← Chapters

အခန်း (၁၉၃၉-၁၉၄၀)

Vol. 139 Ch. 1939-1940

အခန်း (၁၉၃၉-၁၉၄၀)

Vol. 139 Ch. 1939-1940

အပိုင်း(၁၉၃၉)

ဝေ့ဝူယင် ချောင်စွေ့ဖုန်း၏ လက်ထဲကို အာကာသ လက်စွပ် တစ်ကွင်း ထည့်ပေးလိုက်၏။

"ဒါက မင်းကို အစကနေ ပြန်စပြီး ပိုပြီး ခိုင်မာတဲ့ အခြေခံအုတ်မြစ် တည်ဆောက်နိုင်အောင် ကူညီပေးလိမ့်မယ်... မင်းရဲ့ ရှေ့ဆက်ရမယ့် ခရီးလမ်းဟာ မင်း စိုက်ထုတ်မယ့် ကြိုးစားမှုအပေါ်မှာပဲ မူတည်လိမ့်မယ်..."

သူမသည် လျှို့ဝှက်အာဏာရှင် တစ်ဦး ဖြစ်နေပြီ ဖြစ်သဖြင့် အခြေခံ အုတ်မြစ် တည်ဆောက်ခြင်း အဆင့် သို့ ပြန်သွားရန် မဖြစ်နိုင်သော်လည်း၊ အဂ္ဂိရတ် တာအို သည် အကန့်အသတ် မရှိလှချေ။ အမျိုးမျိုးသော ဆေးဝါးများကို အသုံးပြုခြင်းဖြင့် အခြားသူများထက် ပိုမို ကြိုးစားအားထုတ်ကာ သူမ၏ အခြေခံအုတ်မြစ်ကို နောက်ကြောင်းပြန်၍ ပြန်လည် တည်ဆောက်နိုင်သည်။ သူမသာ အချိန်ပေးရန် အသင့်ရှိပါက ထိပ်သီး လျှို့ဝှက် အာဏာရှင် တစ်ဦး ဖြစ်လာရန် အခွင့်အရေး ရှိနေပေသည်။

ပါရမီဆိုသည်မှာ အချက်တစ်ချက် ဖြစ်သော်လည်း၊ သူမသည် ဝူယု လျှောက်လှမ်းခဲ့သော လမ်းစဉ်အတိုင်း လိုက်နိုင်ပေသည်။ ဝေ့ဝူယင် ၏ ကျင့်ကြံခြင်း အဆင့်အတန်းနှင့် အဂ္ဂိရတ် တာအို မှာ ဝူယု လက်ထက်ကထက် များစွာ ကျော်လွန်နေပြီ ဖြစ်ရာ ချောင်စွေ့ဖုန်းအတွက်မူ ကြီးမားသော ပြောင်းလဲမှုတစ်ခုကို ဧကန်မုချ ကြုံတွေ့ရပေလိမ့်မည်။

ချောင်စွေ့ဖုန်း ခေါင်းညိတ်လိုက်၏။ သူမ၏ ရင်ထဲတွင် တကယ် အလိုရှိနေသောအရာမှာ အဂ္ဂိရတ် တာအိုကို လိုက်စားရန် မဟုတ်ဘဲ၊ စွမ်းအားကြီးမားသော ကျင့်ကြံသူ တစ်ဦးဖြစ်လာပြီး မိမိ၏ ကံကြမ္မာကို မိမိကိုယ်တိုင် ရွေးချယ်နိုင်ရန် ဖြစ်ကြောင်းကို ဝေ့ဝူယင် က အမြဲတမ်း စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်သည်ကို သူမ သိလိုက်ရသည်။ သူမ၏ မျက်ဝန်းအိမ်များမှာ စိုစွတ်လာပြီးနောက် မျက်ရည်များက အလိုအလျောက် စီးကျလာတော့သည်။

ချောင်စွေ့ဖုန်း ဘာမျှ မပြောနိုင်ခင်မှာပင် ဝေ့ဝူယင် က သူမ၏ ခါးကို ဆွဲဖက်ကာ ရင်ခွင်ထဲသို့ ထည့်လိုက်ပြီး သူမ၏ ဆံနွယ်များကို နူးညံ့စွာ ပွတ်သပ်ပေးလိုက်သည်။ ထို့နောက် သူက သူမ နားနားသို့ ကပ်၍ အမှောင်ကြယ်တာရာ ခေတ်ကာလကတည်းက သူမ ကြားချင်နေခဲ့သော စကားလုံးများကို တိုးတိုးလေး ကပ်ပြောလိုက်သည်။ ချက်ချင်းပင် မိန်းကလေး၏ ဝိညာဉ်မှာ လုံးဝ လွတ်လပ်သွားလေတော့၏။

ထိုစကားလုံးများက မည်သည့်အရာ ဖြစ်မည်နည်းဆိုသည်ကိုမူ သူမနှင့် ဝေ့ဝူယင် တို့ နှစ်ဦးတည်းသာ သိပေလိမ့်မည်။

ထိုစိတ်လှုပ်ရှားစရာ ကောင်းသည့် မြင်ကွင်းကို မူလ အာဏာရှင်များ၊ သခင်လေးရှန့်နှင့် ဝေ့စီတို့သည် ဝင်ရောက်နှောင့်ယှက်ခြင်း မပြုကြချေ။ ယွီစွန်းလီနှင့် ချင်ချူးမူတို့မှာမူ လှပစွာ ပြုံးရွှင်နေကြလေသည်။ ချောင်စွေ့ဖုန်း၏ အတိတ်သမိုင်းနှင့် လိုအင်ဆန္ဒကို သူတို့ ကောင်းကောင်းနားမလည်သော်လည်း သူမ ခံစားနေရသော စိတ်လှုပ်ရှားမှုမှာ သူတို့၏ စိတ်အာရုံနှင့် ထပ်တူကျနေသည်ကိုမူ နားလည်မိကြသည်။

မင်ရှုဖုန်းက ဘေးမှ စောင့်ကြည့်နေ၏။ ဝေ့ဝူယင်သည် အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသူဖြစ်ပြီး သူမအတွက် အကောင်းဆုံး ရွေးချယ်မှုဖြစ်ကြောင်း ပို၍ပင် ခံစားလာရသည်။

...

အီလီစီယမ် အသေးစားသည် ခရမ်းရောင် အဘိဿဲလ်အတွင်းသို့ ပြန်လည်ရောက်ရှိသွားပြီဖြစ်သည်။

ဝေ့ဝူယင်သည် အဖြူရောင် အဘိဿဲလ အစွန်းရှိ အမှောင် ဟင်းလင်းပြင် ထဲတွင် အစစ်အမှန် နဂါးအသွင်ပြောင်းလဲခြင်း သို့မဟုတ် လောကနယ်မြေ ဖြန့်ကျက်ခြင်းမျိုး မရှိဘဲ တစ်ကိုယ်တည်း ပေါလောပေါ်နေသည်။ သာမန်သေမျိုးတစ်ဦးအတွက်မူ ဤသည်မှာ အံ့ဩမှင်သက်ဖွယ် မြင်ကွင်းပင်။

"လာဗီယာသန်တစ်ကောင်ရဲ့ ပျက်စီးနေတဲ့ သင်္ချိုင်း..."

ကောင်းကင်စစ်ဝိညာဉ်က ဂလက်ဆီ၏ နှလုံးသားဖြစ်သော အဖြူရောင် အဘိဿဲလ် ကို ကြည့်ရင်း တိုးတိုးလေး ရေရွတ်လိုက်သည်။

လာဗီယာသန်...

၎င်းတို့သည် အစစ်အမှန် နဂါးများ နှင့် ငှက်သားရဲတို့၏ မူလ ကဲ့သို့ပင် ဒဏ္ဍာရီလာ ကမ္ဘာဦး သားရဲများ ဖြစ်ကြသည်။ ၎င်းတို့သည် အချိန်နှင့် အာကာသ အပါအဝင် လက်တွေ့ဘဝ၏ နယ်ပယ်အားလုံးကို ဖြတ်သန်းသွားလာနိုင်ပြီး အတိုင်းအဆမရှိ ကြီးမားသော အရွယ်အစားရှိသည့် သားရဲများအဖြစ် ကျော်ကြားသည်။

အနန္တ ကုန်းမြေတိုက်ကြီးတွင်လည်း ဖီးနစ်နှင့် နဂါးဒဏ္ဍာရီများကဲ့သို့ပင် လာဗီယာသန်များအကြောင်း ပုံပြင်များ ရှိခဲ့ဖူးသည်။ အလွန် သေးငယ်သော တိုက်ကြီးတစ်ခုတွင် ဤမျှစုံလင်သော ဒဏ္ဍာရီပုံပြင်များ ရှိနေခြင်းမှာ စိတ်ဝင်စားစရာပင်။

ကောင်းကင်စစ်ဝိညာဉ်က ဆက်လက်၍ ပြောလိုက်၏။

"ငါ သိသလောက်တော့ လာဗီယာသန်တွေမှာ ပင်ကိုယ် အာကာသနဲ့ အချိန် စွမ်းရည်တွေ မရှိကြဘူး... ဒါပေမဲ့ သူတို့ရဲ့ ခန္ဓာကိုယ်တွေက လောကကြီးနဲ့ အံ့ဩစရာကောင်းအောင် ထိတွေ့ဆက်စပ်နိုင်ပြီး ရှေးဟောင်း ရတနာသိုက်ကြီးတွေလိုပဲ တန်ဖိုးရှိကြတယ်... သူတို့က နဂါးတွေ၊ ဖီးနစ်တွေလို ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေဖြစ်အောင် ပြောင်းလဲနိုင်စွမ်း မရှိကြဘူး... စိတ်ကူးယဉ်လို့မရနိုင်အောင် ကြီးမားတဲ့ ခန္ဓာကိုယ်ကြီးတွေကြောင့်ပဲ လူသိများကြတာ"

"အဲဒါက လုံးဝတော့ မမှန်ဘူး"

ဝေ့ဝူယင် က မှတ်ချက်ပေးသော်လည်း အသေးစိတ်ကိုမူ မရှင်းပြချေ။ သူသည် အဖြူရောင် အဘိဿဲလ် ဆီသို့ ဖြည်းဖြည်းချင်း ချဉ်းကပ်သွားရင်း...

"မင်း သတိထားမိပြီလား"

ရုတ်တရက် မေးလိုက်၏။

"အဘိဿဲလ်လူမျိုးတွေဟာ ဒီသင်္ချိုင်းရဲ့ အရှိန်အဝါကြောင့် ဗီဇပြောင်းသွားတဲ့ လူသားတွေ ဖြစ်နိုင်တယ်ဆိုတာကိုလား... လာဗီယာသန်တွေဟာ လောကကြီးနဲ့ ထိတွေ့နိုင်စွမ်းရှိရာမှာ ကျော်ကြားတယ်... လောကရဲ့ အခြေခံက မန်နာပဲ... သူတို့က ကျင့်ကြံသူ မဟုတ်ရင်တောင် ကျင့်ကြံခြင်း အဆင့်ထက် အဆပေါင်းများစွာ သာလွန်တဲ့ မန်နာကို ထိန်းချုပ်နိုင်စွမ်း ရှိနေတာ ကြည့်ရင် အဲဒီသီအိုရီက တော်တော်လေး ခိုင်လုံပါတယ်"

ကောင်းကင်စစ်ဝိညာဉ်သည်လည်း ဤအခြေအနေမှာ မည်သို့မျှ ပုံမှန်မဟုတ်ကြောင်းကို အချိန်ကာလ ကြာမြင့်စွာကတည်းက စဉ်းစားခဲ့မိပုံရသည်။

အန်နု၏ အဘွားဖြစ်သူနှင့် မိစ္ဆာအာဏာရှင်တို့သည် အခြားသော မျိုးနွယ်စုများကို ဗီဇပြောင်းလဲရန် နည်းလမ်းများကို တီထွင်ခဲ့ကြဖူးသည်။ အန်နု၏ အဘွားသည် 'အစစ်အမှန် နဂါး အသွင်ပြောင်းခြင်း ကျင့်စဉ်' ကို ဖန်တီးခဲ့ပြီး လျဲ့ယု ကဲ့သို့ ပင်ကိုယ် နဂါးမျိုးရိုးရှိသူများ သို့မဟုတ် ဝေ့ဝူယင် ကဲ့သို့ လူသားလည်းမဟုတ်၊ သားရဲလည်းမဟုတ်သော မျိုးစပ်များကို မွေးဖွားပေးခဲ့သည်။ မိစ္ဆာအာဏာရှင်ကလည်း မိစ္ဆာမျိုးကွဲများစွာကို ဖန်တီးခဲ့ဖူးသည်။

မျိုးနွယ်စုများ အဆင့်ဆင့် ပြောင်းလဲသွားခြင်းမှာ မဆန်းလှချေ။ တာအိုသုံးပါး၏ ကောင်းချီးကို ရရှိပြီးနောက် အိယင်သည် သူမ၏ အယ်ဗန် မျိုးရိုးကို စွန့်လွှတ်ကာ ကောင်းကင်မျိုးနွယ်ဝင်တစ်ဦးအဖြစ် ပြောင်းလဲသွားခဲ့သည်။ ၎င်းက အယ်ဗန်များမှာ ကောင်းကင်မျိုးနွယ်မှ ဗီဇပြောင်းလဲလာသူများ ဖြစ်နိုင်ကြောင်း ညွှန်ပြနေသည်။ ထိုသို့ မမှန်ကန်သော ပုံစံဖြင့် ပြောင်းလဲခြင်းက တာအိုနှင့် လိုက်လျောညီထွေဖြစ်မှုကို အဟန့်အတား ဖြစ်စေတတ်သည်။

အိယင်၏ အသွင် ပြောင်းလဲမှုသည် သူမ၏ ခန္ဓာကိုယ် အတွင်း၌ လူသားသွေးထက် ကောင်းကင်မျိုးနွယ်သွေး ပိုများသောကြောင့်လော သို့မဟုတ် နယ်လာရှားတွင် လူသားသွေးက သားရဲသွေးထက် ပိုများသောကြောင့်လား ဆိုသည်ကို သေချာ မသိချေ။

နတ်ဆိုးများကတော့ မည်သည့်သက်ရောက်မှုမျှ မရှိကြချေ။ တရှန်း ပြောင်းလဲသွားပြီးနောက်တွင်ပင် သူမ၏ နတ်ဆိုး စွမ်းအင်နှင့် မျိုးနွယ်စု လက္ခဏာများမှာ မူလအတိုင်း ရှိနေဆဲဖြစ်သည်။ နတ်ဆိုးမျိုးရိုးများသည် မည်သည့် ကျင့်ကြံခြင်းလမ်းစဉ်နှင့်မဆို လိုက်လျောညီထွေ ရှိပုံရသည်။

"နင် သူတို့ကို အမြစ်ပြတ် မချေမှုန်းခဲ့တာ လာဗီယာသန်ရဲ့ အမွေအနှစ်ကို ဆက်ခံစေချင်လို့ မဟုတ်လား... သူတို့က လာဗီယာသန်ရဲ့ ပင်ကိုယ်သွေးမျိုးရိုး စွမ်းရည်တွေအပေါ် အခြေခံပြီး ကြောက်မက်ဖွယ်ကောင်းတဲ့ အာဏာရှင် ကျင့်စဉ် တွေကို ဖန်တီးနိုင်လိမ့်မယ်... သူတို့ရဲ့ မန်နာ ထိန်းချုပ်နိုင်စွမ်းကို မြှင့်တင်နိုင်လိမ့်မယ်... ဟုတ်တယ် မလား"

ကောင်းကင်စစ်ဝိညာဉ်က ခန့်မှန်းလိုက်သည်။

ဝေ့ဝူယင် က မငြင်းဆိုခဲ့ပေ။

"ငါ အဲဒါကို အရင်ဆုံး ရအောင်ယူရမယ်... ကမ္ဘာဦး သားရဲ တွေရဲ့ သင်္ချိုင်းမှာ များသောအားဖြင့် အမတေ သွေးတွေနဲ့ သွေးစွမ်းအင်တွေ ရှိတတ်တယ်... အဲဒါတွေ အများဆုံး ရှိနိုင်တဲ့နေရာက ခန္ဓာကိုယ်တွေကို မြှုပ်နှံထားတဲ့ ဒါမှမဟုတ် အနားယူနေတဲ့ နေရာပဲ... မင်း ဘာခံစားမိလဲ"

"သွေးစွမ်းအင် မရှိဘူး... သွေးမျိုးရိုး အရှိန်အဝါ လုံးဝ မခံစားရဘူး... အတွင်းထဲမှာ ရှုပ်ထွေးနေတဲ့ အချိန်နဲ့ အာကာသ စွမ်းအင်တွေပဲ ရှိတယ်... ငါ့ရဲ့ အာရုံကို အဝေးကြီးအထိ ပို့ဖို့တောင် ခက်ခဲနေတယ်"

ကောင်းကင်စစ်ဝိညာဉ်က နှုတ်ခမ်းဆူကာ ပြန်ပြောသည်။

"ဟင့်အင်း... မင်း ခံစားမိခဲ့ပါတယ်"

ဝေ့ဝူယင်က ခေါင်းခါလိုက်သည်။ ကောင်းကင် စစ်ဝိညာဉ်မှာ ဝေ့ဝူယင် ဘာကို ဆိုလိုသည်ကို မဝေခွဲနိုင်ဖြစ်သွား၏။ ထို့နောက် လျှပ်စီးတစ်ချက် လက်သွားသလိုပင် ဝေ့ဝူယင် က အဖြူရောင် အဘိဿဲလ် ကို ဝါးမျိုတော့မတတ် နှစ်ခြမ်းခွဲပစ်ခဲ့သည့် မြင်ကွင်းကို ပြန်လည် မြင်ယောင်လာသည်။

"နင်... နင် ပြောချင်တာက..."

သူမ၏ အသံက အံ့ဩတုန်လှုပ်မှုများနှင့် ပြည့်နှက်နေကာ သူမ ပိုင်ဆိုင်ထားသော ဗဟုသုတများနှင့်ပင် မယုံကြည်နိုင်အောင် ဖြစ်နေပုံ ပေါ်သည်။

"အဲဒါက ပျက်စီးနေတဲ့ သင်္ချိုင်း မဟုတ်ဘူးလား... အဲဒါကြီးက လာဗီယာသန်ရဲ့ ခန္ဓာကိုယ် ဖြစ်နိုင်ပါ့မလား... အဲဒါက အစိုင်အခဲမှ မဟုတ်တာလေ... ပြီးတော့ တစ်ကောင်ထက်မက ရှိနေသင့်တာ မဟုတ်ဘူးလား"

ဝေ့ဝူယင်၏ ငွေရောင် မျက်ဝန်းတို့သည် အစစ်အမှန် နဂါး တစ်ကောင်၏ မျက်လုံးအဖြစ်သို့ ကူးပြောင်းသွား၏။ သူက တမုဟုတ်ချင်းပင် အတိုင်းအဆမဲ့သော နဂါးအရှိန်အဝါတို့ကို ထုတ်ဖော်လိုက်သည်။

"နှစ်ပေါင်း မရေမတွက်နိုင်အောင် ကြာခဲ့ပြီလေ... ဒီခန္ဓာကိုယ်ကြီးတွေဟာ ပျက်စီးနေတဲ့ သင်္ချိုင်းမြေနဲ့ တစ်သားတည်း ဖြစ်သွားခဲ့ပြီ၊ ဒါမှမဟုတ် သင်္ချိုင်းမြေကပဲ ခန္ဓာကိုယ်တွေနဲ့ ပေါင်းစပ်သွားခဲ့တာ ဖြစ်နိုင်တယ်... ဘယ်လိုပဲဖြစ်ဖြစ် အဲဒီအချက်ကြောင့်ပဲ ဒီလောက်အထိ ကယောက်ကယက် ဖြစ်နေရတာပေါ့... တကယ်တော့ သင်္ချိုင်းဆိုတာ ကမ္ဘာဦး သားရဲ တွေ ဖန်တီးထားတဲ့ ထူးခြားတဲ့ လျှို့ဝှက်နယ်မြေတစ်ခုပဲ... ဗာမီလီယန် သင်္ချိုင်းကို ကျွမ်းကျင်သူတွေ ဒါမှမဟုတ် ကောင်းကင် ပုရောဟိတ်တွေ အလွယ်တကူ ရှာမတွေ့နိုင်တာဟာ ထန်မျိုးနွယ်စုရဲ့ နှောင့်ယှက်မှုကြောင့် မဟုတ်ဘဲ၊ သူ့ရဲ့ ပင်ကိုယ်ဂုဏ်သတ္တိကိုက ထူးခြားတဲ့ နယ်မြေတစ်ခု ဖြစ်နေလို့ပဲ

မင်း ခံစားခဲ့ရတဲ့ အပျက်အစီး ဖိအားတွေလား... အဲဒါက လာဗီယာသန်ရဲ့ သွေးမျိုးဆက် ဖိအားပဲ... အဲဒီအရာနှစ်ခုက တစ်ခုတည်းအဖြစ် ရောယှက်သွားပြီးတော့ ပုံပျက်နေတဲ့ အချိန်နဲ့ အာကာသဇုန်တစ်ခုကို ဖန်တီးလိုက်တာ၊ အဲဒီဇုန်က ကမ္ဘာလောကနဲ့ အထဲမှာ ရှိသမျှ အရာအားလုံးကို ဖိနှိပ်ထားတာပေါ့... တကယ့်ကို အံ့ဩစရာကောင်းတဲ့ ဖြစ်ရပ်မျိုးပဲ"

အသစ်တစ်ခုကို ရှာဖွေ တွေ့ရှိလိုက်သော သုတေသနပညာရှင်တစ်ဦးကဲ့သို့ပင် ဝေ့ဝူယင်၏ နဂါး မျက်ဝန်းများမှာ စူးစမ်းလိုစိတ်၊ နှစ်ထောင်းအားရမှုတို့ဖြင့် တောက်ပနေသည်။ ထိုအရာက မည်သို့ ဖြစ်ပေါ်လာသည်ကို သူကိုယ်တိုင်ပင် အတိအကျ မသိသော်လည်း ဖြစ်ပျက်နေသည်မှာမူ အမှန်ပင်။ သို့သော် သင်္ချိုင်းမြေတစ်ခုက အဘယ်ကြောင့် အပိုင်းပိုင်း ပြတ်တောက်သွားရသနည်း ဆိုသည်ကိုမူ သူ မသိသေးချေ။

"မင်း အစောက ပြောသလိုပဲ၊ လာဗီယာသန်ဆိုတာ လောကကြီးနဲ့ စိတ်ကူးမယဉ်နိုင်လောက်အောင် ထိတွေ့ဆက်စပ်နိုင်စွမ်းရှိတဲ့ နေရာမှာ နာမည်ကြီးတာကိုး..."

"ဒါပေမဲ့ ငါ တစ်ခုတော့ နားမလည်ဘူး... အထဲမှာ ရှိနေတဲ့ ကံကောင်းမှုတွေကရော... ခရမ်းရောင် ပင်လယ်ရဲ့ ကြာပွတ်၊ သွေးရောင်ဓားရဲ့ ပျက်စီးနေတဲ့ ဓား၊ မီးခိုးရောင် အဆောင်လို့ ခေါ်တဲ့ လျှို့ဝှက်သခင်ရဲ့ ကျင့်စဉ်တွေ၊ ပြီးတော့ အဲဒီဇုန်ထဲက အာကာသ သေတ္တာတွေကော... သင်္ချိုင်းတစ်ခုထဲမှာ ဘာလို့ ဒီအရာတွေ ရှိနေရတာလဲ... အချိန်နဲ့ အာကာသ ပုံပျက်နေလို့ပဲလား... အဲဒါတွေက အနာဂတ် ဒါမှမဟုတ် အတိတ်ကနေ ပျောက်ကွယ်မှတ်တွေကတစ်ဆင့် စုပ်ယူခံလိုက်ရတဲ့ အရာတွေလား"

ကောင်းကင်စစ်ဝိညာဉ်သည် စစ်တာအို နှင့် ပတ်သက်သော တာအို ဝိညာဉ်ဖြစ်သဖြင့် သားရဲများ၊ အချိန်၊ အာကာသ သို့မဟုတ် လောကနိယာမများအပေါ် သူမ၏ နားလည်မှုမှာ ထိုမျှအထိ မမြင့်မားလှချေ။

"ဟား ဟား... မင်းက သိပ်ပြီး ရှုပ်ရှုပ်ထွေးထွေး တွေးနေတာပဲ"

ဝေ့ဝူယင် က ရယ်မောရင်း အဖြူရောင် အဘိဿဲလ် ၏ ဝေဝါးနေသော မြူခိုးများနှင့် အလင်းတန်းများကို လက်ဖြင့် ထိတွေ့လိုက်သည်။

"သိပ်ရှုပ်ထွေးနေလို့လား... ဒါဆို ရိုးရိုးလေးပဲ တွေးရမလား... အင်း... ရိုးရိုးလေး..."

ခဏအကြာတွင် ကောင်းကင်စစ်ဝိညာဉ်၏ ရွှေရောင်ကိုယ်ထည်ကြီးမှာ တုန်ခါသွား၏။

"အစာ..."

***

အပိုင်း(၁၉၄၀)

"အစာ..."

ကောင်းကင် စစ်ဝိညာဉ်မှာ တိုက်ရိုက်ဆန့်သည့် အဖြေကို မကြာခင်မှာပင် ရှာဖွေ တွေ့ရှိသွားခဲ့၏။

"ဟား ဟား ဟား... အဲဒါပဲလေ..."

လာဗီယာသန်ဆိုသည်မှာ သားရဲတစ်ကောင်ဖြစ်ပြီး အရာအားလုံးကို စားသောက်တတ်ကြောင်း ကောင်းကင်စစ်ဝိညာဉ် မေ့နေသည်ကို ဝေ့ဝူယင် က သဘောကျနေသည်။

၎င်း၏ သတင်းကြီးလှသော အရွယ်အစားနှင့်ဆိုလျှင် ထျန်းဂူပင် သေးငယ်နေပေလိမ့်မည်။ ထိုထက်ပို၍ ဆိုရလျှင်... ဤ အဖြူရောင် အဘိဿဲလ် သည် ဂလက်ဆီတစ်ခုလုံး၏ နှလုံးသားဖြစ်သော်လည်း သင်္ချိုင်းမြေ၏ အပိုင်းအစလေးမျှသာ ရှိသေးသည်။

သူက နေကြယ်များကို ဝါးမြိုကောင်း ဝါးမြိုခဲ့နိုင်သည်။ ဂြိုဟ်များကို ဝါးမြိုခဲ့နိုင်သည်။ ကြယ်တာရာ နယ်မြေများကို ဝါးမြိုခဲ့နိုင်သည်။ ကြယ်ကွင်းပြင်များကိုပင် ဝါးမျိုခဲ့ခြင်း ဖြစ်နိုင်ပေသည်။

"အရာမရွင်း ကျန်ခဲ့တဲ့ဟာတွေက ထူးခြားပြီး ခိုင်ခံ့တဲ့ အရာတွေထဲမှာ ချိပ်ပိတ်ခံထားရလို့ပဲ... ဥပမာ ငါတို့သုံးတဲ့ အာကာသလက်စွပ်တွေအစား သူတို့သုံးတဲ့ အာကာသသေတ္တာတွေလိုမျိုးပေါ့... အဲဒါတွေကို လာဗီယာသန်က ကောင်းကောင်း မချေဖျက်နိုင်တော့ဘဲ ကျန်ရစ်နေခဲ့တာ... ဒါမှမဟုတ် တချို့ဒေသတွေမှာ စုပုံနေတာ... ဒါမှမဟုတ် အပျက်အစီး စွမ်းအင်တွေကြောင့် အပြင်ကို လွင့်ထွက်လာတာမျိုးပေါ့... လာဗီယာသန်က ဝါးမျိုလိုက်ပြီးတဲ့နောက် အဲဒီအတွင်းထဲမှာတင် အခြေချ နေထိုင်ပြီး ကြီးပွားလာတဲ့ လူ့အဖွဲ့အစည်းတွေရဲ့ ပစ္စည်းတွေလည်း ဖြစ်နိုင်တာပဲ"

ဝေ့ဝူယင်က ရှင်းပြလိုက်သည်။ အချိန်နှင့် အာကာသ၏ ကယောက်ကယက် ဖြစ်နေသော သဘာဝကြောင့် ဤပစ္စည်းများသည် ထူးဆန်းသော နေရာများတွင် စုဝေးနေတတ်ခြင်း သို့မဟုတ် မမျှော်လင့်ထားသော အချိန်များတွင် ထွက်ပေါ်လာတတ်ခြင်း ဖြစ်သည်။

"ဪ... ဒါကြောင့် ဒဏ္ဍာရီတွေမှာ လာဗီယာသန်တွေကို ရှေးဟောင်းရတနာသိုက်ကြီးတွေလို့ တင်စားကြတာကိုး..."

ကောင်းကင်စစ်ဝိညာဉ်မှာ အမြင်သစ် ရရှိသွားတော့သည်။ လာဗီယာသန်အတွင်း၌ လူ့အဖွဲ့အစည်းများ နေထိုင်ကြသည်ဟူသော အချက်မှာလည်း လာဗီယာသန်သည် လောက၏ မန်နာစွမ်းအင်နှင့် လိုက်လျောညီထွေရှိသောကြောင့် သူမအတွက် သိပ်မဆန်းလှချေ။ အမှန်တကယ်တော့ အဘိဿဲလ်လူမျိုးစု များသည်ပင် လာဗီယာသန်အတွင်း၌ ထွန်းကားခဲ့သော ကျင့်ကြံခြင်း လူ့အဖွဲ့အစည်းတစ်ခု ဖြစ်နိုင်ပြီး အချိန်အတန်ကြာမှ အပြင်သို့ ပြန်လည် ထွက်ပေါ်လာခြင်း ဖြစ်နိုင်ပေသည်။

"ဒါဆို အခု ဘာဆက်လုပ်မှာလဲ"

ကောင်းကင်စစ်ဝိညာဉ်သည် စိတ်ငြိမ်သွားပြီး အဖြူရောင် အဘိဿဲလ် ကို ယခင်နှင့်မတူသော အမြင်ဖြင့် ကြည့်လိုက်သည်။ အကယ်၍ ဤအချက်က မှန်ကန်ပါက ဤနေရာသည် ရတနာသိုက်ကြီးပင်။ သို့သော် ယူဆောင်သွားရန်မှာ အလွန်တရာ ကြီးမားလွန်းလှသည်။

"ငါ အစိတ်အပိုင်း တစ်ခုကို ယူသွားမယ်"

ဝေ့ဝူယင်က ကြေညာလိုက်၏။ ချက်ချင်းပင် ဖီဆန်လေးသည် စတင် တုန်ခါလာတော့သည်။

"အစိတ်အပိုင်း တစ်ခုလား... ဘယ်လောက်တောင် ကြီးမှာလဲ"

"အများကြီး မဟုတ်ပါဘူး... နည်းနည်းလောက်ပါပဲ... တစ်ခုလုံးရဲ့ တစ်ရာပုံ တစ်ပုံလောက်ပါပဲ"

အစစ်အမှန် နဂါးအသွင်ပြောင်းလဲခြင်း...

ချက်ချင်းပင် ဝေ့ဝူယင်၏ ခန္ဓာကိုယ်မှာ နဂါးတစ်ပိုင်း၊ လူတစ်ပိုင်း အဖြစ်သို့ ပြောင်းလဲ သွားခဲ့လေတော့၏။

...

အဖြူရောင် အဘိဿဲလ် ဂလက်ဆီ တစ်ခုလုံးရှိ သတ္တဝါတို့၏ အကြည့်များသည် ကောင်းကင်ယံရှိ အပြောကျယ်လှသော ကြယ်တာရာ ကောင်းကင်ကြီးထံသို့ အလိုအလျောက် ရောက်ရှိသွားကြသည်။ ဂလက်ဆီ၏ အလယ်ဗဟိုချက်တွင် တည်ရှိနေသော အဖြူရောင် အစုအဝေးကြီးမှာ ဝေးကွာနေသကဲ့သို့ ခံစားရသော်လည်း သိသိသာသာ ပြောင်းလဲနေသည်။ သူတို့၏ နှလုံးသားများမှာ စိုးရိမ်စိတ်၊ မရေရာမှုနှင့် ဝေခွဲမရခြင်းတို့ကြောင့် တလှပ်လှပ် ခုန်လာကြတော့သည်။

အတိအကျ ပြောင်းလဲသွားပုံကို လူတိုင်း သတိမထားမိကြသော်လည်း၊ သတိထားမိလိုက်သူများမှာမူ မယုံကြည်နိုင်လောက်သော တုန်လှုပ်မှုများကြောင့် မျက်နှာများ ဖြူရော်သွားကြရ၏။

အဘယ်ကြောင့်နည်း...။ သူတို့သည် မိမိတို့ ဂလက်ဆီ၏ အကြီးမားဆုံးသော တားမြစ်နယ်မြေ၊ ခန့်မှန်း၍မရနိုင်သော ကံကောင်းမှုများ၏ မြစ်ဖျားခံရာဟု သတ်မှတ်ထားသော အဖြူရောင် အဘိဿဲလ်ကြီး တဖြည်းဖြည်း ကျုံ့ဝင်သွားသည်ကို မြင်တွေ့လိုက်ရခြင်းပင်။

၎င်းမှာ သိမ်မွေ့သော ပြောင်းလဲမှုမျိုး မဟုတ်ချေ။

"သူက... အဖြူရောင် အဘိဿဲလ်ကို သိမ်းယူနေတာလား"

ခရမ်းရောင် ပင်လယ်မှာ မယုံကြည်နိုင်စွာဖြင့် ရေရွတ်လိုက်မိ၏။ ဝေ့ဝူယင်သည် ပြင်ပမှ လာသူတစ်ဦးဖြစ်ပြီး ဤဂလက်ဆီ၏ ဌာနေတိုင်းရင်းသား လူသားမျိုးနွယ် သို့မဟုတ် အဘိဿဲလ်မျိုးနွယ် မဟုတ်ရာ၊ သူတို့၏ အကြီးမားဆုံးသော ရတနာကို ပိုင်ဆိုင်ခွင့် မရှိဟု ဆိုနိုင်ပေသည်။ သို့သော်လည်း... ထိုသို့ ခုခံလိုသော စိတ်၊ သမိုင်းဝင် ရတနာကို ထိန်းသိမ်းလိုသော စိတ်ဆန္ဒတို့မှာ ဝေ့ဝူယင် ပြသခဲ့သော စွမ်းဆောင်ရည်များ (အဘိဿဲလ်အတွင်း၌သာမက အိပ်ရာပေါ်တွင်ပါ ပြသခဲ့သော စွမ်းဆောင်ရည်များ) ကြောင့် ပျောက်ကွယ်သွားရသည်။

သူမ၏ စိတ်ထဲတွင် အဖြူရောင် အဘိဿဲလ် ဂလက်ဆီ ကို ကျော်လွန်၍ အပြောကျယ်လှသော စကြဝဠာကြီးအတွင်း ခရီးနှင်နိုင်မည့် လမ်းစတစ်ခု တဖြည်းဖြည်း ပုံဖော်လာမိသည်။

"..."

သွေးရောင်ဓားကတော့ သက်ပြင်းတစ်ချက်ချကာ ဘာမျှ မပြောတော့ချေ။ သူ၏ စိတ်ထဲတွင်မူ ဤအရာသည် မည်သူမျှ တားဆီး၍မရသော ဖြစ်ရပ်တစ်ခုဟု သတ်မှတ်ထားပြီး ဖြစ်သည်။ အဘိဿဲလ်အတွင်းရှိ အန္တရာယ်များကို ဝေ့ဝူယင် မည်မျှ အေးဆေးစွာ ရင်ဆိုင်နိုင်သည်ကို ကိုယ်တိုင် မြင်တွေ့ခဲ့ရပြီးနောက် သူ့ကို တားဆီးရန်မှာ မဖြစ်နိုင်ကြောင်း ယုံကြည်သွားခြင်း ဖြစ်သည်။

အနည်းဆုံးတော့ ဝေ့ဝူယင်သည် သူတို့အား အနာဂတ် ခေါင်းဆောင်များအဖြစ် ပျိုးထောင်ရန် ဆုံးဖြတ်ထားပြီး ဖြစ်သည်။ အစစ်အမှန် အဆင့်သို့ ရောက်ရှိခြင်းမှာ လျှို့ဝှက်အာဏာရှင် အဆင့်ကို ကျော်လွန်ရန် ပထမဆုံး ခြေလှမ်းပင် ဖြစ်သည်။ သွေးရောင်ဓား၏ အသက်အရွယ်၊ စွမ်းအားနှင့် ပါရမီတို့အရ ပြင်ပမှ တွန်းအားမရှိဘဲ ထိုအဆင့်သို့ ရောက်ရန်မှာ မဖြစ်နိုင်သလောက်ပင်။

လောကရှန့်ထို အာရုဏ်ဦးသည် ထိုတွန်းအားပင် ဖြစ်၏။

အဘိဿဲလ်မျိုးနွယ်များအတွက်သာ သီးသန့်ထုတ်လုပ်ထားသော ဆေးဝါးများကို မြင်ကတည်းက သူ ထိုအရာကို သိခဲ့သည်။ ထို့ကြောင့်ပင်... သူ၏ ကြမ်းတမ်းသော စိတ်ဆန္ဒကို ထိန်းချုပ်ကာ ဝေ့ဝူယင်ကို အသက်ပေး၍ တိုက်ခိုက်မည့်အစား အညံ့ခံလိုက်ခြင်း ဖြစ်သည်။ ဝေ့ဝူယင်က သူတို့ကို လမ်းပြအဖြစ် ဖိတ်ခေါ်ခဲ့ခြင်းမှာ နောက်ကွယ်တွင် ပရိယာယ် တစ်ခုခု ရှိနိုင်သည်ဟု သူ ထင်ခဲ့မိသည်။

နတ်မိမယ် တိတ်ဆိတ်ခြင်း မှာလည်း သူမ၏ရှင်သန်လိုစိတ် အသိဉာဏ်ကြောင့် ထိုအချက်ကို ပိုမို ရှင်းလင်းစွာ ခံစားမိခဲ့ပြီး ဝေ့ဝူယင်၏ မိသားစုဝင်များနှင့် လက်အောက်ငယ်သားများရှိရာ အီလီစီယမ် အသေးစား အနီးတွင်သာ ကပ်၍ နေခဲ့ကြခြင်း ဖြစ်သည်။ အကယ်၍ ဘေးကျပ်နံကျပ် ဖြစ်လာပါက တစ်ဖက်လူ၏ လူများကို ဓားစာခံလုပ်ကာ အတူတူ ပျက်စီးမည့် နည်းလမ်းကို သူတို့ စဉ်းစားခဲ့ကြဖူးသည်။

ကံကောင်းစွာပင်... ထိုစိုးရိမ်မှုများမှာ မှားယွင်းနေခဲ့သည်။ ဝေ့ဝူယင် က သူတို့၏ နယ်မြေကို အာရုဏ်ဦး အင်ပါယာ ၏ လက်အောက်ခံ နယ်မြေအဖြစ် ပြောင်းလဲကာ သူတို့အား အတိုင်းအတာတစ်ခုအထိ အုပ်ချုပ်ခွင့် ပေးမည်ဟု ပြောခဲ့သည်။ ထိုအခါမှသာ သူမ စိတ်အေးသွားခဲ့ရသည်။

နတ်မိမယ် တိတ်ဆိတ်ခြင်းသည် အဖြူရောင် အဘိဿဲလ်အား စုပ်ယူနေသည့် မယုံကြည်နိုင်ဖွယ် မြင်ကွင်းကို ကြည့်ရင်း အံကို တင်းတင်းကြိတ်လိုက်၏။ သူမသည် ဝေ့ဝူယင် ထံသို့ ပြတ်သားသော သတင်းစကား တစ်ခု ပေးပို့ရန် ဆုံးဖြတ်လိုက်ပြီ ဖြစ်သည်။ ခရမ်းရောင် ပင်လယ်ကို အစစ်အမှန် သူတော်စင် အဆင့်သို့ ရောက်မည့် ပြိုင်ပွဲတွင် အသာစီး ရစေလိုခြင်း မရှိချေ။

သူမ မည်သည့်အရာကို ကမ်းလှမ်းမည်နည်း။ သူမ၏ ကိုယ်ခန္ဓာကိုပင်...။

ယခုမြင်တွေ့နေရသော မြင်ကွင်းက သူမ၏ ဆုံးဖြတ်ချက်ကို ပိုမို ခိုင်မာစေသည်။ သူမသည် အဖြူရောင် အဘိဿဲလ် အတွင်းမှ ဝိညာဉ်ကို ပြုစုပျိုးထောင်ပေးသော 'အမွှာကြာပန်း' ရတနာကို ရရှိခဲ့ဖူးသဖြင့် သူမ၏ ဝိညာဉ်သက်တမ်းမှာ အခြားသော လျှို့ဝှက်အာဏာရှင် များထက် နှစ်ဆမျှ ပိုမို ရှည်လျားခဲ့သည်။

သို့သော်လည်း... ထိုမျှ ရှည်လျားသော သက်တမ်းတစ်လျှောက်တွင် သူမသည် မိမိ၏ တန်ဖိုးအရှိဆုံး အရာကို ထိန်းသိမ်းထားခဲ့သည်။ အဘယ်ကြောင့် နှစ်ပေါင်း သိန်းချီအောင် သူမ၏ အပျိုစင်ဘဝကို စောင့်ထိန်းခဲ့သနည်း။ ဤကဲ့သို့သော အခိုက်အတန့်မျိုးအတွက်ပင် ဖြစ်သည်။

လူတစ်ဦးသည် အသက်ရှည်လေ၊ အတွေ့အကြုံ များလေ၊ အဆင့်မြင့်လေလေ၊ ကျေနပ်စွာဖြင့် သေဆုံးရန် ခဲယဉ်းလေလေ ဖြစ်သည်။ အထူးသဖြင့် မိမိ၏ ကျင့်ကြံခြင်း အထွတ်အထိပ်သို့ မရောက်သေးကြောင်း သိနေပါက ပို၍ ဆိုးလှသည်။ သူမသည် အစစ်အမှန် သူတော်စင် အဆင့်နှင့် ဝေးကွာနေဆဲ ဖြစ်သည်။ သူမတွင် ပါရမီ ရှိသော်လည်း လုံလောက်သော ထောက်ပံ့မှု မရှိဘဲ ထိုအဆင့်ကို ကျော်ဖြတ်ရန်မှာ မလွယ်ကူချေ။

ဥပမာအားဖြင့် ဥပဒေသ မျိုးစေ့ တစ်ခုကို ၉ ရာခိုင်နှုန်း အထိ ရောက်အောင် ပြုစုပျိုးထောင်ရန် အတွက်ပင် ဝိညာဉ်အလင်း သို့မဟုတ် အခြားသော နည်းလမ်းများစွာ လိုအပ်သည်။ ကောင်းကင်ရှန့်ထို အဆင့်ရှိသူများသည် လောက သုံးထောင်၏ ပဲ့တင်ထပ်ခြင်း ကို အသုံးပြု၍ ဥပဒေသများကို မြှင့်တင်နိုင်သော်လည်း၊ ၎င်းမှာ အချိန်နှင့် အရင်းအနှီး အလွန်ကုန်သကဲ့သို့ အောင်မြင်ရန် အခွင့်အလမ်းမှာလည်း အလွန် နည်းပါးလှသည်။

သို့သော်လည်း... ခရမ်းရောင် ပင်လယ်၊ သွေးရောင်ဓားနှင့် နတ်မိမယ် တိတ်ဆိတ်ခြင်း တို့ကဲ့သို့သော သူများအတွက်မူ ၎င်းမှာ တစ်ခုတည်းသော နည်းလမ်းဖြစ်ပြီး သူတို့၏ ဥပဒေသများကို ၉ ရာခိုင်နှုန်းမှ အနည်းဆုံး ၈၁ ရာခိုင်နှုန်း အထိ ရောက်အောင် ကြိုးစားခဲ့ကြသည်။ အညှောင့်ထွက်ခြင်း အဆင့်သို့ ရောက်ရန်မှာမူ ပို၍ ခက်ခဲလှသည်။ ထျန်းထိုက်ကျုံးသည် ကြယ်တာရာ နယ်မြေတစ်ခုလုံးကို နှစ်ပေါင်း နှစ်သောင်းတိုင်တိုင် အကြွင်းမဲ့ အုပ်ချုပ်ကာ ဝိညာဉ်အလင်းများကို စုဆောင်း၍ ထိုအဆင့်သို့ ရောက်အောင် ကြိုးစားခဲ့ရခြင်း ဖြစ်သည်။

ထို့ကြောင့်ပင် သူ၏ အောင်မြင်မှုမှာ စုနန်ကျူး ကဲ့သို့သော လောကရှန့်ထို များကိုပင် အံ့အားသင့် စေခဲ့ခြင်း ဖြစ်သည်။

နတ်မိမယ် တိတ်ဆိတ်ခြင်း အနေဖြင့် အခွင့်အရေးများ လိုအပ်နေသည်။ အဖြူရောင် အဘိဿဲလ် ၏ သမိုင်းတစ်လျှောက်တွင် မည်သူမျှ လျှို့ဝှက် အာဏာရှင် အဆင့်၏ အဋ္ဌမအဆင့် ဖြစ်သော အစစ်အမှန် သူတော်စင် အဆင့်သို့ တစ်သမတ်တည်း တက်လှမ်းနိုင်ခဲ့ခြင်း မရှိချေ။

ထို့ကြောင့် မိမိ၏ အကြီးမားဆုံးသော အဖိုးတန်အရာကို ကျင့်ကြံခြင်း အဆင့်အတန်း မြင့်မားလှသော ဤပြင်ပမှ အဂ္ဂိရတ်ပညာရှင်အား ပေးအပ်ခြင်းသည် သူမ စောင့်ဆိုင်းနေခဲ့သော အခွင့်အလမ်းပင် ဖြစ်သည်။ သူမ ၎င်းကို အရယူရမည်။

မီးခိုးရောင် နှင်းဆီမှာလည်း ထိုအတိုင်းပင် တွေးနေမိသည်။ သို့သော်လည်း... သူမတွင် နတ်မိမယ် တိတ်ဆိတ်ခြင်း ကဲ့သို့ အားသာချက်မျိုး မရှိသလို၊ သွေးရောင်ဓားက ဝေ့ဝူယင် ရှေ့တွင် သူမ၏ နာမည်ကို ဖျက်ဆီးထားပြီး ဖြစ်သည်။ သူမ၏ ခွန်အားမှာ ကိုယ်တိုင် ကြိုးစားအားထုတ်မှုကြောင့် ရရှိလာခြင်း မဟုတ်သည်ကိုလည်း ဝေ့ဝူယင် ကဲ့သို့ ကျွမ်းကျင်သူတစ်ဦးက သိမြင်နေပေလိမ့်မည်။

မီးခိုးရောင် နှင်းဆီသည် မိမိ၏ တိတ်ဆိတ်မှု အဘိဿဲလ်ကို လက်အောက်ခံ နယ်မြေအဖြစ် ပြောင်းလဲရန် ပြင်ဆင်ရင်း၊ ဝေ့ဝူယင် ဆုံးဖြတ်ချက် ချမှတ်ရာတွင် အပယ်ခံ မဖြစ်စေရန်သာ ဆုတောင်းနေခဲ့တော့သည်။ သူမကိုယ်သူမ ထိုက်တန်ကြောင်း သက်သေပြရမည် ဖြစ်သည်။ ထိုစဉ် သူမ၏ စိတ်ထဲ၌ အကြံတစ်ခု ရလာလေ၏။

ဂလက်ဆီ၏ ဇုန်များကို အုပ်ချုပ်နေသည့် ဤလျှို့ဝှက် အရှင်များ၏ အတွေးများသာ လူအများ သိသွားပါက တစ်လောကလုံး တုန်လှုပ်သွားပေလိမ့်မည်။ ထိုအရာမှာ လူအများ ကိုးကွယ်ဆည်းကပ်နေရသော မြင့်မြတ်သည့် အရှင်သခင်ကြီးများ၏ အတွေးမျိုး မဟုတ်ဘဲ၊ သာမန် ကျင့်ကြံသူများကဲ့သို့ပင် ပိုမိုမြင့်မားသော အဆင့်သို့ ရောက်လိုသည့် လောဘ၊ မောဟများဖြင့် ပြည့်နှက်နေခြင်း ဖြစ်သည်။

***

All Chapters