← Chapters

သန္ဓေပြောင်း

Vol. 21 Ch. 203

သန္ဓေပြောင်း

Vol. 21 Ch. 203

မျှော်လင့်နေသလိုလို စိုးရိမ်နေသလိုလို ခံစားချက်နှစ်မျိုး ရောထွေးနေရင်း ကလိုင်းက စာကို ဖွင့်လိုက်သည်။ ထို့နောက် မစ္စတာ အေဇစ်(Mister Azik) ရဲ့ ပြန်စာကို စတင်ဖတ်လိုက်သည်။

“… မင်းပြောပြထားတဲ့ အခြေအနေကို အခြေခံပြီး ဖြစ်နိုင်ချေ တချို့ကို ငါ စဉ်းစားကြည့်လိုက်တယ်။ အဲ့ဒီလို စဉ်းစားရင်းနဲ့ သွေးစုပ်ဖုတ်ကောင် နဲ့ သန္ဓေပြောင်း တွေအကြောင်းကိုလည်း ငါမှတ်မိလာခဲ့တယ်။

“သဘာဝ အတိုင်း ရှိတဲ့ သွေးစုပ်ဖုတ်ကောင်တွေဆိုတာ ကမ္ဘာ့သမိုင်းရဲ့ မျက်နှာစာပေါ်က နဂါးတွေ၊ ဘီလူးတွေ မဆုတ်ခွာသွားခင်ကတည်းက မျိုးတုန်းသွားလောက်အောင် နည်းပါးခဲ့ပြီးသား။ နောက်ပိုင်း သူတို့ကို တခါတလေမှ တွေ့ရတာပဲ ရှိတော့တယ်။ လူတွေရဲ့ ပုံပြင်ဒဏ္ဍာရီတွေထဲမှာ ပြောနေကြတဲ့ သွေးစုပ်ဖုတ်ကောင်တွေနဲ့ ငါတို့ပုံမှန် ပြောနေကြတဲ့ သွေးစုပ်ဖုတ်ကောင်တွေဆိုတာက တကယ်တော့ သာလွန်သူတွေနဲ့ တူတူပဲ။ အဲ့ဒီ သာလွန်သူ လမ်းစဉ် တစ်ခုရဲ့ ဆုံမှတ် ဆေးရည်နာမည်က ‘သွေးစုပ်ဖုတ်ကောင်’ လို့ ခေါ်တယ်ဆိုတာကို ငါ မှတ်မိနေသေးတယ်။

“မင်းရဲ့ အထက်လူကြီးက အခု စိတ်လွတ်လုနီးပါး အခြေအနေဖြစ်နေပြီဆိုရင် ဖြစ်နိုင်တာက အခြား လမ်းစဉ် တစ်ခုက ဆေးရည်တစ်မျိုးကို မှားယွင်း သောက်သုံးမိခဲ့တာ ဖြစ်နိုင်ချေများတယ်။ လမ်းစဉ် မတူတဲ့ ဆေးရည် နှစ်မျိုးကို ရောသောက်မိရင် ရူးလုနီးပါး အခြေအနေ ဖြစ်သွားနိုင်တာက မလွဲမသွေပဲ။ ထာဝရည လမ်းစဉ် …မင်း သိထားတဲ့နာမည်နဲ့ဆိုရင် တော့ အိပ်စက်ခြင်းမဲ့ လမ်းစဉ် ပေါ့ ။အဲ့ဒီ လမ်းစဉ်ဟာ ဆုံမှတ်မြင့် တဲ့အဆင့်တွေမှာဆိုရင် သေခြင်း လမ်းစဉ် ၊ ဆည်းဆာဘီလူး လမ်းစဉ် နဲ့ အပြန်အလှန် ကူးပြောင်းလို့ရတယ်လို့ ငါ သေချာ မှတ်မိတယ်။ ဒါပေမဲ့ ထာဝရ ညလမ်းစဉ်ကနေ သွေးစုပ်ဖုတ်ကောင် လမ်းစဉ်ကိုတော့ ပြောင်းလို့ရတယ်လို့ မရှိဘူး။

“ဒါပေမဲ့ မင်းရဲ့ အထက်လူကြီးက သူ ကိုယ်တိုင် လိုလိုလားလားလက်ခံပြီး ဆေးရည်ကို သောက်ခဲ့တာလည်း ဖြစ်နိုင်တယ်။ သွေးစုပ်ဖုတ်ကောင်တွေဆိုတာ အသက်ရှည်တယ်၊ ကိုယ်ခံအား အလွန်ကောင်းတယ်၊ ရုပ်ရည်လည်း လှတယ်။ ဒီအကျိုးကျေးဇူးတွေနဲ့ နှိုင်းယှဉ်ကြည့်ရင် စိတ်လွတ်လုနီးပါး အခြေအနေကိုလက်ခံလိုက်တာက ပြန်ရတာနဲ့တန်လို့ ထင်ရတယ်…”

စာကို ဖတ်ပြီးပြီးချင်း ကလိုင်းဟာ တုန်လှုပ်သွားခဲ့တယ်။ မစ္စတာ အေဇစ်က ဒီလောက်အထိ အသေးစိတ်ကျတဲ့ အချက်အလက်တွေ ပေးမယ်လို့ သူက မထင်ထားခဲ့ဘူး။

*"သေခြင်း လမ်းစဉ် ကို အလောင်းကောက်သမား လမ်းစဉ် လို့လည်း ခေါ်ကြတယ်။ အဲဒီ လမ်းစဉ်က အိပ်စက်ခြင်းမဲ့ လမ်းစဉ် (ထာဝရ ည လမ်းစဉ်) နဲ့ ဆုံမှတ်မြင့် အဆင့်တွေမှာ ကူးပြောင်းလို့ ရနိုင်တယ်ဆိုတာကို အင်ပါယာ ရိုဇယ်လ်ရဲ့ ဒိုင်ယာရီထဲမှာ ငါ ဖတ်ဖူးထားပြီးသား။ ဒါပေမဲ့ ဆုံမှတ် ၄ အထက်ကနေ စပြီး ထာဝရည လမ်းစဉ်ကနေ ဆည်းဆာ ဘီလူးလမ်းစဉ် ကိုပါ ကူးပြောင်းလို့ရတယ်ဆိုတာကတော့.......

ဆည်းဆာ ဘီလူး လမ်းစဉ် ဆိုတာက ငွေရောင်မြို့တော် က ပိုင်ဆိုင်ထားတဲ့ လမ်းစဉ်ဖြစ်ပြီး၊ ယနေ့ခေတ် တိုက်ခိုက်ရေး နတ်မင်း ရဲ့ လမ်းစဉ်လည်း ဖြစ်တယ်… ဘီလူးဘုရင် အော်မီရ် က ရှေးဟောင်း တိုက်ခိုက်ရေး နတ်မင်း ဖြစ်နိုင်တယ်လို့ ငါ အမြဲတမ်း ထင်ထားခဲ့တာ....."*

*"ဟုတ်သားပဲ… ရိုဇယ်လ်ရဲ့ ဒိုင်ယာရီထဲမှာ ထာဝရည နတ်ဘုရားမ ရဲ့ ဘုရားကျောင်း နဲ့ တိုက်ခိုက်ရေး နတ်မင်း ရဲ့ ဘုရားကျောင်းဟာ ကမ္ဘာ့ ရန်တွေ ဖြစ်ကြတယ်လို့ ရေးထားတယ်… ဒီလို မတည့်ကြတာဟာ သူတို့ရဲ့ လမ်းစဉ်တွေက ဆုံမှတ်မြင့် အဆင့်တွေမှာ အပြန်အလှန် ကူးပြောင်း နိုင်တာကြောင့် များလား?"*

*"ဒီလို ဆက်စပ်ပြီး စဉ်းစားမယ်ဆိုရင် အခြား ရှေးဟောင်း ဘုရားကျောင်း သုံးခုဖြစ်တဲ့

မုန်တိုင်း အရှင် ဘုရားကျောင်း, ထာဝရ တောက်လောင် နေသော နေမင်း ဘုရားကျောင်း, ဉာဏ်ပညာနဲ့ ဗဟုသုတ နတ်မင်း ဘုရားကျောင်း တွေ က အမြဲတမ်း တစ်ခုနဲ့တစ်ခု ရန်စောင် နေကြတဲ့ အကြောင်းရင်းကိုပါ သိရပြီ။ အကြောင်းကတော့ သင်္ဘောသား လမ်းစဉ်, ကဗျာစာဆို လမ်းစဉ်, စာဖတ်သူ လမ်းစဉ် တို့က ဆုံမှတ်မြင့် အဆင့်တွေ ရောက်ရင် ကူးပြောင်းလို့ရနိုင်တာမလို့ပဲ!"*

*"ဟုတ်တယ်… ပြီးခဲ့တဲ့ စတုတ္ထခေတ် အဆုံးပိုင်း၊ ဆုတ်ယုတ်‌လာ‌သောကာလ အတွင်းမှာ သေခြင်း နတ်မင်း ကျဆုံးသွားတာက ထာဝရည နတ်ဘုရားမ နဲ့ တိုက်ခိုက်ရေး နတ်မင်း တို့ရဲ့ လက်ချက် ကြောင့်ဖြစ်နိုင်တယ်…"*

(ကလိုင်းတို့ ခေတ်က ပဉ္စခေတ်ပါ၊ စတုတ္ထခေတ်ကို ဆုတ်ယုတ်လာသော ကာလ လို့လည်း ခေါ်ကြပါတယ်)

*"ကပ္ပတိန်ကတော့ ပုံမှန် ကြည့်ရင် အားလုံးကောင်းတယ်၊ မေ့တတ်တာကလွဲရင် စိတ်လွတ်လောက်မယ့် အခြေအနေ လက္ခဏာ မရှိဘူး။ ဒါဆိုရင် သူက မစ္စတာအေဇစ်ခန့်မှန်းသလို သွေးစုပ်ဖုတ်ကောင် (လမင်း လမ်းစဉ် ဆုံမှတ် ၇) ဆေးရည် သောက်ထားတာတော့ မဖြစ်နိုင်ဘူး!"*

*"မစ္စတာ အေဇစ်က ဒီနောက်ပိုင်း သာလွန်သူတွေနဲ့ဆိုင်တဲ့ အရာတွေ အများကြီးကို ပြန်မှတ်မိလာတယ်… ဖြစ်နိုင်တာက ဘယင်္ကရ ဘောဇက လက်အိတ် က သူ့မှတ်ဉာဏ်တွေပြန်ရအောင် တကယ် လှုံ့ဆော်ပေးနိုင်ခဲ့တာလား?"*

ကလိုင်းက ခေါင်းညိတ်ပြီး စာကို ဆက်ဖတ်လိုက်တယ်။

(ဘယင်္ကရ ဘောဇက လက်အိတ်ဆိုတာကတော့ Creeping Hunger ဖြစ်ပါတယ်။ဆရာ သော်ထက်ဇင်က ငဆာမွတ် လို့ နာမည်ပေးခဲ့ပါတယ်။ ကျတော်ကတော့ ပါဠိ လိုနာမည်က cool ဖြစ်မယ်ထင်လို့ ပြောင်းလိုက်ပါပြီခင်ဗျာ။ ဒီလက်အိတ်က နယ်စားကြီး နိုင်ဂန်ကို လုပ်ကြံဖို့ ကြိုးစားခဲ့တဲ့ ပင်လယ်ဓားပြချီလုံဂို့စ်ရဲ့ လက်အိတ်ဖြစ်ပါတယ်။ ဒီလက်အိတ်ရဲ့အစွမ်းက ဇောက်ထိုးနတ်မင်း လမ်းစဉ်ရဲ့ ဆုံမှတ် ၅ သိုးထိန်း နဲ့တူပါတယ်။ဘေးထိုးဆိုးကျိုးကတော့ တခါသုံးပြီးတိုင်း လူတစ်ယောက် ကျွေးရပါတယ် ။မကျွေးရင် ဝတ်ထားတဲ့လူကို ဝါးမျိုတတ်ပါတယ်)

“သ‌န္ဓေပြောင်း ဆိုတာက သတ္တဝါ တစ်မျိုးရဲ့ သီးသန့်မျိုးစိတ် နာမည် မဟုတ်ဘူး။ ပုံစံတူတဲ့ သတ္တဝါတွေကို ဖော်ပြတဲ့ စကားလုံးတစ်မျိုးပဲ ဖြစ်တယ်။ ပုံမှန် အခြေအနေမှာ သူတို့က သာမန် လူသားနဲ့ တူတယ်။ ဒါပေမဲ့ သူတို့ရဲ့ နှလုံးသားထဲမှာ မွေးရာပါ ဖိနှိပ်ခံထားတဲ့ ပုံမှန် မဟုတ်တဲ့ ဆန္ဒတစ်ခု ရှိတယ်။ အချို့သော အခြေအနေ၊ သို့မဟုတ် အရာဝတ္ထုတစ်ခုခုနဲ့ ထိတွေ့မိတဲ့အခါကျရင် အဲဒီ ဆန္ဒက ပေါက်ကွဲထွက်လာကာ သွေးဆာတာ နဲ့ လူသတ်ချင်တဲ့ ဆန္ဒတွေက လွှမ်းမိုးသွားပြီး မကောင်းဆိုးဝါးတွေ ဖြစ်သွားတယ်။

“ ပြီးသွားတဲ့အခါကျရင် သူတို့က နဂို ပုံမှန်အခြေအနေကို ပြန်ရောက်သွားတယ်။ ဒါပေမဲ့ စိတ်ဆန္ဒ တွေ ပေါက်ကွဲလာတဲ့ အကြိမ်တိုင်း အကြိမ်တိုင်းမှာ သူတို့ဟာ ပိုပြီး ရက်စက်လာတတ်ပြီး ခံစားချက် ကင်းမဲ့လာတတ်တယ်။ နောက်ဆုံးတော့ သူတို့ရဲ့ စိတ်တွေ အပြည့်အဝ ရူးမသွားခင်အထိ အဲ့ဒီလို အရာတွေက ဆက်ပြီး ဖြစ်လာလိမ့်မယ်။”

“သ‌န္ဓေပြောင်း ကောင်တွေနဲ့ ပတ်သတ်ပြီး ငါ မှတ်မိတဲ့ ဥပမာတစ်ခုဆိုရင် သမန်းဝံပုလွေ (ချည်နှောင်ခြင်း လမ်းစဉ် ဆုံမှတ် ၇) ရှိမယ်။ သူတို့က လူသား တွေနဲ့ အများအားဖြင့် တူညီပြီး သာလွန်သူ အများစု တောင် သူတို့ကို မခွဲတတ်ဘူး။ ဒါပေမဲ့ လပြည့်ညရောက်လာတဲ့အခါ ကျရင် သူတို့ရဲ့ မူမမှန်တဲ့ဆန္ဒတွေ က ပြင်းထန်လာပြီး ခန္ဓာကိုယ်ပုံသဏ္ဌာန်ပါ ပြောင်းလဲသွားတယ်။"*

“မင်းရဲ့ အထက်လူကြီးက သ‌န္ဓေပြောင်း ဖြစ်လာနိုင်တဲ့အလားအလာရှိတယ်။ မင်းရဲ့ လုပ်ဖော်ကိုင်ဖက် သေဆုံးမှုက သူ့ရဲ့ တကယ့် သန္ဓေပြောင်း သဘောသဘာဝကို လှုံ့ဆော်ပေးလိုက်တာ ဖြစ်နိုင်တယ်။"

“ဒါတွေက ငါ့ရဲ့ ကိုယ်ပိုင် ခန့်မှန်းချက်တွေပါ။ ငါက မှတ်ဉာဏ် အပြည့်အဝ ပြန်မရသေးတဲ့အတွက် အခြား ဖြစ်နိုင်ချေတွေ မရှိဘူးလို့တော့ အာမ မခံနိုင်ဘူး။ မင်း ပြောခဲ့သလို စိတ်လွတ်မယ့် လက္ခဏာ လည်း ဖြစ်‌နေနိုင်တယ်။"

“သူက သွေးစုပ်ဖုတ်ကောင် (လမင်း လမ်းစဉ် ဆုံမှတ် ၇) ဆေးရည် သောက်ထားတာဖြစ်ဖြစ်၊ သန္ဓေပြောင်း ဖြစ်နေတာဖြစ်ဖြစ် ကယ်တင်ဖို့တော့ မဖြစ်နိုင်ဘူး။ လူအများစုကတော့ သန္ဓေ ပြောင်း တွေ ဆိုတာ မူလတုန်းက သာမန် လူသားတွေဖြစ်ပြီး ထူးဆန်းတဲ့ ကျိန်စာတစ်ခု ဒါမှမဟုတ် မကောင်းတဲ့ နတ်ဆိုးတစ်ပါးရဲ့ ဖျက်စီးခြင်း ကြောင့် တချို့အခြေအနေတွေမှာ

မ‌ကောင်းဆိုးဝါး တွေ ဖြစ်သွားကြတာလို့ ယူဆကြတယ်။"*

“သူကနေ စိတ်လွတ်တော့မယ့် လက္ခဏာတွေပြလာတဲ့ အချိန်ကျရင် သူ့ကို ကယ်နိုင်မလားဆိုတာကလည်း မသေချာဘူး။ ဒါကြောင့် မင်းတို့ ကပ္ပတိန်ရဲ့ အထက်လူကြီးရဲ့ အထက်က အရာရှိဆီကို တိုက်ရိုက် တင်ပြပြီးတော့ ကယ်လို့ရသေးလား ဆိုပြီးမျှော်လင့်ရမှာပဲ”

ကလိုင်းက စာကို စားပွဲပေါ် တင်လိုက်ပြီး သူ့မျက်နှာက လေးနက်နေကာ အတွေးထဲ မျောနေတယ်။

*"ကပ္ပတိန်က သန္ဓေပြောင်းဖြစ်နိုင်တယ် ဆိုတဲ့ သီအိုရီက အလွန် ဖြစ်နိုင်ချေရှိတာကို သူ ဝန်ခံရမည်ဖြစ်သော်လည်း၊ စိတ်လွတ်ကာ ရူးတော့မယ့် ရှေ့ပြေးလက္ခဏာ ဖြစ်နိုင်ခြေကိုလည်း ပယ်လို့မရပေ။

အခုတော့ မဒမ် ဒေလီ ရဲ့ ပြန်စာကို စောင့်ရုံပဲ ရှိ‌ တော့တယ်… ရှေ့နှစ်ညတုန်းက စာပို့ထားတာဆိုတော့ မနေ့က မနက်တုန်းက သူမက စာကို ရပြီးလောက်ပြီ… ချက်ချင်းစာ ပြန်ရင် မနေ့ကည ဒါမှမဟုတ် ဒီမနက်မှာ စာကရောက်သင့်နေပြီ… အခုတောင် မွန်းတည့်ခါနီးနေပြီ…စာပို့သမားက ချန်းနစ်တံခါး နားကို မဝင်ရဲတာလား၊ ဒါမှမဟုတ် မဒမ် ဒေလီက အလုပ်ကိစ္စတစ်ခုခုနဲ့ မအားမလပ်ဖြစ်နေတာလား…"*

ကလိုင်းက ခေါင်းယမ်းလိုက်တယ်။ သူ မောပန်းနေသေးတာကြောင့် ဈာန်ဝင်စားခြင်း ကို သုံးပြီး ကိုယ့်ကိုယ်ကို အိပ်ပျော်အောင် လုပ်လိုက်တယ်။

ဝိုးတဝါးအိပ်မက်ကမ္ဘာထဲမှာ ကလိုင်းဟာ ရုတ်တရက် သတိပြန်ဝင်လာခဲ့တယ်။ သူ အိပ်မက် မက်နေတယ်ဆိုတာကို သူသတိထားမိသွားတယ်။

အဲဒီအချိန်မှာပဲ အနက်ရောင် လေကာ ဂျက်ကတ်ဝတ် ဝတ်ထားတဲ့ ဒန်းမစ် ကို သူ့ရှေ့မှာ တွေ့လိုက်ရသည်။

ပုံမှန် အိပ်မက်ထဲမှာလိုပဲ ကလိုင်းက အနည်းငယ် တုံ့ဆိုင်းပြီး နှုတ်ဆက်လိုက်တယ်—

“မင်္ဂလာပါ… ကပ္ပတိန်…”

ဒန်းက ခေါင်းနည်းနည်းညိတ်ပြီး ပြောလိုက်တယ်—

“ လန်နီးဗက်စ် အမှုကို စုံစမ်းနေတဲ့အချိန်တုန်းက လန်နာ့ဒ်က သဲလွန်စ တစ်ခု ရှာတွေ့ခဲ့တယ်။ မင်းရဲ့ အကူအညီ လိုနေတယ်။ မြင့်မြတ်သော ဘုရားကျောင်းတော်က ပို့လိုက်တဲ့ ဂမ္ဘီရ စုပ်စုစိန် (ရသေ့ လမ်းစဉ် ဆုံမှတ် ၉) ကတော့ ရထား ချို့ယွင်းမှုကြောင့် မနက်ဖြန် မနက်မှ ရောက်မယ်।”

“ကောင်းပါပြီ…” ကလိုင်းက အိမ်မက် ဆန်ဆန်အသံ ခပ်မျောမျောနဲ့ ပြန်ပြောလိုက်သည်။

ဒန်းက အနည်းငယ် စဉ်းစားပြီး ဆက်ပြောလိုက်သည်—

“ဇိုးတလန်လမ်းကို ပြန်လာဖို့ မလိုဘူး။ ဟောင်းစ် လမ်း အမှတ် ၆၂ ကို တိုက်ရိုက် သွားလိုက်။ လန်နာ့ဒ်က အဲဒီမှာ စောင့်နေလိမ့်မယ်။ အပင်ပန်းခံလိုက်ပါဦး…”

သူ့စကား ဆုံးသွားတဲ့အခါ အိပ်မက်က ပြိုကွဲသွားပြီး ကလိုင်းက အလိုအလျောက် မျက်လုံးကို ဖွင့်လိုက်တယ်။

ဟောင်းစ် လမ်း… အဲဒီနေရာက ငါ့ရဲ့ ဗေဒင်ဟောကလပ် ရှိတဲ့ နေရာပဲ ၊ အဲ့ဒီလမ်းက ကျောင်းသားဘဝတုန်းက မိတ်ဆွေ ဝဲလ်ခ်ျ နဲ့ အော်ရိုရာ အမိန့်တော် အဖွဲ့ဝင် တစ်ယောက် နေခဲ့တဲ့ နေရာမဟုတ်လား… နောက်ပိုင်း ကြုံရတဲ့ဖြစ်ရပ်တွေက တစ်ခုပြီးတစ်ခု ဆက်တိုက် ဖြစ်နေပြီး တစ်ခုခုဆီကို ဦးတည်သွားနေသလိုပဲ…

ကလိုင်းက ဖြည်းဖြည်းချင်း ထလိုက်တယ်။ရေချိုးခန်းထဲမှာ မျက်နှာသစ်ပြီးနောက် အဖြူရောင် အင်္ကျီ၊ အညိုရောင် ဗက်စ်၊ အနက်ရောင် လေကာဂျက်ကတ် ကို ဝတ်လိုက်တယ်။ ထို့နောက် ဦးထုပ်ယူပြီး ဧည့်ခန်းထဲကို ဆင်းသွားတယ်။

နေ့လည် ၁၁ နာရီ မထိုးသေးဘူး။ ဘန်ဆန်နဲ့ မလီဆာကလည်း အိမ်ပြန်မလာသေးဘူး။ ကလိုင်းက ဘယ်လာ ကို သူ အပြင်သွားမယ်လို့ ပြောလိုက်ပြီး သူ့အတွက် နေ့လယ်စာ မပြင်ပေးလည်း ရတယ်လို့ အသိပေးလိုက်တယ်။

ထို့နောက် လူစီးလှည်းတစ်စီးဌားပြီး ဟောင်းစ် လမ်းကို သွားခဲ့တယ်။ အဆောက်အဦး အမှတ် ၆၂ ရဲ့ ရှေ့မှာ ရှုပ်ပွနေတဲ့ဆံပင် ပုံစံနဲ့ သန်းခေါင်ယံ ကဗျာဆရာ (အမှောင်ထု လမ်းစဉ် ဆုံမှတ် ၈) — လန်နာ့ဒ် မစ်ချယ် ကို တွေ့လိုက်ရသည်။ သူ့ဆံပင်က သဘာဝအတိုင်း ရှုပ်ပွနေတာတောင် ကြည့်ကောင်းနေပါတယ်။

စက်တင်ဘာလရဲ့ အေးမြတဲ့ ရာသီမှာတောင် လန်နာ့ဒ်က ပါးလွှာတဲ့ အဖြူရောင် အင်္ကျီကိုပဲ ဝတ်ထားပြီး အညိုဖျော့ဖျော့ ဘောင်းဘီနဲ့ တွဲဖက် ဝတ်ဆင်ထားပါတယ်။ အစိမ်းရောင် မျက်လုံးတွေနဲ့ ကလိုင်းဘက်ကို သူက လှည့်ကြည့်လိုက်တယ်။

“ဒီအဆောက်အဦးက လန်နီးဗက်စ် ကိုယ်တိုင် နာမည်လွှဲ နဲ့ ငှားထားတဲ့ နေရာ ဖြစ်နိုင်တယ်လို့ ငါ ထင်တယ်။”

“မင်း ဘယ်လိုလုပ် သိတာလဲ?”

ကလိုင်းက စိတ်ဝင်စားစွာ မေးလိုက်တယ်။

လန်နာ့ဒ် က သူ့ ခေါင်းကို လက်ညှိုးထိုးပြလိုက်တယ်။

“မင်း ဟုဒ် အဲဂန် ဆီကနေ သဲလွန်စ တစ်ခုရပြီး လန်းနီးဗက်စ် က အော်ရိုရာ အမိန့်တော် ရဲ့ အဖွဲ့ဝင် တစ်ယောက်ဖြစ်တဲ့ အထည်လိပ် ကုန်သည် ဆီးရီးရက်စ် အာရပ်ပစ်စ် နဲ့လည်း ဆက်စပ်နေနိုင်တယ်လို့ မင်းက ခန့်မှန်းခဲ့တုန်းက ငါလည်း ပုံမှန် စုံစမ်းကြည့်တာတွေက ဘာမှ အဖြေ မထွက်လာတော့ ငါ့ရဲ့ စဉ်းစားပုံကို ပြောင်း လိုက်တယ်။ အဲ့ဒါနဲ့ အော်ရိုရာ အမိန့်တော်နဲ့ ပတ်သတ်ပြီး စတင်စုံစမ်းလိုက်တယ်။

အရင်က အစီအရင်ခံစာတွေအရ ဆိုရင် ဆီးရီးရက်စ် က ဟောင်းစ် လမ်းထဲ မှာ နေထိုင်တဲ့သူတွေ အများကြီးနဲ့ ရင်းနှီးခဲ့တယ်လို့ ရေးထားတယ်။ ဒါနဲ့ အဲဒီနေရာမှာနေတဲ့ လူတိုင်းကို စစ်ဆေးကြည့်လိုက်တဲ့အခါ ဒီအိမ်က တစ်ခုခု မူမမှန်တာကို တွေ့ရတယ်။”

“ဘယ်လို မူမှန်တာလဲ” ကလိုင်း က မေးလိုက်တယ်။

လန်နာ့ဒ် က မျက်ခုံးပင့်လိုက်တယ်။

“အရမ်းရှင်းတဲ့ ကိစ္စပါပဲ။ ဒီအိမ်မှာ နေတဲ့ အိမ်ဌားက တခါတလေမှ ပေါ်လာတတ်တယ်။ ဟန်နက်စ် ဗင်းဆင့် သေပြီးတဲ့နောက်ပိုင်း တောင်ပိုင်း ကုန်းမြေတိုက်ကြီး မှာစီးပွားရေး သွားလုပ်မယ်လို့ ပြောပြီး ပြန်မလာတော့ဘူး။ အချက်အလက်တွေအရဆိုရင် ဒီကိစ္စက အရမ်းယုတ္တိရှိပြီး အရပ်ဘက် ရဲဌာနဘက်ကလည်း ဘာမှ သံသယဝင်စရာ မတွေ့ခဲ့ဘူး။”

“ဒါဆိုရင် တိုက်ဆိုင်မှုတစ်ခုလောက်ပဲ ဖြစ်နိုင်မယ်” ကလိုင်း က မျက်ခုံးတွန့်လိုက်တယ်။

“ဟုတ်တယ်၊ တိုက်ဆိုင်မှုတစ်ခုပါပဲ။ ဒါပေမယ့် ဒီအနီးအနားမှာ နေတဲ့ လူတွေကို လန်နီးဗက်စ် ရဲ့ ဓာတ်ပုံ ကိုပြကြည့်လိုက်တဲ့အခါ အသက်ကြီးတဲ့ အဘိုးတစ်ယောက်က နံပါတ် ၆၂ မှာ နေတဲ့ လူနဲ့ တော်တော်ဆင်တူတယ်လို့ ပြောတယ်။ မတူတာဆိုလို့ မျက်မှန်ပဲတဲ့” လို့ လန်နာ့ဒ်ပြောပြီး အိတ်ထဲက အဖြူအမည်း ဓာတ်ပုံတစ်ပုံကို ထုတ်ပြတယ်။

*"အစောကြီးကတည်းက လိုရင်းကို ပြောလေကွာ ...."* လို့ ကလိုင်း က စိတ်ထဲမှာ အပြစ်တင်လိုက်တယ်။

ကလိုင်း နဲ့ လန်နာ့ဒ်တို့က ၆၂ ဟောင်းစ် လမ်း ကို ဝင်သွားကြပြီး လန်နာ့ဒ်ရဲ့ တောင်းဆိုချက်အရ ကလိုင်း က ဒီအဆောက်အအုံထဲမှာ လျှို့ဝှက်ခန်း ဒါမှမဟုတ် လျှိူ့ဝှက် နေရာ တစ်ခု ရှိလား မရှိလား ဆိုတာ သိနိုင်ဖို့ စတင် နိမိတ်ကောက်လိုက်တယ်။

ရလာတဲ့အဖြေကတော့ — ရှိတယ်။

“ဒီအဆောက်အအုံထဲမှာ လျှိူ့ဝှက် အခန်း ဒါမှမဟုတ် လျှိူ့ဝှက် နေရာ တစ်ခု ရှိနေတယ်။”

ကလိုင်း က နောက်ထပ် နိမိတ်ကောက်မယ့် စာကြောင်း တစ်ကြောင်းကို ချရေးလိုက်ပြီး ဆိုဖာပေါ်မှာ ထိုင်ကာ မျက်လုံးပိတ်ပြီး အဲဒီ စာကြောင်း ကို ဆက်တိုက် ရွတ်ဆိုလိုက်တယ်။

ခုနစ်ကြိမ်ပြီးတဲ့အခါ ကလိုင်း က ဈာန်ဝင်စားပြီး အိပ်မက်ထဲကို ဝင်သွားတယ်။အိမ်မက်ထဲက သူ့ မြင်ကွင်းဟာ မရှင်းလင်းဘူး။ အဲ့ဒီ မရှင်းလင်းတဲ့ ကမ္ဘာထဲမှာ ကလိုင်း က သစ်သား စာအုပ်စင်တစ်ခုကို မြင်ရတယ်။ စာအုပ်တွေ ကို အတန်းလိုက် စီထားတာကိုလည်း မြင်ရတယ်။စာအုပ်စင်ပေါ်က စာအုပ်တစ်အုပ်ကို ယူလိုက်တဲ့အခါ စာအုပ်စင် ဘေးက သစ်သားနံရံက ဖွင့်သွားပြီး လျှိူ့ဝှက် အကန့် တစ်ခု ပေါ်လာတာကို အိမ်မက်ထဲမှာ မြင်လိုက်ရတယ်။

အိမ်မက်ထဲ မြင်ကွင်းက လျင်မြန်စွာ ပျောက်ကွယ်သွားပြီး ကလိုင်း က မျက်လုံးဖွင့်လိုက်ကာ လန်နာ့ဒ်ကို ပြောလိုက်တယ်။

“စာကြည့်ခန်းထဲမှာရှိ။”

ကလိုင်း က ဥဿဖရား ချိန်သီး ကို လက်ကောက်လို ပတ်လိုက်ပြီး လန်နာ့ဒ်နောက်ကနေ စာကြည့်ခန်းထဲ ကို ဝင်သွားလိုက်တယ်။ အဲဒီမှာ သူ့အိပ်မက်ထဲမှာ မြင်ခဲ့တဲ့ စာအုပ်စင်ကို မြင်လိုက်ရတယ်။

“အဲဒီစာအုပ်ကို ဆွဲထုတ်လိုက်။ အဲဒီ စာအုပ်နောက်မှာ လျှိူ့ဝှက် အကန့်ကို ဖွင့်တဲ့ ခလုတ် ရှိတယ်” လို့ ကလိုင်း က ဘေးနားဆုံးက စာအုပ်ကို လက်ညှိုးထိုးပြလိုက်တယ်။

“ဒါဆို လျှိူ့ဝှက် အကန့်က ဒီမှာပဲရှိတာပေါ့… ငါ ဒီနေရာကို စစ်ကြည့်တုန်းက ဘာမှကို မတွေ့ခဲ့ဘူး။ အဲဒါကြောင့် ဇိုးတလန် လမ်းကို ပြန်ပြီး အကူအညီတောင်းရတာပဲ” လို့ လန်နာ့ဒ်က မကျေမနပ် ပြောရင်း စာအုပ်စင်ဆီ လျှောက်သွားလိုက်တယ်။ ပြီးတော့ ကလိုင်း ပြထားတဲ့ စာအုပ်ကို ဆွဲထုတ်လိုက်တယ်။

ဘေးနားပတ်လည်ကို စစ်ဆေးပြီးနောက် လျှိူ့ဝှက် အကန့် ကို ဖွင့်တဲ့ ခလုတ် ကို နောက်ဆုံးတော့ ရှာတွေ့သွားတယ်။

လျှိူ့ဝှက် အကန့်ထဲမှာ စာတစ်စောင်ဟာ တိတ်တဆိတ်စွာ ရှိနေတယ်။

စာတစ်စောင်လား? လန်နီးဗက်စ် က ဒီမှာ စာတစ်စောင်ကို ဖွက်ထားခဲ့တာလား? ကလိုင်း အတွက် အရမ်းထူးဆန်းသွားတယ်။

စာထဲမှာ အန္တရာယ်ရှိမရှိကို နိမိတ်ကောက်ကြည့်ပြီး မရှိဘူးဆိုတဲ့ အဖြေရမှ လန်နာ့ဒ်က စာကို ယူကာ ဘာသင်္ကေတ အမှတ်အသားမှမပါတဲ့ စာအိတ်ကို ဖွင့်လိုက်တယ်။

လန်နာ့ဒ်က စာအိတ်ထဲက စာကို ထုတ်ပြီး ဖြန့်လိုက်တယ်။

ကလိုင်း က ရှေ့ကို ကိုယ်အနည်းငယ် ကိုင်းပြီးစာထဲမှာ ဘာတွေရေးထားလဲဆိုတာကို လှမ်းကြည့်လိုက်တယ်။ သူ မြင်လိုက်ရတာက ပထမပိုဒ်ထဲက စာသားအချို့—

“ဟားဟားဟား၊ ဂုဏ်ယူပါတယ်ကွာ။ နောက်ဆုံးတော့မင်းတို့တွေ ဒီစာကို ရှာတွေ့သွားတဲ့အတွက် ဂုဏ်ယူပါတယ်!

ဒါက မင်းတို့က ဉာဏ်လည်းမနည်းသလို အရမ်းမနှေးဘူး ဆိုတဲ့ အဓိပ္ပါယ်ပဲ။ ငါ ကိုယ်တိုင်ဖန်တီးထားတဲ့ သေခြင်းရှင်ခြင်း ကစားပွဲထဲ ပါဝင်ဖို့ မင်းတို့က အရည်အချင်း ပြည့်မီတယ်။

အသက်မပြည့်ခင် သေဆုံးသွားရတဲ့ ကလေးလုပ်သားတွေ။ လုပ်ငန်းခွင် အခြေအနေကြောင့် စက်ရုံထဲ ဝင်ပြီး ဆယ်နှစ်တောင် မနေလိုက်ရခင် သေဆုံးသွားရတဲ့ စက်ရုံလုပ်သားတွေ။ လစာနည်းနည်းလေး နဲ့ ပြင်းထန်တဲ့ ရောဂါတွေကို ရင်ဆိုင်ရတဲ့ အမျိုးသမီးလုပ်သားတွေ။ အဲ့ဒီ စက်ရုံတွေကို ပတ်ပတ်လည်ဝိုင်းနေတဲ့ အမုန်းတရားတွေကို ငါ မြင်နေရတယ်။ အဲ့ဒီ လုပ်သားတွေရဲ့ အာဃာတ တွေက ပတ်ဝန်းကျင်ကို ဖိအားကြီးတစ်ခု ကျစေပြီး မှောင်မိုက်စေတယ်။ ဒီလိုအချိန်က အဆိုးဆုံးကာလဖြစ်သလို အကောင်းဆုံးဆိုလည်း ဟုတ်တယ်။ ငါတို့ရဲ့ ကစားပွဲကို ဒီလို နောက်ခံ အခြေအနေမျိုးမှာပဲ ကျင်းပမယ်။

စောက်ရူးတွေ၊ ပြင်ဆင်ထားကြ မင်းတို့ကို သဲလွန်စတစ်ခု ပေးတော့မယ်!”

All Chapters