒန်း က ထူးမခြားနားစွာခေါင်းညိတ်ပြလိုက်တယ်။ကမ္ဘာဦး မိစ္ဆာမ နတ်ဘုရားအကြောင်းကိုမမေးနဲ့။အဲ့တာက အရမ်းကိုအန္တရာယ်ရှိတယ်။အနှောင့်အယှက်တွေဝင်မလာအောင် ဝိညာဉ်ဆက်သွယ်နေတဲ့အချိန် ငါမင်းကို ကင်း စောင့်ပေးမယ်"ကလိုင်းက က အချိန်ဆွဲမနေတော့ပဲ
လိုအပ်တဲ့ ပစ္စည်းတွေ ထုတ်ပြီးချက်ချင်း ယဇ် ပုလ္လင် တည်လိုက်တယ်။ဝိညာဉ် ဆက်သွယ်မယ့် ကြားခံ အစီအရင် ကို စတင်လိုက်တယ်။ မန္တန်တွေ ရွတ်ပြီးနောကနောက်ကို ခြေတစ်လှမ်း ဆုတ်လိုက်ပြီးအိမ်မက် နိမိတ်ကောက်ခြင်း ကို သုံးလိုက်တယ်။
“မဒမ် ရှယ်ရွန် ရဲ့အပေါင်းအပါတွေ…”
“မဒမ် ရှယ်ရွန် ရဲ့အပေါင်းအပါတွေ…”
ခုနစ်ကြိမ် တိတိ ရွတ်ဖတ်ပြီးနောက်ကလိုင်း က အိပ်မက်ထဲကို ဝင်သွားတယ်။မှောင်မိုက်နေတဲ့ ကမ္ဘာထဲမှာမဒမ် ရှယ်ရွန် ရဲ့ ဝိညာဉ်ကိုသူ လှမ်း မြင်လိုက်ရတယ်။သူက ဖောက်ထွင်းလုနီးပါးဖြစ်နေပြီး အလွန်နူးညံ့သိမ့်မွေ့တဲ့ ဖြစ်တည်မှု တစ်ခုဖြစ်တဲ့ ဝိညာဉ်ကို လှမ်းထိလိုက်တဲ့အခါသူမြင်ရတဲ့ မြင်ကွင်းတွေက ပြောင်းသွားတယ်။နောက်ထပ် မြင်ကွင်းက ညအချိန် ဖြစ်နေတယ်။အနက်ရောင် ဝတ်စုံရှည်ကို ဝတ်ထားတဲ့မဒမ် ရှယ်ရွန်ကရှေးဟောင်း ကြေးဝါစာအုပ် တစ်အုပ်အားသွေးထိုး လှုံ့ဆော်သူ ထရစ်စီ ကို ပေးနေတယ်။
“စုန်းမ” ဆိုတဲ့ စကားလုံးကို
ထရစ်စီ က ဝေဝါးစွာ ပြောလိုက်တဲ့အခါမဒမ်ရှယ်ရွန် ကအနည်းငယ် ရူးသွပ်သလိုရယ်လိုက်တယ်။
" ငါတို့ ဂိုဏ်းရဲ့ အထက်ပုဂ္ဂိုလ်တွေ အကုန်လုံးက ဘာလို့ မိန်းမတွေချည်းပဲ ဖြစ်နေတာလဲဆိုတာကို နင်အမြဲ သိချင်နေခဲ့တာ မလား"
*"တကယ်ကို မိစ္ဆာမ ဂိုဏ်း ဖြစ်နေတာပဲ…
လန်နာ့ဒ် ရဲ့ ခန့်မှန်းချက်ကမှန် နေတယ်။ဆုံမှတ် ၉ လုပ်ကြံသတ်ဖြတ်သူ နဲ့ ဆုံမှတ် ၈ သွေးထိုးလှုံ့ဆော်သူ တို့ရဲ့ နောက်ထပ် ဆုံမှတ်က စုန်းမလား?သူတို့က တူညီတဲ့လမ်းစဥ်တစ်ခုတည်းပဲ ပေါ့?"*
ဒီလမ်းစဉ်ကို ရွေးတဲ့ သာလွန်သူတွေအတွက်ကတော့ ဆုံမှတ် ၈ က အန္တရာယ်ကြီးတဲ့ ထောင်ချောက်ပဲ…"*မြင်ကွင်းက ထပ်ပြောင်းသွားတယ်။ပြတင်းပေါက် သေးသေးလေးတွေ ပတ်လည်ရှိတဲ့ခန်းမကြီးတစ်ခုထဲမှာ ဖြစ်တယ်။အဖြူရောင် သန့်ရှင်းတဲ့ ဝတ်စုံကိုဝတ်ထားတဲ့အမျိုးသမီးတစ်ယောက်။သူမက မဒမ် ရှယ်ရွန် ကိုနောက်ကျောပေးထားပြီး
ခပ်ပြုံးပြုံးနဲ့ ပြောလိုက်တယ်—
“ကမ္ဘာဦး နတ်ဘုရားမ နဲ့နီးအောင်အဆင့်တက်လေလေငါတို့က သန့်ရှင်းတဲ့ သူတော်စင်အဆင့်ကို ရောက်နိုင် လေလေ ပဲ။
ငါတို့က တန်ခိုးလည်း ကြီးလာမယ်၊ကယ်တင်ခြင်းလည်းခံ ရမယ်၊ကမ္ဘာပျက်ကာလကိုလည်း ရှောင်လွဲနိုင်မယ်…”မဒမ် ရှယ်ရွန် က ခေါင်းငုံ့ပြီးစူးစမ်းစွာ မေးလိုက်တယ်—
“ဘာကြောင့် ကျွန်မတို့က
အမျိုးသမီး အဖြစ် ပြောင်းလဲရတာလဲ?
ကမ္ဘာဦး နတ်ဘုရားမ က အမျိုးသမီး ဖြစ်လို့လား?အမျိုးသမီးဆိုတာ ဖျက်ဆီးမှုနဲ့ ဘေးဒုက္ခ
တွေကိုကိုယ်စားပြုလို့လား?”နောက်ကျော ပေးထားတဲ့ အမျိုးသမီးက
တည်ငြိမ်စွာ ပြန်ဖြေတယ်—
“မဟုတ်ဘူး။ယောက်ျား တွေဆိုတာလည်းဖျက်ဆီးမှုနဲ့ ဘေးဒုက္ခ ကိုယ်စားပြုတာခြင်း အတူတူပဲ—
သူတို့ကတော့ စစ်ပွဲကို အထူး ကိုယ်စားပြုတယ်။ အဲ့ဒီ စစ်ပွဲကို ကိုယ်စားပြုတဲ့ လမ်းစဉ်နဲ့ ငါတို့ လမ်းစဉ်ဆိုတာ အလွန် ဆင်တူတယ်…”
(ကမ္ဘာဦး နတ်ဘုရားမဆိုတာ ကမ္ဘာဦး မိစ္ဆာ နတ်ဘုရားမကို ဆိုလိုတာ ဖြစ်ပါတယ်။ စစ်ပွဲကို ကိုယ်စားပြုတဲ့ လမ်းစဉ်ကတော့ မုဆိုး လမ်းစဉ် ဖြစ်ပါတယ်။ မိစ္ဆာမ လမ်းစဉ်နဲ့ မုဆိုး လမ်းစဉ်က ဆုံမှတ်မြင့်ကို ရောက်ရင် ကူးပြောင်းလို့ရပါတယ်)