အခန်း (၂၃၃-၂၃၄)
Vol. 24 Ch. 233-234
အခန်း ၂၃၃ - ထိုတောက်ပသော နှင်းဆီနီ
ဖျံကြီးသည် ရှေ့သို့ အဟုန်ပြင်းစွာ တိုးဝင်လာရာ ၎င်းကြောင့် ထွက်ပေါ်လာသော လှိုင်းလုံးများသည် ချက်ချင်းပင် သောင်းကျန်းသော ရေစီးကြောင်းများအဖြစ် ပြောင်းလဲသွားပြီး လင်ချွမ်ဆီသို့ ရိုက်ခတ်လာသည်။
ပင်လယ်ရေထု အမြောက်အမြား၊ အမှိုက်သရိုက်များနှင့် သန္တာကျောက်တုံး အပိုင်းအစ အမျိုးမျိုးတို့သည်တစ်ပြိုင်နက်တည်း ပါရှိလာကြ၏။
၎င်းတို့သည် ဟိန်းဟောက်သံများနှင့်အတူ လွှမ်းမိုးချုပ်ကိုင်နိုင်သော အင်အားဖြင့် ရှေ့သို့ ပြေးဝင်လာကြသည်။
မိမိ၏ အလျင်နှုန်းသာလွန်မှုကို အသုံးမချနိုင်ခြင်းနှင့် ရေအောက်လှုပ်ရှားမှုတွင် ခုခံမှုများနှင့် ရင်ဆိုင်နေရခြင်းတို့ကြောင့် လင်ချွမ်သည် အကျပ်အတည်းတစ်ခုနှင့် ရင်ဆိုင်လိုက်ရသည်။
ထိုကဲ့သို့သော အချိန်မျိုးတွင် တိုက်ပွဲပေါင်းများစွာ ဖြတ်သန်းခဲ့သည့် အတွေ့အကြုံက အသုံးဝင်လာ၏။
မိမိ၏ လက်ရှိအခက်အခဲကို သိရှိနားလည်လိုက်သည်နှင့် လင်းချွမ်းသည် ပြန်လည်တိုက်ခိုက်ရန် နည်းလမ်းတစ်ခုကို ချက်ချင်းစဉ်းစားမိလိုက်သည်။
၎င်းမှာ အခြားသူကို အားကိုးရန်မဟုတ်ဘဲ ထိပ်တိုက်ရင်ဆိုင်ရန်ပင်။
သူ၏ အတွင်းအားဖြင့် သူသည် မိမိကိုယ်ကိုယ် တည်ငြိမ်အောင် ထိန်းထားနိုင်ခဲ့သည်။
ရုပ်ပိုင်းဆိုင်ရာ စွမ်းအင်အကုန်အကျခံရမှာကို မကြောက်သရွေ့ ဤဧရာမသတ္တဝါကြီးနှင့် ထိပ်တိုက်ရင်ဆိုင်ရန် မဖြစ်နိုင်သည်တော့မဟုတ်ပေ။
ထိုသို့တွေးတောရင်း လင်ချွမ်၏ လက်သီးများထဲမှ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများ ထွက်ပေါ်လာသည်။
အတွင်းအားများသည် သူ၏ လက်ကောက်ဝတ်များကြားတွင် လျင်မြန်စွာ စုစည်းလာပြီး 'သမုဒ္ဒရာတုန်ဟိန်း လက်ဝါး' အဖြစ်သို့ အသွင်ပြောင်းသွားသည်။
၎င်းကို ချက်ချင်းထုတ်လွှတ်လိုက်မည့်အစား သူ၏ လက်မောင်းအတွင်းပိုင်းတွင် အရင်ဖိနှိပ်ထားပြီးနောက် ရှေ့သို့ တိုးဝင်ကာ ဘယ်လက်ဖြင့် 'ဝူတန် လက်သီးရှည်' ကို ထိုးနှက်လိုက်သည်။
ဝူတန်လက်သီးရှည်တွင် ပုံစံ ၃၂ မျိုးရှိပြီး တစ်ခုချင်းစီတွင် အားသာချက်၊ အားနည်းချက် ကိုယ်စီရှိကြ၏။
သို့သော် ယခု လင်ချွမ် အသုံးပြုလိုက်ချိန်တွင်မူ သူသည် လက်သီးချက်ပေါင်းများစွာကို တစ်ခုတည်းအဖြစ် ပေါင်းစပ်ထားသည့် အဆင့်သို့ ရောက်ရှိနေပြီ။
ပုံစံ ၃၂ မျိုးလုံး၏ အနှစ်သာရများ ပါဝင်နေသော ဤလက်သီးချက်သည် တောင်ပေါ်မှ ဆင်းလာသော ကျားတစ်ကောင်ကဲ့သို့ ဖျံကြီးဆီသို့ ဦးတည်သွားတော့သည်။
ပင်လယ်ရေ၏ ခုခံမှုကြောင့် လင်ချွမ်၏ မူလစွမ်းအားမှာ အတိုင်းအတာတစ်ခုအထိ လျော့ပါးသွားခဲ့သည်။
ကျန်ရှိနေသော အစိတ်အပိုင်းသည် လမ်းတလျှောက်ရှိ သန္တာကျောက်တုံးများနှင့် အခြားအပျက်အစီးများကို ဖျက်ဆီးပြီးနောက် နောက်ဆုံးတွင် ဖျံကြီးအနားသို့ ချဉ်းကပ်သွားသည်။
ဗုန်းခနဲ အသံတစ်ခု ထွက်ပေါ်လာပြီး ဖျံကြီး၏ ခန္ဓာကိုယ်သည် အနည်းငယ် ယိမ်းထိုးသွားကာ ၎င်း၏ အရှိန်မှာလည်း ချက်ချင်းပင် လျော့ကျသွား၏။
ထိုအခွင့်အရေးကို အရယူကာ လင်ချွမ်သည် ညာလက်ဝါးကို ရှေ့သို့ တွန်းထုတ်လိုက်ပြီး 'သမုဒ္ဒရာတုန်ဟိန်းလက်ဝါး' ကို ချက်ချင်း ထုတ်လွှတ်လိုက်သည်။
သုံးထပ်လှိုင်းလုံးကြီးများ ရှေ့သို့ တိုးဝင်သွားရာ ပင်လယ်ကြမ်းပြင်တွင် မရေမတွက်နိုင်သော လှိုင်းတွန့်များကို ချက်ချင်း ဖြစ်ပေါ်လာစေ၏။
အထက်ပိုင်းရှိ ပင်လယ်ရေများသည်လည်း ဆူနာမီကြောင့် လှိုင်းထနေပြီ။
လွှမ်းမိုးချုပ်ကိုင်ထားပြီး တိုးပွားလာနေသော လက်ဝါးစောင်းတိုက်ကွက်အောက်တွင် ပင်လယ်ရေစီးဆင်းမှု လားရာသည် ချက်ချင်းပင် ပြောင်းပြန်ဖြစ်သွားခဲ့၏။
ဧရာမဖျံကြီး တုံ့ပြန်ရန် အချိန်မရခင်မှာပင် ၎င်းသည် နောက်သို့ တွန်းပို့ခြင်း ခံလိုက်ရသည်။
လင်ချွမ်က သေချာကြည့်ရှုစစ်ဆေးရာ ယခင်လက်သီးချက်ရော၊ ယခုလက်ဝါးစောင်းရောက ဖျံကြီးကို ထိခိုက်ဒဏ်ရာ မရစေခဲ့သည်ကို တွေ့လိုက်ရသည်။
"ဒီကောင်က အရေထူပုံပဲ၊ ကျင့်စဉ်လမ်းကို လျှောက်လှမ်းနိုင်တဲ့ ဝိညာဉ်သားရဲဖြစ်နေတာ မဆန်းပါဘူး၊ တကယ်ကို လွယ်လွယ်ကူကူနဲ့ ကိုင်တွယ်လို့ရတဲ့ ကောင်မျိုးမဟုတ်ဘူး"
လင်ချွမ်သည် မိမိဘာသာ ရေရွတ်ပြီးနောက် နောက်ထပ် တိုက်ခိုက်မှုတစ်ခုကို စတင်လိုက်သည်။
'ပုံရိပ်ယောင်ပင်လယ်ပုံဆောင်ခဲ' မဖြစ်ပေါ်လာမီ ဤအကောင်ကို သတ်ပစ်ရန် (သို့မဟုတ်) မောင်းထုတ်ရန် သူ လိုအပ်သည်။
မဟုတ်ပါက ၎င်းက နှောင့်ယှက်ခြင်း သို့မဟုတ် ဝါးမြိုခြင်း ပြုလုပ်လျှင် ဤအခွင့်အရေးသည် အလဟဿ ဖြစ်သွားပေလိမ့်မည်။
'ရှစ်ဆယ့်တစ်ကွက် နဂါးကူးလက်ဝါး' ကို ချက်ချင်း ထုတ်ဖော်လိုက်ရာ လက်ဝါးရိပ် ၈၁ ခုသည် ဖျံကြီး၏ ခန္ဓာကိုယ်ကို ဆက်တိုက် ရိုက်ပုတ်တော့သည်။
ဗုန်းခနဲ မြည်သံများ ဆက်တိုက်ထွက်ပေါ်လာပြီး ရေအောက်ခြေမှ ရေပူဖောင်းများစွာ ထွက်ပေါ်လာ၏။
ခဏအတွင်းမှာပင် ဖျံကြီး၏ ဧရာမခန္ဓာကိုယ်သည် သေးငယ်သော လူသားတစ်ဦးဖြစ်သည့် လင်ချွမ်၏ တိုက်ခိုက်မှုကြောင့် အမှန်တကယ်ပင် နောက်သို့ လွင့်ထွက်သွားခဲ့သည်။
"ဝေါင်း"
ဖျံကြီးသည် နောက်ဆုံးတွင် ဒေါသထွက်သွားလေပြီ။
ယခင် လက်သီးရှည်နှင့် လက်ဝါးစောင်းတို့က ၎င်းကို မထိခိုက်စေခဲ့သော်လည်း ယခု နဂါးကူးလက်ဝါးကမူ ၎င်းကို နာကျင်မှုလှိုင်းများကို ခံစားရစေ၏။
၎င်းတွင် ကြီးမားသော ခန္ဓာကိုယ်နှင့် မီတာအနည်းငယ်ခန့် ထူသော အဆီပြင်များ ရှိသော်လည်း၊ အတွင်းအားများ၏ ဆက်တိုက် ထိုးဖောက်ဝင်ရောက်မှုကြောင့် ၎င်း၏ ခုခံကာကွယ်မှုမှာ နောက်ဆုံးတွင် ပေါက်ထွက်သွားပြီး ပြင်းထန်သော နာကျင်မှုကို ခံစားလိုက်ရသည်။
ဤဒဏ္ဍာရီလာ သားရဲများသည် လူသားများထက် များစွာ ပိုမိုကြံ့ခိုင်သော ခန္ဓာကိုယ်ရှိကြပြီး ၎င်းတို့၏ ကာကွယ်ရေးစွမ်းရည်မှာလည်း မယုံကြည်နိုင်လောက်အောင် အားကောင်းသည်။
သို့သော် ဤလောကတွင် အရာရာတိုင်းသည် ပြည့်စုံလေ့မရှိပေ။
ခန္ဓာကိုယ် ပိုမိုသန်မာလေလေ၊ ခံစားရသော နာကျင်မှုမှာလည်း ပိုမိုပြင်းထန်လေလေပင်။
တိုက်ခိုက်မှုများအောက်တွင် ဖျံကြီးသည် နောက်ဆုံးတွင် စိတ်တိုသွားတော့သည်။
၎င်းသည် နောက်တစ်ကြိမ် ဟိန်းဟောက်လိုက်ရာ အသံလှိုင်းကိုယ်ခံပညာနှင့် ဆင်တူသော အသံလှိုင်းတစ်ခု ထွက်ပေါ်လာပြီး လင်ချွမ်ကို မူးဝေသွားစေသည်။
လင်ချွမ် တိုက်ခိုက်ခံရပြီး ခဏတာ နောက်ဆုတ်သွားသည့် အခွင့်အရေးကို အရယူကာ ဖျံကြီးသည် လှုပ်ရှားလိုက်ပြီး ရေလုံးပေါင်း ရာနှင့်ချီ၍ လေထဲသို့ တက်လာသည်။
၎င်းတို့သည် အမြောက်ဆန်များကဲ့သို့ ရှေ့သို့ တိုးဝင်လာကြသည်။
ပင်လယ်ကြမ်းပြင်တွင် ဖြစ်သဖြင့် လူသားနှင့် ငါးတို့၏ လှုပ်ရှားမှုတိုင်းသည် ရေအောက်အခြေအနေကို များစွာ ပြောင်းလဲစေ၏။
ယခုအခါ အင်အားပြင်းသော ရေလုံးပေါင်း ရာနှင့်ချီ၍ ရုတ်တရက် ပေါက်ကွဲသွားရာ မရေမတွက်နိုင်သော ရေဝဲများကို ချက်ချင်း ဖြစ်ပေါ်စေသည်။
ရေဝဲ ဒါဇင်ပေါင်းများစွာသည် ချက်ချင်း ပေါ်လာပြီးနောက် တစ်ခုနှင့်တစ်ခု ဆက်တိုက် ပေါင်းစည်းသွားကြသည်။
၎င်းတို့သည် ကြီးမားသော ဖိအားနှင့် ဆွဲငင်အားတို့ကို ထုတ်လွှတ်လိုက်ပြီး အနားသို့ ချဉ်းကပ်လာသမျှ အရာအားလုံးကို ရိုက်ခွဲဖျက်ဆီးပစ်တော့သည်။
"တောင်... တောင်"
သတ္တုချင်း ထိခိုက်သံများ ဆက်တိုက် ထွက်ပေါ်လာပြီး လင်ချွမ်၏ ခန္ဓာကိုယ် မျက်နှာပြင်ရှိ အတွင်းအား အမြှေးပါးသည် ပြင်းထန်စွာ တုန်ခါလာသည်။
ဖိအားများကြောင့် အချိန်မရွေး ပြိုကွဲသွားနိုင်သည့်ပုံ ပေါ်၏။
အကယ်၍ ယခုအချိန်တွင် သူတို့သည် ပင်လယ်မျက်နှာပြင်ပေါ်၌ ရှိနေပါက ထိုပွတ်တိုက်မှုများကြောင့် မီးပွားများစွာ ထွက်ပေါ်လာမည်မှာ သေချာသည်ဟု လင်ချွမ် ယုံကြည်မိသည်။
ကံကောင်းထောက်မစွာဖြင့် ဤနေရာသည် ရေအောက်ဖြစ်နေပြီး တိုက်ခိုက်မှုနှင့် ပွတ်တိုက်မှုကြောင့် ထွက်ပေါ်လာသော အပူဓာတ်ကို ပင်လယ်ရေက စုပ်ယူပေးနေသဖြင့် ဖိအားအချို့ကို လျော့ကျစေသည်။
လျင်မြန်သော လှုပ်ရှားမှုဖြင့် လင်ချွမ်သည် ရေဝဲ၏ ထိန်းချုပ်မှုမှ ရုန်းထွက်ပြီး ဝေးရာသို့ အရှိန်ပြင်းပြင်းဖြင့် ပြေးထွက်သွားသည်။
ထိုဧရိယာကို ရှောင်ရှားပြီးနောက် သူသည် သူ၏ လက်သီးကို ရှေ့တွင် ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ရာ ဓားစွမ်းအင်များနှင့် ရိပ်ပုံရိပ်များစွာသည် လေထဲတွင် စုစည်းလာသည်။
လင်ချွမ်က ရှေ့သို့ ညွှန်ပြလိုက်ရာ ဓားစွမ်းအင်များသည် ဖျံကြီး၏ မျက်နှာပြင်ကို ဆက်တိုက် သွားရောက် ရိုက်ခတ်တော့၏။
၎င်းတို့၏ နည်းလမ်းဖြင့်ပင် ၎င်းတို့ကို ပြန်လည် တိုက်ခိုက်ခြင်း။
ဤဓားစွမ်းအင်များနှင့် ရိပ်ပုံရိပ်များသည် အလွန်အမင်း အားမကောင်းသော်လည်း အရေအတွက်မှာ အလွန်များပြားလှသည်။
လင်ချွမ်က ၎င်းတို့အားလုံးကို ပေါက်ကွဲစေလိုက်သောအခါ ၎င်းတို့သည် တူညီသော ရေဝဲကို ချက်ချင်း ဖြစ်ပေါ်စေပြန်သည်။
၎င်းတို့သည် ဖျံကြီး၏ လှုပ်ရှားမှုကို ဟန့်တားပြီး ၎င်း၏ ခန္ဓာကိုယ်ကို ဆက်တိုက် စိတ်အနှောင့်အယှက် ဖြစ်စေသည်။
ရန်သူ စိတ်ပျံ့လွင့်နေသည့် အခွင့်အရေးကို အရယူကာ လင်ချွမ်သည် ရှေ့သို့ တိုးဝင်သွားပြီး သူ၏ လက်ကောက်ဝတ်ကို ခါယမ်းလိုက်ရာ 'ရေခဲကျောက်ဓား' ပေါ်လာသည်။
ရေခဲကျောက်ဓားကို ဆွဲထုတ်လိုက်သည်နှင့် တစ်ပြိုင်နက် ရေခဲငွေ့များသည် ထိုဧရိယာတစ်ခုလုံးကို လွှမ်းခြုံသွားတော့၏။
ကြီးမားသော ဖိအားနှင့် အအေးဓာတ်တို့ ပြည့်နှက်နေသော ပင်လယ်ကြမ်းပြင်သည် ယခုအခါတွင် မရေမတွက်နိုင်သော ရေခဲတုံးများအဖြစ် ခဲသွားတော့သည်။
လင်ချွမ်၏ စိတ်အာရုံ လှုပ်ရှားလိုက်သည်နှင့် သူ၏ ဓားချက်တစ်ချက်သည် ရေခဲစအရာတစ်ခုကို ဖြစ်ပေါ်စေသည်။
၎င်းတို့သည် ဖျံကြီး၏ ခန္ဓာကိုယ်အထိ ပျံ့နှံ့သွားပြီးနောက် လျင်မြန်စွာ ခဲသွားကာ ၎င်းကို ရေခဲအတွင်း ပိတ်မိသွားစေသည်။
ထိုအချိန်တွင် လင်ချွမ်သည် ရေခဲကျောက်ဓားကို သူ၏ ဘယ်လက်သို့ ပြောင်းကိုင်လိုက်ပြီး ညာလက်ဝါးဖြင့် ဓားသွားကို ရုတ်တရက် ဖိလိုက်၏။
အတွင်းအားများသည် ပခုံးဆီသို့ နောက်ဆုတ်သွားပြီး ရပ်တန့်သွားသည်။
မူလအစွမ်းများသည် လျင်မြန်စွာ ထွက်ပေါ်လာပြီး လောင်ကုန်းအပ်စိုက်မှတ်နေရာမှတစ်ဆင့် ဓားထဲသို့ တိုက်ရိုက် စီးဝင်သွားသည်။
ထူးဆန်းသော ခရမ်းရောင်အလင်းတန်းတစ်ခုသည် ရေခဲကျောက်ဓားပေါ်တွင် လက်ခနဲ ဖြစ်သွားပြီး ထိုအချိန်တွင် လင်ချွမ်သည် ဓားကို နောက်တစ်ကြိမ် ဝှေ့ယမ်းလိုက်သည်။
အဖြူရောင် အလင်းတန်းသည် လေထဲတွင် ခဲသွားပြီး ဟင်းလင်းပြင် အတားအဆီးကို ချက်ချင်း ထိုးဖောက်ကာ ဖျံကြီး၏ ခန္ဓာကိုယ်ကို ရိုက်ခတ်လိုက်၏။
ရေခဲများသည် ချက်ချင်း ကွဲအက်သွားပြီး နှစ်ပိုင်းတိတိ ပြတ်တောက်သွားကာ ဖျံကြီး၏ ခန္ဓာကိုယ်မှ သွေးများ ရုတ်တရက် ပန်းထွက်လာသည်။
ရေအောက်ရှိ ဖိအားသည် အလွန်မြင့်မားလှသဖြင့် ထိုနေရာတွင် ဒဏ်ရာရရှိခြင်းသည် မိမိကိုယ်ကိုယ် သတ်သေခြင်းနှင့် အတူတူပင်။
ဖျံများသည် ဤနေရာတွင် နေထိုင်ကြပြီး ပင်လယ်ကြမ်းပြင်ဒဏ်ကို သဘာဝအတိုင်း ခံနိုင်ရည်ရှိကြသော်လည်း ၎င်းတို့၏ ခန္ဓာကိုယ်သည်လည်း အထူးတလည် ဖြစ်နေသည်။
သို့သော် ၎င်းသည် အကြီးအကျယ် ထိခိုက်သွားခဲ့၏။
ထို့အပြင် ၎င်း၏ ခန္ဓာကိုယ်ထဲသို့ ကျူးကျော်ဝင်ရောက်လာသော ရေခဲနှင့် ဓားစွမ်းအင်များ၏ တိုက်ခိုက်မှုအောက်တွင် ၎င်းသည် ထိုကဲ့သို့သော ပျက်စီးမှုကို မိမိဘာသာ နှိမ်နင်းနိုင်စွမ်း မရှိတော့ပေ။
ဤအခြေအနေတွင် ၎င်း၏ ကြီးမားသော အရွယ်အစားနှင့် ပုံသဏ္ဌာန်သည် ၎င်းအတွက် အကြီးမားဆုံး အတားအဆီး ဖြစ်လာသည်။
သွေးများသည် ဆက်တိုက် ပန်းထွက်လာပြီး ဤရေအောက်ကမ္ဘာကို နီရဲသွားစေသည်။
အေးစက်သော ပတ်ဝန်းကျင်တွင် ၎င်းတို့သည် ရေခဲကျောက်ဆောင်များအဖြစ် ပြောင်းလဲသွားပြီး နှင်းတောထဲတွင် လေကို အာခံကာ ဂုဏ်ယူစွာ ရပ်တည်နေသော နှင်းဆီတစ်ပွင့်နှင့် တူနေတော့သည်။
အခန်း ၂၃၄ - လှည့်စားခြင်း
တူညီသောအဆင့်တွင် ခန္ဓာကိုယ်ကြံ့ခိုင်မှုပိုင်း၌ ဝိညာဉ်သားရဲများသည် လူသားများထက် ပြန်လည်ကုသနိုင်စွမ်း ပိုမိုသာလွန်ကြသည်။
ထိပ်တန်းအဆင့် ဝိညာဉ်သားရဲများအတွက်လည်း ထိုနည်းအတိုင်းပင်။
"ဝူး..."
ဟိန်းသံတစ်ချက်နှင့်အတူ ကြောက်မက်ဖွယ်ကောင်းသော အသံလှိုင်းများသည် ရေခဲစိုင်များ၏ နေရာအနှံ့သို့ လျင်မြန်စွာ ပျံ့နှံ့သွားလေ၏။
ထိုအချိန်မှာပင် ရေခဲထဲမှ အပြာရောင်အလင်းတန်းတစ်ခု ဖြာထွက်လာခဲ့သည်။
ရှေးဟောင်းဆန်ပြီး အိုမင်းရင့်ရော်လှသော အငွေ့အသက်တစ်ခုသည် ပင်လယ်ရေအောက်အနက်ပိုင်းသို့ စိမ့်ဝင်သွားပြီး ဖော်ပြ၍မရနိုင်သော ဝိညာဉ်လှိုင်းခတ်မှုများ ထွက်ပေါ်လာသည်။
"သူ့ရဲ့ သွေးမျိုးဆက်အစွမ်းကို နိုးထစေလိုက်တာလား၊ အခြေအနေက နည်းနည်းတော့ လက်ဝင်သွားပြီပဲ"
လင်ချွမ်သည် မျက်နှာအမူအရာ အနည်းငယ်ပျက်ယွင်းသွားကာ ခပ်တိုးတိုးရေရွတ်လိုက်သည်။
လူသားသိုင်းပညာရှင်များထဲတွင်လည်း မိမိတို့၏ သွေးမျိုးဆက်ကို ချန်ရစ်ခဲ့ကြသူများစွာရှိသည်။
၎င်းတို့၏ မျိုးဆက်များသည် အခြားသူများထက် သိုင်းပညာတွင် ပိုမိုထူးချွန်ကြပြီး လေ့ကျင့်ရာတွင်လည်း ပိုမိုလွယ်ကူတတ်ကြ၏။
သာ၍ ထူးခြားသည်မှာ ကံကောင်းသော လူနည်းစုသည် အရေးကြီးသော အချိန်များ၌ သွေးမျိုးဆက်အတွင်းရှိ စွမ်းအားများကို ဖော်ထုတ်နိုင်ပြီး ဘိုးဘေးများ၏ အမွေအနှစ်ကို လက်ခံရရှိတတ်ကြခြင်း။
သို့မဟုတ်ပါကလည်း ထူးခြားသော နည်းစနစ်များနှင့် သိုင်းပညာရပ်အချို့ကို နားလည်သဘောပေါက်သွားတတ်ကြသည်။
ရှေ့မှ ဖြစ်ပေါ်နေသော လှုပ်ခတ်မှုများကို ကြည့်ရသလောက် ဝိညာဉ်သားရဲများသည်လည်း ထိုနည်းအတိုင်းပင် ဖြစ်ဟန်တူသည်။
လင်ချွမ်၏ ဖိနှိပ်မှုအောက်တွင် ထိုဖျံကြီးသည် ၎င်း၏သွေးမျိုးဆက်အတွင်းရှိ ရှေးဟောင်းအငွေ့အသက်များကို နိုးထစေခဲ့ပုံရပြီး ကိုင်တွယ်ရ ပိုမိုခက်ခဲလာခဲ့၏။
အတွင်းပိုင်းမှ လှုပ်ခတ်မှုများကို ခံစားမိသော်လည်း လင်ချွမ်သည် ခဏမျှ တွေဝေသွားပြီးနောက် ဝိညာဉ်စွမ်းအားကို အသုံးပြုရန် မဝံ့မရဲဖြစ်နေခဲ့၏။
လူသားများနှင့်မတူဘဲ ဝိညာဉ်သားရဲများသည် ကြီးမားသော ခန္ဓာကိုယ်ရှိကြပြီး ၎င်းတို့၏ ဝိညာဉ်စွမ်းအားသည်လည်း အားနည်းသည်ဟု မဆိုနိုင်ပေ။
အကယ်၍ တိုက်ခိုက်မှု မအောင်မြင်ပါက တိုက်ခိုက်သူကိုယ်တိုင် ပြန်လည်ထိခိုက်ဒဏ်ရာရရှိနိုင်ခြေ အလွန်များသည်။
ခဏမျှ စဉ်းစားပြီးနောက် လင်ချွမ်သည် လက်တစ်ဖက်ဖြင့် လေထုထဲတွင် ဆုပ်ကိုင်သည့် ပုံစံပြုလုပ်ကာ တိုက်ခိုက်မည့် အကွာအဝေးကို ကျုံ့သွားစေရန် ကြိုးစားလိုက်သည်။
သို့သော်လည်း ဤဝိညာဉ်သားရဲသည် အထွက်အထိပ်အဆင့် စွမ်းအားနှင့် ကြောက်မက်ဖွယ်ကောင်းသော ခန္ဓာကိုယ်ခံနိုင်ရည်ရှိနေ၏။
၎င်း၏ ခန္ဓာကိုယ်ကို ယိမ်းနွဲ့လိုက်စဉ်တွင်ပင် ရေခဲများ ကွဲအက်သံများ ဆက်တိုက်ထွက်ပေါ်လာသည်။
နောက်ဆုံးတွင် ခဏတာ တင်းမာမှုဖြစ်ပွားပြီးနောက် ရေခဲစိုင်များသည် လုံးဝပြိုကွဲပျက်စီးသွားခဲ့သည်။
ထိုအရှိန်ကို အသုံးချကာ အရူးအပေါက်ဖြစ်နေသော ဖျံကြီးသည် အတားအဆီးများကို ချိုးဖျက်ထွက်လာခဲ့သည်။
၎င်းသည် ကြီးမားသော ဖိအားများနှင့်အတူ ကြောက်မက်ဖွယ်ကောင်းသော တုန်ခါလှိုင်းကို ထုတ်လွှတ်လိုက်ပြီး လင်ချွမ်အား လေးလံသော တူကြီးဖြင့် ထုရိုက်သကဲ့သို့ ဝင်တိုက်လိုက်၏။
ထိုအချိန်တွင် အတွင်းအားအကာအကွယ် ရှိနေသော်လည်း လင်ချွမ်သည် ရိုက်ခတ်မှုကြောင့် ရင်ဘတ်ထဲတွင် အောင့်သွားသည်ကို ခံစားလိုက်ရသည်။
"အဘွားကြီးရေ"
လင်ချွမ်သည် ခပ်တိုးတိုးကျိန်ဆဲလိုက်ရင်း သူ၏ နယ်ပယ် ကို ထုတ်လွှတ်ကာ ဖျံကြီးကို ထိန်းချုပ်ရန် ကြိုးစားရင်း သူ၏ကိုယ်ကို တစ်နေရာတည်းတွင် မြဲမြံအောင် ရပ်တန့်ထားလိုက်သည်။
ပင်လယ်ကြမ်းပြင်မှ ဖိအားကြောင့်လော သို့မဟုတ် ဖျံကြီး၏ ထူးခြားသော ဝိသေသများကြောင့်လော မသိရသော်လည်း အမြဲတမ်း ထိရောက်ခဲ့သည့် နယ်ပယ်စွမ်းအားသည် မထင်မှတ်ဘဲ အလုပ်မဖြစ်ခဲ့ပေ။
ထိုကောင်သည် သူ၏ခန္ဓာကိုယ်ကို အနည်းငယ်မျှသာ ယိမ်းနွဲ့လိုက်ပြီး တုံ့ဆိုင်းမှုမှ ပြန်လည်လွတ်မြောက်လာကာ လင်ချွမ်ထံသို့ တစ်ဖန် ပြန်လည်ခုန်အုပ်လာပြန်သည်။
လင်ချွမ်သည် ၎င်း၏ရှေ့တွင် အကာအကွယ်အတားအဆီးအချို့ကို အမြန်တည်ဆောက်လိုက်သော်လည်း ဧရာမခန္ဓာကိုယ်ကြီး၏ တိုက်ခိုက်မှုကြောင့် ချက်ချင်းပင် ပျက်စီးသွားခဲ့သည်။
သူသည် နောက်သို့ လှည့်ကြည့်လိုက်ရာ ပုံရိပ်ယောင်ပင်လယ်ပုံဆောင်ခဲ ပေါ်ထွက်လာသည်ကို အတည်ပြုနိုင်ခဲ့၏။
ခဏမျှ တွေဝေသွားပြီးနောက် လင်ချွမ်သည် တိုက်ခိုက်မှုကို လက်လျှော့လိုက်ပြီး အလျင်အမြန် နောက်ဆုတ်လိုက်သည်။
နယ်ပယ်၏ အစွမ်းကို အသုံးပြုကာ ဖျံကြီး၏ အပေါ်သို့ ချက်ချင်း ခုန်တက်လိုက်ပြီး သူ၏ ညာလက်သီးဖြင့် အားကုန်ထိုးချလိုက်သည်။
"နှိမ်နင်းစမ်း"
လင်ချွမ်သည် အသံကျယ်ကြီးဖြင့် ဟိန်းဟောက်လိုက်ရာ သူ၏ လက်သီးရိပ်များသည် နဂါးနှင့် ကျားများကဲ့သို့ ဟိန်းဟောက်ကာ ဖျံကြီးအား ပင်လယ်အောက်ခြေ ရွှံ့နွံများထဲသို့ နစ်ဝင်သွားစေခဲ့သည်။
ပင်လယ်ကြမ်းပြင်၏ တုန်ခါမှုကြောင့် အနည်အနှစ်များ ထွက်ပေါ်လာကာ အောက်ဘက်တစ်ခွင်ကို ဖုံးလွှမ်းသွားသည်။
ရှင်းရှင်းလင်းလင်း မမြင်ရသော်လည်း ယခုထိုးချက်သည် တစ်ဖက်ရန်သူကို ဒဏ်ရာအပြင်းအထန် ရရှိစေမည်မဟုတ်ကြောင်း လင်ချွမ် သိနေ၏။
တစ်ဖက်ရန်သူသည် သွေးမျိုးဆက်စွမ်းအားကို နိုးထစေခဲ့ပြီးဖြစ်၍ ပြန်လည်ကုသနိုင်စွမ်းမှာ အလွန်ပင် လျင်မြန်လှသည်။
ရေခဲကျောက်ဓားဖြင့် သူဖြစ်ပေါ်စေခဲ့သော ဒဏ်ရာသည်ပင် ယခုအခါ ပြန်လည်ပျောက်ကင်းသွားပြီ။
ထို့ကြောင့် ၎င်းကို သတ်ပဖြတ်ရန်မှာ တစ်ထိုင်တည်းနှင့် မဖြစ်နိုင်ပေ။
သို့သော်လည်း လင်ချွမ်၏ မူလရည်မှန်းချက်မှာ သတ်ရန်မဟုတ်ဘဲ အချိန်ဆွဲရန်သာ။
ထိုအခွင့်အရေးကို အသုံးချကာ သူသည် နယ်ပယ်စွမ်းအားဖြင့် နေရာအသစ်သို့ အမြန်
ကူးပြောင်းလိုက်ပြီး အရိုးနန်းဆောင်သို့ ရောက်ရှိသွားသည်။
သူသည် အမိုးခုံးဝင်ပေါက်ကို ဖြတ်ကျော်ကာ 'ပုံရိပ်ယောင်ပင်လယ်ပုံဆောင်ခဲ' ထံသို့ လက်ကမ်းလိုက်သည်။
ချက်ချင်းဆိုသလိုပင် ကမ္ဘာကြီးသည် ပြောင်းလဲသွားပြီး လက်ချောင်းနှင့် ထိလိုက်သည်နှင့် အရာအားလုံးသည် ပုံပျက်ရှုပ်ထွေးသွားလေတော့၏။
"ဒါက လှည့်စားမှု လား"
လင်ချွမ်သည် ခဏမျှ စဉ်းစားလိုက်သော်လည်း သူ၏မျက်နှာမှာ အလွန်တည်ငြိမ်နေဆဲ။
ဤလုပ်ငန်းစဉ်မစတင်မီကပင် သူသည် ဖြစ်နိုင်ခြေအချို့ကို ကြိုတင်ခန့်မှန်းထားပြီးသား။
ဤသည်မှာ သူမျှော်လင့်ထားသော အခြေအနေများထဲမှ တစ်ခုသာဖြစ်ပြီး သူသည် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားပြီးဖြစ်သည်။
'ပုံရိပ်ယောင်ပင်လယ်ပုံဆောင်ခဲ' မှ 'ပုံရိပ်ယောင်' ဆိုသော စကားလုံးသည် လှည့်စားမှု သို့မဟုတ် စိတ်အာရုံချောက်ခြားမှုကို ကိုယ်စားပြုပေလိမ့်မည်။
ထို့ကြောင့် လင်ချွမ်သည် ခုခံခြင်းမပြုဘဲ မြင်ကွင်းများ ပြောင်းလဲသွားမှုကိုသာ တည်ငြိမ်စွာ စောင့်ကြည့်နေခဲ့သည်။
ထိတွေ့နေစဉ်အတွင်း သူ၏ အတွေးအမြင်များ ဝေဝါးလာသော်လည်း သူ၏ ကျင့်စဉ်အဆင့်မှာ မြင့်မားလှသဖြင့် အတိုင်းအတာတစ်ခုအထိ ခုခံနိုင်စွမ်းရှိသည်။
ရုတ်တရက် မြင်ကွင်းမှာ ပြောင်းလဲသွားပြီး သူတို့ရှေ့ရှိ နေရာသည် သမုဒ္ဒရာမဟုတ်တော့ဘဲ တောင်မြင့်ကြီးတစ်ခု ဖြစ်သွား၏။
သူရပ်နေသော နေရာမှာ ထိုတောင်၏ ထိပ်ဖျား ဖြစ်လာခဲ့သည်။
လင်ချွမ်သည် ဟိုဟိုဒီဒီ လှုပ်ရှားကြည့်ပြီးနောက် ဤလှည့်စားမှု၏ လက်တွေ့ဆန်မှုကို အတည်ပြုနိုင်ခဲ့ကာ အံ့အားသင့်သွားရသည်။
ယေဘုယျအားဖြင့် လှည့်စားမှုများနှင့် စိတ်အာရုံချောက်ခြားမှုများသည် ရိုးရှင်းပြီး မှားယွင်းသော ပုံရိပ်များသာ ဖြစ်တတ်ကြသည်။
ကျင့်ကြံသူများသည် အမြင်အာရုံကို လှည့်စားရန် သို့မဟုတ် အာရုံခံစားမှုများကို လှည့်ဖျားရန်အတွက် နည်းလမ်းအမျိုးမျိုးကို အသုံးပြုကြသည်။
သို့သော် ထိုကဲ့သို့သော စိတ်အာရုံချောက်ခြားမှုများသည် လူလုပ်များဖြစ်ကြပြီး ထိရောက်မှုနည်းပါးကာ ရိပ်မိရန် လွယ်ကူသည်။
၎င်းတို့အပြင် သဘာဝအလျောက် ဖြစ်ပေါ်နေသော လှည့်စားမှုများလည်း ရှိသေး၏။
၎င်းတို့သည် သစ်ပင်ထူထပ်သော နေရာများ၊ ရှေးဟောင်းသင်္ချိုင်းဟောင်းများ သို့မဟုတ် လျှို့ဝှက်ဆန်းပြားသော ပိတ်ဆို့ထားသည့် နယ်မြေများ ဖြစ်နိုင်၏။
အကြောင်းအမျိုးမျိုးကြောင့် ၎င်းတို့သည် နောက်ဆုံးတွင် လှည့်စားမှုနယ်ပယ်အဖြစ် အလိုအလျောက် ဖြစ်တည်လာကြသည်။
လူတစ်ယောက်သည် ထိုအတွင်းသို့ ခြေချလိုက်သည်နှင့် ပိတ်မိသွားမည်။
ထိုလှည့်စားမှုကမ္ဘာအတွင်း၌ အရာအားလုံးသည် လက်တွေ့နှင့် အလွန်တူညီသည်။
ထိုအခြေအနေသို့ ရောက်သွားသူများသည် မိမိတို့ထက် အဆပေါင်းများစွာ သန်မာသော ပြိုင်ဘက်များနှင့် ရင်ဆိုင်ရနိုင်သော်လည်း သတိတရား အနည်းငယ်တော့ ကျန်ရှိနေနိုင်သေးသည်။
သို့သော်လည်း ထိုလှည့်စားမှုမှ ရုန်းထွက်ရန်မှာ ရိုးရိုးတိုက်ခိုက်ရသည်ထက် များစွာ ပိုမိုခက်ခဲသည်။
ဤအသိပညာများသည် လင်ချွမ်၏ စိတ်ထဲတွင် လျင်မြန်စွာ ပေါ်ထွက်လာပြီး သူ့ကို ထူးခြားသော ထိုးထွင်းသိမြင်မှုများ ပေးစွမ်းနေ၏။
ဤကဲ့သို့သော လှည့်စားမှုများကို ဖောက်ထွက်ရန်အတွက် ရိုးရှင်းသော နည်းလမ်းအချို့ ရှိသည်။
ပထမနည်းလမ်းမှာ 'အင်အားဖြင့် ချိုးဖျက်ခြင်း'။
မိမိ၏ ကြီးမားသော ခွန်အား သို့မဟုတ် ဝိညာဉ်စွမ်းအားကို အသုံးချကာ လှည့်စားမှုကို အပိုင်းပိုင်းပြတ်အောင် ဖျက်ဆီးပြီး အတွင်းပိုင်း မျှခြေကို ပျက်ပြားစေခြင်း။
ဤနည်းလမ်းသည် အင်အားကွာခြားချက် အလွန်ကြီးမားသည့် အခြေအနေမျိုးတွင်သာ သင့်တော်သည်။
'ပုံရိပ်ယောင်ပင်လယ်ပုံဆောင်ခဲ' သည် အဆင့်မြင့်သော အရာဖြစ်ပြီး ဤနေရာသည်လည်း ရေအောက်ပိုင်းဖြစ်နေ၍ ဤနည်းလမ်းမှာ ထိရောက်နိုင်ခြေမရှိပေ။
ဒုတိယနည်းလမ်းမှာ 'ပြင်ပအားဖြင့် ဖောက်ထွက်ခြင်း'။
သဘာဝအလျောက် ဖြစ်ပေါ်နေသော လှည့်စားမှုနယ်မြေဆိုသည်မှာ ပတ်ဝန်းကျင်ရှိ သစ်ပင်တောအုပ်များ စီစဉ်ထားပုံနှင့် အထူးစွမ်းအားအချို့၏ လွှမ်းမိုးမှုကြောင့် ဖြစ်ပေါ်လာခြင်း။
အချို့သောအချက်များတွင် ၎င်းတို့သည် 'တိုက်ပွဲဝင်စစ်ဗျူဟာ' များနှင့် တူညီသည်။
အကယ်၍ ပြင်ပအားတစ်ခုသည် နယ်ပယ်အတွင်းရှိ အရာဝတ္ထုအချို့ သို့မဟုတ် အားလုံးကို ဝင်ရောက်နှောင့်ယှက်ဖျက်ဆီးနိုင်ပါက ထိုစစ်ဗျူဟာသည် အလိုအလျောက် ပျက်ပြယ်သွားမည်။
တတိယနည်းလမ်းမှာ 'စစ်ဗျူဟာကို စစ်ဗျူဟာဖြင့် ချေဖျက်ခြင်း' ဖြစ်ပြီး ၎င်းမှာ စစ်ဗျူဟာခင်းကျင်းမှုပိုင်းတွင် အလွန်ကျွမ်းကျင်ရန် လိုအပ်သည်။
လင်ချွမ်သည် စစ်ဗျူဟာအနည်းငယ်ကိုသာ သိရှိသူဖြစ်သဖြင့် ဤအချက်ကို ထည့်သွင်းစဉ်းစားရန် ရည်ရွယ်ချက်မရှိပေ။
၎င်းတို့အပြင် နောက်ဆုံးရွေးချယ်စရာတစ်ခုသာ ကျန်တော့သည်။
၎င်းမှာ လှည့်စားမှုအတွင်းသို့ နက်နက်ရှိုင်းရှိုင်းဝင်ရောက်ကာ ၎င်း၏ အားနည်းချက် သို့မဟုတ် ဟာကွက်များကို ရှာဖွေပြီး ဖောက်ထွက်ခြင်း ပင်။
အခြေအနေအရ လင်ချွမ်တွင် ယခုအခါ ဤရွေးချယ်စရာ တစ်ခုတည်းသာ ရှိတော့သည်။