အခန်း (၁၇၅-၁၇၆)
Vol. 18 Ch. 175-176
အခန်း ၁၇၅ ပင်လယ်ဓားပြများ
"အပျော်ခရီးလား"
သူဌေးသားလေးတစ်ဦး၊ အမျိုးသမီးအဖော်နှစ်ဦးနှင့် ကျွမ်းကျင်သည့် အိမ်စေအိုကြီးတစ်ဦး။[
ဤကဲ့သို့သော ပေါင်းစပ်မှုမှာ အလွန်ပင် ရိုးရှင်းလှသည်။
ကုန်သည်သင်္ဘောပိုင်ရှင်သည် ထိုအဖွဲ့ကို အကဲခတ်ကြည့်ရှုပြီးနောက် လင်ချွမ် နှင့် သူ၏အဖော်များကို အပျော်ထွက်လာသည့် ချမ်းသာသော လူငယ်လေးများဟု မှတ်ယူကာ မတတ်သာသည့်အဆုံး ခေါင်းညိတ်လက်ခံလိုက်သည်။
အမှန်စပ်သော် သူသည် ယခင်ကလည်း ထိုကဲ့သို့သောသူမျိုးများကို မြင်ဖူးရုံသာမက အကြိမ်အနည်းငယ်ပင် လိုက်ပါခွင့်ပေးခဲ့ဖူးသည်။
ထို့အပြင် ဤလူများမှာ သူ၏သင်္ဘောအုပ်စုအတွက် အန္တရာယ်ဖြစ်စေမည့်ပုံမပေါ်ဘဲ ငွေကိုလည်း ကြိုတင်ပေးချေထားပြီး ဖြစ်၏။
ထို့ကြောင့်လည်း ကုန်သည်သင်္ဘောပိုင်ရှင်က သဘောတူခဲ့ခြင်းပင်။
နှစ်ရက်တာအချိန်သည် လျင်မြန်စွာ ကုန်ဆုံးသွားခဲ့ပြီး ဘာပြဿနာမျှ မရှိခဲ့ပေ။
သင်္ဘောသားများနှင့် သင်္ဘောပိုင်ရှင်မှာ စိတ်လက်ပေါ့ပါးသွားကြသည်။
မကြာသေးမီရက်ပိုင်းအတွင်း အရှေ့တရုတ်ပင်လယ်တွင် ပင်လယ်ဓားပြများ သောင်းကျန်းနေပြီး အစိုးရမှ စေလွှတ်လိုက်သော သင်္ဘောအုပ်စုများပင် ပင်လယ်ထဲတွင် ပျောက်ဆုံးနေကြောင်း ကောလာဟလများ ပျံ့နှံ့နေခဲ့သည်။
တစ်ချိန်တည်းမှာပင် လူများမှာလည်း စိုးရိမ်ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။
အကယ်၍ ရရှိမည့် အကျိုးအမြတ်သာ အဆမတန် မများပြားပါက ကုန်သည်သင်္ဘောပိုင်ရှင်သည် ယခုကဲ့သို့ အန္တရာယ်များသော ခရီးစဉ်ကို လာချင်မည်မဟုတ်ပေ။
သို့သော်လည်း ထိုနေ့နံနက်ခင်းတွင်ပင် ကုန်သည်အဖွဲ့၏ ကံကောင်းမှုများ ကုန်ဆုံးသွားပုံရသည်။
"ရှေ့မှာ အမည်မသိ သင်္ဘောအုပ်စုတစ်စု ပေါ်လာပြီ၊ ပင်လယ်ဓားပြတွေ ဖြစ်ပုံရတယ်"
ကင်းထောက်၏ အော်ဟစ်သတိပေးသံကြောင့် တစ်သင်္ဘောလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားတော့သည်။
ထိတ်လန့်တကြား အော်ဟစ်သံများစွာ ထွက်ပေါ်လာပြီး ကုန်းပတ်ပေါ်ရှိ ခြေသံများမှာလည်း ဖရိုဖရဲ ဖြစ်ကုန်သည်။
ထိုအသံများကြောင့် လင်ချွမ်နှင့် အဖွဲ့သည် အခန်းထဲမှ ထွက်လာကာ ကုန်းပတ်ပေါ်တွင် ရပ်၍ အဝေးသို့ လှမ်းကြည့်လိုက်ကြသည်။
အမှန်ပင် ၆ မိုင် သို့မဟုတ် ၇ မိုင်ခန့် အကွာအဝေးတွင် ကုန်သည်သင်္ဘောများထက် အဆပေါင်းများစွာ ကြီးမားသော သင်္ဘောသုံးစင်းသည် ဖြည်းညှင်းစွာ ချဉ်းကပ်လာနေ၏။
အပေါ်သို့ မော့ကြည့်လိုက်လျှင် သင်္ဘောပေါ်ရှိ အလံများမှာ ပင်လယ်ဓားပြများ၏ သင်္ကေတဖြစ်ကြောင်း ထင်ရှားနေသည်။
"ငါတို့ ဘာလုပ်ကြမလဲ၊ ဘာလုပ်ရမလဲ"
ပင်လယ်ဓားပြများ ရောက်လာပြီဟု သိလိုက်ရသောအခါ အစပိုင်းတွင် တည်ငြိမ်နေခဲ့သော ကုန်သည်သင်္ဘောပိုင်ရှင်မှာ ချက်ချင်းပင် တုန်လှုပ်ချောက်ချားသွားသည်။
သူသည် အခန်းထဲတွင် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်ရင်း စိုးရိမ်တကြီး တတွတ်တွတ် ရေရွတ်နေတော့သည်။
ထို့နောက် သူသည် သင်္ဘောသားတစ်ဦး၏ လက်မောင်းကို ဆွဲကိုင်ကာ ပြောလိုက်သည်။
"အော်... ဟုတ်သားပဲ၊ ငါတို့သင်္ဘောပေါ်မှာ အမြောက်တွေ ရှိသေးတယ်မဟုတ်လား"
"အဲဒါတွေကို ထုတ်ပြီး ပြန်ပစ်ကြစို့"
ထိုစကားကို ကြားလိုက်ရသောအခါ သင်္ဘောသား၏ မျက်နှာမှာ ချက်ချင်းပင် ညှိုးငယ်သွားတော့သည်။
သင်္ဘောပေါ်တွင် အမြောက်နှစ်လက် ရှိသည်မှာ အမှန်ပင်၊ သို့သော် ထိုအမြောက်များမှာ အကွာအဝေး အလွန်တိုပြီး ရှားရှားပါးပါး အဆောင်အယောင်အဖြစ်သာ ရှိနေခြင်း။
ယင်းတို့ကို တင်ဆောင်လာရခြင်းမှာ မိမိကိုယ်ကို သတ္တိရှိစေရန်အတွက်သာ။
နောက်ဆုံးတွင် ကုန်သည်သင်္ဘောများ သွားလာနေသည့် အရှေ့တရုတ်ပင်လယ်သည် မင်မင်းဆက်၏ နယ်နိမိတ်အတွင်း အမြဲတမ်း ရှိနေခဲ့သည်။
သတ်မှတ်ထားသော ဘေးကင်းသည့် လမ်းကြောင်းအတိုင်း ရွက်လွှင့်နေသရွေ့ ယေဘုယျအားဖြင့် ဘာပြဿနာမျှ မကြုံတွေ့နိုင်ပေ။
ထို့ကြောင့် ဤလက်နက်ဆိုသည်မှာ လက်တွေ့တွင် အသုံးမဝင်ပေ။
ယခုအခါ ပင်လယ်ဓားပြများမှာ သောင်းကျန်းနေပြီး အစိုးရပင် ခက်ခဲနေရချိန်ဖြစ်၏။
မင်မင်းဆက် ရေတပ်မှ သင်္ဘောအုပ်စုတစ်စုကို အမှန်တကယ် ခေါ်ယူနိုင်ခဲ့လျှင်ပင် ထိုနေရာသို့ ရောက်ရှိရန် အချိန်ယူရဦးမည်ဖြစ်ရာ ခဏချင်း ရောက်လာရန် မဖြစ်နိုင်ပေ။
ထိုအမြောက်နှစ်လက်မှာမူ ရယ်စရာပင်။
ပစ်မှတ်ကို ထိ၊ မထိ ဆိုသည်မှာ နောက်ထား၊ ဤသည်မှာ ကုန်သည်သင်္ဘောသာ ဖြစ်သည်။
ကုန်သည်သင်္ဘောတစ်စင်းက ပင်လယ်ဓားပြသင်္ဘောသုံးစင်းကို ရင်ဆိုင်မည်ဆိုသည်မှာ သေတွင်းထဲ ဆင်းခြင်းနှင့် အတူတူပင် မဟုတ်ပါလား။
"ဒီမှာ အမြောက်တွေရှိပေမဲ့ တခြားဘက်မှာလည်း မရှိဘူးလို့ ထင်လို့လား"
ဟု သင်္ဘောသားက ပြောရန်ပြင်သော်လည်း ကုန်သည်ပိုင်ရှင်၏ ဒေါသတကြီး ငေါက်ငမ်းမှုကို ခံလိုက်ရသည်။
"ငါ မသိဘူးလို့ မင်းထင်နေတာလား"
"အဲဒါဆိုရင် ငါ့ကို အကြံကောင်းတစ်ခုပေးလေ"
"မပေးနိုင်ရင် အမြန်သွားပြီး အမြောက်တွေကို အဆင်သင့်လုပ်ထား"
"ဟုတ်ကဲ့..."
သင်္ဘောသားမှာ စိတ်မသက်မသာဖြင့် ပြန်ဖြေလိုက်သည်။
သူ ထွက်သွားရန် ပြင်စဉ် လင်ချွမ် အနီးသို့ လျှောက်လာသည်ကို တွေ့လိုက်ရသည်။
"ဟိုဘက်က သင်္ဘောတွေက ပင်လယ်ဓားပြတွေလား"
သင်္ဘောကပ္ပတိန်သည် မှိုင်တွေသော မျက်နှာထားဖြင့် ခေါင်းညိတ်ပြလိုက်ပြီးနောက် အနည်းငယ် စိတ်လှုပ်ရှားနေပုံရသည့် လင်ယန်ရွှယ်ကို စိတ်ပျက်လက်ပျက် ကြည့်လိုက်သည်။
"မိန်းကလေး၊ အဲဒီမျက်နှာအမူအရာက ဘာလဲ"
"ပင်လယ်ဓားပြတွေ လာနေတာကို ဘာလို့ ပျော်နေကြတာလဲ"
ထိုအချိန်တွင် ကုန်သည်ပိုင်ရှင်၏ မျက်နှာမှာ ရုတ်တရက် တင်းမာသွားပြီး မယုံကြည်နိုင်သလို ပြောလိုက်သည်။
"မင်းတို့က အဲဒီပင်လယ်ဓားပြတွေနဲ့ တစ်ဖွဲ့တည်း မဟုတ်ဘူးမလား"
"ဖူး"
လင်ချွမ်သည် ထိုစကားကို ကြားသောအခါ ရယ်မောမိသွားပြီးနောက် လက်ကို အမြန်ဝေ့ယမ်းကာ ပြောလိုက်သည်။
"ဘယ်လိုလုပ် အဲဒီလို ဖြစ်နိုင်မှာလဲ"
ကဲပါ... အဲဒီလိုတွေ မတွေးပါနဲ့တော့"
"အကယ်၍ သူတို့က တကယ်ပဲ ပင်လယ်ဓားပြတွေဆိုရင် ကျွန်တော်တို့ ခဏနေရင် ရှင်းပေးပါ့မယ်၊ စိတ်မပူပါနဲ့"
"အော်... ဟုတ်သားပဲ...ဟို အဘိုးအိုလည်း ရှိသေးတာပဲ"
ကုန်သည်ပိုင်ရှင်မှာ အနည်းငယ် အံ့အားသင့်သွားသော်လည်း လင်ချွမ်၏ စကားကို အလေးအနက်မထားပေ။
သို့သော် ထိုစကားများက သူ့ကို တစ်ခုခု သတိရသွားစေပုံရသည်။
သူသည် စားပွဲကြီးကို ရိုက်လိုက်ပြီး အံ့အားသင့်သော မျက်နှာထားဖြင့် ခုန်ထလိုက်သည်။
"အဲဒီဆရာကြီးက တတိယအဆင့် ကျွမ်းကျင်သူပဲ"
"သူရှိနေရင် အဲဒီပင်လယ်ဓားပြတွေ ပြဿနာရှာရဲမှာ မဟုတ်ဘူး"
ထိုသို့တွေးမိပြီးနောက် ကုန်သည်ပိုင်ရှင်မှာ အချိန်မဆွဲတော့ဘဲ သင်္ဘော၏ အောက်ဆုံးထပ် အခန်းဆီသို့ အပြေးအလွှား သွားတော့သည်။
"ဟင်... ဘာတွေဖြစ်နေတာလဲ"
မထွက်ခွာရသေးသော သင်္ဘောသားမှာလည်း အံ့အားသင့်သွားသည်။
လင်ချွမ်တို့ မေးမြန်းသည်ကို ကြားသောအခါ သူက ပြန်လည် ရှင်းပြလာ၏။
"လွန်ခဲ့တဲ့ ခြောက်လက ကပ္ပတိန်ဟာ အဘိုးအိုတစ်ယောက်ကို ကယ်တင်ခဲ့ဖူးတယ်၊ မမျှော်လင့်ဘဲ အဲဒီအဘိုးအိုက တတိယအဆင့် သိုင်းပညာရှင် ဖြစ်နေခဲ့တယ်"
"ကယ်တင်ခံရပြီးနောက် သူက ကျေးဇူးတင်တဲ့အနေနဲ့ ကျွန်တော်တို့ရဲ့ ဘေးကင်းလုံခြုံရေးအတွက် တစ်နှစ်တာ သင်္ဘောပေါ်မှာ နေထိုင်စောင့်ရှောက်ပေးမယ်လို့ ကတိပေးခဲ့တယ်"
"ဒါပေမဲ့ အဲဒီအဘိုးအိုက စရိုက်က နည်းနည်း ထူးဆန်းပြီး သူစိမ်းတွေနဲ့ မဆက်ဆံချင်ဘူး၊ ဒါကြောင့် သင်္ဘောရဲ့ အနက်ရှိုင်းဆုံး အခန်းမှာ တစ်ယောက်တည်း နေတာ"
"အဲဒီဆရာကြီး ရှိနေမှတော့ ကျွန်တော်တို့ အားလုံး ဘေးကင်းမှာ အသေအချာပဲ"
ဤသို့ပြောနေစဉ် သင်္ဘောသား၏ မျက်နှာတွင် စိတ်လှုပ်ရှားမှုများ ပေါ်ပေါက်လာသည်။
မကြာမီ လူနှစ်ဦး အခန်းထဲမှ ထွက်လာ၏။
ယခင်က စိုးရိမ်ပူပန်နေသော ကပ္ပတိန်သည် ယခုအခါ ထိပ်ပြောင်ပြောင် အဘိုးအိုကို အခြေအနေများကို အမြန်ရှင်းပြနေသည်။
အဘိုးအိုမှာ ဘာမှပြန်မပြောဘဲ ခေါင်းကိုသာ အနည်းငယ် ညိတ်ပြလိုက်သည်။
"စိတ်မပူပါနဲ့၊ ငါ့ရဲ့ စွမ်းဆောင်ရည်အတွင်းမှာ ရှိနေသရွေ့ မင်းတို့သင်္ဘောပေါ်က လူအားလုံးကို ငါ အသေအချာ ကာကွယ်ပေးမှာပါ"
ထိုသို့ပြောပြီးနောက် သူသည် ရုတ်တရက် ရပ်တန့်သွားကာ လင်ချွမ်နှင့် အဖော်သုံးဦးကို ဝေခွဲမရသော မျက်လုံးများဖြင့် ကြည့်လိုက်ပြီး မေးလိုက်သည်။
"ဒီလေးယောက်က ဘယ်သူတွေလဲ"
"အော်... သူတို့က ဟန်တုန်းမြို့ကို သွားမယ့် ခရီးသည်တွေပါ"
"လမ်းကြုံတာနဲ့ ကျွန်တော်က တစ်ခါတည်း တင်ခေါ်လာတာပါ"
"အော်... အဲဒီလိုလား"
အဘိုးအိုသည် ခေါင်းညိတ်ပြပြီး နောက်ထပ် ဘာမှမမေးတော့ပေ။
သူသည် ကုန်းပတ်၏ အခြားတစ်ဖက်သို့ လျှောက်သွားပြီး အဝေးရှိ ပင်လယ်ဓားပြများ၏ အခြေအနေကို လေ့လာနေသည်။
ထိုအခြေအနေကို မြင်သောအခါ လင်ချွမ်း
နှင့် အဖွဲ့မှာလည်း အေးအေးဆေးဆေး ရှိနေရသဖြင့် ကျေနပ်နေကြသည်။
ပင်လယ်ဓားပြသင်္ဘောများ နီးကပ်လာသည်နှင့်အမျှ သင်္ဘောသားများမှာ ပြန်လည် စိုးရိမ်လာကြသော်လည်း ဆရာကြီး ရှိနေသဖြင့် အတန်ငယ် စိတ်သက်သာရာရကာ မိမိတို့တာဝန်များကို ဆက်လက် ထမ်းဆောင်နေကြ၏။
ပင်လယ်ဓားပြသင်္ဘောပေါ်တွင် ထူးဆန်းသော ဝတ်စုံများ ဝတ်ဆင်ထားသည့် ဒုံရင် (ဂျပန်) လူမျိုးအချို့သည် ကုန်းပတ်ပေါ်တွင် ရပ်လျက် ကုန်သည်သင်္ဘောဘက်ကို အကဲခတ်နေကြသည်။
၎င်းတို့အနက် တစ်ဦးက နားမလည်နိုင်သလို မေးလိုက်သည်။
"ဒီလူတွေက ဘာလို့ မကြောက်ကြတာလဲ"
ဘေးနားရှိ အခြားတစ်ဦးက နှာခေါင်းရှုံ့ကာ မထီမဲ့မြင် ပြုလိုက်ပြီး ပြောသည်မှာ....
"ဟင်း... သင်္ဘောပေါ်မှာ တစ်ခုခု ကျွမ်းကျင်သူဆိုတဲ့ လူတစ်ယောက် ရှိနေလို့နေမှာပေါ့"
"နာမည်ကြီးချင်တဲ့ အဲဒီကောင်တွေက သူတို့ကိုယ်သူတို့ အစွမ်းထက်တယ်လို့ ပြောကြပေမဲ့ လက်တွေ့မှာတော့ ဘာမှအသုံးမကျတဲ့ကောင်တွေပါ"
"ကဲ... ကြည့်မနေနဲ့တော့"
"သူတို့ကို ဝိုင်းထားပြီး သင်္ဘောပေါ်တက်စီးတဲ့အခါ ငါတို့ ဘယ်လောက် အစွမ်းထက်လဲဆိုတာ သိသွားလိမ့်မယ်"
ထိုသို့ပြောပြီးနောက် ထိုသူသည် ဒေါသတကြီး နှာမှုတ်လိုက်၏။
ကုန်သည်သင်္ဘောမှာ ပင်လယ်ဓားပြသင်္ဘောသုံးစင်း၏ ဝိုင်းရံမှုကို ခံလိုက်ရပြီး အမြန်ရပ်တန့်လိုက်ရသည်။ ကုန်သည်ပိုင်ရှင်၏ သတိပေးချက်ကြောင့် သင်္ဘောသားများမှာ မဆင်မခြင် မလုပ်ကြသော်လည်း ပင်လယ်ဓားပြများကို နိုးနိုးကြားကြား စောင့်ကြည့်နေကြသည်။
ကုန်သည်ပိုင်ရှင်မှာ အဘိုးအို၏ ဘေးတွင်ရပ်ရင်း အတန်ငယ် သတ္တိရှိလာကာ အသက်ပြင်းပြင်းရှူပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
"မင်းတို့ရဲ့ ခေါင်းဆောင် ဘယ်မှာလဲ"
"ငါ သူနဲ့ စကားပြောချင်တယ်"
အခန်း ၁၇၆ - ဓားပြ ခေါင်းဆောင် အိုဒါအီချီယို
"ဟမ့်...သေခါနီးလူစုကို စကားပြောနေလို့ ဘာထူးမှာလဲ၊တိုက်ခိုက်ကြစမ်း"
ထိုစကားကို ကြားသည်နှင့် ပတ်ဝန်းကျင်ရှိ ပင်လယ်ဓားပြများမှာ ဟိန်းဟောက်ကာ ၎င်းတို့၏ဓားများကို ကိုင်စွဲ၍ အောက်သို့ ပြေးဆင်းလာကြသည်။
ကုန်သည်အဖွဲ့ခေါင်းဆောင်၏ မျက်နှာပျက်သွားစဉ်မှာပင် အဘိုးအိုက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ရာ အင်အားကြီးမားသော အရှိန်အဝါတစ်ခု လျင်မြန်စွာ ပျံ့နှံ့သွားတော့၏။
"အဆင့်နိမ့် တတိယအဆင့် ကျင့်ကြံသူလား"
သင်္ဘောသုံးစင်းပေါ်ရှိ ပင်လယ်ဓားပြများသည် ထိုမြင်ကွင်းကြောင့် ကြောက်လန့်တကြား အော်ဟစ်ကာ နောက်သို့ ခြေလှမ်းအတော်များများ ဆုတ်ခွာသွားကြသည်။
ခေတ္တမျှ မည်သူမျှ ရှေ့သို့ မတိုးရဲကြပေ။
"အဘိုးကြီး၊ မင်းမှာ အရည်အချင်း တော်တော်ရှိတာပဲ"
"မင်းက ဟိုတစ်နေ့က လူတွေနဲ့တော့ မတူဘူးပဲ၊ ဒါကြောင့် ငါကိုယ်တိုင်ပဲ မင်းနဲ့ ကစားပေးမယ်"
ထိုအချိန်တွင် မင်မင်းဆက်ဘာသာစကားကို တတ်ကျွမ်းသူသည် လူအုပ်ထဲမှ ထွက်လာသည်။
ထိုသူမှာ ကိုယ်လုံးကိုယ်ထည် တောင့်တင်းပြီး ကြမ်းတမ်းသော ရုပ်ရည်ရှိ၏။
၎င်း၏ ဘယ်ဘက်မျက်ခုံးနှင့် ပါးရိုးအထိ ရှည်လျားသော အမာရွတ်တစ်ခု ရှိနေသည်မှာ ကြောက်စရာကောင်းလှသည်။
သူသည် မပီကလာ ပီကလာ မင်ဘာသာစကားဖြင့် ပြောဆိုရင်း လူအုပ်ထဲမှ ဖြည်းညှင်းစွာ ထွက်လာသည်။
သူ၏ ခြေလှမ်းများမှာ တည်ငြိမ်ပြီး မျက်နှာထားမှာလည်း အေးဆေးကာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အပြည့်ရှိနေပုံရသည်။
သူသည် အဘိုးအိုကို ကြည့်ကာ မပီမသ ဘာသာစကားဖြင့်
"ငါက အိုဒါအီချီယို ပဲ၊ငါ့နာမည်ကို မှတ်ထားလိုက်၊ ငါက မင်းရဲ့အသက်ကို ယူမယ့်သူပဲ"
အဘိုးအိုက သူ့ကို တစ်ချက်ကြည့်ကာ အေးစက်သော လေသံဖြင့် သူ၏အမည်ကို ပြောလိုက်သည်။
"စွန်းကွမ်း"
အိုဒါ က ခေါင်းညိတ်ပြီး ဘာမှထပ်မပြောတော့ဘဲ ညာဘက်ခြေထောက်ဖြင့် ကုန်းပတ်ကို အားပြုကာ အမြောက်ဆန်သလို ခုန်တက်ပြီး ပင်လယ်ဓားပြသင်္ဘောပေါ်မှ ဆင်းလာခဲ့၏။
လေထဲတွင် ရှိနေစဉ်မှာပင် သူ၏လှုပ်ရှားမှုကို ပြောင်းလဲကာ ဘယ်ဘက်ခြေထောက်ကို အမြင့်သို့ မြှောက်ပြီး အားပြင်းစွာ ဆောင့်ကန်လိုက်သည်။
လေတိုးသံများနှင့်အတူ တတိယအဆင့် အလယ်အလတ်ပိုင်း ကျွမ်းကျင်သူ၏ အင်အားမှာ ထင်ရှားစွာ ထွက်ပေါ်လာသည်။
၎င်းမှာ စွန်းကွမ်း၏ မျက်နှာကို အနည်းငယ် ပျက်သွားစေရုံသာမက အခြားသင်္ဘောသားများကိုလည်း ထိတ်လန့်သွားစေ၏။
စွန်းကွမ်းပင်လျှင် တတိယအဆင့် အနိမ့်ပိုင်းဖြစ်သဖြင့် အဆင့်တစ်ဆင့် နိမ့်နေသေးသည်။
"ဘုန်း"
အဘိုးအိုသည် လက်မောင်းများကို မြှောက်ကာ ထိုကန်ချက်ကို အောင်မြင်စွာ ကာကွယ်လိုက်နိုင်သော်လည်း သူ၏ ခန္ဓာကိုယ်မှာ ထိုအချိန်တွင် ပို၍ ကိုင်းညွတ်သွားသည်။
ခေတ္တမျှ ထိတွေ့မှုဖြစ်သော်လည်း နှစ်ဖက်စလုံးမှာ အင်အားကွာခြားမှုကို မြင်တွေ့လိုက်ရသည်။
စွန်းကွမ်းဘက်က သိသိသာသာ အရေးနိမ့်ခြင်း မရှိသေးသော်လည်း စိတ်ဓာတ်ပိုင်းမှာ ပြင်းထန်စွာ ထိခိုက်သွား၏။
ကုန်သည်သင်္ဘောပိုင်ရှင်နှင့် သင်္ဘောသားများသည် အစောပိုင်းက ရှိခဲ့သော လုံခြုံစိတ်ချရမှု ခံစားချက်ကို ဆုံးရှုံးသွားကြသည်။
ကုန်သည်သင်္ဘောများတွင် အင်အားအကြီးဆုံးမှာ ပဉ္စမအဆင့် ကျွမ်းကျင်သူ နှစ်ဦးသာ ရှိသဖြင့် တတိယအဆင့် ကျွမ်းကျင်သူနှင့် ယှဉ်လျှင် လုံးဝ အသုံးမဝင်ပေ။
ထို့ပြင် ယခုအခါ ပင်လယ်ဓားပြများ ဝိုင်းရံခြင်း ခံထားရသည်။
အကယ်၍ စွန်းကွမ်းသာ ရှုံးနိမ့်သွားပါက သူသည် ဤနေရာ၌ပင် အသက်ပျောက်သွားနိုင်လိမ့်မည်။
ခေတ္တမျှအတွင်း ကုန်သည်ခေါင်းဆောင်မှာ အဘိုးအို နိုင်ပါစေဟု ဆုတောင်းရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။
ထိုအချိန်မှပင် သူသည် ယခင်က သိုင်းပညာနှင့် စိတ်ဓာတ်ပိုင်းကို ကောင်းမွန်စွာ မလေ့ကျင့်ခဲ့မိသည်ကို နောင်တရမိတော့သည်။
အိုဒါ ကို တွန်းထုတ်ပြီးနောက် စွန်းကွမ်း၏ မျက်နှာပေါ်တွင် တည်ကြည်သော အမူအရာတစ်ခု ဖြတ်ပြေးသွားသည်။
ထိုခေတ္တမျှ တိုက်ခိုက်မှုအတွင်း ပြိုင်ဘက်၏ အဆင့်ကို ခန့်မှန်းမိပြီး သူ၏ စိုးရိမ်စိတ်မှာ ပိုမိုကြီးထွားလာသည်။
တတိယအဆင့်ချင်း တူသော်လည်း အထက်၊ လယ်၊ အောက် အဆင့်များ ကွဲပြားသောကြောင့် အင်အားချင်းလည်း ကွာခြားမှု ရှိပေမည်။
တိုက်ပွဲအတွေ့အကြုံက အဆင့်ကွာခြားမှုကို ပြန်လည်ကာမိစေနိုင်သော်လည်း ရုပ်ပိုင်းဆိုင်ရာ ခွန်အားတွင်မူ လုံးဝ အားနည်းချက်ရှိနေသည်။
"လက်ဝှေ့မှာ လူငယ်က အသာစီးရတယ်"
ဟူသော စကားပုံအတိုင်း အရည်အချင်းချင်း တူလျှင် လူငယ်များက ခံနိုင်ရည် ပိုရှိကြ၏။
လက်ရှိ အခြေအနေမှာမူ ပို၍ အန္တရာယ်ကြီးလှသည်။
အဘယ်ကြောင့်ဆိုသော် ရှေ့ကလူကို အနိုင်ရလျှင်ပင် ကျန်ရှိသော ပင်လယ်ဓားပြများကို ခြောက်လှန့်နိုင်ရန် အင်အားအလုံအလောက် ကျန်ရှိနေဖို့ လိုအပ်သောကြောင့်ပင်။
"ဟမ့်...ငါနဲ့ တိုက်နေရင်း အာရုံများနေရဲတယ်ပေါ့လေ"
စွန်းကွမ်း ခေတ္တတွေဝေသွားသော ထိုအခိုက်အတန့်ကို Odaက အခွင့်ကောင်းယူကာ အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။
သူသည် အရှိန်ကို ရုတ်တရက် မြှင့်လိုက်ပြီး စွန်းကွမ်း၏ ဘေးသို့ လျင်မြန်စွာ ရောက်ရှိသွားသည်။
လက်သီး၊ တံတောင်၊ ကန်ချက်၊ ခြေထိုး။
ပြင်းထန်သော တိုက်ခိုက်မှုများ ကျရောက်လာပြီး အိုဒါ ၏ခန္ဓာကိုယ် အဆစ်အမြစ်တိုင်းမှာ လက်နက်တစ်ခုကဲ့သို့ပင်။
သူသည် သူ၏ ရုပ်ပိုင်းဆိုင်ရာ အားသာချက်ကို အသုံးချကာ နီးကပ်စွာ တိုက်ခိုက်သည့် နည်းဗျူဟာကို မနားတမ်း အသုံးပြုခဲ့သည်။
ဤအခွင့်အရေးကို အသုံးချကာ စွန်းကွမ်းကို အမြန်ပင် အရေးနိမ့်အောင် ပြုလုပ်ခဲ့သည်။
ကုန်သည်သင်္ဘောပေါ်ရှိ လူအားလုံး၏ ရင်များ တုန်လှုပ်ကုန်ကြသည်။
"ဘုန်း"
အသံခပ်အုပ်အုပ်နှင့်အတူ နှစ်ဦးသား ပြန်လည် ခွာလိုက်ကြသည်။
လူအားလုံး မြင်လိုက်ရသည်မှာ စွန်းကွမ်းသည် မျက်နှာဖြူလျော့ကာ နောက်သို့ ခြေလှမ်းအတော်များများ ယိုင်ထွက်သွားခြင်း။
သူသည် ရင်ဘတ်ကို လက်တစ်ဖက်ဖြင့် ဖိထားပြီး ပါးစပ်ထောင့်မှ သွေးစအချို့ စီးကျလာသည်။
စွန်းကွမ်းသည် စကားတစ်လုံးမျှ မပြောဘဲ အတွင်းအားကို ခန္ဓာကိုယ်အနှံ့ လှည့်ပတ်ကာ ဒဏ်ရာများကို လျင်မြန်စွာ ဖိနှိပ်လိုက်သည်။
အခြားတစ်ဖက်တွင်မူ အိုဒါ မှာ ထိခိုက်ဒဏ်ရာ မရှိပုံရပြီး တဟားဟား ပြန်လည် ရယ်မောလိုက်သည်။
"မင်မင်းဆက်က ကျင့်ကြံသူဆိုတဲ့ လူတွေဟာ အလကား စကားကြီးရုံပဲလို့ ငါသိသားပဲ"
"ဒီလောက်ပဲ တတ်တာလား၊ တကယ်ကို အောက်တန်းကျလွန်းတယ်"
"မင်းတို့ရဲ့ အလယ်ပိုင်းဒေသ သိုင်းလောကဟာ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ မကောင်းဆိုးဝါး ဂိုဏ်းသားတွေရဲ့ တိုက်ခိုက်တာကို ခံခဲ့ရတယ်လို့ ငါကြားတယ်၊ ရှက်စရာပဲ"
"ဒါမျိုးသာ ငါတို့ရဲ့ အရှေ့ပိုင်း ချယ်ရီနိုင်ငံ(ဂျပန်နိုင်ငံ) မှာဆိုရင် သူတို့ အခွင့်အရေးတောင် ရမှာမဟုတ်ဘူး၊ ချက်ချင်း အသတ်ခံရမှာပဲ"
"ဒါဟာ အင်အား ကွာခြားချက်ပဲ"
"ဟမ့်"
ထိုစကားထဲတွင် ပါဝင်သွားသော နတ်ဆိုးဂိုဏ်း ခေါင်းဆောင်တစ်ဦး၏ မျက်နှာမှာ ချက်ချင်းဆိုသလို ပျက်သွားသည်။
သူမသည် ထိုကျေးဇူးကန်းသောသူကို သင်ခန်းစာပေးရန် ရှေ့သို့ တက်မည်ပြုစဉ် လင်ချွမ်က တားလိုက်သည်။
"မလောပါနဲ့ဦး"
"ဒီပင်လယ်ဓားပြသင်္ဘောရဲ့ ကုန်လှောင်ရုံထဲမှာ ပစ္စည်းကောင်းတချို့ တွေ့ထားတယ်"
"သွားကြည့်ကြရအောင်"
"ဟိုကောင်လေးကတော့ ဒီအဘိုးကြီးကို နိုင်မှာမဟုတ်ပါဘူး"
"ကံကောင်းလို့ နိုင်သွားရင်တောင် နောက်မှ ငါတို့ ရှင်းလို့ရတာပဲ"
ထိုစကားကို ကြားသောအခါ လင်ယန်ရွှယ်၏ မျက်လုံးများ ချက်ချင်း တောက်ပသွား၏။
တိုက်ပွဲမှာ ဆက်လက်ဖြစ်ပွားနေပြီး စွန်းကွမ်းနှင့် Odaတို့၏ တိုက်ခိုက်မှုတိုင်းကြောင့် ထွက်ပေါ်လာသော လေပြင်းများမှာ လူတိုင်း၏ အဝတ်အစားများကို လွင့်ခါနေစေသည်။
လူတိုင်း၏ အာရုံမှာ တိုက်ပွဲဆီသို့ ရောက်နေစဉ်၊ ကုန်းပတ်ပေါ်မှ တိုက်ပွဲကို ကြည့်နေသော လူလေးဦးမှာ မူလနေရာမှ တိတ်တဆိတ် ပျောက်ကွယ်သွားသည်ကို မည်သူမျှ သတိမထားမိလိုက်ကြပေ။
ပင်လယ်ဓားပြသင်္ဘော၏ ကုန်လှောင်ရုံအတွင်းတွင် အစောင့်နှစ်ဦးမှာ အခန်းနောက်မှီကို မှီကာ လက်ထဲတွင် ဝိုင်အိုးများ ကိုင်ထားပြီး မူးဝေနေသော မျက်လုံးများဖြင့် ရှိနေကြသည်။
သူတို့နှစ်ဦးမှာ အပြင်လောကတွင် ဘာဖြစ်နေသည်ကို ဂရုမစိုက်ဘဲ စကားတပြောပြောဖြင့် ဝိုင်ကို အရသာခံ သောက်နေကြသည်။
သို့သော် သူတို့က ဝိုင်အိုးကို တစ်ကျိုက်သောက်ရန် မြှောက်လိုက်စဉ်မှာပင် သူတို့၏ ခေါင်းများမှာ မြေပြင်ပေါ်သို့ တိတ်တဆိတ် လွင့်ကျသွားတော့သည်။
သင်္ဘောအခန်း လမ်းကြားထဲတွင် ခြေသံများ ပဲ့တင်ထပ်လာပြီးနောက် လင်ချွမ် နှင့် အဖွဲ့သားများမှာ လမ်းလျှောက်ထွက်လာသကဲ့သို့ အေးဆေးစွာ ဆင်းလာကြသည်။
လင်ယန်ရွှယ်က လက်ကို တစ်ချက် ဝေ့ယမ်းလိုက်ရာ အနက်ရောင် အရှိန်အဝါတစ်ခု ဖုံးလွှမ်းသွားပြီး ပင်လယ်ဓားပြ အလောင်းနှစ်ခုမှာ အစအနမကျန် ပျောက်ကွယ်သွားတော့၏။
သစ်သားတံခါးကို တွန်းဖွင့်လိုက်သောအခါ မျက်စိကျိန်းမတတ် ရတနာများကို မြင်တွေ့လိုက်ရသည်။
အဖိုးတန် ရှေးဟောင်းပစ္စည်းများနှင့် ပိုးထည်အကောင်းစားများစွာကို ကုန်လှောင်ရုံ အောက်ခြေတွင် စုပုံထားသည်။
ရွှေတုံး ငွေတုံးများ ပါရှိသော သေတ္တာများကိုလည်း အခြားပစ္စည်းများနှင့်အတူ မြေပြင်ပေါ်တွင် ပစ်စလက်ခတ် စုပုံထားသည်။
"ဒါတွေက ရှင်ပြောတဲ့ ပစ္စည်းကောင်းတွေလား"
လင်ယန်ရွှယ်က မျက်မှောင်ကြုတ်ကာ စိတ်ပျက်သွားပုံရ၏။
ဤအရာများသည် တန်ဖိုးရှိပုံရသော်လည်း လောကီပစ္စည်းများသာ။
ပထမအချက်မှာ ၎င်းတို့ကို ပြန်ရောင်းရန် အချိန်အတော်ကြာမည်ဖြစ်ပြီး၊ ဒုတိယအချက်မှာ ၎င်းတို့၏ တန်ဖိုးမှာ အလွန်အမင်း များပြားလှသည် မဟုတ်ပေ။
သူမ၏ ယခင် ဟယ်ဟွမ်းဂိုဏ်း မှ အတွေ့အကြုံအရဖြစ်စေ၊ ယခု ချွမ်ရွှယ်ဂိုဏ်း ၏ ဂိုဏ်းချုပ်အဖြစ် ဖြစ်စေ၊ သူမ ထိန်းချုပ်ထားသော ချမ်းသာကြွယ်ဝမှုမှာ ဤအရာများထက် များစွာ သာလွန်သည်။
သူမတောင် ဤအရာများကို အထင်မကြီးလျှင် သိုင်းအဆင့် ပိုမြင့်ပြီး အမြင်ကျယ်သော လင်ချွမ်အတွက်မူ ပြောနေစရာပင် မလိုပေ။
ထို့ကြောင့် လင်ယန်ရွှယ်က ထပ်မံ ပြောလိုက်သည်။
"ဒီလောက်ပဲလား"