အလိုဆန္ဒ မိစ္ဆာမ
Vol. 20 Ch. 200
“စစ်ပွဲနဲ့ အဓိပ္ပါယ်တူတဲ့ လမ်းစဥ်…
မိစ္ဆာမ လမ်းစဥ် နဲ့ ဦးတည်ချက်တူတဲ့ လမ်းစဥ်…” ကလိုင်း က ရုပ်ရှင်ကြည့်သလို မြင်နေရတဲ့ မြင်ကွင်းကို ကြည့်ရင်း သူ သိထားတဲ့ လမ်းစဥ် တွေကို စိတ်ထဲမှာ ပြန်စဉ်းစားလိုက်တယ်။ သူက တရားဝင် ညသိမ်းငှက် တစ်ယောက် ဖြစ်တာ မကြာသေးတော့ အလယ် နဲ့ အမြင့် ဆုံမှတ်တွေအကြောင်း မသိသေးတာတွေ အများကြီးရှိနေပါသေးတယ်။ သူ သိထားတာတဲ့ ဆုံမှတ်တွေက ထာဝရ တောက်လောင်နေသော နေမင်း လမ်းစဥ် ထဲက အလင်းရဲ့ ဘုန်းတော်ကြီး ( ဆုံမှတ် ၅ ) နဲ့ အရိပ်မဲ့ ( ဆုံမှတ် ၄) ၊ တားရော့ကလပ်ထဲကို ဝင်လာတဲ့ နေမင်းလို့ ခေါ်တဲ့ ဒဲရစ်ဆိုတဲ့ လူငယ်လေးဆီက နေ သူသိထားတဲ့ တိုက်ခိုက်ရေး နတ်ဘုရား (ဆည်းဆာ ဘီလူး )လမ်းစဥ် ထဲက အာရုဏ်ဦး သူရဲကောင်း (ဆုံမှတ် ၆) ၊ နတ်ဆိုးအမဲလိုက်သူ( ဆုံမှတ် ၄) ၊ စောင့်ရှောက်သူ (ဆုံမှတ် ၅) နောက်ပြီး ဒေလီ နဲ့ ဒန်း ဆီက သိထားတဲ့ သေခြင်းလမ်းစဥ်တွေရဲ့ နာမည်တွေဖြစ်တဲ့ ဝိညာဥ်လမ်းညွန် (ဆုံမှတ် ၆) နဲ့ တံခါးမှူး ( ဆုံမှတ် ၅) , တွေလောက်ပဲ ရှိပါတယ်။ ဒါကြောင့် “စစ်ပွဲ” ကို ကိုယ်စားပြုတဲ့ လမ်းစဥ် နာမည် ကို သူ ချက်ချင်း မစဥ်းစားနိုင်ဘူးဖြစ်နေပါတယ်။ သူ စဉ်းစားရင်းနဲ့ လမ်းစဥ်တွေကို စစ်ထုတ်လိုက်တော့ ဖြစ်နိုင်ချေရှိတဲ့ အမျိုးအစား ငါးခုလောက် ထွက်လာပါတယ်။
ပထမတစ်ခုက လိုအင် ဘုရင့်နိုင်ငံတော်ရဲ့ အုပ်ချုပ်သူ ဖြစ်တဲ့ အော်ဂတ်စ် စတပ် မိသားစု ရဲ့ တရားသူကြီး ( စီရင်သူ) လမ်းစဥ်ဖြစ်ပါတယ်။ဒီလမ်းစဥ်ကို အော်ဂတ်စ် စတက် မိသားစု သာမက ဖေးညှာပေါ်တာ ဘုရင့်နိုင်ငံတော်ရဲ့ ကတ်စတီယာ မိသားစုကလည်း ပိုင်ဆိုင်ပါသေးတယ်။ ဒါပေမယ့် အရာရှိ ( ဆုံမှတ် ၉) နဲ့ စစ်ကြောရေးမှူး ( ဆုံမှတ် ၇) ဆိုတဲ့ နာမည်တွေကတရားစီရင်မှု နဲ့ဆိုင်တဲ့ဘက်ကို ပိုသွားပြီး စစ်ပွဲနဲ့တော့ မကိုက်ဘူးလို့ သူတွေးလိုက်တယ်။
ဒုတိယကတော့ ဒုတိယ ခေတ် ( ဆရာ သော်ထက်ဇင်ကတော့ ဒုတိယ ယုဂ် လို့သုံးခဲ့ပါတယ်ခင်ဗျာ ) ရဲ့ ဆော်လမာန် အင်ပါယာ က ပိုင်ဆိုင်တဲ့ မဟူရာ အင်ပါယာ ( ရှေ့နေ ) လမ်းစဥ် ကို သူက စဥ်းစားမိပါတယ်။ ရှေ့နေ ( ဆုံမှတ် ၉) က စတင်ပြီး အဲ့ဒီလမ်းစဥ်ဟာ စည်းမျဉ်း၊ အမိန့်၊ စနစ်တွေ နဲ့ပြိုင်ဘက်ရဲ့ အားနည်းချက် ကို အသုံးချပြီး နှုတ်ရေးကြွယ် ခြင်း ၊ ယုတ္တိတန်စွာတွေးခေါ်ခြင်းတို့ကို ကျွမ်းကျင်ပါတယ်။ ဒီလမ်းစဥ်က ဒုတိယဖြစ်နိုင်ခြေအနည်းဆုံး လမ်းစဥ်ဖြစ်ပါတယ်။ ဒီလမ်းစဥ်ရဲ့ ဆုံမှတ် တွေဟာ စည်းမျည်းတွေ စည်းကမ်းတွေ သတ်မှတ်ပြီး အရိပ်ရဲ့ အမိန့်တော်မှာ လျှောက်လမ်းရမှာဖြစ်တယ်လို့ ကလိုင်းက သံသယ ရှိပါတယ်။ စစ်ပွဲရဲ့ အရိပ်အယောင် ပုံစံဖြစ်နိုင်ပေမယ့် စစ်ပွဲကို ကိုယ်စားပြုတဲ့ လမ်းစဥ် မဖြစ်နိုင်ဘူးလို့ ကလိုင်းက ခံစားမိပါတယ်။
တတိယတစ်ခုကတော့ မုဆိုး လမ်းစဥ်ဖြစ်ပါတယ်။ဒီလမ်းစဥ်ကို ဖေးဆက် အင်ပါယာရဲ့ ရေမြေ့အရှင်တွေ ဖြစ်ကြတဲ့ အိုင်းဟွန်း မိသားစု ၊ အင်းတစ် ပြည်သူ့ သမ္မတနိုင်ငံရဲ့ တော်ဝင်မိသားစုဟောင်းဖြစ်တဲ့ ဆော်ရွန်မိသားစုတို့ရယ်နဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀ ကနေ ၃၀၀ အတွင်းမှာ ပေါ်ပေါက်လာတဲ့ လျှိူ့ဝှက် အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ သံမဏိနဲ့ သွေးလက်ဝါးကပ်တိုင် အမိန့်တော်တို့ က ပိုင်ဆိုင်ပါတယ်။ ဒီလမ်းစဥ်က စစ်ပွဲကို ကိုယ်စားပြုနိုင်တယ်လို့ ကလိုင်းက ကောက်ချက်ချမိပါတယ်။ ညသိမ်းငှက်ရဲ့ လျှိူ့ဝှက် သတင်းအချက်အလက်တွေရဲ့ ဖော်ပြချက်တွေအရ အဲ့ဒီလမ်းစဥ် ဆုံမှတ် ၈ က ရန်စသူ ဖြစ်ပြီး ဆုံမှတ် ၇ ကတော့ စိတ္တဇ အဂ္ဂိရှင် ဖြစ်ပါတယ်။ စတဲ့နာမည်တွေဟာ သတ်ဖြတ်မှု၊ မီး၊ စစ်ပွဲနဲ့ တော်တော်ကိုက်ညီမှုရှိပါတယ်။
စတုတ္ထကတော့ နတ်ဆိုးကို ကိုးကွယ်တဲ့ ရှေးဟောင်း အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ သန့်စင်သွေးဂိုဏ်း ရဲ့လမ်းစဥ်ဖြစ်ပါတယ်၊သူတို့က ရာဇဝတ်သား(အသူတရာချောက်) လမ်းစဥ် ကိုပိုင်ဆိုင်ပါတယ်။ လမ်းစဥ်ရဲ့နာမည်ကို စဥ်းစားမိတာနဲ့ စစ်ပွဲကို ကိုယ်စားပြုတဲ့ လမ်းစဥ်ဖြစ်နိုင်တယ်လို့ ကလိုင်းက တွေးမိလိုက်ပါတယ်။
ပဥ္စမမြောက်လမ်းစဥ်ကတော့ သွေးသံရဲရဲ အစီအရင်တွေ ယဇ်ပူဇော်ပွဲတွေနဲ့ ကျော်ကြားတဲ့ အတွေးနှင်းဆီကျောင်းတော် ရဲ့လမ်းစဥ်ဖြစ်ပါတယ်။ သူတို့က အကျဥ်းသား လမ်းစဥ် ကို ပိုင်ဆိုင်ပြီးတော့ ရာဇဝတ်သား လမ်းစဥ်လိုပဲဖြစ်နိုင်ချေရှိတယ်လို့ ကလိုင်းက ယူဆထားပါတယ်။
ကလိုင်းက သူ့အတွေးတွေထဲမှာ မျောနေတုန်း သူ့ရှေ့က မြင်ကွင်းတွေဟာ ပြောင်းလဲသွားပါတယ်။ နောက်ထပ်မြင်ကွင်းထဲမှာတော့ မဒမ် ရှယ်ရွန်က ရေချိုးပြီးခါစဖြစ်ပါတယ်။ သူမရဲ့ ရေစိုနေတဲ့ ဆံပင်တွေဟာ အောက်ကိုကျနေပါတယ်။ သူမရဲ့ မျက်နှာမှာ လန်းဆန်းနေပေမယ့် ညှို့အားပြင်းတဲ့ ဓာတ်တမျိုး ရှိနေပါတယ်။
*” မဒမ်ရှယ်ရွန်ကို မိစ္ဆာမလမ်းစဥ်ထဲကို ထည့်ပေးလိုက်တဲ့ အဖြူရောင်အင်္ကျီနဲ့ အမျိုးသမီးရဲ့မျက်နှာကို ငါက ကြည့်လို့မရဘူး..... ကြည့်ရတာငါရဲ့ စိတ်ဝိညာဥ်အစွမ်း မလုံလောက်တာ ဖြစ်နိုင်တယ်။” ကလိုင်းက သူ့အတွေးတွေကို ပြန်စုစည်းလိုက်ပြီး သူ့မျက်လုံးရှေ့က မြင်ကွင်းကိုပဲ သေချာကြည့်လိုက်တယ်။
မဒမ် ရှယ်ရွန် က ဆံပင်ကို ခါလိုက်တော့ ရေစက်လေးတွေဟာ သူမပါးပေါ်ကို ကျလာခဲ့တယ်။ သူမက အရှေ့က အိပ်ရာပေါ်မှာထိုင်နေတဲ့ လူကို ကြည့်လိုက်ပြီး တခစ်ခစ်ရယ်ကာ ပြောလိုက်တယ်
“ မေနာ့ဒ်ကို ကျွန်မ ရှင်းလိုက်ရမလား”
အိပ်ရာပေါ်က သက်လတ်ပိုင်းလူကြီးက မျက်ခုံးကို တွန့်လိုက်ပြီး ခေါင်းကို ရမ်းလိုက်တယ်။
“ဘာသဲလွန်စမှ မကျန်ပါဘူးလို့ မင်းအာမခံနိုင်ရင် လုပ်လို့ရတယ်။ ဒါပေမယ့် အဲ့လိုလုပ်ဖို့က မဖြစ်နိုင်ဘူး။ မင်းက ဘယ်လိုရှင်းမယ်လို့ စဥ်းစားထားလဲ?”
သူမအရှေ့က လူကိုကြည့်လိုက်တော့ ကလိုင်းက အစပိုင်းမှာ အံ့သြသွားတယ်။ ဒါပေမယ့် နောက်တော့ ဒီလူက သူခန့်မှန်းထားတဲ့သူ ဖြစ်နေတဲ့အတွက် အရမ်းမအံ့သြတော့ပေ။
အဲ့ဒီ သက်လတ်ပိုင်းလူကြီးရဲ့ဓာတ်ပုံတွေဟာ တင်းဂန်မြို့ အမှန်တရား သတင်းစာနဲ့ တခြားသတင်းစာတွေရဲ့ မျက်နှာဖုံးတွေမှာ ပါနေကျဖြစ်ပါတယ်။ သူကတော့ လက်ရှိ ထင်းဂန်မြို့တော်ဝန် ဖြစ်ပြီး ကွန်ဆာဗေးတစ်ပါတီဝင်ဖြစ်ကာ နောက်ထပ် မြို့တော်ဝန်အဖြစ် အရွေးချယ်ခံရဖို့ သတင်းပြေးနေသူလည်းဖြစ်ပါတယ်။
မဒမ် ရှယ်ရွန်က ပြုံးလိုက်ပြီး မေနာ့ဒ်ကိစ္စကို နောက်ထပ်မပြောတော့ပေ။ သူမပတ်ထားတဲ့ တဘက်က ပေါင်အလယ်လောက်အထိ ရောက်နေပြီး သူမကအိပ်ရာဘေးကို ကျက်သရေရှိစွာ လမ်းလျှောက်သွားလိုက်ပါတယ်။
ကလိုင်းရှေ့က မြင်ကွင်းတွေက တစ်ခုပြီးတစ်ခု ပြောင်းလဲသွားပြီး မြင်ကွင်းတွေထဲမှာ သတင်းစာတွေထဲမှာ ပါလေ့ရှိသော ပါလီမန် အဖွဲ့ဝင်တွေ စီးပွားရေး လုပ်ငန်းရှင်တွေ တွေနဲ့ အစိုးရအမှုထမ်းတွေ များစွာကို မြင်လိုက်ရပါတယ်။
ကလိုင်းက မြင်ကွင်းတွေထဲမှာ မဒမ်ရှယ်ရွန်နဲ့ အဲ့ဒီအမျိုးသားတွေဟာ ဘယ်လိုအလှူခံရမလဲ ဆွေးနွေးတာတို့ ကမ်းပိန်းမစခင် မဲပေးသူတွေကို ဘယ်လိုစည်းရုံးရမလဲ ဆွေးနွေးတာတို့ မဒမ်ရှယ်ရွန်ကို ကာကွယ်ပေးဖို့ ပြောတာ ပြဿနာတွေ ဖြေရှင်းပေးတာတို့ စတာတွေကို တွေ့လိုက်ရပါတယ်။ တချို့မြင်ကွင်းတွေမှာဆိုရင် မဒမ်ရှယ်ရွန်က ပွဲစားလုပ်နေတာတွေကိုပါ တွေ့ရပါတယ်။
“ဒါတွေကြည့်နေရတာ ဖြစ်ရပ်မှန်မှတ်တမ်းတစ်ခုကို ကြည့်နေရသလိုဘဲ .... တကယ်ပါကွာ” “ ထင်းဂန်မြို့ရဲ့ လူကုံထံအသိုင်းအဝိုင်းထဲကို မဒမ်ရှယ်ရွန်နဲ့အတူ လေ့လာခြင်းဆိုတဲ့ ခေါင်းစဥ်ပေးထားရမယ့် မှတ်တမ်းမျိုးဟ”
“တော်ဝင် မင်းမှုထမ်းတွေ ၊ ပါလီမန်အဖွဲ့ဝင်တော်တော်များများက မဒမ်ရှယ်ရွန် ယောက်ျားတွေ အများကြီးနဲ့ အိပ်နေတာ သိရဲ့သားနဲ့ ဘာဖြစ်လို့ သူမကို မငြင်းဆန်နိုင်ကြတာလဲ” ဒါက မဒမ်ရှယ်ရွန် ရဲ့လက်ရှိ ရောက်နေတဲ့ဆုံမှတ် စွမ်းရည်လား ?"
ကလိုင်းက တွေးတွေးဆဆနဲ့ ကောက်ချက်ချလိုက်တယ်။
ခုနက ဝိညာဉ် ဆက်သွယ်ဖို့ကောက်လိုက်တဲ့ အိမ်မက်နိမိတ်အရဆိုရင် ထင်းဂန်က လူကုံထံ အသိုင်းအဝိုင်းက ယောက်ျားတွေက မဒမ် ရှယ်ရွန်ရဲ့ ဘဝအမှန်ကို မသိကြဘူး။နောက်ပြီး အဲ့ဒီလူတွေထဲက ဘယ်သူကမှ မေနာ့ဒ်ကို လုပ်ကြံဖို့ သူမကို ခိုင်းတာလည်း မဟုတ်ဘူး။
(မဒမ် ရှယ်ရွန်နဲ့ တွေ့ခဲ့တဲ့ အိပ်ရာပေါ်က ဘဲကြီးကလည်း မေနာ့ဒ်ကို လုပ်ကြံခိုင်းတာ မဟုတ်ပါဘူး သူမကဘဲ အပြတ်ရှင်းရမလားဆိုပြီး စကားစတာ ဖြစ်ပါတယ်)
" တနည်းပြောရရင် မေ့နာ့ဒ်ကို လုပ်ကြံတာက မဒမ်ရှယ်ရွန်ရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်ပေါ့? ဘာလို့လဲ? ဒီလောက်ကြီးအထိ ဖြစ်လာမယ့်အကျိုးဆက်တွေကိုသိရဲ့သားနဲ့ စွန့်စားပြီး လုပ်ကြံစရာ အကြောင်းကို မရှိတာ"
မဒမ်ရှယ်ရွန် ရဲ့ အမြင်ဘက်က နေ ကြည့်မယ်ဆိုရင်
သူမမှာ နိမိတ်ကောက်တာကို နှောက်ယှက်လှုံ့ဆော်နိုင်တဲ့ သာလွန်သူ အစွမ်း ရှိတယ်။အဲ့ဒီအပြင် မေနာ့ဒ်ကို အိပ်ရာပေါ်မှာ ပျော်ပါးရာကနေ ရုတ်တရက်သေဆုံးသွားသလို ဖြစ်အောင် လုပ်ပြီး သေဆုံးမှုကို သဘာဝဖြစ်ရပ်လို၊ မတော်တဆ ဖြစ်ရပ်လို မြင်ရ
အောင်လည်း လုပ်ကြံ ဖန်တီးနိုင်တယ်။ဒါကြောင့် မေနာ့ဒ် ကို သတ်တာက သူမရဲ့ သရုပ်မှန်ကို ဖော်ထုတ်တဲ့အထိ ဆိုးဝါးသွားမယ့်အန္တရာယ်ကြီးတဲ့ လုပ်ရပ်မဟုတ်ဘူး။အဲ့ဒိလိုတွေးမိလို့ သူမက လုပ်ကြံတာလည်း ဖြစ်နိုင်တယ် "
" ဒါပေမယ့် ပြဿနာက—လုပ်ကြံရတဲ့ အကြောင်းရင်း က လုံလောက်မှုမရှိဘူး။စွန့်စားလိုက်ရတဲ့ အန္တရာယ်နဲ့ လုံးဝ မကိုက်ဘူး။ဒါဟာ သူမဆုံမှတ်ရဲ့ ဆေးရည်ကို ချေဖျက်စေမယ့် လိုအပ်ချက်တစ်ခု လား?ဒါဆိုရင်လည်း သတ်ရမယ်ဆိုရင် မထင်မရှားလူတစ်ယောက်ကို ရွေးသတ်လို့ရတာပဲ။အဲဒီလိုဆိုရင်
ညသိမ်းငှက်တို့ ၊ အာဏာပါးကွက်သားတို့၊ ယန္တယားဟိုက်ဖ်မိုင်းတို့ဆီ ရောက်သွားတဲ့အ ထိ အမှုက ကြီးမလာဘူး။အရေးကြီးဆုံးက မဒမ် ရှယ်ရွန်က မေနာ့ဒ် ရဲ့ မိန်းမက သူမကို အလွန်မုန်းပြီးဒေါသထွက်နေတယ်ဆိုတာသိထားသင့်တယ်။ ဒါဆိုရင် သူမကို စုံစမ်း လာမယ်ဆိုတာသိနေပြီးသား ဖြစ်ရမယ်။ ဒါဆို ဘာလို့ အဖြူရောင် အရိုးစု နတ်ဘုရားမရုပ်တုလို
အရမ်းအရေးကြီးတဲ့ ပစ္စည်းတွေကို တနေရာရာကို ရွှေ့မထားတာလဲ?ဥယျာဉ်ထဲမှာ မြှုပ်ထားလို့တောင် ရတာပဲ။သူမက သူမရဲ့ မီးခံသေတ္တာထဲက လျှိူ့ဝှက် အကန့် လေးရဲ့ လုံခြုံနိုင်စွမ်းကိုအရမ်းယုံကြည်မှု လွန်ကဲသွားတာလား?"
ဒီလို သံသယတွေ ကြားထဲမှာပဲကလိုင်း က
မဒမ် ရှယ်ရွန် ရဲ့ ဝိညာဉ်က မပျောက်ကွယ်သေးတာကို မြင်လိုက်တယ်။ သူက အခွင့်အရေးကို ချက်ချင်း ဖမ်းဆုပ်လိုက် ပြီးအိမ်မက် နိမိတ် တစ်ခါ ထပ်ကောက်လိုက်တယ်။ဒီတစ်ခါ သူမေးတာက—
“မဒမ် ရှယ်ရွန် က ဂျွန် မေနာ့ဒ် ကို သတ်ရတဲ့
အမှန်တကယ် အကြောင်းရင်း”
စိတ်ထဲမှာ တိတ်တိတ်လေး ရွတ်ပြီးတာနဲ့ ကလိုင်း က
အိမ်မက်ထဲကို ထပ်ဝင်သွားတယ်။အဲဒီမှာ သွေးလို နီရဲ နေတဲ့ ဝိုင်တစ်ခွက် ကိုင်ထားတဲ့ မဒမ် ရှယ်ရွန် ကို မြင်လိုက်ရတယ်။ သူမက ညအိပ်ဝတ်အင်္ကျီ နဲ့လွတ်လွတ်လပ်လပ် အခန်းထဲမှာ လမ်းလျှောက်နေတယ်။နောက်ဆုံးမှာ ဝိုင်ကို တစ်ကျိုက်တည်း သောက်ချလိုက်ပြီး ဆုံးဖြတ်ချက်တစ်ခု ချလိုက်သလို ပုံစံ ဖြစ်သွားတယ်။ဒါပေမယ့် အဲ့ဒိီ မြင်ကွင်းက အမြန်ပျောက်သွားပါတယ်။ ကလိုင်း ကတော့ပိုပြီးတောင် စိတ်ရှုပ်သွားပါပြီ။မေနာ့ဒ် ရဲ့ သေဆုံးမှုက ဘယ်သူ့ ဖိအားမှ မရှိဘဲ
ရှယ်ရွန် ကိုယ်တိုင် လုပ်ချင်လို့ လုပ်ခဲ့တယ်လို့ နိမိတ်ကောက်တဲ့နေရာမှာ ပြနေတယ်။
“ထူးဆန်းလိုက်တာ…”
ကလိုင်း က ကိုယ်ကိုယ့်ကို ပြောလိုက်ပြီး နိမိတ်ကောက်ဖို့ စာကြောင်းတွေကို ပြောင်းပြီး ထပ်သုံးကြည့်တယ်။
ဒါပေမယ့် ရလဒ်က မပြောင်းလဲဘူး။မဒမ်ရှယ်ရွန် ရဲ့ ဝိညာဉ်က မမြင်ရတော့လောက်အောင်ဖျော့လာပြီး မကြာခင် ပျောက်သွားတော့မယ်ပုံဖြစ် နေတယ်။ကလိုင်းက က စဉ်းစားလိုက်ပြီး သေဆုံးသူနဲ့ နောက်ဆုံးအကြိမ် ဆက်သွယ်မှုတစ်ခါ ထပ်လုပ်လိုက်တယ်—
“မိစ္ဆာမ လမ်းစဉ် ရဲ့
ဆုံမှတ် ဆေးရည် ဖော်စပ်နည်း”
ဒီစာကြောင်းကို ထပ်ခါ ထပ်ခါ ရွတ်ဆိုပြီး ဈာန်ဝင်စားကာ အိမ်မက်ထဲကို လျင်မြန်စွာ ဝင်သွားလိုက်တယ်။
အစမှာ ကလိုင်း က ဒီလို ဆေးရည် ဖော်စပ်နည်း နိမိတ်ကောက်တာမျိုး ကိုမလုပ်ချင်ခဲ့ဘူး။မိစ္ဆာမ လမ်းစဉ် က အန္တရာယ်၊ နာကျင်မှုတွေ နဲ့ ကပ်ဘေးဒုက္ခတွေပဲ သယ်ဆောင်လာတာမလို့ ဒီဆေးရည်ရဲ့ ဖော်စပ်နည်းကို သူက ရလာရင်တောင် ဘယ်သူ့ကို မှ ပြန်မရောင်းချင်ခဲ့ပါဘူး။သူက ကိုယ့်လက်ကတစ်ဆင့်သတ်တဲ့ လူသတ်သမားတစ်ယောက်မဖြစ်ချင်လို့ပါ။ဒါပေမယ့် အရင်က အဖြစ်အပျက်တစ်ခုကို သူကသတိရမိသွားတယ်။ ပွဲကြည့်သမား ဆေးရည် ကို နားလည်ခဲ့လို့ ဒက်တာ ဂူဒါယီယန် က စိတ်ပညာ အဂ္ဂိရတ် ဆရာများ အဖွဲ့ ( Psychology Alchemist) အဖွဲ့ဝင် ဖြစ်နိုင်တယ်ဆိုပြီး သံသယဝင်ရင်းနဲ့မှ နောက်ပိုင်းကျ အတည်ပြုနိုင်ခဲ့တာ ဖြစ်ပါတယ်။ဒါကြောင့်အနာဂတ်မှာ မိစ္ဆာမ လမ်းစဉ်က သာလွန်သူ တွေနဲ့ရင်ဆိုင်နိုင်ဖို့ သူတို့ လမ်းစဉ် ရဲ့ သဘောသဘာဝ တွေကို ပိုသိထားဖို့ လိုတယ်။ ဟုဒ် အဲဂန် သေပြီးတဲ့နောက် ဒက်တာ က မဆက်သွယ်သေးတာကို ကလိုင်းက တွေးမိတဲ့အခါ စိတ်ပညာ အဂ္ဂိရတ် ဆရာများ အဖွဲ့ က ပိုပြီးအင်အားကြီးတဲ့သာလွန် လူတွေကို အဲဂန် ရဲ့ သေဆုံးမှုကိုစုံစမ်းဖို့ လွှတ်ထားလို့ ဒက်တာ မလှုပ်ရှားရဲသေးတာလို့ ခန့်မှန်းလိုက်ပါတယ်။အဲဒီအချိန်မှာပဲ သူက မဒမ်ရှယ်ရွန်ရဲ့ မှတ်ဉာဏ်ထဲ က အမှောင်ခန်းမကြီးကို ထပ်မြင်လိုက်ရတယ်။ သန့်ရှင်းတဲ့ အဖြူရောင် အင်္ကျီဝတ်ထားတဲ့ မိန်းမကိုလည်း ထပ်တွေ့လိုက်ရတယ် မဒမ် ရှယ်ရွန်
က ခေါင်းငုံ့ထားပြီး အဲဒီမိန်းမရဲ့ ချောမောလှပ ပြည့်စုံတဲ့ ခြေထောက်တွေကိုပဲ မြင် နေရတယ်။ ပြီးတော့ ချိုမြိန်တဲ့ အသံတစ်ခုကို ကြားလိုက်ရတယ်—
" အလိုဆန္ဒ...
ဒါက ဆုံမှတ် ၆ ဆေးရည် ရဲ့ နာမည်ပဲ။ မင်း တက်လှမ်းရတော့မယ့် အဆင့်။ အောင်မြင်ရင် မင်းက ဆုံမှတ် ၆ အလိုဆန္ဒ မိစ္ဆာမ ဖြစ်လာမယ်။ ပျော်ချင်ပါးချင်တဲ့ အလိုဆန္ဒက မရှောင်နိုင်အောင် ဖြစ်လာရင် အဲဒါဟာ နာကျင်မှုတစ်မျိုးပဲ။ ဒီ အတွေးအခေါ် အယူအဆကိုမင်းဘဝတစ်လျှောက်လုံး လိုက်နာရမယ်။အဆင့်တက်ပြီးရင် ဆုံမှတ် ၅ စုန်းမ တုန်းကရှိပြီးသား အစွမ်းတွေက ပိုတိုးလာမယ်။ ပိုလှလာမယ်၊လူတွေကို ပိုဆွဲဆောင်နိုင်လာမယ်။ လိက်ဆက်ဆံတဲ့အခါ မမေ့နိုင်တဲ့အထိအတွေ့တွေကို ပေးလာနိုင်မယ်။ပင့်ကူလို ကြိုးမျှင်
တွေကိုဖန်တီးပြီး အသုံးချနိုင်လာမယ် ...."
အဲ့ဒိနောက် ငွေရောင် စာအုပ် ဟောင်းတစ်အုပ် ပေါ်လာတယ်။ဖွင့်လိုက်တော့ ဆေးရည် ဖော်စပ်နည်း နဲ့ ပါဝင်ပစ္စည်း တွေကို ခွဲထားပြီး ရေးထားတယ်—
အဓိက ပါဝင်ပစ္စည်း —
ကဝေ မျက်လုံး တစ်စုံ၊ ဘလက်ဝစ်ဒိုး ပင့်ကူရဲ့အရွယ်ရောက်ပြီးသား ပိုးမျှင် အိတ် ၊
အရံ ပါဝင်စ္စည်းများ—
သန့်စင်ထားတဲ့ ရေ ၁၀၀ မီလီလီတာ ၊အမဲရောင် ဂျင်ဆင်းပင် အရည် ၅ စက်၊ ကဝေ ဆံပင် အကြွင်းအကျန်အပြည့်အစုံ၊ ဖေးညှာ ပေါ်တာ ယင်ကောင် အမှုန့် ၁၀ ဂရမ်၊ မံမီ အစစ် ရဲ့အရိုးပြာ ၅ ဂရမ်။
မြင်ကွင်းက ထပ်ပြောင်းသွားတယ်။တူညီတဲ့ ခန်းမထဲမှာ ၊ တူညီတဲ့ အဖြူရောင်အင်္ကျီကို ဝတ်ထားတဲ့ အမျိုးသမီးတစ်ဦး။
ဒါပေမယ့် မဒမ် ရှယ်ရွန် ရဲ့ ပုံစံကတော့ မူလပုံစံ—
သူမ မီးခံသေတ္တာထဲမှာရှိတဲ့ ဓာတ်ပုံထဲကလူငယ်အမျိုးသားပုံစံ ပြန်ဖြစ်သွားတယ်။ အဲဒီအချိန်မှာ ချိုမြိန်တဲ့ မိန်းမအသံတစ်ခု ထွက်လာတယ်—
“ဒါက ဆုံမှတ် ၇ စုန်းမ ရဲ့ နာမည်။ မင်းအံ့သြနေမယ်ဆိုတာ ငါ သေချာသိတယ်"
“စုန်းမ လို့ နာမည် ပေးထားတာကို မယုံနိုင်သေးဘူး…”
လူငယ်ပုံစံ မဒမ် ရှယ်ရွန် က စိတ်လှုပ်ရှားသံနဲ့ ပြန်ပြောလိုက်တယ်။
“ကမ္ဘာဦး နတ်ဘုရားမ နဲ့ နီးစပ်ချင်ရင် ‘သူမ’ လိုဖြစ်မှရမယ်။ သူမက မိန်းမဆိုတော့ ငါတို့လည်း မိန်းမသား ဖြစ်ရမယ်။“လက်လျှော့မလား လက်ခံမလား—မင်းရွေးချယ်ရမယ်။" “စုန်းမ ဖြစ်သွားရင် မိန်းမ အစစ် ဖြစ်လာမယ်။ ရုပ်ရည်နဲ့ ဆွဲဆောင်မှုက အရမ်းတိုးလာမယ်။ ကိုယ်ပျောက်နိုင်လာမယ်၊ အစားထိုး မန္တာန် တွေ သုံးနိုင်မယ်။ အမှောင် မှော်ပညာတွေကို အခြေခံအဆင့် အသုံးချနိုင်မယ်။ နိမိတ်ကောက်တာ ကို နှောက်ယှက် ဖျက်ဆီးနိုင်လာမယ်။ မဟူရာမီး တောက်နဲ့ ရေခဲကိုလည်း သုံးနိုင်မယ်။
"အဓိက ပါဝင်ပစ္စည်း ကတော့—
အသူတရာချောက် နတ်ဆိုးငါး တစ်ကောင် ရဲ့သွေးအကုန်လုံးနဲ့ သင်္ဘောမဟူရာ ဒေါင်းဌက် ရဲ့ ဥ တစ်လုံး…”
" အရံ ပါဝင်ပစ္စည်း တွေကတော့—
သန့်စင်ထားတဲ့ ရေ ၈၀ မီလီ လီတာ၊ ဂျင်ဆင်းပင် အရည် ၅ စက်၊အရိပ် ပုတ်သင်ညို အကြေးခွံ ၃ ချပ်၊
ဒက်ဖိုဒီး အရည် ၁၀ စက် "
…
မြင်ကွင်းတွေက တစ်ခုပြီးတစ်ခု ဆက်တိုက် ပြောင်းလဲသွားပြီး ကလိုင်း က သွေးထိုးလှုံ့ဆော်သူ နဲ့
လုပ်ကြံသတ်ဖြတ်သူ ဆေးရည် ဖော်စပ်နည်း တွေကိုပါ မြင်တွေ့ခဲ့ရပြီး သူတို့ရဲ့ သက်ဆိုင်ရာ အင်အားနဲ့ သဘောသဘာဝကို နားလည်သွားတယ်။ ထပ်ပြီး နိမိတ်ကောက်ဖို့ စဉ်းစားနေချိန်မှာပဲ မဒမ် ရှယ်ရွန် ရဲ့ ဝိညာဉ်က လုံးဝ ပျောက်ကွယ်သွားတယ်။ ကလိုင်း က ဝိညာဉ်ဆက်သွယ်ခြင်း အခမ်းအနား ကို ရပ်လိုက်ပြီး အိမ်မက်ထဲက နေ ထွက်ကာ အပြင် လောကထဲကို ပြန်လာခဲ့လိုက်တယ်။ အသုံးပြုခဲ့တဲ့ ပစ္စည်းတွေကို စုသိမ်းပြီး
စိတ်ဝိညာဉ် နံရံ ကို ဖယ်ရှားလိုက်တယ်။ ပြီးတော့
ဝိညာဉ်ဆက်သွယ်တုန်းက ရလာတဲ့ သတင်းအချက်အလက် တွေကို မဖုံးမကွယ်ဘဲ ဒန်း စမစ် ကို အကုန်လုံး ပြောပြလိုက်တယ်။ တစ်ပြိုင်နက်တည်း
မဒမ် ရှယ်ရွန် က မေနာ့ဒ် ကို သတ်ခဲ့တဲ့ အကြောင်းအရင်းအပေါ် သူ သံသယ ဝင်တဲ့ အကြောင်းတွေကိုလည်း ထုတ်ပြောလိုက်တယ်။
“အလိုဆန္ဒ ဆုံမှတ် အဆင့်ကို တက်အတွက် ရာထူးကြီး ဂုဏ်သရေရှိ လူတစ်ယောက်ကို သတ်ဖို့ မလိုအပ်ဘူး…”
ဒန်း က စဉ်းစားသလိုနဲ့ ပြောလိုက်တယ်။
“ဟုတ်ပြီ… မဒမ် ရှယ်ရွန် ကပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်း ဘယ်တွေ သွားလာခဲ့လဲ၊ ဘယ်က လာတာလဲဆိုတာ ငါတို့စုံစမ်းရမယ်။ မင်းမြင်ခဲ့တဲ့
အဲဒီ အမှောင်ခန်းမကိုလည်း ရှာဖို့ လိုတယ်။ ဒါတွေကို
မြင့်မြတ်သော ဘုရားကျောင်းတော်ကို တင်ပြရမယ်။
သူတို့က သက်ဆိုင်ရာ စုံစမ်းရေးမှူးကိုတွေ ခန့်အပ်ပေးလိမ့်မယ် ငါတို့ကတော့ ကိုယ်ကြိုက်တဲ့အချိန် ထင်းဂန် က ထွက်သွားလို့ မရဘူး။”
သူက ခေါင်းနည်းနည်းညိတ် လိုက်ပြီး ပတ်ဝန်းကျင်ကို ကြည့်ကာ ဆက်ပြောတယ်—
“မင်း ပထမထပ်ကို ဆင်းသွားပြီး အိမ်ဖော်တွေ
နှစ်နှစ်ခြိုက်ခြိုက် အိပ်နေသေးလား စစ်ဆေးလိုက်။
နိုးနေတဲ့သူ ရှိရင် ခေါ်လာပြီး စည်းကမ်းအတိုင်း
ဘယ်သူ့ကိုမှ ဒီကိစ္စတွေကို ပြန်မပြောရဆိုပြီး စာချုပ် ကို လက်မှတ်ထိုးခိုင်းမယ်။ ဒုတိယထပ်ကိုတော့
ငါ တာဝန်ယူမယ်။”
သူက အနက်ရောင် အဝတ်တစ်စကို ယူပြီး ချိတ်ပိတ် လက်နက် 3-0271 ကို ဖုံးအုပ်လိုက်တယ်။ အဲဒီစကားကို ကြားတော့ ကလိုင်း က ချက်ချင်း နားလည်သွားတယ်—ဒုတိယထပ်မှာ အပြင်းအထန် တိုက်ခိုက်နေတာတောင် အလုပ်သမားတွေ အိမ်ဖော်တွေ နိုးမလာတာက ကပ္ပတိန် က အစကတည်းက သူတို့ကို နက်နက်ရှိုင်းရှိုင်း အိပ် ပျော်သွားအောင် လုပ်ထားလို့ပဲ ဖြစ်တယ်။ ကလိုင်း ရဲ့ ကိုယ်ခန္ဓာက အေးစက်ပြီး တင်းကျပ်နေသေးတယ်။ဒါကြောင့် သူကအရမ်း သတိထားပြီး ခြေလှမ်းဖွဖွနင်းကာ အရှေ့ကို ဆက်လှမ်းသွား နေရတယ်။ အိပ်ခန်းတံခါးကို ကျော်သွားတဲ့အချိန်
လက်ကို ဆန့်ပြီး တံခါးဘေးမှာ စိုက်နေတဲ့ တားရော့ ကတ် ၂ ချပ်ကိုဆွဲနှုတ်လိုက်တယ်။ ကတ်တွေကို အဝတ်နဲ့ သုတ်ပြီး အိတ်ထဲကို ပြန်ထည့်လိုက်တယ်။
အခန်းထဲက ထွက်ပြီး လှေကားဘက်ကို လျှောက်သွားတယ်။ လှေကားကို မတက်ခင် ကလိုင်းက မေးခွန်းတစ်ခုစိတ်ထဲ ပေါ်လာတယ်—
“အဲဒီလူတွေ နှစ်နှစ် ခြိုက်ခြိုက်အိပ်နေလား မအိပ် နေလားဆိုတာ ဘယ်လို သေချာစစ်မလဲ?” တစ်ယောက်ချင်းစီကို နိမိတ်ကောက်ပြီး စစ်ရမှာလား? ဒါဆို အလုပ်ရှုပ်လွန်းမယ်… ကပ္ပတိန် က အိမ်မက်ဆိုးတစ်ယောက်ပဲ ..... ဒီလိုကိစ္စတွေမှာ သူက အတွေ့အကြုံ အပြည့်ရှိမှာ။ မြန်မြန်နဲ့လွယ်လွယ်ပြီးတဲ့ နည်းလမ်း ရှိလားလို့သူ့ကို မေးရမယ်။"
ဒီလို စဉ်းစားရင်း ကလိုင်း က နောက်ပြန်လှည့်ပြီး
သူ့ခန္ဓာကိုယ်ထဲက အေးစက်တင်းကျပ်မှုကို
သည်းခံရင်း အိပ်ခန်းတံခါးဘက်ကို ခြေလှမ်းတစ်လှမ်းချင်း ပြန်လျှောက်လာတယ်။ အိပ်ခန်းနဲ့ မနီးလာခင်
အနည်းပွင့်နေတဲ့ တံခါးဝကနေ အထဲကို လှမ်းကြည့်လိုက်တယ်။ အခန်းထောင့်မှာ ထောင်ထားတဲ့
ကိုယ်လုံးပေါ် မှန်အရှည်ကြီး က ကွဲအက် နေပြီး
မှန်ကွဲစ အစိတ်အပိုင်းတွေက ကြမ်းပြင်ပေါ်မှာ ပျံ့ကျဲနေတယ်။ မှန်ဘောင်မှာတော့ လက်ဖဝါးအရွယ်လောက်
ကြီးမားတဲ့ မှန်စတွေက ကပ်နေသေးတယ်။ကွဲအက်နေတဲ့ မှန်ထဲမှာ အနက်ရောင် လေကာဂျက်ကတ်ကို ဝတ်ထားတဲ့ ဒန်းစမစ် ကို မြင်လိုက်ရတယ်။ သူက
ကန်လေ ရဲ့ သေဆုံးနေတဲ့ အလောင်းဘေးမှာဒူးထောက်ပြီး တစ်ခုခု လုပ်နေတယ်။ ရုတ်တရက် သူက ခေါင်းမော့လိုက်တယ်။သူရဲ့ မီးခိုးရောင် မျက်လုံးတွေက အရမ်းကို နက်ရှိုင်းနေပြီး နှုတ်ခမ်းထောင့်မှာ
အနီ ရောင် သွေး တွေ ပေနေတယ်
။ အနီရောင်သွေး တွေ။စဉ်းစားစရာတောင် မလိုဘဲ ကလိုင်း က ချက်ချင်း နောက်ပြန်လှည့်ပြီး တံခါးဘေးကထွက်ကာနံရံကို ကျောနဲ့ ကပ်လိုက်တယ်။