← Chapters

အခန်း (၁၉၄၃-၁၉၄၄)

Vol. 139 Ch. 1943-1944

အခန်း (၁၉၄၃-၁၉၄၄)

Vol. 139 Ch. 1943-1944

အပိုင်း(၁၉၄၃)

အာရုဏ်ဦး ခြေချခြင်း မှော်သန့်စင် ဆေးအိုးကို ကြည့်ရင်း ဝေ့ဝူယင် ခါးသက်သက် ပြုံးလိုက်မိ၏။

"တကယ်ကို အများကြီး ကုန်သွားတာပဲ... ဟမ့်..."

ပိုင်ရှုက လက်ပိုက်ရင်း ပြောလိုက်သည်။ သူမသည် ငယ်ရွယ်သော မင်းသမီးလေးတစ်ဦး၏ ရုပ်သွင်ရှိပြီး အသက်ဝင်လှသော အလှတရားများ ရှိနေသဖြင့် ထိုအပြုအမူလေးမှာ အလွန်ပင် ချစ်စရာကောင်းနေသည်။

"ကလေးလို လုပ်မနေနဲ့ဦး၊ နင့်မှာ စားစရာတွေ ပြတ်သွားမှာ မဟုတ်ပါဘူး..."

ကောင်းကင်စစ်ဝိညာဉ်မှာ မျက်စောင်းထိုးချင်သော်လည်း သူမတွင် ရုပ်ခန္ဓာမရှိသဖြင့် မလုပ်နိုင်ချေ။

ပိုင်ရှုက မကျေမနပ် နှာမှုတ်လိုက်၏။ ဝေ့ဝူယင်သည် အာရုဏ်ဦး ကြယ်ကွင်းပြင် အတွင်းမှ ထွက်လာခဲ့ချိန်၌ ကောင်းကင် အဆင့် ဝိညာဉ်ဆေးလုံးအပေါ် အဋ္ဌမမြောက် ရင်းမြစ် ကျင့်စဉ်ကို အသုံးပြုရန် ဆုံးဖြတ်ခဲ့သည်။ မူလက ပိုင်ရှုအတွက် ပြဿနာမရှိချေ။ အဘယ်ကြောင့်ဆိုသော် ဝေ့ဝူယင်ကဲ့သို့သော အဂ္ဂိရတ် ပညာရှင်မျိုးသည် သူမကဲ့သို့သော တာအိုဝိညာဉ်ကို ငတ်မွတ်အောင် ထားမည်မဟုတ်သောကြောင့် ဖြစ်သည်။ သို့သော်လည်း သူက ဆေးလုံး၏ အရည်အသွေးကို အဆင့်နိမ့်မှ အဆင့်မြင့်သို့ မြှင့်တင်ရန် ဆုံးဖြတ်ချက် ပြောင်းလဲလိုက်သောအခါ လိုအပ်သော အသန့်စင်ဆုံး မြူနှင်း ပမာဏမှာ အဆတစ်ရာနီးပါး ခုန်တက်သွားခဲ့သည်။

ထို့အပြင် အရည်အသွေး မြှင့်တင်ရန် အချိန်ကို လျှော့ချလိုသဖြင့် လိုအပ်သည်ထက် ပိုမိုသော မြူနှင်းများကို သုံးစွဲခဲ့ရသည်။ အချိန်အရှိန်မြှင့်ရန် လေပွေဇုံကို အသုံးပြုခဲ့ရာတွင် အိုးကြီးအတွင်း သိုလှောင်ထားသော မြူနှင်းများ၏ ၄၀ ရာခိုင်နှုန်းခန့် ကုန်ဆုံးသွားခဲ့သည်။

၄၀ ရာခိုင်နှုန်းဆိုသည်မှာ အနည်းငယ်ဟု ထင်ရသော်လည်း ဝေ့ဝူယင်၏ အသန့်စင်ဆုံး မြူနှင်း ၄၀ ရာခိုင်နှုန်းမှာ မယုံနိုင်လောက်အောင် များပြားလှသည်။ သူသည် အဆင့်မြင့် အရည်အသွေးရှိသော လျှို့ဝှက်မြေကြီးနှင့် လျှို့ဝှက်လောကအဆင့် ဆေးဝါးများကို အမြဲတမ်း အောင်မြင်စွာ ဖော်စပ်နိုင်သူ ဖြစ်သည်။ သူ ထုတ်လုပ်နိုင်သော မြူခိုးပမာဏမှာ ကြယ်တာရာ နယ်မြေများကိုပင် နစ်မြုပ်သွားစေနိုင်သည်။ ယခုမူ ၁၇ နှစ်ကြာ အားထုတ်မှု၏ ၄၀ ရာခိုင်နှုန်းမှာ ကွယ်ပျောက်သွားခဲ့ပြီ ဖြစ်သည်။

၄၀ ရာခိုင်နှုန်း...

သူမ မကျေမနပ်ဖြစ်သည်မှာ မဆန်းတော့ချေ။ ဝေ့ဝူယင် တိတ်တဆိတ် ပြုံးနေမိ၏။ သူသည် ပိုင်ရှု၏ ခံစားချက်ကို ကိုယ်ချင်းစာနိုင်ပါသည်။ ၁၇ နှစ်ကြာ ကြိုးပမ်းအားထုတ်မှုများထဲမှ ၄၀ ရာခိုင်နှုန်းကို လျှို့ဝှက်ကောင်းကင်အဆင့် ဝိညာဉ်ဆေးလုံး တစ်လုံးတည်းအတွက် သုံးစွဲလိုက်ရခြင်းမှာ သူ၏ အကြီးမားဆုံးသော ဆုံးရှုံးမှုလည်း ဖြစ်သည်။

အကြီးမားဆုံး အမြတ်ကကော...

၎င်းမှာ ခရမ်းရောင် ပင်လယ် သို့မဟုတ် နတ်မိမယ် တိတ်ဆိတ်ခြင်း တစ်ယောက်ယောက် အတွက် အလားအလာပင် ဖြစ်သည်။ အကယ်၍ သူတို့သည် အဆင့်မြင့် လျှို့ဝှက်ကောင်းကင်အဆင့် ဝိညာဉ်ဆေးလုံးကို သုံး၍ အစစ်အမှန် ဝိညာဉ် အဆင့် သို့မဟုတ် ပဲ့တင်သံ ဝိညာဉ် အဆင့်သို့ တက်လှမ်းနိုင်ပါက အနာဂတ်အတွက် အလွန်အရေးပါသော ပုဂ္ဂိုလ်များ ဖြစ်လာပေလိမ့်မည်။ သို့သော်လည်း... ၎င်းမှာ လောင်းကစားတစ်ခုသာ ဖြစ်သည်။

ကြီးမားသော လောင်းကစားတစ်ခုပင်။

အကယ်၍ အစစ်အမှန် သူတော်စင် သို့မဟုတ် ပဲ့တင်သံ ဝိညာဉ် အဆင့်ရှိ ပညာရှင်ကြီးများသာ ဝေ့ဝူယင်တွင် အဆင့်မြင့် ဝိညာဉ်ဆေးလုံးရှိကြောင်း သိရှိသွားပါက တစ်လောကလုံး ပွက်လောရိုက်သွားပေလိမ့်မည်။ ကံကောင်းထောက်မစွာဖြင့် သူသည် သတိကြီးစွာထားပြီး ဆေးလုံးကို သူ၏ အသိစိတ်ပင်လယ်အတွင်း၌ ဖီဆန်လေး၏ အစောင့်အရှောက်ဖြင့် သိမ်းဆည်းထားသည်။

သူ့ထက် ပိုမိုသင့်တော်သောသူကို တွေ့ပါက ထိုသူကို ပေးရန် သူ ရည်ရွယ်ထားသည်။ ပိုင်ရှု၏ တွက်ချက်မှုအရ ဆေးလုံးကို အထွတ်အထိပ် အဆင့်သို့ ရောက်ရန် ကြိုးစားပါက မြူခိုးများမှာ ၁၀ ရာခိုင်နှုန်းအောက်သို့ ကျဆင်းသွားပေလိမ့်မည်။ ထို့ကြောင့် အဆင့်မြင့် အရည်အသွေးမှာပင် လုံလောက်ပြီဟု သူ ဆုံးဖြတ်ခဲ့သည်။

ဝေ့ဝူယင် သက်ပြင်းတစ်ချက်ချရင်း သင်္ဘောပတ်လည်ကို ကြည့်လိုက်၏။ ထို့နောက်... သူ၏ မျက်နှာထက်တွင် စိတ်သက်သာရာရသော အပြုံးတစ်ခု ပေါ်လာသည်။

"ဝေ့စီကတော့ တော်တော်လေး အဆင်ပြေနေတာပဲ... သူက ချင်ချူးမူကို အစ်မကြီး တစ်ယော်ကလို ခင်တွယ်နေတယ်"

ကလေးတစ်ယောက်လို အာရုံစိုက်ပြီး ပန်းချီဆွဲနေသည့် ချင်ချူးမူအား ငေးကြည့်နေသော ဝေ့စီကို ကြည့်ရင်း ဝေ့ဝူယင် စိတ်အေးသွားရသလို စိုးရိမ်စိတ်လည်း ဖြစ်မိသည်။

ဝေ့စီသည် သူ၏ စိတ်ခံစားမှုကို အလွန်အမင်း နားလည်နိုင်စွမ်းရှိပြီး ချင်ချူးမူ၏ အစောင့်အရှောက်အဖြစ် ခံယူထားသည်။ ဝေ့ဝူယင်၏ အမြင်တွင်မူ ဝေ့စီသည် တိုင်လင်နှင့် ပတ်သက်၍လည်း အပြစ်ရှိသလို ခံစားနေရပြီး ချင်ချူးမူ၏ နွေးထွေးမှုထဲတွင် တိုင်လင်၏ အရိပ်အယောင်ကို မြင်နေရဟန်တူသည်။ ထို့ကြောင့် သူမကို ဘေးအန္တရာယ် မကျရောက်စေရန် အနားတွင် အမြဲရှိနေခြင်းဖြစ်သည်။

ဝေ့ဝူယင်နှင့်အတူ ရှိနေချိန်တွင် ချင်ချူးမူကို တစ်ဦးတည်း ထားခဲ့သော်လည်း ကျန်ရှိသော အချိန်များတွင်မူ ဝေ့စီက သူမအနားမှာ အမြဲရှိနေသည်။ ဝေ့ဝူယင်၏ ဟင်းလင်းပြင် ပုံရိပ်မှာ ခရီးစဉ်စတင်ကတည်းက ချင်ချူးမူ၏ အနားမှ မခွာခဲ့သည်ကိုမူ သူ မသိရှိချေ။

ဝေ့ဝူယင် ဝေ့စီကို ထိုအတိုင်းသာ လွှတ်ထားလိုက်သည်။

ထို့ပိဟန်နှင့် သခင်လေးရှန့်တို့မှာမူ အရက်သောက်ဖော်များ ဖြစ်နေကြပြီး ကဗျာများ၊ ပုံပြင်များ ပြောရင်း အချိန်ဖြုန်းနေကြသည်။ သူတို့နှစ်ဦးကြားတွင် အရက်နှင့် စကားလုံးများမှတစ်ဆင့် သံယောဇဉ်တစ်ခု တိုးပွားလာနေသည်။

မူလ အာဏာရှင်များမှာမူ လေပွေဇုံများကို သုံး၍ ကျင့်ကြံနေကြခြင်း သို့မဟုတ် သင်္ဘောကို မောင်းနှင်နေကြခြင်းများ ပြုလုပ်နေကြသည်။ စုမေ့နှင့် သူမ၏ အရိပ်၊ ရွှေဖုန်းပေါင်နှင့် ယောင်ဟုန်ရီတို့က အလှည့်ကျ တာဝန်ယူနေကြပြီး မင်ရှုဖုန်းက သူတို့ကို ပေါင်းစပ်ညှိနှိုင်းပေးနေသည်။

ချောင်စွေ့ဖုန်းမှာမူ အစေခံအသစ်၏ အကူအညီဖြင့် အဂ္ဂိရတ် ပညာရှင် ဘဝမှ အစစ်အမှန် ကျင့်ကြံသူဘဝသို့ ကူးပြောင်းခြင်းအား ကိုယ်စားပြုမည့် အဝတ်အစားသစ်များကို ရွေးချယ်နေသည်။ ဝေ့ဝူယင်၏ ခန့်မှန်းချက် မှန်ကန်ခဲ့သည်။ ထိုလက်ဆောင်ကို ပေးပြီးနောက် ချောင်စွေ့ဖုန်းကလည်း သူ့ကို အံ့ဩစရာကောင်းသော လက်ဆောင်တစ်ခု ပြန်လည်ပေးခဲ့သည်။ တစ်ရက်တာအတွင်းမှာပင် ချောင်စွေ့ဖုန်းသည် ယန်အမတေ ထုတ်ယူခြင်း စံချိန်ချိုးရန် ကြိုးစားနေသည့်အလား သူမ၏ အရည်အချင်းအားလုံးကို အသုံးချခဲ့သည်။

၎င်းက တကယ့်ကို အံ့ဩစရာပင်။

အဖြူရောင် အဘိဿဲလ် ဂလက်ဆီမှ ထွက်ခွာလာခဲ့သည်မှာ နှစ်ရက်ရှိပြီ ဖြစ်သည်။ ယခုအခါ ဂလက်ဆီမှာ အလွန်ပင် သေးငယ်သွားခဲ့လေပြီ။ အစစ်အမှန် သူတော်စင်များပင် ခက်ခက်ခဲခဲ ဖြတ်ကျော်ရသော ဟင်းလင်းပြင်ကြီးကို သေမျိုးများက ဖြတ်သန်းနေကြသည်မှာ မယုံနိုင်စရာပင်။ သို့သော် သူတို့မှာမူ ဤနေရာသို့ ရောက်ရှိနေပြီ ဖြစ်သည်။

ဝေ့ဝူယင်သည် အဂ္ဂိရတ် ရနံ့များ သင်းပျံ့နေသော အဂ္ဂိရတ်ခန်းမအတွင်းမှ ထွက်လာကာ သင်္ဘောဦးဆီသို့ လျှောက်လာခဲ့သည်။ သူ ရောက်ရှိသွားသောအခါ သခင်လေးရှန့်မှာ ပုံမှန်အတိုင်း အေးအေးဆေးဆေး အရက်သောက်နေသည်ကို တွေ့ရသည်။ သူက ဝေ့ဝူယင်ကို မြင်သောအခါ လှမ်းပြောလိုက်၏။

"လာပါဦး ယောက်ဖ... ကောင်းကင်နှလုံးသား ဂလက်ဆီအကြောင်း ငါ မင်းကို ပြောပြရဦးမယ်..."

မှန်ပေ၏။ ခရီးစဉ်၏ နောက်ထပ်မှတ်တိုင်မှာ "ကောင်းကင်နှလုံးသား ဂလက်ဆီ" ပင် ဖြစ်သည်။

...

ဝေ့ဝူယင် အီလီဆီယမ် အသေးစား သင်္ဘောပတ်လည်ကို ဝေ့ဝဲကြည့်ရှုလိုက်ရာ စုမေ့နှင့် အနားယူနေသော ရှောင်ပိုင်တို့မှလွဲ၍ အခြားသူ မရှိချေ။ ချောင်စွေ့ဖုန်းမှာမူ သူမ၏ အစေခံအသစ်နှင့်အတူ အိပ်ဆောင်အတွင်းသို့ ဝင်သွားခဲ့ပြီဖြစ်သည်။ သူမသည် အစေခံမလေး၏ အကူအညီနှင့် အတူ ဝေ့ဝူယင်ပေးထားသော ဆေးဝါးများကို လေပွေဇုံထဲဝင်၍ သန့်စင်နေမည်မှာ သံသယဖြစ်ဖွယ်မရှိပေ။

သခင်လေးရှန့်၏ အနားသို့ ရောက်ရှိသွားသောအခါ ဝေ့ဝူယင်က သူ၏ကိုယ်ပိုင် ဝိုင်ဘူးကို ထုတ်ယူကာ ဘေးတွင် ဝင်ထိုင်လိုက်သည်။ ၎င်းမှာ အဖြူရောင် အဘိဿဲလ် ဂလက်ဆီ၊ နတ်မိမယ် တိတ်ဆိတ်ခြင်း၏ စုဆောင်းမှုထဲမှ အလွန်သက်တမ်းရင့်သော ဝိုင်တစ်မျိုးပင် ဖြစ်သည်။ သူက ဝိုင်ကို တစ်ငုံ သောက်လိုက်၏။

"ကောင်းတယ်... ကောင်းကင်နှလုံးသား ဂလက်ဆီဆိုတာ ငါကိုယ်တိုင် ဒီကိုလာတုန်းက ခဏဝင်ခဲ့ဖူးတဲ့ ဂလက်ဆီတွေထဲက တစ်ခုပဲ၊ ဒါကြောင့် အဲဒီက လူ့အဖွဲ့အစည်းအကြောင်း ငါ အတော်လေး သိထားတယ်"

သခင်လေးရှန့်သည် "ရတနာချိုင့်ဝှမ်း ဂလက်ဆီ" မှ "ကြယ်တစ်လုံး ဂလက်ဆီ" ဆီသို့ လာရာတွင် ဝေ့ဝူယင်တို့နှင့် လမ်းကြောင်းတူ ဖြတ်သန်းခဲ့ခြင်း ဖြစ်သည်။

"အထွတ်အထိပ် သန့်စင်ခြင်း ဂလက်ဆီ"၊ "အမည်မဲ့ ဂလက်ဆီ"၊ "ကောင်းကင်နှလုံးသား ဂလက်ဆီ" နှင့် "အဖြူရောင် အဘိဿဲလ် ဂလက်ဆီ" ဟူသော အစဉ်အတိုင်း ခရီးနှင်ခဲ့ရာ ကောင်းကင်နှလုံးသား ဂလက်ဆီမှာ သူ၏ ဒုတိယမြောက် မှတ်တိုင် ဖြစ်ခဲ့သည်။ ထိန်ကျန်းဝမ်သည်လည်း အကြောင်းအမျိုးမျိုးကြောင့် ထိုဂလက်ဆီတစ်ခုချင်းစီအတွင်းသို့ ဝင်ရောက်ခဲ့ဖူးသည်။

"ကောင်းကင်နှလုံးသား ဂလက်ဆီက ဘယ်လောက်တောင် သန်မာမယ်လို့ မင်းထင်လဲ... အဲဒီက လူ့အဖွဲ့အစည်းကော ဘယ်လောက်အထိ တိုးတက်နေပြီလို့ ထင်သလဲ..."

သခင်လေးရှန့်က စနောက်လိုသော အမူအရာဖြင့် မေးမြန်းလိုက်၏။ သူသည် ဝေ့ဝူယင်ကို နှမဖြစ်သူနှင့် သဘောတူခဲ့ပြီး ဖြစ်လေရာ အလွန်ကြောက်လန့် မနေတော့ပဲ ပေါ့ပေါ့ပါးပါးသာ ဆက်ဆံတော့သည်။ ဝေ့ဝူယင်ကလည်း စိတ်မရှိပါချေ။

သို့သော်လည်း... ဤတစ်ကြိမ်တွင်တော့ ဝေ့ဝူယင်က ပြန်မဖြေပဲ ဝိုင်ကိုသာ သောက်နေလိုက်၏။ သူသည် ထိုသို့သော အမေးအဖြေ ကစားနည်းများကို စိတ်မပါချေ။ ထို့ပြင် ကောင်းကင်စစ်ဝိညာဉ်သည် ထိန်ကျန်းဝမ်၏ ဝိညာဉ်ကို သူမပိုင်အဖြစ် သိမ်းပိုက်ထားပြီးဖြစ်သဖြင့် ထိုဂလက်ဆီအကြောင်း အသေးစိတ်ကို ဝေ့ဝူယင် သိရှိပြီးသား ဖြစ်သည်။ ယခု သူ နားထောင်နေခြင်းမှာ သခင်လေးရှန့်၏ စကားပြောလိုသော ဆန္ဒကို ဖြည့်ဆည်းပေးရုံမျှသာ ဖြစ်သည်။

"ဟား ဟား..."

သခင်လေးရှန့်က တဟားဟား ရယ်မောရင်း ဝိုင်ကို အဝသောက်လိုက်သည်။

"အဲဒီနေရာက အဖြူရောင် အဘိဿဲလ် ဂလက်ဆီနဲ့ အလှမ်းကွာလွန်းတယ်... ကောင်းကင်နှလုံးသား ဂိုဏ်းဆိုတာက..."

သူက စကားကို ခေတ္တရပ်ကာ အရှိန်ယူလိုက်၏။

"...မယုံနိုင်လောက်အောင် အားနည်းတယ်... မယုံနိုင်လောက်အောင် ရှေးဆန်တယ်

သခင်လေးရှန့်က ကြယ်တာရာ ကောင်းကင်ကို လက်ညှိုးညွှန်ပြလိုက်၏။

"ဘယ်လောက်တောင် အားနည်းသလဲဆိုရင်... အရမ်းပဲ... ဒါပေမဲ့ မင်းက 'အားနည်းတယ်' ဆိုတာ ဘာလဲလို့ မေးလိမ့်မယ်... အဖြူရောင် အဘိဿဲလ် ဂလက်ဆီမှာ သူတော်စင် တစ်ဦးမှ မရှိဘူး... ဒါကြောင့် သူတို့က အရမ်းကြီး မသန်မာသလို အရမ်းကြီးလည်း အားမနည်းဘူး... ဂလက်ဆီတစ်ခုထဲမှာ လျှို့ဝှက်အရှင် လေးဦး ရှိတာကတော့ အထင်ကြီးစရာပဲ၊ အလယ်အလတ်အဆင့် ကျင့်ကြံခြင်း လူ့အဖွဲ့အစည်းလို့ သတ်မှတ်လို့ရတယ်"

"သူတော်စင် တစ်ဦး ရှိတဲ့ ဂလက်ဆီဆိုရင်ရော... အားမနည်းဘူးပေါ့... ဒါပေမဲ့ မင်းသိတဲ့အတိုင်း သူတော်စင်တွေကြားမှာလည်း ကွာခြားချက်တွေ ရှိတယ်... ထိန်ကျန်းဝမ်လိုမျိုး သာမည အာဏာတစ်ခုကို နားလည်ထားတဲ့သူဆိုရင် ထိပ်သီးတွေထဲက ထိပ်သီးလို့ သတ်မှတ်လို့ရတယ်... သူတို့ရဲ့ ဂလက်ဆီဟာလည်း သန်မာတယ်လို့ ပြောလို့ရတယ်"

ထိုသို့ပြောပြီးနောက် သခင်လေးရှန့်က ဝိုင်ကို သုံးငုံခန့် သောက်ကာ သက်ပြင်းချလိုက်သည်။ ထိန်ကျန်းဝမ် အမှန်တကယ် အသတ်ခံလိုက်ရပြီဖြစ်ကြောင်း သူ လက်ခံလိုက်ပြီ ဖြစ်သည်။

တကယ့်ကို မတရားလိုက်သည့် သေခြင်းတရားပင်...။ ထိန်ကျန်းဝမ်သည် သူကိုယ်တိုင် ကျင့်ကြံခြင်း အခြေခံကို ချိပ်ပိတ်ထားတုန်းမှာ အသတ်ခံလိုက်ရတာ ဖြစ်သည်။ ထို့ကြောင့်လည်း ကျင့်ကြံသူတိုင်းသည် မည်သည့် အခြေအနေမျိုးတွင် မဆို သူတို့ကိုယ် သူတို့ ချိပ်ပိတ်ရန် ဝန်လေးကြခြင်း ဖြစ်သည်။ သို့သော်လည်း ထိုကဲ့သို့ အခြေအနေမျိုးကတော့ အလွန်ပင် ရှားပါးလှသည်။

သခင်လေးရှန့်သည် နောက်ထပ် တစ်ငုံသောက်ကာ သက်ပြင်းချလိုက်ပြန်၏။

"ဘာပဲဖြစ်ဖြစ်... သာမည ဥပဒေသ ပိုင်ဆိုင်ထားတဲ့ သူတော်စင် တစ်ဦးဟာ ပဲ့တင်သံ ဝိညာဉ် အဆင့် ပညာရှင်တွေကို ပြန်တိုက်ဖို့ ဒါမှမဟုတ် အတူတူ သေရအောင် ခြိမ်းခြောက်ဖို့ သူပိုင်ဆိုင်တဲ့ ဂလက်ဆီ နယ်မြေတစ်ခုလုံးကို လှုံ့ဆော်နိုင်စွမ်း ရှိတယ်... အဲဒီတော့ သူတို့က ဘယ်လိုလုပ် အားနည်းပါ့မလဲ... ထားပါလေ... ငါ ပွင့်ပွင့်လင်းလင်းပဲ ပြောတော့မယ် ယောက်ဖ...”

"ကောင်းကင်နှလုံးသား ဂလက်ဆီရဲ့ အဆင့် အမြင့်ဆုံး ကျင့်ကြံသူတွေဟာ လောကအင်ပါယာ တွေပဲ... ဟုတ်တယ်... လောကရှန့်ထိုတွေ..."

***

အပိုင်း(၁၉၄၄)

ကောင်းကင်နှလုံးသား ဂလက်ဆီ၏ အမြင့်ဆုံး ခွန်အားကို ကြေညာပြီးနောက် သခင်လေးရှန့်မှာ ထူးထူးခြားခြား စိတ်လှုပ်ရှားနေလေသည်။

ဝေ့ဝူယင်က သခင်လေးရှန့်၏ စိတ်လှုပ်ရှားမှုကို အလိုက်သင့် တုံ့ပြန်ပေးရန် ဆုံးဖြတ်လိုက်ပြီး "ငါ အဲဒါကို သိပ်မယုံဘူး" ဟူသော အကြည့်မျိုးဖြင့် ကြည့်ပေးလိုက်သည်။ ၎င်းက သခင်လေးရှန့်ကို ပိုမို အားတက်သွားစေပြီး လက်ဟန်ခြေဟန်များဖြင့် ဝိုင်သောက်ရင်း ဆက်ပြောတော့သည်။

"ကောင်းကင်နှလုံးသား ဂလက်ဆီက တကယ်ကို အဲဒီလောက် အားနည်းတာ... ဒါပေမဲ့ အဲဒီလို ဖြစ်ရတဲ့ အကြောင်းရင်း ရှိတယ်။ ကြောက်စရာကောင်းပြီး သိမ်ဖျဉ်းတဲ့ အကြောင်းရင်းတစ်ခုပေါ့... မင်း ကောင်းကင်တုန်ခါမှု တားမြစ်ချက် အကြောင်း ကြားဖူးလား..."

ဝေ့ဝူယင် မျက်တောင်တစ်ချက် ခတ်လိုက်၏။

"ဟုတ်ပါတယ်... ယောက်ဖ... မင်းမှာ မယုံနိုင်လောက်တဲ့ ခွန်အားတွေ ရှိတယ်၊ မင်းရဲ့ အဆင့်နဲ့ ယှဉ်ရင် မင်းကိုယ်မင်း ကောင်းကင်ကို ဖီဆန်နေသူလို့ ထင်နေလိမ့်မယ်... ဟုတ်ပါတယ်... မင်းက ဖီဆန်နေသူပါ... ဒါပေမဲ့ ကျင့်ကြံခြင်း အဆင့်တစ်ခုကို ရောက်သွားတဲ့သူတွေဟာ ကောင်းကင်ယံအပေါ်မှာတောင် မယုံနိုင်လောက်တဲ့ ကန့်သတ်ချက်တွေကို ထားနိုင်ကြတယ်... ငါ ဇာတ်လမ်းအပြည့်အစုံကို မသိပေမဲ့... ဂလက်ဆီတစ်ခုလုံးရဲ့ နှလုံးသားကို ခိုးယူနိုင်လောက်အောင် လှပတဲ့ မိန်းကလေး တစ်ယောက်အကြောင်း ငါ ကြားဖူးတယ်... သူ့ရဲ့ အလှကြောင့် ကောင်းကင်မှာ ဂလက်ဆီတွေ ပျံဝဲသွားရလောက်အောင်ပဲတဲ့... ဒါပေမဲ့ အဲဒီ မိန်းကလေးဟာ အိမ်ထောင်ရေး ဖောက်ပြန်မှု အရှုပ်တော်ပုံတစ်ခုမှာ ပါဝင်ပတ်သက်ခဲ့ပြီး သူ့ရဲ့ အမည်ကို အစွဲပြုထားတဲ့ ဂလက်ဆီတစ်ခုလုံးဟာ 'ကောင်းကင်တုန်ခါမှု တားမြစ်ချက်' အောက်မှာ ကန့်သတ်ခံလိုက်ရတာပဲ"

"အဲဒီကမ္ဘာထဲမှာ သဘာဝအလျောက်ဖြစ်ဖြစ်၊ ဖန်တီးယူတာဖြစ်ဖြစ် ဥပဒေသမျိုးစေ့တစ်ခု တည်ဆောက်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပဲ... မဟုတ်ဘူး... တကယ်ကို မဖြစ်နိုင်တာ... ဥပဒေသမျိုးစေ့ မရှိဘဲ ဘယ်သူက ကောင်းကင် ရှန့်ထို ဖြစ်နိုင်မှာလဲ... ပိုပြီး စိတ်ပျက်စရာကောင်းတာက... ဥပဒေသတွေရဲ့ အရှိန်အဝါကို ထုတ်ဖော်လိုက်တာနဲ့ ဒီတားမြစ်ချက်ကို ချိုးဖောက်တဲ့သူ ဘယ်သူမဆို သေသွားနိုင်လောက်အောင် ပြင်းထန်တဲ့ တုံ့ပြန်မှုကို ခံစားရမှာပဲ... ဒါကြောင့် ဘယ်အင်အားစုကမှ အဲဒီဂလက်ဆီကို မသိမ်းပိုက်ချင်သလို အထဲမှာ ဖြစ်နေတဲ့ ရုန်းရင်းဆန်ခတ်မှုတွေကိုလည်း မစီမံချင်ကြဘူး။...အဲဒီက အသန်မာဆုံးသူတွေဟာလည်း သူတို့ ဂလက်ဆီ အပြင်ဘက်ကို မထွက်နိုင်ကြဘူး... မင်းသိတဲ့အတိုင်းပဲ... အပြင်လောကက အန္တရာယ်တွေက အတိုင်းအဆမရှိသလို သူတို့ကလည်း အရမ်း အရမ်းကို အားနည်းလွန်းနေကြတာကိုး"

ဝေ့ဝူယင်က အံ့အားသင့်သွားဟန်ဖြင့် ဝိုင်ကို နောက်ထပ်တစ်ငုံ သောက်လိုက်သည်။ ဝိုင်၏ အရှိန်ကြောင့် ဗိုက်နှင့် လည်ချောင်းအတွင်း၌ နွေးထွေးကာ လန်းဆန်းသွားသလို ခံစားလိုက်ရသည်။

သခင်လေးရှန့်မှာ ဝေ့ဝူယင်၏ တုံ့ပြန်မှုကို မြင်ရသဖြင့် ကျေနပ်သွားဟန် ရှိ၏။

"အဲဒီတော့... အဲဒီနယ်မြေက ဘယ်လိုပုံစံမျိုး ဖြစ်နေမယ်လို့ မင်းထင်လဲ... မင်း ဘယ်တော့မှ ခန့်မှန်းမိမှာ မဟုတ်ဘူး..."

ဝေ့ဝူယင်က အနည်းငယ် ပြုံးလိုက်၏။

"သားရဲတွေ အုပ်ချုပ်နေတာလား..."

"ဟား ဟား... အဲဒီက အုပ်ချုပ်သူတွေက သားရဲ..."

သခင်လေးရှန့်မှာ စကားတစ်ဝက်မှာ ရပ်တန့်သွားပြီး နှုတ်ခမ်းစူကာ ဝိုင်သောက်လိုက်သည်။

"အေးပါ... ကောင်းကင်နှလုံးသား ဂလက်ဆီ တစ်ခုလုံးကို သားရဲတွေကပဲ အုပ်ချုပ်နေတာ၊ ဒီတားမြစ်ချက်ရဲ့ သက်ရောက်မှု မရှိတဲ့ တစ်ခုတည်းသော သက်ရှိတွေပေါ့”

ဝေ့ဝူယင် ခေါင်းညိတ်ပြလိုက်သော်လည်း သခင်လေးရှန့် နောက်ထပ်ပြောမည့် စကားများကိုမူ သိပ်ပြီး အာရုံမစိုက်တော့ချေ။ ကောင်းကင်နှလုံးသား ဂလက်ဆီသည် ထာဝရ ဧကရာဇ် မပေါ်ထွန်းမီက နဂါးငွေ့တန်း ကြယ်ကွင်းပြင် နှင့် ဆင်တူနေပေသည်။ ဆန်းကြယ် ဧကရာဇ် ဟန်ရှဲ့၏ ဝမ်းနည်းဖွယ် သမိုင်းကြောင်းမှာလည်း ဤကဲ့သို့သော ပတ်ဝန်းကျင်ကြောင့် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ရာ ဝေ့ဝူယင်အတွက် ထိုကဲ့သို့သော ကမ္ဘာမျိုးမှာ အသစ်အဆန်း မဟုတ်ပေ။

သို့သော်လည်း သူသည် ထိုသို့သော ကမ္ဘာမျိုးကို တစ်ကြိမ်တစ်ခါမျှ ကိုယ်တိုင် မမြင်တွေ့ခဲ့ဖူးသေးချေ။

“သားရဲတွေ အုပ်ချုပ်တဲ့ ကမ္ဘာဆိုတာ ရက်စက်ကြမ်းကြုတ်ပြီး ခက်ခဲကြမ်းတမ်းမှာ အသေအချာပဲ မဟုတ်လား...”

သခင်လေးရှန့်သည် အတိုင်းအဆမရှိ အပြောကျယ်လှသော ကြယ်တာရာ ကောင်းကင်ကြီးကို ငေးကြည့်ရင်း ဝိုင်သောက်ကာ ဆက်ပြောနေပြန်သည်။

"အေး... မင်း ထင်တာ မှန်ပါတယ်... တချို့သူတွေအတွက်တော့ အဲဒီနေရာဟာ မြေပြင်ပေါ်က ငရဲဘုံပဲ... တချို့အတွက်ကျတော့လည်း နတ်ပြည်ပေါ့... ဒါပေမဲ့ အဲဒီ နတ်ပြည်ဆိုတာကလည်း ငရဲလို ရက်စက်တဲ့ အခြေအနေတွေနဲ့ ယှဉ်ကြည့်ရင်သာ နတ်ပြည်လို့ ခေါ်ရတာပါ"

ဝေ့ဝူယင် ဝိုင်ကို အဝသောက်လိုက်သည်။ သခင်လေးရှန့်သည် ငရဲ၏ ရက်စက်ကြမ်းကြုတ်မှုနှင့် ပတ်သက်သော အမှန်တရားကို ရှင်းရှင်းလင်းလင်း မသိရှိသေးချေ။ ထို့ကြောင့်... ကြားရသည်မှာတော့ ရယ်ချင်စရာ ကောင်းနေသည်။

ငရဲ၏ ဒုတိယနှင့် တတိယ ကပ်ဘေးနှစ်ခုတည်းနှင့်ပင် စိတ်ဝိညာဉ်များကို လုံးဝဥဿုံ ပျက်သုဉ်းသွားစေရန် လုံလောက်လှပြီ ဖြစ်ရာ... ထိုမြေအောက်ကမ္ဘာမှ အောင်မြင်စွာ လွတ်မြောက်လာခဲ့သူ ဝေ့ဝူယင်အတွက်မူ ထိုနှိုင်းယှဉ်ချက်က ရယ်စရာတစ်ခုထက် မပိုချေ။

"ဘာလို့ နတ်ပြည်လို့ ခေါ်တာလဲဆိုတော့... သားရဲတွေဆိုတာ အသိဉာဏ် မရှိတဲ့ သတ္တဝါတွေချည်းပဲ မဟုတ်ဘူး... သူတို့ရဲ့ စံနှုန်းတွေနဲ့ တွေးခေါ်ပုံတွေက ပုံမှန်နဲ့ ကွဲပြားနေနိုင်ပေမဲ့ သူတို့မှာလည်း ကျွန်ပြုခြင်းနဲ့ ဘုရင်စနစ်ဆိုတဲ့ အယူအဆတွေ ရှိကြတယ်... ငါ အဲဒီကို ရောက်ခဲ့တုန်းက လူသားတွေ ပုံမှန်အတိုင်း နေထိုင်နေကြတဲ့ နေရာအချို့ကို တွေ့ခဲ့ရတယ်... အပေါ်ယံမှာပေါ့လေ... ဒါပေမဲ့ အဲဒီ ပုံမှန်ဖြစ်နေတဲ့ အခြေအနေရဲ့ အောက်မှာတော့ သေခြင်းတရားတွေနဲ့ သွေးချောင်းစီးနေတဲ့ ကမ္ဘာတစ်ခု ရှိနေတယ်... မင်းကိုယ်တိုင် အဲဒါကို ကြုံတွေ့ကြည့်တာ အကောင်းဆုံး ဖြစ်လိမ့်မယ်လို့ ငါ ထင်တယ်..."

"မင်း ပြောတဲ့ အခြေအနေက ပုံမှန် လူ့အဖွဲ့အစည်းတွေနဲ့လည်း ဘာမှ မထူးပါဘူး"

ဝေ့ဝူယင်က ခေါင်းခါလိုက်သည်။ တကယ်တော့ အခြား ဂလက်ဆီများတွင်လည်း ကြီးနိုင်ငယ်ညှင်း ဝါဒမှာ အမြစ်တွယ်နေပေသည်။ ကောင်းကင် နှလုံးသား ဂလက်ဆီတွင် လူသားနှင့် သားရဲများ နေရာချင်း လဲနေခြင်းသာ ရှိသည်။

ခေတ္တမျှ စကားပြောဆိုပြီးနောက် သခင်လေးရှန့်က သူတို့ ရတနာချိုင့်ဝှမ်း ဂလက်ဆီ အခြေအနေများနှင့် သူတို့ ကျင့်သုံးနေသော ကောင်းချီးခံ ရီအင်ပါယာ၏ အခြေခံ ဥပဒေသများနှင့် မူဝါဒများအကြောင်း အနည်းငယ် ပြောပြသည်။ အရာအားလုံးကို အသေးစိတ် မရှင်းပြသော်လည်း ထိုဂလက်ဆီမှာ 'တကယ်ကို သန်မာသည်' ဟု ဖော်ပြခဲ့သည်။

သူက ဝေ့ဝူယင်အနေဖြင့် နောက်ပိုင်းတွင် ရိုရိုသေသေ ရှိသင့်ကြောင်းနှင့် အခြေအနေကို သေချာ မသိရသေးမီအထိ ခပ်အေးအေး နေထိုင်ခြင်းက အကောင်းဆုံးဖြစ်ကြောင်း လိမ္မာပါးနပ်စွာ သတိပေးခဲ့သည်။

အမှန်စင်စစ် ဝေ့ဝူယင်သည်လည်း ကောင်းချီးခံ ရီအင်ပါယာက သူ၏ တည်ရှိမှုအပေါ် အတိုင်းအတာ တစ်ခုအထိ ရန်လိုနေကြောင်း သိရှိပြီးသား ဖြစ်သည်။ သခင်လေးရှန့်က သူ့ကို နောက်ဆုတ်ရန် ဖျောင်းဖျနေခြင်းမှာ စေတနာကောင်းဖြင့် လုပ်ဆောင်ခြင်း ဖြစ်သည်။ ထိုအခြေအနေများကို ကြားရသည့် မည်သည့် သာမန်ကျင့်ကြံသူမဆို နောက်ဆုတ်သွားကြမည်ဖြစ်ပြီး သူတို့ထံ ဘေးဒုက္ခများ ရောက်မလာပါစေနှင့်ဟုသာ ဆုတောင်းနေကြပေလိမ့်မည်။

ကံမကောင်းစွာပင် ဝေ့ဝူယင်သည် သေမျိုးတစ်ဦးမျှသာ ဖြစ်သော်လည်း ကောင်းကင်ယံကို အသုံးချရန် သို့မဟုတ် ငရဲကိုပင် စိန်ခေါ်ရန် ဝံ့ရဲသူ ဖြစ်နေခြင်းပင်။

နောက်ဆုံးတွင် သခင်လေးရှန့် အနားယူရန် ပြန်သွားသဖြင့် ဝေ့ဝူယင် တစ်ဦးတည်း ကျန်ရစ်ခဲ့သည်။ ဝိုင်မူးနေသော သခင်လေးရှန့်သည် အမှောင် ဟင်းလင်းပြင်အတွင်း၌ သင်္ဘော လွင့်မျောနေခြင်းမှာ အပေါ်ယံ ဟန်ပြမျှသာ ဖြစ်ကြောင်း သိရှိထားသည်။ ဝေ့ဝူယင်က ဟင်းလင်းပြင် တံခါးပေါက်တစ်ခု ဖန်တီးရန် ဆုံးဖြတ်လိုက်သည့် အခါမှသာ သူတို့သည် ကောင်းကင်နှလုံးသား ဂလက်ဆီသို့ ရောက်ရှိသွားကြမည် ဖြစ်သည်။

ခရာတိုမှာ လက်ရှိတွင် နက်ရှိုင်းသော ကျင့်ကြံခြင်း အခြေအနေသို့ ရောက်ရှိနေပြီး လျှို့ဝှက်ဒဏ္ဍာရီ အမှတ်အသား၏ ပထမအဆင့်ကို အပြည့်အဝ ဝင်ရောက် အခြေခိုင်ရန် ကြိုးပမ်းနေသည်။

၎င်းမှာ သူ၏ ကြယ်တာရာ ပါရဂွန် ခန္ဓာကိုယ်ကို အစွမ်းကုန် အလုပ်လုပ်စေသော အခြေအနေတစ်ခု ဖြစ်သည်။ အထူးသဖြင့် သူက သေမျိုးတစ်ဦး ဖြစ်နေဆဲ ဖြစ်လေရာ ထိုအချက်က အလွန်မှန်သည်။ ထို့ကြောင့်ပင် ဝေ့ဝူယင် ဟင်းလင်းပြင် ပေါ်တယ် တစ်ခု ဖန်တီးရန်အတွက် သူ၏ နဂါးဟင်းလင်းပြင် သွေးမျိုးဆက် စွမ်းအင်ကို အသုံးမပြုနိုင်ဘဲ ဟင်းလင်းပြင် နဂါး ကြယ်စွမ်းအားကိုသာ သုံးစွဲရပေလိမ့်မည်။

သူ ထိုသို့ မလုပ်လိုချေ။ ရုတ်တရက် ဝေ့ဝူယင်၏ မျက်လုံးများမှာ ရူးသွပ်သော အရှိန်အဟုန်တို့ဖြင့် တောက်ပလာခဲ့သည်။

"ငါတို့ အဆင်သင့် ဖြစ်ပြီ..."

ဧဒင်က ကြေညာလိုက်သည်။ အိုရီကလည်း စိတ်လှုပ်ရှားစွာ တဟီးဟီး ရယ်မောနေ၏။

"အဆင်သင့်ပဲ... အဆင်သင့်ပဲ... အဆင်သင့်ပဲ..."

"ဟမ့်..."

ဘုရင်ကလည်း ထပ်လောင်းပြောလိုက်လေသည်။

***

All Chapters