အဆင့် ၂ ချိတ်ပိတ် လက်နက်များ
Vol. 21 Ch. 206
အေးစက်တိတ်ဆိတ်နေတဲ့ မြေအောက်ထပ် စင်္ကြံလမ်းထဲမှာ လေးမီတာနီးပါးမြင့်တဲ့ အရိုးစုစာပို့သမားဟာ စာကိုယူပြီး ကလိုင်း ရဲ့ မျက်စိရှေ့တင် ပျောက်ကွယ်သွားတယ်။
စင်္ကြံ လမ်း တလျှောက်လုံးမှာတော့ နံရံထဲတွင် မြှုပ်နှံ တပ်ဆင်ထားတဲ့ ဂတ်စ်မီးအိမ်တွေပဲ ကျန်ခဲ့တယ်။ ကလိုင်း က အေဇစ်ရဲ့ ကြေးဝါ ဝီစီ ကို သိမ်းလိုက်ပြီး ချန်နစ်စ် တံခါး ဆီကို လျှောက်သွားလိုက်တယ်။
အေဇစ်ဆီကို စာရေးနေတုန်းကတည်းက ဘယ် ချိတ်ပိတ် လက်နက် ကို ယူရမလဲဆိုတာ သူက ဆုံးဖြတ်ထားပြီးသားဖြစ်ပါတယ်။
ပထမအချက်က အဆင့် ၃ ချိတ်ပိတ် လက်နက် တွေဟာ မီဂူ့စ် ရဲ့ ဗိုက်ထဲက ကလေးအပေါ် ဘာမှသက်ရောက်မှုမှ ရှိမှာမဟုတ်ဘူး။ အစွမ်းတွေ ဖုံးကွယ်ထားတဲ့ မြင့်မြတ်သော သန္ဓေပြောင်း နေမင်း တံဆပ်တော် လိုမျိုး ပစ္စည်းမဟုတ်ရင် အဆင့် ၃ ချိတ်ပိတ်လက်နက်တစ်ခုက မကောင်းတဲ့ နတ်တစ်ပါးရဲ့ သွေးသားကို နှိမ်နင်းနိုင်ဖို့က မဖြစ်နိုင်ပါဘူး။
ဒါပေမဲ့ အခုလို အရေးပေါ်အခြေအနေမျိုးမှာ ချိတ်ပိတ်လက်နက် တွေရဲ့ ရှိလား မရှိလား တောင်မသေချာတဲ့ လျှို့ဝှက်ချက်တွေကို စမ်းသပ်လေ့လာနေဖို့ ကလိုင်း မှာ အချိန်မရှိပါဘူး။ နောက်ပြီး ချိတ်ပိတ် လက်နက် အများစုက သုံးတဲ့သူကိုပါ အန္တရာယ်ပေးနိုင်ပါတယ်။ ဒါကြောင့် ရန်သူကိုလည်း ထိခိုက်မှု သိပ်မရှိစေပဲ သုံးတဲ့သူကိုသာ အားနည်းစေမယ့် အဆင့် ၃ ချိတ်ပိတ် လက်နက် တွေကို ကလိုင်း က သူရွေးမယ့် စာရင်းထဲကနေ ပယ်လိုက်ပါတယ်။
ဒုတိယအချက်ကတော့ ထင်းဂန် ညသိမ်းငှက်များ အဖွဲ့မှာ အဆင့် ၁ ချိတ်ပိတ် လက်နက် တစ်ခုမှ မရှိပါဘူး။ အဆင့် ၂ လက်နက်သာ သုံးခုရှိပါတယ်။ ဒါက ကလိုင်း သိခွင့်မရှိတဲ့ လျှို့ဝှက်ချက် တစ်ခု ဖြစ်ခဲ့ပေမဲ့ အခြေအနေက အရမ်းအရေးကြီးနေတာကြောင့် ဒန်း က အရေးပေါ်လုပ်ပိုင်ခွင့်ကိုသုံးပြီး အဆင့် ၂ လက်နက် ၃ ခု ရှိတဲ့အကြောင်းကို ပြောပြထားတာပါ ဖြစ်ပါတယ်။
ဒန်း စမစ် က ဆီလီနာ သူတော်စင် ရဲ့ အရိုးပြာကို ကိုင်ထားရတဲ့အတွက် တခြား ချိတ်ပိတ် လက်နက် တစ်ခုကို တစ်ပြိုင်တည်း ကိုင်ထားလို့မရပါဘူး။
ထင်းဂန်မြို့ ရဲ့ ချန်နစ်စ် တံခါး နောက်ကွယ်မှာရှိတဲ့ အဆင့် ၂ ချိတ်ပိတ် လက်နက် သုံးခုကတော့ ၂-၀၃၀၊ ၂-၀၇၈ နဲ့ ၂-၁၀၅ တို့ပဲ ဖြစ်တယ်။
၂-၀၃၀ ရဲ့ နာမည်က "မကုန်ခမ်းနိုင်သော အဆိပ်" တဲ့။ အဲ့ဒါက ဆုံမှတ် နာမည်မသိရတဲ့ သာလွန်သူ တစ်ယောက် ရုတ်တရက် ရူးသွားပြီး လက်ကောက်ဝတ်ကိုလှီးကာ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်ရာကနေ ဖြစ်လာတဲ့ ချိတ်ပိတ် လပ်နက် တစ်ခုဖြစ်ပါတယ်။အဲ့ဒီ သတ်သေသွားတဲ့ သာလွန်သူက သာမန် ငွေခွက်တစ်ခုထဲကို သူ့သွေးတွေကို ထည့်ခဲ့ပါတယ်။ သူ့သွေးတွေကုန်သွားတဲ့အထိ ငွေခွက်က လုံးဝ ပြည့်မသွားဘဲ ခွက်ထဲက အရည်တွေက ကြည်လင်တောက်ပလာပြီး သောက်ချင်စရာ ဖြစ်လာခဲ့ပါတယ်။ အဲ့ဒီအဆိပ်ရည်က ဆုံမှတ် ၅ သာလွန်သူ တစ်ယောက်တောင် မနေနိုင်တဲ့အထိ သောက်ချင်စရာ ကောင်းအောင် စွဲဆောင်နိုင်ပါတယ်။ အဲ့ဒီအရည်ကို သောက်ပြီးတာနဲ့ ချက်ချင်း အဆိပ်မိပြီး သေဆုံးသွားနိုင်ပါတယ်။
သေသွားပြီးတဲ့နောက်မှာ အဆိပ်တွေက သေဆုံးသွားတဲ့ အလောင်းရဲ့ ချွေးပေါက်တွေကနေတစ်ဆင့် ပြန်ထွက်လာပြီး စုစည်းသွားပါတယ်။ အဆိပ်ရည် ပမာဏကတော့ အရင်အတိုင်းပဲ၊ နည်းနည်းလေးတောင် လျော့မသွားပါဘူး။
အဲ့ဒီအဆိပ်က ဆုံမှတ် ၅ အထက် ဆုံမှတ် မြင့် သာလွန်သူ တစ်ယောက်ကိုတောင် သတ်နိုင်တယ်လို့ ဘုရားကျောင်းတော် က သုတေသနပညာရှင်တွေက ယူဆထားတယ်လို့ ဒန်း က ပြောဖူးပါတယ်။ ဒါပေမဲ့ အဲ့ဒီ လက်နက်ရဲ့ ပြဿနာက ဆုံမှတ်မြင့် သာလွန်သူ တစ်ယောက်ကို အဲ့ဒီအဆိပ်သောက်ဖို့ စွဲဆောင်ရမှာ ဖြစ်ပါတယ်။နောက်ပြီး ၂-၀၃၀ အဆိပ် ရဲ့ ထူးခြားချက်တွေက အရမ်းသိသာလွန်းတော့ ဘယ်သူမှ မှားပြီးမသောက်နိုင်ပါဘူး။ တကယ်လို့ တစ်ယောက်ယောက်ကို အဆိပ်တိုက်ချင်ရင်တောင် အရင်ဆုံး ဖမ်းဆီးချုပ်နှောင်ပြီးမှ ပါးစပ်ထဲကို အဆိပ်တွေ အတင်းလောင်းထည့်ရမှာ ဖြစ်ပါတယ်။အဲ့ဒီလိုလုပ်မယ့်အစား ဆုံမှတ်မြင့် သာလွန်သူ တစ်ယောက်ကို တခြားနည်းနဲ့သတ်တာက ပိုလွယ်နေပါတယ်။
၂-၀၃၀ လက်နက်က သူ့ဘေးနားမှာရှိတဲ့ သက်ရှိတွေကို သူရဲ့ အဆိပ်ရည်ကိုသောက်မိအောင် အမြဲတမ်း ဆွဲဆောင်နေတတ်ပါတယ်။ အဲ့ဒီအစွမ်းကို အာရုံစိုက်ပြီး ခုခံနေရမှာဖြစ်ပြီး နည်းနည်းလေး ပေါ့လျော့လိုက်တာနဲ့ အဆိပ်ကို သောက်မိသွားနိုင်ပါတယ်။
ဒန်း ရဲ့ လက်နက်နဲ့ ပတ်သတ်တဲ့ ရှင်းပြချက်ကို နားထောင်ပြီးတာနဲ့ ကလိုင်း က အဲ့ဒီ ချိတ်ပိတ် လက်နက် ကို မယူဖို့ ချက်ချင်း ဆုံးဖြတ်လိုက်တယ်။
နောက်ထပ် လက်နက် ဖြစ်တဲ့ ၂-၀၇၈ ရဲ့ နာမည်ကတော့ "သေမင်း၏တံခါး" ပဲ ဖြစ်ပါတယ်။ လက်နက်ရဲ့အသွင်အပြင်က သာမန် သစ်သားတံခါးတစ်ချပ်နဲ့ တူပါတယ်။ အဲ့ဒီတံခါးကို ဖြတ်သွားတဲ့ ဘယ်သက်ရှိမဆို ချက်ချင်းသေဆုံးသွားမှာဖြစ်ပါတယ်။။ ဆုံမှတ်မြင့် သာလွန်သူ တစ်ယောက်မှ အဲ့ဒီအစွမ်းကို စမ်းသပ်တာမျိုး မလုပ်ဖူးသေးပါဘူး။
အဲ့ဒီတံခါးက အသိစိတ်ရှိတဲ့ လက္ခဏာတွေ ပြတတ်ပြီး အမြဲတမ်း ထွက်ပြေးဖို့ ကြိုးစားနေတတ်ပါတယ်။ သူက အသွင်သဏ္ဌာန်မျိုးစုံ ပြောင်းလဲနိုင်သလို သာမာန်တံခါး လိုလည်း ဟန်ဆောင်နေတတ်ပါတယ်။လက်နက်ကို သုံးတဲ့သူက အမှားတစ်ခုခု လုပ်မိလိုက်ရင် အဲ့ဒီ တံခါးကို ထိန်းချုပ်နိုင်မှာ မဟုတ်တော့ပါဘူး။ အဲ့ဒီအခါ ကိုယ့်ဘေးနားက ဘယ်တံခါးကိုမှ ဖြတ်မသွားမိဖို့ သတိထားရပါတော့တယ်။ အကူအညီလာတဲ့အထိ မူလနေရာမှာပဲ စောင့်နေတာ ဒါမှမဟုတ် တံခါးကနေ ထွက်သွားတာမျိုးတွေ မလုပ်ပဲ နံရံကို ဖောက်ထွက်ပြီး ပြေးတာမျိုးပဲ လုပ်ရမှာ ဖြစ်ပါတယ်။
ကလိုင်း က ၂-၀၇၈ ကို သုံးဖို့ စဉ်းစားမိသေးပေမဲ့ နောက်ဆုံးနှစ်ခုကို ပြန်နှိုင်းယှဉ်ကြည့်တဲ့အခါ ဒဏ္ဍာရီလာ သတ္တဝါတစ်ကောင်ရဲ့ အသိစိတ်က အရမ်းထက်မြက်မှာဖြစ်လို့ ဘယ်တံခါးက သေမင်းတံခါးလဲဆိုတာကို ခွဲခြားနိုင်လိမ့်မယ်လို့ သူခံစားမိလိုက်ပါတယ်။
နောက်ဆုံးမှာတော့ သူက ၂-၁၀၅ ကိုပဲ ရွေးလိုက်ပါတယ်။
အဲ့ဒီ ချိတ်ပိတ် လက်နက် ရဲ့ နာမည်က "သွေးကြောသူခိုး" ဖြစ်ပါတယ်။ လက်နက်ကို ကြည့်ရတာ ထူပြီး မာတောင့်နေတဲ့ သွေးကြောကြီးတစ်ခုနဲ့ တူပါတယ်။ အဲ့ဒါကို ထိလိုက်တဲ့ ဘယ်သူမဆို အသက်ဓာတ်တွေခိုးယူခံရမှာပါ။
ခိုးခံရပြီးပြီးချင်း အစပိုင်းမှာတော့ မသိသာပေမဲ့ လက်နက်ကို ဆက်တိုက် ကိုင်ထားမိရင် နာရီဝက်အကြာမှာ သိသာလာပါလိမ့်မယ်။ မိစ္ဆာဒိဠိ အယူရှိတဲ့ ဆုံမှတ် ၅ သာလွန်သူတစ်ယောက်က အဲ့ဒီလက်နက်ကို နှစ်နာရီကြာအထိ ကိုင်ထားခဲ့ဖူးတယ်လို့ ဒန်း က ပြောဖူးပါတယ်။ အဲ့ဒီ သာလွန်သူဟာ အသက် ၃၀ ကျော် သန်သန်မာမာ လူတစ်ယောက်ပုံစံကနေ အရေပြားတွေ ချက်ချင်း တွန့်လိမ် ဆံပင်တွေ ကျဲသွားပြီး သွားတွေကျိုးနေတဲ့ ကုန်းကုန်းကွကွ အဖိုးကြီးတစ်ယောက် ပုံစံဖြစ်သွားခဲ့ပါတယ်။
၂-၁၀၅ ရဲ့ အရေးကြီးဆုံး ထူးခြားချက်ကတော့ အဲ့ဒါကို ပိုင်ဆောင်ထားတဲ့သူဟာ သတ်မှတ်ထားတဲ့ အကွာအဝေးအတွင်းမှာ ပစ်မှတ်ဆီကနေ အစွမ်းတစ်ခုခုကို ခိုးယူနိုင်တဲ့ အစွမ်းရှိတာဖြစ်ပါတယ်။ ဆုံမှတ်မြင့် သာလွန်သူ တွေဆီကတောင် အစွမ်းခိုးယူနိုင်ပေမဲ့ အောင်မြင်နိုင်ချေကတော့ နည်းပါတယ်။
ဆယ်မိနစ်အတွင်းမှာ ခိုးယူခံရတဲ့သူက အဲ့ဒီအစွမ်းကို ဆုံးရှုံးသွားမှာဖြစ်ပြီး လက်နက်ကို ဝတ်ဆင်ထားတဲ့သူကတော့ အဲ့ဒီအစွမ်းကို ကျွမ်းကျင်စွာ သုံးနိုင်မှာဖြစ်ပါတယ်။ ဆယ်မိနစ်ပြည့်ရင်တော့ အဲ့ဒီအစွမ်းက ပျောက်ကွယ်သွားမှာဖြစ်ပြီး ခိုးယူခံရတဲ့သူကလည်း အစွမ်းပြန်ရဖို့ ရက်အနည်းငယ်လောက် စောင့်ရမှာ ဖြစ်ပါတယ်။
*"အလုပ်ဖြစ်သည်ဖြစ်စေ မဖြစ်သည်ဖြစ်စေ ဒီလက်နက်က အောင်မြင်နိုင်ခြေကို ၅ ရာခိုင်နှုန်းကနေ ၁၀ ရာခိုင်နှုန်းအထိ တိုးတက်လာစေမှာပဲ။ ငါက ကံကောင်းခြင်းတွေကို ပိုင်စိုးတဲ့ အဝါနဲ့ အနက်ရောင် ဘုရင် ပဲလေ... ပြီးတော့ ငါတို့ရဲ့ အဓိကပန်းတိုင်က အဆိုးရွားဆုံး အခြေအနေအတွက် ကြိုတင်ပြင်ဆင်ထားဖို့ပဲ။ လက်တွေ့ သုံဖို့ကလည်း လိုချင်မှ လိုမှာပါ... စစ်ကူတွေ အမြန်ရောက်လာဖို့ပဲ မျှော်လင့်ရမှာပဲ”* လို့ တွေးရင်း ကလိုင်း က ချန်းနစ် တံခါးကို စောင့် နေတဲ့ ဆီကာ တာဝန်ကျရာအခန်း အပြင်ဘက်မှာ မတ်တပ်ရပ်နေလိုက်တယ်။ သူစိတ်ထဲမှာ တုံဆိုင်းနေတာတွေ ဝေခွဲမရဖြစ်နေတာတွေ မရှိတော့ပါဘူး။
၂-၁၀၅ ရဲ့ ဘေးထွက်ဆိုးကျိုးတွေကိုလည်း သူ မစိုးရိမ်တော့ပေ။ဘာလို့လဲဆိုတော့ အဲ့ဒီ လက်နက်ကို သူကိုယ်တိုင် သုံးမှာမဟုတ်လို့ဖြစ်ပါတယ်။
သူ့ရဲ့အစီအစဉ်က လက်နက်အား လန်နာ့ဒ် ကို ပေးဖို့ဖြစ်ပါတယ်။သူ့မှာ တောက်လောင်နေသော နေမင်းအဆောင် ရှိသလို အခြအချိန်အထိ အစွမ်းတွေ ဖိနှိပ်ခံထားရလားမသိသေးတဲ့ မစ္စတာ အေဇစ်၏ ကြေးဝါ ဝီစီ လည်းရှိနေပါသေးတယ်။
*"ချစ်လှစွာသော ကဗျာဆရာကြီးရေ... မင်းရဲ့ လျှို့ဝှက်ချက်အစစ်အမှန်ကို ထုတ်ပြရမယ့် အချိန်ရောက်ပြီ"* လို့ ကလိုင်း က တစ်ယောက်တည်းခပ်တိုးတိုးလေး ရေရွတ်လိုက်ရင်း တာဝန်ကျရာအခန်းနားမှာ မတ်တပ်ရပ်နေတဲ့ ဆီကာထရွန် ကို တွေ့လိုက်ရတယ်။
ဖြူဖွေးတဲ့ ဆံပင်နဲ့ နက်မှောင်တဲ့ မျက်လုံးတွေရှိတဲ့ အချိန်ပိုင်း စာရေးဆရာမလေး ဆီကာ က ခဏလောက် တိတ်ဆိတ်နေပြီးမှ " နင်က ချန်နစ်စ် တံခါး ကိုစောင့်ဖို့ တာဝန်မကျဘူးလား။ငါက နင့်ထက် ပိုသန်မာသလို အတွေ့အကြုံလည်း ပိုများတယ်လေ" လို့ ပြောပါတယ်။
*"ဒါပေမဲ့ မဒမ် ဆီကာ မှာ တောက်လောင်နေသော နေမင်းအဆောင် မရှိဘူးလေ" * လို့ ကလိုင်း ကစိတ်ထဲက ပြန်ဖြေလိုက်ပေမယ့် အပြင်မှာတော့ ပြုံးပြီး အခုလို ဖြေလိုက်ပါတယ်။
"မဒမ်... ကျွန်တော်က ဆုံမှတ် ၈ ရောက်နေပါပြီ။"
"တံခါးအနားမှာ နေတာလည်း အန္တရာယ်မကင်းပါဘူး။ အသက်ရှိနေပြီး လွတ် မြောက်ချင်နေကြတဲ့ ချိတ်ပိတ် လက်နက် တွေက တံခါးအနောက်ထဲမှာ အများကြီး ရှိကြတယ်လေ။ တကယ်လို့ ကျွန်တော်တို့ ရှုံးသွားရင် ဒီမှာရှိတဲ့သူတွေလည်း အသက်ရှင်နိုင်မှာ မဟုတ်ဘူး။"
"ဟဲဟဲ... ကျွန်တော်တို့ အပေါ်ထပ်မှာ အဓိကလုပ်ရမှာက စစ်ကူတွေလာတဲ့အထိ အချိန်ဆွဲထားဖို့ပဲ။ အဲ့ဒါက ချန်နစ်စ် တံခါး အနားမှာနေတာထက် ပိုပြီး အန္တရာယ်ကင်းနိုင်ပါတယ်"
ဆီကာ ထရွန် က နှုတ်ခမ်းကို စေ့လိုက်ပြီး ရင်ဘတ်ပေါ်မှာ သွေးရောင် လ သင်္ကေတကို ဆွဲလိုက်တယ်။
"နတ်ဘုရားမ က နင်တို့အားလုံးကို ကောင်းချီးပေးပါစေ"
ဒန်း မှာ စာရွက်စာတမ်းတွေ အချိန်မီ ရေးဖို့ အချိန်မရှိတာကြောင့် ကလိုင်း ဟာ ချန်နစ်စ် တံခါး ထဲကို တိုက်ရိုက် ဝင်လို့မရပါဘူး။ သူက ဆီကာ ထရွန် တံခါးကို နည်းနည်းလေး ဟပြီး အထဲကို ဝင်သွားတာကိုပဲ ကြည့်နေလိုက်ရပါတယ်။
မိနစ်အနည်းငယ် ကြာပြီးတဲ့ နောက် သူမက တံခါးဝမှာ ပြန်ပေါ်လာတယ်။ သူမရဲ့ ဘယ်ဘက်လက်ထဲမှာ ထူထဲပြီး သွေးတွေစွန်းနေတဲ့ ဖြူဖျော့ဖျော့ သွေးကြောကြီးတစ်ခုကို ကိုင်ထားပါတယ်။
ကလိုင်း က အဲ့ဒီလက်နက်ကို လှမ်းယူလိုက်တဲ့အခါ သူ့ခန္ဓာကိုယ်ထဲမှာ အားနည်းတဲ့ လျှပ်စီးကြောင်းတစ်ခု ဖြတ်သန်းသွားသလို ခံစားလိုက်ရပါတယ်။
...
ဆူးနက် လုံခြုံရေး ကုမ္ပဏီ ရဲ့ ဧည့်ခန်းထဲမှာတော့...
လန်နာ့ဒ်ပုံစံ က ခုနတုန်းကလို အခြေအနေ မဟုတ်တော့ပဲ အဆင်ပြေနေပါပြီ။ လန်နီးဗက်စ် အရင်က ငှားခဲ့တဲ့ အိမ်အကြောင်းအား မီဂူ့စ်ကို ပြောပြနေတဲ့ သူ့ရဲ့ အမူအရာကလည်း ပုံမှန်အတိုင်းပဲ ဖြစ်နေပါတယ်။
"ဟုတ်လား... သူက ကျွန်မကို အဲ့ဒါတွေ တစ်ခါမှ မပြောပြဖူးဘူး" လို့ မီဂူ့စ် က ပုံမှန်အတိုင်းပဲ ပြန်ဖြေရင်း မျက်ခုံးကို အနည်းငယ် တွန့်လိုက်တယ်။
အဲ့ဒီနောက် သူမဟာ ခေါင်းပေါ်က ရွှေအိုရောင်ဆံပင်တွေကို ကိုင်ပြီး လက်တစ်ဆုပ်စာလောက် ဆွဲနှုတ်လိုက်ပါတယ်။ ပြီးတော့ ဘေးနားက အမှိုက်ပုံးထဲကို ဘာမှမဖြစ်သလိုပဲ ပေါ့ပေါ့ပါးပါး ပစ်ထည့်လိုက်တယ်။
လန်နာ့ဒ် ကတော့ အံ့သြမှင်သက်သွားပါတယ်။ သူက တံတွေးကို ခက်ခက်ခဲခဲ မျိုချလိုက်ပြီး သူ့ရဲ့ လက်ဖဝါးမှာလည်း အေးစက်တဲ့ ချွေးစီးတွေ ထွက်လာပါတယ်။
...
ကလိုင်း က ဘယ်ဘက်လက်ထဲမှာ သွေးကြောသူခိုး ကို ကိုင်ထားရင်း ဒုတိယထပ်ကို တက်လာခဲ့တယ်။
သူက ညသိမ်းငှက်များ နားနေဆောင် တံခါးဘက်ကို လှမ်းကြည့်လိုက်တော့ ဒန်း စမစ် က အနက်ရောင် လေကာ ဂျက်ကတ်ကြီးကို ဝတ်ပြီး တိတ်ဆိတ်စွာ မတ်တပ်ရပ်နေတာကို တွေ့လိုက်ရတယ်။ သူ့ရဲ့ မျက်လုံးတွေက သူတို့ ပထမဆုံး စပြီးတွေ့ခဲ့တုန်းကလို မီးခိုးရောင်သန်းပြီး နက်ရှိုင်းနေဆဲဖြစ်ပါတယ်။
"ကျွန်တော် ကိုယ့်ကိုယ်ကိုယ် ပြန်မိတ်ဆက်ပါရစေ... ညသိမ်းငှက်အဖွဲ့ဝင် ဒန်း စမစ် ပါ"
အတိတ်က ဒန်း စမစ် စပြီး မိတ်ဆက်ခဲ့တဲ့အသံကို သူ့နားထဲမှာ ပြန်ကြားရင်း
ဒန်း က ကန်လေ ရဲ့ အလောင်းဘေးမှာ ထိုင်နေတဲ့ မြင်ကွင်း၊ ဒန်းရဲ့ ပါးစပ်မှာ သွေးတွေ ပေကျံနေတဲ့ မြင်ကွင်းတွေက ကလိုင်း ရဲ့ ခေါင်းထဲမှာ ပြန်ပြီး အရိပ်ထင်လာသလို ပေါ်လာကြတယ်။ သူက ရုတ်တရက် တိတ်ဆိတ်သွားပြီး ဒန်း ဆီကို လျှောက်သွားလိုက်တယ်။ သူက ဘယ်ဘက်လက်ကို မြှောက်ပြပြီး "ကပ္ပတိန်... ကျွန်တော် အဆင့် ၂ ချိတ်ပိတ် လက်နက် ၂-၁၀၅ ကို ရွေးခဲ့တယ်။ အဲ့ဒါကို လန်နာ့ဒ် ကို ပေးသုံးဖို့ စဉ်းစားထားတယ်" လို့ ပြောလိုက်တယ်။
ဒန်း က အသာအယာ ခေါင်းညိတ်လိုက်တယ်။ သူက ဘာကြောင့် ၂-၁၀၅ ကိုရွေးလိုက်တာလဲလို့ မမေးဘဲ သူ့ရဲ့ ရုံးခန်းဘက်ကို လက်ညှိုးထိုးပြရင်း ပြောလိုက်တယ်။
"ဘုရားကျောင်းတော် က ကြေးနန်းပြန်စာ ပို့လိုက်တယ်။ သူတို့က အားကောင်းတဲ့ သာလွန်သူ အဖွဲ့တစ်ဖွဲ့ကို ချက်ချင်း စုစည်းပြီး လွှတ်ပေးလိုက်မယ်လို့ ပြောတယ်။ ငါတို့ကိုတော့ တတ်နိုင်သမျှ အချိန်ဆွဲထားပြီး စောင့်ကြည့်နေဖို့ မှာလိုက်တယ်"
"မင်းပြောတဲ့ ထူးဆန်းတဲ့တိုက်ဆိုင်မှုတွေနဲ့ ပတ်သက်လို့သူတို့ ဘာမှ ပြန်မဖြေထားကြဘူး။ ငါ့အထင်တော့ သူတို့လည်း ဘာကြောင့်ဆို တာ ကောက်ချက်မချနိုင်သေးတာ ဖြစ်နိုင်သလို ဒါမှမဟုတ်လည်း ကြေးနန်းကို လက်ခံတဲ့သူက ထင်းဂန်ရဲ့ အခြေအနေအမှန်ကို မသိတော့ ခန့်မှန်းရခက်နေတာလည်း ဖြစ်နိုင်တယ်။ မင်း သိတဲ့အတိုင်းပဲ ငါတို့က အချိန်ကို အကောင်းဆုံး အသုံးချရမယ်။ ကြေးနန်း ဆိုတာကလည်း အရမ်းကြီး ရှည်ရှည်ဝေးဝေး ရေးလို့မရဘူး"
"ဟုတ်ကဲ့" လို့ ကလိုင်း က ခေါင်းညိတ်လိုက်တယ်။ သူက အခန်းကန့်ထားတဲ့အနားကို ကပ်သွားပြီး အပြင်ဘက်ကို လှမ်းကြည့်ရင်း "အခြေအနေ ဘယ်လိုရှိလဲ" လို့ မေးလိုက်တယ်။
"အခုထိတော့ ထူးခြားတာ မရှိသေးဘူး" လို့ ဒန်း က သူ့ရဲ့ ဘယ်ဘက်လက်ထဲက ဆီလီနာ သူတော်စင် ရဲ့ အရိုးပြာသေတ္တာကို ငုံ့ကြည့်ရင်း ဖြေလိုက်တယ်။
လန်နာ့ဒ် နဲ့ မီဂူ့စ် တို့ စကားကောင်းနေတာကို တွေ့တော့ ကလိုင်း က ကြာ ဖြတ်ပြီး စကားမပြောတော့ပေ။ သူက ညသိမ်းငှက်များ နားနေခန်းဘက်ကို ပြန်သွားလိုက်ပြီး ကပ္ပတိန်ရုံးခန်းရဲ့ မျက်နှာချင်းအခန်းထဲမှာ မတ်တပ်ရပ်လိုက်တယ်။
အဲ့ဒီအချိန်မှာ ဒန်း က ရုတ်တရက် ရယ်လိုက်တယ်။
"ငါ တစ်ခု မေ့သွားပြန်ပြီ”
"ဘာကိုလဲ ကပ္ပတိန်" လို့ ကလိုင်း က ဝေခွဲမရဖြစ် နေတဲ့ပုံစံနဲ့ ပြန်မေးလိုက်တယ်။
ဒန်း က သူ့ကို ဘေးတစောင်း လှည့်ကြည့်လိုက်ပြီး "ဒေလီ က မင်းကို ရှင်းပြပေးဖို့ ငါ့ကို မှာထားတယ်" လို့ ပြောလိုက်တယ်။
"ဗျာ" ကလိုင်း က ကြောင်သွားတယ်။ ကပ္ပတိန် ဘာကို ဆိုလိုတာလဲဆိုတာ သူ ချက်ချင်း နားမလည်ဘူး။
နှစ်မိနစ်လောက် ကြာတော့မှ ဒန်း ဘာမှ ပြန်မပြောရသေးခင်မှာပဲ သူက အကြောင်းအရင်းကို သဘောပေါက်သွားတယ်။ မဒမ် ဒေလီ က သူ့ပို့တဲ့စာကို ချက်ချင်း အကြောင်းမပြန်တာဟာ မလိုအပ်ဘူးလို့ ထင်လို့ဖြစ်ပါတယ်။ သူမက ဒီကိစ္စကို ကပ္ပတိန် ဆီကိုပဲ လွှဲပေးလိုက်ပြီး ကပ္ပတိန် ကိုယ်တိုင် ရှင်းပြခိုင်းလိုက်တာဖြစ်ပါတယ်။
*”အဲ့ဒီအဓိပ္ပါယ်က... ကပ္ပတိန်ရဲ့ အခြေအနေက စိတ်လွတ်ပြီး ရူသွားနိုင်စရာ ဘာအကြောင်းမှ မရှိဘူးဆိုတဲ့ အဓိပ္ပာယ်ပေါ့”*
ဒီလို အရေးကြီးနေတဲ့ အချိန်မှာပဲ ကလိုင်း ရဲ့ စိတ်ထဲမှာ ဝမ်းသာမှုတွေ ရုတ်တရက် ပွင့်ထွက်လာပါတော့တယ်။