← Chapters

အခြေအနေကို အတည်ပြုခြင်း

Vol. 21 Ch. 202

အခြေအနေကို အတည်ပြုခြင်း

Vol. 21 Ch. 202

စာကို ခေါက်ပြီးသွားတဲ့နောက် ကလိုင်းဟာ ကြေးဝါ ဝီစီ ကို ထုတ်ယူပြီး နှုတ်ခမ်းနားကိုကပ်လိုက်ကာ အားပြင်းပြင်းနဲ့ မှုတ်လိုက်တယ်။

အခန်းထဲတွင် တိတ်ဆိတ်နေသော အချိန်မှာပဲ စာရေးစားပွဲပေါ်ကနေ အဖြူရောင် အရိုး‌စုတွေက ရေပန်းပွင့်သလို လွင့်စင်လာပြီး နောက်ဆုံးမှာတော့ အရပ်လေးမီတာနီးပါးရှိတဲ့ ကြီးမားသော အရိုးစုတစ်ကောင်အဖြစ် စုပေါင်းဖွဲ့စည်းသွားခဲ့တယ်။အရိုးစု ကိုယ်လုံးကြီးက ခပ်ဖျော့ဖျော့ အလင်းရောင်လေး ထွက်နေပြီး ခေါင်းကတော့ မျက်နှာကြက်အထိ ထိုးထွက်နေဆဲဖြစ်ကာ အရင်တုန်းက မြင်ခဲ့သလိုပဲ အရိုးစုကြီးက ဘာမှ မပြောင်းလဲပေ။

ကလိုင်းက စာကို ပစ်ပေးလိုက်ရာ အရိုးစုကြီးက စာကို ဖမ်းယူပြီး လက်ထဲမှာ တင်းတင်းကျပ်ကျပ် ကိုင်ထားလိုက်တယ်။

ကလိုင်းက ကြေးဝါ ဝီစီ ကို ထပ်မှုတ်လိုက်တဲ့အခါ အရိုးစုဘီလူးကြီးဟာ ပုံရိပ်ယောင်သာရှိတဲ့ အဖြူရောင် အရိုးတွေ အဖြစ် မိုးရွာသလိုပြိုကျသွားကာ နောက်ဆုံးမှာတော့ စာရေးစားပွဲရဲ့ မျက်နှာပြင်ထဲကို စိမ့်ဝင်ပျောက်ကွယ်သွားပါတယ်။

အရာအားလုံး ပြီးသွားပြီးနောက် ကလိုင်းရဲ့ စိတ်ဟာ အနည်းငယ် တည်ငြိမ်လာခဲ့ပေမယ့် သူကကြိုးစား စုံစမ်း နေတာကို မရပ်တန့်ခဲ့ပါဘူး။ သူက ကုလားထိုင်ကို အနောက်ကို ဆွဲလိုက်ပြီး မတ်တပ် ထရပ်လိုက်ကာ နာရီ လက်တံပြောင်းပြန် ဦးတည်ချက်အတိုင်း ခြေလှမ်း လေးလှမ်း လှမ်းလိုက်ပြီး မီးခိုးရောင် မြူခိုးအထက်က ကမ္ဘာ ထဲကို ဝင်ရောက်သွားလိုက်တယ်။

သူ့မျက်စိရှေ့မှာတော့ မြင့်မားခမ်းနားတဲ့ နန်းတော်ကြီးနဲ့ ရှေးဟောင်း ကြေးဝါစားပွဲကြီး တစ်ခုပေါ်လာခဲ့ပြီး အဲ့ဒီ နန်းတော်ကြီးက ဆယ်စုနှစ် ထောင်စုနှစ်များကြာအောင် မပြောင်းလဲဘဲ တည်ရှိနေတဲ့ပုံစံတစ်ခုလို ဖြစ်နေပါတယ်။

ကလိုင်းဟာ အရူး ရဲ့ ထိုင်ခုံမှာ ထိုင်လိုက်ပြီး အင်္ကျီ ဘယ်ဘက်လက်ထဲက ဥဿဖရား ချိန်သီး ကို ထုတ်ယူလိုက်ကာ သူ့ရှေ့မှာ ဆိတ်သားရေတစ်ရွက်နဲ့ မင်တံတစ်ချောင်းကို ဖန်တီးလိုက်တယ်။

ဒီ နေ့ညမှာ ဒန်း စမစ် ရဲ့ အခြေအနေကို နိမိတ်ကောက်ဖို့ ကလိုင်းက ဆုံးဖြတ်ထားပြီးသား ဖြစ်ပါတယ်။

အချိန်အနည်းငယ် စဉ်းစားပြီးနောက် သူက ပထမဆုံး နိမိတ်ကောက်မယ့် စာကြောင်းကို ရေးလိုက်ပါတယ်။

“ဒန်း စမစ်ရဲ့ ပုံစံ မူမမှန်မှုက ငါ့ကို အန္တရာယ်ဖြစ်စေ‌မလား”

“ဒန်း စမစ်ရဲ့ ပုံစံ မူမမှန်မှုက ငါ့ကို အန္တရာယ်ဖြစ်စေ‌မလား”

ဂမ္ဘီရ ပညာအရ ကိုယ်တိုင် အန္တရာယ်ကျနိုင်သလား ဆိုပြီး ဆုံးဖြတ်ရတဲ့ နိမိတ်ကောက်ခြင်းတွေဟာ အခက်ခဲဆုံး ဖြစ်ပါတယ်။ ဒါက စိတ်ဝိညာဉ်ရဲ့ သဘာဝ အာရုံခံစွမ်းရည် တစ်ခုလည်း ဖြစ်ပါတယ်။

အလွန်အား‌ကောင်းတဲ့ ပြင်ပ အနှောင့်အယှက် မရှိသရွေ့ ကလိုင်းဟာ ကိုယ့်အခြေအနေနဲ့ ပတ်သက်တဲ့ နိမိတ်ကောက်မှုကို မှန်ကန်စွာ ရရှိနိုင်မယ်ဆိုတာ သိထားပါတယ်။

ဒါကြောင့်ပဲ မဒမ် ရှယ်ရွန်က နိမိတ်ကောက်တဲ့ ရလဒ် ကို ကြားဖြတ် နှောင့်ယှက်နိုင်တယ်ဆိုတာ သိနေခဲ့ပေမယ့် သူမအိမ်က်ို ဝင်မယ့်မစ်ရှင်တုန်းက အန္တရာယ် ရှိမရှိကို ကလိုင်းဟာ မကြာခဏ နိမိတ်ကောက်ခဲ့တာဖြစ်ပါတယ်။ သူက မဒမ် ရှယ်ရွန်ဟာ မိမိ ကိုယ်ကိုယ် အန္တရာယ်ရှိနိုင်သလားလို့ ဆန်းစစ်ရတဲ့ နိမိတ်ကောက်ခြင်း တွေကို ရလဒ် ပြောင်းလဲစေနိုင်လောက်တဲ့အထိ အင်းအားမကြီးဘူးဆိုတာလည်း သိထားပါတယ်။

ဒါကြောင့် ကပ္ပတိန် ဒန်း စမစ် ရဲ့ အခြေအနေကို သေချာစွာ သိနိုင်ဖို့ ပြင်ပ အနှောင့်အယှက်တွေ ကင်းတဲ့ မီးခိုးရောင် မြူခိုးကမ္ဘာအထက်က နန်းတော်ထဲ မှာ နိမိတ်ကောက်ဖို့ သူက ဆုံးဖြတ်လိုက်ပါတယ်။

ကလိုင်းဟာ ဘယ်ဘက်လက်နဲ့ ချိန်သီးကို ကိုင်ပြီး နိမိတ်ကောက် စာကြောင်းကို ခုနစ်ကြိမ် တိတိ ထပ်ခါတလဲလဲ ရွတ်ဆိုလိုက်ကာ ဈာန်ဝင်စားခြင်း အခြေအနေထဲကို ဝင်သွားလိုက်တယ်။

စက္ကန့်အနည်းငယ်ကြာပြီးနောက် သူ့မျက်လုံးကို ဖွင့်ကြည့်လိုက်တဲ့အခါ သူ့ မျက်လုံးအရောင်တွေဟာ ပုံမှန်အတိုင်း ပြန်ဖြစ်သွားပါတယ်။

ကလိုင်းဟာ ဥဿဖရား ချိန်သီး ကို ကြည့်လိုက်ပြီး စိတ်လေးလံသွားခဲ့ပါတယ်၊ အကြောင်းကတော့ ချိန်သီးဟာ နာရီလက်တံအတိုင်း လှည့်ပတ်နေပြီး လှည့်ပတ်တဲ့နှုန်းက မနှေးသလို ပြင်းအားကလည်း မနည်းလို့ဖြစ်ပါတယ်။

ဒီအဖြေက “ဟုတ်တယ်” ဆိုတယ် ဆိုတဲ့ အဓိပ္ပါယ်ဖြစ်ပါတယ်။

ဒါဆိုရင် ဒန်း စမစ် ရဲ့မူမမှန်မှုက ကလိုင်းကို အန္တရာယ်ဆီကို အမှန်တကယ် ဦးတည်စေနိုင်တယ်ဆိုတဲ့ အဓိပ္ပါယ်ပါပဲ၊ ထို့အပြင် ကြုံရမယ့် အန္တရာယ်အဆင့်ကလည်း မသေးပါဘူး။

ကလိုင်းဟာ မျက်လုံးကို ပိတ်လိုက်ပြီး ပထမဆုံး နိမိတ်ကောက်ထားတဲ့ စာကြောင်းကို ဖျက်လိုက်ကာ နောက်တစ်ကြောင်းကို ရေးလိုက်ပါတယ်။

“ဒန်း စမစ် မူမမှန်သလို ဖြစ်လာရတဲ့ အကြောင်းရင်း”

"ဒန်း စမစ် မူမမှန်သလို ဖြစ်လာရတဲ့ အကြောင်းရင်း”

သူက ချိန်သီးကို ဘေးကို ခဏဖယ်ထားပြီး ကုလားထိုင်နောက်ကို မှီလိုက်ကာ ဈာန်ဝင်စားပြီး အိမ်မက်ထဲကို ဝင်ရောက်လိုက်တယ်။

ဒါပေမယ့် ရှင်းရှင်းလင်းလင်း မမြင်ရတဲ့ အရိပ်အယောင်ဆန်ဆန် အိမ်မက် ကမ္ဘာထဲမှာတော့ မီးခိုးရောင် မြူခိုးတွေသာ ရှိပြီး ဘာမှ မမြင်ရသလို ဘာကိုမှ လည်းမသိခဲ့ရပါဘူး။

*"နိမိတ်ကောက်ရမယ့် အချက်အလက်ဟာ မလုံလောက်ခဲ့လို့ ဘာရလဒ်မှ ထွက်မလာတာပဲ"*

ကလိုင်းဟာ ကြေးဝါစားပွဲပေါ်က ဆိတ်သား‌ ‌ရေကို ကြည့်ရင်း စိတ်မချမ်းမသာနဲ့ ခါးသီးစွာ ရေရွတ်လိုက်မိပါတယ်။

အဲဒီအချိန်မှာပဲ အလွန်ပြင်းထန်တဲ့ ပင်ပန်းနွမ်းနယ်မှု ဒဏ်က သူ့ကို ထိုးနှက်လာခဲ့ပါတယ်။ ဒီဒဏ်ဟာ ပြင်းထန်တဲ့ တိုက်ပွဲရယ် ၊ ဆက်တိုက် လုပ်ခဲ့တဲ့ အစီအရင် တွေ နဲ့ အကြိမ်ကြိမ် နိမိတ်ကောက်တာတွေကြောင့် ဖြစ်လာတာကို ကလိုင်း နားလည်သွား ပါတယ်။

သူက စိတ်ဝိညာဉ်စွမ်းအားနဲ့ ကိုယ့်ကိုယ်ကို လွှမ်းခြုံလိုက်ပြီး မီးခိုးရောင် မြူခိုးအထက် ကနေ အမြန် ပြန်ဆင်းလာကာ လက်တွေ့ပြင်ပ ကမ္ဘာထဲကို ပြန်ရောက်လာခဲ့ပါတယ်။

အဲဒီညမှာ သူအိမ်မက်ဆိုးတွေ မက်ခဲ့ပြီး အိမ်မက်တိုင်းရဲ့ အဆုံးမှာတော့ ကန်လေက ကိုယ်အင်္ဂါကလီစာတွေကို အန်ထုတ်နေတာ၊ ဒါမှမဟုတ် ဒန်း စမစ်ရဲ့ ပါးစပ်မှာ အနီရောင် သွေးတွေ ပေပွနေတဲ့ ပုံရိပ်တွေ ဖြစ်ပါတယ်။

နောက်နေ့မနက်မှာတော့ ကလိုင်းဟာ ချန်နစ်စ် တံခါး ကို စောင့်ဖို့တာဝန်ကျတာကြောင့် မနက်စောစောပဲ ဆူးနက် လုံခြုံရေး ကုမ္ပဏီ ကို ရောက်လာခဲ့ပါတယ်။

အဲဒီအချိန်မှာ ရိုဇန်နီ, မစ္စစ အိုရီယာနာ နဲ့ အခြား ဝန်ထမ်းတွေ မရောက်သေးပါဘူး။

ကလိုင်းဟာ အခန်းကန့်ထားတဲ့ လျှောက်လမ်း နေရာကို ဖြတ်သွားလိုက်ပြီး တံခါးဖွင့်ထားတဲ့ ကပ္ပတိန်ရဲ့ ရုံးခန်းနဲ့ အထဲမှာ ထိုင်နေတဲ့ ဒန်း စမစ် ကို တွေ့လိုက်ပါတယ်။

ဒန်းဟာ အပေါ်ဝတ်အင်္ကျီကို ချွတ်ထားပြီး အဖြူရောင် အင်္ကျီနဲ့ အနက်ရောင် ဗက်စ် ကိုသာ ဝတ်ထားပြီး ကော်ဖီခွက်ကို လက်ထဲမှာကိုင်ထားကာ နံရံကို အသက်မဲ့တဲ့ မျက်လုံး တွေနဲ့ စိုက်ကြည့်နေပါတယ်။

သူ့ဆံပင်တွေဟာ ခြောက်သွေ့နေပြီး သူ့ရဲ့ မီးခိုးရောင် မျက်လုံးတွေဟာ အသက်မဲ့ကာ မောပန်းနွမ်းနယ်မှုကို ထင်ရှားစွာ ဖော်ပြနေပါတယ်။

*"အတွေ့အကြုံ များစွာ ကြုံဖူးတဲ့ ကပ္ပတိန်တစ်ယောက်အတွက်တောင် အချိန်တိုအတွင်း အဖွဲ့ဝင် နှစ်ယောက်အထိ ဆုံးရှုံးရတယ်ဆိုတာက လက်မခံနိုင်စရာပဲ "* ကလိုင်းက စိတ်ထဲမှာ ပြောလိုက်ပါတယ်။

အဲဒီအချိန်မှာပဲ အစိတ်စိတ်အမွှာမွှာကွဲ နေတဲ့ ကိုယ်လုံး‌ ပေါ် မှန်ထဲကနေ မြင်လိုက်ရတဲ့ ကန်လေ၏အလောင်းဘေးမှာ ဒူးထာက်နေပြီး ပါးစပ်မှာ အနီရောင်သွေးတွေ စွန်းပေနေတဲ့ ဒန်း စမစ်ရဲ့ ပုံရိပ်ဟာ ကလိုင်းရဲ့ စိတ်ထဲမှာ ပြန်ပေါ်လာတဲ့အခါ ကလိုင်းမျက်နှာက စိုးရိမ်သောကကြောင့် ရှူံ့တွသွားပါတယ်။

သူက သွားကို တင်းတင်း စေ့လိုက်ပြီး မျက်နှာ လွှဲလိုက်ပါတယ်။စက္ကန့် နှစ်ဆယ်လောက်ကြာပြီးနောက် ကိုယ့်ကိုယ်ကို ပုံမှန်ဖြစ် အောင် ထိန်းချုပ်လိုက်ပြီး ကပ္ပတိန် ရဲ့ ရုံးခန်း တံခါးကို လှမ်း ခေါက်လိုက်ပါတယ်။

ဒေါက် ! ဒေါက်! ဒေါက်!

ဒန်းဟာ ကော်ဖီခွက်ကို ချလိုက်ပြီး သူ့မျက်လုံးတွေ ကတော့ ထပ်မံ နက်ရှိုင်းလာခဲ့ပါတယ်။ သူက အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီး အသံတိုးတိုးနဲ့ ပြောလိုက်တယ်။

“ဒီကိစ္စကို မြင့်မြတ်သော ဘုရားကျောင်းတော် ကို တင်ပြပြီးသားပါ။ သူတို့က အကြောင်းကြားစာပြန်ပို့တယ်။

ကန်လေရဲ့ မိသားစုကို ဘုရားကျောင်းဘက်က ပေါင် ၃၀၀၀ ပေးမယ်၊ ရဲဌာနဘက်ကတော့ နစ်နာကြေးအနေနဲ့ ပေါင် ၁၀၀၀ ပေးမယ်တဲ့”

*"စုစုပေါင်း ပေါင် ၄၀၀၀။ ဒီငွေပမာဏကအလယ်အလတ် လူတန်းစားအတွက်တော့ ဘဝတစ်လျှောက်လုံး ရှာရင်တောင် မရနိုင်တဲ့ ပမာဏ ဖြစ်ပါတယ်။ ကန်လေရဲ့ အပတ်စဉ် လစာက ၇ ပေါင် ပဲရှိပြီး တစ်နှစ်လုံးတွက်ရင် ၃၆၄ ပေါင် ပဲ ရှိပါတယ်။ ဆုကြေးနဲ့ အပိုဝင်ငွေတွေ ပေါင်းရင်တောင် ၃၈၀ ပေါင် လောက်ပဲ ရနိုင်မှာ။ ပေါင် ၄၀၀၀ ဆိုတာ သူ့ဝင်ငွေ ဆယ်နှစ်စာနဲ့ ညီမျှတယ်။ ဒီလို ငွေပမာဏက နှစ်စဉ် ပေါင် ၂၀၀ လောက် ဝင်ငွေ ရ နေတာနဲ့ တူပါတယ်။"*

ဒီငွေ တွေက ကန်လေရဲ့ အသက်ဆုံးရှုံးမှုကို အစားမထိုး နိုင်ပေမယ့် လက်ရှိအချိန်မှာတော့ လက်တွေ့ အသုံးဝင်ဆုံး အရာတစ်ခု ဖြစ်နေဆဲပါပဲ။

ကလိုင်းရဲ့ စိတ်ထဲမှာ အတွေးပေါင်းစုံ လျှောက်‌ တွေးလိုက်ပြီး နောက်ဆုံးမှာတော့ သူက သက်ပြင်းချလိုက်ရင်း

“ကျွန်တော်တို့ လုပ်နိုင်တာ ဒါပဲရှိတယ်”

လို့ ပြောလိုက်ပါတယ်။

ဒီလို ကိစ္စမျိုးမှာ ထာဝရာည နတ်ဘုရားမ ဘုရားကျောင်း ကို အပြစ်တင်လို့ မရပါဘူး။

ဒန်းဟာ အင်္ကျီ လည်ပင်းကော်လံကို ဆွဲညှိလိုက်ပြီး အသံသြသြနဲ့

“အောက်ထပ်ကို ဆင်းပြီး ရွိုင်ယယ် နဲ့ တာဝန်လဲယူလိုက်”

လို့ ပြောလိုက်ပါတယ်။

“ဟုတ်ကဲ့”

လို့ ကလိုင်းက ခေါင်းညိတ်လိုက်ပါတယ်။

သူက လှည့်ထွက်သွားချိန်မှာ ကပ္ပတိန်က ကိုယ့်ကိုယ်ကို ပြောသလို အသံတိုးတိုးနဲ့

“နောက်မှ ကန်လေကို အိမ်ပြန်ပို့ရမယ်…”

လို့ ထပ်ပြောလိုက်တာကို ကလိုင်းက ကြားလိုက်ရပါတယ်။

*"ကန်လေကို အိမ်ပြန်ပို့ရမယ်… သူ့အဖေ၊ သူ့အမေ၊ သူ့မောင်နှမတွေ၊ သူ့မိန်းကလေး ... သူတို့ ဘယ်လောက် ခံစားရမလဲ…"*

ကလိုင်းရဲ့ နှလုံးသား ဟာ တင်းကျပ်သွားခဲ့ပြီး အဲဒီလို ဝမ်းနည်းမှုကို ကိုယ်တိုင် မကြုံရသေးတဲ့အတွက် ကိုယ့်ကိုယ်ကို တစ်နည်းနည်းနဲ့ ကျေးဇူးတင်မိသွားပါတယ်။

ဒီလို အတွေးဟာ ဝမ်းနည်းမှုကို ရှောင်လွဲချင်တဲ့ စိတ်ဆိုတာ ကလိုင်းကိုယ်တိုင်လည်း သူ့ကိုယ်သူ သိပါတယ်။

ဒါပေမဲ့ ကန်လေ ရဲ့ မိဘတွေ မျက်လုံးထဲမှာ မြင်ရမယ့် နာကျင်မှုတွေကို မြင်ရမှာ သူအရမ်းကြောက်‌ နေတယ်။

ကန်လေနဲ့ စေ့စပ်ထားတဲ့ မိန်းကလေးကလည်း စိတ်လွတ်သွားသလို ဖြစ်နေတာကိုလည်း ကလိုင်းက မ မြင်ချင်ပေ။ကလိုင်းက သူတို့ရဲ့ ‌ဖုံးကွယ်ထားတဲ့ ခါးသီး ခံစားချက်တွေ၊ဝမ်းနည်းတကြီး ငို‌ ကြွေးသံတွေကို ကြားရမှာကိုလည်း ကြောက်‌ နေမိပါတယ်။

ကလိုင်း က ခြေလှမ်းတွေကို မြန်မြန် လှမ်းလိုက်ပြီး ချန်းနစ် တံခါးဆီ ကို အလျင်အမြန် သွားလိုက်တယ်။

ရွိင်ရယ် နဲ့ ဘာစကားမှမပြောဘဲ တိတ်တိတ်လေး တာဝန်လွှဲပြောင်း လိုက်တယ်။ ကလိုင်းက တာဝန်ကျတဲ့ ခန်းထဲမှာ ထိုင်ပြီး စောင့်နေရင်း

အချိန် တွေ အရမ်းနှေးနေသလို ခံစားရလို့

ငွေရောင် နာရီလေးကို ခဏခဏထုတ်ကြည့်နေပါတယ်။

အချိန်တစ်ခု ကြာသွားတဲ့အခါ ကလိုင်းက တစ်ခုနဲ့တစ်ခု ရောနေသလို

ထင်ယောင်ထင်မှားအသံတွေ ကို ရုတ်တရက် ကြား လိုက်ရတယ်။

သူ့ရဲ့လက်အနောက်ဘက်မှာ အမဲစက်လေး လေးခု ပေါ်လာတာကို မြင်ပြီး

တရားမျှတမှု, လူဇောက်ထိုး, ဒါမှမဟုတ် နေမင်း တို့ထဲက တစ်ယောက်ယောက်က

သူ့ကို ဆုတောင်းနေတယ်ဆိုတာ သူ့သိလိုက်တယ်။

အဲဒီအချိန်မှာ သူက ချက်ချင်း အကြောင်းပြန်လို့ မရပါဘူး။

ဆုတောင်းသံတွေ ပြီးသွားပြီး၊

နောက်ထပ် ဆုတောင်းတွေ ထပ်ကြားရမယ့် အချိန်နဲ့

မနက်ဖြန် အိမ်ကို ပြန်ရောက်တဲ့အထိ စောင့်ရမှာ ဖြစ်ပါတယ်။

----------

အိမ်ကိုပြန်ရောက်တဲ့အချိန် အိမ်တံခါးဖွင့်ဖို့ သော့ကို ထုတ်လိုက်တဲ့အခါမှာ

အိမ်အကူ ဘဲလ်လာ က စားပွဲကို ဖုန်ခါနေပြီး

အဝတ်အစား ပြင်ဆင်ထားတဲ့ မယ်လီဆာနဲ့

သူ့အကို ဘန်ဆန် တို့က လှေကားက နေ ဆင်းလာတာကို မြင်လိုက်ရတယ်။

“ အကိုတို့ ပြီးခဲ့တဲ့ အပတ်ကပဲ ဘုရားကျောင်းကို ဝတ်ပြုဖို့ သွားပြီးသား မဟုတ်လား?” လို့ ကလိုင်းက သိလိုစွာနဲ့ မေးလိုက်တယ်။

ဘန်ဆန် က ပြုံးပြီး

“မင်း မှတ်ဉာဏ်က တစ်ညလုံး မအိပ်ရသေးတဲ့ လူ တစ်ယောက်ရဲ့ မှတ်ဉာဏ်လိုပဲ ဖြစ်နေတယ်” လို့ ပြန်‌ ပြောလိုက်တယ်။

“ဟင်”

ကလိုင်း က ပိုပြီးတောင် နားရှုပ်သွားတယ်။

“ဒီနေ့က "မြို့စားကြီးရဲ့ အိမ်အပြန််" ပြဇာတ်အတွက်လက်မှတ် စတင်ရောင်းတဲ့ ပထမနေ့ လေ” လို့

မလီဆာ က ရှင်းပြတယ်။

ကလိုင်း က နဖူးကို တစ်ချက် ရိုက်လိုက်ပြီး ဦးထုပ်ကို ချွတ်လိုက်တယ်။

“ခုတလော အလုပ်တွေ များလွန်းလို့ လုံးဝ မေ့သွားတာ…”

*"အထူးသဖြင့် ဒီသုံးရက်အတွင်း…"*

သူ ကသက်ပြင်းချသံနဲ့အတူ စိတ်ထဲကနေ ထပ်ဖြည့်ပြောလိုက်တယ်။

မလီဆာ က ကလိုင်းကို စိုးရိမ်စိတ်နဲ့ ကြည့်လိုက်ပြီး

“အကိုလတ်အတွက် မနက်စာ မီးဖိုချောင်ထဲမှာ ရှိတယ်။

စားပြီးတော့ နားလိုက်ပါ။

အကိုကြီး ဘန်ဆန် နဲ့ ညီမက အပြင်ထွက်မယ်ဆိုတော့

ဆယ်လီနာ သူတော်စင်မ ဘုရားကျောင်းကို လမ်းကြုံ ဝင်ပြီး ဝတ်ပြုဆုတောင်းမယ်လို့ စဉ်းစားထားတယ်” လို့ ပြောတယ်။

“အိုကေ”

ကလိုင်း က လက်ယမ်းပြီး နှုတ်ဆက်လိုက်တယ်။

မနက်စာ စားပြီး သူ့အခန်းကို သူက ပြန်ဝင်သွားတယ်။

ပြင်ဆင်မှုတွေ လုပ်ပြီးနောက် သူက

နာရီလက်တံပြောင်းပြန် ဦးတည်ချက်အတိုင်း ခြေလှမ်းလေးလှမ်း လှမ်းလိုက်ပြီး

မီးခိုး ရောင် မြူခိုးတွေရဲ့ အပေါ်က ကမ္ဘာထဲကို ဝင်သွားလိုက်တယ်။

တရားမျှတမှု နဲ့ လူဇောက်ထိုးတို့နဲ့ သက်ဆိုင်တဲ့

အနီရောင် ကြယ်လေးတွေ က တလက်လက် တောက်ပနေပြီး ကြယ်လေးတွေက

ကြီးလာလိုက်၊ သေးသွားလိုက် ဖြစ်နေတယ်။

သူက ညာလက်ကို ဆန့်လိုက်ပြီး

စိတ်ဝိညာဉ်စွမ်းအားကို ထုတ်လိုက်တော့

မထင်မရှား ပုံရိပ်တွေဟာ သူ့ရှေ့မှာ ပေါ်လာတယ်။

မစ္စ တရားမျှတမှု ရဲ့ ဆုတောင်းသံကို ကြားလိုက်ရတယ်—

“…

ကျေးဇူးပြုပြီး နားထောင်ပေးပါ။

ချီလုံဂို့စ် ဖြစ်ရပ်ကြောင့် အဖေက ကျွန်မကို ကာကွယ်ဖို့ သာလွန်သူ တစ်ယောက် ငှားထားပါတယ်။

ကျွန်မ လုံခြုံရေးအတွက် လျှို့ဝှက်ပြီး စောင့်ကြည့်နေသူတွေ လည်း ရှိပါတယ်။

ဒီလိုအခြေအနေမှာ အရှင့်ကို ဆုတောင်းဖို့ အခွင့်အရေး ရဖို့က မလွယ်ပါဘူး။

နောက်အပတ် စုဝေးပွဲ ကို ခွင့်တိုင်ချင်ပါတယ်။

မကြာခင် အခြေအနေက အဆင်ပြေလာမယ်လို့ ကျွန်မ ယုံကြည်ပါတယ်…”

ကလိုင်း က အမှတ်တမဲ့ပဲ မထင်မရှား ပုံရိပ်တွေကို တစ်ချက်ကြည့်လိုက်ပါတယ်။

မြူခိုးတွေက အပြည့်ဖြစ်နေပြီး

ရေ‌တွေတလှုပ်လှုပ် ဖြစ်နေတဲ့ ရေချိုးကန်ကြီးတစ်ခုကို မြင်နေရပါတယ်။

မစ္စ တရားမျှတမှု က ရေချိုးတဘက်နဲ့ သူမခန္ဓာကိုယ်ကို ပတ်ထားတယ်။

ကလိုင်းက ချက်ချင်း အကြည့်လွဲလိုက်ပြီး

လူဇောက်ထိုး ရဲ့ ဆုတောင်းသံကို နားထောင်လိုက်တယ်။

သူ့ရဲ့ ပြောပုံက တရားမျှတမှု နဲ့ မတူပေမဲ့

ဆုတောင်းတာက တူတူပဲဖြစ်ပါတယ်။—

ချီလုံဂို့စ် သေဆုံးမှုရဲ့ နောက်ဆက်တွဲကြောင့် စုဝေးပွဲကနေ ကို ခွင့်တိုင်ချင်တာဖြစ်ပါတယ်။

ကလိုင်း က ခေါင်းအနည်းငယ် ငြိမ့်လိုက်ပြီး

တစ်ယောက်ချင်းစီကို တုံ့ပြန်လိုက်ပါတယ်—

“ငါနားလည်ပြီ။”

နောက်ပြီး နေမင်း ကို ကိုယ်စားပြုတဲ့ အနီရောင်ကြယ်ကို သတင်းလှမ်းပို့လိုက်တယ်—

“လာမယ့် စုဝေးပွဲ ကို ယာယီ ဖျက်သိမ်းလိုက်ပြီ"

…

ငွေရောင် မြို့‌တော်။

ဒဲရစ် ဘာ့ခ် က လေ့ကျင့်ရေးကွင်းထဲမှာ အာရုံစိုက်နေပါတယ်။

သူ့ခေါင်းပေါ်က ကောင်းကင်က အမှောင်ထုအပြည့်ဖြစ် နေပြီး

တစ်ခါတစ်ရံ မိုးခြိမ်းသံတွေ ထွက်လာတတ်တယ်။

ရုတ်တရက် သူ့ရှေ့ကမြင်ကွင်းက ဝေဝေဝါးဝါး ဖြစ်သွားပြီး

မီးခိုး ရောင် မြူခိုး တွေအများကြီးနဲ့ လူ့ဘီလူကြီးတစ်ကောင်ရဲ့ အိမ်လို ကြီးမားခမ်းနားတဲ့ ရှေးဟောင်း နန်းတော်ကြီး တစ်ခုကို မြင်လိုက်ရတယ်။

မီးခိုး ရောင်မြူခိုးအတွင်းမှာ ထိုင်နေတဲ့ မစ္စတာ အရူး ကိုမြင်လိုက်ရတယ်။

“လာမယ့် စုဝေးပွဲ ကို ယာယီ ဖျက်သိမ်းလိုက်ပြီ”

အသံက လွှမ်းမိုးမှု ရှိသလို ကြားလိုက်ရပေမဲ့

မြင်ကွင်းက ချက်ချင်း ပုံမှန် ပြန်ဖြစ်သွားတယ်။

ဒါမျိုးအဖြစ်အပျက်ကို ဒဲရစ်က မအံ့ဩတော့ပါဘူး။

စုဝေးပွဲ တိုင်း မစခင် မစ္စတာ အရူး က ဒီလိုပဲ သူ့ကို ဆက်သွယ်လာတတ်လို့ပါ။

ဒဲရစ် က အမှတ်တမဲ့ သူ့အရှေ့မှာ

ရှိနေတဲ့ မိန်းမ တစ်ယောက်ကို ကြည့်လိုက်မိတယ်—

သူမကတော့ ငွေရောင် မြို့တော်ရဲ့ အကြီးအကဲ ခြောက်ယောက်ထဲက တစ်ယောက်ဖြစ်တဲ့

သိုးထိန်း ( ဇောက်ထိုးနတ်မင်း လမ်းစဉ် ဆုံမှတ် ၅) လိုဗီယာ။

သူမက မျက်နှာကို ပြုံးလိုက် ၊ အေး‌စက်စက် ဖြစ်‌ သွား လိုက် နဲ့ အမြဲတမ်းပြောင်းလဲနေတဲ့ ကြောက်စရာကောင်းတဲ့ သာလွန်သူတစ်ယောက် ဖြစ်ပါတယ်။။

လေ့ကျင့်ရေးကွင်းထဲက လူငယ်တွေကို

မကြာခင် ကင်းလှည့်တပ်ထဲ ဝင်ရမယ်၊

အနီးအနားက အမှောင်ထု သတ္တဝါတွေကို ရှင်းပစ်ရမယ်လို့ မှာကြားနေပါတယ်။

အဲဒီအချိန်ကျရင်တော့ လေ့ကျင့်ရေးကွင်းဆင်းတာနဲ့တူမှာ မဟုတ်တော့ပါဘူး။

*"အကြအကဲ လိုဗီယာက ဘာမှ သတိမထားမိလိုက်ဘူးထင်တယ်…"*

"*သူမက ပိုပိုပြီး ထူးဆန်းလာနေသလိုပဲ"*

*" သူမ ဝါးမျိုလိုက်တဲ့ ဝိညာဉ်တွေထဲမှာ ဆုံမှတ်မြင့် သာလွန်သူ တစ်ယောက် ရဲ့ မကောင်းဆိုးဝါး ဝိညာဉ်တစ်ခုပါလာလို့ များလား…"*

လို့ ဒဲရစ်က တွေးလိုက်တယ်။

…

ကလိုင်း က မီးခိုးရောင်မြူခိုးကမ္ဘာထဲကနေ အိပ်ခန်းထဲကို ပြန်လာပြီး

အိပ်ရာပေါ် ပစ်လှဲလိုက်တာနဲ့ သူက ချက်ချင်း အိပ်ပျော်သွားတယ်။

သူက ဒီရက်ပိုင်းမှာ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေကို အိမ်မက်ထဲမှာ ပြန်မြင်နေရတယ်။

ရုတ်တရက်

တစ်ယောက်ယောက်က သူ့ကို လှုပ်နိုးနေသလို ခံစားလိုက်ရပြီး သူက

အိပ်ရာထဲကနေ လန့်နိုးလာတယ်။

မျက်လုံးဖွင့်လိုက်တော့

အဖြူရောင် အရိုးစုလက်ကြီး တစ်ခုကို မြင်လိုက်ရတယ်။ အဲဒီလက်က ခဏ ရပ်တန့်သွားပြီး

စာတစ်စောင်ကို အိပ်ရာပေါ်မှာပစ်ချလိုက်တယ်။

ပြီးတော့ လေထဲမှာ ပျောက်ကွယ်သွားတယ်။

မစ္စတာ အက်ဇစ် ရဲ့ အကြောင်းပြန်စာ…

ကလိုင်း က မျှော်လင့်ချက်အပြည့်နဲ့စာကို အလျင်အမြန် ကောက်ယူလိုက်တယ်။

All Chapters