← Chapters

အခန်း (၂၂၃-၂၂၄)

Vol. 23 Ch. 223-224

အခန်း (၂၂၃-၂၂၄)

Vol. 23 Ch. 223-224

အခန်း ၂၂၃ - ကောင်းကင်ယံကို ဖြတ်သန်းသွားသော အလင်းတန်းတစ်ခု

ထက်မြက်လှသော သိုင်းပညာရှင်အချို့သည် ဤမြင်ကွင်းကို မြင်လိုက်ရသည်နှင့်တစ်ပြိုင်နက် ဒဏ္ဍာရီလာ အသံလှိုင်းသုံး သိုင်းပညာရပ်ကို ချက်ချင်း သတိရသွားကြသည်။

ထိုအခိုက်အတန့်တွင် ၎င်းတို့သည် ဟန်ရေးပြ၍ဖြစ်စေ၊ ပြင်းထန်စွာ တိုက်ခိုက်၍ဖြစ်စေ၊ သို့မဟုတ် ရန်သူ၏ တိုက်ခိုက်မှုကို အလူးအလဲ ခံယူပြီးနောက်တွင်ဖြစ်စေ အဝေးသို့ အမြန်ဆုံး ထွက်ပြေးတိမ်းရှောင်သွားကြတော့​၏။

ဂျပန်ဓားပြများမှာမူ လုံးဝပင် ဝေခွဲမရ ဖြစ်နေကြသည်။

သတ်ဖြတ်လိုစိတ်များ ပြင်းထန်နေသော မင်

မင်းဆက်မှ သိုင်းပညာရှင်သည် အဘယ်ကြောင့် ရုတ်တရက် ထွက်ပြေးသွားရသနည်းဆိုသည်ကို ၎င်းတို့ မည်သို့မျှ နားမလည်နိုင်ခဲ့ကြချေ။

၎င်းတို့သည် စိတ်လှုပ်ရှားမှုကို ဖော်ပြရန်အတွက် ထူးဆန်းသော အော်ဟစ်သံများ ပြုလုပ်တော့မည့်ဆဲဆဲမှာပင် အသံတစ်ခုကို ကြားလိုက်ရသည်။

ထိုအသံသည် ခဏတာသာ ကြားလိုက်ရပြီး ထာဝရ ပျောက်ကွယ်သွားခဲ့သည်။

ဂျပန်ဓားပြများ ဘာဖြစ်နေမှန်း မသိလိုက်မီမှာပင် ၎င်းတို့၏ ပါးစပ်နှင့် နားတစ်ဝိုက်တွင် ပူနွေးသော ခံစားချက်ကို ခံစားလိုက်ရပြီး အရာအားလုံး မှောင်အတိ ကျသွားလေတော့သည်။

ထိုသူများသည် ကိုယ်ခန္ဓာ အပေါက်ခုနစ်ပေါက်မှ သွေးများ ယိုစီးလာကာ ရေပြင်ပေါ်သို့ လဲကျသွားပြီးနောက် သွေးမြူတိမ်တိုက်တစ်ခုအဖြစ် ပေါက်ကွဲသွားကြ​၏။

ဓားပြတစ်ယောက်အနေဖြင့် သူသည် နေ့စဉ်နှင့်အမျှ လူသတ်၊ လုယက်ကာ မကောင်းမှု အဝဝကို ကျူးလွန်ခဲ့သူဖြစ်ရာ ဤကဲ့သို့ သေဆုံးရခြင်းမှာ အမှန်တကယ်ပင် ထိုက်တန်လှပေသည်။

သို့သော် ၎င်းတို့ မည်သို့သေဆုံးသွားသည်ကိုပင် မသိလိုက်ရခြင်းက အနားရှိသူတိုင်းကို ကျောချမ်းသွားစေခဲ့သည်။

ပါးနပ်စွာ ထွက်ပြေးလွတ်မြောက်ခဲ့သော သို့မဟုတ် အဖော်များနှင့် ပုန်းအောင်းနေသော သိုင်းသူရဲကောင်း အနည်းငယ်တို့သည် ထိုအခိုက်အတန့်တွင် အတိုင်းအဆမရှိသော ကြောက်ရွံ့မှုနှင့် စိတ်သက်သာရာရမှုတို့ဖြင့် ပြည့်နှက်နေကြ​၏။

အကယ်၍ ၎င်းတို့သာ စက္ကန့်အနည်းငယ်မျှ တုံ့ဆိုင်းခဲ့ပါက အရာအားလုံးမှာ ပြောင်းလဲသွားပေလိမ့်မည်။

ထိုသို့ဆိုလျှင် ယခု သေဆုံးနေသူမှာ ၎င်းတို့သာ ဖြစ်ပေလိမ့်မည်။

ဤသည်ကို တွေးမိရင်း သူရဲကောင်းများသည် စိတ်ငြိမ်စေရန် ၎င်းတို့၏ ရင်ဘတ်ကို ဖိထားကြသည်။

တစ်ချိန်တည်းမှာပင် သူတို့သည် ယွဲ့ချင်းရိုဆီသို့ စိုးရိမ်တကြီး ကြည့်လိုက်ကြ​၏။

အသံလှိုင်း၏ နောက်ဆက်တွဲ ရိုက်ခတ်မှုကပင် ဤမျှ စွမ်းအားကြီးနေပါက ဗဟိုချက်တည့်တည့်တွင် ရှိနေသော ယွဲ့ချင်းရို့မှာမူ အဘယ်သို့ ရှိမည်နည်း။

လူတိုင်း ခန့်မှန်းထားသည့်အတိုင်းပင် ယွဲ့ချင်းရို​၏ အခြေအနေမှာ အလွန်ပင် ဆိုးရွားနေခဲ့​၏။

သူမသည် ယခင်ပြင်းထန်သော တိုက်ပွဲတွင် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီး ဖြစ်ရာ ယခု ရိုက်ခတ်မှုကြောင့် သူမ၏ ခန္ဓာကိုယ်အတွင်းရှိ အရိုးများစွာ ကျိုးကြေသွားခဲ့သည်။

သို့သော် ဤမျှ မျှော်လင့်ချက်မဲ့နေသော အခြေအနေတွင် သူမသည် မမျှော်လင့်ဘဲ ပြင်းထန်သော ရှင်သန်လိုစိတ်ကို ပြသခဲ့သည်။

သူမသည် ဓားကို ပိုမိုမြန်ဆန်ပြီး စွမ်းအားကြီးစွာ ဝှေ့ယမ်းခဲ့​၏။

ထို့ကြောင့်သာ ယွဲ့ချင်းရို ခံစားရသော ထိခိုက်မှုမှာ လျော့နည်းသွားခဲ့ခြင်း။

အရိပ်မည်းလူသားမှာ စိတ်မရှည်တော့ပေ။

သူသည် ဘီလူးကြီးကို စေခိုင်း၍ အကာအကွယ်ဒိုင်း၏ ဘေးတစ်ဖက်တစ်ချက်ကို ဆွဲဖြဲခိုင်းလိုက်သည်။

အကာအကွယ်ဒိုင်းမှာ နှစ်ခြမ်းကွဲသွားလေသည်။

"ဖူး..."

ယွဲ့ချင်းရိုသည် သွေးတစ်လုတ် ထပ်မံအန်လိုက်ရပြီး သူမ၏ မျက်လုံးများအတွင်းရှိ အလင်းရောင်မှာ ချက်ချင်းဆိုသလို မှိန်ဖျော့သွားခဲ့​၏။

သူမသည် သေမင်းနီးကပ်လာသည်ကို ခံစားလိုက်ရပြီး မျက်စိရှေ့မှ အရာအားလုံးမှာ တဖြည်းဖြည်း မှောင်မိုက်လာခဲ့သည်။

သူမသည် တစ်ဦးတည်း ရေရွတ်လိုက်​၏။

"ငါ ဒီမှာပဲ သေရတော့မှာလား"

ဝေဝေဝါးဝါး အခြေအနေတွင် ယွဲ့ချင်းရိုသည် အလင်းတန်းတစ်ခုကို ထပ်မံ မြင်လိုက်ရသည်။

၎င်းမှာ အလင်းတန်းတစ်ခုပင်။

ကြွေလွင့်နေသော ကြယ်တစ်လုံးကဲ့သို့ အလင်းတန်းတစ်ခုသည် ကောင်းကင်ယံကို ရုတ်တရက် ဖြတ်သန်းသွားခဲ့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ၎င်းသည် အကွာအဝေးများစွာကို ဖြတ်ကျော်ကာ ယွဲ့ချင်းရို​၏ ဘေးတွင် ဆင်းသက်လိုက်သည်။

ဟင်းလင်းပြင်မှာ အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားပြီး ၎င်းနောက်ကွယ်ရှိ မှောင်မိုက်သော ဟင်းလင်းပြင်ကို မြင်သာစေလေ​၏။

ထိုအခါမှသာ အဖြူရောင် အလင်းတန်းတစ်ခုမှာ လေယာဉ်ပျံတစ်စင်း ကောင်းကင်ယံတွင် ပျံသန်းသွားသကဲ့သို့ ကျန်ရစ်ခဲ့လေသည်။

ဤအံ့ဖွယ် မြင်ကွင်းသည် ထိုအခိုက်အတန့်တွင် ရှိနေသူတိုင်းကို အတိုင်းအဆမရှိ တုန်လှုပ်စေခဲ့သည်။

၎င်းတို့သည် ဤခံစားချက်ကို မည်သို့ဖော်ပြရမည်မှန်း မသိတော့ဘဲ တိတ်ဆိတ်စွာသာ စောင့်ကြည့်နေကြတော့​၏။

နောက်စက္ကန့်တွင် ကြောက်မက်ဖွယ်ကောင်းပြီး ကြီးမားလှသော အရှိန်အဝါတစ်ခု သူတို့ဆီသို့ ပြေးဝင်လာသည်။

"ဝုန်း... ဝုန်း..."

အဆင့်သုံး အဆင့်ရှိသော သိုင်းပညာရှင် အချို့မှာ ထိုအရှိန်အဝါကြောင့် မှင်တက်သွားကြခြင်း။

ခဏတာမျှ သူတို့သည် ပျံသန်းမှုကိုပင် မထိန်းနိုင်တော့ဘဲ ပင်လယ်ထဲသို့ ပြုတ်ကျသွားကြသည်။

သို့သော် ထိုအခိုက်အတန့်တွင် မည်သူမျှ ထိုအရာကို ဂရုမစိုက်ကြသလို မည်သူကမျှလည်း လှောင်ပြောင်ခြင်း မပြုကြပေ။

၎င်းတို့၏ အကြည့်နှင့် အာရုံစိုက်မှုအားလုံးသည် ထိုအလင်းတန်းဆီသို့သာ ရောက်ရှိနေသည်။

ထိုအလင်းသည် ယွဲ့ချင်းရိုကို မလိုက်ပြီး ဒဏ်ရာများကို လျင်မြန်စွာ ကုသပေးကာ ပျောက်ကွယ်သွားခဲ့သည်။

ကြောက်မက်ဖွယ်ကောင်းသော ဖိအားများ ရှိနေသော်လည်း ဂျပန်ဓားပြများနှင့် မင်မင်းဆက် သိုင်းပညာရှင်များသည် ထိုအလင်းတန်းထဲတွင် မည်သူရှိသည်ကို သိရန် စူးစူးစိုက်စိုက် ကြည့်နေကြ​၏။

မကြာမီ နောက်ဆုံးအလင်းတန်းမှာ မှိန်ဖျော့သွားပြီး ထိုသူ၏ မျက်နှာကို လူတိုင်း မြင်လိုက်ရသည်။

"အကြီးအကဲ လင်"

အီရှီဟာရာသည် အံ့အားသင့်စွာ အော်ဟစ်လိုက်ပြီးနောက် သူ၏မျက်နှာတွင် အတိုင်းအဆမရှိသော ဝမ်းသာမှုများဖြင့် ပြည့်နှက်သွားသည်။

လျော့နည်းနေသော သူ၏စွမ်းအားများသည် ပြန်လည်ပေါက်ကွဲလာပြီး ရုတ်တရက် လက်သီးတစ်ချက်ဖြင့် သူနှင့် တိုက်ခိုက်နေသော ဂျပန်ဓားပြပညာရှင်ကို လွင့်ထွက်သွားစေခဲ့သည်။

အခြား ဝူတန်သိုင်းပညာရှင်များလည်း ဤအခိုက်အတန့်တွင် ၎င်းတို့၏ စွမ်းအားအပြည့်ကို ထုတ်သုံးကာ တိုက်ပွဲအခြေအနေကို ပြောင်းပြန်လှန်နိုင်ခဲ့ကြ​၏။

ဝေဝမ်၏ မျက်နှာတွင် အံ့အားသင့်သော အရိပ်အယောင်များ ပေါ်လာပြီးနောက် ရှုပ်ထွေးသော အမူအရာအဖြစ် ပြောင်းလဲသွားသည်။

သူသည် နှုတ်ခမ်းကို လှုပ်ရှားလိုက်သော်လည်း နောက်ဆုံးတွင် ဘာမျှမပြောခဲ့ပေ။

"ရောက်လာရုံနဲ့တင် ဒီလူက လူပေါင်းများစွာရဲ့ စိတ်ပိုင်းဆိုင်ရာကို သက်ရောက်မှု ရှိစေတာလား၊ ဒီလူက တကယ်တော့ ဘယ်သူလဲ"

တာကဲဒါသည် စိတ်ထဲတွင် သံသယများ ရှိနေသော်လည်း လျင်မြန်စွာ လှုပ်ရှားလိုက်သည်။

ယခုအချိန်တွင် လင်ချွမ်သည် ယွဲ့ချင်းရို​၏ ဒဏ်ရာများကို အစွမ်းကုန် ကုသပေးနေသည်။

အကယ်၍ အလစ်အငိုက် တိုက်ခိုက်မှု အောင်မြင်ခဲ့ပါက ထိုသူ သေဆုံးခြင်း မရှိစေကာမူ ပြင်းထန်စွာ ဒဏ်ရာရရှိမည်။

သူ၏ အဆင့် ၁ (အလယ်အလတ်) စွမ်းအားဖြင့် ဤသူကို သတ်ရန်မှာ မလွယ်ကူလှပေ။

မအောင်မြင်ခဲ့လျှင်ပင် ဆုံးရှုံးမှု မရှိနိုင်ချေ။

တာကဲဒါသည် ဆုံးဖြတ်ချက်ချပြီးနောက် မဆိုင်းမတွဘဲ လင်ချွမ်​၏ နောက်ကွယ်တွင် တိတ်တဆိတ် ပေါ်လာကာ သေစေနိုင်သော တိုက်ခိုက်မှုကို ပြုလုပ်လိုက်သည်။

"အောင်မြင်ပြီ"

တာကဲဒါသည် အလွန်ဝမ်းသာသွားသည်။

သူသည် အဆင့် ၁ (အလယ်အလတ်) သာ ဖြစ်သော်လည်း ဤသူနှင့် ထိပ်တိုက်ရင်ဆိုင်ပါက နိုင်ရန် မဖြစ်နိုင်ပေ။

သို့သော် သူ၏လက်ထဲရှိ မြှောင်ဦးဓားမှာ အထူးရတနာတစ်ခု ဖြစ်သည်။

၎င်းမှာ သူ၏ လျှို့ဝှက်လက်နက်ပင်။

ဤမြှောင်ဦးဓားသည် ရှေးဟောင်းအစဉ်အလာမှ ဆင်းသက်လာပြီး ပြင်းထန်သော အဆိပ်များ ပါဝင်သည်။

တစ်ကြိမ်မျှ ထိရုံဖြင့် အဆင့် ၁ ကျင့်ကြံသူပင်လျှင် သေဆုံးနိုင်မည်။

နယ်ပယ်အဆင့်ကျွမ်းကျင်သူများပင်လျှင် မလွတ်မြောက်နိုင်ချေ။

ယခုမူ သူသည် လည်ပင်းကို တိုက်ခိုက်နေခြင်း။

ထိမှန်သည်နှင့် အဆိပ်သည် ပစ်မှတ်၏ တစ်ကိုယ်လုံးသို့ ချက်ချင်း ပြန့်နှံ့သွားမည်ဖြစ်သည်။

ဤသူသည် နယ်ပယ်အဆင့် ရှိနေလျှင်ပင် သေချာပေါက် သေဆုံးမည် သို့မဟုတ် ပြင်းထန်စွာ ဒဏ်ရာရလိမ့်မည်။

တာကဲဒါသည် အလွန် စိတ်လှုပ်ရှားနေသည်။

မြှောင်ဦးဓားမှာ ပိုမိုနီးကပ်လာပြီး လင်ချွမ်​၏ အရေပြားကို ထိလုနီးပါး ဖြစ်သွား​၏။

သို့သော် ထိုအခိုက်အတန့်တွင် သူ၏နှလုံးသားမှာ ထိတ်ခနဲ ဖြစ်သွားပြီး မကောင်းသော နိမိတ်တစ်ခုကို ခံစားလိုက်ရသည်။

သူ မလှုပ်ရှားနိုင်တော့ပေ။

လင်ချွမ်ကို ထိမှန်ရန် ဆံခြည်တစ်မျှင်သာ လိုတော့သော်လည်း သူ လုံးဝ မလှုပ်ရှားနိုင်တော့ချေ။

ဒါက ဘာဖြစ်တာလဲ။

သူ့စိတ်ထဲတွင် အတွေးတစ်ခု လက်ခနဲ ပေါ်လာသည်။

နယ်ပယ်...ဟုတ်တယ်၊ ဒါဟာ နယ်ပယ်တစ်ခုပဲ။

ဂျပန်ဓားပြများထဲမှ ထိပ်တန်းကျွမ်းကျင်သူ တစ်ဦးအနေဖြင့် တာကဲဒါသည် အရှေ့ဂျပန်နိုင်ငံမှ စနစ်တကျ လေ့ကျင့်မှုများကို ရရှိခဲ့သူပင်။

သူသည် သူရောက်ရှိတော့မည့် အဆင့်အတန်းအကြောင်းကို နားလည်ထားသည်။

သူသည် ပြင်ပလောကနှင့် အဆက်အသွယ်ဖြတ်ကာ အတွင်းပိုင်း အသက်ရှူနှုန်းကို ထိန်းညှိပြီးနောက် ထပ်မံ ထိုးနှက်လိုက်သည်။

သို့သော် မြှောင်ဦးဓားမှာ ထပ်မံ တားဆီးခံလိုက်ရပြန်​၏။

သူ၏ တိုက်ခိုက်မှုမှာ စွမ်းအားအပြည့် ဖြစ်သော်လည်း ထိုးဖောက်နိုင်ခြင်း မရှိခဲ့ပေ။

ဘာဖြစ်တာလဲ....

နယ်ပယ်တူချင်းမှာတောင် ဤမျှ ကွာဟချက် မရှိသင့်ပေ။

တာကဲဒါသည် ပိုမို ထိတ်လန့်လာပြီး တိုက်ခိုက်မှုကို စွန့်လွှတ်ကာ နောက်ဆုတ်ရန် ကြိုးစားသည်။

သို့သော် ထိုအခိုက်အတန့်မှာပင် သူ၏နှလုံးသားထဲတွင် စိုးရိမ်ထိတ်လန့်မှုများ ထပ်မံ ပေါ်ပေါက်လာပြန်သည်။

အခန်း ၂၂၄ - ပင်လယ်ပြင်ကို တုန်လှုပ်စေသော လက်ဝါးတစ်ချက်

ဟင်းလင်းပြင်ကြီး ဆုတ်ဖြဲခံနေရသည့် စူးရှသော အသံများ ဆက်တိုက် ထွက်ပေါ်လာပြီး တာကဲဒါ ၏ နောက်ကွယ်မှ ဟင်းလင်းပြင်မှာ တစ်လက်မချင်း စီ အစိတ်စိတ်အမွှာမွှာ ပျက်စီးသွားလေ​၏။

မရေမတွက်နိုက်သော ဟင်းလင်းပြင် အပိုင်းအစများ စင်ထွက်လာပြီး ခဏချင်းအတွင်းမှာပင် သူ၏ ခန္ဓာကိုယ်ပေါ်တွင် မရေမတွက်နိုင်သော ဒဏ်ရာများကို ဖြစ်စေခဲ့သည်။

၎င်းမှာ သာမန်ဓားသွားမဟုတ်ဘဲ ဟင်းလင်းပြင်၏ အပိုင်းအစများသာ။

ထို့ကြောင့် တာကဲဒါ​၏ ခန္ဓာကိုယ်တွင် ကာကွယ်ရေးအတွင်းအားများ ဖုံးလွှမ်းထားသော်လည်း ယခုအချိန်တွင် သူ ပြင်းထန်စွာ ဒဏ်ရာရသွားခဲ့သည်။

သူသည် နာကျင်စွာ အော်ဟစ်လိုက်ပြီး သူ၏ခန္ဓာကိုယ်မှာ စိမ်းဖန့်ဖန့် မီးခိုးငွေ့များအဖြစ် ပြောင်းလဲကာ ထိုနေရာမှ တစ်ဖန် ပျောက်ကွယ်သွားပြန်​၏။

ထိုအချိန်တွင် လင်ချွမ်သည် ယွဲ့ချင်းရို၏ ဒဏ်ရာများကို တည်ငြိမ်အောင် ပြုလုပ်ပေးပြီးနောက် နတ်ဘုရားကျောက်စိမ်းရည် တစ်ပုလင်း တိုက်ကျွေးလိုက်​၏။

'ကျောက်စိမ်းနက် အရိုးဆက်ဆေး' ကဲ့သို့သော ဆေးများကို အသုံးမပြုရခြင်းမှာ ယွဲ့ချင်းရိုမှာ သတိမေ့မြောနေပြီး သူမ၏ အတွင်းကလီစာများ ပြင်းထန်စွာ ပျက်စီးနေသောကြောင့်။

သတိမေ့နေချိန်တွင် ထိုကဲ့သို့သော ဆေးများကို တိုက်ကျွေးလျှင်ပင် ခန္ဓာကိုယ်က အလိုအလျောက် ချေဖျက်ရန် ခက်ခဲသည်။

နှိုင်းယှဉ်ကြည့်လျှင် နတ်ဘုရားကျောက်စိမ်းရည်မှာ စုပ်ယူရ ပိုမိုလွယ်ကူပေ​၏။

လင်ချွမ်သည် ယွဲ့ချင်းရိုကို လက်တစ်ဖက်ဖြင့် ပွေ့ချီထားရင်း သူ၏ ညာလက်ကို ဆန့်ထုတ်ကာ အရိပ်လူသားကို လှမ်းဖမ်းလိုက်သည်။

ချက်ချင်းဆိုသလိုပင် လေထုထဲ၌ ဧရာမ လက်ဝါးကြီးတစ်ဖက် ပေါ်လာပြီး ရန်သူကို အလွန်နှေးကွေးသော်လည်း ရှောင်လွှဲ၍မရသော အရှိန်ဖြင့် ဖမ်းချုပ်လိုက်လေသည်။

ကြီးမားသော ဖိအားများ တိုးဝင်လာပြီး အတွင်းအားများမှာ ရေတံခွန်ကဲ့သို့ စီးဆင်းလာ​၏။

အတွင်းအပြင် နှစ်ဖက်ညှပ်သော ဖိအားကြောင့် အရိပ်လူသား၏ ခန္ဓာကိုယ်ပေါ်မှ ဒဏ်ရာများမှာ ပိုမိုကျယ်ပြန့်လာပြီး ရှေ့ကရခဲ့သော ဓားအလင်းတန်း ဒဏ်ရာများမှာလည်း တစ်ပြိုင်နက်တည်း ပြန်ပွင့်လာတော့သည်။

"ဆရာကြီး...ကျွန်တော့်ကို ကယ်ပါဦး"

သေခြင်းတရား နီးကပ်လာသည်ကို ခံစားလိုက်ရသဖြင့် အရိပ်လူသားသည် မအောင့်ထားနိုင်တော့ဘဲ ရှိသမျှ အားအင်ဖြင့် အော်ဟစ် အကူအညီတောင်းလိုက်သည်။

ထိုအချိန်မှာပင် ပြင်းထန်သော ဖိအားတစ်ခု သက်ဆင်းလာသည်။

အထွတ်အထိပ်နယ်ပယ်၏ အရှိန်အဝါမှာ မုန်တိုင်းတစ်ခုအလား ပြောင်းလဲသွားပြီး လင်ချွမ်ထံသို့ တိုက်ခိုက်လာ​၏။

"ထွက်သွားစမ်း"

လင်ချွမ်က စကားတစ်လုံးတည်း ပြောလိုက်သော်လည်း သူ၏ သိုင်းဘုရင်နယ်ပယ် ကျင့်စဉ်အရှိန်အဝါမှာ ပြင်းထန်သော ဖိအားအဖြစ် ပြောင်းလဲသွားကာ ရန်သူ၏ အရှိန်အဝါကို တိုက်ရိုက် ရိုက်ခွဲလိုက်​၏။

ထိုအခါ တစ်ဖက်မှ ပညာရှင်မှာ အံ့အားသင့်သွားဟန်ဖြင့် အသံတစ်ချက် ထွက်လာသည်။

ရင့်ရော်နေသော မျက်နှာနှင့် အဘိုးအိုတစ်ဦး ပေါ်လာခဲ့​၏။

သူသည် အရှေ့ဆာကူရာနိုင်ငံ (ဂျပန်) ၏ ရိုးရာဝတ်စုံကို ဝတ်ဆင်ထားပြီး ပင်လယ်ဓားပြ စစ်သင်္ဘော၏ ကုန်းပတ်ပေါ်တွင် ရပ်ကာ စိတ်ဝင်တစား ကြည့်နေသည်။

သူသည် မင်ဘာသာစကားကို ကျွမ်းကျင်စွာ ပြောဆိုနိုင်သော်လည်း သူ၏ စကားများမှာ မင်ပညာရှင်များကို တုန်လှုပ်သွားစေသည်။

"ဒီကလေးက တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းတာပဲ"

"ဒီလောက် ငယ်ငယ်ရွယ်ရွယ်နဲ့ အထွတ်အထိပ်နယ်ပယ်ကို ရောက်နေပြီ၊ မဆိုးဘူး"

"ဒါပေမဲ့ မင်းတို့ မင်မင်းဆက်မှာ စကားပုံတစ်ခု ရှိတယ်လေ.. လူ့အထက် လူ ရှိတယ်၊ ကောင်းကင်အထက် ကောင်းကင် ရှိတယ် ဆိုတာ"

"မင်းမှာ အရည်အချင်းရှိတယ်၊ ကိုယ့်ကိုယ်ကိုယ် ဒုက္ခမပေးပါနဲ့"

"ထွက်သွားလိုက်ပါ၊ ဒီစစ်ပွဲထဲမှာ မင်း ဝင်မပါသင့်ဘူး"

လင်ချွမ်သည် မျက်မှောင်ကြုတ်ကာ ထိုအဘိုးအိုကို ရွံရှာသော မျက်လုံးများဖြင့် ကြည့်လိုက်​၏။

ဤအဘိုးအိုသည် အထက်စီးမှ ဆရာလုပ်နေသော်လည်း သူ၏စကားများမှာ အဓိပ္ပာယ်မရှိပေ။

သူကိုယ်သူ တကယ်ပဲ တော်လှပြီ ထင်နေတာလား။

လင်ချွမ် အာရုံစိုက်ကြည့်လိုက်သောအခါ တစ်ဖက်လူ၏ နယ်ပယ်မှာ 'အထွတ်အထိပ်နယ်ပယ် အလယ်အလတ်အဆင့်' သာ ရှိသေးသည်ကို ချက်ချင်း သိလိုက်ရသည်။

လင်ချွမ်က လှောင်ပြုံးပြုံးလိုက်ပြီး...

"အဘိုးကြီး.. လူ့အထက် လူရှိတယ်ဆိုတာ ခင်ဗျားသိရင်လည်း မြန်မြန်သာ အိမ်ပြန်တော့"

"မဟုတ်ရင် ခင်ဗျားရဲ့ အရိုးဟောင်းတွေကို ကျုပ်က တစစီရိုက်ချိုးပြီး ခင်ဗျားတို့ တုံရင်း (ဂျပန်) နိုင်ငံရဲ့ မြို့ရိုးပေါ်မှာ ချိတ်ထားမိမယ်"

"အဲဒီအချိန်ကျမှ နောင်တရရင် နောက်ကျသွားလိမ့်မယ်"

အဘိုးအို၏ မျက်နှာမှာ မည်းမှောင်သွားပြီး လင်ချွမ်ကို သတ်ဖြတ်လိုသော အကြည့်ဖြင့် ကြည့်လိုက်သည်။

လင်ချွမ်သည်လည်း အထွတ်အထိပ်နယ်ပယ်သို့ ရောက်နေသည်ကို သူ သိသော်လည်း မည်သည့်အဆင့်ဖြစ်သည်ကိုမူ မခန့်မှန်းနိုင်ပေ။

လင်ချွမ်​၏ ငယ်ရွယ်သော ရုပ်ရည်ကို ကြည့်ခြင်းအားဖြင့် မကြာသေးမီကမှ အဆင့်တက်လာသူဟုသာ သူ ယူဆထားသည်။

သူသည် အဆင့်တူတစ်ယောက်နှင့် တိုက်ခိုက်လိုစိတ် သိပ်မရှိသော်လည်း ဤလူငယ်မှာ အလိုက်မသိသဖြင့် သူ လက်တွန့်နေတော့မည် မဟုတ်ပေ။

ထို့နောက် သူက လှောင်ရယ်ကာ-

"လူငယ်လေး.. မင်း ပြောခဲ့တဲ့ စကားအတွက် မင်း နောင်တရစေရမယ်"

သူပြောရင်းနှင့် သူ၏ ညာလက်ကို မြှောက်လိုက်ရာ လက်ကောက်ဝတ်တွင် ပတ်ထားသော အဝတ်စတန်းရှည်ကြီးမှာ လေထဲသို့ ပျံတက်သွားလေ​၏။

အကြိမ်အနည်းငယ် လည်ပတ်ပြီးနောက် ထိုအရာမှာ ချက်ချင်းဆိုသလို နဂါးနက်ကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွားသည်။

နဂါးနက်မှာ ကောင်းကင်မှ အောက်သို့ ထိုးဆင်းလာပြီး မြောက်မြားစွာသော ရေမြှားများမှာ လင်ချွမ်တို့ရှိရာသို့ တိတ်တဆိတ် ပစ်ခတ်လာတော့သည်။

ဒါပဲလား...

"ကောင်းပြီ.. ခင်ဗျားကိုပဲ စမ်းသပ်ချက်အဖြစ် သုံးရတာပေါ့"

လင်ချွမ်က ခနဲ့တဲ့တဲ့ ပြောလိုက်ပြီးနောက် သူ၏ အတွင်းအားဖြင့် ယွဲ့ချင်းရိုကို ကာကွယ်ရန် အကာအကွယ် အလွှာတစ်ခု ပြုလုပ်လိုက်သည်။

လက်ဝါးဖြင့် အသာအယာ တွန်းလိုက်ရာ ယွဲ့ချင်းရို​၏ ခန္ဓာကိုယ်မှာ စစ်သင်္ဘော၏ အခန်းထဲသို့ လွင့်ပါးသွားသည်။

ထို့နောက် သူသည် ဟင်းလင်းပြင်ထဲ၌ မတ်တပ်ရပ်ကာ ညာလက်ကို ကောင်းကင်သို့ ဆန့်ထုတ်လိုက်ပြီး သူ၏ အတွင်းအားများကို အရှိန်အဟုန်ဖြင့် ပြန်လည် စုစည်းလိုက်​၏။

"ဝေါ"

ဖြူဖွေးသော စွမ်းအားများသည် သွေးကြောများထဲ၌ ကြည်လင်သော စမ်းရေတွင်းကဲ့သို့ စီးဆင်းနေသည်။

၎င်းမှာ ဟိန်းဟောက်ခြင်း မရှိ၊ မိုးခြိမ်းသံကဲ့သို့ အသံမျိုးလည်း မထွက်ဘဲ တိတ်ဆိတ်ငြိမ်သက်နေသည်။

လက်ဝါးကို ဖြန့်ကာ လောင်ကုန်းသွေးကြောမှတ်ကို ကောင်းကင်သို့ တည့်တည့်ချိန်လိုက်ပြီး မူလအစွမ်းများကို စီးဆင်းစေကာ ပြန်လည် ထိန်းချုပ်ထားလိုက်​၏။

ဒီရေတက်လာသကဲ့သို့ မူလအစွမ်း လှိုင်းလုံးများသည် သူ၏ လက်မောင်းထဲ၌ တိုးဝှေ့ စုစည်းနေသည်။

ဖိအား...ပြင်းထန်သော ဖိအား....

လက်မောင်းကို ကြေမွစေပြီး သွေးကြောများကို ပေါက်ထွက်စေနိုင်လောက်သော ဖိအား။

နာကျင်မှု...အပ်နှင့် ထိုးဆွနေသကဲ့သို့ နာကျင်မှု....

အပေါက်ပေါင်း တစ်ထောင် ဖောက်နေသကဲ့သို့ အဆုံးမဲ့ နာကျင်မှုကို သူ ခံစားနေရသည်။

သို့သော် လင်ချွမ်​၏ မျက်နှာမှာ စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည်။

ဤလက်ဝါးသိုင်းမှာ ပင်လယ်ဓားပြများထံမှ ရရှိသော 'သမုဒ္ဒရာတုန်ဟိန်း လက်ဝါး' သိုင်းကျမ်းစာမှ ဖြစ်သည်။

၎င်းမှာ အဆင့်မြင့်သိုင်းမဟုတ်ဘဲ သာမန် 'နဂါးလက်ဝါး' သိုင်းထက် များစွာ နိမ့်ကျသည်။

သို့သော် ၎င်း၏ စွမ်းအားလည်ပတ်ပုံမှာ အလွန်ပင် ထူးခြားဆန်းပြားလှ​၏။

စွမ်းအားများကို ကန့်သတ်ချက်တစ်ခုအတွင်း စုစည်းကာ သိမ်းဆည်းထားပြီးနောက် ဒီရေလှိုင်းကြီးကဲ့သို့ တစ်ဟုန်ထိုး ထုတ်လွှတ်လိုက်ခြင်းပင်။

၎င်း၏ အစွမ်းမှာ တောင်နှင့် ပင်လယ်ကို တုန်လှုပ်စေနိုင်သည်ဟု ကျမ်းစာထဲတွင် ဖော်ပြထားသည်။

ပထမတော့ လင်ချွမ်က ဒါကို ဂရုမစိုက်ခဲ့ပေ။

သူ၏ လက်ရှိ အတွင်းအားဖြင့်ပင် ထိုအဆင့်ကို မရောက်နိုင်ဟု ထင်ခဲ့သောကြောင့်။

သို့သော် ယခု သူ၌ 'မူလအစွမ်း' ရှိနေပြီဖြစ်ရာ ၎င်းမှာ တကယ်ပင် လက်တွေ့ ဖြစ်လာတော့မည်။

မူလအစွမ်း လှိုင်းနှစ်ခုလောက် စုစည်းလိုက်ရုံဖြင့် လင်းချွမ်းမှာ ပြင်းထန်စွာ နာကျင်လာပြီး သွေးကြောထဲမှ စွမ်းအားများကို မထိန်းချုပ်နိုင်တော့သကဲ့သို့ ခံစားလာရသည်။

အကယ်၍ ဤတိုက်ကွက်ကို ထုတ်လွှတ်လိုက်လျှင် မည်မျှ အစွမ်းထက်မည်ကို စဉ်းစားကြည့်ရုံဖြင့် သိနိုင်မည်။

ယခုပင် စမ်းသပ်ရတော့မည်ဂ

"သမုဒ္ဒရာ တုန်ဟိန်းလက်ဝါး"

"ဘုန်း...ဘုန်း....ဘုန်း"

ဤလက်ဝါးရိုက်ချက်ကြောင့် ပင်လယ်ထဲမှ မရေမတွက်နိုင်သော ရေတိုင်လုံးကြီးများ ကောင်းကင်သို့ ပွင့်ထွက်သွားသည်။

ထိုရေလှိုင်းများသည် လက်ဝါးရာရှေ့တွင် စုစည်းသွားပြီး ပထမဆုံး လှိုင်းလုံးကြီးအဖြစ် ပေါင်းစည်းသွား​၏။

ပတ်ဝန်းကျင်ရှိ စစ်သင်္ဘောများမှာ ထိုဒဏ်ကြောင့် ပြင်းထန်စွာ တုန်ခါသွားကြသည်။

သိုင်းပညာရှင်များ ပါလာသော လှေငယ်လေးများမှာလည်း လွင့်စင်ထွက်သွားကာ ဆဲဆိုသံများ ဆူညံသွား​၏။

သို့သော် မည်သူမျှ ထိုကိစ္စကို ဂရုမစိုက်နိုင်တော့ဘဲ တိုက်ခိုက်နေကြသူများပင် အကုန် ရပ်တန့်သွားကြသည်။

ပင်လယ်လှိုင်းများသည် နတ်ဘုရားတစ်ပါး၏ လက်ဝါးရာကဲ့သို့ ကောင်းကင်သို့ မြင့်တက်သွားပြီး နဂါးနက်ကြီး၏ အမှတ်အသားကို ဖျက်ဆီးပစ်လိုက်သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ဧရာမလှိုင်းကြီး ကောင်းကင်သို့ ထိုးတက်သွားသည်ကိုသာ မြင်လိုက်ရပြီး နဂါးနက်ကြီးမှာ အစအနမကျန် ပျောက်ကွယ်သွားတော့​၏။

ထို့နောက် အဝတ်စအပိုင်းအစလေးများမှာ ရေစက်များနှင့်အတူ အောက်သို့ ကြွေကျလာသည်။

"......"

ထိုအချိန်တွင် ဂျပန်ပင်လယ်ဓားပြဘက်မှ အကြီးအကဲသာမက လင်ချွမ်ကိုယ်တိုင်ပင် ကြောင်တောင်တောင် ဖြစ်သွားသည်။

ခဏမျှ အံ့အားသင့်နေပြီးနောက် သူက ညည်းရင်း တစ်ခွန်းသာ ပြောနိုင်တော့သည်။

"အမလေး"

All Chapters