ဧည့်သည်
Vol. 21 Ch. 204
ကလိုင်း နဲ့ လန်နာ့ဒ်တို့က စာရွက်ကို ဖတ်နေရင်းနဲ့ မျက်ခုံးပင့်ပြီး တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြတယ်။
နှစ်ယောက်လုံး မတော်တဆ တစ်ပြိုင်နက်တည်း အသံထွက်သွားတယ်—
“ဒီကောင် ရူးနေတာလား?”
“လန်နီးဗက်စ်က တိတ်တိတ်လေး ရူးနေတာလား?”
*" စိတ်ထင်ယောင်ထင်မှားနဲ့ စိတ်ကစဉ့်ကလျား ဖြစ်နေပြီး လူတောမတိုးတဲ့ စောက်ရူး '*… လို့ ကလိုင်း စိတ်ထဲမှာ တွေးလိုက်ရင်း သူ့စိတ်ထဲမှာ တစ်ချက် တင်းကြပ်သွားသလို ခံစားလိုက်ရတယ်။ သူက ချက်ချင်းပဲ စာကို ထပ်ဖတ်လိုက်တယ်။
“ဂုဏ်သရေရှိ လူကြီးမင်းများနဲ့ အမျိုသမီး အပေါင်းတို့ခင်ဗျာ သဲလွန်စကတော့ ထင်းဂန် မြို့ထဲမှာ ဗုံး တစ်လုံး ထားခဲ့တယ်ဆိုတာပဲ ဖြစ်ပါတယ်။ အချိန်ကြာလာလေလေ ပိုပြီး အင်အားကြီးလာမယ့် ဗုံး ပေါ့။
“အဲဒါကို ရှာပြီး မပေါက်ကွဲသွားခင် မောင်းတံ ရအောင်ဖြုတ်ပါ။ မင်းတို့ ကစားပွဲမှာ ရှုံးသွားရင် ဗုံး ပေါက်သွားပြီး၊ ထင်းဂန် တစ်မြို့လုံး ပျက်စီးသွားလိမ့်မယ်။ ငါ ဒီကိစ္စမှာ လုံးဝ လိမ်မပြောဘူးဆိုတာ ကို ယုံကြည်လိုက်ပါ။
“— သူ့မိတ်ဆွေတွေကို ပျော်စရာ အံ့သြမှုတွေ ပေးရတာကို နှစ်သက်တဲ့ လန်နီးဗက်စ်”
“ဗုံး လား?” ကလိုင်း က လန်နာ့ဒ်ကို ကြည့်ရင်း မယုံတယုံနဲ့ ခပ်တိုးတိုး ပြောလိုက်တယ်။
လန်နာ့ဒ်က စာကို နေရောင်အောက်မှာ ထောင်ကြည့်ပြီး လှန်လိုက်တယ်။ ဒါပေမယ့် နောက်ထပ် ဘာထူးခြားတာတစ်ခုမှ မတွေ့ခဲ့ဘူး။
“‘ဗုံး’ ဆိုတဲ့ စကားလုံးက အဓိပ္ပာယ်ဖော်ပြချက်တစ်ခု ဖြစ်နိုင်တယ်။ အချိန်နဲ့အမျှ ပိုပြီး အင်အားကြီးလာတဲ့ ဗုံး ဆိုတာမျိုး ငါ မကြားဖူးဘူး”
ကလိုင်း က မျက်ခုံးတွန့်ပြီး စဉ်းစားသလို ပြောလိုက်တယ်—
“မဟုတ်ဘူး… ငါ ဆိုလိုတာက သူ ရေးထားတဲ့ ‘ဗုံး’ ဆိုတဲ့ စကားလုံးက ဂမ္ဘီရ လျှီူ့ဝှက် ဆန်းကြယ်မှုနဲ့ဆိုင်တဲ့ အရာတစ်ခုခုကို ရည်ညွှန်းပြီး သုံးထားတာ ဖြစ်နိုင်တယ်။ ဥပမာ— တဖြည်းဖြည်းချင်း စွမ်းအားစုနေတဲ့ နတ်ဆိုးကို ပူဇော်တဲ့ ယဇ်ပွဲ တစ်ခုလိုမျိုးပေါ့…”
လန်နာ့ဒ်က တစ်စုံတစ်ယောက် ပြောတာကို နားထောင်နေသလို ပုံစံမျိုးနဲ့ ခေါင်းကို နည်းနည်း စောင်းလိုက်တယ်။ ချက်ချင်းပဲ သူ့ မျက်နှာအမူအရာက တင်းမာသွားတယ်။
သူ့အစိမ်းရောင် မျက်လုံးတွေ က ကျဉ်းသွားပြီး ခေါင်းညိတ်လိုက်တယ်။
“မင်း ပြောတာ မှန်နိုင်တယ်။ စာရဲ့အစမှာ ပြောထားတဲ့ အရာတွေကို သတိထားမိလိုက်လား? အသက်မပြည့်ခင် သေဆုံးသွားတဲ့ ကလေးလုပ်သားတွေ၊ စက်ရုံထဲ ဝင်ပြီး ဆယ်နှစ်တောင် အသက်မရှင်ရခင် သေဆုံးသွားရတဲ့ စက်ရုံလုပ်သားတွေ၊ လစာနည်းနည်း လေးအတွက်နဲ့ ပြင်းထန်တဲ့ ရောဂါတွေရပြီး အန္တရာယ် တွေကြားမှာ အလုပ်လုပ်နေရတဲ့ အမျိုးသမီးလုပ်သားတွေ… စက်ရုံတိုင်းကို ဝန်းရံထားတဲ့ အာဃာတ အမုန်းတရားတွေ… အဲဒါတွေကပဲ လန်နီးဗက်စ်ရဲ့ ‘ဗုံး’ ကို အမြဲတမ်း ပိုပြီး အင်အားကြီးလာအောင် လုပ်ပေးနေတဲ့ စွမ်းအင် အရင်းအမြစ်တွေဖြစ်နိုင်တယ်”
“ဟုတ်တယ်… အဲဒါ ဖြစ်နိုင်တယ်!” ကလိုင်း က ချက်ချင်း မျက်နှာက တည်သွားပြီး ပြောလိုက်တယ်—
“ကပ္ပတိန်ကို ချက်ချင်း သတင်းပို့ရမယ်!”
လန်နာ့ဒ်က ရယ်လိုက်ပြီး ပြောတယ်—
“ဒီလောက်ကြီး အသည်းအသန် မဖြစ်ပါနဲ့။ လန်နီးဗက်စ်က လူလိမ် ( ဓားပြ လမ်းစဉ် ဆုံမှတ် ၈ ) တစ်ယောက်ဆိုတာ မင်း သိထားပြီးသားပဲ။ သူ ‘မလိမ်ပါဘူး’ လို့ ပြောထားတဲ့ စာကတောင် လိမ်တာ ဖြစ်နေနိုင်တယ်။
“ဒါပေမယ့် ဘာပဲဖြစ်ဖြစ် ဇိုးတလန်လမ်းကို ပြန်ပြီး ကပ္ပတိန်ကို သတင်းပို့ရမှာပဲ။ အစီအရင် တွေနဲ့ ပတ်သတ်တာတွေမှာ ကျွမ်းကျင်တဲ့ လူတစ်ယောက်ကို မြင့်မြတ်သော ဘုရားကျောင်းတော်ကနေ ပို့ပေးဖို့ တောင်းဆို ရမယ်။ အမုန်းတရားတွေ အလွန်အကျွံ စု နေတဲ့ နေရာကနေ အစီအရင်ရဲ့ ယဇ်ပုလ္လင် တည်နေရာကို ရှာလို့ရလောက်တယ်”
*" ဘုရားကျောင်းရဲ့ လုပ်ငန်းစဉ် တွေကို တော်တော်လေး နားလည်ထားတဲ့လူပဲ… ဒါပေမယ့် ဒီလို ယဇ်ပုလ္လင် တစ်ခုကို ပြင်ဆင်ဖို့ ဟုဒ် အဲဂန် ရဲ့ အကူအညီ ဘာလို့ လိုအပ်ရတာလဲ? စိတ်ပညာရှင် (ပွဲကြည့်သမား လမ်းစဉ် ဆုံမှတ် ၇)တစ်ယောက်က ဒီကိစ္စမှာ ဘယ်အခန်းကဏ္ဍက ပါနေတာလဲ?"* ကလိုင်း က စိတ်ထဲမှာ တွေးရင်း လန်နာ့ဒ်ရဲ့ အကြံကို မကန့်ကွက်ခဲ့ဘူး။
သူက လန်နာ့ဒ်နဲ့အတူ 62 ဟောင်းစ် လမ်းကနေ ထွက်လာပြီး လှည်းဌားကာ ဇိုးတလန်လမ်းဆီ အမြန် ပြန်သွားလိုက်တယ်။
ဆူးနက် လုံခြုံရေး ကုမ္ပဏီရဲ့ တံခါးဝကို ဝင်လိုက်တဲ့အချိန် ကလိုင်း က လူနှစ်ယောက်ကို တွေ့လိုက်ရတယ်— တစ်ယောက်က ခန္ဓာကိုယ် ပြည့်ပြည့်နဲ့ဖြစ်ပြီး တစ်ယောက်ကတော့ ပိန်ပိန်ပါးပါး။ သူတို့က မဒမ် ရှယ်ရွန်ကြောင့် ဆုံးသွားတဲ့ မေနာ့ဒ်ရဲ့ မိန်းမ နဲ့ ညီမ ဖြစ်ကြတယ်။
သူတို့က အရင်လိုပဲ အနက်ရောင် အဝတ်အစားတွေ၊ အနက်ရောင် ဦးထုပ်တွေ ဝတ်ထားကြပြီး မျက်နှာကို အနက်ရောင် ဇာ နဲ့ ဖုံးထားကြတယ်။
သူတို့ နှစ်ယောက်က ရိုဇန်နီနဲ့ စကားပြောနေကြပြီး၊ ကလိုင်း ပြန်လာတာကို မြင်လိုက်ချိန်မှာတော့ လှည့်ပြီး အရှေ့ကို လှမ်းလာကြတယ်။
“ရှင်က ဒီလုပ်ငန်းမှာ တကယ်ကို ထူးချွန်တဲ့သူပဲ” မစ္စ မေနာ့ဒ်က နည်းနည်း ခေါင်းညိတ်ပြီး အသံတိုးတိုးနဲ့ ပြောလိုက်တယ်။
“ရလဒ် ကို ကျွန်မ အရမ်း ကျေနပ်တယ်၊ ရှင့်ရဲ့ လုပ်ပုံ လုပ်နည်းကိုလည်း အထင်ကြီးမိတယ်။ ဒါက ရှင် ရသင့်တဲ့ ဆုကြေးပဲ”
ပိန်ပိန်ပါးပါးနဲ့ အမျိုးသမီးက အညိုရောင်ဖျော့ဖျော့ စက္ကူအိတ်တစ်လုံးကို ကလိုင်း ဆီ လှမ်းပေးလိုက်တယ်။ အိတ်ထဲမှာ စည်းထားတဲ့ ငွေစက္ကူတွေ အထပ်လိုက်ထူထူကြီး ထည့်ထားတယ်— ငွေတွေက ပေါင် အရွက် တွေ၊ ဆိုလီ အရွက် တွေပါ ပါတယ်။
“စုစုပေါင်း ပေါင် ၂၃၀ ” လို့ သူမက ခပ်တိုတိုပဲ ပြောလိုက်တယ်။
ကလိုင်း က ငွေကို စိတ်မဝင်စားပေ။ သူက ရိုဇန်နီကို ငွေတွေ ပေးလိုက်ပြီး ပြောတယ်—
“ဒါကို မစ္စ အိုရီယာနာ ဆီ ပို့လိုက်ပါ။ ဒီလို ဂုဏ်သရေရှိတဲ့ အမျိုးသမီးနှစ်ယောက်က ငွေရေတာတော့ မှားမယ် မထင်ဘူး”
အဲဒီအချိန်မှာပဲ ကလိုင်း ရဲ့ မျက်လုံးထောင့်က မစ္စ မေနာ့ဒ် လက်ထဲက ထင်းဂန် မြို့ အောနက်စ် သတင်းစာ ကို ကြည့်လိုက်မိတယ်။ ပထမစာမျက်နှာရဲ့ အထင်ရှားဆုံး နေရာမှာ သတင်း နှစ်ပုဒ် ကို ထင်းထင်းလင်းလင်းဖော်ပြထားတယ်—
"ဆုံးသွားတဲ့ ဘာရွန်ဟောင်း ၏ ဇနီးသည် မုဆိုးမ မဒမ်ရှယ်ရွန် သည် မေနာ့ဒ် လူသတ်မှုတွင် ပါဝင်ပတ်သက်ခဲ့မှုကြောင့် သေဆုံးသွား "
"လွန်ခဲ့သော သုံးလအတွင်း ထင်းဂန် မြို့၏ လူမှုဘဝ လုံခြုံရေး ဆိုးရွားလာမှုအတွက် တာဝန်ခံသည့် အနေဖြင့် မြို့တော်ဝန် ဒန်းနစ်စ် ရာထူးမှ နုတ်ထွက်"
.
*"ဒါက မဒမ် ရှယ်ရွန်ကိစ္စနဲ့ ပတ်သတ်ပြီး အစိုးရဘက်က ထုတ်ပြန်ထားတဲ့ အကြောင်းပြချက်လား? ငါ ဒီနေ့ သတင်းစာ မဖတ်ရသေးဘူး…"*
ကလိုင်း က ခေါင်းညိတ်လိုက်ပြီး အမျိုးသမီးနှစ်ယောက်ကို နှုတ်ဆက်ကာ လန်နာ့ဒ်အနောက်ကနေ အခန်းဖွဲ့ထားတဲ့ လျှောက်လမ်း ကို ဖြတ်ကာ ကပ္ပတိန်ရဲ့ ရုံးခန်းထဲ ဝင်သွားခဲ့တယ်။
“ဘယ်လိုလဲ? သဲလွန်စ တစ်ခုခု ရခဲ့လား?” ဒန်းစမစ် က ဖတ်လက်စ စာအုပ်ကို ပိတ်ပြီး ခေါင်းမော့ကာ ကလိုင်း နဲ့ လန်နာ့ဒ်ကို သူ့ရဲ့ အနက်ရောင် မျက်လုံးတွေနဲ့ ကြည့်လိုက်တယ်။
“လန်နီးဗက်စ် ချန်ထားခဲ့တဲ့ စာတစ်စောင်ကို ရှာတွေ့ခဲ့ပါတယ်” လို့ လန်နာ့ဒ်က အသေးစိတ် မရှင်းပြဘဲ ရူးတာ လိုလို ၊ စိန်ခေါ်သလိုလို ရေးထားတဲ့ စာကို ကပ္ပတိန်ဆီ ကို ပေးလိုက်တယ်။
ဒန်းက စာကို ဖွင့်ပြီး အမြန်ဖတ်လိုက်တယ်။ ပြီးတော့ သူ့ရဲ့ နဖူးကို ပွတ်ရင်း ပြောတယ်—
“သူက တကယ့် အရူးပဲ”
“သူက ဆုံမှတ် 8 ဖြစ်နိုင်တယ်၊ အလွန်ဆုံးမှ ဆုံမှတ် 7 ပဲရှိဦးမယ်”
ကလိုင်း က စိတ်ထဲကနေ အပြည့်အဝ သဘောတူလိုက်တယ်။
“လန်နီးဗက်စ်က ထင်းဂန် လူ့အဖွဲ့အစည်းရဲ့ တည်ငြိမ်မှုကို ဖျက်ဆီးနိုင်သော အန္တရာယ်ရှိတဲ့ လူတစ်ယောက်။ အားနည်းပေမယ့် သူ့ကို လျှော့မတွက်သင့်ဘူး”
အဲဒီနောက် ကလိုင်းက သူနဲ့ လန်နာ့ဒ်ရဲ့ ခန့်မှန်းချက်ကို ကပ္ပတိန်ကို ရှင်းပြလိုက်တယ်။
ဒန်းက ဆံပင်နည်းလာတဲ့ သူ့ခေါင်းကို ကိုင်ရင်း ပြောလိုက်တယ်—
“ငါလည်း အဲဒီလိုပဲ စဉ်းစားမိတယ်။ မြင့်မြတ်သော ဘုရားကျောင်းတော်ကို ချက်ချင်း ကြေးနန်း ပို့ပြီး အစီအရင်နဲ့ ပတ်သတ်ပြီး ကျွမ်းကျင်တဲ့ သာလွန်သူ တစ်ယောက်ကို ပို့ခိုင်းလိုက်မယ်။
“လန်နီးဗက်စ်ရဲ့ ‘ဗုံး’ က ဘယ်လောက် အန္တရာယ်ရှိမလဲ ဆိုတာ ငါတို့ မသိနိုင်ဘူး။ အရမ်း သတိထားမှရမယ်။ မြင့်မြတ်သော ဘုရားကျောင်းတော်က ပြန်အကြောင်းကြားလာရင် နောက်ဆက်တွဲ အစီအစဉ်တွေကို ငါ စီစဉ်မယ်”
ကလိုင်း နဲ့ လန်နာ့ဒ်တို့ တစ်ယောက်ကို တစ်ယောက် ကြည့်ပြီး တစ်ပြိုင်နက်တည်း ခေါင်းညိတ်လိုက်ကြတယ်—
“ဟုတ်ကဲ့”
ကပ္ပတိန်က မြင့်မြတ်သော ဘုရားကျောင်းတော်ကို ကြေးနန်း ပို့နေတုန်း ကလိုင်း က ကုမ္ပဏီဧည့်ခန်းထဲကို ပြန်သွားပြီး ရိုဇန်နီဆီက ထင်းဂန် မြို့ အောနက်စ် သတင်းစာ တစ်စောင် ယူလိုက်တယ်။
အခန်းတွေကန့်ထားတဲ့ အနားမှာ မတ်တပ်ရပ်ပြီး သတင်းနှစ်ပုဒ်ကို အာရုံစိုက်ကာ ဖတ်လိုက်တယ်—
“… ခွိုင်း မိသားစုက ဘာရွန်ဟောင်းရဲ့ မိန်းမ မဒမ် ရှယ်ရွန်ကို ပါလီမန် အဖွဲ့ဝင် မေနာ့ဒ် ရဲ့ ရုတ်တရက် သေဆုံးမှုနဲ့ ဆက်စပ်နေတယ်လို့ ရဲဌာနက သံသယရှိခဲ့ပါတယ်… ရဲတွေက သတင်းရပြီး ညတွင်းချင်း လှုပ်ရှားခဲ့ကြတယ်။ မဒမ် ရှယ်ရွန်နဲ့ သူမကို အကူအညီပေးတဲ့သူက သူမရဲ့ အိမ်က အစေခံတွေကို သတိမေ့အောင် လုပ်ထားပြီး အိပ်ခန်းထဲမှာ ဒိဠိ အစီအရင် တစ်ခု လုပ်နေတာကို တွေ့ရှိခဲ့ပါတယ်။ သူတို့က အဖမ်းမခံဘဲ ပြန်လည်ခုခံခဲ့တဲ့အတွက် ရဲတပ်ဖွဲ့ဝင်တစ်ဦးဟာ သေဆုံးသွားခဲ့ပါတယ်။
“နောက်ဆုံးမှာ မဒမ် ရှယ်ရွန်နဲ့ သူမရဲ့ အဖော်က သူတို့ရဲ့ ဆိုးယုတ်တဲ့ လုပ်ရပ်တွေအတွက် အသက်ပေးခဲ့ရပါတယ်”
…
“… မြို့စား ဒန်းနစ်စ် က ထင်းဂန် မြို့ရဲ့ လူမှုလုံခြုံရေး ဆိုးရွားလာမှုအတွက် တာဝန်ယူပြီး ရာထူးမှ နုတ်ထွက်ကြောင်း ကြေညာခဲ့ပါတယ်။ နောက်နှစ် မြို့တော်ဝန် ရွေးကောက်ပွဲမှာ ပြန်လည် ယှဉ်ပြိုင်တော့မည် မဟုတ်ကြောင်းလည်း ထုတ်ပြန် ကြေငြာခဲ့ပါတယ်။ လာမယ့် လအနည်းငယ်အတွင်းမှာ လက်ထောက် မြို့တော်ဝန် မစ္စတာ ဟယ်ရီ က မြို့တော်ဝန် တာဝန်ကို ယာယီ ထမ်းဆောင်သွားပါမယ်”
…
*"ရဲတပ်ဖွဲ့က သူရဲကောင်းတစ်ဦး… အဲဒါ ကန်လေ ကို ရည်ညွှန်းတာလား? ကလိုင်း က သက်ပြင်းချလိုက်ပြီး ဒါက အစိုးရဘက်က သာလွန်သူတွေနဲ့ ပတ်သတ်တဲ့အမှု တွေကို အကောင်းဆုံး ထုတ်ပြန်တဲ့နည်း ဖြစ်တယ်ဆိုတာ သိလိုက်တယ်။
ညသိမ်းဌက်များရဲ့ အတွင်းစည်းမျဉ်းအရ နတ်ဆိုး ကိုးကွယ်တဲ့ ဂိုဏ်းသားတွေက ညသိမ်းဌက်တွေရဲ့ မိသားစုဝင်တွေကို ရှာပြီး လက်စားမချေအောင် ကာကွယ်ဖို့ အတွက်သူတို့ဟာ အသက်ပေးသွားခဲ့ရရင်တောင် အမည်တွေကို လျှို့ဝှက်ထားကြရတာပဲ ဖြစ်ပါတယ်။
သူက သတင်းစာကို တိတ်တဆိတ် ခေါက်လိုက်ပြီး ဧည့်ကြိုခုံ ပေါ် ပြန်တင်လိုက်သည်။
အဲဒီအချိန်မှာပဲ ကလိုင်း က ဝင်ပေါက်ကနေ ဝင်လာတဲ့ ဧည့်သည်တစ်ယောက်ကို ရုတ်တရက် တွေ့လိုက်ရသည်။
သူမဟာ အသက် နှစ်ဆယ်ကျော်သာ ရှိမယ့် လူငယ်မိန်းကလေးတစ်ယောက်ပါ။သူမက လှပတဲ့အနားတွန့် ဦးထုပ်တစ်လုံးနဲ့ ပေါ့ပါးပြီး လွတ်လပ်တဲ့ အဝတ်အစား တွေကို ဝတ်ထားပါတယ်။ သူမရဲ့ဥပဓိရုပ်က လှပပြီး ဆံပင်ကရွှေရောင်၊ မျက်လုံးကအစိမ်းရောင်၊ ပုံစံကတော့ စိတ်ဓာတ်ကျပြီး တိတ်ဆိတ် နေပါတယ်။သူမက တကယ်ကို လှပတဲ့ မိန်းကလေးတစ်ယောက် ဖြစ်ပါတယ်။
အထူးသဖြင့် လူတိုင်းရဲ့ အာရုံကို ဆွဲဆောင်သွားစေတဲ့ အရာက သူမရဲ့ ကိုယ်ဝန် ဖြစ်ပါတယ်။။ ကိုယ်ဝန်က ခုနှစ်လကျော်ကျော် ရှိသလို ဗိုက်က ဆူထွက်နေပါတယ်။
ကလိုင်း က ထိတ်လန့်သွားတယ်။ အဲ့ဒီ ကိုယ်ဝန်ဆောင် လူငယ်မိန်းကလေးကို သူအရင်က တွေ့ဖူးသလို ခံစားလိုက်ရတယ်။
အဲဒီအချိန်မှာပဲ လန်နာ့ဒ်က အံ့အားသင့်စွာ ပြောလိုက်သည်—
“မစ္စ မီဂူ့စ်”
*"မီဂူ့စ်… ဟုတ်တယ်… လန်နီးဗက်စ်လှည့်စားတာခံခဲ့ရတဲ့ အမျိုးသမီးလေးပဲ!
သူမဟာ လန်နီးဗက်စ်ရဲ့ ကလေးကို ကိုယ်ဝန်ဆောင်ထားရသလို စိတ်ပိုင်းဆိုင်ရာ အခြေအနေကလည်း မူမမှန်သလို ဖြစ် နေပါတယ်။ သူမက ကလေးက ဗိုက်ထဲမှာ သီချင်းဆိုတယ်၊ လေချွန်တယ်လို့တောင် ပြောဖူးပါတယ်…”*
ကလိုင်း ချက်ချင်း သဘောပေါက်သွားပြီး လန်နာ့ဒ်က မီဂူ့စ်ကို သိနေတာကို မအံ့သြတော့ပါ။
လန်နီးဗက်စ်နဲ့ ဆက်နွယ်သူတွေကို ပြန်လည် စုံစမ်းစစ်ဆေးတဲ့အချိန်မှာ မီဂူ့စ်ရဲ့ ဓာတ်ပုံကို ညသိမ်းငှက် အဖွဲ့ဝင်တိုင်း မြင်ဖူးပြီးသား ဖြစ်ပါတယ်။
ကလိုင်း ကတော့ အစောကြီးကတည်းက သူမကို သိပြီးသားဖြစ်ပါတယ်။
သူမရဲ့ အဒေါ် ခရစ္စတီနာ က လန်နီးဗက်စ်လိမ်ယူသွားတဲ့ ပိုက်ဆံတွေအတွက် အကူအညီ တောင်းဖို့ ဗေဒင်ကလပ် ကို မီဂူ့စ်ကို ခေါ်လာခဲ့ဖူးပါတယ်။ အဲ့ဒီအချိန်တုန်းက သူမက မီဂူ့စ်ဗိုက်ထဲက ကလေးကို နိမိတ်ကောက် လို့ ရမရပင် မေးခဲ့တာကိုတောင် မှတ်မိနေပါသေးတယ်။
လန်နာ့ဒ်ရဲ့ အသံကို ကြားလိုက်တဲ့အခါ မီဂူ့စ်က သူတို့နှစ်ယောက်ကို ငေးငိုင်စွာ ကြည့်လိုက်ကာ ယဉ်ယဉ်ကျေးကျေး ပြန်ပြောလိုက်သည်—
“ဟလို.”
ကလိုင်း က ရှေ့ကိုလှမ်းပြီး မေးလိုက်တယ်—
“မစ္စ မီဂူ့စ်, ဆူးနက် လုံခြုံရေး ကုမ္ပဏီကို ဘာလို့ လာတာလဲ။ မင်း အလုပ်အပ်စရာ တစ်ခုခု ရှိလို့လား?”
မီဂူ့စ် ရုတ်တရက် ရောက်လာခြင်းက ကလိုင်း ကို အလွန် စိတ်ရှုပ်ထွေးသွားစေတယ်။သူမ ရောက်လာတာက အလွန်အမင်း တိုက်ဆိုင်နေတယ်လို့ သူက ခံစားနေရတယ်
*"လန်နီးဗက်စ်ရဲ့ စာကို တွေ့ရုံပဲ ရှိသေးတာ… အခု မီဂူ့စ်က တိုက်တိုက်ဆိုင်တိုင် ငါတို့ဆီကိုလာတယ်?"*
မီဂူ့စ်က သူမရဲ့ ဗိုက်ကို လက်နဲ့ထိပြီး အနည်းငယ် ပြုံးလိုက်တယ်
“ဘာလို့မှန်း မသိဘူး… ရုတ်တရက် ဇိုးတလန်လမ်းကို လာချင်စိတ် ပေါက်လာပြီး ဒီကုမ္ပဏီကို ဝင်ကြည့်ချင်သွားတာ…”
သူမရဲ့ စိတ်အခြေအနေက ပိုဆိုးလာတာ ဖြစ်နိုင်ပါတယ်…
အရင်တစ်ခါ မီဂူ့စ်ကို တွေ့ခဲ့တုန်းက ကလိုင်း က စိတ်ဝိညာဉ် အမြင်ကို မသုံးဖြစ်ခဲ့တာကို သတိရသွားတယ် ။ ထို့ကြောင့် ယခုအခါ သူက ဘယ်ဘက် အံသွားကို ကြိတ်လိုက်ပြီး စိတ်ဝိညာဉ် အမြင်ကို ဖွင့်ဖို့ စဉ်းစားလိုက်တယ်။
ဒါပေမယ့် အဲဒီအချိန်မှာပဲ သူ့ခေါင်းထဲကို အတွေးတွေ က ဆက်တိုက် တပြိုင်နက်တည်း လို လို အော်ဟစ်သလိုမျိုး အကြမ်းပတမ်း ဝင်လာကြတယ်—
“မကြည့်နဲ့!
မကြည့်နဲ့!
မကြည့်နဲ့!
မင်း သေလိမ့်မယ်! ကြည့်ရင် မင်း သေရမယ်! ကြည့်ရင် မင်း သေရမယ်!”
…
ကလိုင်း က ရုပ်တုတစ်ခုလို အဲ့ဒီနေရာမှာပဲ တောင့်တောင့်ကြီး ရပ်သွားပြီး နဖူးကနေ အေးစက်စက် ချွေးတွေ ထွက်လာတယ်။
အလွန် လေးလံပြီး စိတ်ဖိစီးချင်စရာ ကောင်းတဲ့ အိမ်မက်ဆိုးတစ်ခုထဲမှာ ပိတ်မိနေသလို သူက ခံစားနေရပြီး အဲ့ဒီ အိမ်မက်ဆိုးကနေ နိုးဖို့တောင် မလွယ်သလိုဖြစ်နေတယ်။
ရုတ်တရက် သူက တစ်ခုခုကို သဘောပေါက်သွားတယ်
အရင်တစ်ခါက စိတ်ဝိညာဉ် အမြင်ကို ဖွင့်ပြီး မကြည့်ခဲ့မိတာဟာ သူ့စိတ်က အရမ်းကို ဆိုးရွားတဲ့ အန္တရာယ်ကြီးတစ်ခုကို ခံစားမိလို့ သူ စိတ်ဝိညာဉ် အမြင်ဖွင့်တာကိုမသိမသာ နှေးစေခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီကြောင့် သူက စိတ်ဝိညာဉ် အမြင် ဖွင့်ပြီး မကြည့်လိုက်ရပါဘူး။နောက်တော့လည်း သူ စိတ်ဝိညာဉ် အမြင်နဲ့ကြည့်ဖို့ ကို မေ့သွားခဲ့တာ ဖြစ်ပါတယ်။
အဲ့ဒီအချိန်မှာ ကလိုင်း က အမြင်ဆရာ ဆေးရည် ကို ပြည့်စုံစွာ မချေဖျက်ရသေးဘဲ ဆုံမှတ် ၈ ကို မရောက်သေးတဲ့အတွက် သူ့ရဲ့ စိတ်ဝိညာဥ်သတိပေးချက်တွေက အလွန် နူးညံ့ကာ သေးငယ်ပြီး သတိထားမိဖို့ အရမ်း ခက်ခဲခဲ့ပါတယ်။
ဒါပေမယ့် အခုတော့ လူရွှင်တော် ရဲ့ အန္တရာယ်ကို ကြိုတင် အာရုံခံနိုင်တဲ့ စိတ်ဝိညာဉ် အစွမ်း က အလွန်ရှင်းလင်းပြီး ထင်ရှားလွန်းနေပါပြီ။
နှစ်ဆယ်စက္ကန့်လောက် ကြာပြီးနောက် ကလိုင်း က အကြောကပ်သလို ဖြစ်နေတာကနေ လှုပ်ရှားနိုငိလာပါတယ်။
သူက ဘေးကို လှည့်ကြည့်လိုက်တဲ့အခါ သန်းခေါင်ယံ ကဗျာဆရာ (အိပ်စက်ခြင်းမဲ့လမ်းစဉ် ဆုံမှတ် ၈) လန်နာ့ဒ်—ရဲ့ မျက်နှာပေါ်မှာလည်း အေးစက်စက် ချွေးစီးတွေနဲ့ ပြည့်နေပြီး သူ့မျက်လုံးတွေမှာ ကြောက်ရွံ့မှု အပြည့် ဖြစ်နေတာကို တွေ့လိုက်ရပါတယ်။
အဲဒီအခါ ကလိုင်း က လန်နီးဗက်စ်ပြောခဲ့တဲ့ “ဗုံး” ဆိုတာ ဘာကို ဆိုလိုတာလဲ ဆိုတာကို လုံးဝ သဘောပေါက်သွားပါတယ်။
မီဂူ့စ်ရဲ့ ဗိုက်ထဲက ကလေးပဲ!
လန်နီးဗက်စ်ချန်ထားခဲ့တဲ့ ကလေးပဲ!
ကလိုင်း က စာထဲက အကြောင်းအရာတွေကို ဟုဒ် အဲဂန် ဖြေခဲ့တဲ့ အဖြေတွေနဲ့ ဆက်စပ်လိုက်ပြီး အင်ပါယာ ရိုဇယ်လ် ရဲ့ ဒိုင်ယာရီထဲမှာ ဖတ်ဖူးခဲ့တဲ့ စာကြောင်းတစ်ကြောင်းကို ရုတ်တရက် သတိရသွားပါတယ်—
“ငါကိုယ်တိုင် စက်မှု တော်လှန်ရေး ကို စတင်ပြီး ရေနွေးငွေ့နဲ့ စက်ယန္တယား ခေတ် ကို ဖန်တီးခဲ့ပေမယ့်၊ အဲ့ဒါ တွေက ကမ္ဘာပေါ်ကို မကောင်းတဲ့ နတ်တွေ ဆင်းသက်လာစေဖို့ အမုန်းတရားတွေနဲ့ ပူလောင်
စေတဲ့နေရာတစ်ခု ဖြစ်သွားစေမလား?”
ကလိုင်း ရဲ့ စိတ်တွေ တင်းကျပ်သွားပြီး သူကိုယ်တိုင်တောင် လက်မခံချင်တဲ့ ဖြစ်နိုင်ခြေတစ်ခုကို စဉ်းစားမိသွားတယ်။
*"မဟုတ်ဘူး!
ဒါ မဖြစ်နိုင်ဘူး!
မီဂူ့စ်ရဲ့ ဗိုက်ထဲက ကလေးဟာ မကောင်းတဲ့ နတ်တစ်ပါး ရဲ့ သွေးသားဖြစ်တယ်ဆိုတာ မဖြစ်နိုင်ဘူး!
ဒါမှမဟုတ် ကမ္ဘာပေါ် ဆင်းသက်လာမယ့် မကောင်းတဲ့နတ် တစ်ပါး လည်း မဖြစ်နိုင်ဘူး!
မဟုတ်ဘူး! ဟုဒ် အဲဂန် က ဒီလို မိုက်မဲတဲ့ အရာကို ဘာလို့လုပ်မှာလဲ?
စိတ်ပညာရှင် (ပွဲကြည့်သမား လမ်းစဉ် ဆုံမှတ် ၇)အစွမ်း ကို သုံးပြီး လန်နီးဗက်စ်က မီဂူ့စ်ကို အရူးလုပ်ကာ သူမ သတိမေ့နေတဲ့အချိန်မှာ ကိုယ်ဝန်ဆောင်ပေးမယ့် ကြားခံ အဖြစ် သုံးခဲ့တာ ဖြစ်နိုင်ပေမယ့်…
မဟုတ်ဘူး!
အချိန်မတိုင်ခင်မှာပဲ ဆုံးသွားကြတဲ့ ကလေးအလုပ်သမားတွေ၊ စက်ရုံလုပ်သားတွေ၊ လုပ်သက် ၁၀ နှစ် မတိုင်ခင်မှာပဲ ဆုံးသွားကြတဲ့ မိန်းကလေးလုပ်သားတွေ ရဲ့ အမုန်းအာဃာတွေက မကောင်းတဲ့ နတ် ရဲ့
သွေးသားကို မြန်မြန် ဖွံဖြိုးလာစေတာ….. မဖြစ်နိုင်ဘူး!
မဟုတ်ဘူး!
…
*”မင်း... မင်းဟာ နတ် တစ်ပါးကို တိုက်ရိုက် မကြည့်ရဘူး"*