← Chapters

အခန်း (၁၇၉-၁၈၀)

Vol. 18 Ch. 179-180

အခန်း (၁၇၉-၁၈၀)

Vol. 18 Ch. 179-180

အခန်း ၁၇၉ ဓားစာခံဖမ်းမလို့လား

"ငါ အသက်ရှင်ပြီ! ငါ အသက်မသေတော့ဘူး"

ကွင်းပြင်အတွင်း ခဏတာ တိတ်ဆိတ်သွားပြီးနောက် ဝမ်းသာအားရ အော်ဟစ်သံများ ဆူညံသွားသည်။

လင်ချွမ်က သမ်းဝေလိုက်ပြီး ကျန်ရှိနေသည့် ပင်လယ်ဓားပြများကို ကြည့်ကာ စိတ်မရှည်သလို လက်ယမ်းပြလိုက်သည်။

"မင်းတို့အားလုံး တစ်ပြိုင်တည်း လာခဲ့ကြစမ်း"

"......"

"အားလုံးတူတူ တိုက်ကြ၊ သူ့ကို သတ်ကြစမ်း"

"ဟုတ်တယ်၊ သူက တစ်ယောက်တည်းတင်ပဲ"

"အိုဒါနဲ့ တခြားလူတွေအတွက် လက်စားချေရမယ်..."

"သူ့ကို သတ်နိုင်ရင် ငါတို့ အသက်ရှင်နိုင်မယ်"

အခြေအနေအရ ကျန်ရစ်နေသော ပင်လယ်ဓားပြများသည်လည်း သူတို့၏ အကျပ်အတည်းကို သဘောပေါက်သွားကြသည်။

မသမာသော ရည်ရွယ်ချက်ရှိသူများ၏ လှုံ့ဆော်မှုအောက်တွင် သူတို့သည် ကြောက်ရွံ့မှုကို ဖုံးကွယ်ရန်အတွက် ထူးဆန်းသော အော်ဟစ်သံများဖြင့် သူတို့၏ ခံစားချက်ကို ကျယ်လောင်စွာ ထုတ်ဖော်လိုက်ကြ​၏။

"သတ်...သတ်...သတ်"

ထိုစကားလုံးများသည် နတ်ဆိုးတစ်ပါး၏ ဂါထာမန္တန်ကဲ့သို့ ပင်လယ်ဓားပြအများစု၏ နားထဲသို့ တိုးဝင်သွားပြီး သူတို့၏ နှလုံးသားထဲတွင် ပဲ့တင်ထပ်သွားသည်။

၎င်းသည် သူတို့ရင်ထဲရှိ ရူးသွပ်မှုနှင့် ရိုင်းစိုင်းမှုတို့ကို နှိုးဆွပေးလိုက်ပြီး လူသတ်လိုစိတ်နှင့် ဒေါသတို့ကို အရှိန်အဟုန်ဖြင့် ထွက်ပေါ်လာစေသည်။

ဤကဲ့သို့သော အချိန်မျိုးတွင် ထိုအသံက မည်သည့်နေရာမှ လာသည်ကို မည်သူမျှ ဂရုမစိုက်ကြတော့ပေ။

သူတို့သည် ထိုအသံကို သူတို့၏ အစစ်မှန်ဆုံးသော အာရုံခံစားမှုနှင့် ဗီဇအဖြစ်သာ မှတ်ယူလိုက်ကြသည်။

စိတ်ရူးသွပ်မှု၊ ဒေါသနှင့် လူသတ်လိုသော ရည်ရွယ်ချက်...

ဤခံစားချက်အားလုံးသည် မမြင်ရသော လောင်စာများအဖြစ် ပြောင်းလဲသွားပြီး လင်ချွမ်ဆီသို့ ပြေးဝင်ရန် တွန်းအားပေးသည့် ပုံပျက်ပန်းပျက် သတ္တိများ ဖြစ်လာသည်။

ယာမာမိုတို သည် ပင်လယ်ဓားပြများကြားတွင် တိတ်တဆိတ် လှုပ်ရှားရင်း သူတို့၏ စိတ်ကို သိမ်မွေ့စွာ လွှမ်းမိုးနေသည်။

သူသည် အခွင့်အရေးတစ်ခု၊ ပြတ်သားစွာ တိုက်ခိုက်နိုင်မည့် အခွင့်အရေးကို စောင့်ကြည့်နေခြင်းပင်။

သူတို့၏ ပင်လယ်ဓားပြသင်္ဘော သုံးစင်းလုံးတွင် အဆင့် (၂) သို့မဟုတ် အဆင့် (၃) အထိ အစွမ်းရှိသော ပညာရှင် အနည်းငယ်သာ ရှိသည်။

တိုက်ခိုက်နိုင်စွမ်း ဆုံးရှုံးသွားသော အိုဒါနှင့် လွင့်ထွက်သွားသောသူ တို့အပြင်၊ အဆင့် (၂) ၏ အလယ်အလတ်အဆင့်သို့ မနည်းရောက်ရှိထားသော အဆင့်မြင့်တိုက်ခိုက်ရေးသမားအဖြစ် သူတစ်ယောက်တည်းသာ ကျန်တော့သသည်။

သူ၏ ကန့်သတ်ထားသော အစွမ်းဖြင့် တိုက်ရိုက်ရင်ဆိုင်ပါက ရှေ့ကနှစ်ယောက်ထက် ပိုဆိုးသော ကံကြမ္မာနှင့် ရင်ဆိုင်ရမည်ကို ယာမာမိုတို သိသည်။

ထို့ကြောင့် လက်ရှိအခြေအနေတွင် ထိပ်တိုက်မတွေ့ဘဲ ဉာဏ်ဖြင့်သာ တိုက်ခိုက်ရမည်။

ထို့ကြောင့်ပင် သူသည် အခြားသူများကို အမြောက်စာအဖြစ် အသုံးချရန် စကားလုံးများဖြင့် အစဉ်တစိုက် လှည့်စားနေခြင်းပင်။

သူ၏ စိတ်ထဲတွင် အသေးစိတ် အစီအစဉ်တစ်ခု ရှိနှင့်ပြီးသား။

သူ၏ ထူးခြားသော လှုပ်ရှားမှု နည်းပညာဖြင့် လင်းချွမ်း၏ အာရုံလွှဲသွားသည်နှင့် တစ်ပြိုင်နက် အခွင့်ကောင်းယူကာ အသေအလဲ တိုက်ခိုက်မည်ပင်။

အကယ်၍ ပထမအကြိမ် တိုက်ခိုက်မှု မအောင်မြင်ပါက လင်ချွမ်​၏ ဘေးနားရှိ အမျိုးသမီးနှစ်ယောက်ကို ပြန်ပေးဆွဲရန် သူ ကြိုးစားမည်။

အိမ်စေ အထိန်းတော်နှင့် တူသော အမျိုးသားသည် အစွမ်းအစ အနည်းငယ်ရှိပုံရသဖြင့် ရင်ဆိုင်ရန် မလွယ်ကူနိုင်သော်လည်း ချောမောလှပသော ထိုအမျိုးသမီးငယ် နှစ်ယောက်ကိုမူ ကိုင်တွယ်ရန် လွယ်ကူမည်မှာ သေချာသည်။

"သူတို့ကို ဓားစာခံအဖြစ် ဖမ်းနိုင်ရင် ငါလွတ်မြောက်ဖို့ မခက်ခဲတော့ဘူး"

ယာမာမိုတို သည် အသက်ပြင်းပြင်းရှူကာ ခုန်ပေါက်နေသော နှလုံးခုန်သံကို ထိန်းချုပ်လိုက်ပြီး သူ၏ အရှိန်အဝါကို တတ်နိုင်သမျှ ဖုံးကွယ်ထားလိုက်သည်။

သူသည် အမှောင်ထဲတွင် ပုန်းအောင်းနေသော အဆိပ်ပြင်းမြွေတစ်ကောင်ကဲ့သို့ စူးရှပြီး ခြိမ်းခြောက်မှုရှိသော အကြည့်များဖြင့် အချိန်မရွေး တိုက်ခိုက်ရန် အသင့်ပြင်ထား​၏။

မကြာမီ အခွင့်အရေး ရောက်လာသည်။

"ရှူး..."

ယာမာမိုတို လှုပ်ရှားလိုက်သည်။

သူ၏ လက်နှစ်ဖက်ကြားမှ မြူခိုးဖြူများ ရုတ်တရက် ထွက်ပေါ်လာပြီးနောက် အမြှုပ်များစွာ နောက်မှ ပါလာသည်။

လျင်မြန်စွာ ပျံ့နှံ့သွားသော မြူခိုးများသည် လင်ချွမ်ဆီသို့ ဦးတည်နေသော ပင်လယ်ဓားပြ အများအပြားကို ဖုံးကွယ်ပေးလိုက်သည်။

ယာမာမိုတို ​၏ ကိုယ်ပွားသည် ဘေးဘက်သို့ အမြန်ဆုံး အရှိန်ဖြင့် ရွှေ့သွားပြီး အရိပ်တစ်ခုအဖြစ် ပြောင်းလဲကာ လင်ချွမ်ကို နောက်ကျောမှ တိုက်ခိုက်လိုက်​၏။

ထူထပ်သော မြူခိုးများက သူတို့၏ ပုံရိပ်ကို ဖုံးကွယ်ပေးထားသည်ကို မြင်သောအခါ ပင်လယ်ဓားပြများသည် စိတ်သက်သာရာ ရသွားကြသည်။

ဤသို့ဆိုလျှင် သူတို့ ပို၍ ဘေးကင်းမည်မှာ သေချာနေ​၏။

မင်မင်းဆက်က ထိုပညာရှင်သည် မည်မျှပင် စွမ်းအားကြီးပါစေ၊ ဦးစွာ သူတို့ကို ရှာဖွေရဦးမည် မဟုတ်ပါလား။

ဤအချက်ကို တွေးမိသည်နှင့် ပင်လယ်ဓားပြများ၏ လူသတ်လိုစိတ်က ပိုမို ပြင်းထန်လာသည်။

သို့သော် မကြာမီမှာပင် သူတို့၏ ကနဦး ကျေနပ်မှုများသည် ကြောက်ရွံ့မှုအဖြစ် ပြန်လည် ပြောင်းလဲသွားသည်။

လင်ချွမ်က အဝေးမှနေ၍ လက်ဝါးဖြင့် တစ်ချက် ရိုက်ထုတ်လိုက်ရာ လေပြင်းတစ်ချက် တိုက်ခတ်သွားပြီး မြူခိုးဖြူများကို လွင့်စင်သွားစေသည်။

ရှေ့ဆုံးမှ ပင်လယ်ဓားပြ အချို့သည်လည်း အပိုင်းပိုင်းအပြတ်ပြတ် ဖြစ်သွားကြ​၏။

သေခြင်းတရားနှင့် နီးကပ်နေချိန်တွင် ကျန်ရှိနေသော ပင်လယ်ဓားပြ၏ မျက်လုံးထဲ၌ မျှော်လင့်ချက်အရိပ်အယောင်တစ်ခု ရုတ်တရက် လက်ခနဲ ဖြစ်သွားသည်။

ထိုအချိန်၌ ယာမာမိုတိုသည် လင်ချွမ်​၏ နောက်ကျောသို့ ခုန်တက်သွားပြီး ဖြစ်သည်။

သူ၏ လက်နှစ်ဖက်သည် ဖြူဆွတ်သော ဓားမြှောင်များအဖြစ် ပြောင်းလဲသွားပြီး လင်ချွမ်​၏ နောက်ကျော တစ်ဖက်တစ်ချက်စီကို ပြင်းထန်စွာ ခုတ်ချလိုက်​၏။

အကယ်၍ ထိုတိုက်ခိုက်မှု နှစ်ခုလုံး ထိမှန်သွားပါက အဆင့် (၁) ကျင့်ကြံသူတစ်ယောက်ပင်လျှင် လက်နှစ်ဖက်လုံး မသန်မစွမ်း ဖြစ်သွားမည်မှာ အသေအချာပင်။

လက်နှစ်ဖက်လုံး ဆုံးရှုံးသွားသော ပညာရှင်တစ်ဦးသည် အနည်းဆုံး ၇၀ ရာခိုင်နှုန်းသော တိုက်ခိုက်နိုင်စွမ်းကို ဆုံးရှုံးရမည်။

ချက်ချင်းဆိုသလိုပင်၊ သေရတော့မည်ဟု ထင်ကာ အေးစက်နေသော နှလုံးသားသည် ပြန်လည် အသက်ဝင်လာသည်။

ပင်လယ်ဓားပြသည် ထူးဆန်းသော အော်ဟစ်သံကို ပြုလုပ်ကာ သူ၏ ဓားကြီးကို ဝေ့ယမ်းရင်း လင်ချွမ်ဆီသို့ ပြေးဝင်လာပြီး လင်ချွမ်​၏ အကြည့်နှင့် ဆုံသောအခါ ခုတ်ချလိုက်သည်။

"ချပ်"

လင်ချွမ်က ခုတ်ချလိုက်သော ဓားကို လက်တစ်ဖက်တည်းဖြင့် ဖမ်းလိုက်ပြီး ရှေ့မှ ပင်လယ်ဓားပြကို မြေအောက်ရထားပေါ်တွင် ဖုန်းကြည့်နေသော အဖိုးကြီးတစ်ယောက်၏ မျက်နှာပေးမျိုးဖြင့် ကြည့်လိုက်သည်။

အဆင့် (၄) တောင် မရှိသော ဤပင်လယ်ဓားပြသည် အဘယ်ကြောင့် ရုတ်တရက် သတ္တိများ ရှိလာသည်ကို သူ တကယ်ပင် နားမလည်နိုင်။

ဤလူသည် နောက်ကျောမှ ထိုအဆင့်အတန်းမျိုးဖြင့် ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ခြင်းက သူ့ကို နာကျင်စေနိုင်သည်ဟု တကယ်ပဲ ထင်နေတာလား။

ဒါက လူကို တကယ် အထင်သေးတာပဲ။

"ဂျွတ်"

သူ၏ ဘယ်ဘက်လက်ကို အနည်းငယ် အားစိုက်လိုက်ရုံဖြင့် သံမဏိဖြင့် ပြုလုပ်ထားသော ဓားကြီးသည် ချက်ချင်းပင် အမှိုက်သရိုက်အဖြစ် ကြေမွသွားသည်။

အတွင်းအားသည် ဓားရိုးတစ်လျှောက် စီးဆင်းသွားပြီး လျင်မြန်စွာ ပျံ့နှံ့သွားသည်။

ဓားကြီးသည် အစိတ်စိတ်အမွှာမွှာ ကွဲထွက်သွားပြီး ထိတ်လန့်တုန်လှုပ်နေသော ပင်လယ်ဓားပြ၏ ရှေ့တွင် အပိုင်းအစများအဖြစ် ပုံကျသွား​၏။

ထိုအချိန်တွင် အမြွှာဓားများ ရောက်ရှိလာသည်။

လင်ချွမ်က သူ၏ ကိုယ်ကို တစ်ဝက်လှည့်လိုက်ပြီး သူ့ကို စိုက်ကြည့်လိုက်သည်။ ချက်ချင်းဆိုသလိုပင် ကြောက်မက်ဖွယ်ကောင်းသော ဖိအားများသည် ဒီရေလှိုင်းကဲ့သို့ ပေါက်ကွဲထွက်လာသည်။

ယာမာမိုတိုသည် ထိုမျက်လုံးများထဲတွင် ပေါ်လာသော ကြောက်မက်ဖွယ် အကြည့်များကို စိုက်ကြည့်ရင်း နေရာတွင်တင် တောင့်ခဲသွားလျက်။

ထိုအခိုက်အတန့်တွင် သူသည် ရှေးဟောင်း သားရဲကြီးတစ်ကောင်နှင့် ရင်ဆိုင်နေရသကဲ့သို့ ခံစားလိုက်ရပြီး အချိန်မရွေး အပိုင်းပိုင်း ဆွဲဖြတ်ခံရနိုင်သည်ဟု ထင်လိုက်မိသည်။

ဤကဲ့သို့သော ဖိအားအောက်တွင် သူသည် မိမိကိုယ်ကိုယ် မည်မျှ သိမ်ငယ်ကြောင်း နောက်ဆုံးတွင် သဘောပေါက်သွားပြီး လူသတ်လိုသော အရှိန်အဝါ အနည်းငယ်ကိုပင် ဆက်လက် မတောင့်ခံနိုင်တော့ပေ။

သူ့နှလုံးသားထဲတွင် ကျန်ရှိနေသည်မှာ ကြောက်ရွံ့မှုနှင့် ထွက်ပြေးလိုစိတ်သာ။

လင်ချွမ်က လက်တစ်ချောင်းမျှပင် မလှုပ်ရသေးခင်မှာပင် ယာမာမိုတိုသည် သူ၏လက်မှ ပြောင်းလဲထားသော ဓားသွားများကို ဖျက်သိမ်းလိုက်သည်။

သူသည် ထိုနေရာတွင်ပင် ပတ်ချာလည် လှည့်လိုက်ပြီး မြူခိုးဖြူများစွာကို ဖန်တီးလိုက်သည်။

အတွင်းအားများကို အပြင်သို့ ထုတ်လွှတ်လိုက်ရာ လေထုထဲတွင် ယာမာမိုတို နှင့် ရုပ်ချင်းဆင်သော မြူခိုးရုပ်ပုံလွှာ အများအပြား ပေါ်လာခဲ့​၏။

၎င်းတို့ကို မြူထဲတွင် လှုပ်ရှားစေခြင်းဖြင့် လင်ချွမ်​၏ အမြင်အာရုံကို ဝေဝါးအောင် ပြုလုပ်ရန် ကြိုးစားနေခြင်းပင်။

သူ၏ ကိုယ်အစစ်မှာမူ ဘေးတွင် ရပ်နေသော လင်ယန်ရွှယ် ဆီသို့ အပြေးအလွှား ဦးတည်သွားလေ​၏။

"သူ့ကို ဖမ်းမိရင် ငါ ဘေးကင်းပြီ၊ အဲဒီလူက ဘယ်လောက်ပဲ ကြောက်ဖို့ကောင်းပါစေ၊ သူ့အဖော်ရဲ့ အသက်ကိုတော့ တန်ဖိုးထားမှာပဲ"

"ဖြစ်နိုင်ရင် ငါ အခြေအနေကို ပြောင်းပြန်လှန်နိုင်ဦးမှာပါ"

""မင်း ငါ့ကို ဖမ်းဖို့ ကြိုးစားနေတာလား"

ထိုခဏချင်းမှာပင် ယာမာမိုတို ​၏ သူငယ်အိမ်များ ရုတ်တရက် ကျုံ့သွားသည်။

သူ၏ မျက်စိရှေ့တွင် လင်ယန်ရွှယ်၏ ပုံရိပ်မှာ ရုတ်တရက် ပျောက်ကွယ်သွားပြီး ပြန်လည် ပေါ်လာသောအခါ သူမ၏ အသံမှာ သူ၏ နားထဲသို့ ရောက်ရှိနေပြီ။

သို့သော် ထိုအသံသည် အလွန်အမင်း အေးစက်နေပြီး သူမ၏ လှပသော မျက်နှာထက်တွင် ဆွဲဆောင်မှုနှင့် အန္တရာယ်ရှိသော အရိပ်အယောင်များ ယှဉ်တွဲနေလျက်။

"မြူလက်သီး"

သူ့စိတ်ထဲတွင် သတိပေးခေါင်းလောင်းသံ မြည်လာပြီး ယာမာမိုတိုသည် ထိုအခိုက်အတန့်တွင် မကြုံစဖူးသော အစွမ်းအစများကို ထုတ်ဖော်ကာ သူ၏ အပြင်းထန်ဆုံးသော တိုက်ကွက်ကို ထုတ်လွှတ်လိုက်သည်။

ဝဲလည်နေသော မြူခိုးများသည် သူ၏ လက်ထဲတွင် စုစည်းသွားပြီး လေးလံသော တူတစ်လက်အဖြစ် ပြောင်းလဲသွားကာ ဘေးဘက်သို့ ပြင်းထန်စွာ ဝေ့ယမ်းလိုက်သည်။

"ထိပြီ"

ယာမာမိုတိုဝမ်းသာသွားသော်လည်း သူရိုက်လိုက်သော 'ပုံရိပ်' မှာ ပေါက်ကွဲကာ ပျက်စီးသွားပြီး သွေးတစ်စက်မျှ ထွက်မလာသည်ကို တွေ့လိုက်ရသည်။

"ဒုက္ခပဲ၊ ဒါက အရိပ်ပဲ...ဒီမိန်းမက..."

"အထွတ်အထိပ်အဆင့် ပညာရှင် ဖြစ်နေတာလား"

အခန်း ၁၈၀ - မင်မင်းဆက် ရေတပ်

"ဒီအမျိုးသမီးက အထွတ်အထိပ်အဆင့် ကျင့်ကြံသူတစ်ယောက်လား"

ထိုအတွေး ဝင်လာသည်နှင့် တစ်ပြိုင်နက် လင်ယန်ရွှယ် ၏ ကျောက်စိမ်းကဲ့သို့ ချောမောလှပသော လက်ဖဝါးမှာ လျှပ်စီးကဲ့သို့ မြန်ဆန်စွာဖြင့် ယာမာမိုတို၏ ဘယ်ဘက်နံရိုးရှိ အကြောမှတ်တစ်ခုကို ဖိနှိပ်လိုက်သည်ကို သူ မြင်လိုက်ရသည်။

ခဏချင်းတွင်ပင် ယာမာမိုတိုမှာ နေရာတင် တောင့်တင်းသွားတော့သည်။

ထိုအချိန်မှစ၍ သူ၏တစ်ကိုယ်လုံးသို့ စွမ်းအင်တစ်ခု စီးဆင်းသွားပြီး သူ၏ စွမ်းရည်အားလုံးကို ပိတ်ဆို့လိုက်​၏။

သူ မည်မျှပင် အားစိုက်ပါစေ၊ အတွင်းအားကို မည်သို့ပင် လည်ပတ်စေကာမူ ထိုအခြေအနေမှ ရုန်းမထွက်နိုင်တော့ပေ။

လင်ယန်ရွှယ်၏ လက်ညှိုးဖြင့် ထိုးနှက်ချက်မှာ သူ့ကို သတ်ရန် ရည်ရွယ်ခြင်းမဟုတ်ဘဲ ခန္ဓာကိုယ်ရှိ အကြောမှတ်များကို ပိတ်ဆို့ရန်သာ။

သူမသည် သူမ၏ အထွတ်အထိပ် အဆင့်စွမ်းရည်များကို အသုံးပြု၍ ပြိုင်ဘက်၏ အားအင်များကို ချက်ချင်း ပိတ်ဆို့လိုက်ခြင်းပင်။

ဤအခြေအနေတွင် မိမိ၏ အတွင်းအားကို အသုံးပြု၍ ပိတ်ဆို့ထားသော အကြောမှတ်များကို အတင်းအဓမ္မ ဖောက်ထွက်နိုင်ခြင်း သို့မဟုတ် ပြင်ပအားတစ်ခုဖြင့် ဖြေလျှော့ပေးခြင်းတို့ဖြင့်သာ လွတ်မြောက်နိုင်မည်။

သို့မဟုတ်ပါက သူသည် စကားမပြောနိုင်၊ မလှုပ်ရှားနိုင်ဘဲ ထိုအနေအထားအတိုင်းပင် ရှိနေပေလိမ့်မည်။

အကြိမ်ကြိမ် ကြိုးစားပြီးနောက်တွင် ယာမာမိုတိုမှာ မလှုပ်ရှားနိုင်သေးဘဲ နောက်ဆုံးတွင် သူ၏ အခြေအနေကို သဘောပေါက်သွားတော့သည်။

ထိုခဏ၌ပင် ဆွဲဆောင်မှုရှိသော အမူအရာ ပြသနေသည့် အမျိုးသမီးမှာ သူမ၏ အန္တရာယ်ရှိသော အရှိန်အဝါအားလုံးကို ရုတ်ခြည်း ရုပ်သိမ်းလိုက်ပြီး လင်ချွမ်ဘက်သို့ လှည့်ကာ အပြစ်ကင်းစင်ပြီး ချိုသာသော အပြုံးဖြင့် ပြုံးပြလိုက်သည်ကို သူ မြင်လိုက်ရ​၏။

သူမသည် ခုနကလူသတ်ချင်စိတ် ပြင်းထန်နေသူနှင့်ပင် မတူတော့ပေ။

လင်ချွမ်က သူ့ကို အကူအညီမဲ့သလို တစ်ချက်ကြည့်လိုက်ပြီး ယာမာမိုတို ကို သူ့ဆီပစ်ပေးရန် လင်ယန်ရွှယ်ကို အချက်ပြလိုက်သည်။

လေပြင်းတစ်ခု ရုတ်တရက် တိုက်ခတ်လာပြီး ယာမာမိုတိုမှာ လွင့်ထွက်သွားကာ လင်ချွမ်​၏ ခြေရင်းသို့ ကျသွားတော့သည်။

လင်ယန်ရွှယ်မှာ လှည့်ကြည့်လိုက်စဉ်တွင် အေးစက်သော အပြုံးကို ဆင်မြန်းထားပြီး နတ်ဆိုးဂိုဏ်းချုပ်၏ ရက်စက်ကြမ်းကြုတ်မှုများ ပြန်လည် ပေါ်ပေါက်လာ​၏။

သူမ၏ လက်များကို ဝေ့ယမ်းလိုက်ရာ လေပြင်းများ ထလာပြီး ထက်မြက်သော လေလှံများအဖြစ် ပြောင်းလဲသွားကာ ကျန်ရှိနေသော ပင်လယ်ဓားပြများကို တိုက်ခတ်နှိမ်နင်းလိုက်တော့သည်။

"ဖောက်... ဖောက်... ဖောက်..."

အသားကို ဖောက်ဝင်သွားသော အသံများ တရစပ် ထွက်ပေါ်လာပြီး လူများမှာ ရိတ်သိမ်းခံရသော ဂျုံပင်များကဲ့သို့ လဲကျကုန်ကြသည်။

သင်္ဘောကုန်းပတ်ပေါ်တွင် သွေးများ စီးဆင်းနေပြီး ပျံ့နှံ့သွားသည်။

ထိုသွေးများသည် သင်္ဘော၏ ကျိုးပဲ့နေသော အစိတ်အပိုင်းများမှတစ်ဆင့် အောက်သို့ စီးကျသွားခြင်း သို့မဟုတ် အက်ကြောင်းများမှတစ်ဆင့် သင်္ဘောခန်းအတွင်းသို့ စီးဝင်သွားခြင်း ဖြစ်​၏။

ရင်သပ်ရှုမောဖွယ် လှပပြီး ဆွဲဆောင်မှုရှိသော ကိုယ်လုံးကိုယ်ပေါက်ရှိသော်လည်း တိုက်ခိုက်ရာတွင် မညှာမတာ ရက်စက်လှသော အမျိုးသမီးကို ကြည့်ရင်း ပင်လယ်ဓားပြများမှာ ကြောက်ရွံ့တုန်လှုပ်လျက် သေဆုံးကုန်ကြသည်။

အဆင့် ၄ သို့မဟုတ် ၅ ရှိသော ကျွမ်းကျင်တိုက်ခိုက်ရေးသမားဖြစ်စေ၊ သာမန် ပင်လယ်ဓားပြဖြစ်စေ အားလုံးမှာ တူညီသော ကံကြမ္မာကိုသာ ရင်ဆိုင်ခဲ့ရ​၏။

ဤမြင်ကွင်းကို ကြည့်ပြီး သင်္ဘောသားအများအပြားမှာ တံတွေးကို ခက်ခဲစွာ မျိုချမိကြပြီး လက်များ တုန်ရင်ကာ ကျောရိုးထဲအထိ စိမ့်တက်သွားသော အအေးဒဏ်ကို ခံစားလိုက်ရသည်။

ပြီးခဲ့သည့် အချိန်များအတွင်းက သူတို့သည် ထိုအမျိုးသမီး၏ ကိုယ်လုံးကိုယ်ပေါက်နှင့် ရုပ်ရည်အကြောင်းကို အမျိုးမျိုး ပြောဆိုခဲ့ကြဖူးသည်။

"ဒါကို သူမ ကြားသွားခဲ့ရင် ငါတော့ သွားပြီပဲ..."

လင်ချွမ်ကမူ သင်္ဘောသားများ ဘာတွေးနေသည်ကို မသိဘဲ ထိုအချိန်တွင် သူ၏ စိတ်ထဲ၌ အခြားအရာတစ်ခုကိုသာ အာရုံစိုက်နေ​၏။

သူ၏ လက်ကို ဝေ့ယမ်းလိုက်ရာ အတွင်းအားလှိုင်းတစ်ခုက ကြိုးတစ်ချောင်းအဖြစ် ပြောင်းလဲသွားပြီး အိုဒါအီချီယိုနှင့် ယာမာတို တို့၏ ခြေကျင်းဝတ်များကို ပတ်နှောင်ကာ ဆွဲခေါ်လာခဲ့သည်။

အိုဒါ က အဆက်မပြတ် အသနားခံနေသည်ကို မြင်သောအခါ လင်ချွမ်မှာ ရွံရှာမိသည်။

သူသည် ယာမာမိုတို ခန္ဓာကိုယ်ပေါ်မှ 'သမုဒ္ဒရာ တုန်ဟိန်း လက်ဖဝါး သိုင်းကျမ်း' ကို ရှာတွေ့ခဲ့ပြီးနောက် အေးစက်စွာ နှာခေါင်းရှုံ့လိုက်ရာ အိုဒါ မှာ လန့်သွား​၏။

ထို့နောက် သူသည် သင်္ဘောခန်းထဲတွင် တွေ့ခဲ့သော အိတ်ဆောင်နာရီကို ထုတ်ပေးကာ မေးလိုက်သည်။

"ဒီပစ္စည်းကို မင်းတို့သင်္ဘောရဲ့ ကုန်လှောင်ခန်းထဲမှာ တွေ့ခဲ့တာ"

"မင်း ဒါကို သိလား"

အိုဒါ က ကြည့်လိုက်ပြီးနောက် ခေါင်းကို အမြန်ခါပြ​၏။

လင်ချွမ် စိတ်ဆိုးပြီး ဒေါသတကြီး သတ်ပစ်မည်ကို စိုးရိမ်သဖြင့် Oda က အမြန်ပင် ထပ်ဖြည့်ပြောလိုက်သည်။

"အရှင် ဒါကို ကြိုက်ရင် ယူသွားပါ"

"အရှင် ကြိုက်တယ်ဆိုရင် ဒါမျိုးတွေကို ကျွန်တော် အစွမ်းကုန် ရှာပေးပါ့မယ်"

"နေဦး ယန်ရွှယ်"

အိုဒါ က ထိုပစ္စည်းကို မသိကြောင်း မြင်သောအခါ လင်ချွမ်က မျက်မှောင်ကြုတ်လိုက်ပြီး လင်ယန်ရွှယ်ကို လှမ်းခေါ်လိုက်​၏။

သူက ခေါင်းခါပြကာ တိုက်ခိုက်မှုကို ရပ်တန့်ရန် အချက်ပြပြီး ထိုပစ္စည်းကို ယာမာမိုတိုထံ ကမ်းပေးလိုက်သည်။

"ဒီပစ္စည်းကို သူ သိသလား၊ ဘယ်က လာသလဲဆိုတာ မင်းတို့ဘာသာစကားနဲ့ မေးကြည့်စမ်း"

"ဒီပစ္စည်း ဘယ်က လာသလဲဆိုတာကို ငါတို့ သိရမယ်ဆိုရင် မင်းရဲ့ အသက်ကို ငါ ချမ်းသာပေးမယ်"

ပြောပြောဆိုဆိုဖြင့် လင်ချွမ်က ယာမာမိုတို ​၏ ပိတ်ဆို့ထားသော အကြောမှတ်များကို အလွယ်တကူပင် ဖြေလျှော့ပေးလိုက်သည်။

ထိုစကားကို ကြားသောအခါ အိုဒါ၏ မျက်လုံးများထဲတွင် မျှော်လင့်ချက်များ ချက်ချင်း ထွက်ပေါ်လာသည်။

သူက ခေါင်းကို အကြိမ်ကြိမ် ညိတ်ပြီး (ဂျပန်) ဘာသာစကားဖြင့် အမြန်မေးမြန်းလိုက်​၏။

ယာမာမိုတိုကလည်း ခေါင်းခါပြပြန်သည်၊ သူလည်း မသိကြောင်း ပြသနေခြင်းပင်။

"ဒါဆို မင်းက အသုံးမဝင်ဘူးပေါ့"

လင်ချွမ်​၏ မျက်နှာပျက်သွားသည်ကို မြင်သောအခါ ယာမယမိုတို မှာ အလွန်အမင်းထိတ်လန့်သွားသည်။

သက်ကြီးပိုင်းအရွယ် လူတစ်ယောက်၏ သနားစရာကောင်းသော အခြေအနေကို တွေးမိလိုက်ရာ သူ၏ နဖူးပေါ်တွင် ချွေးအေးများ စီးကျလာသည်။

ရုတ်တရက် အကြံတစ်ခု ရလာခြင်းကြောင့် ဖြစ်နိုင်သလို ထိုပစ္စည်း၏ ထူးခြားသော ပုံသဏ္ဌာန်ကြောင့်လည်း ဖြစ်နိုင်​၏။

သူ အမှန်တကယ် မှတ်မိသွားသည်။

ထိုအရေးကြီးသော အချိန်တွင် ယာမာမိုတို​၏ စိတ်ထဲ၌ လျှပ်စီးကဲ့သို့ အတွေးတစ်ခု ဝင်လာပြီး ချက်ချင်းပင် အော်ပြောလိုက်သည်မှာ...

"ကျွန်တော် မှတ်မိပြီ၊ဒါက အင်အားကြီးတဲ့ နယ်စားတစ်ယောက်ရဲ့ ကုန်သည်အဖွဲ့ကို လုယက်တုန်းက ရခဲ့တာပါ"

"ကုန်သည်အဖွဲ့လား...သူတို့ အခု ဘယ်မှာလဲ"

လင်ချွမ်​၏ မျက်လုံးများ ချက်ချင်း တောက်ပလာသည်။

"အဲဒါက... သူတို့အားလုံးကို ကျွန်တော်တို့... သတ်ပစ်လိုက်ပါပြီ"

"......"

အိုဒါ​၏ တုန်ရင်နေသော ဘာသာပြန်ချက်ကို ကြားရသောအခါ လင်ချွမ်မှာ စိတ်ပျက်သွားမိ​၏။

ထို့နောက် သူက လက်ဝေ့ယမ်းပြကာ လင်ယန်ရွှယ်နှင့် ကျန်လူများကို အလုပ်စလုပ်ရန် အချက်ပြလိုက်သည်။

ချက်ချင်းဆိုသလိုပင် ဓားရောင်များ ဝင်းခနဲ ဖြစ်သွားပြီး အော်ဟစ်သံများနှင့် ကြောက်လန့်တကြား ငိုယိုသံများ ဆူညံသွားကာ ပင်လယ်ဓားပြများ အရေအတွက်မှာ လျင်မြန်စွာ လျော့နည်းသွားတော့​၏။

လင်ချွမ်သည် ဤပင်လယ်ဓားပြများကို အရေးတယူပင် မလုပ်ပေ။

မတော်တဆ ပေါ်လာသော ဤတာဝန်သာ မရှိလျှင် သူ လာမည်ပင် မဟုတ်ပေ။

ကျန်ရှိနေသော ပင်လယ်ဓားပြများကိုမူ နတ်ဆိုးဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်သော လင်ယန်ရွှယ်က မည်သို့လျှင် မကိုင်တွယ်နိုင်ဘဲ ရှိပါမည်နည်း။

ထို့ကြောင့် လင်ချွမ်သည် သူတို့ကို လှည့်ပင်မကြည့်ဘဲ သူ၏ စိတ်ထဲတွင် အိတ်ဆောင်နာရီအကြောင်းကိုသာ အာရုံစိုက်နေသည်။

ထိုကုန်သည်အဖွဲ့ရှိ လူများအားလုံး သေဆုံးသွားပြီဖြစ်၍ သဲလွန်စမရနိုင်တော့ဟု ကြားလိုက်ရသော်လည်း သူ စိတ်ကူးသစ်တစ်ခု ရရှိလိုက်သည်။

မကြာမီ လင်ချွမ်က သူ၏ ပေါင်ကို တစ်ချက်ပုတ်လိုက်ပြီး လုံးဝသစ်လွင်သော အကြံတစ်ခု ရလာသည်။

"ငါတို့ရဲ့ ဇာစ်မြစ်ကို လိုက်ရှာနေမယ့်အစား၊ ငါတို့ မင်မင်းဆက်ရဲ့ အမျိုးမျိုးသော ကုန်သညအသင်းတွေဆီ သွားသင့်တာပဲ"

ဤပစ္စည်းသည် ထူးခြားသော လက်ရာမျိုး ရှိသည်၊ အကယ်၍ ၎င်းသည် အနောက်နိုင်ငံများမှ လာသည်ဆိုပါက ဤပင်လယ်ဓားပြများထက် ကုန်သည်များက ပို၍ သိနိုင်ခြေရှိမည်။

ကံကောင်းထောက်မစွာပင် သင်္ဘောပေါ်တွင် ကုန်သည်အဖွဲ့တစ်ဖွဲ့ ရှိနေသည်၊ သူတို့တွင် အဆက်အသွယ်များ ရှိရမည်။

လင်ချွမ်က ထိုသို့တွေးပြီး ကုန်သည်အဖွဲ့ပိုင်ရှင်ကို ခေါ်ရန် ပြင်လိုက်စဉ်မှာပင် ထိုသူမှာ သူ့ထံသို့ လျှောက်လာနေသည်ကို တွေ့လိုက်ရသည်။

ထိုအချိန်တွင် သင်္ဘောပိုင်ရှင်မှာ နောက်ဆုံး၌ စိတ်သက်သာရာ ရသွားပြီ။

သူက သတိထားပြီး လျှောက်လာကာ ကျေးဇူးတင်စကား ပြောရန် ပြင်လိုက်သော်လည်း သင်္ဘောမှာ ရုတ်တရက် ပြင်းထန်စွာ လှုပ်ခါသွားသည်။

"ဘုန်း"

ကြီးမားသော အမြောက်ဆန်များ သင်္ဘောကို ထိမှန်သွားပြီး ကုန်သည်သင်္ဘော တစ်စင်းလုံး ပြင်းထန်စွာ တုန်ခါသွားသည်။

ကုန်သည်သင်္ဘောသာမက ကျန်ရှိနေသော ပင်လယ်ဓားပြသင်္ဘော သုံးစင်းမှာလည်း ထိုကဲ့သို့ပင် အတိုက်ခိုက်ခံလိုက်ရ​၏။

ကောင်းကင်ယံတွင် လေတိုးသံများ ပျံ့လွင့်နေသည်။ ထင်ရှားသည်မှာ ဤနေရာသို့ နောက်ထပ် အမြောက်ဆန်များ ပျံသန်းလာနေခြင်းပင်။

"ဘာဖြစ်တာလဲ"

လင်ချွမ်က ထိုကိစ္စများကို ဂရုမစိုက်ဘဲ မူလနေရာမှ ပျောက်ကွယ်သွားကာ ရွက်တိုင်ပေါ်သို့ ရောက်ရှိသွားသည်။

"ငါတို့ကို တိုက်ခိုက်နေတဲ့ တခြားသင်္ဘောတွေ ရှိနေပုံပဲ"

ဟု ဓားနတ်ဘုရားက မျက်မှောင်ကြုတ်လျက် ပြောလိုက်သည်။

"ဒါက... မင်မင်းဆက်က ရေတပ် တစ်ခုနဲ့ တူနေတာပဲ"

......

ပင်လယ်ပြင်ပေါ်ရှိ မိုင်အနည်းငယ် အကွာတွင် စစ်သင်္ဘောကြီး ကိုးစင်းမှာ ယှဉ်လျက် ရပ်တန့်နေသည်။ လှိုင်းလုံးဖြူကြီးများ ဘေးတစ်ဖက်တစ်ချက်သို့ လွင့်စင်သွားပြီး နဂါးခေါင်းပုံစံ သင်္ဘောဦးများမှာ ဂုဏ်ယူဝင့်ကြွားစွာဖြင့် ရှိနေလျက်။

သင်္ဘောဦးဘေးရှိ ကြီးမားသော အမြောက်မှာ မီးခိုးအမည်းများ ဖြည်းညှင်းစွာ ထွက်ပေါ်နေပြီး ခုနက ပစ်ခတ်လိုက်သူမှာ သူဖြစ်ကြောင်း ပြသနေသကဲ့သို့။

ရွက်တိုင်ထိပ်ရှိ အလံမှာ လေထဲတွင် တဖျတ်ဖျတ် လွင့်နေပြီး မင်မင်းဆက်၏ အစိုးရတပ်ဖွဲ့များ ရောက်ရှိလာပြီဖြစ်ကြောင်း ကြေညာနေတော့သည်။

All Chapters