အခန်း (၁၉၃၇-၁၉၃၈)
Vol. 139 Ch. 1937-1938
အပိုင်း(၁၉၃၇)
နားထောင်နေသူအားလုံး တုန်လှုပ်သွားကြသည်။ ထိုအချက်က အချို့သော ဇုန်များမှာ အဘယ်ကြောင့် ဘေးကင်းရာဒေသ ဖြစ်နေပြီး၊ အချို့မှာ အဘယ်ကြောင့် ဘေးဒုက္ခဇုန်များ ဖြစ်နေရသည်ကို ရှင်းပြပေးနေသည်။ အစိမ်းရောင်ဇုန်တွင် မည်သူမျှ မရှိခြင်းမှာလည်း ထိုအချိန်ကာလမှ လူများက သားရဲအားလုံးကို သတ်ဖြတ်လိုက်သောကြောင့် ဖြစ်နိုင်ပေသည်။
မကြာမီ မေးခွန်းများက သူတို့၏ စိတ်ထဲတွင် ပြည့်နှက်လာသည်။
‘နေဦး... နေဦး... နေဦး...’
သူတို့၏ အတွေးများက ရှုပ်ထွေးပွေလီသော အမှတ်တစ်ခု၌ ဆုံသွားပြီး မဖြေမရှိသည့် မေးခွန်းများစွာ ထွက်ပေါ်လာသောအခါ လူပေါင်း ထောင်ချီတို့မှာ အပြင်းအထန် ခေါင်းထိုးကိုက်လာသော ဝေဒနာကို ခံစားလိုက်ရသည်။
"ဟူး..."
ဝေ့ဝူယင် ယွီစွန်းလီကို ဖြည်းဖြည်းချင်း လွှတ်လိုက်၏။ သူ မှုတ်ထုတ်လိုက်သည့် ထွက်သက်တိုင်းမှာ မီးခိုးရောင် သန်းနေပြီး မူလ သာမည ဥပဒေသမှာ နဂါးဟင်းလင်းပြင် ကြယ်တာရာ အင်အား၊ အဂ္ဂိရတ် ဧဒင် ကြယ်တာရာ အင်အားတို့နှင့် ပေါင်းစပ်လာသည်။ သူတို့၏ စိတ်ထဲတွင် ဖြစ်ပေါ်နေသော ဝိရောဓိ ရှုပ်ထွေးမှုများမှာ တဖြည်းဖြည်း လျော့ပါးသွားကြ၏။
"စိတ်ကို တည်ငြိမ်အောင် ထားပါ... ဝိရောဓိ ဖြစ်ရပ်တစ်ခုဆိုတာ သာမန် သတ္တဝါတွေ နားလည်နိုင်ဖို့ ဖန်တီးထားတာ မဟုတ်ဘူး... အနှစ်သာရအားဖြင့်တော့ ဒါဟာ မညီညွတ်မှုကနေ ဆင်းသက်လာတဲ့ မဖြစ်နိုင်တဲ့ ဖြစ်ရပ်တစ်ခုပဲ... မင်းတို့က မဖြစ်နိုင်တဲ့ အရာတစ်ခုကို အလွယ်တကူ ဘယ်လို နားလည်နိုင်မှာလဲ... ဝိရောဓိတစ်ခုရဲ့ အသိပညာကို သာမန်နည်းလမ်းနဲ့ ဖယ်ထုတ်လို့ မရဘူး... ဒါကြောင့်လည်း ငါ တိုက်ရိုက်ပြောဖို့ ရှောင်လွှဲနေခဲ့တာ...
ဒါပေမဲ့ ဒါက သင်ခန်းစာတစ်ခု ဖြစ်လာစေဖို့ ငါ ရည်ရွယ်တယ်... ဒါကြောင့် ဖြေရှင်းချက်က တစ်ခုပဲ ရှိတယ်... ဝိရောဓိရဲ့ မြစ်ဖျားခံရာကို ဖျက်ဆီးပစ်ဖို့ ပဲ... ဒီဖြစ်နိုင်ခြေရှိတဲ့ အနာဂတ်ကို ဖျက်ဆီးပြီး ဘယ်အချိန်စီးဆင်းမှုမှာမှ လက်တွေ့မဖြစ်လာနိုင်တဲ့ အမှတ်တစ်ခုအဖြစ် ပြောင်းလဲပစ်ရမယ်"
ဝေ့ဝူယင်၏ ငွေရောင် မျက်ဝန်းများမှာ ဟင်းလင်းပြင်၏ အဆုံးမဲ့ စွမ်းပကားတို့ ကိန်းအောင်းနေသော အစစ်အမှန် နဂါး တစ်ကောင်၏ မျက်ဝန်းများအဖြစ် ပြောင်းလဲသွားသည်။ ထို့နောက် သူ၏ လက်များကို ကောင်းကင်သို့ မြှောက်ကာ ဖီဆန်ပေါက်စ ၏ စွမ်းအင်များကို ထုတ်ယူလိုက်သည်။
"ပြိုကွဲစေ..."
လူတိုင်း၏ မြင်ကွင်းတွင် မဲနယ်ရောင် ကမ္ဘာလောကကြီး တစ်ခုလုံးမှာ အစအနများအဖြစ် ကွဲအက်သွားတော့၏။
အာကာသ၊ အချိန်နှင့် လက်တွေ့ဘဝ အားလုံး...
မည်သူမျှ တားဆီးနိုင်ခြင်း မရှိချေ။
...
"ဒါက နောက်ဆုံး မဲနယ်ရောင် ဇုန်လားဟင်..."
ယွီစွန်းလီမှာ ဝေ့ဝူယင်၏ ရင်ခွင်ထဲတွင် ရှိနေဆဲ ဖြစ်သည်။ သူမ၏ မျက်လုံးများမှာ အဝေးရှိ မဲနယ်ရောင်ဇုန်ကို လှမ်းကြည့်ရင်း စိတ်လှုပ်ရှားနေပုံ ပေါ်၏။
"ဒီဇုန်ပြီးရင် ဘာဆက်လုပ်မှာလဲ... တခြား အရောင်ပါတဲ့ ဇုန်တွေ ရှိသေးလား၊ ဒါမှမဟုတ် တခြား နယ်မြေတွေ ရှိသေးလား"
ချင်ချူးမူကလည်း မြစိမ်းရောင် မျက်ဝန်းလေးများနှင့် အတူ ဝေ့ဝူယင် ၏ ဟင်းလင်းပြင် ပုံရိပ်ယောင်ကို ကြည့်ရင်း မေးမြန်းလိုက်သည်။
"ဝေါ့..."
ရုတ်တရက် စုမေ့က သူမ၏ ရင်ဘတ်ကို လက်ဖြင့် ဖိကာ အော့အန်လိုက်၏။
ဘုန်း...
သခင်လေးရှန့်မှာမူ သတိလစ်ကာ လဲကျသွားတော့သည်။
ဘုန်း...
ရွှေဖုန်းပေါင်၏ ခန္ဓာကိုယ်မှ ပြင်းထန်သော မီးတောက်များ ထွက်ပေါ်လာပြီး နွေဦး လေပြင်းအောက်မှ မီးလျှံကဲ့သို့ တုန်ခါနေ၏။ အပူရှိန်မှာ အလွန်ပြင်းထန်လှသဖြင့် အနီးနားရှိ လူတိုင်း နောက်သို့ ခြေလှမ်းများစွာ ဆုတ်ခွာလိုက်ရသည်။
ယောင်ဟုန်ရီမှာမူ သူ၏ မျက်လုံးနှင့် လည်ချောင်းကို ဆုပ်ကိုင်ထားပြီး နားထင်နှင့် လည်ပင်းမှ သွေးကြောများမှာ ပေါက်ထွက်တော့မတတ် ဖောင်းတက်နေလေတော့သည်။
စုမေ့ ၏ ခြေဖဝါးအောက်ရှိ အရိပ်သည်လည်း ကယောက်ကယက် တုန်ခါနေပြီး တစ်ခါတစ်ရံတွင် အမျိုးသမီးတစ်ဦး၏ ပုံသဏ္ဌာန်၊ တစ်ခါတစ်ရံတွင်မူ ငါးမျှားတံရှည်ကြီးကို ကိုင်ဆောင်ထားသော ကုန်းကုန်းကွကွ အဘိုးအိုတစ်ဦး၏ ပုံသဏ္ဌာန်အဖြစ် ပြောင်းလဲနေသည်။ ထိုအမျိုးသမီးနှင့် အဘိုးအို ပုံရိပ်နှစ်ခုစလုံးမှာ ပြင်းထန်သော ဝေဒနာကို ခံစားနေရပုံရ၏။
ဝေ့ဝူယင် ကိုယ်တိုင်မှာလည်း အော်ဟစ်ပစ်လိုက်ချင်သော စိတ်ကို အတင်းအကျပ် အောင့်အည်းထားရသည်။ သူသည် ယွီစွန်းလီအပေါ် စွမ်းအားများ အလွန်အကျွံ မသက်ရောက်စေလိုပေ။ မိန်းကလေးတွင် ကျင့်ကြံခြင်း အဆင့်အတန်း တစ်ခုရှိနေသော်လည်း၊ သူ၏ နဂါးစွမ်းအားများမှာ အနည်းငယ်မျှ ထိန်းချုပ်မှု လွတ်သွားသည်နှင့် သူမအား အစအနမကျန် ချေမှုန်းပစ်နိုင်ပေသည်။
ဝှစ်...
ရုတ်တရက်ဆိုသလိုပင်... ယွီစွန်းလီနှင့် ချင်ချူးမူတို့၏ မျက်ဝန်းများထဲတွင် မီးခိုးရောင်သန်းသော အချိန်ကာလ အလင်းတန်းများ ဝင်းခနဲ လက်သွား၏။ ခုနစ်ရောင်ခြည် အလင်းတန်းတစ်ခု ခဏမျှ ပေါ်ထွက်လာပြီးနောက် အရာအားလုံးမှာ မူလအတိုင်း ပြန်လည် တည်ငြိမ်သွားသည်။ သူတို့၏ မျက်နှာများမှာ အနည်းငယ် ဖြူဖျော့သွားသော်လည်း အခြား ထိခိုက်မှုမျိုး မရှိချေ။
အဘိဿဲလ်၏ လျှို့ဝှက်အရှင်များမှာမူ ကုန်းပတ်ပေါ်တွင် ဒူးထောက်လျက်သား ဖြစ်နေကြပြီး အရောင်စုံ သွေးများကို အန်ထုတ်ရင်း အသက်ကို လုကာ ရှူနေကြရသည်။ တစ်ဦးတစ်ယောက်မျှ သတိမလွတ်စေရန်နှင့် မလဲကျစေရန် အတင်းအကျပ် အားခဲထားရ၏။
"ဘာ... ဘာတွေ ဖြစ်သွားတာလဲ"
သွေးရောင်ဓားက ဟိန်းဟောက်၍ မေးလိုက်သည်။ သူ၏ အသံထဲတွင် ဝေဒနာခံစားရမှု၊ ရှုပ်ထွေးမှုနှင့် မရေရာမှုတို့ ရောပြွမ်းနေ၏။
"ဒါက... ကျွန်မတို့ရဲ့ အနာဂတ်လား... အတည်မပြုရသေးတဲ့ အနာဂတ်လား... ဒါမှမဟုတ် ပြိုကွဲသွားတဲ့ ဖြစ်နိုင်ခြေရှိတဲ့ အနာဂတ်တစ်ခုလား"
နတ်မိမယ် တိတ်ဆိတ်ခြင်းကလည်း သူမ၏ ကျယ်ပြန့်သော ဗဟုသုတနှင့် အတွေ့အကြုံကို အသုံးချကာ ခန့်မှန်းလိုက်သည်။
ဝေ့ဝူယင်က ချောင်းတစ်ချက် ဟန့်လိုက်၏။
"ကျုပ် အဲဒါကို ဖျက်ဆီးပစ်ခဲ့တယ်... အဲဒီလို မလုပ်ခဲ့ရင် ကျုပ်တို့ရဲ့ အနာဂတ်တွေက အဲဒီအတိုင်း သတ်မှတ်ခံလိုက်ရမှာ... အဲဒါက အချိန်စီးဆင်းမှုရဲ့ အမှတ်တိုင်းမှာ ရှိနေတဲ့ ကျုပ်တို့ရဲ့ တည်ရှိမှုကို ထိခိုက်စေနိုင်တယ်"
စောစောက ဝေ့ဝူယင် သည် ထိုဇုန်အတွင်း တည်ရှိနေခြင်းကြောင့် ဖြစ်ပေါ်လာမည့် အကျိုးဆက်များကို အသေးစိတ် မပြောခဲ့ချေ။ အနာဂတ်တစ်ခုကို အမှတ်တစ်ခု သတ်မှတ်လိုက်ခြင်းသည် အလွန်အန္တရာယ်ကြီးပြီး အချိန်နှင့် အာကာသ၏ ဖြစ်ပျက်မှု အစဉ်အတိုင်းကိုသာမက အချိန်မြစ် တစ်ခုလုံးကိုပါ ထိခိုက်ပျက်စီးစေနိုင်သည်။
အကယ်၍ သူတို့သည် ထိုဇုန်မှ ပုံမှန်အတိုင်း ထွက်ခွာခဲ့လျှင်ပင် အကျိုးဆက်မှာ သေးငယ်မည် မဟုတ်ချေ။ အဘိဿဲလ် လျှို့ဝှက်အရှင်များသည်လည်း ဤအချက်ကို နားလည်ကြသဖြင့် ဇုန်အတွင်းသို့ စတင်ဝင်ရောက်စဉ်ကတည်းကပင် မျက်နှာများ ဖြူရော်နေခဲ့ကြခြင်း ဖြစ်သည်။ အချိန်စောင့် နတ်ဘုရားက သူတို့အား ဝိရောဓိများကို သယ်ဆောင်လာသော သတ္တဝါများအဖြစ် သတ်မှတ်ကာ ချေမှုန်းပစ်ခြင်း မပြုခဲ့လျှင်ပင် သူတို့သည် ရူးသွပ်ကာ သေဆုံးသွားကြမည်သာ ဖြစ်သည်။
ကောင်းချီးခံ ရီအင်ပါယာတွင် အချိန်မြစ်၏ အစိတ်အပိုင်းတစ်ခု ကိန်းအောင်းနေသည်ဟု အဆိုရှိရာ သခင်လေးရှန့်သည် သူ၏ ဘဝနှင့် ဤခန္ဓာကိုယ်မှာ ဤဇုန်သို့ ဝင်ရောက်လာပြီးကတည်းက အဆုံးသတ်သွားပြီ ဖြစ်ကြောင်းကို အဘိဿဲလ် လျှို့ဝှက်အရှင်များထက် ပိုမို ရှင်းလင်းစွာ သိရှိနေခဲ့သည်။
အချိန်ဥပဒေသ ကို နားလည်ထားသော ဝေ့ဝူယင် တစ်ဦးတည်းသာလျှင် သူတို့ မည်မျှအထိ ဒုက္ခရောက်နေသည်ကို နားလည်နိုင်ပေလိမ့်မည်။
"ရှင် အချိန်ကို ပြောင်းပြန်လှန်လိုက်တာလား"
ချင်ချူးမူက သူတို့ရှေ့ရှိ မဲနယ်ရောင်ဇုန်ကို ကြည့်ရင်း မေးလိုက်သည်။ သူမထံတွင် ထိုဖြစ်ရပ်၏ မှတ်ဉာဏ်အချို့ ကျန်ရှိနေသေးသော်လည်း အရေးကြီးသော အချက်အချို့မှာ တမင်တကာ ချန်လှပ်ထားသကဲ့သို့ ပျောက်ကွယ်နေသည်။
ဝေ့ဝူယင် က ခေါင်းခါပြလိုက်၏။
"အချိန်ကို ပြောင်းပြန်လှန်တာလည်း မဟုတ်ဘူး၊ နောက်ပြန်ဆုတ်တာလည်း မဟုတ်ဘူး... ငါတို့ အဲဒီကို လုံးဝ မဝင်ခဲ့ဘူး... ဘယ်တော့မှလည်း ဝင်မှာ မဟုတ်ဘူး... အဲဒီအကြောင်းတွေ အများကြီး မတွေးနဲ့တော့... မင်းတို့ကို ဒီနေရာကနေ ငါ ခေါ်ထုတ်သွားမယ်... ငါတို့ရဲ့ လေ့လာရေး ခရီးစဉ်က ပြီးဆုံးသွားပြီ"
ချင်ချူးမူနှင့် ယွီစွန်းလီတို့က တိတ်ဆိတ်စွာ ခေါင်းညိတ်လိုက်ကြသည်။ အများစုမှာ ဘာမှမခံစားရဘဲ အီစီလီယံ အသေးစား ပေါ်တွင် ဆက်လက် ရှိနေကြသည်။
လောက ရှန့်ထိုနှင့် အောက်အဆင့်များမှာလည်း အလားတူပင်။ သို့သော်လည်း... ကောင်းကင်ရှန့်ထို အဆင့်ရှိသူများမှာမူ ထူးဆန်းသောအရာတစ်ခု ဖြစ်ပျက်သွားကြောင်း သိရှိနေကြပြီး သူတို့၏ လျှို့ဝှက်ဝိညာဉ်များမှာ ပြင်းထန်စွာ တုန်ခါနေကြလေသည်။
ကံကောင်းသည်က ဥပဒေသများကို အတိုင်းအတာတစ်ခုအထိ နားလည်ထားသူများသာ ထိုနောက်ဆက်တွဲ ခံစားချက်များကို ခံစားရခြင်း ဖြစ်သည်။
***
အပိုင်း(၁၉၃၈)
ဝေ့ဝူယင် သက်ပြင်းချရင်း သူ၏ ကြယ်တာရာ ဝိညာဉ်များကို အကဲခတ်လိုက်၏။ အထူးသဖြင့် ခရာတိုပင်...။ ထိုကြယ်တာရာ ဝိညာဉ်ကို ရစ်ပတ်ထားသော အချိန်ဥပဒေသ၏ ပုံရိပ်မှာ သိသိသာသာ ကြီးထွားလာလိုက်၊ တဖြည်းဖြည်း ပြန်ကျုံ့သွားလိုက်နှင့် အချိန်အော်ရာများကို ထုတ်လွှတ်နေခဲ့သည်။
"ကျုပ် ပိုပြီး သန်မာလာတယ်...”
ခရာတိုက ဟိန်းဟောက်လိုက်သည်။ ဝေ့ဝူယင် သည် ဥပဒေသများကို အဆင့်တိုးမြှင့်ရန် လိုအပ်ချက်များကို အသေးစိတ် မသိရှိသေးသော်လည်း ဤသီးခြားအချိန်ဇုန် အတွင်းရှိ ဖြစ်ရပ်များ အပြီးတွင် သိသိသာသာ တိုးတက်လာကြောင်း ခံစားမိသည်။ ၎င်းသည် အတွေ့အကြုံကြောင့်လော၊ သို့မဟုတ် စဉ်ဆက်မပြတ် အသုံးပြုမှုနှင့် အသုံးချမှုပုံစံ အမျိုးမျိုးကြောင့် ထိန်းချုပ်နိုင်စွမ်း တိုးတက်လာခြင်းကြောင့်လော သူ မသိပါချေ။ နှစ်ခုစလုံး ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။
အတည်မပြုရသေးသည့် အနာဂတ်ကို တွေ့ကြုံရခြင်း သို့မဟုတ် ချေမှုန်းပစ်ခြင်းသည် သာမည အာဏာ အဆင့်ထက် ကျော်လွန်ရန် လိုအပ်ချက်တစ်ခု ဖြစ်နိုင်သည်ဟု သူ တွေးတောမိသည်။ လက်တွေ့ဖြစ်လာသော အနာဂတ် သို့မဟုတ် အတည်ဖြစ်သော အတိတ်ကို တွေ့ကြုံရခြင်းက အချိန်ဥပဒေသ မျိုးစေ့ ကို ရရှိရန် လိုအပ်သကဲ့သို့ပင်။ ထိုသို့ဆိုလျှင် နောက်ထပ် အဆင့်မှာ ဘာဖြစ်မည်နည်း။
တော်တော်ကြာမှ ယွီစွန်းလီက သက်ပြင်းတစ်ချက်ချကာ ပြုံးရွှင်စွာ ပြောလိုက်၏။
"ဒီခရီးစဉ်ကို ကျွန်မ တကယ် သဘောကျတယ်"
ဝေ့ဝူယင် က ပြုံးပြလိုက်၏။
"ကောင်းတာပေါ့"
သူမ သဘောကျသည်ဆိုလျှင် ထိုအချက်ကပင် လုံလောက်ပြီ ဖြစ်သည်။
အဖြူရောင် အဘိဿဲလ် အတွင်း၌ ကုန်လွန်ခဲ့သော ရက်အနည်းငယ်သည် အဖြစ်အပျက်များစွာဖြင့် ပြည့်နှက်နေခဲ့သည်။ အချိန်ကာလအားဖြင့် တိုတောင်းလှသော်လည်း ရောက်ရှိလာသူတိုင်းသည် မိမိတို့၏ အမြင်အာရုံနှင့် ကံတရားတို့ကို သိသိသာသာ ချဲ့ထွင်နိုင်ခဲ့ကြသည်။
ဝေ့ဝူယင် သည် အာကာသနှင့် အချိန် နိယာမများ ပါဝင်သော ဟင်းလင်းပြင် တာအို အကြောင်းကို မကြာခဏဆိုသလို ဟောပြောပြသခဲ့ရာ လူအများမှာ စိတ်ဓာတ်ခွန်အားများ ရရှိခဲ့ကြပြီး မိမိတို့၏ အချိန်အမျိုးအစား လျှို့ဝှက်သင်္ကေတ ကို ရယူရန်၊ ရရှိထားပြီးသူများမှာလည်း ပိုမိုမြင့်မားသော အာဏာရှင် ကျင့်စဉ် များကို နားလည်သဘောပေါက်ရန် အသင့်ဖြစ်နေကြပြီ ဖြစ်သည်။
အပြန်ခရီးသည် ချောမွေ့အေးချမ်းလှ၏။
"အစကတော့ ဒီခရီးစဉ်မှာ မင်းတို့ကို ပိုပြီး တက်တက်ကြွကြွ ပါဝင်စေချင်ခဲ့တာ... ဒါပေမဲ့ အဖြူရောင် အဘိဿဲလ် ထဲ ရောက်ပြီး အရေးကြီးတဲ့ အချက်အလက်တချို့ကို သိလိုက်ရတဲ့နောက်မှာ အစီအစဉ်တွေ ပြောင်းသွားခဲ့တယ်... ငါ့ရဲ့ ကိုယ်ပိုင် အရင်းအနှီးတွေ ပိုကုန်သွားပေမဲ့ ပန်းတိုင်ကို တိုက်ရိုက်ရောက်မယ့် လမ်းကိုပဲ ငါ ရွေးလိုက်တယ်"
ဝေ့ဝူယင်က သူ၏ ရှေ့တွင်ရှိသော စုမေ့၊ ရွှေဖုန်းပေါင်၊ ယောင်ဟုန်ရီ၊ ထို့ပိဟန်နှင့် သူ၏ ရှန့်ထိုလက်စွပ် အတွင်းရှိ သူများအား ကြည့်ကာ ပြောလိုက်သည်။
မူလ အာဏာရှင်များသည် အခွင့်အရေးရသည်နှင့် အဘိဿဲလ် လျှို့ဝှက်အရှင် သုံးဦးကို ခြုံခိုတိုက်ခိုက်ရန်နှင့် ပြင်းထန်သော ဒဏ်ရာများ ရရှိစေရန် ကြိုတင် ပြင်ဆင်ထားခဲ့ကြပြီး ဖြစ်သည်။ ၎င်းမှာ သူတို့၏ စွမ်းအားနှင့် ဆုံးဖြတ်ချက်များကို စမ်းသပ်ရန်ဖြစ်ပြီး ဝေ့ဝူယင်က နောက်ကွယ်မှ ကူညီရင်း နောက်ဆုံး အဆုံးသတ်ချက်ကို ပြုလုပ်ကာ သူ၏ ဆက်စပ်မှု စစ်အလံထဲသို့ စစ်သည်တော် အသစ်များ ဖြည့်တင်းရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။ သို့သော် အဖြူရောင် အဘိဿဲလ် ၏ မူလအစနှင့် ပတ်သက်သော တုန်လှုပ်ဖွယ် အမှန်တရားကို သိရှိသွားပြီးနောက်တွင်မူ ဝေ့ဝူယင် က ထိုအစီအစဉ်များကို ဖျက်သိမ်းရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
"ကိစ္စမရှိပါဘူး... ဘာမှမဖြစ်ပါဘူး၊ ဟား ဟား"
ရွှေဖုန်းပေါင်မှာ မီးလျှံလူသား ပုံသဏ္ဌာန်မှ ပုံမှန်အတိုင်း ပြန်လည် ဖြစ်သွား၏။ သူက စိတ်ပျက်သည့် အရိပ်အယောင် လုံးဝမရှိဘဲ ရယ်မောရင်း ပြောလိုက်သည်။ ဝေ့ဝူယင်၏ အစီအစဉ်မှာ မူလ အာဏာရှင်များ၏ သတ္တိကို စမ်းသပ်ခြင်းနှင့် စွမ်းအားအစစ်အမှန်ကို တိုင်းတာခြင်း ဖြစ်ကြောင်း သူ သိထားပြီး ဖြစ်ရာ၊ ကြောက်ရွံ့ခြင်းကင်းစွာ တိုက်ခိုက်ရန် သဘောတူခဲ့ခြင်းကပင် ရည်မှန်းချက်၏ တစ်ဝက်ကို အောင်မြင်ပြီးသား ဖြစ်သည်ဟု သူ ယူဆထား၏။
ယောင်ဟုန်ရီမှာမူ အစကတည်းက သွေးရောင်ဓား ကို မျက်စိဒေါက်ထောက် ကြည့်ကာ တစ်ချက်တည်းနှင့် အပြတ်နှိမ်နင်းရန် အားခဲထားခဲ့သူ ဖြစ်သည်။ ထို့ကြောင့် သူ၏ ကျင့်ကြံခြင်း အခြေခံကို အထွတ်အထိပ်တွင် ထိန်းသိမ်းထားရသော စိတ်ဖိစီးမှုမှာ အနည်းငယ် အချည်းနှီး ဖြစ်သွားခဲ့သည်ဟု ဆိုနိုင်ပေသည်။ သို့သော်လည်း ဝေ့ဝူယင် က ဆုံးဖြတ်ပြီးသား ဖြစ်သဖြင့် သူ ဘာမျှမပြောဘဲ ဘေးသို့ ဖယ်နေလိုက်တော့သည်။
စုမေ့ ကတော့ မျက်တောင်တစ်ချက် ခတ်လိုက်ရုံသာ။ သူမရော သူမ၏ အရိပ်ပါ မည်သို့ပင်ဖြစ်စေ စိတ်ထဲ မထားကြချေ။
ဝေ့ဝူယင် ခပ်တိုးတိုး ရယ်မောလိုက်စဉ် ရှို့ရန် တစ်ဦးမှာမူ အနီရောင် မျက်ဝန်းများကို မှိတ်ကာ သားရဲတစ်ကောင်၏ အမဲလိုက်လိုသော စိတ်ဆန္ဒကို ခေတ္တ အိပ်စက်စေလျက် ကျင့်ကြံခြင်းထဲသို့ ပြန်လည် ဝင်ရောက်သွားလေသည်။
ဟူး... ဟူး...
အဖြူရောင် အဘိဿဲလ် မှ ထွက်ခွာလာသောအခါ ချောင်စွေ့ဖုန်းမှာ ခန္ဓာကိုယ်ကို အပျင်းဆန့်ရင်း ကိုယ်လက်လှုပ်ရှား လုပ်လိုက်သည်။ မိန်းကလေးမှာ စိတ်ထဲတွင် လုံးဝ ပေါ့ပါး လန်းဆန်းနေခဲ့သည်။ အဖြူရောင် အဘိဿဲလ်သို့ ဝင်ရောက်ခဲ့သည့် ခရီးစဉ်မှာ ထူးဆန်းသော အဖြစ်အပျက်များစွာနှင့် တကယ့်ကို အံ့ဩဖွယ်ကောင်းလှသည်။ သူမ အလွန်ပင် သဘောကျနေမိသည်။
အဖြူရောင် အဘိဿဲလ် ၏ အစွန်း၌ ခေတ္တ ရပ်နားနေစဉ် ချောင်စွေ့ဖုန်းသည် တစ်ဦးတည်း ရပ်နေသော ဝေ့ဝူယင် ထံသို့ ချဉ်းကပ်သွားလိုက်သည်။ ယွီစွန်းလီနှင့် ချင်ချူးမူတို့မှာ သူတို့၏ နောက်ထပ် အနုပညာ ဒီဇိုင်းများအတွက် စိတ်လှုပ်ရှားစွာ တိုင်ပင်နေကြ၏။ မျိုးနွယ်မတူသည့် မိန်းမလှလေး နှစ်ဦး၏ စကားပြောနေသော ပုံရိပ်မှာ အလွန်တရာ လှပသော ပန်းချီကားတစ်ချပ်နှယ်ပင်။
သူတို့နှစ်ဦးစလုံးသည် အခြားသူများနှင့် ဆက်ဆံရာတွင် မိမိတို့၏ အခွံဟောင်းများထဲမှ ရုန်းထွက်နိုင်ခဲ့ကြပြီ ဖြစ်သည်။ ဝေ့စီကမူ ဘေးမှနေ၍ နုံအသော အပြုံးဖြင့် နားထောင်နေ၏။ ဤစပါတန် စစ်သည်တော်ကြီးသည် ကမ္ဘာလောက၏ အံ့ဖွယ်အရာများနှင့် ကြင်နာတတ်သော ချင်ချူးမူ၏ စိတ်ထားကို သဘောကျနေခြင်း ဖြစ်သည်။ ဝေ့ဝူယင်မှာ ချိုသာလှပသည့် တိုင်လင် ကဲ့သို့သော အကောင်းဆုံး လက်တွဲဖော်များကို အမြဲတမ်း ရွေးချယ်တတ်သည်ဟု သူ တွေးနေမိသည်။
‘တိုင်လင်... တိုင်လင်...’
ဝေ့စီ စိတ်ထဲမှ ရေရွတ်နေမိလေတော့၏။
...
ဝေ့ဝူယင် သင်္ဘောလက်ရန်းနားတွင် ရပ်လျက် အဖြူရောင် အဘိဿဲလ် ကို ငေးကြည့်နေစဉ် ချောင်စွေ့ဖုန်း ရောက်လာသည်။ အဘိဿဲလ် လျှို့ဝှက်အရှင်များမှာမူ သူတို့၏ နယ်မြေအတွင်းရှိ အကြီးအကဲများနှင့် ထိပ်သီးပုဂ္ဂိုလ်များကို ပြန်လည် စည်းရုံးရန်နှင့် ဝေ့ဝူယင်၏ ဂလက်ဆီ လက်အောက်ခံ နယ်မြေ အဖြစ် တရားဝင် မည်သို့ အသွင်ကူးပြောင်းမည်ကို ဆုံးဖြတ်ရန် အလုပ်ရှုပ်နေကြသည်။ ထိုအတွက် သူတို့၏ အုပ်ချုပ်ရေး မူဝါဒများနှင့် ဥပဒေများကို အကြီးအကျယ် ပြောင်းလဲရန် လိုအပ်ပေလိမ့်မည်။
ဝေ့ဝူယင်က သူ၏ အာရုဏ်ဦး အင်ပါယာ တွင် ကျင့်သုံးနေသော၊ သူ၏ ကိုယ်ပိုင် ခံယူချက်များ ဖြစ်သည့် ခွဲခြားဆက်ဆံမှု ကင်းစင်ရေး မူဝါဒများ အပါအဝင် မဖြစ်မနေ လိုက်နာရမည့် စည်းကမ်းများကို လမ်းညွှန်ထားပြီး ဖြစ်သည်။ အပေါ်ယံအားဖြင့် သူတို့၏ လူနေမှုစနစ်မှာ အကြီးအကျယ် ပြောင်းလဲသွားမည် မဟုတ်သော်လည်း အနှစ်သာရပိုင်းတွင်မူ ဝေ့ဝူယင် ၏ ပုံရိပ်နှင့် ယုံကြည်ချက်များနှင့် ကိုက်ညီအောင် သိမ်မွေ့စွာ ပြောင်းလဲသွားပေလိမ့်မည်။
"ကျွန်မ ကျင့်ကြံခြင်းအပေါ်မှာပဲ အာရုံစိုက်ချင်တယ်"
ချောင်စွေ့ဖုန်းက ပြတ်သား ခိုင်မာသော လေသံဖြင့် ပြောလိုက်သည်။ သူမ၏ စကားလုံးတိုင်းတွင် ခိုင်မာသော စိတ်ဆန္ဒတို့ ပါဝင်နေပြီး ဆုံးဖြတ်ပြီးသား ဖြစ်ကြောင်း သိသာလှသည်။
ဝေ့ဝူယင် က သူမဘက်သို့ လှည့်ကြည့်လိုက်၏။ သူ၏ ငွေရောင်မျက်ဝန်းများမှာ ဆွဲဆောင်မှုအပြည့်ဖြင့် ဝင်းလက်နေသည်။ လူငယ်၏ နွေးထွေးသော အကြည့်ကို ခံစားရင်း မိန်းကလေး၏ တစ်ကိုယ်လုံး နွေးထွေးမှုတို့ဖြင့် ပြည့်နှက်သွားသည်။ လူတစ်ဦးသည် အခြားသူကို နားလည်ရန် ခဲယဉ်းသကဲ့သို့ မိမိကိုယ်ကို နားလည်ရန်လည်း မလွယ်ကူလှချေ။ သို့သော်လည်း... ချောင်စွေ့ဖုန်း၏ အမြင်တွင်မူ ဝေ့ဝူယင်မှာ ကွဲပြားခြားနားလှသည်။ သူသည် သူမ၏ အတွေးတိုင်း၊ ခံစားချက်တိုင်းကို သိရှိနေသကဲ့သို့ သူမကို ဤလောကတွင် အနားလည်ဆုံးသူ ဖြစ်ပြီး သူမ၏ မည်သည့်အရာကိုမျှ ငြင်းပယ်ခြင်း မရှိခဲ့ချေ။
ဝေ့ဝူယင် နှင့် စတင်တွေ့ဆုံစဉ်က ချောင်စွေ့ဖုန်း၏ စိတ်ထဲတွင် မျှော်လင့်ချက် ကင်းမဲ့နေမှုနှင့် အခွင့်အရေး တစ်ခုကို ရှာဖွေလိုသော စိတ်ဆန္ဒများသာ ပြည့်နှက်နေခဲ့သည်။ အနန္တ အသွင်ပြောင်းခြင်း ရှန့်ထို၏ အဂ္ဂိရတ် အမွေအနှစ်ကို ရရှိရန်အတွက် သူမသည် အရာအားလုံးကို စွန့်လွှတ်ရန် အသင့်ရှိခဲ့သည်။ နှစ်ပေါင်း နှစ်သောင်းကျော် ထိန်းသိမ်းခဲ့သော သူမ၏ အပျိုစင်ဘဝကို စွန့်လွှတ်ရန် ဆုံးဖြတ်ခဲ့ခြင်းမှာလည်း ဝေ့ဝူယင်က ထူးခြားပြီး ခန့်ညားထက်မြက်သူ ဖြစ်သောကြောင့်လည်း ဖြစ်နိုင်သကဲ့သို့၊ သူမကိုယ်တိုင်လည်း ကျင့်ကြံခြင်း လမ်းစ ပိတ်နေပြီး သူမနှင့် သူမ၏ တူဖြစ်သူတို့အတွက် အနာဂတ် ရည်မှန်းချက်များကို အကောင်အထည်ဖော်ရန် အသည်းအသန် လိုအပ်နေသောကြောင့်လည်း ဖြစ်နိုင်သည်။
သို့သော်လည်း... အချိန်ကြာလာသည်နှင့်အမျှ ဝေ့ဝူယင်သည် သူမကို ကောက်ကျစ်သော မိန်းမတစ်ဦးအဖြစ် မဆက်ဆံဘဲ၊ သူ၏ မိန်းမတစ်ဦးအဖြစ် အမြဲတမ်း ဂရုတစိုက်နှင့် ငဲ့ညှာစွာ ဆက်ဆံခဲ့သည်။ ထိုအခါ သူမ၏ စိတ်နေစိတ်ထားမှာ အခွင့်အရေးရှာသူ အဆင့်မှ စစ်မှန်သော ချစ်ခြင်းမေတ္တာအဖြစ် ပြောင်းလဲသွားခဲ့သည်။ ယခုဆိုလျှင် ဝေ့ဝူယင် မရှိဘဲ သူမ၏ ဘဝကို စိတ်ကူး၍ပင် မရတော့ချေ။
ထို့အပြင် ဝေ့ဝူယင်၏ ပြုမူပုံများသည် သူမကိုယ်တိုင်၏ မူလ ပင်ကိုယ်စရိုက်အတိုင်း နေထိုင်နိုင်ရန် လမ်းပြပေးသော မီးရှူးတန်ဆောင်တစ်ခုနှင့် တူလှသည်။ ထိုစဉ်က စွန့်စားရဲခဲ့သော သူမ၏ ဆုံးဖြတ်ချက်အတွက် သူမကိုယ်သူမ အလွန် ကံကောင်းသည်ဟု ခံစားနေမိသည်။
"မင်း အဲဒီစကား ပြောလာမှာကို ငါ စောင့်နေတာ"
ဝေ့ဝူယင် က တောက်ပစွာ ပြုံးပြရင်း အာကာသ လက်စွပ် တစ်ကွင်းကို ထုတ်ယူကာ ချောင်စွေ့ဖုန်း၏ လက်ကို ဆုပ်ကိုင်လျက် ညင်သာစွာ ထည့်ပေးလိုက်လေတော့သည်။
***