← Chapters

စူးစမ်းလိုစိတ် (၁+၂)

Vol. 67 Ch. 1004

စူးစမ်းလိုစိတ် (၁+၂)

Vol. 67 Ch. 1004

စူးစမ်းလိုစိတ် (အပိုင်းတစ်)

ထိုသို့ ဒီအလက်ဇန်ဒါရို သူ့အစွမ်းထုတ် ပြပြီးသည်နှင့် ဂါလန်မြို့တစ်ခုလုံး ဖိအားများအောက်တွင် တုန်လှုပ်သွားခဲ့သည်။

သိုင်းသူတော်စင် စိန့်မာရာဒိုနာ၏ နံပါတ်နှစ်တပည့်သည် အခြားသူတစ်ဦး၏ နယ်မြေတွင် ရှိနေသော်လည်း တိုက်ခိုက်သောအခါတွင်မူ ခွန်အား ချွေတာခြင်း မရှိပေ။

တောက်ပသော ငွေရောင်ဓားစွမ်းအင်သည် ဥက္ကာပျံတစ်ခုအသွင် လူတိုင်း၏အာရုံကို ဖမ်းစားနိုင်ခဲ့သည်။ အထူးသဖြင့် ကျင့်ကြံခြင့် အဆင့်မြင့်မားသည့် စစ်သည်များနှင့် မှော်ဆရာများအတွက် သမုဒ္ဒရာနှင့် တူသည့် ကြီးမားလှသော စွမ်းအင်က ကောင်းကင်ကို ဖြတ်ပျံလာပြီး လီယွန်မြို့တော်တစ်ခုလုံးကို ဖိအားပေးနေသည်ကို ခံစားလိုက်ရသည်။

ထိုအခိုက်အတန့်တွင် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါ လေးငါးခုမှ စွမ်းအား ထုတ်လွှတ်၍ ခုခံသော်လည်း ထိုသခင်များသည် တောင့်မခံနိုင်သကဲ့သို့ စွမ်းအားသည် လျင်မြန်စွာ ပျောက်ကွယ်သွားကြသည်။

ဂါလန်တွင် ထိုအဆင့်သို့ တက်လှမ်းနိုင်သည့် အခြားသော သြဇာကြီးသော သခင်များစွာ ရှိသော်လည်း သူတို့သည် အသင့်အနေအထားနှင့် စောင့်ကြည့်ရန် ရွေးချယ်ခဲ့သည်။

...

ဘက်ကင်ဟမ် စံအိမ်၌-

ဘက်ကင်ဟမ် စံအိမ် နောက်ဖေး.. စိမ်းလန်းသောသစ်ပင်ကြီးတစ်ပင်အောက်တွင် ထိုင်နေသော ဖေးသည် ဒီအလက်ဇန်ဒါရို ၏ တိုက်ခိုက်မှုကို ခံစားလိုက်ရသည်။

သူ့မျက်နှာတွင် ဆန်းကြယ်သော အပြုံးတစ်ခု ပေါ်လာပြီး ရုတ်တရက် ထရပ်လိုက်သည်။ သူ တခြား ဘာမျှ မလုပ်ခဲ့သော်လည်ယ အသွင်ဆောင်ထားသည့် သူ့၏ ပိန်ပိန်ပါးပါး ခါးကိုင်းကိုင်း ခန္ဓာကိုယ်ထဲမှ မီးခိုးရောင် မြူများထွက်လာသည်။

မီးခိုးရောင် မြူများက အိမ်နောက်ဘက်ကို လျင်မြန်စွာ ဖုံးလွှမ်းသွားပြီး မကြာမီ ဘက်ကင်ဟမ် စံအိမ်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။ ထို့နောက် မီးခိုးရောင် မြူခိုးတန်းတစ်ခု ကောင်းကင်သို့ ထိုးတက်သွားပြီး တောက်ပသော အလင်းတန်းများ ပျံ့လွင့်နေတော့သည်။

ဘုန်း!!!!!!!

မီးခိုးရောင်အလင်းတန်းနှင့် ငွေရောင်ဓားစွမ်းအင်တို့သည် ပြင်းထန်စွာ

ထိတိုက်မိသည်။

ထို့နောက် ကမ္ဘာကြီးတစ်ခုလုံးမှာ တိတ်ဆိတ်သွားပြီး အချိန်များ အေးခဲသွားသကဲ့သို့ ဖြစ်သွား၏။

လူများ၏ စိတ်ထဲတွင် တုန်လှုပ်ချောက်ချားမှုနှင့် တိတ်ဆိတ်ငြိမ်သက်မှုအထွတ်အထိပ်အထိ ရောက်ရှိသွားချိန်တွင်၊ ကျယ်လောင်သော ဆူညံသံတစ်ခုသည် ကမ္ဘာပျက်မည့်နေ့သဖွယ် ထွက်ပေါ်လာသည်။

ထိုပေါက်ကွဲမှုသည် ကျယ်လောင်လွန်းသဖြင့် ဂါလမ်မြို့ ဗဟိုမှ

ဘက်ကင်ဟမ် စံအိမ်နှင့် တိုက်မိခြင်းမှ ဖန်တီးထားသော မမြင်နိုင်သော စွမ်းအင်လှိုင်းများ ပြင်းထန်စွာ တုန်ခါသွားပါသည်။ ထိုမြင်ကွင်းက တကယ့်ကို ရင်သပ်ရှုမောစရာကောင်းလှ၏။

ယခုအချိန်တွင် ဂါလန်မြို့ရှိ အာကာသသည် ပြင်ပမှ တွန်းအားကြောင့် ပြိုကျပျက်စီးနေသော စက္ကူဖြူတစ်ရွက်ကဲ့သို့ လိမ်သွားသည်။ အရာအားလုံးသည် အစစ်အမှန်မဟုတ် စိတ်ကူးယဉ်ဆန်ပုံပေါက်သည်။

ပေါက်ကွဲမှုအပြီးတွင် မီးခိုးရောင်နှင့် ငွေရောင် စွမ်းအင်များသည် တစ်ခုနှင့်တစ်ခု ရောယှက်နေဆဲဖြစ်ပြီး စပါးအုံးမြွေကြီးနှင့် နဂါးတစ်ကောင်သေဆုံးသည်အထိ တိုက်ပွဲဝင်နေကြ

သည့်နှယ် ဖြစ်သည်။

တစ်ချိန်တည်းမှာပင် စွမ်းအင်

နှစ်ခု မြင့်မားသော ကောင်းကင်ပေါ်သို့ ပစ်လွှတ်လိုက်သောအခါ ရောင်စုံစွမ်းအင်မီးတောက်များ အသီးသီး တောက်လောင်လာကာ တိမ်တိုက်များတွင် ပေါက်ကွဲသံများ ဆက်တိုက်ဖြစ်ပေါ်နေသည်။

ထို့နောက် ဘက်ကင်ဟမ် စံအိမ်အထက်တွင် အမှောင် တိမ်တိုက်တစ်ခု ပျံဝဲလာသည်။

အိုး!

ဘက်ကင်ဟမ် စံအိမ် ၏ မီတာ တစ်ရာ အကွာရှိ အဆောက်အဦများအားလုံး သဲဖြင့် တည်ဆောက်ထားသကဲ့သို့ ပြိုကျသွားသည်။ ထိုအဆောက်အအုံများ အားလုံးသည် သဲသောင်ပြင်များအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ဘက်ကင်ဟမ် စံအိမ်သည် သဲကန္တာရထဲတွင် တည်ဆောက်ထားသကဲ့သို့ ဖြစ်နေသည်။

ဆယ်မိနစ်ကျော်ကြာပြီးနောက်၊ စွမ်းအင်နှစ်ခုသည် နောက်ဆုံးပေါက်ကွဲသံကို ဖန်တီးသည်။ ထိုပေါက်ကွဲမှုသည် မှောင်မိုက်သောညကိုပင် ဖြိုခွဲလိုက်သည်။ အလွန်တောက်ပသော အလင်းရောင်သည် အမှောင်ထုကို ဆုတ်ဖြဲကာ လင်းလက်နေသဖြင့် နေ့ခင်းဘက်ကဲ့သို့ ဖြစ်နေသည်။

စွမ်းအားချင်း ညီမျှနေသည်လား။

အဆုံးတွင်၊ စွမ်းအင်နှစ်ခုသည် အတူတူမှေးမှိန်သွားခဲ့သည်။ ထူးထူးခြားခြား စွမ်းအင်များ ထွက်ပေါ်လာခြင်း မရှိပေ။ စိတ်ကူးယဉ် မီးရှူးမီးပန်းများ ငြိမ်သက်စွာ ပြီးဆုံးသွားသလိုမျိုး၊ ပေါက်ကွဲပြီးနောက် ဘာမျှ မကျန်တော့ပေ။

ထိုရလဒ်သည် လူတိုင်း၏မျှော်လင့်ချက်ထက် ကျော်လွန်ခဲ့သည်။

"ဘာလဲ ဒီလျှို့ဝှက်ဆန်းကြယ်တဲ့သခင်က ဒီအလက်ဇန်ဒါရိုနဲ့ တန်းတူ သန်မာတာလား..ဒီလို ကြောက်စရာကောင်းတဲ့ပုဂ္ဂိုလ်က ဂါလန် မြို့တဝိုက် ကီလိုမီတာ ငါးသိန်းအကွာအဝေးမှာ ဘယ်တုန်းက ပေါ်ထွက်ခဲ့တာလဲ၊ သူက တိုက်ကြီးရဲ့ တခြားဒေသကလာတာများလား.."

စူးစမ်းလိုစိတ် (အပိုင်း ၂)

" ဟားဟားဟား ဒီမာနကြီးတဲ့ ဒီအလက်ဇန်ဒရိုကို ငါ မုန်းနေတာ နောက်ဆုံးတော့ သူ့ကို ဆုံးမနိုင်တဲ့ ဘီလူးတစ်ကောင် ပေါ်ထွက်လာပြီကွ "

" ဒါကို ငါမမျှော်လင့်ထားဘူး

ဘက်ကင်ဟမ် မိသားစုမှာ ဒီလောက်ကြောက်စရာကောင်းတဲ့ ကာကွယ်စောင့်ရှောက်သူ ရှိ နေတာပဲ သူတို့အတွက် စိတ်ချနိုင်ပါပြီ "

" ဟမ့် ဒီ အောက်တန်းကျတဲ့ ပြင်ပလူနှစ်ယောက် လီယွန်မြို့တော်မှာ ဘယ်လောက်တောင် မဆင်မခြင် တိုက်ခိုက်ရဲကြတာလဲ ငါတို့ အင်ပါယာအတွက် အလွန်ရှက်စရာ ကောင်းတယ် အဲ့ဒါက လွန်ကဲသွားပြီ အဆင်အခြင်မဲ့လိုက်တာ "

ဂါလန်မြို့တွင် အလွန်မြင့်မားသည့် အဆင့်တစ်ခုဖြစ်သည့် ဤတိုက်ပွဲကို သခင်အနည်းငယ်သာ လွှမ်းမိုးနိုင်ခဲ့သည်။

ယခုအချိန်မှာတော့ သူတို့အားလုံး မတူညီစွာ တွေးနေကြသော်လည်း ချက်ချင်းပင် သဘောတူညီမှုတစ်ခု ရသွားကြသည်။

သူတို့သည် သူတို့ကိုယ်ပိုင် ပြင်းထန်သည့် စွမ်းအင်များကို ထုတ်လွှတ်လိုက်သည်။ ဘာမျှ မလုပ်ခဲ့ကြ‌သော်လည်း သူတို့၏ အရှိန်အဝါက သူတို့၏ ခိုင်မာသော ရပ်တည်မှုကို ဖော်ပြသည်။

လေထဲမှာ တိုက်ခိုက်နေသည့် သခင်နှစ်ယောက်ကို သတိပေးလိုက်ခြင်းပင်ဖြစ်သည်။

ဤသည်မှာ လီယွန်မြို့တော်ဖြစ်သောကြောင့်၊ ထိုသို့သောအတိုင်းအတာဖြင့် တိုက်ပွဲများကို ခွင့်မပြုနိုင် တိုက်ပွဲဆက်ဖြစ်ရင် သူတို့ ပါဝင် ပတ်သက်ရလိမ့်မည်ဟူ၍ဖြစ်သည်။

...

- ဘက်ကင်ဟမ် စံအိမ်အတွင်း-

အစောင့်များနှင့် ဘက်ကင်ဟမ်မိသားစု၏ မိသားစုဝင်များသည် နောက်ဆုံးမှသာ အသက်ရဲရဲ ရှူနိုင်ကြသည်။

ရုတ်တရက် ပေါ်လာသော သူတို့၏ကယ်တင်ရှင်သည် ဒီအလက်ဇန်ဒါရိုနှင့်ယှဉ်နိုင်သောစွမ်းအားကို ဖော်ထုတ်ပြခဲ့သည်။

ယခုအချိန်..ဘက်ကင်ဟမ် မိသားစု၏ အခွင့်ထူးများနှင့် ဂုဏ်အသရေများသည် အသုံးမဝင်တော့ပေ။ ဘက်ကင်ဟမ်စံအိမ်ကို ကာကွယ်ဖို့ အစွမ်းထက်သည့် ခွန်အားကသာ အာမခံသည်။

- အိမ်နောက်ဖေးတွင်တော့...

ဧရာမသစ်ပင်အောက်ရှိ ကျောက်ကုလားထိုင်ပေါ်တွင် ဖေးက ဖြည်းညှင်းစွာ ပြန်ထိုင်လိုက်သည်။

ကြီးထွားဆဲ အစိမ်းရောင် သစ်ရွက်ခြောက်များသည် မြေပြင်ပေါ်သို့ ဖြည်းညှင်းစွာ ကျလာပြီး အိမ်နောက်ဖေးတစ်ခုလုံး ပြည့်လုနီးပါး ဖြစ်နေသည်။ အစောက အားလှိုင်းကြောင့် နှစ်ပေါင်းတစ်ရာ ကျော် သက်တမ်းရှိသည့် သစ်ပင်မှ စိမ်းစိုနေသည့် အရွက်များ ပြတ်ကျခဲ့သည်။

ထိုတိုက်ပွဲတွင် ဖေးသည် အနည်းငယ် နိမ့်ကျခဲ့သည်။ ထက်မြက်သော ဓားစွမ်းအင်သည် ဤဧရာမသစ်ပင်ကြီးကို ဖျက်ဆီးခဲ့ပြီး အပင်၏ အသက်ဓာတ်စွမ်းအင်အားလုံးလည်း မရှိတော့ပေ။

သစ်ပင်သည် မျက်နှာပြင်ပေါ်တွင် နဂိုအတိုင်းရှိသော်လည်း သုံးရက်မပြည့်မီတွင် ညှိုးနွမ်းပြီး သေသွားကာ သစ်သားအပိုင်းအစအဖြစ် ပြောင်းလဲသွားမည်ဖြစ်သည်။

ဂျုန်း!!!!!!!!!

ဂျွတ်! ဂျွတ်!

ဖေး၏ ခြေရင်းအောက်ရှိ ကျောက်ပြားများသည် သဲပွင့်များကဲ့သို့ အမှုန်အမွှားများအဖြစ်သို့ ပြောင်းလဲသွားသည်။

....ဒီလို စွမ်းအားတွေ လွန်ခဲ့တဲ့ ရက်အနည်းငယ်က ဒိုင်ယာဘလိုကမ္ဘာမှာ ဘီလူးတွေကို သတ်လိုက်ပြီးနောက် ငါ့ ခွန်အားက ထပ်ပြီး တိုးလာတယ် ဒါပေမယ့် ဟိုလူ ဒီအလက်ဇန်ဒါရိုရဲ့ ဓားစွမ်းအင်ကိုတော့ မယှဉ်နိုင်သေးဘူးပဲ အဲဒီဓားစွမ်းအင်ရဲ့ လမ်းကြောင်းကို ပြောင်းလဲပြီး မြေကြီးထဲကို လွှတ်ချလိုက်လို့သာ ငါတို့က လက်ရည်ညီတယ် ထင်ရတာ ငါ့ကိုယ်ငါ ငရဲပုံစံ ရောက်အောင် မြန်မြန်ဆန်ဆန် တွန်းပို့ရမယ် လူရိုင်းခွန်အားကို အထွတ်အထိပ် လောင်ကျွမ်းနေ နယ်ပယ်ရဲ့ စွမ်းအားကို အမြန်ဆုံး ဖြတ်ကျော်ရမယ် ဒိုင်ယာဘလိုကမ္ဘာကို ကျော်လွန်ပြီး ငါ့ခွန်အားကို မြှင့်တင်ဖို့ နည်းလမ်း ရှာရမယ်.."

ဖေးသည် ခွန်အားတိုးမြှင့်ရန် အစီအစဉ်ဆွဲလိုက်သည်။

သူ၏ ရွှေလက်ချောင်းဖြင့် ဒိုင်ယာဘလို ကမ္ဘာတွင် နေအဆင့်နယ်ပယ်ကို မကျော်ခွန်နိုင်ခဲ့လျှင်ပင် ဖေးသည် သူ့ ခွန်အားကို တိုးမြှင့်နိုင်မည်ဟု ယုံကြည်သည်။

ထိုအခိုက်အတန့်၌ ဘက်ကင်ဟမ်သည် အိမ်နောက်ဖေးတွင် ရုတ်တရက် ပေါ်လာပြီး သူ့စိတ်ဆန္ဒကို ထုတ်ဖော်လိုက်သည်။

"အလက်ဇန္ဒား မင်းငါ့ကို လီယွန် တော်ဝင်နန်းတော်ဆီ ခေါ်သွားပေး"

"မင်း ဧကရာဇ် ဂျူနင်ဟိုကို ရှာချင်တာလား" ဖေးသည် ဘက်ကင်ဟမ် ၏ ရည်ရွယ်ချက်ကို ချက်ချင်းပင် ရိပ်မိသည်။

ဘက်ကင်ဟမ်က ခေါင်းညိတ်ပြီး

အခိုင်အမာ ပြောသည်။

"အခုအချိန်မှာ လီယွန် အင်ပါယာတစ်ခုလုံးမှာ ဧကရာဇ် ဂျူနင်ဟို ကသာ ဒီကိစ္စကို ဖြေရှင်းနိုင်မှာပါ"

"ဟေး..မင်း သူ့ကို ဘာလို့ ဒီလောက်ယုံကြည်နေတာလဲ၊ ဒီဘုရင်မင်းမြတ်က လူသားသစ္စာဖောက်ကို ဖယ်ရှားဖို့ အခွင့်အရေးရရင် မင်းကို သတ်ပစ်မှာကို မင်း မစိုးရိမ်ဘူးလား"

" ငါ သူ့ကိုယုံတယ် အဲ့လိုသာ တကယ်ဖြစ်လာရင်၊ ဂျုနင်ဟို ဘုရင်မင်းမြတ်ဟာ ဂါလန် ပတ်လည် ကီလိုမီတာ ငါးသိန်း အကွာအဝေးမှာ ကြီးစိုးတဲ့ ဧကရာဇ်မင်းမြတ် ဖြစ်ဖို့ မထိုက်တန်ဘူး "

ဖေး မတ်တပ်ထရပ်ပြီး စိတ်ဝင်စားသည့် အပြုံးနှင့် ဘက်ကင်ဟမ်ကို ကြည့်သည်။ သူသည် နာမည်ကြီး ဧကရာဇ် ဂျူနင်ဟိုအား သိချင်စိတ် ပြင်းပြခဲ့သော်လည်း တွေ့ဆုံခွင့်မရခဲ့‌ချေ။

မာနကြီးသည့် ဘက်ကင်ဟမ်ကို သိမ်းသွင်းနိုင်သည့် ထိုဧကရာဇ်ဟာ အရည်အချင်းမနိမ့်လှသော ပုဂ္ဂိုလ် ဖြစ်ရမည်။

"ကောင်းပြီ၊ ငါ မင်းကို ကူညီမယ်"

ဟု ဖေးက ပြန်ဖြေသည်။

All Chapters