ဇာတ်လမ်း
Vol. 21 Ch. 210
ထင်းဂန်မြို့ရဲ့ ဆင်ခြေဖုံးရပ်ကွက်တစ်ခုမှာ စိမ်းလန်းသော မြက်ခင်းပြင်တစ်ခုရှိတဲ့ အိမ်တစ်လုံး ရှိနေပါတယ်။
ခြံဝန်းထဲမှာတော့ စက်တင်ဘာလအစမှာတင် စတင်ညှိုးနွမ်းနေတဲ့ ပန်းခြံတစ်ခုလည်း ရှိနေပါတယ်။ အိမ် ခေါင်မိုးမှာတော့ အနီရောင် မီးခိုးခေါင်းတိုင်တစ်ခု ရှိနေပါတယ်။
အိမ်ရဲ့ အိပ်ခန်းထဲက ပြတင်းပေါက်ဘေးမှာ စားပွဲတစ်လုံး ရှိနေပါတယ်။ အဲ့ဒီစားပွဲပေါ်မှာတော့ သာမန်မှတ်စုစာအုပ်တစ်အုပ်ကို ဖြန့်လျက်သားဖွင့်ထားပါတယ်။
ဖြူဖတ် ဖြူလျော် လက်တစ်ဖက်က မှတ်စုစာအုပ်ရဲ့ ပထမဆုံးစာမျက်နှာကို အရင်လှန်လိုက်ပြီး နောက်ဆုံးစာမျက်နှာအထိ မြန်မြန်ဆန်ဆန်ပဲ လှန်လိုက်ပါတယ်။
စာမျက်နှာတွေ လှန်သွားချိန်မှာတော့ စာကြောင်းတွေအများကြီးဟာ ခပ်ရေးရေး ပေါ်လာကြပါတယ်။
လျှိူ့ဝှက် အမိန့်တော်ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ရီဂန့်စ် ဟာ ပင်ပန်းနွမ်းနယ်မှုနဲ့ ဝေဝါးမှုတို့ရဲ့ လွှမ်းမိုးမှု ကြောင့် အန်တီဂိုနပ်စ် မိသားစုရဲ့ မှတ်စုစာအုပ်ကို သာမန်ရှေးဟောင်းစာအုပ်တစ်အုပ်အဖြစ် မှားယွင်းရောင်းချခဲ့မိတယ်။ ဒီအချက်ဟာ ယုတ္တိရှိတဲ့ တိုက်ဆိုင်မှုတစ်ခု ဖြစ်ပါတယ်။
အန်တီဂိုနပ်စ် မိသားစု၏ သွေးမျိုးဆက်ရဲ့ ဆွဲငင်မှုကြောင့် အဲ့ဒီမှတ်စုစာအုပ်ဟာ သူ့ရဲ့ ပိုင်ရှင်တွေကို တစ်ယောက်ပြီးတစ်ယောက် တိတ်တဆိတ် လွှမ်းမိုးခဲ့တယ်။ ပိုင်ရှင်တွေ အကြိမ်ကြိမ် ပြောင်းလဲသွားပြီးတဲ့နောက်မှာတော့ ထင်းဂန်မြို့ဆီကို ရောက်လာခဲ့တယ်။ စာအုပ်ဟာ အာရိုရာ အမိန့်တော် အဖွဲ့ဝင်တွေဖြစ်တဲ့ ဆီးရီးရက်စ် အာရက်ပစ်စ် နဲ့ ဟန်နက်စ် ဗင်းဆင့် တို့ရဲ့ လက်ထဲကို ရောက်သွားခဲ့ပါတယ်။
မှတ်စုစာအုပ်ထဲမှာ ခေတ္တခဏပေါ်လာတဲ့ အကြောင်းအရာတွေကို ဖတ်ရှုပြီး ၊ စာအုပ်ထဲကဆေးရည်ဖော်စပ်နည်းတွေကို ကူးယူပြီးတဲ့နောက်မှာတော့ ဆီးရီးရက်စ် နဲ့ ဟန်းနက်စ် တို့ဟာ ခြေရာခံနိမိတ်ဖတ်တာ ကျွမ်းကျင်တဲ့ လျှို့ဝှက်အမိန့်တော်က သူတို့ကို နောက်ယောင်ခံလိုက်မှာကို စိုးရိမ်ခဲ့ကြတယ်။ သူတို့ နှစ်ယောက် အပြန်ပြန်အလှန်လှန် ဆွေးနွေးပြီးတဲ့နောက်မှာတော့ အန္တရာယ်ကို ရှောင်ရှားဖို့အတွက် စာအုပ်ကို တခြားတစ်ယောက်ဆီ ရောင်းချလိုက်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်။
သူတို့ဟာ မစ္စတာ ဇက် ရဲ့ ပြန်စာကို မစောင့်ခဲ့ကြပါဘူး။ မစ္စတာ ဇက် က အန်းမတ် ဆိပ်ကမ်းမှာပဲ ရှိနေလို့ သူတို့က ပြန်စာကို မစောင့်ခဲ့တာ ဖြစ်နိုင်ပါတယ်။
ဆီးရီးရက်စ် ရဲ့ မိတ်ဆက်ပေးမှုကတစ်ဆင့် ဟန်းနက်စ် ဟာ ခွိုင်း တက္ကသိုလ် သမိုင်းဌာနက ဝဲလ်ခ်ျ မက်ဂါဗန် နဲ့ သိကျွမ်းခဲ့ကြတယ်။ အဲ့ဒီနောက်မှာတော့ ဟန်းနက်စ် က အန်တီဂိုနပ်စ် မိသားစုရဲ့ မှတ်စုစာအုပ်ကို သာမန်ရှေးဟောင်းစာအုပ်အဖြစ် ဝဲလ်ချ် ကို ရောင်းချခဲ့ပါတယ်။
နောက်ပိုင်းမှာတော့ ဆီးရီးရက်စ် ဟာ ဟွန်းနားဆစ် တောင်တန်းတွေရဲ့ အမြင့်ဆုံးတောင်ထိပ်မှာ ရှိတယ်လို့ လူတွေသတ်မှတ်ထားကြတဲ့ ရတနာတွေကို စိတ်ဝင်စားသွားခဲ့တယ်။ သူ က ဒူဝီဗေး စာကြည့်တိုက်ကို သွားပြီးအဲ့ဒီတောင်တန်းအကြောင်းကို စတင်သုတေသန လုပ်ခဲ့တယ်။ သူက ဘာပြဿနာမှ ရှိမှာမဟုတ်ဘူးလို့ ထင်တာကြောင့် သူ့ရဲ့ လိပ်စာအစစ်နဲ့ နာမည်အစစ်ကို စာအုပ်ဌားတဲ့နေရာမှားသုံးခဲ့တယ်။ ဒါဟာ သူ့ရဲ့ ပင်ကိုယ်စရိုက်အတိုင်း ပြုမူနေတာဖြစ်ပါတယ်။
ဒီလို သုတေသနလုပ်နေတုန်းမှာပဲ လူတွေကို လိမ်ဖို့ သံသတ္တုတွင်းတွေနဲ့ ပတ်သတ်တဲ့ အချက်အလက်တွေကို ရှာဖွေနေတဲ့ လန်နီးဗက်စ်နဲ့ သိကျွမ်းခဲ့တယ်။ လန်နီးဗက်စ် ရဲ့ ဖုံးကွယ်ထားတဲ့ ရူးသွပ်မှုနဲ့ လူတွေကို ကလိမ်ကျနိုင်စွမ်းအား ဆီးရီးရက်စ် က အလွန်သဘောကျသွားခဲ့တယ်။ သူက လန်နီးဗက်စ် ကို အော်ရိုရာ အမိန့်တော် ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်အောင် ပြုစုပျိုးထောင်ပေးဖို့ ဆုံးဖြတ်ခဲ့တယ်။ ဒါပေမဲ့ အဲ့ဒီမတိုင်ခင်မှာတော့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဖို့ မလွဲမသွေကို လိုအပ်ပါတယ်။
ဆီးရီးရက်စ် ဟာ ဖန်ဆင်းရှင်အစစ် ( ဇောက်ထိုးနတ်မင်း လမ်းစဉ် ဆုံမှတ် ၀ အစစ်အမှတ် နတ်တစ်ပါး ) ဆီကို ဆုတောင်းပြီး "နတ်မင်း" ရဲ့ သားတော်ကို အပြင်လောကထဲ ကို ရောက်ရှိလာစေမယ့် ယုတ်မာတဲ့ အစီအရင် ယဇ်ပူ ဇော်ပွဲတစ်ခုအကြောင်းကို လန်နီးဗက်စ် ကို တိတ်တဆိတ် ပြောပြခဲ့ပါတယ်။ ဒါပေမဲ့ လန်နီးဗက်စ် အောင်မြင်ဖို့ ဖြစ်နိုင်ခြေက အရမ်းနည်းတယ်ဆိုတာလည်း သူ သိထားပါတယ်။ ဘာလို့လဲဆိုတော့ အစီအရင်က အရမ်းခက်ခဲသလို လိုအပ်ချက်တွေကလည်း အရမ်းတင်းကျပ်လို့ ဖြစ်ပါတယ်။ ဒါပေမဲ့ လန်နီးဗက်စ် ကတော့ နတ်မင်းတစ်ပါးရဲ့ မျက်နှာသာပေးမှုကို ရယူနိုင်မယ့် အခွင့်အရေးကို မက်မောပြီး အဲ့ဒီအစီအရင်ကို သူ က အလွန်စိတ်ဝင်စားခဲ့ပါတယ်။ သူက သံမဏိစက်ရုံ တည်ထောင်မယ့် အစီအစဉ်တွေ နဲ့အတူ ယဇ်ပူဇော်ပွဲကို တစ်ပြိုင်တည်း လုပ်ဖို့ စီစဉ်ခဲ့ပါတယ်။
ပါးနပ်တဲ့ လန်နီးဗက်စ် က ဆီးရီးရက်စ် အာရပ်ပစ်စ် ဆီမှာ တစ်ခုခု မသင်္ကာစရာ ရှိနေတယ်ဆိုတာကို သိနိုင်ပေမဲ့ သူ့ရဲ့ ကိုယ်ပိုင်ရည်မှန်းချက်အတွက် သူက ဆီးရီးရက်စ်ကို ဖွင့်မပြောခဲ့ပါဘူး။
သူက စိတ်ကျန်းမာရေးဆေးရုံမှာရှိတဲ့ ဟုဒ် အဲဂန် ဆီကို နောက်တစ်ခေါက် ထပ်သွားခဲ့တယ်။ သူတို့ဟာ လွန်ခဲ့တဲ့ အချိန်အတော်ကြာကတည်းက သိကျွမ်းခဲ့ကြပြီး တစ်ယောက်ရဲ့ အခြေအနေကို တစ်ယောက်က သိထားကြတာ ဖြစ်ပါတယ်။
နတ်ဆိုးဆန်တဲ့ နိမိတ်ဖတ်ကောက်ခြင်းတစ်ခု လုပ်ပြီးတဲ့နောက်မှာတော့ အန်တီဂိုနပ်စ် မိသားစုရဲ့ မှတ်စုစာအုပ်ဟာ လုံးဝ နိုးထလာခဲ့ပါတယ်။ ဝဲလ်ချ် နဲ့ သူ့ရဲ့ အတန်းဖော်တွေဟာ သေဆုံးသွားခဲ့ကြတယ်။ ကံကောင်းစွာနဲ့ အသက်ရှင်ကျန်ရစ်သူ ကလိုင်း မိုရက်တီ ဟာ အဲ့ဒီမှတ်စုစာအုပ်ရဲ့ လွှမ်းမိုးမှုကြောင့် စာအုပ်ကို ရေး ဘီဘာ ရဲ့ အိမ်ကို ပို့ပေးခဲ့တယ်။ ဒါဟာ ကံကြမ္မာက သတ်မှတ်ထားခဲ့တဲ့ ဇာတ်သိမ်းတစ်ခု ဖြစ်ပါတယ်။
စာအုပ်ထဲမှာတော့ စာကြောင်းတွေ အများကြီးကို ခြစ်ပစ်ထားပြီး စာကြောင်းအသစ်တွေက နောက်ထပ်ပေါ်လာပါတယ်။
ပဟေဠိဆန်တဲ့ အကြောင်းရင်းတွေနဲ့ လုံလောက်တဲ့ ရှင်းပြချက်တွေ မရှိဘဲ ကလိုင်း ဟာ စာအုပ်ရဲ့ လွှမ်းမိုးမှုကို ခံရပြီးတဲ့နောက်မှာတောင် ကိုယ့်ကိုယ်ကိုယ် သေကြောင်းမကြံခဲ့ဘဲ တစ်နည်းနည်းနဲ့ အသက်ရှင်နေခဲ့တယ်။ နောက်ပိုင်းမှာ ဝဲလ်ချ် ရဲ့ အမှုနဲ့ ပတ်သက်ပြီး ညသိမ်းငှက် တွေ စုံစမ်းစစ်ဆေးစဉ် သူဟာ ဒန်း စမစ် နဲ့ တွေ့ဆုံခဲ့ပြီး ညသိမ်းငှက် အဖွဲ့ထဲကို ဝင်ရောက်ခဲ့ပါတယ်။
ဒီအဖြစ်အပျက်တွေဟာ အင့်စ် ဇန်းဝဲလ် ရေးထားတဲ့ ဇာတ်လမ်းကို ကျော်လွန်သွားခဲ့ပေမဲ့ သူလိုချင်တဲ့ အဓိကပန်းတိုင်အထိ တဖြည်းဖြည်း ဖြစ်လာတဲ့ ဇာတ်လမ်းရဲ့ ဖွံ့ဖြိုးတိုးတက်လာမှုကိုတော့ မထိခိုက်ခဲ့ပါဘူး။
ဘတ်ကပ်စ် နဲ့ သူ့ရဲ့ ညီအစ်ကိုတွေကတော့ ကံဆိုးနေကြပါတယ်။ သူတို့ဟာ လောင်းကစားဝိုင်းမှာ နောက်ဆုံးလက်ကျန်ငွေကို ရှုံးခဲ့ပြီး အကြွေးတွေကြားနစ်မွန်းနေခဲ့ကြပါတယ်။ ပိုက်ဆံရဖို့အတွက် သူတို့ဟာ ချမ်းသာတဲ့သူအချို့ကို ပြန်ပေးဆွဲပြီး ငွေညှစ်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။
သူတို့ ပုန်းအောင်းဖို့ နေရာရှာနေကြတုန်းမှာ ရေး ဘီဘာ ရဲ့ တိုက်ခန်းက မျက်နှာချင်းဆိုင်အခန်းကို တိုက်တိုက်ဆိုင်ဆိုင် ရှာတွေ့သွားခဲ့ကြပါတယ်။
အဲ့ဒီအချိန်မှာ ရေး ဘီဘာ ဟာ အန်တီဂိုနပ်စ် မိသားစုရဲ့ မှတ်စုစာအုပ်က ပေးတဲ့ စွမ်းအားတွေရဲ့ ဆွဲဆောင်မှုကို ခံနေရပြီ ဖြစ်ပါတယ်။ သူက သူ့ရဲ့ ဘိုးဘေးတွေ ချန်ထားခဲ့တဲ့ လက်ဆောင်ကို ခြေဖျက်ဖို့ မျှော်လင့်နေခဲ့ပါတယ်။
ဒါပေမဲ့ သူရဲ့ စိတ်က ကောင်းတစ်ဝက် ရူးတစ်ဝက် ဖြစ် နေတဲ့ အခြေအနေမှာ ရှိနေတာကြောင့် အကောင်းဆုံးနဲ့ အန္တရာယ်အကင်းဆုံး ရွေးချယ်မှုကို သူက မလုပ်နိုင်ခဲ့ပါဘူး။ သူက သူ့ရဲ့ သေဆုံးသွားတဲ့ မိခင်ကို ထားခဲ့ပေမဲ့ ထင်းဂန်မြို့ထဲမှာပဲ ဆက်နေခဲ့ပါတယ်။ သူက မှတ်စုစာအုပ်ကို ခြေဖျက်မယ့် အစီအရင်လုပ်ဖို့ ပိုပြီး လျှို့ဝှက်တဲ့ နေရာတစ်ခုကို ရှာဖွေခဲ့ပါတယ်။ ဒါဟာ တကယ့်ကို သနားစရာ ကောင်းလှပါတယ်။ သူသာ နည်းနည်းပိုပြီး ဉာဏ်ကောင်းခဲ့ရင် အင့်စ်ရဲ့ ဇာတ်လမ်းက ဒီထက်ပိုပြီး ရှုပ်ထွေးသွားနိုင်ပေမဲ့ ရေးဘီဘာရဲ့ ဆုံးဖြတ်ချက်က သူ့ရဲ့ အသိစိတ်နဲ့ ဆိုးရွားနေတဲ့ စိတ်အခြေအနေပေါ်မှာမူတည်နေခဲ့တာ ဖြစ်ပါတယ်။
ဘတ်ကပ်စ် နဲ့ အပေါင်းအပါတွေက လက်နက်တွေ ဝယ်ပြီး ဆေးရွက်ကြီး ကုန်သည် ဗစ်ခရွိုင်း ရဲ့ အငယ်ဆုံးသား အီလီရော့ ကို ပြန်ပေးဆွဲကာ ငွေညှစ်ခဲ့ကြတယ်။ နောက်ဆုံးမှာတော့ သူတို့ဟာ ပြန်ပေးဆွဲမှုကို အောင်အောင်မြင်မြင် လုပ်ဆောင်နိုင်ခဲ့ပြီး အီလီရော့ ကို ရေး ဘီဘာ တိုက်ခန်းရဲ့ မျက်နှာချင်းဆိုင်က အခန်းထဲကို ခေါ်သွားခဲ့ကြပါတယ်။ ဗစ်ခရွိုင်း ရဲ့ အိမ်စေဟာ လုံခြုံရေးကုမ္ပဏီတစ်ခုဆီကို အကူအညီတောင်းဖို့ တာဝန်ပေး ခံခဲ့ရပါတယ်။
ဝဲလ်ချ် ရဲ့ ထူးဆန်းတဲ့ သေဆုံးမှုကြောင့် လုံခြုံရေးကုမ္ပဏီတွေမှာ လူအင်အား မလောက်သလို ဖြစ်နေခဲ့ပါတယ်။ အစေခံ ဖြစ်သူ ကလီး ဟာ ပစ္စည်းပို့သမားတစ်ယောက်နဲ့ တိုက်တိုက်ဆိုင်ဆိုင် တွေ့ဆုံခဲ့ပြီး ဆူးနက် လုံခြုံရေးကုမ္ပဏီ ရှိနေတာကို သိသွားခဲ့ပါတယ်။
လန်နာ့ဒ် မစ်ချယ် နဲ့ ကလိုင်း တို့က ကလီး လာအပ်တဲ့ အလုပ်ကို လက်ခံခဲ့ကြပါတယ်။ သူတို့ရဲ့ သာလွန်သူ စွမ်းအားတွေကို အသုံးချပြီး ကုန်သည်ကြီးရဲ့ သားကို မြန်မြန်ဆန်ဆန်ပဲ ကယ်တင်နိုင်ခဲ့ကြတယ်။ ဝမ်းနည်းစရာကောင်းတာက ကလိုင်း ဟာ အန်တီဂိုနပ်စ် မိသားစုရဲ့ မှတ်စုစာအုပ်နဲ့ ပတ်သက်တဲ့ သဲလွန်စတွေက ကလေးကိုဖမ်းထားတဲ့ အခန်း ရဲ့ မျက်နှာချင်းဆိုင် တိုက်ခန်းမှာ ရှိနေတယ်ဆိုတာကို ချက်ချင်း သတိမပြုမိခဲ့တာပဲ ဖြစ်ပါတယ်။
ဒါပေမဲ့ သူ့ရဲ့ ဝိညာဉ်အာရုံက သူ့ကို အိမ်မက်ထဲမှာ သတိပေးခဲ့တယ်။ အဲ့ဒါကြောင့် ထင်းဂန်မြို့က ညသိမ်းငှက် တွေဟာ သက်ဆိုင်ရာ သဲလွန်စတွေကို ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။
...
အဆင့် ၂ ချိတ်ပိတ် လက်နက် ၂-၀၄၉ ဟာ ထင်းဂန်မြို့ကို ရောက်ရှိလာခဲ့ပါတယ်။ ထိုလက်နက်ဟာ အန်တီဂိုနပ်စ် မိသားစုရဲ့ ရုပ်သေးရုပ် ဖြစ်ပါတယ်။ ရုပ်သေးရုပ်ရဲ့ အကူအညီနဲ့ ဒန်း စမစ် ဟာ ညသိမ်းငှက် တွေကို ဦးဆောင်ပြီး ရေး ဘီဘာ တစ်ယောက် မှတ်စုစာအုပ်အား ဝါးမြိုခြေဖျက် နေတာကို ရှာတွေ့ခဲ့ပါတယ်။
ရေး ဘီဘာ ဟာ မိစ္ဆာကောင်တစ်ကောင် ဖြစ်သွားခဲ့ပြီး အခြေအနေတွေက ထိန်းချုပ်လို့မရ ဖြစ်သွားခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ညသိမ်းငှက် တွေဟာ ကျွမ်းကျင်စွာ ပူးပေါင်းဆောင်ရွက်ပြီး မိစ္ဆာ ဖြစ်သွားတဲ့ ရေးဘီဘာ ကို ရှင်းလင်းနိုင်ခဲ့ပါတယ်။ဒါပေမယ့် သူတို့ဟာ လျှို့ဝှက်အမိန့်တော် အဖွဲ့ဝင်တစ်ဦးရဲ့ ချောင်းမြောင်းတိုက်ခိုက်မှုကို ရင်ဆိုင်ခဲ့ရပါတယ်။
စာအုပ်ထဲမှာ စာကြောင်းတွေ အများကြီးကို ထပ်ပြီး ခြစ်ပစ်ထားပြန်တာကြောင့် မူရင်းစာသားတွေဟာ ဖတ်လို့ မရတော့ပါဘူး။
လျှို့ဝှက်ချက်တစ်ခုကို ပိုင်ဆိုင်ထားတဲ့ လန်နာ့ဒ် မစ်ချယ် ဟာ ချောင်းမြောင်းတိုက်ခိုက်လာတဲ့ လျှိူ့ဝှက် အမိန့်တော်က သာလွန်သူကို သတ်တော့မှာ ဖြစ်ပါတယ်။ ဒါပေမယ့် သူ မသတ်ခင်မှာပဲ သေကိုသေရမယ့် ကလိုင်း ဟာ ထူးဆန်းစွာနဲ့ လျှို့ဝှက်အမိန့်တော် အဖွဲ့ဝင် ဆုံမှတ် ၇ လူရွင်တော် ( အမြင်ဆရာ လမ်းစဉ်) ကို သတ်နိုင်သွားပါတယ်။
ဒါဟာ အင့်စ်ရေးနေတဲ့ ဇာတ်လမ်းရဲ့ ဦးတည်ရာကို မထိခိုက်ခဲ့ပါဘူး။ ဒန်း စမစ် ဟာ အန်တီဂိုနပ်စ် မိသားစုရဲ့ မှတ်စုစာအုပ်နဲ့ ထိတွေ့မိပြီး အကြောင်းအရာတွေကို ဖတ်ရှုခဲ့တယ်။ အဲ့ဒီအချိန်ကစပြီး သူဟာ မှတ်စုစာအုပ်ရဲ့ တိတ်တဆိတ် လွှမ်းမိုးခြင်းကို ခံလိုက်ရပါတယ်!
...
ပြင်ဆင်စရာရှိတာတွေ အားလုံးပြင်ဆင် ပြီးသွားတဲ့ လန်နီးဗက်စ် ဟာ ဟုဒ် အဲဂန် ကို လှည့်စားပြီး သူ့ရဲ့ယဇ်ပူဇော်ပွဲမှာ အသုံးချခဲ့ပါတယ်။ သူတို့နှစ်ယောက်ဟာ လန်နီးဗက်စ် နဲ့ စေ့စပ်ထားတဲ့ မိန်းကလေး မီဂူ့စ် အား ဖန်ဆင်းရှင်အစစ် (ဇောက်ထိုး နတ်မင်း လမ်းစဉ် ဆုံမှတ် ၀ အစစ်အမှန်နတ် အဆင့်) ရဲ့ သားတော်ကို ကိုယ်ဝန်ဆောင်ပေးမယ့် မိခင်အဖြစ် အသုံးချခဲ့ကြပါတယ်။
လန်နီးဗက်စ် အောင်မြင်နိုင်ခြေက မရှိသလောက်ပါပဲ။ အကြီးမားဆုံး ပြဿနာကတော့ မီဂူ့စ် ဟာ ယဇ်ပူဇော်ပွဲ အစီအစဉ်ရဲ့ စွမ်းအားကြောင့် အသက်အန္တရာယ်ကင်းနေမှာ ဖြစ်ပေမဲ့ နတ်တစ်ပါးရဲ့ စိတ်ကူးယဉ်ပုံရိပ်နဲ့ လိင်ဆက်ဆံခြင်း ကိုတော့ သူမက ကြံ့ကြံ့ခံနိုင်မှာ မဟုတ်ပါဘူ။ သူမက ယဇ်ပလ္လင်ပေါ်မှာတင် အသက်ထွက်သွား နိုင်ပါတယ်။
အဲ့ဒီအချိန်မှာပဲ ကြင်နာတတ်တဲ့ အင့်စ် ဇန်းဝဲလ် ဟာ လန်နီးဗက်စ် ကို တိတ်တဆိတ် ကူညီခဲ့ပါတယ်။ သူခိုးယူထားတဲ့ သေမင်း (မစ္စတာ အေဇစ်) မျိုးဆက် တစ်ယောက်ရဲ့ အကြွင်းအကျန်ဝိသေသလက္ခဏာ တစ်ဝက်ကို ခွဲထုတ်ပြီး မီဂူ့စ် ရဲ့ ခန္ဓာကိုယ်ထဲကို ကြိုတင်ပြီး ထည့်သွင်းပေးကာ ကူညီခဲ့ပါတယ်။
ဟုဒ် အဲဂန် ဟာ မီဂူ့စ် ကို တစ်ဝက်တစ်ပျက် သတိမေ့နေတဲ့ အခြေအနေ ဖြစ်အောင် လုပ်ခဲ့ပြီး ဖန်ဆင်းရှင်အစစ် ရဲ့ စိတ်ကူးယဉ် ပုံရိပ်ကို လန်နီးဗက်စ် လို့ ထင်မှတ်သွားအောင် လှည့်စားခဲ့ပါတယ်။ စက်ရုံရပ်ကွက်တွေမှာ စုပြုံနေတဲ့ နာကျည်းမှု၊ မှောင်မိုက်မှုနဲ့ ဖိနှိပ်မှုတွေရဲ့ အကူအညီနဲ့အတူ လန်နီးဗက်စ်ရဲ့ အစီအရင်ဟာ အောင်မြင်သွားခဲ့ပါတယ်။ မီဂူ့စ် ဟာ ဖန်ဆင်းရှင်အစစ်ရဲ့ သားတော်ကို ကိုယ်ဝန်ဆောင်ခဲ့ပါပြီ။ ဇောက်ထိုးနတ်မင်း တစ်ဖြစ်လဲ ဖန်ဆင်းရှင် အစစ်ဟာ ဒီတိုက်ဆိုင်မှုတွေကို သိမြင်နေပေမဲ့ "ကိုယ်တော်" အနေနဲ့ ကမ္ဘာပေါ်က လမ်းမှန် နတ်ခုနစ်ပါး ချမှတ်ထားတဲ့ အချုပ်အနှောင်တွေကို ဖောက်ထွက်ချင်တာကြောင့် လန်နီးဗက်စ်ရဲ့ အစီအရင်ကို ငြင်းပယ်ခြင်း မပြုခဲ့ပါဘူး။
အဲ့ဒီနောက်မှာတော့ ဟုဒ် အဲဂန် ဟာ လွှမ်းမိုးခံလိုက်ရပါတယ်။
အစီအရင် အောင်မြင်သွားတဲ့အခါ ရူးနေတဲ့ လန်နီးဗက်စ် ဟာ အသိစိတ်ကပ်သွားခဲ့ပါတယ်။ ဇောက်ထိုးနတ်မင်းရဲ့ သားတော်သာ ပြင်ပလောကထဲ ကို ဆင်းသက်လာရင် သူကိုယ်တိုင်လည်း အစီအရင်ထဲမှာ သုံးမယ့် ယဇ်ပူဇော်စရာ ပါဝင်ပစ္စည်းတစ်ခု ဖြစ်သွားမယ်ဆိုတာကို သူ အသေအချာ သိနေပါတယ်။ သာမန်လူသားတစ်ယောက်က နတ်မင်းတစ်ပါးရဲ့ ဖခင် ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ? ဒါဟာ နတ်တွေကို ဆိုးဆိုးဝါးဝါး စော်ကားတာပဲ။။
လန်နီးဗက်စ် ဟာ ထင်းဂန်မြို့ကနေ ကြိုတင်ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့ပြီး ညသိမ်းငှက်၊ အာဏာပါးကွက်သားများ နဲ့ ယန္တယား ဟိုက်ဗ်မိုင်း အဖွဲ့တွေဆီမှာ သူလုပ်ခဲ့တဲ့ ကိစ္စတွေရဲ့ နောက်ဆက်တွဲတွေကို ဖြေရှင်းနိုင်ဖို့ သဲလွန်စတွေ ချန်ထားခဲ့တယ်။ ရူးသွပ်မှုအတွက် ပေးဆပ်ရမယ့် တန်ဖိုးကတော့ အမြဲရှိနေပါတယ်။
ဒါပေမဲ့ လန်နီးဗက်စ် ဟာ သာလွန်သူ အဖွဲ့တွေဆီကို တိုက်ရိုက် စာ မရေးခဲ့ပါဘူး။ အဲ့ဒါက သူ့ကို ငပေါတစ်ယောက်လို အထင်ခံရစေလိမ့်မယ်လို့ သူ ကယူဆခဲ့ပါတယ်။
သူ ငှားထားတဲ့ အိမ်တစ်လုံးမှာ စာကို ချန်ထားဖို့ ဆုံးဖြတ်ခဲ့တယ်။ သူက အစိုးရဖက်က သာလွန်သူ တွေနဲ့ ဉာဏ်စမ်း ကစားပွဲတစ်ခု ကစားနေသလို ဟန်ဆောင်ခဲ့ပါတယ်။ ဒါကြောင့်လည်း ဟုဒ် အဲဂန် အလွှမ်းမိုးခံရပြီး စိတ်လွတ်တော့မယ့်ကိစ္စကို သူ က စာထဲမှာ မဖော်ပြခဲ့သလို သူ ရထားတဲ့ အရာအားလုံးကိုလည်း ယူဆောင်သွားခဲ့ပါတယ်။
သူက ဆီးရီးရက်စ် အာရပ်ပစ်စ် ကို အန္တရာယ်အကင်းဆုံး နည်းလမ်းနဲ့ အစီအရင် အကြောင်းကို အကြောင်းကြားခဲ့ပါတယ်။ ဆီးရီးရက်စ် က သူ့ကို လုံးဝ မယုံကြည်ပေမဲ့ အောင်မြင်နိုင်ခြေ ရှိတယ်ဆိုတာကိုတော့ ခပ်ရေးရေး ခံစားမိနေခဲ့ပါတယ်။
...
ဆယ်လီနာ ဝုဒ် ဟာ သူမရဲ့ နက္ခတ္တဗေဒ ဆရာဖြစ်သူ ဟန်နက်စ် ဗင်းဆင့် ဆီကနေ မှော် ကြေးမုံ နိမိတ်ဖတ်နည်း အစစ်ကို တိုက်တိုက်ဆိုင်ဆိုင် တွေ့သွားခဲ့ပါတယ်။ သူမရဲ့ ရဲတင်းတဲ့ စမ်းသပ်မှုကို ကလိုင်း မိုရက်တီ က တိုက်တိုက်ဆိုင်ဆိုင်ပဲ တားဆီးနိုင်ခဲ့ပါတယ်။
ကလိုင်း ဟာ လူသေဆုံးမှု များပြားနိုင်တဲ့ အဲ့ဒီ သဘာဝလွန် ဖြစ်ရပ်ကို အောင်အောင်မြင်မြင် ဖြေရှင်းနိုင်ခဲ့ပါတယ်။
အဲ့ဒီနောက်မှာတော့ ညသိမ်းငှက် တွေဟာ ဟန်နက်စ် ဗင်းဆင့် ကိုလည်း စုံစမ်းစစ်ဆေးခဲ့ကြပါတယ်။ ဒါကြောင့်လည်း ဒန်း စမစ် ဟာ သူ့ရဲ့ အိမ်မက်ထဲမှာ ဖန်ဆင်းရှင်အစစ် ရဲ့ ပုံရိပ်ကို တိုက်တိုက်ဆိုင်ဆိုင် မြင်တွေ့ခဲ့ပြီး ပြင်းထန်တဲ့ ဒဏ်ရာတွေ ရခဲ့ပါတယ်။
ဒါပေမဲ့ သူဟာ အဲ့ဒီကိစ္စကြောင့် ဖန်ဆင်းရှင်အစစ်ရဲ့ လွှမ်းမိုးခြင်းကိုတော့ မခံခဲ့ရပါဘူး။ ဒန်းသာ လွှမ်းမိုးခံခဲ့ရရင်တော့ ညသိမ်းငှက်ရဲ့ အဆင့်မြင့် အရာရှိတွေက ဒန်း ရဲ့ မူမမှန်မှုကို သတိထားမိသွားမှာ ဖြစ်ပါတယ်။
ဒါပေမဲ့ အဲ့ဒီဒဏ်ရာကြောင့် ဒန်း စမစ် မှာ ဖြစ်နေတဲ့ အန်တီဂိုနပ်စ် မိသားစု မှတ်စုစာအုပ်ရဲ့ လွှမ်းမိုးမှုကြောင့်ရခဲ့တဲ့ ရူးတော့မယ့်ဆဲဆဲ စိတ်အခြေအနေဟာ ပိုပြီး ဆိုးဝါးလာခဲ့ပါတယ်။ သူ့ရဲ့ စိတ်လွင့်မှုနဲ့ မေ့လျော့မှုတွေက ပိုဆိုးလာပြီး အင့်စ် ဇန်းဝဲလ် ရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ ပိုပြီး နီးစပ်လာသလို ဖြစ်လာပါတယ်။
...
စာအုပ်ထဲမှာ စာကြောင်းတွေ အများကြီးကို ထပ်ပြီး ခြစ်ပစ်ထားပြန်ပါတယ်။
တကယ့်ကို မယုံနိုင်စရာပဲ! ကလိုင်း မိုရက်တီ ဟာ အင့်စ် ဇန်းဝဲလ် ရဲ့ အဖြစ်အပျက်တွေအပေါ်မှာ တိုက်ဆိုင်မှုတွေနဲ့ တိတ်တဆိတ် လွှမ်းမိုးမှုကို သတိထားမိသွားပြီး အနီရောင်မီးခိုးခေါင်းတိုင်ကို မြင်သွားခဲ့တယ်။
ဒါ... ဒါဟာ ခွိုင်း တက္ကသိုလ် သမိုင်းဌာနက ဆရာဖြစ်သူ အေဇစ် ရဲ့ သတိပေးမှုကြောင့် ဖြစ်ပါတယ်။ အေဇစ်က လျှို့ဝှက်ချက်တွေ အများကြီး ရှိတဲ့သူ ။ ဒါပေမဲ့ ကလိုင်းက တကယ့် သဲလွန်စတွေကို ရှာဖွေတွေ့ရှိနိုင်ခဲ့တာကတော့ အံ့သြစရာ ကောင်းလှပါတယ်။ ဒါဟာ ရှင်းပြလို့ မရနိုင်တဲ့ ကိစ္စ ဖြစ်ပါတယ်။
အကြောင်းရင်းက ဘာပဲဖြစ်ဖြစ် အင့်စ် ဇန်းဝဲလ် ကတော့ ဆက်လက် လှုပ်ရှားနေပြီး ဇာတ်လမ်းကလည်း ဆက်သွားနေပါတယ်။
ကလိုင်း ဟာ စာကြည့်တိုက်မှာ ဆီးရီးရက်စ် နဲ့ တိုက်တိုက်ဆိုင်ဆိုင် တွေ့ဆုံခဲ့ပြီး သူ့ကို သတ်ပစ်ဖို့ကလွဲလို့ တခြား ရွေးချယ်စရာ မရှိခဲ့ပါဘူး။ ဒါကြောင့် လန်နီးဗက်စ် ကိုစုံစမ်းနိုင် မယ့် သဲလွန်စတွေက ရုတ်တရက် ပြတ်သွားပြီး ပြဿနာကို ရှာတွေ့ရှိဖို့ကလည်း ကြန့်ကြာသွားခဲ့ပါတယ်။
...
ကလိုင်း က မီဂူ့စ် နဲ့ တွေ့ဆုံခဲ့ပေမဲ့ သူ့ရဲ့ ဝိညာဉ်အာရုံက သူမကို အနီးကပ် စစ်ဆေးကြည့်မယ့် ကိစ္စကို တားဆီးခဲ့တယ်။ ဒါကြောင့် သူက မီဂူ့စ် ရဲ့ သေးငယ်ပြီး မူမမှန်တဲ့အရာတွေကို သတိမထားမိခဲ့ပါဘူး။ ဒါဟာ ယုတ္တိရှိပါတယ်။ ငါတို့ရဲ့ ဇာတ်လမ်းတွေက လျှောက်ရေးထားတာ မဟုတ်ဘူး။
သူက အနီရောင်မီးခိုးခေါင်းတိုင်နဲ့ အိမ်ကို လိုက်ရှာခဲ့ပေမဲ့ သူ ရှာဖို့ရွေးတဲ့ လမ်းတွေကတော့ပစ်မှတ်နဲ့ အမြဲတမ်း လွဲနေခဲ့တယ်။ နောက်ထပ် နှစ်လ၊ သုံးလလောက် ကြာပြီး နောက်ဆုံး အသုတ်ကို ရှာတဲ့အချိန်ကျမှသာ သူက တကယ့် မီးခိုးခေါင်းတိုင်အနီတဲ့ အိမ်ကို ရှာတွေ့ရမှာ ဖြစ်ပါတယ်။
...
စာအုပ်ထဲမှာ စာကြောင်းတွေ အများကြီးကို ထပ်ပြီး ခြစ်ပစ်ထားပြန်ပါတယ်၊ အရင်ကထက်တောင် ပိုများပါသေးတယ်။
ဒန်း စမစ် ရဲ့ စိတ်အခြေအနေက သက်သာသွားခဲ့တယ်! သူ့ရဲ့ အခြေအနေက သိသိသာသာ ကောင်းမွန်လာခဲ့တယ်! သူက 'သရုပ်ဆောင်ခြင်း နည်းလမ်း' ကို တကယ်ပဲ တတ်သွားခဲ့တယ်!
သူ့ကို သင်ပေးခဲ့တာက ဒေလီ ဆီမုန်း နဲ့ လူအိုကြီး နေးလ် တို့ကို ကြည့်ပြီး စိတ်ကူးရခဲ့တဲ့ ကလိုင်း မိုရက်တီ ဖြစ်ပါတယ်။ မဟုတ်ဘူး—အင့်စ် ဇန်းဝဲလ် က အဲ့ဒါကို မယုံကြည်ပေမဲ့ သူ့ရဲ့ မူလ ဇာတ်လမ်းကို အနည်းငယ်သာ ပြောင်းလဲနိုင်ခဲ့ပါတယ်။
ဇာတ်လမ်းထဲမှာ အချက်အလက်အသစ်တွေ ပါဝင်လာခဲ့ပါတယ်။
အေဇစ် ဟာ သူရဲ့ ပျောက်ဆုံးနေတဲ့ မှတ်ဉာဏ်တွေကို ရှာဖွေဖို့အတွက် ဘက်ကလန် မြို့ကို သွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
သိပ်မကြာခင်မှာပဲ ကလိုင်း နဲ့ ဒန်း တို့ဟာ ဟုဒ် အဲဂန် ဆီကနေ သဲလွန်စတွေကို ရှာတွေ့ခဲ့ကြပါတယ်။
...
ထင်းဂန်မြို့ရဲ့ ရှေးရိုးစွဲပါတီ နဲ့ ပါတီသစ်တို့ တစ်ခုနဲ့တစ်ခု လုံးဝ ဆန့်ကျင်နေစေဖို့အတွက် မဒမ် ရှယ်ရွန် ဟာ အဆင့်တက်ပြီးနောက် ရူးတော့မယ်ဆဲဆဲ အခြေအနေ ဖြစ်နေပေမယ့် လွှတ်တော်အမတ် ဂျွန် မေနာ့ဒ် ကို သတ်ဖို့ သူမက စွန့်စားခဲ့ပါတယ်။
"သူမမှာ လူသတ်ဖို့ လုံလောက်တဲ့ ရည်ရွယ်ချက် မရှိပေမဲ့လည်း မေနာ့ဒ် ကို သတ်ခဲ့ပါတယ်။
သာလွန်သူတွေမှာ စိတ်ရှူပ်ထွေးနေတဲ့ အချိန်တွေ အမြဲရှိနေတတ်ပြီး သူမက အဲ့ဒီအချိန်ကို ရောက်နေတာ ဖြစ်ပါတယ်။ ဒါ့အပြင် သူမဟာ လူသတ်မှုကို ဘယ်သူမှ မဖော်ထုတ်နိုင်ဘူးလို့လည်း ယုံကြည်မှု ရှိနေခဲ့ပါတယ်။
မေနာ့ဒ် ရဲ့ ဇနီးက ဆေးရွက်ကြီး ကုန်သည် ဗစ်ခရွိုင်း ကနေတစ်ဆင့် ဆူးနက် လုံခြုံရေးကုမ္ပဏီ ကို ဆက်သွယ်မိခဲ့ပါတယ်။ သူတို့က သူမကို စိတ်မပျက်စေခဲ့ဘဲ မဒမ် ရှယ်ရွန် ရဲ့ မူမမှန်မှုတွေကို မြန်မြန်ဆန်ဆန်ပဲ ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။
ဆုံမှတ် ၆ (အမှောင်ထု လမ်းစဉ်) နီးနီး အစွမ်းထက် တဲ့ ဒန်း စမစ် ဟာ အရင်ဆုံး မဒမ် ရှယ်ရွန် ကို ဖမ်းဖို့ ဆုံးဖြတ်ခဲ့တယ်။ သူက အဆင့် ၃ ချိတ်ပိတ် လက်နက် ၃-၀၂၇၁ ( နတ်ကတော် ကြေးမုံ) ကို ကန်လေ ကို ကိုင်ဆောင်စေခဲ့ပါတယ်။
သူတို့ နှစ်ယောက်နဲ့ ကလိုင်း တို့ ဟာ မဒမ် ရှယ်ရွန် အိမ်နားကိုရောက်တဲ့အခါ ဒန်း က သူမကို အဝေးကနေ ထိန်းချုပ်ဖို့ အိမ်မက်ထဲကို ဆွဲသွင်းဖို့ ကြိုးစားခဲ့ပါတယ်။"
ဒါဟာ ကောင်းမွန်တဲ့ အစီအစဉ်တစ်ခု ဖြစ်ပေမဲ့ ကံမကောင်းစွာနဲ့ မဒမ် ရှယ်ရွန် ရဲ့ ဘေးမှာ ကမ္ဘာဦး မိစ္ဆာမ (မိစ္ဆာမ လမ်းစဉ် ဆုံမှတ် ၀) ရဲ့ ရုပ်ထု ရှိနေခဲ့ပါတယ်။
အဲ့ဒါကြောင့် ညသိမ်းငှက် တွေရဲ့ အစီအစဉ် ဟာ ပျက်သွားခဲ့ပါတယ်။ ကန်လေ ဟာ သူ့ရဲ့ စိုးရိမ်စိတ်ကြောင့် နတ်ကတော်ကြေးမုံထဲမှာ သူ့ကိုယ်သူ ပြန်မြင်ခဲ့ရပါတယ်။
မဒမ် ရှယ်ရွန် ကို ရှင်းနိုင်ခဲ့ပေမဲ့ ကန်လေ ကတော့ သေဆုံးသွားခဲ့ပါတယ်။ ဒန်း က သူ့ကိုယ်သူ အပြစ်တင်ခဲ့ပြီး ကန်လေ ရဲ့ သာလွန်သူ ဝိသေသလက္ခဏာကို သူ လုပ်နေကျအတိုင်းပဲ စားသုံးခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ သူစားလိုက်တဲ့ ကန်လေရဲ့
သာလွန်သူ ဝိသေသလက္ခဏာ အကြွင်းအကျန် တွေကို ခြေဖျက်နေတုန်းမှာ အနှောင့်အယှက် ခံလိုက်ရပြီး ခြေဖျက်တာ ကြန့်ကြာသွားခဲ့ပါတယ်။ အဲ့ဒီရလဒ်ကြောင့် သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေက မတည်မငြိမ် ဖြစ်လာခဲ့ပါတယ်။
အဲ့ဒီအခြေအနေတွေမှာပဲ လန်နာ့ဒ် နဲ့ ကလိုင်း တို့ဟာ လန်နီးဗက်စ် ချန်ထားခဲ့တဲ့ စာကို ရှာတွေ့သွားခဲ့ကြပါတယ်။
မီဂူ့စ် ဟာ အမျိုးအမည် မသိရတဲ့ ဆင့်ခေါ်မှုကြောင့် ဇိုးတလန်လမ်းမဆီကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ရှိလာခဲ့ပါတယ်။ သူမဟာ ဆူးနက် လုံခြုံရေးကုမ္ပဏီ ထဲကို ဝင်ရောက်လာခဲ့ပြီး သူမရဲ့ ဗိုက်ထဲက ကလေးကလည်း မွေးဖွားခါနီး အရေးကြီးတဲ့ အဆင့်ကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။ မွေးဖွားခါနီး ဖြစ်နေတဲ့ ဗိုက်ထဲက နတ်ဘုရားရဲ့ ကလေးတောင် ဆူးနက် လုံခြုံရေးကုမ္ပဏီကို လာချင်နေတဲ့ သူမရဲ့ ပြင်းပြတဲ့ ဆန္ဒ ကို မတားဆီးနိုင်ခဲ့ပါဘူး။
ဒန်း ဟာ အသေးစိတ်ကျတဲ့ အစီအစဉ်တစ်ခုကို ဆွဲခဲ့တယ်။ အဲ့ဒီအစီအစဉ်က မှန်ကန်ပေမဲ့ သူ အမှားတစ်ခု လုပ်ခဲ့မိပါတယ်။ သူသာ မီဂူ့စ် ကို ချန်းနစ် တံခါး ရဲ့ အနောက်မှာ အသေသတ်ဖို့ ဆုံးဖြတ်ခဲ့ရင် တံခါးပတ်ဝန်းကျင်ရယ် အဲ့ဒီမှာရှိတဲ့ ပစ္စည်းတွေရဲ့ အကူအညီနဲ့ ဆိုရင် သူ အောင်မြင်နိုင်ခဲ့မှာ ဖြစ်ပါတယ်။ သူသာ ဘုရားကျောင်းတော်က လာမယ့် စစ်ကူကို စောင့်ချင်တယ်ဆိုရင် ဆယ်လီနာ သူတော်စင်မ ရဲ့ အရိုးပြာအိုးကို တံခါးအပြင်ကို မထုတ်ခဲ့သင့်ပါဘူး။
ကံမကောင်းစွာနဲ့ ဒန်း ရဲ့ စိတ်ဟာ လတ်တလော ဖြစ်ရပ်တွေကြောင့် မတည်ငြိမ်ဖြစ်နေခဲ့ပြီး သူက အရေးကြီးဆုံး အချက်ကို မစဉ်းစားမိခဲ့ပါဘူး။ နတ်ဘုရားရဲ့ သားတော်ဟာ သူတော်စင်မ ရဲ့ အရိုးပြာအိုးဆီက အန္တရာယ်ကို ခံစားနိုင်ပါတယ်။ ဒါကြောင့် အဲ့ဒီ ကလေးက လှုံ့ဆော်ခံလိုက်ရပြီး လုံးဝ အဆင်သင့် မဖြစ်သေးပေမဲ့ ကြိုတင်မွေးဖွားဖို့လာအတွက် သူ့မိခင်ရဲ့ အင်အားကို စတင်စုပ်ယူခဲ့ပါတယ်။
အေဇစ် က ဘက်ကလန် မြို့မှာ ရောက်နေပေမဲ့ သူက ခရီးသည် (တံခါး လမ်းစဉ် ဆုံမှတ် ၅) မဟုတ်တာကြောင့် အချိန်တိုအတွင်းမှာ ထင်းဂန်ကို လေဟာနယ် ခုန်ကူးပြီး ပြန်မလာနိုင်ခဲ့ပါဘူး။
စာအုပ်ထဲမှာ စာကြောင်း အနည်းငယ်ကို ခြစ်ပစ်ထားပြန်ပါတယ်။
မီဂူ့စ် ဟာ မိစ္ဆာကောင် ဖြစ်သွားခဲ့ပြီး ဆူးနက်ကုမ္ပဏီရဲ့ဧည့်ခန်းထဲမှာပဲ တိုက်ပွဲဟာ စတင်ခဲ့တယ်။ သူတော်စင်မ ရဲ့ အရိုးပြာအိုး၊ သွေးကြောသူခိုး နဲ့ ထူးထူးခြားခြား ပေါ်လာတဲ့ အဆင့်မြင့် အဆောင် နှစ်ခုရဲ့ အကူအညီကြောင့် မီဂူ့စ် ဟာ သေဆုံးသွားခဲ့ပြီး နတ်ဘုရားရဲ့ သားတော်ကိုလည်း ကမ္ဘာပေါ်ကို ရောက်မလာအောင် နှင်ထုတ်နိုင်ခဲ့ပါတယ်။ ဒန်း စမစ် ကတော့ တိုက်ပွဲကြောင့် သေဆုံးသွားခဲ့ပြီး ဆယ်လီနာ သူတော်စင်မ ရဲ့ အရိုးပြာအစွမ်းကလည်း အပြင်းအထန် ပျက်စီးသွားခဲ့ပါတယ်။ အဲ့ဒါက အင့်စ် ဇန်းဝဲလ် လိုချင်တဲ့ ရည်ရွယ်ချက်နဲ့ ကွက်တိ ဖြစ်သွားခဲ့ပါတယ်။
အင့်စ် ဇန်းဝဲလ် ဟာ လူလုံးထွက်ပြဖို့ အခွင့်အရေး မရခဲ့ပေမဲ့ အဲ့ဒီအချက်က သူ့လိုချင်တဲ့ ပန်းတိုင်ကို ရောက်ဖို့အတွက် အဟန့်အတား မဖြစ်ခဲ့ပါဘူး။
သူ့ရဲ့ အစီအစဉ်တွေကို အမြဲတမ်း နှောင့်ယှက်နေတဲ့ ကလိုင်း မိုရက်တီ ကိုတော့ သူက သတ်ပစ်ခဲ့ပြီး ဆယ်လီနာ သူတော်စင်မ ရဲ့ အရိုးပြာတွေကိုလည်း ယူဆောင်သွားခဲ့ပါတယ်။
အင့်စ် ဇန်းဝဲလ် ဟာ ကျန်ရှိနေတဲ့ သေမင်း (သေခြင်း လမ်းစဉ်) မျိုးဆက်ရဲ့ ဝိသေသလက္ခဏာ တစ်ဝက်နဲ့ အစီအရင်တစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ သူက ဆယ်လီနာ သူတော်စင်မ ရဲ့ အရိုးပြာတွေကို စားသုံးခဲ့ပြီး သေခြင်း လမ်းစဉ် ဆုံမှတ် ၅ - တံခါးမှူး ကနေ ထာဝရည လမ်းစဉ် ဆုံမှတ် ၄ - ညစောင့် ကို အောင်မြင်စွာ တိုးမြှင့် ကူးပြောင်းနိုင်ခဲ့ပါတယ်။ အဲ့ဒီလိုနဲ့ သူမှာ နတ်ဘုရား ဝိသေသလက္ခဏာတွေ ရှိလာခဲ့ပြီး နတ်ဘုရားတစ်ပိုင်းအဆင့် သာလွန်သူ တစ်ယောက်ဖြစ်လာခဲ့ပါတယ်။
နေမင်းကြီးကတော့ ကမ္ဘာမြေပေါ်မှာ ဆက်လက် တောက်ပနေဆဲ ဖြစ်ပါတယ်။ ထင်းဂန်မြို့က လူတွေဟာ အလွန် ကြီးမားတဲ့ ဘေးဒုက္ခကနေ သီသီလေး လွတ်မြောက်ခဲ့လဲဆိုတာကို သူတို့ကိုယ်တိုင်တောင် မသိကြပါဘူး။
မွန်းစတား အက်ဒီမီဆောလ် ကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး အရမ်းကို ဇဝေဇဝါ ဖြစ်လောက်ပါပြီ။
( အက်ဒီမီဆောလ်ဆိုတာ ကလိုင်းနဲ့ဈေးထဲမှာ ဆုံခဲ့တဲ့ မွန်းစတား လမ်းစဉ်က သာလွန်သူ တစ်ယောက်ဖြစ်ပါတယ်။သူက ထင်းဂန်မြို့ကို ဖန်ဆင်းရှင်အစစ်ရဲ့ သားတော် ဆင်းသက်လာမှာကို ကြိုသိနေခဲ့တဲ့အတွက် အားလုံးသေတော့မှာလို့ပြောခဲ့တာဖြစ်ပါတယ်။ ကြိုသိရတဲ့အကြောင်းအရင်းကတော့ သူရဲ့ မွန်းစတား လမ်းစဉ်က ကံကြမ္မာနဲ့ ဆက်နွယ်နေတဲ့အတွက် ဖြစ်ပါတယ်။)
မှတ်စုစာအုပ်ကို နောက်ဆုံးစာမျက်နှာအထိ လှန်လိုက်တယ်။ စာအုပ်ကို ကိုင်ထားတဲ့ သက်လတ်ပိုင်း အမျိုးသားဟာ ရွှေအိုရောင် ဆံပင်၊ မဲနက်လုနီးပါးဖြစ်နေတဲ့ နက်ပြာရောင် မျက်လုံးတစ်ဖက်၊ မြင့်မားတဲ့ နှာတံနဲ့ တင်းတင်းစေ့ထားတဲ့ နှုတ်ခမ်းတွေ ရှိပါတယ်။ သူ့ရဲ့ မျက်နှာသွင်ပြင်က ရုပ်တုတစ်ခုလိုဖြစ်နေပြီး မျက်နှာမှာ အရေးအကြောင်း တစ်ခုမှ မရှိပါဘူး။
သူက ရှေးဟောင်း ငှက်မွှေးကလောင်တံ တစ်ခုကို သူ့ရဲ့ ဖြူဖျော့ဖျော့ လက်နဲ့ ကိုင်လိုက်ပြီး မင်ရည်မဆွတ်ဘဲ စာကြောင်းတစ်ကြောင်းကို ရှင်းလင်းစွာ ရေးလိုက်ပါတယ်။
သူက ရိုးရှင်းတဲ့ စာကြောင်းတစ်ကြောင်းနဲ့ စာအုပ်ကို အဆုံးသတ်လိုက်ပါတယ်။
“ထင်းဂန်မြို့ရဲ့ ဇာတ်လမ်းက ဒီမှာပဲ ပြီးဆုံးသွားပါပြီ”
စာမျက်နှာတွေဟာ သူ စာအုပ်ပိတ်လိုက်တဲ့အချိန်မှာ တဖျပ်ဖျပ် မြည်သွားပြီး အညိုရောင် စာအုပ်အဖုံးပဲ ကျန်ပါတော့တယ်။